၉၀၆ ဘုရား၏သြဇာအာဏာကို တိုင်းဆ၍ မရနိုင်ပေကျူး

၁ ဘုရားသခင်၏ သြဇာအာဏာသည် ပေါ်လိုက်၊ ပျောက်လိုက် မဟုတ်သကဲ့သို့၊ လာလိုက် သွားလိုက် မလုပ်ပေ၊ ပြီးလျှင် သူ၏ သြဇာအာဏာ မည်မျှကြီးမြတ်သည်ကို တိုင်းတာနိုင်သူ မည်သူမျှမရှိပေ။ ဘုရားသခင်က လူတစ်ယောက်ကို ကောင်းချီးပေးသည့်အခါတွင်၊ အချိန်မည်မျှ ကုန်သွားသည်ကို ပဓာနမထားဘဲ၊ ဤကောင်းချီးမင်္ဂလာသည် ဆက်လက်ဖြစ်ပေါ်မည် ဖြစ်ပြီး ယင်း၏ ဆက်လက်ဖြစ်နေမှုသည် ဘုရားသခင်၏ မခန့်မှန်းနိုင်သည့် သြဇာအာဏာကို သက်သေခံပြီး ဖန်ဆင်းရှင်၏ မငြိမ်းသတ်နိုင်သည့် အသက်အင်အား၏ တစ်ဖန်ပြန်လည် ပေါ်ထွန်းမှုကို မကြာခဏ လူသားမျိုးနွယ်ကို ရှုမြင်ခွင့်ပေးမည် ဖြစ်သည်။ ဘုရားသခင်က လူတစ်ဦးကို ကတိတစ်ခု ပြုသည့်အခါတွင်၊ ၎င်းတို့ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ အဘယ်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ကတိကို လက်မခံမီ သို့မဟုတ် လက်ခံပြီးနောက် ၎င်းတို့၏ နောက်ခံအကြောင်း မည်သည့်အရာဖြစ်ပါစေ၊ သို့မဟုတ် ၎င်းတို့ အသက်ရှင်နေထိုင်သည့် ပတ်ဝန်းကျင်တွင် ကသောင်းကနင်း ဖြစ်မှုများ မည်မျှကြီးမားသည် ဖြစ်စေ၊ ၎င်းတို့နှင့်ပတ်သက်သည့် အရာရာတိုင်းကို ဘုရားသခင်က ကောင်းကောင်း ရင်းနှီးလေသည်။

၂ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုပြီးနောက် အချိန်မည်မျှ ကုန်လွန်သွားသည်ဖြစ်စေ၊ ယင်းသည် သူ့အတွက် ခုလေးတင် မိန့်မြွက်ပြီးဖြစ်သည့်အလား ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ထံ သူပြုသည့် ကတိတိုင်းကို မျက်ခြေမပြတ် ထိန်းသိမ်းနိုင်ပြီး ပြည့်စုံစေနိုင်သည့် တန်ခိုးနှင့် ထိုသို့သော သြဇာအာဏာရှိပြီး ကတိက မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ၊ လုံး‌ဝ ပြည့်စုံရန် မည်မျှကြာသည်ကို ပဓာနမထားဘဲ၊ ထို့အပြင် ယင်း၏ပြီးမြောက်မှုက ထည့်သွင်းစဉ်းစားသည့် နယ်ပယ်သည် မည်မျှ ကျယ်ပြန့်သည်ကို ပဓာနမထားဘဲ၊ ဤကတိသည် ပြီးမြောက်ကာ ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ ထို့အပြင် ယင်း၏ ပြီးမြောက်မှုနှင့် ပြည့်စုံမှုသည် သူ့ကို အနည်းငယ်အားစိုက်မှု လိုအပ်စေမည် မဟုတ်ပေ။ ဤအရာက ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုသည် စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တစ်ခုလုံးကို ထိန်းချုပ်ရန် လုံလောက်သည်ကို သက်သေပြပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

နောက်တစ်ခုသို့- ၉၀၇ ဖန်ဆင်းရှင်၏အခွင့်အာဏာပြယုဂ် အစစ်အမှန်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။