၉၃၅ ဘုရားသခင်၏ အနှစ်သာရမှာ အနန္တတန်ခိုးရှင်နှင့် လက်တွေကျသောသူ နှစ်ခုစလုံးဖြစ်သည်

၁ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းတွင် သူ၏ အနန္တတန်ခိုးရှင်ဖြစ်သည့် ဘက်အပြင်၊ သူ၏ လက်တွေ့ကျသောသူ ဖြစ်သည့်ဘက် ပါဝင်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးမှာ သူ၏ အနှစ်သာရဖြစ်သော်လည်း၊ သူ၏ လက်တွေ့ကျခြင်းမှာလည်း သူ၏ အနှစ်သာရဖြစ်သည်။ ဤသွင်ပြင်လက္ခဏာနှစ်ခုကို ခွဲခြား၍မရနိုင်ပေ။ လုပ်ဆောင်ချက်များကို စစ်မှန်၊ လက်တွေကျသည့် ပုံစံတစ်ခုဖြင့် ဘုရားသခင်၏ လုပ်ဆောင်ခြင်းသည် သူ၏ လက်တွေ့ကျသော သွင်ပြင်လက္ခဏာ အမှုပြုနေခြင်း ဖြစ်ပြီး ဤနည်းဖြင့် သူ အမှုပြုနိုင်ခြင်းကလည်း သူ၏ အနန္တတန်ခိုးရှင်ဖြစ်သည့် သွင်ပြင်လက္ခဏာကို ပြလေသည်။ ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမဆို၊ သူ၏ အနန္တတန်ခိုးနှင့် လက်တွေ့ကျခြင်းတည်းဟူသော သွင်ပြင်လက္ခဏာနှစ်ခုလုံး ပါရှိပြီး၊ အားလုံးကို သူ၏ အနှစ်သာရအပေါ် အခြေခံကာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ယင်းသည် သူ၏ စိတ်သဘောထားနှင့်ဆိုင်သော ဖော်ပြချက်တစ်ခုဖြစ်သည့်အပြင်၊ သူ၏ အနှစ်သာရနှင့် သူ၏ဖြစ်ခြင်းတို့နှင့်ဆိုင်သော ထုတ်ဖော်ပြချက်တစ်ခု ဖြစ်သည်။ 

၂ သူ၏ အမှုကို အမှန်တကယ်နှင့် လက်တွေ့ကျကျ လုပ်ဆောင်ရန်၊ သမ္မာတရားကို ဖော်ပြခြင်းဖြင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်စေရန်နှင့် ဖြေရှင်းရန် ဘုရားသခင်၏ တတ်နိုင်စွမ်းအပြင်၊ လူတို့ကို သူ၏ တိုက်ရိုက် ဦးဆောင်နိုင်စွမ်း- ဤအရာများက သူ၏ လက်တွေ့ကျသောဘက်ကို ပြသကြသည်။ သူသည် သူ၏ ကိုယ်ပိုင် စိတ်သဘောထားနှင့် သူ၏ဖြစ်ခြင်းကို ဖော်ပြပြီး၊ လူသားတို့ မလုပ်နိုင်သည့် အမှုတိုင်းကို သူ လုပ်ဆောင်နိုင်သည်။ ဤအရာတွင် သူ၏ အနန္တတန်ခိုးရှင်ဖြစ်သည့်ဘက်ကို မြင်နိုင်ပေသည်။ ဘုရားသခင်သည် သူ ပြောဆိုသည့်အရာ ဖြစ်တည်လာစေဖို့ရန်၊ သူ၏ အမိန့်များ မြဲမြံစွာ ရပ်တည်ဖို့ရန်နှင့် သူပြောဆိုသည့်အရာ ဖြစ်မြောက်စေဖို့ရန် သြဇာအာဏာ ရှိလေသည်။ ဘုရားသခင် မိန့်ဆိုစဉ်တွင်၊ သူ၏ အနန္တတန်ခိုးကို ထုတ်ဖော်ပြသည်။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးသည်၊ စာတန်ကို သူ့အား အစေခံဖို့ ကိုင်တွယ်ထိန်းသိမ်းသည်၊ လူတို့ကို စမ်းသပ်ဖို့နှင့် စစ်ဆေးဖို့၊ ပြီးလျှင် ၎င်းတို့၏ စိတ်သဘောထားများကို သန့်စင်ကာ ပြောင်းလဲစေဖို့ ပတ်ဝန်းကျင်များကို စီစဉ်ပေးသည်- ဤအရာအားလုံးသည် ဘုရားသခင်၏ အနန္တတန်ခိုးရှင်ဖြစ်သည့်ဘက်နှင့်ဆိုင်သော သရုပ်သကန်များ ဖြစ်ကြသည်။ ဘုရားသခင်၏ အနှစ်သာရသည် အနန္တတန်ခိုးရှင်နှင့် လက်တွေ့ကျသောသူ နှစ်ခုစလုံးဖြစ်ပြီး၊ ဤသွင်ပြင်လက္ခဏာရပ်နှစ်ခုသည် အချင်းချင်း ပြည့်စုံစေကြလေသည်။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် သူ၏ စိတ်သဘောထား ဖော်ပြချက်တစ်ခုဖြစ်ပြီး သူဖြစ်သည့်အရာ၏ ထုတ်ဖော်ပြချက်တစ်ခု ဖြစ်သည်။ သူ၏ ဖြစ်ခြင်းတွင် သူ၏ အနန္တတန်ခိုး၊ သူ၏ ဖြောင့်မတ်ခြင်းနှင့် သူ၏ ဘုန်းအာနုဘော်တော်တို့ ပါဝင်လေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၃၄ ဘုရားသည် အရာအားလုံးကို အုပ်စိုးသူပင်တည်းကျူး

နောက်တစ်ခုသို့- ၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။