Myanmar Christian Praise Song - အချိန်
17.11.2020
I
အဝေးရပ်မှ အဖော်မဲ့ဝိညာဉ်ခရီးနှင်၊
အနာဂတ်အားစူးစမ်း၊ အတိတ်ကို ရှာဖွေ
ခက်ခဲစွာကြိုးပမ်းရင်း အိပ်မက်နောက်ကိုလိုက်
ခက်ခဲစွာကြိုးပမ်းရင်း အိပ်မက်နောက်ကိုလိုက်
သူဘယ်ကလာလို့ ဘယ်ကိုသွားမှန်းမသိ
မျက်ရည်နှင့်အတူ မွေးဖွားပြီး ပျောက်ကွယ်
မျက်ရည်နှင့်အတူ မွေးဖွားပြီး ပျောက်ကွယ်
နင်းခြေခံနေရလည်း သူသည် အားတင်းထားဆဲ
ဝေဒနာခံစားနေရတဲ့ဘဝကို အဆုံးသတ်ဖို့ ကိုယ်တော်ရောက်လာ
မျှော်လင့်ခြင်းရှုခင်း ကျွန်ုပ်မြင်၊ မိုးသောက်အလင်းအားကြိုဆို
မြူတွေဖုံးတဲ့အဝေးတစ်နေရာငေးကြည့်၊ ကိုယ်တော့်အရိပ် မြင်တွေ့လိုက်မိတယ်
ဒါဟာ ကိုယ်တော့်မျက်နှာ၏ ရောင်ခြည်အလင်းတန်း
II
မနေ့က အဝေးရပ်သို့ မျောလွင့်ခဲ့လည်း
ဒီနေ့တော့ ကျွန်ုပ်အိမ်ပြန်လမ်းရှာတွေ့ခဲ့
လူနှင့်မတူအောင် ဒဏ်ရာတွေနှင့် ပေပွ
ဒီဘဝက အိပ်မက်ပါလားလို့ ကျွန်ုပ်ပူဆွေး
ဝေဒနာခံစားနေရတဲ့ဘဝကို အဆုံးသတ်ဖို့ ကိုယ်တော်ရောက်လာ
နောက်ထပ် ကျွန်ုပ်လမ်းမပျောက်၊ နောက်ထပ် လေမလွင့်တော့ပါ
အိမ်ကိုကျွန်ုပ်ရောက်ပြီ၊
ကိုယ်တော်၏ ဝတ်ရုံဖြူကျွန်ုပ်မြင်ပြီ
ဒါဟာ ကိုယ်တော့်မျက်နှာရဲ့ ရောင်ခြည်အလင်းတန်း

III
အသစ်မွေးဖွားခြင်းများစွာ နှင့်နှစ်ပေါင်းများစွာ စောင့်ဆိုင်းပြီးနောက်
ယခု အနန္တတန်ခိုးရှင်ကြွလာပြီ
အဖော်မဲ့ဝိညာဉ် သူ့လမ်းခရီး ရှာတွေ့၊ နောက်ထပ်ဝမ်းမနည်းတော့ပါ
နှစ်ပေါင်းထောင်ချီသော အိပ်မက်
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ