Christian Dance (သမ္မာတရား၏တံပိုး မြည်ခဲ့ပြီ)
15.12.2024
၁
နောက်ဆုံးသောကာလရှိ လူသားသည် စကားပြောပြီး ကမ္ဘာမြေကြီးကို တုန်လှုပ်စေသည်။
သူသည် သမ္မာတရားကို ဖော်ပြ၍ မဖြောင့်မတ်ခြင်းကို တရားစီရင်ကာ လူကို သန့်စင်၍ ကယ်တင်သည်။
ဘုရားသခင် ရွေးချယ်ထားသောလူများသည် သူ၏အသံကို ကြားကာ သူ့ရှေ့မှောက် ပြန်လာသည်။
ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ စားသောက်ပြီး သမ္မာတရားကို နားလည်လာ။
ဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ရှိပြီး ချီးမွမ်းကြ။
ဘုရားသခင် ကိုယ်တော်တိုင် ရေလောင်းပြီး ထောက်ပံ့ခြင်းခံရသည်မှာ ချိုမြိန်လှပါတကား။
သခင့်ကို ကျွန်ုပ်တို့ ဝမ်းမြောက်စွာနှင့် ပျော်ရွှင်စွာ ကြိုဆိုကြပြီ။
ကောင်းကင်နိုင်ငံတော်၏ စားတော်ပွဲကို ကျွန်ုပ်တို့တက်ရောက်။
၂
ဘုရား၏လူများသည် သူ့နှုတ်ကပတ်တော်ကို စားသောက်ကာ သူ့တရားစီရင်မှုကို လက်ခံရရှိ။
သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရပြီး
သူတို့သည် လူသားပုံသဏ္ဌာန်ကို အသက်ရှင် နေထိုင်။
ဘုရား၏ စိတ်သဘောထားသည် သန့်ရှင်း၍ ဖြောင့်မတ်၊
ကြည်ညိုလေးမြတ်ဖွယ်ကောင်းခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းလည်းရှိ။
၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ကြကာ
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ချီးမွမ်းကြ၏။
ခရစ်တော်အတွက် သက်သေခံရန် သူတို့၏ ဖြစ်တည်မှုတစ်ခုလုံးကို သူတို့ ပူဇော်ဆက်ကပ်ကာ
နိုင်ငံတော် ဧဝံဂေလိတရားကို ပြန့်ပွားစေ။
နိုင်ငံအားလုံးနှင့် လူအားလုံး ရှိခိုးကိုးကွယ်လျက် ဦးညွှတ်၍ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်း။
၃
ဘုရားသည် ဘုန်းအာနုဘော်ဖြစ်၊ ဘုရားသည် အမျက်ဒေါသဖြစ်၊
ဘုရားသည် လူ၏ ပုန်ကန်ပြစ်မှားခြင်းတစ်ခုကိုမျှ သည်းခံမည်မဟုတ်။
စာတန်နှင့် နတ်ဆိုးတို့သည် သေအံ့ဆဲဆဲအချိန်၌ ရုန်းကန်လျက်
ပူပြင်းသောမီးလျှံကြား ညည်းညူနေ။
နတ်ဆိုးများ၏နေရာဖြစ်သည့် တရုတ်ပြည်သည် ပြစ်တင်ဆုံးမခြင်းခံရပြီး
ဘုရား၏ ဖြောင့်မတ်ခြင်းကို ထုတ်ဖော်။
နိုးထသွားသည့်သူများသည် ဘုရားသခင်ထံ ပြန်ကြပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိ။
ဘုရား၏လူများသည် အခက်အခဲများကြုံရပြီး ဘုရားအတွက် အောင်နိုင်သော သက်သေခံချက်ပေးသည်။
အနန္တတန်ခိုးရှင် စစ်မှန်သော ဘုရားသခင်သည် စာတန်ကို အနိုင်ယူပြီးဖြစ်ကာ
အောင်နိုင်သူတစ်စုကို စုံလင်စေခဲ့။
သူသည် ဘုန်းအသရေကို ရရှိပြီ။
၄
ဘုရားနှုတ်ကပတ်တော်များသည် ကမ္ဘာမြေအရပ်ရပ်သို့ ပျံ့နှံ့သွားပြီးဖြစ်၊
နိုင်ငံတော် ပေါ်ထွန်းခဲ့ပြီဖြစ်။
ဖြောင့်မတ်ခြင်းနေမင်းသည် ကမ္ဘာလောကကို အလင်းပေးကာ
အရာခပ်သိမ်းသည် အသစ်ပြုလုပ်ခံရ။
ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားသည် ကမ္ဘာမြေပေါ်တွင် အုပ်စိုး၊
ဘုရား၏ အောင်နိုင်မှုသည် အကြွင်းမဲ့ဖြစ်။
ဘုရားသခင်၏ လူများသည် လူသားပုံဏ္ဌာန်ကို အသက်ရှင်နေထိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များ
အထမြောက်အောင် ဆောင်ရွက်။
ဘုရားနှုတ်ကပတ်တော်များသည် အရာရာကို ဖြစ်မြောက်အောင်မြင်စေသည်၊
သူ၏ ကြီးမြတ်သော အမှုတော်သည် ပြီးမြောက်သည်။
ဘုရားသခင်၏ လူများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သူ့ကို ချစ်ပြီး သူ့ကို ထာဝရ ချီးမွမ်းကြ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ