စကြာဝဠာထံသို့ ဘုရားသခင်၏ ပွင့်လင်းမြင်သာသော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ
၁
လောကကြီး၏ လူများနှင့် တိုင်းနိုင်ငံများအားလုံးသည် ငါ၏ပလ္လင်ရှေ့မှောက်သို့ လှည့်ပြန်လာသောအခါ၊
ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်းပေးမည်၊
ထိုသို့အားဖြင့် ငါ၏ကျေးဇူးကြောင့်လျှင်၊ လူ့လောကသည် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေလိမ့်မည်။
ကောင်းကင်မှ ကြယ်များအားလုံး၊ နေနှင့် လတို့
ဘုရားသခင်သည် ၎င်းတို့အား အသစ်ပြုလုပ် တော်မူမည်၊ အသစ်ပြုလုပ်တော်မူမည်။
မိုးကောင်းကင်များ သည် တစ်ချိန်က ၎င်းတို့ ရှိခဲ့သကဲ့သို့ ဖြစ်လိမ့်မည်မဟုတ်တော့ …
မြေကြီးပေါ်မှ အရာအားလုံးသည် အသစ် ဖြစ်မည်။
အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားဖြင့် စုံလင်လာမည်။
ဘုရားသခင်သည် ၎င်းတို့အား သူ၏ နှုတ်ကပတ်တော်ဖြင့် အသစ်ပြုလုပ်မည်။
၂
ကမ္ဘာဟောင်း ဆက်လက် တည်ရှိနေသမျှ ကာလပတ်လုံး
ဘုရားသခင်သည် တိုင်းနိုင်ငံများအပေါ် သူ၏ အမျက်ဒေါသကို ကျရောက်စေမည်။
ပြီးလျှင် စကြဝဠာကို သူ၏ အုပ်စိုးမှု အမိန့်ပြန်တမ်းများကို သိရှိစေမည်။
ပြီးနောက် ၎င်းတို့ကို ချိုးဖောက်သည့် မည်သူ့ကိုမဆို ပြစ်တင်ဆုံးမခြင်း ယူဆောင် လာမည်။
ကောင်းကင်မှ ကြယ်များအားလုံး၊ နေနှင့် လတို့
ဘုရားသခင်သည် ၎င်းတို့အား အသစ်ပြုလုပ် တော်မူမည်၊ အသစ်ပြုလုပ်တော်မူမည်။
မိုးကောင်းကင်များ သည် တစ်ချိန်က ၎င်းတို့ ရှိခဲ့သကဲ့သို့ ဖြစ်လိမ့်မည်မဟုတ်တော့ …
မြေကြီးပေါ်မှ အရာအားလုံးသည် အသစ် ဖြစ်မည်။
အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားဖြင့် စုံလင်လာမည်။
ဘုရားသခင်သည် ၎င်းတို့အား သူ၏ နှုတ်ကပတ်တော်ဖြင့် အသစ်ပြုလုပ်မည်။
၃
ဘုရားသခင်သည် မိန့်ဆိုရန် စကြာဝဠာသို့ မျက်နှာမူရာတွင်
အရာအားလုံးသည် သူ၏ အသံတော်နှင့် လုပ်ဆောင်ချက်များကို စကြာဝဠာအနှံ့ ကြားရ မြင်ရသည်။
ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်သူများ သို့မဟုတ် ၎င်းတို့၏ လုပ်ရပ်များဖြင့် သူ့ကို အတိုက်အခံပြုသူများသည်
သူ၏ ပြစ်တင်ဆုံးမခြင်းအောက်တွင် ကျဆုံး ကြ လိမ့်မည်။
စကြာဝဠာတွင်းမှ တိုင်းနိုင်ငံများသည် ပြန်လည် ပိုင်းခြားခြင်းကို ခံရမည်။
ဘုရားသခင်၏ တိုင်းနိုင်ငံသည် ၎င်းတို့အစား တည်ရှိကြလိမ့်မည်။
လောကီတိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားကြလိမ့် မည်။
၎င်းတို့သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ် သည့် နိုင်ငံတော်တစ်ခု ဖြစ်လာမည်။
မြေကြီးပေါ်မှ တိုင်းနိုင်ငံများသည် ဖျက်ဆီးခြင်း ကို ခံရမည်ဖြစ်ပြီးလျှင် ၊ နောက်တစ်ဖန် တည်ရှိတော့မည် မဟုတ်ပါ။
စကြာဝဠာတွင်းမှ လူသားများမှာမူ
နတ်ဆိုးနှင့် သက်ဆိုင်သူများသည် ပျက်စီး ဆုံးရှုံးမှုကို ရင်ဆိုင်ရမည်။
စာတန်ကို ဝတ်ပြုကိုးကွယ်သူတို့သည် ဘုရားသခင် ၏ မီးတောက်တွင်းသို့ ကျရောက်မည်။
ယခု ဤရေစီးကြောင်းထဲ ရှိသူများမှ အပ အားလုံးသောသူများသည် ပြာဖြစ်သွား မည်။
ကောင်းကင်ဘုံမှ ကြယ်များအားလုံး၊ နေနှင့် လတို့
ဘုရားသခင်သည် ၎င်းတို့အား အသစ်ပြုလုပ် တော်မူမည်၊ အသစ်ပြုလုပ်တော်မူမည်။
မိုးကောင်းကင်များသည် တစ်ချိန်က ၎င်းတို့ ရှိခဲ့ သကဲ့သို့ ဖြစ်လိမ့်မည်မဟုတ်တော့ပါ
မြေကြီးပေါ်မှ အရာအားလုံးသည်လည်း အသစ် ဖြစ်မည်။
အရာအားလုံးသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်လာမည်။
ဘုရားသခင်သည် ၎င်းတို့အား သူ၏ နှုတ်ကပတ်တော်ဖြင့် အသစ်ပြုလုပ်မည်။
၄
ဘုရားသခင်သည် လူများအားလုံးကို အနည်းနှင့် အများ ပြစ်တင်ဆုံးမရာတွင်
ဘာသာရေးလောကသည် ဘုရားသခင်၏ နိုင်ငံတော်အဖြစ် ပြန်လည်ပြောင်းလဲမည်။
၎င်းတို့သည် ကိုယ်တော်၏ လုပ်ဆောင်ချက်များ အားဖြင့် သိမ်းပိုက််ခြင်း ခံရမည်။
“ဖြူသောမိုးတိမ်ပေါ်မှ သန့်ရှင်းတော်မူသောသူ”ကို ၎င်းတို့တွေ့မြင်ဖူးသည့်အတွက် ဖြစ်ပေ
လူသားမျိုးနွယ်တစ်ရပ်လုံးသည် ၎င်းတို့အမျိုးအစားနောက် လိုက်ကြမည်
ပြီးလျှင် ၎င်းတို့ ပြုခဲ့သည့်အရာအားဖြင့် ပြစ်တင်ဆုံးမခံရမည်။
ဘုရားသခင်ကို အာခံသူများအားလုံး ပျက်ဆီးဆုံးရှုံးရလိမ့်မည်။ ဘုရားသခင်ကို အာခံသူများအားလုံး ပျက်ဆီးဆုံးရှုံးရလိမ့်မည်။
ကိုယ်တော်နှင့် လုံးလုံးမျှ မသက်ဆိုင်သည့် လုပ်ဆောင်ချက် ပြုသူများ
၎င်းတို့၏ အပြုအမူများကျေးဇူးကြောင့် အသက် ဆက်ရှင်ကြရမည်။
၎င်းတို့သည် ဘုရားသခင်၏ လူများနှင့် ကိုယ်တော်၏ သားများ မှ အုပ်စိုးခြင်းကို ခံရမည်။
ဘုရားသခင်သည် တိုင်းနိုင်ငံများအားလုံး နှင့် လူများအားလုံးအား သူ့ကိုယ်သူ ထုတ်ဖော် ပြလိမ့် မည်။
ပြီးနောက် မြေကြီးပေါ်တွင် သူ့ကိုယ်ပိုင် အသံတော်သည် သူ၏ဖော်ပြခြင်းဖြစ်မည်။
သူ၏ ကြီးမြတ်သည့်အမှုတော် စုံလင် ကြောင်းကို ဘုရားသခင် ကြေငြာတော်မူမည်။
ထို့ကြောင့် ၎င်းတို့၏ ကိုယ်ပိုင်မျက်လုံးများဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံးသည် သူ၏ ကြီးမြတ် သည့် အမှုတော်ကို တွေ့မြင်နိုင်မည်။
ကောင်းကင်ဘုံမှ ကြယ်များအားလုံး၊ နေနှင့် လတို့
ဘုရားသခင်သည် ၎င်းတို့အား အသစ်ပြုလုပ် တော်မူမည်၊ အသစ်ပြုလုပ်တော်မူမည်။
မိုးကောင်းကင်များ သည် တစ်ချိန်က ၎င်းတို့ရှိခဲ့သကဲ့သို့ ဖြစ်လိမ့်မည်မဟုတ်တော့ပါ..
မြေကြီးပေါ်မှ အရာအားလုံးသည်လည်း အသစ် ဖြစ်မည်။
အရာအားလုံးသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်လာမည်။
ဘုရားသခင်သည် ၎င်းတို့အား သူ၏ နှုတ်ကပတ်တော်ဖြင့် အသစ်ပြုလုပ်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။