Myanmar Praise Song (ဘုရားကို ချစ်နိုင်ရန် သင့်စိတ်နှလုံးကို ဘုရားထံ လုံးလုံးလှည့်ထားလော့ကျူး)
12.04.2020
၁
သင့်နှလုံးသား၌ ကြံစည်သမျှတို့
ဘုရားကို ရရှိရန်နှင့်
ချစ်မြတ်နိုးရန် ဖြစ်လာသောအခါ
သင်၏စိတ်နှလုံး ဘုရားထံ သင်အပ်နှံပြီ
အနာဂတ် ရှေ့ရေးတို့ကို တွေးတောမနေ
ဘုရားနှင့်နှုတ်ကပတ်တော်အပြင်
စိတ်နှလုံး၌ ဘာမှ မရှိ
မိမိစိတ်နှလုံးကို ဘုရားထံ အပ်နှံခြင်းမှာ
ဘုရားကို မြတ်နိုးရန်နှင့်
စိတ်သဘောထားကို သိရှိရန်ပင်
စိတ်နှလုံးအကြွင်းမဲ့ ဘုရားရှင်ထံ ချဉ်းကပ်
သင့်စိတ်နှလုံးကို ကိုယ်တော့်ထံ လုံးလုံးအပ်နှံပါ
ဤသည်မှာ ဘုရားကို ချစ်ခြင်း၏
ပထမဆုံးခြေလှမ်း
ဘုရားကို ချစ်ခြင်း၏ ပထမဆုံးခြေလှမ်းဖြစ်သည်
၂
နေ့စဉ်ဆုတောင်းရင်း
နှုတ်ကပတ်တော်ကို စားသောက်၊
ဘုရား၏အလိုတော်နှင့်
အသင်းတော်လုပ်ငန်းကို အရေးထား၊
ဘုရားကို ချစ်မြတ်နိုးပြီး
သူ၏စိတ်နှလုံးကို ကြည်နူးစေလျှင်
သင့်စိတ်နှလုံးကို ဘုရား ပိုင်လိမ့်မည်
မိမိတို့ စစ်မှန်သော နှလုံးသား
ဘုရားကို ဆက်ကပ်သောအခါ
အသက်တာရှင်သန်ခြင်း စတင်
သဘောထားများ ပြောင်းလဲလာသည်
ဘုရားကို ချစ်စိတ်နှင့်သိကျွမ်းမှုတို့ တိုးပွားလိမ့်မည်
စိတ်နှလုံးအကြွင်းမဲ့ ဘုရားရှင်ထံ ချဉ်းကပ်
သင့်စိတ်နှလုံးကို ကိုယ်တော်ထံ လုံးလုံးအပ်နှံပါ
ဤသည်မှာ ဘုရားကို ချစ်ခြင်း၏
ပထမဆုံးခြေလှမ်း
ဘုရားကို ချစ်ခြင်း၏ ပထမဆုံးခြေလှမ်းဖြစ်သည်
၃
မိမိနှလုံးသားကို ဘုရားထံ အပ်နှံခြင်းမှာ
ဘုရားကို ချစ်မြတ်နိုးရန်နှင့် နားလည်နိုင်ရန်
လမ်းမှန်ပေါ် ရောက်ရန်အတွက်
လိုအပ်ချက်တစ်ခုဖြစ်သည်
သင် လုပ်ရမည့် အရာဖြစ်သည်
သို့သော် ၎င်းသည်ဘုရားအပေါ်
စစ်မှန်သော အချစ်ကိုမဖော်ပြ
ဘုရားကို ချစ်ရမည့် တာဝန်ကျေပြီဟု မဆိုလို
သင်၏စိတ်နှလုံးကို ဘုရားထံ လှည့်ခြင်းက
ဘုရားကို အမှန်ပင် ချစ်ဖို့ရာ
တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်
စိတ်နှလုံးအကြွင်းမဲ့ ဘုရားရှင်ထံ ချဉ်းကပ်
သင့်စိတ်နှလုံးကို ကိုယ်တော်ထံ လုံးလုံးအပ်နှံပါ
ဤသည်မှာ ဘုရားကို ချစ်ခြင်း၏
ပထမဆုံးခြေလှမ်း
ဘုရားကို ချစ်ခြင်း၏ ပထမဆုံးခြေလှမ်းဖြစ်သည်
၄
ဘုရားကို ချစ်သောသူတို့သည်
အသက်ကို ရှာသောသူများဖြစ်၏
ထိုသူတို့ သမ္မာတရားကို ရှာဖွေ၍
ဘုရားကို အမှန်ပင် လိုလားကြသည်
ထိုသူတို့ ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပေးခြင်း၊
နှိုးဆော်ခြင်းကို ခံကြရ၏
ထိုသူတို့ကို ဘုရားသခင် လမ်းပြနိုင်သည်
စိတ်နှလုံးအကြွင်းမဲ့ ဘုရားရှင်ထံ ချဉ်းကပ်
သင့်စိတ်နှလုံးကို ကိုယ်တော်ထံ လုံးလုံးအပ်နှံပါ
ဤသည်မှာ ဘုရားကို ချစ်ခြင်း၏
ပထမဆုံးခြေလှမ်း
ဘုရားကို ချစ်ခြင်း၏ ပထမဆုံးခြေလှမ်းဖြစ်သည်
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ