၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော အမှုနှင့် သက်ဆိုင်သည့် သိနားလည်မှုအချို့ ရှိကြသော်လည်း၊ ဤနားလည်မှု၏ အများစုမှာ စာမျက်နှာတစ်ခုပေါ်မှ စကားလုံးများကို ဖတ်ကြည့်ခြင်း သို့မဟုတ် ယင်းတို့ကို အခြေခံသဘောတရားအရ နားလည်ခြင်း သို့မဟုတ် ယင်းတို့ကို စဉ်းစားကြည့်ခြင်းတို့ထက် မပိုချေ။ လူတို့ အချို့တဲ့ဆုံးသောအရာမှာ အတွေ့အကြုံစစ်စစ်မှလာသည့် စစ်မှန်သော သိနားလည်ခြင်းနှင့် ထိုးထွင်းသိမြင်မှု ဖြစ်သည်။ ဘုရားသခင်သည် လူတို့၏နှလုံးသားတို့ကို နိုးထစေရန် အတွက် အမျိုးမျိုးသော နည်းလမ်းတို့ကို အသုံးပြုသော်ငြား၊ ဤအရာ မဖြစ်မြောက်နိုင်မီ လျှောက်လှမ်းရမည့် ခရီးရှည်တစ်ခု ရှိနေဆဲဖြစ်သည်။

၂ ဘုရားသခင်သည် ၎င်းတို့အား အေးစက်စက်ဖြင့် ချန်လှပ်ထားပြီ ဖြစ်သည့်အလား၊ ဘုရားသခင်သည် ၎င်းတို့အား စွန့်ပစ်ထားပြီ သို့မဟုတ် ကျောခိုင်းသွားပြီဖြစ်သည့်အလား တစ်ဦးတစ်ယောက် ခံစားနေသည်ကို ငါမမြင်ချင်ပေ။ ငါမြင်ချင်သမျှမှာ အယောက်တိုင်းသည် သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်ကို နားလည်ရန် ကြိုးပမ်းခြင်း လမ်းထက်တွင် ဒွိဟများ၊ ဝန်ထုပ်ဝန်ပိုးများ မရှိဘဲ၊ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှုဖြင့် ရဲဝံ့စွာ ရှေ့သို့ချီခြင်း ဖြစ်သည်။ သင်သည် မည်သို့သော အမှားများကို ကျူးလွန်ပြီးသည်ဖြစ်စေ၊ မည်မျှ လမ်းလွဲပြီးသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ ဆိုးရွားစွာ ဖောက်ဖျက်ထားသည်ဖြစ်စေ၊ ဘုရားသခင်ကို သိနားလည်ခြင်းအား သင်၏လိုက်စား ရှာဖွေမှုတွင် ဤအရာများကို သင်နှင့်အတူ သယ်ဆောင်သွားရမည့် ဝန်ထုပ်ဝန်ပိုးများ သို့မဟုတ် အပို ဝန်စည်စလယ်များ ဖြစ်မလာစေနှင့်။ ရှေ့သို့သာ ဆက်၍ ချီတက်လော့။ ဘုရားသခင်သည် လူ၏ ကယ်တင်ခြင်းကို သူ၏ စိတ်နှလုံးထဲတွင် အမြဲ ထိန်းသိမ်းထား၏။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရတွင် အဖိုးတန်ဆုံး အစိတ်အပိုင်းဖြစ်၏။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၉၈ လူတို့သည် မိမိတို့၏ အမှားများမှ ဝေးရာသို့လှည့်သွား သည့်အခါ ဘုရားသခင်သည် နှစ်သိမ့်ခြင်းခံစားရသည်

နောက်တစ်ခုသို့- ၉၀၀ ဘုရားသခင်သည် လူသားကို အဆုံးစွန်သော အတိုင်းအဆထိ ကယ်တင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။