အရာအားလုံးကို စီမံရာ၌ ဘုရားသခင်၏ အံ့သြဖွယ်လုပ်ဆောင်ချက်ကျူး
၁ ရာစုနှစ်များကြာသည့်တိုင် စမ်းချောင်းလေးသည် တောင်ခြေ တစ်ဝိုက်တွင် ညင်သာစွာ စီးဆင်းနေသည်။ တောင်ကြီး၏ လမ်းပြမှုနောက် လိုက်ရင်း စမ်းချောင်းလေးသည် သူ့အိမ်ကို ပြန်နိုင်ခဲ့သည်၊ မြစ်နှင့် ပူးပေါင်းပြီး ပင်လယ်ထဲကို စီးဝင်ခဲ့သည်။ တောင်ကြီး၏ ဂရုစိုက်မှုအောက်တွင် စမ်းချောင်းသည် ဘယ်သောအခါမှ ပျောက်ကွယ်မသွားခဲ့ပါ။ စမ်းချောင်းလေးနှင့် တောင်ကြီးတို့သည် တစ်ယောက်ကို တစ်ယောက် အားထားကြသည်၊ သူတို့သည် တစ်ယောက်ကို တစ်ယောက် သည်းခံချုပ်ထိန်းခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် အမှီသဟဲပြုကြသည်။
၂ ရာစုနှစ်များကြာသည့်တိုင် တောင်ကြီးကို အော်ဟစ် တောင်းဆိုတတ်သည့် လေကြမ်းကြီး၏ အကျင့်များကတော့ ပြောင်းလဲ မသွားပါ။ လေသည် သဲမှုန်များကို ဝေ့ဝဲသယ်ဆောင် တိုက်ခတ်လာပြီး ယခင် ကကဲ့သို့ တောင်ကြီးဆီ ""ရောက်လာခဲ့"" ပြန်သည်။ သူသည် တောင်ကြီးကို ခြိမ်းခြောက်သော်လည်း တောင်၏အလယ်ကို ဘယ်သောအခါမှ ဖောက်မထွက်ခဲ့ပါ။ လေကြမ်းကြီးနှင့် တောင်ကြီးတို့သည် တစ်ယောက်ကို တစ်ယောက် အားထားကြသည်၊ သူတို့သည် တစ်ယောက်ကို တစ်ယောက် သည်းခံချုပ်ထိန်းကြပြီး တစ်ယောက်ကို တစ်ယောက် အမှီသဟဲပြုကြသည်။
၃ ရာစုနှစ်များ ကြာသည့်တိုင် ဧရာမ လှိုင်းလုံးကြီးကလည်း ငြိမ်မနေပါ၊ သူ့၏ ချဲ့ထွင်မှုသည် ရပ်တန့်မသွားပါ။ အသံကုန်ဟစ်ပြီး တောင်ကြီးဆီ ထပ်တလဲလဲ ပြေးပြေးရိုက်သော်လည်း တောင်ကြီး သည် တစ်လက်မလောက်ပင် ရွေ့မသွားပါ။ တောင်ကြီးက ပင်လယ်ကို အပေါ်မှ စောင့်ကြည့်နေသည်၊ ဤလိုနှင့် ပင်လယ်ထဲက သတ္တဝါများသည် အချင်းချင်း မျိုးပွားကြပြီး အဆမတန် များပြားလာကြသည်။ ဧရာမ လှိုင်းလုံးကြီးနှင့် တောင်ကြီးတို့သည် တစ်ယောက်ကို တစ်ယောက် အားထားကြသည်၊ သူတို့သည် တစ်ယောက်ကို တစ်ယောက် သည်းခံချုပ်ထိန်းကြနောက် တစ်ယောက်ကို တစ်ယောက် အမှီသဟဲပြုကြသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။