၈၅၀ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှစ်လိုဖွယ်ကောင်းခြင်း
အတွဲအဖက်- “အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။” ဤအဖြစ်အပျက်တွင် အာဒံနှင့်ဧဝတို့နှင့် အတူရှိချိန်တွင် ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍမျိုး ဆောင်ရွက်သည်ကို ငါတို့ တွေ့ရသနည်း။ လူသားနှစ်ဦးတည်းနှင့်အတူ ဤလောကတွင် ဘုရားသခင်သည် မည်သည့် နည်းလမ်းဖြင့် မိမိကိုယ်ကိုယ် ထင်ရှားစေပါသနည်း။ (မိဘတစ်ဦး၏ အခန်းကဏ္ဍဖြင့် ဖြစ်ပါသည်။) ဤတွင် ဘုရားသခင်သည် အာဒံနှင့်ဧဝ၏ မိဘအနေနှင့် ပေါ်ထွန်းသည်။
၁ ဘုရားသခင်သည် ဤလူနှစ်ဦးကို ဖန်ဆင်းခဲ့ပြီး သူ၏အပေါင်းအဖော်များ အဖြစ် ဆက်ဆံခဲ့သည်။ ၎င်းတို့၏ တစ်ခုတည်းသော မိသားစုအနေနှင့် ဘုရားသခင်သည် ၎င်းတို့၏ ဘဝများကို စောင့်ရှောက်ခဲ့ပြီး ၎င်းတို့၏ အစားအစာ၊ အဝတ်အစားနှင့် အမိုးအကာ လိုအပ်ချက်များကို ဂရုစိုက်ပေးခဲ့သည်။ ဤတွင် ဘုရားသခင်သည် အာဒံနှင့်ဧဝ၏ မိဘအနေနှင့် ပေါ်ထွန်းသည်။ ဤအရာကို ဘုရားသခင် လုပ်ဆောင် နေစဉ်တွင်၊ ဘုရားသခင် မည်မျှမြင့်မြတ်သည်ကို လူသားက မမြင်ပေ။ ဘုရားသခင်၏ ကြီးမြတ်သည့်သာလွန်မှု၊ သူ၏နက်နဲမှုနှင့် အထူးသဖြင့် သူ၏အမျက်ဒေါသ သို့မဟုတ် ဘုန်းအာနုဘော်တို့ကို မမြင်ပေ။ သူမြင်သမျှမှာ ဘုရားသခင်၏ နှိမ့်ချမှု၊ သူ၏ချစ်ခင်မှု၊ လူသားအတွက် သူ၏ပူပန်မှုနှင့် လူသားအတွက် သူ၏တာဝန်ရှိခြင်းနှင့် ဂရုစိုက်မှုတို့ ဖြစ်သည်။
၂ အာဒံနှင့် ဧဝတို့ကို ဘုရားသခင် ဆက်ဆံခဲ့သည့် သဘောထားနှင့် နည်းလမ်းသည် မိဘများက ၎င်းတို့သားသမီးအတွက် ပူပန်မှုကို ပြသပုံနှင့် ဆင်တူသည်။ ယင်းသည် မိဘများသည် မိမိတို့၏ကိုယ်ပိုင် သားသမီးများကို ချစ်သည့်နည်းလမ်း၊ ကြည့်ရှုစောင့်ရှောက်ကာ ဂရုစိုက်သည့် နည်းလမ်းနှင့်လည်း ဆင်တူသည်- စစ်မှန်သည်၊ ထင်သာမြင်သာရှိကာ လက်ဆုပ်လက်ကိုင်ပြ၍ရနိုင်၏။ မိမိကိုယ်ကိုယ် မြင့်မားပြီး တန်ခိုးကြီးမားသည့် နေရာတစ်ခုတွင် ချီးမြှောက်မည့်အစား၊ ဘုရားသခင်သည် လူသားအတွက် အဝတ်အစားပြုလုပ်ရန် သားရေကို ကိုယ်တိုင်ကိုယ်ကျ အသုံးပြုခဲ့သည်။ ဤသည်မှာ အသေးအဖွဲ အရာတစ်ခုကဲ့သို့ ထင်ရသော်လည်း- အချို့က ဖော်ပြန်ရန်ပင် မထိုက်တန်ဟု ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း- ဤအရာက ဘုရားသခင်နှင့် ပတ်သက်၍ မရေရာသည့် ယူဆချက်များနှင့် ပတ်ချာဝိုင်းခံရသည့် ဘုရားသခင်၏ မည်သည့် နောက်လိုက်ကိုမဆို သူ၏ စစ်မှန်မှုနှင့် ချစ်ခင်ဖွယ်ကောင်းခြင်းထဲသို့ ထိုးထွင်းသိမြင်မှုတစ်ခု ရရှိခွင့်ပေးပြီး၊ သူ၏ သစ္စာရှိခြင်းနှင့် နှိမ့်ချမှုတို့ကို မြင်တွေ့ခွင့် ပေးလေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်