Myanmar Gospel Testimony - စစ်မှန်သော လူတစ်ဦးကဲ့သို့ အသက်ရှင်ရန် တစ်ခုတည်းသော နည်းလမ်း

29.04.2022

အဓိကဇာတ်ကောင်မှာ ဆံပင်အလှပြင်ဆိုင်တစ်ခုကို ပိုင်ဆိုင်သည်။ ကနဦးတွင် သူမအတွက် အရေးကြီးသည်မှာ လုပ်ငန်းကို ရိုးရိုးသားသား လုပ်ကိုင်ခြင်းသာဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် အဖေဖြစ်သူ မကျန်းမမာဖြစ်လာပြီး၊ ငွေကြေး လိုအပ်လာသည့်အခါ၊ သူမလည်း လူ့အသိုင်းအဝိုင်း၏ ရေစီးများနှင့်အတူ စ၍ လိုက်ပါလာကာ၊ ဖောက်သည်များကို လိမ်ညာလာမိသည်။ သူမက ဒီနည်းလမ်းဖြင့် တကယ်ပင် ဝင်ငွေကောင်းသည်။ သို့သော် အမြဲတမ်း မလုံမလဲဖြစ်ကာ၊ တန်ဖိုးမဲ့ခြင်း စိတ်မအေးခြင်းဆိုသည့် ခံစားမှုမျိုးကို ရလေသည်။ သို့သော်လည်း သူမကိုယ်သူမ ဆက်မလုပ်မိအောင် မထိန်းနိုင်ချေ။ သူမသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ရှုရာမှတစ်ဆင့် နားလည်လာပြန်သည်။ ဘုရားသခင်သည် ရိုးသားသူတို့ကို ဝမ်းမြောက်ပြီး၊ မရိုးသားသူတို့ကို ရွံရှာသည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် သူမက အမှန်ကို ပြောဆိုခြင်း၊ ရိုးသားခြင်းတို့ကို လက်တွေ့လုပ်ဆောင်လာသည်။ သို့သော် ငွေကြေး၏ ဆွဲဆောင်မှုနှင့် ကြုံသည့်အခါ သူမက ဖောက်သည်များကို ထပ်မံ လိမ်ညာမိပြီး၊ မလုံမလဲစိတ်၊ နောင်တစိတ်တို့ ဖြစ်ရပြန်သည်။ သူမသည် သမ္မာတရားကို ရှာဖွေခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ခြင်းအားဖြင့်၊ သူမ၏ အလိမ်အညာ လှည့်ကွက်တို့၏ ဇာစ်မြစ်ကို နားလည်မှုနည်းနည်း ရလေသည်။ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကိုလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် တွေ့ရှိလေသည်။ သူမသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့လုပ်ဆောင်ခြင်း၊ ရိုးသားသူတစ်ယောက် ဖြစ်ခြင်းတို့ကို မယိမ်းယိုင်အောင် နေပြီး၊ ပွင့်လင်းဖြောင့်မှန်သော လူတစ်ယောက်ဖြစ်ခြင်း၏ အရသာကို ခံစားနိုင်ပါတော့သည်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။