၉၆၁ ဘုရားသခင်၏ လူသားကို အပြစ်ပေးမည့် နေ့ရက် နီးကပ်နေပြီ
နေ့ရက် နီးကပ်နေပြီ
၁ လူအများအပြားသည် ဆိုးရွားလွန်းသော အမှားများကို ကျူးလွန်မိခဲ့၍ ဂနာမငြိမ်ဖြစ်ပြီး စိတ်ကသိကအောက် ဖြစ်ကြသည်။ ထို့အပြင် အများအပြားသည် ကောင်းမှုတစ်ခုမျှ မပြုခဲ့ဖူးသဖြင့် သူတို့ကိုယ်သူတို့ ရှက်ကြ၏။ သို့သော် ၎င်းတို့၏အပြစ်များကြောင့် သိက္ခာကျသည်ဟု ခံစားရန် ဝေးစွ၊ ဆိုးသည်ထက် ပိုဆိုးသွားပြီး အပြည့်အဝ ထုတ်ဖော်မပြရသေးသည့် သူတို့၏ အကျည်းတန် ရုပ်အင်္ဂါရပ်များကို ဖုံးထားသည့် မျက်နှာဖုံးအား လုံးဝချွတ်ကာ ငါ၏စိတ်သဘောကို စမ်းလိုသူများလည်း အများအပြား ရှိပေသည်။ ငါသည် မည်သူ တစ်စုံတစ်ယောက်၏ လုပ်ဆောင်ချက်များကိုမှ ဂရုမပြုသလို အရေးလည်းမစိုက်ပေ။ ထိုသို့ ပြုမည့်အစား ငါသည် သတင်းအချက်အလက် စုဆောင်းခြင်းဖြစ်စေ၊ မြေကြီးပေါ် လှည့်ပတ်သွားလာခြင်းဖြစ်စေ၊ ငါ စိတ်ဝင်စားရာတို့အနက် တစ်စုံတစ်ရာကို လုပ်သည် ဖြစ်စေ ငါလုပ်သင့်သည့်အလုပ်ကို လုပ်သည်။ အဓိကကျသည့် အချိန်များတွင် ငါသည် မူလက ကြံရွယ်ထားသည့်အတိုင်း တစ်စက္ကန့်မျှ နောက်ကျလွန်းခြင်း၊ စောလွန်းခြင်း မရှိဘဲ၊ ငါ၏အမှုကို လူသားများအကြားတွင် သက်သောင့်သက်သာ ရှိစွာနှင့် အလျင်အမြန် ထိရောက်စွာ ရှေ့ဆက်ဆောင်ရွက်သည်။
၂ သို့ရာတွင် လူအချို့၏ မြှောက်ပင့်ခြင်း နည်းလမ်းများနှင့် ဟန်ဆောင်၍ ခယဝယလုပ်ခြင်းများကို ငါစက်ဆုပ်သည့်အတွက် ငါ့အမှု၏ အဆင့်တိုင်း၌ ထိုသူများကို ဘေးသို့ဖယ်ရှားသည်။ ငါစက်ဆုပ်ရွံရှာသူများသည် တမင်ရည်ရွယ်၍ ဖြစ်စေ၊ မတော်တဆဖြစ်စေ သေချာပေါက် စွန့်ပစ်ခံရလိမ့်မည်။ တိုတိုပြောရလျှင် ငါစက်ဆုပ်ရွံရှာသူ ခပ်သိမ်းကို ငါနှင့်ဝေးရာတွင် ရှိနေစေချင်သည်။ ငါ၏အိမ်တော်တွင် ကျန်ရှိနေသည့် ကောက်ကျစ် စဉ်းလဲသူများကို ငါချမ်းသာပေးလိမ့်မည် မဟုတ်သည်မှာ ပြောစရာမလိုပေ။ လူသားအပြစ်ဒဏ်ပေးခြင်းခံရမည့် နေ့သည် နီးကပ်ပြီဖြစ်၍ စက်ဆုပ်ဖွယ်သော ဤဝိညာဉ်များအားလုံးကို ငါ့အိမ်တော်မှ အတင်းမောင်း ထုတ်ရန် ငါအလျင်မလိုပေ၊ အကြောင်းမှာ ငါ့တွင် ငါ့ကိုယ်ပိုင် အစီအစဉ်ရှိ၍ ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်