Myanmar Testimony Video - ဖြူသောပလ္လင်ကြီးရဲ့တရားစီရင်မှု စတင်လိုက်ပြီ
11.12.2020
အဓိကဇာတ်ကောင် ကျွမ်းမိန်ရှီးသည် ဘာသာရေးကိုင်းရှိုင်းသော ခရစ်ယာန်တစ်ယောက်ဖြစ်သည်။ သူမက နောက်ဆုံးသောကာလ၏ တရားစီရင်မှုအကြောင်း ဗီဒီယိုအများအပြားကို အွန်လိုင်းတွင် ကြည့်ရှုပါသည်။ သခင် ပြန်လာသည့်အခါ၊ ဖြူသောပလ္လင်ကြီးထက်တွင် ထိုင်၍ တိုင်းနိုင်ငံများနှင့် လူမျိုးအားလုံးတို့ကို တရားစီရင်မည်၊ လူတို့၏အဆုံးသတ်များကို ဆုံးဖြတ်ပေးလိမ့်မည်ဟုလည်း ယုံကြည်လာသည်။ တစ်ရက်တွင် သူမ၏အမျိုးသားက သခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ရန် ကမ္ဘာပေါ်သို့ လူ့ဇာတိဖြင့် ပြန်ကြွလာပြီဟု သူမကို ပြောပြသည်။ ဒီစကားကြောင့် သူမလည်း တော်တော်ကို ခေါင်းရှုပ်မိသည်။ သို့သော် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ရှုရင်း သူမ နားလည်လာသည်။ ဘုရားသခင်က နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်းအမှု လုပ်ဆောင်သည်ဆိုခြင်းမှာ၊ လူသား၏ လွဲမှားသောသဘာဝကို အမြစ်ဖြတ်ပေးရန်နှင့် လူသားကို အလုံးစုံ သန့်စင်ကယ်တင်ရန်အတွက် သမ္မာတရားအား ဖော်ပြခြင်းကို ဆိုလိုခြင်းဖြစ်လေသည်။ ဘုရားသခင်သည် နောက်ဆုံးတွင် လူတစ်ဦးစီအား အမျိုးအစားအလိုက် ခွဲခြားမည်ဖြစ်ကြောင်း၊ ဖြူသောပလ္လင်ကြီး၏ တရားစီရင်မှုမှာ စတင်လိုက်ပြီဖြစ်ကြောင်း၊ သူမ သိလာရသည်။ ဆက်၍ စူးစမ်းပြီးသည့်နောက်တွင်မူ မိန်ရှီးသည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံမိကာ၊ သခင် ပြန်လာခြင်းကို ကြိုဆိုမိတော့သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ