Myanmar Gospel Testimony - ကောင်းကင်နိုင်ငံတော်သို့ လမ်းကြောင်း
29.09.2022
အဓိကဇာတ်ကောင်သည် ငယ်ရွယ်စဉ်တွင် ယုံကြည်သူတစ်ဦးဖြစ်လာခဲ့ပြီး အရွယ်ရောက်သူတစ်ဦးအနေဖြင့် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းခံရဖို့ မျှော်လင့်ချက်ဖြင့် သခင့်အတွက် သူ့ကိုယ်သူ စိတ်ပါလက်ပါ အသုံးခံပြီးဖြစ်သည်။ သို့ရာတွင် သူသည် အပြစ်ကျူးလွန်ခြင်းနှင့် ဝန်ခံခြင်း သံသရာတွင် ပိတ်မိနေပြီး အပြစ်နွံနစ်ကာ အသက်ရှင်နေပုံရသည်ကို သူသဘောပေါက်လာသည်။ “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄) ဟု ဖော်ပြထားသည့် သမ္မာကျမ်းစာ၏ ကျမ်းပိုဒ်တစ်ခုနှင့်ပတ်သက်၍ တွေးလျက်၊ သူသည် ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် ချီဆောင်ခံရမည် ဟုတ်မဟုတ်ကို စိတ်မပူဘဲမနေနိုင်ပါ။ စိတ်ထဲတွင် ဤစိတ်ပူမှုဖြင့် သူ၏သင်းအုပ်နှင့် အခြားအသင်းသားများကို သူရှာဖွေခဲ့သော်လည်း၊ ၎င်းတို့အားလုံးက သခင့်ကို ယုံကြည်ခြင်းအားဖြင့် လူများ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံရကာ၊ သခင်ပြန်ကြွလာသည့်အခါ၊ ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းခံရနိုင်သည်ဟု ပြောကြသည်။ သူက မရှင်းမလင်းဖြစ်လာသည်— မည်သည့်လူစားမျိုးအတိအကျက ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခြင်းခံရမည်ဖြစ်သနည်း။ အစဉ် အပြစ်ကျူးလွန်နေသူများသည် အမှန်တကယ် ချီဆောင်ခြင်းခံရနိုင်သလော။ နောက်ပိုင်းတွင် သူသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်မနှစ်ဦးကို အွန်လိုင်း၌ တွေ့ဆုံရသည်။ စုဝေးပွဲများနှင့် မိတ်သဟာယတို့မှတစ်ဆင့်၊ နောက်ဆုံး၌ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကို လက်ခံခြင်းအားဖြင့်သာ သူသည် သန့်စင်ခြင်းခံရနိုင်ပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြောင်းကို နားလည်လာလေသည်။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို သူ ပျော်ရွှင်စွာလက်ခံပြီး၊ ကောင်းကင်နိုင်ငံတော်ထဲသို့ လမ်းကြောင်းကို ရှာတွေ့လေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ