Myanmar Testimony Video - မနာလိုခြင်း၏ ဖျက်ဆီးမှုများ
17.01.2022
သူ၏ ယခင်အသင်းတော်တွင် လေ့ကျင့်ရေးတစ်ခုကို တက်ရောက်စဉ်တွင်၊ ကျွန်ုပ်တို့၏ အဓိက ဇာတ်ကောင်သည် သူ၏သူငယ်ချင်းတစ်ဦးက အလွန်ထူးချွန်ကာ ညီအစ်ကိုမောင်နှမများ၏ ချစ်ခင်လေးစားခြင်းခံရသည်ကို သတိထားမိခဲ့သည်။ သူမ မနာလိုဖြစ်လာကာ ထိုအစ်မကို တိတ်တဆိတ်လိုက်ယှဉ်ပြိုင်ခဲ့လေသည်- ဤအရာက သူမကို စိတ်သောကကြီးစွာဖြင့် နေထိုင်စေခဲ့သည်။ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ဆုတောင်းပြီး ဝန်ချတောင်းပန်ခဲ့သော်လည်း၊ သူမ စိတ်ထဲက ဤပြဿနာကိုတော့ လုံးဝ ပြေလည်အောင်ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါ။ ၂၀၁၈ ခုနှစ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို သူလက်ခံခဲ့ပြီး မကြာမီမှာပင် ရေလောင်းခြင်းတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ သူမထက် ဘုရားသခင်ကို ယုံကြည်သည့်အချိန်ကာလ ပိုတိုတောင်းသော ညီအစ်မတစ်ဦး ခေါင်းဆောင်အဖြစ်ရွေးချယ်ခံရသည်ကို တွေ့မြင်သောအခါ သူ၏မနာလိုမှုသည် ပြန်လည်ပေါ်ထွက်လာပြန်ပါသည်။ အဆိုပါ ညီအစ်မနှင့် အခွင့်ရတိုင်း သူမ စတင်လိုက်လံယှဉ်ပြိုင်ကာ သူမ၏အခြေအနေသည် မှောင်မိုက်သည်ထက် မှောင်မိုက်လာလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ထုတ်ဖော်ပြချက်များကြောင့် မနာလိုခြင်း၏ သဘာဝနှင့် အကျိုးဆက်များကို သူမ မြင်တွေ့ရလေသည်။ ထိုသို့ဖြင့် လက်တွေ့လုပ်ဆောင်ရမယ့်လမ်းကြောင်းကို ရှာဖွေ၊ မနာလိုမှု၏ ချုပ်နှောင်ခြင်းမှ ရုန်းထွက်ကာ သူ၏စိတ်ဝိညာဉ်ကို လွတ်မြောက်စေလေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ