ဘုရား၏ဖြောင့်မြတ်သော စိတ်သဘောထားသည် စစ်မှန်ပြီး ထင်ရှား၏ကျူး
၁ ဘုရားသခင်၏ စိတ်သဘောထားသည် စစ်မှန်ပြီး ထင်ရှားပါသည်။ အကြောင်းအရာများ ပြောင်းလဲဖြစ်ပေါ်ခြင်းအပေါ်မူတည်ပြီး သူ၏အတွေးများနှင့် သဘောထားများကို ပြောင်းလဲပါသည်။ နိနေဝေမြို့သားတို့အပေါ် သူ၏သဘောထား ပြောင်းလဲခြင်းက သူသည် သူ့ကိုယ်ပိုင်အတွေးနှင့် စိတ်ကူးများရှိကြောင်းကို လူသားမျိုးနွယ်ကိုပြပါသည်။ သူက စက်ရုပ် သို့မဟုတ် မြေရုပ်တုလည်း မဟုတ်ဘဲ အသက်ရှင်သည့် ဘုရားသခင်ကိုယ်တိုင်ဖြစ်ပါသည်။ နိနေဝေမြို့သားတို့ကို သူတို့၏ သဘောထားများအရ သူတို့၏ အတိတ်များကို ခွင့်လွှတ်နိုင်သကဲ့သို့ သူတို့ကို သူ စိတ်ဆိုးနိုင်ပါသည်။ နိနေဝေမြို့သားတို့အပေါ် ကံဆိုးခြင်းများ သယ်ဆောင်လာဖို့ သူဆုံးဖြတ်နိုင်ပြီး သူတို့၏ နောင်တကြောင့် သူ၏ဆုံးဖြတ်ချက်ကို သူပြောင်းလဲနိုင်ပါသည်။
၂ အမှန်စင်စစ်မှာမူ ဘုရားသခင်၏ အတွေးများသည် အကြောင်းအရာများနှင့် ပတ်ဝန်းကျင်များထဲက ပြောင်းလဲမှုများနှင့်အညီ အစဉ်တစိုက် ပြောင်းလဲနေပါသည်။ ဤအတွေးများက ပြောင်းလဲနေစဉ်မှာ ဘုရားသခင်၏ အနှစ်သာရ၏ မတူညီသည့် လက္ခဏာသွင်ပြင်များက ထုတ်ဖော်လာပါလိမ့်မည်။ ဤပြောင်းလဲခြင်းဖြစ်စဉ်အချိန်ကာလအတွင်း ဘုရားသခင်က သူ့နှလုံးသားကို ပြောင်းလဲသည့်အချိန်ခဏမှာ သူသည် လူသားမျိုးနွယ်ကို သူ့အသက်၏ဖြစ်တည်မှု အမှန်တရားကို ထုတ်ဖော်ပြပြီး သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားက စစ်မှန်ပြီး ထင်ရှားသည်ဆိုသည်ကို ထုတ်ဖော်ပြသည်။ ထို့အပြင် သူ၏သည်းခံခြင်းနှင့် သူ၏ ချစ်ခင်ကြင်နာမှု၊ သူ၏ သနားညှာတာမှု၊ သူ့အမျက်ဒေါသ ဖြစ်တည်မှုတို့၏ သမ္မာတရားကို လူသားမျိုးနွယ်ကို သက်သေပြဖို့ သူ၏ ကိုယ်ပိုင် စစ်မှန်သည့် ထုတ်ဖော်ခြင်းများကို ဘုရားသခင်က အသုံးပြုပါသည်။
၃ အကြောင်းအရာများ တိုးတက်ပြောင်းလဲမှုအရ ဘုရားသခင်၏အနှစ်သာရကို ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ထုတ်ဖော်ပြပါလိမ့်မည်။ ခြင်္သေ့၏ အမျက်ဒေါသ၊ မိခင်တစ်ယောက်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို သူပိုင်ဆိုင်ပါသည်။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို မည်သူ့ကိုမှ မေးခွန်းထုတ်ခြင်း၊ ချိုးဖောက်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ပုံစံပျက်အောင်ပြုလုပ်ခြင်းတို့ကို ခွင့်မပြုပေ။ အရာဝတ္ထုများအားလုံးနှင့် အကြောင်းအရာများ အားလုံးထဲမှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဖြစ်သည့် ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ သနားညှာတာမှုသည် အချိန်တိုင်း၊ နေရာတိုင်းမှာ ထုတ်ဖော်ပြနိုင်ပါသည်။ သူသည် ဤသွင်ပြင်လက္ခဏာများကို သဘောသဘာဝ၏ နေရာတိုင်းမှာ ထင်ရှားစွာ ဖော်ပြပြီး အချိန်တိုင်းမှာ ထင်ရှားစွာ ဆောင်ရွက်ပါသည်။
၄ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အချိန် သို့မဟုတ် နေရာနှင့် ကန့်သတ်ထားခြင်း မရှိပေ။ သို့မဟုတ် တစ်နည်းပြောရလျှင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် စက်ယန္တရားဆန်ဆန် ဖော်ပြခြင်း မဟုတ်ပေ၊ သို့မဟုတ် အချိန် သို့မဟုတ် နေရာ၏ အကန့်သတ်နှင့် သတ်မှတ်ထားချက်အရ ထုတ်ဖော်ပြခြင်းမဟုတ်ပါဘဲ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အချိန်တိုင်း နေရာတိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ဖွင့်ပြပါသည်။ ဘုရားသခင်က သူ့နှလုံးသားကိုပြောင်းလဲပြီး သူ၏ အမျက်ဒေါသကို ဖော်ပြခြင်းကို ရပ်တန့်ပြီး နိနေဝေမြို့ကို ဖျက်ဆီးခြင်းကို ရပ်လိုက်ခြင်းကို သင်မြင်သည့်အခါ ဘုရားသခင်က သနားညှာတာခြင်းနှင့် ချစ်ခြင်းသာဖြစ်သည်ဟု သင်ဆိုနိုင်မည်လော။ ဘုရားသခင်၏ အမျက်ဒေါသသည် အနှစ်မရှိသည့် စကားလုံးများသာလျှင် ပါဝင်သည်ဟု သင်ဆိုနိုင်မည်လော။ ဘုရားသခင်က သူ၏ ပြင်းထန်သည့် အမျက်ဒေါသကို ဖော်ပြပြီး သူ၏ သနားညှာတာမှုကို ရုတ်သိမ်းလျှင် လူသားမျိုးနွယ်အပေါ် သူသည်စစ်မှန်စွာမချစ်ဘူးဟု သင်ဆိုနိုင်မည်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။