ဘုရားသခင်သည် အစနှင့် အဆုံးဖြစ်၏ကျူး
ငါသည်အစနှင့် အဆုံးဖြစ်သည်”၊ “ငါသည် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူဖြစ်သည်
၁ ဘုရားသခင်သည် ခေတ်သစ်ကို ဖွင့်ပေးရန်အတွက် လူ့ဇာတိကို အတိအလင်း ခံယူခဲ့ကြောင်းကို သင်တို့အားလုံး သတိထားမိ ကြမည့်အပြင်၊ သူတကယ်ဘဲ ခေတ်သစ်ကို ဖွင့်ပေးခဲ့သည်၊ သူသည် တစ်ချိန်တည်းမှာဘဲ ခေတ်ဟောင်းကို အဆုံးသတ်ခဲ့သည်။ ဘုရားသခင်သည် အစနှင့်အဆုံး ဖြစ်သည်။ ဘုရားသခင်၏ လုပ်ငန်း လှုပ်ရှားမှုကို ချမှတ်ခဲ့သူမှာ သူကိုယ်တိုင်ပင်ဖြစ်သည့်အတွက် အရင်ခေတ်ကို အဆုံးသတ်မည့်သူမှာလည်း သူကိုယ်တိုင်ပင် ဖြစ်ရမည်။ ယင်းသည် သူစာတန်ကို အောင်နိုင်ခဲ့ပြီး ကမ္ဘာမြေကြီးကို စိုးမိုးနိုင်သည့် သက်သေဖြစ်သည်။ သူကိုယ်တိုင် လူသားအကြား လုပ်ဆောင်သည့် အချိန်တစ်ခုစီသည်၊ စစ်ပွဲသစ်တစ်ခု၏ အစပင်ဖြစ်သည်။ အသစ်သော အလုပ်၏ စတင်ခြင်းမရှိလျှင်၊ အလိုအလျောက်ပင် အဟောင်း၏ အဆုံးသတ်သည် ရှိလာမည် မဟုတ်ပေ။ အဟောင်း၏ အဆုံးသတ်မရှိလျှင် စာတန်နှင့် တိုက်ပွဲဝင်ခြင်းက အဆုံးသတ်ဖို့ နီးလာပြီဟူသော သက်သေမရှိပေ။
၂ ဘုရားသခင် ကိုယ်တိုင်လာပြီး လူသားကြားတွင် လုပ်ဆောင်မှုအသစ်များကို ဆောင်ရွက်မှ သာလျှင်၊ လူသားသည် စာတန်၏အုပ်စိုးမှုကို အပြည့်အဝချိုးဖောက်ပြီး အသက်တာအသစ်နှင့် စတင်မှု အသစ်ကို ရရှိနိုင်မည်။ သို့မဟုတ်လျှင်၊ လူသားသည် ခေတ်ဟောင်းတွင် တစ်သက်လုံး နေထိုင်နေပြီး စာတန်၏ လွှမ်းမိုးမှုအဟောင်း အောက်၌သာ တစ်သက်လုံး နေရလိမ့်မည်။ ဘုရားသခင် ဦးဆောင်ခဲ့သည့် ခေတ်တစ်ခုစီတိုင်းတွင်၊ လူသားအချို့က လွတ်မြောက်မှုကို ရရှိခဲ့ပြီး၊ ထို့အတွက်ကြောင့် လူသားသည် ခေတ်သစ်ဆီသို့ ဘုရားသခင်၏ လုပ်ဆောင်မှုနှင့်အတူ ချီတက်လာခဲ့သည်။ ဘုရားသခင်၏ အောင်မြင်မှုသည် သူ့နောက် လိုက်လျှောက်သည့် သူများအားလုံး၏ အောင်မြင်မှုပင်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။