Myanmar Praise Song - ကယ်တင်ခြင်း အမှုတော် တစ်ခုလုံး
04.02.2023
၁
ဘုရားအမှု အဆင့်သုံးဆင့်ဟာ
သူ့အမှုတော်တစ်ခုလုံးရဲ့မှတ်တမ်း၊
ဘုရားရဲ့လူကိုကယ်တင်ခြင်းမှတ်တမ်းဖြစ်ပြီး
စိတ်ကူးသက်သက် မဟုတ်ပါ။
ဘုရားရဲ့စိတ်သဘောထားကို အပြည့်အဝ သိရဖို့
အဆင့်တစ်ခုစီတိုင်းကို သင်တို့ သိရမယ်။
ဘုရားကို သိအောင် ကြိုးစားမယ်ဆိုရင် ဒါ အနည်းဆုံး သိထားရမယ့် အရာပါ။
လူဟာ ဘုရားကို သိကျွမ်းခြင်းအား မဖန်တီးနိုင်
စိတ်ကူးကြည့်လို့လည်း မရသလို
သန့်ရှင်းသော ဝိညာဉ်တော်ကလည်း
လူတစ်ဦးတစ်ယောက်အား ဆုလာဘ်အဖြစ်မပေး
ဒါ ဘုရားအမှုကို ကြုံတွေ့တဲ့အခါ ရရှိတဲ့ သိနားလည်မှု
ဘုရားအမှုကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခြင်းကနေသာ သိရတဲ့ သိနားလည်မှု
ဒီသိနားလည်မှုမျိုး လွယ်လွယ်မရသလို
သင်ယူလို့ရတဲ့ အရာလည်းမဟုတ်။
ကိုယ်ပိုင်အတွေ့အကြုံနဲ့ပဲ ဆိုင်တယ်၊
ကိုယ်ပိုင်အတွေ့အကြုံနဲ့ပဲ ဆိုင်တယ်။
အမှုရဲ့အဆင့်သုံးဆင့်မှာ
အားလုံး ဘုရားရဲ့ လူကိုကယ်တင်ခြင်းအမှုတွေပဲ။
ကယ်တင်ခြင်းအမှုထဲမှာ လူတို့ ဘုရားရဲ့အမှုနဲ့ စိတ်သဘောထားကို သိရမယ်၊
ဒီအချက်မရှိဘဲ သင့်ရဲ့ ဘုရားကိုသိကျွမ်းခြင်းဟာ ဗလာနတ္တိ၊
အနှစ်မဲ့တဲ့စကားများနဲ့
အချည်းနှီးပြောဆိုမှုများကလွဲပြီး ဘာမှမရှိ။
၂
ဘုရားလူကိုကယ်တင်ခြင်းဟာ အဓိကအလုပ်ပါ
သို့သော် ကယ်တင်ခြင်းအမှုမှာ လုပ်စရာ နည်းလမ်းများနဲ့
ဘုရားရဲ့စိတ်သဘောထားကို ဖော်ပြစရာ နည်းလမ်းများစွာ ရှိတယ်။
လူတို့ ခွဲခြားသိမြင်ဖို့ ခက်တယ်။
ဘုရားအမှု၊ တည်နေရာနဲ့ လက်ခံရရှိသူ အပြောင်းအလဲများနဲ့
ခေတ်ကာလများ ပိုင်းခြားခြင်း—
ဒါတွေ အားလုံး အဆင့်သုံးဆင့်ထဲက အစိတ်အပိုင်းတွေပါ။
ဝိညာဉ်တော်ရဲ့ အမှုပြုပုံနည်းလမ်းများ၊
ဘုရားရဲ့စိတ်သဘောထား၊ ပုံရိပ်၊ အမည်နာမနဲ့ ဂုဏ်သိမ် အပြောင်းအလဲများဟာ
အားလုံး အမှုရဲ့အဆင့်သုံးဆင့်ထဲက
အစိတ်အပိုင်းတွေပါ။
အမှုရဲ့အဆင့်သုံးဆင့်မှာ
အားလုံး ဘုရားရဲ့ လူကိုကယ်တင်ခြင်းအမှုတွေပဲ။
ကယ်တင်ခြင်းအမှုထဲမှာ လူတို့ ဘုရားရဲ့အမှုနဲ့ စိတ်သဘောထားကို သိရမယ်၊
ဒီအချက်မရှိဘဲ သင့်ရဲ့ ဘုရားကိုသိကျွမ်းခြင်းဟာ ဗလာနတ္တိ၊
အနှစ်မဲ့တဲ့စကားများနဲ့
အချည်းနှီးပြောဆိုမှုများကလွဲပြီး ဘာမှမရှိ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ