လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏သနားခြင်းကရုဏာ မည်သည့်အခါမျှ ရပ်တန့်ခဲ့ခြင်း မရှိပေ
၁
“ဖန်ဆင်းရှင်၏ သနားခြင်းကရုဏာတော်” ဟူသည်မှာ
အချည်းနှီးသောစကားရပ်တစ်ခု မဟုတ်သကဲ့သို့ အနှစ်သာရမရှိသော ကတိတစ်ခုလည်း မဟုတ်ပေ။
၎င်း၌ အခြေခံသဘောတရားများနှင့် ရည်ရွယ်ချက်များရှိ၏၊
ဟန်ဆောင်မှု မပါဘဲ စစ်မှန်ပြီး အမှန်တကယ်ဖြစ်၏။
လူသားမျိုးနွယ်အပေါ် ပေးအပ်ခဲ့သော သူ၏သနားခြင်းကရုဏာမှာ ခေတ်ကာလတစ်လျှောက် အဆုံးမရှိပေ။
သို့သော်လည်း ယောနနှင့်အတူရှိသော ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များမှာ
သူသည် အဘယ်ကြောင့် သနားခြင်းကရုဏာနှင့် ပြည့်စုံကြောင်းနှင့်
သနားခြင်းကရုဏာကို သူ မည်သို့ ပြကြောင်း၊
လူသားတို့အပေါ် သူ အဘယ်မျှ သည်းခံတော်မူကြောင်းနှင့်
၎င်းတို့အတွက် သူ၏စစ်မှန်သောခံစားချက်များအပေါ် သူ၏ မူပိုင် ထွက်ဆိုချက်အဖြစ် ဆက်လက်တည်ရှိနေ၏။
လူသားအပေါ် ဘုရားသခင်၏ အမျက်တော် မကြာခဏ ကျရောက်သော်လည်း သူ၏သနားခြင်းကရုဏာ ဘယ်သောအခါမျှ မရပ်တန့်ပေ။
သနားခြင်းကရုဏာဖြင့်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်၊ ခေတ်တစ်ခေတ်ပြီးနောက်တစ်ခေတ်
ကိုယ်တော်သည် လူသားကို ဦးဆောင်လမ်းပြခြင်း၊ ထောက်ပံ့ခြင်း၊ ကျွေးမွေးခြင်းတို့ပြု၏။
လူသားအပေါ် သူ၏ချစ်ခြင်းမေတ္တာ ဘယ်သောအခါမျှ မပြောင်းလဲပေ၊ သူ၏ချစ်ခြင်းမေတ္တာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ပေ။

၂
ယေဟောဝါဘုရားသခင်၏ ပြောစကားမှ
လူသားတို့အပေါ် သူ၏ပြည့်စုံသော အတွေးများကို ပြသနေ၏၊
သူ၏စိတ်နှလုံးအကြောင်း ဖော်ပြချက်တစ်ခုနှင့်
လူသားအတွက် သနားခြင်းကရုဏာ ကြွယ်ဝကြောင်း သက်သေပင် ဖြစ်၏၊
အသက်ကြီးသူများအပေါ်သာ ပေးအပ်ခြင်း မဟုတ်ဘဲ ငယ်ရွယ်သူများကိုလည်း ခွင့်ပြုတော်မူ၏၊
၎င်းမှာ ဤကဲ့သို့ ဖြစ်ခဲ့၍ မျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက် ဤကဲ့သို့ ဖြစ်ဦးမည် ဖြစ်၏။
လူသားအပေါ် ဘုရားသခင်၏ အမျက်တော် မကြာခဏ ကျရောက်သော်လည်း သူ၏သနားခြင်းကရုဏာ ဘယ်သောအခါမျှ မရပ်တန့်ပေ။
သနားခြင်းကရုဏာဖြင့်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်၊ ခေတ်တစ်ခေတ်ပြီးနောက်တစ်ခေတ်
ကိုယ်တော်သည် လူသားကို ဦးဆောင်လမ်းပြခြင်း၊ ထောက်ပံ့ခြင်း၊ ကျွေးမွေးခြင်းတို့ပြု၏။
လူသားအပေါ် သူ၏ချစ်ခြင်းမေတ္တာ ဘယ်သောအခါမျှ မပြောင်းလဲပေ၊ သူ၏ချစ်ခြင်းမေတ္တာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ပေ။
လူသားအပေါ် ဘုရားသခင်၏ အမျက်တော် မကြာခဏ ကျရောက်သော်လည်း သူ၏သနားခြင်းကရုဏာ ဘယ်သောအခါမျှ မရပ်တန့်ပေ။
သနားခြင်းကရုဏာဖြင့်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်၊ ခေတ်တစ်ခေတ်ပြီးနောက်တစ်ခေတ်
ကိုယ်တော်သည် လူသားကို ဦးဆောင်လမ်းပြခြင်း၊ ထောက်ပံ့ခြင်း၊ ကျွေးမွေးခြင်းတို့ပြု၏။
လူသားအပေါ် သူ၏ချစ်ခြင်းမေတ္တာ ဘယ်သောအခါမျှ မပြောင်းလဲပေ၊ သူ၏ချစ်ခြင်းမေတ္တာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ပေ။
လူသားအပေါ် သူ၏ချစ်ခြင်းမေတ္တာ ဘယ်သောအခါမျှ မပြောင်းလဲပေ၊ သူ၏ချစ်ခြင်းမေတ္တာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။