
Christian Dance (မှောင်မိုက်နှင့်ဖိနှိပ်မှုကြားထဲ၌ ရုန်းထခြင်း)
16.03.2025
၁
အဆင်းနီသော နဂါးကြီး၏ ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုသည်
ကျွန်ုပ်ကို စာတန်၏မျက်နှာအား ရိပ်စားမိစေ။
များစွာသော စမ်းသပ်မှုများနှင့် ကြီးစွာသော ဆင်းရဲဒုက္ခများမှတစ်ဆင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့်
အနန္တတန်ခိုးကို ကျွန်ုပ်တွေ့မြင်လာ။
သမ္မာတရားကို နားလည်လာပြီး ယုံကြည်မှု ရရှိပြီးသောကြောင့်
ဘုရားသခင်နောက် မလိုက်လျှောက်ရခြင်းကို ကျွန်ုပ်မည်သို့တင်းတိမ်နိုင်မည်နည်း။
ကျွန်ုပ်သည် စာတန်ကို နက်နဲစွာ မုန်းတီးပြီး အဆင်းနီသော နဂါးကြီးကို ပို၍ပင် မုန်းတီး။
မကောင်းဆိုးဝါးဘုရင် စိုးမိုးသောနေရာတွင် နေထိုင်ရခြင်းသည် အကျဉ်းထောင်တွင် နေထိုင်ရခြင်းဖြစ်။
စာတန်သည် ကျွန်ုပ်နောက် တကောက်ကောက်လိုက်၊ နေထိုင်ရန် လုံခြုံသောနေရာမရှိ။
ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်ခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတ။
ဘုရားသခင်ကို ချစ်ရန် ကျွန်ုပ်ရွေးချယ်ပြီးသောကြောင့် နောက်ဆုံးတိုင် သစ္စာစောင့်သိမည်ဖြစ်။
စာတန်ဟူသည့် မကောင်းဆိုးဝါးဘုရင်သည် လုံးလုံး ရက်စက်၊
ဧကန်အမှန် အရှက်တရားကင်းမဲ့ပြီး စက်ဆုပ်ဖွယ်ကောင်း။
ကျွန်ုပ်သည် စာတန်၏ မကောင်းဆိုးဝါးမျက်နှာကို ရှင်းလင်းစွာ တွေ့မြင်ပြီး
ကျွန်ုပ်၏စိတ်နှလုံးသည် ခရစ်တော်ကို ပို၍ပင်ချစ်။
ကျွန်ုပ်သည် စာတန်ရှေ့ ဒူးထောက်ခြင်းဖြင့် နိမ့်ကျသော ဖြစ်တည်မှုကို ဘယ်သောအခါမျှ ကြာရှည်စေမည်မဟုတ်သလို
ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်။
ကျွန်ုပ်သည် အခက်အခဲများနှင့် နာကျင်မှုအားလုံးတစ်လျှောက် ဒုက္ခခံစားမည်ဖြစ်ပြီး
အမှောင်ဆုံးညများတစ်လျှောက် ကြံ့ကြံ့ခံမည်ဖြစ်။
ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်ပေးရန်
ကျွန်ုပ်သည် အောင်နိုင်သော သက်သေခံချက်ပေးမည်ဖြစ်။
၂
အရုဏ်ဦးမတိုင်မီညကို ကျော်လွန်သွားမည်ဖြစ်ပြီး
ဖြောင့်မတ်ခြင်းနေမင်းသည် ပေါ်ထွန်းလာပြီဖြစ်။
စာတန်နှင့် နတ်ဆိုးများသည် သေဆုံးခါနီး ရုန်းကန်နေရ၊
ယင်းသည် ဘုရားအမှုတော်အတွက် အစေခံခြင်းဖြစ်။
ဘုရာသခင်သည် အောင်နိုင်သူတစ်စုကို ဖန်တီးခဲ့ပြီဖြစ်ကာ
စာတန်သည် လုံးလုံး အရှက်ခွဲခံရပြီး နှိမ်နင်းခံရ။
ဘုရားသခင်၏ ဖြောင့်မတ်မှုကို သိရှိရာတွင် ကျွန်ုပ်၏စိတ်နှလုံးသည် ဘုရားသခင်ကို ပို၍ပင်ချစ်။
ဘုရားသခင်၏အချစ်ကို မွေ့လျော်ရာတွင် ကျွန်ုပ်သည် ဘုရား၏စိတ်နှလုံးကို အလေးထားသင့်။
ဘုရားသခင်၏အချစ်ကို ပြန်ပေးဆပ်ရန်အတွက် ကျွန်ုပ်၏အလုံးစုံကို အသုံးခံလိုစိတ်ရှိ။
ကျွန်ုပ်သည် ဘုရားသခင်နောက် ပြတ်ပြတ်သားသား လိုက်လျှောက်ပြီး
သူ့သတင်းကောင်းများကို ဖြန့်ချိမည်ဖြစ်။
ကျွန်ုပ်သည် မိမိ၏နောက်ဆုံး သစ္စာစောင့်သိမှုကို ပေးအပ်မည်ဖြစ်ပြီး
ဘုရားသခင်အတွက် သက်သေခံကာ ဘုန်းတော်ထင်ရှားစေမည်ဖြစ်။
ဘုရားသခင်က ကျွန်ုပ်ကို မည်ကဲ့သို့စစ်ကြောပါစေ
ကျွန်ုပ်၏သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် ကျွန်ုပ်စိတ်ပိုင်းဖြတ်။
သမ္မာတရားကို နားလည်လာပြီးဖြစ်သောကြောင့်
ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်စေရန် ကျွန်ုပ်လက်တွေ့လုပ်ဆောင်ရမည်ဖြစ်။
ကျွန်ုပ်သည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ချိရန်နှင့်
သူ့အတွက် သစ္စာစောင့်သိစွာ သက်သေခံရန် အစွမ်းကုန်လုပ်ဆောင်မည်ဖြစ်။
ကျွန်ုပ်သည် သေသည့်တိုင် သစ္စာစောင့်သိမည်ဖြစ်ပြီး
လမ်းကြောင်း၏ နောက်ဆုံးအဆင့်တစ်လျှောက် မှန်ကန်စွာ လျှောက်လှမ်းမည်ဖြစ်။
ဘုရားသခင်ထံ ကျွန်ုပ်၏သစ္စာစောင့်သိမှုကို ပူဇော်ဆက်ကပ်ပြီး
သူ့အတွက် ကျွန်ုပ် သေရလျှင်ပင် ပျော်မည်ဖြစ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ