ဘုရား၏အနှစ်သာရသည် သန့်ရှင်း၏ကျူး
၁ ဘုရားသခင်ထံ၌ မည်သည့်လှည့်စားမှု၊ မည်သည့် မမှန်ကန်မှုမျှ မရှိချေ။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူကာ၊ စစ်မှန်၏။ ဤသည်မှာ လူသားအနေဖြင့် ဘုရားသခင်ထံ၌ စာတန်၏ အကျင့်ပျက်စိတ်သဘောထားမျိုးကို တစ်စွန်းတစ်စမျှ မမြင်ရသောကြောင့် ဖြစ်လေသည်။ ငါတို့သည် ဘုရားသခင်ထံ၌ စာတန်၏ ဆိုးယုတ်မှုအား ထုတ်ဖော်ပြသည်ကို မမြင်ရပေ။ ဘုရားသခင် လုပ်ဆောင်သော အရာအားလုံးနှင့် ထုတ်ဖော်ပြသည်များအားလုံးသည် လူသားအတွက် လုံးလုံး အကျိုးပြုကာ အသုံးကျသည်များဖြစ်၏၊ လူသားအတွက် ထောက်ပံ့ပေးရန် ပြုလုပ်သည်များဖြစ်၏၊ ယင်းအရာအားလုံးသည် အသက်တာဖြင့် ပြည့်ဝကာ၊ လူသားအတွက် လိုက်လျှောက်ရန် လမ်းတစ်ခုနှင့် ဦးတည်ချက်တစ်ခုကိုလည်း ပေး၏။ ဘုရားသခင်ထံတွင် လူသားမျိုးနွယ်၏ ပျက်စီးခြင်းမျိုး မရှိသကဲ့သို့၊ လူသားမျိုးနွယ်၏ အကျင့်ပျက်စိတ်သဘောထား သို့မဟုတ် စာတန်၏အနှစ်သာရနှင့် ဆင်တူသောအရာ၊ တစ်ထပ်တည်းကျ သောအရာဟူသည်လည်းမရှိသောကြောင့်၊ ဤရှုထောင့်ဖြင့် ဘုရားသခင်သည် သန့်ရှင်းသည်ဟု ဆိုနိုင်သည်။
၂ ဘုရားသခင်သည် မည်သည့်အကျင့်ပျက်ခြင်းကိုမျှ ထုတ်ဖော်မပြသကဲ့သို့၊ သူ၏အမှုတော်၌ သူ၏ကိုယ်ပိုင်အနှစ်သာရကို ထုတ်ဖော်ခြင်းသည်ကား ဘုရားသခင်ကိုယ်တော်တိုင်သည် သန့်ရှင်း၏ ဆိုသည်ကို အတည်ပြုခြင်းပင်ဖြစ်သည်။ ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရကို သိရန်အတွက် လောလောဆယ်၌ ဤလက္ခဏာနှစ်ရပ်ကို ကြည့်ကြပါစို့- ဘုရားသခင်ထံ၌ အကျင့်ပျက်သော စိတ်သဘောထားမရှိ လူသားအပေါ် ပြုသော ဘုရားသခင် အမှုတော်၏ အနှစ်သာရသည် လူသားအား ဘုရားသခင်၏ကိုယ်ပိုင်အနှစ်သာရကို မြင်စေပြီး၊ ဤအနှစ်သာရသည် လုံးဝ အပြုသဘောဆောင်၏။ ဘုရားသခင် အမှုတော်၏ပုံစံအသီးသီးမှ လူသားထံ သယ်ဆောင်ပေးသော အကြောင်းအရာတို့သည်လည်း အပြုသဘောဆောင်ကြသည်သာဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။