၉၀၉ ဘုရား၏သြဇာအာဏာသည် မှန်ကန်၍ စစ်မှန်၏ကျူး

၁ ဘုရားသခင်က သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သော်လည်း၊ သူ၏သြဇာအာဏာသည် အနှစ်မမဲ့ဘဲ၊ မှန်ကန်ပြီး စစ်မှန်သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ စစ်မှန်မှုနှင့် လက်တွေ့အရှိတရားသည် သူ၏ အရာခပ်သိမ်းကို ဖန်ဆင်းခြင်း၊ အရာခပ်သိမ်းကို သူ၏ ထိန်းချုပ်ခြင်းနှင့် လူသားမျိုးနွယ်ကို သူဦးဆောင်ပြီး စီမံခန့်ခွဲသည့်ဖြစ်စဉ်တွင် တဖြည်းဖြည်း ထုတ်ဖော်ပြပြီး သရုပ်ထင်လေသည်။ လူသားမျိုးနွယ်နှင့် အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ နည်းလမ်းတိုင်း၊ ရှုထောင့်တိုင်း၊ အသေးစိတ်အချက်အလက်တိုင်းနှင့် သူပြီးမြောက်ပြီးဖြစ်သည့် အမှုအားလုံးအပြင်၊ အရာအားလုံးအပေါ် သူ၏သိနားလည်ခြင်း- ဤအရာများအားလုံးသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် အနှစ်မဲ့သည့် စကားလုံးများ မဟုတ်သည်ကို အကယ်ပင် သက်သေပြပေသည်။

၂ သူ၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် ပြသခြင်းခံရပြီး စဉ်ဆက်မပြတ် ထုတ်ဖော်ပြထားကာ အရာခပ်သိမ်းတွင် ရှိလေသည်။ သူသည် သူ၏အမှုကို ဆက်လက်လုပ်ဆောင်ရန်၊ အရာအားလုံးကို အမိန့်ပေးရန်နှင့် အချိန်တိုင်းတွင် အရာအားလုံးကို အုပ်စိုးရန်၊ သူ၏ သြဇာအာဏာနှင့် တန်ခိုးကို အသုံးပြုနေသည့်အတွက်၊ ဤသရုပ်သကန်များနှင့် ဖွင့်ပြခြင်းများသည် ဘုရားသခင်၏ သြဇာအာဏာ၏ စစ်မှန်သော တည်ရှိမှုအကြောင်းကို ပြောဆိုလေသည်။ သူ၏တန်ခိုးနှင့် သြဇာအာဏာတို့ကို ကောင်းကင်တမန်များက အစားထိုး၍ မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ စေတမန်များကလည်း အစားထိုး၍ မရနိုင်ပေ။ တန်ခိုးနှင့် သြဇာအာဏာကို အမှန်တကယ် အသုံးပြုသူမှာ ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး ဤအရာကို မည်သည့်လူကမျှ သံသယထားခွင့်မရှိပေ။

၃ သင်သည် ကောင်းကင်တမန်များနှင့် စေတမန်များက ကြီးမားသည့် တန်ခိုးကို ပိုင်ဆိုင်ပြီး နိမိတ်လက္ခဏာများကို ပြုဖူးသည်ကို သို့မဟုတ် ဘုရားသခင် တာဝန်ပေးစေခိုင်းသည့် အရာတစ်ချို့ ၎င်းတို့ လုပ်ဆောင်ဖူးသည်ကို သင်မြင်ဖူးသော်လည်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးပြည့်စုံစေရန်အတွက်မျှ ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာကို ပြသခြင်း လုံးဝ မဟုတ်ပေ- အကြောင်းမှာ မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုမျှ အရာအားလုံးကို ဖန်ဆင်းပြီး အရာအားလုံးကိုအုပ်စိုးရန် ဖန်ဆင်းရှင်၏ သြဇာအာဏာ မရှိသည့်အတွက် သို့မဟုတ် မပိုင်ဆိုင်သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုကမျှ ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသုံးမပြုနိုင်ပေ သို့မဟုတ် ဖော်ထုတ်ပြသခြင်း မပြုနိုင်ပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၀၈ ဘုရားသခင်၏အာဏာ အရပ်ရပ်၌ ရှိ၏

နောက်တစ်ခုသို့- ၉၁၀ သေလူကို ပြန်ရှင်စေနိုင်သော ဘုရား၏သြဇာအာဏာကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။