၁၇၈ အနန္တတန်ခိုးရှင်ဘုရား၏ နာမတော် အကြောင်းကို တိုင်းနိုင်ငံအားလုံး၌ သက်သေခံပြီ
၁
အနန္တတန်ခိုးရှင်ဘုရား နိုင်ငံတော်၏ ရှင်ဘုရင်ကို သက်သေခံပြီးသည့်အတွက်၊ ဘုရား၏ ခန့်ခွဲမှု အစီအစဉ် အပိုင်းအခြားသည် စကြဝဠာတစ်လျှောက်လုံး ပျံ့နှံ့လေပြီ တရုတ်၌သာမက တိုင်းပြည်အားလုံး၌ ဘုရား၏ပေါ်ထွန်းခြင်းကို သက်သေခံလေပြီ သူ၏သန့်ရှင်းနာမကို ဟစ်ကြွေးရင်း ဘုရားနှင့် မိတ်သဟာယဖွဲ့ရန် သူတို့ ကြိုးပမ်း။ အလိုတော်ကို နားလည်ရင်း အသင်းတော်၌ အတူ အစေခံကြသည်။ ဤအံ့ဖွယ်နည်းဖြင့် ဝိညာဉ်တော် အမှုပြု အနန္တတန်ခိုးရှင်ဘုရား၊ နိုင်ငံတော်၏ရှင်ဘုရင် သူ့ကို သက်သေခံကြလေပြီ အနန္တတန်ခိုးရှင်ဘုရား၏ နာမတော် အကြောင်းကို တိုင်းနိုင်ငံအားလုံးတွင် အမှန်တကယ်ထင်ရှားခဲ့ပါပြီ။
၂
လူမျိုးများ၏ ဘာသာစကား အချင်းချင်း ကွဲပြားသော်လည်း အသင်းတော်များ၌ ဘုရားနှင့် မခြားနား၊ တစ်လုံးတစ်ဝတည်းဖြစ်သော စိတ်ဝိညာဉ်တော်တစ်ပါးတည်းရှိ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့ကို ခေါ်ပြီး အသံတော်သည် သူတို့ကို နိုးကြားစေခဲ့။ ဒါဟာ ဘုရား၏ ကရုဏာတော်အသံ။ သူတို့လည်း အနန္တတန်ခိုးရှင်ဘုရား၏ သန့်ရှင်းသောနာမကို ဟစ်ကြွေး ချီးမွမ်းသီဆိုကြသည်။ အားလုံးသည် လမ်းမှန်ပေါ် ခိုင်မြဲစွာ လျှောက်လှမ်း။ ဝိညာဉ်တော်အမှုတော်တွင် လမ်းလွဲခြင်းမရှိ။ အလွယ်လေး သူတို့နောက်မဆုတ်။ လူသားတွက် တွေးတောရခက်ပြီး နားလည်သဘောပေါက်လို့မရတဲ့ အံ့သြဖွယ်တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာသည်။ အနန္တတန်ခိုးရှင်ဘုရား၊ နိုင်ငံတော်၏ရှင်ဘုရင် သူ့ကို သက်သေခံကြလေပြီ။ အနန္တတန်ခိုးရှင်ဘုရား၏ နာမတော် အကြောင်းကို တိုင်းနိုင်ငံအားလုံးတို့တွင် အမှန်တကယ်ထင်ရှားခဲ့ပါပြီ။
၃
အနန္တတန်ခိုးရှင်ဘုရားသည် စကြဝဠာ၌ အသက်၏ရှင်ဘုရင်။ ဘုန်းကြီးသော ပလ္လင်ပေါ်ထိုင်ပြီး တစ်လောကလုံးကို သူတရားစီရင် တိုင်းနိုင်ငံအားလုံးကို အုပ်ချုပ်။ လူသားအားလုံး ဒူးထောက် သူ့ထံ ဆုတောင်းကြပြီး တိုးဝင်ချဉ်းကပ်ကြသည်။ ဘုရား၌သင့်ယုံကြည်ခြင်း ဘယ်လောက်ကြာခဲ့ပါစေ၊ သင့်အဆင့်အတန်းဘယ်လောက်မြင့်ပြီး သင့်ရာထူးဘယ်လောက်ကြီးမားပါစေ သင့်စိတ်နှလုံး၌ ဘုရားကို ဆန့်ကျင်လျှင် တရားစီရင်ခြင်း သင်ခံရမည်။ သူ့ရှေ့၌ လဲကျကာ နာကျင်စွာ အသနားခံရလိမ့်မည်။ ဒါဟာ သင့်လုပ်ဆောင်မှုများ၏ အသီးအပွင့် ရိတ်သိမ်းခြင်းဖြစ်သည်။ ဤငိုကြွေးခြင်းအသံသည် ကန့်မီးအိုင်အထဲရှိ ညှင်းပန်း နှိပ်စက်တဲ့သံ။ ဒါဟာ ဘုရား၏ ရိုက်နှက်ဆုံးမ ခြင်းကြောင့် ငိုကြွေးခြင်း၊ ခရစ်တော်၏ပလ္လင်တော်ရှေ့တွင် တရားစီရင်ခြင်း။ အနန္တတန်ခိုးရှင်ဘုရား၊ နိုင်ငံတော်၏ရှင်ဘုရင် သူ့ကို သက်သေခံကြလေပြီ။ အနန္တတန်ခိုးရှင်ဘုရား၏ နာမတော် အကြောင်းကို တိုင်းနိုင်ငံအားလုံးတို့တွင် အမှန်တကယ်ထင်ရှားခဲ့ပါပြီ။ အနန္တတန်ခိုးရှင်ဘုရား၏ နာမတော် အကြောင်းကို တိုင်းနိုင်ငံအားလုံးတို့တွင် အမှန်တကယ်ထင်ရှားခဲ့ပါပြီ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၈” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။