အို အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကိုယ်တော်သည် အလွန် ဘုန်းအသရေရှိလှပေ။
၁
အနန္တတန်ခိုးရှင်ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်၊
ကိုယ်တော်သည် တစ်ဖန်ကြွလာသည့် ကယ်တင်ရှင်ဖြစ်ပေ။
သမ္မာတရားများကို ကိုယ်တော်ဖော်ပြပြီး
အဆုံးသတ်ကာလ တရားစီရင်မှုကို စတင်လေပြီ။
ကိုယ်တော့်နှုတ်ကပတ်တော်များသည်
တန်ခိုး၊ အာဏာအားဖြင့် လူကို သန့်စင်သည်။
ကိုယ်တော်ကို သန့်ရှင်းပြီး ဖြောင့်မတ်ကြောင်း ထုတ်ဖော်လျက်၊
ထိုအရာတို့သည် သမ္မာတရားဖြစ်ကြပေ။
ကိုယ်တော်သည် ရှေးကမ္ဘာလောက၊
တိုင်းနိုင်ငံများနှင့် လူတို့အားလုံးကို တရားစီရင်သည်။
စာတန်ကို အောင်နိုင်လျက် ကိုယ်တော်၏ နှုတ်ကပတ်တော်က
အရာအားလုံးကို အောင်မြင်ပြီးမြောက်သည်။
ကိုယ်တော်အား ချီးမွမ်းခြင်းရှိစေ၊ ကိုယ်တော်သည် ဘုန်းအသရေ အမှန်ရှိပေ။
အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကိုယ်တော်၏ လုပ်ဆောင်ချက်တို့သည် အံ့သြဖွယ်ရာပင်။
လူအားလုံးနှင့် အရာခပ်သိမ်းတို့ အလွန်ဝမ်းမြောက်ခြင်းနှင့် ကခုန်ကြသည်။
အနန္တတန်ခိုးရှင်ဘုရားသခင်ကို ချီးမွမ်းကြသည်၊ ဘုန်းအသရေ ရရှိခြင်းအတွက်၊ ဘုန်းအသရေ ရရှိခြင်းအတွက်။
၂
ကိုယ်တော်ပေါ်ထွန်းပြီး တရုတ်ပြည်၌ အမှုကိုလုပ်ဆောင်လေပြီ၊
အဆင်းနီသောနဂါးကြီးက ကိုယ်တော်ကို အစေခံလျက်ပင်။
ခုခံဖို့အတွက် စာတန် အစွမ်းကုန် ကြိုးစားသော်လည်း
အရှက်ရလျက် ကျရှုံးရသည်ပင်။
ဆင်းရဲဒုက္ခထဲတွင် သက်သေခံသည့်၊
အောင်မြင်သောသူများအုပ်စုတစ်စုကို ကိုယ်တော်ဖြစ်ပေါ်စေပြီ။
မိမိ၏ တာဝန်များ၌ သစ္စာရှိလျက်၊
ကိုယ်တော်၏လူတို့ ကိုယ်တော်ကို ချစ်ကာ နာခံကြသည်။
ကိုယ်တော်၏ အမှုတော်က စာတန်ကို သိမ်းပိုက်ပြီ၊
ကိုယ်တော်သည် ဘုန်းအသရေအတိ ရှိတော်မူပေ။
ကိုယ်တော့်နိုင်ငံတော် ကမ္ဘာမြေပေါ် ပေါ်ထွန်းလေပြီ။
ခပ်သိမ်းသောလူမျိုးတို့ ကိုယ်တော်ကို ကိုးကွယ်ကြသည်။
ကိုယ်တော်အား ချီးမွမ်းခြင်းရှိစေ၊ ကိုယ်တော်သည် ဘုန်းအသရေ အမှန်ရှိပေ။
အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကိုယ်တော်၏ လုပ်ဆောင်ချက်တို့သည် အံ့သြဖွယ်ရာပင်။
လူအားလုံးနှင့် အရာခပ်သိမ်းတို့ အလွန်ဝမ်းမြောက်ခြင်းနှင့် ကခုန်ကြသည်။
အနန္တတန်ခိုးရှင်ဘုရားသခင်ကို ချီးမွမ်းကြသည်၊ ဘုန်းအသရေ ရရှိခြင်းအတွက်၊ ဘုန်းအသရေ ရရှိခြင်းအတွက်။
ဘုရားသခင်၏ ကြီးမြတ်သောအမှု အောင်ပွဲခံသည်၊ ဇိအုန်သို့ ကိုယ်တော် ပြန်တော်မူမည်။
သူရွေးချယ်ထားသောသူတို့ ကယ်တင်ခြင်းကို ရရှိလျက်၊ သူနှင့်သက်ဆိုင်ကြသည်
ဘုရားသခင်၏ အမှုသည် လောကသို့ ပျံ့နှံ့ကာ ကြီးမားသော ကပ်ဘေး ကျရောက်သည်။
သူ့ကို လက်မခံသောသူတို့ ရှင်သန်ကျန်ရစ်မည်မဟုတ်ပေ။
မကောင်းမှုကို သူတို့ချေမှုန်းပစ်ကြမည်၊ သူ၏ လူတို့ ကျန်ရစ်ကြပေမည်။
ခပ်သိမ်းသောလူမျိုးတို့ သူ၏ ပလ္လင်တော်သို့ ပြန်လာကာ
သူတို့နှလုံးသားဖြင့် ကိုယ်တော်ကို ချီးမွမ်းကြသည်။
ကိုယ်တော်အား ချီးမွမ်းခြင်းရှိစေ၊ ကိုယ်တော်သည် ဘုန်းအသရေ အမှန်ရှိပေ။
အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကိုယ်တော်၏ လုပ်ဆောင်ချက်တို့သည် အံ့သြဖွယ်ရာပင်။
လူအားလုံးနှင့် အရာခပ်သိမ်းတို့ အလွန်ဝမ်းမြောက်ခြင်းနှင့် ကခုန်ကြသည်။
အနန္တတန်ခိုးရှင်ဘုရားသခင်ကို ချီးမွမ်းကြသည်၊ ဘုန်းအသရေ ရရှိခြင်းအတွက်၊ ဘုန်းအသရေ ရရှိခြင်းအတွက်။
ဘုန်းအသရေ ရရှိခြင်းအတွက်၊ ဘုန်းအသရေ ရရှိခြင်းအတွက်။