၂၁၅ မောဘမျိုးနွယ်မှ ဘုရားရှင် ကို ချီးမွမ်းခြင်း
၁
မောဘ သားသမီးများ ဒုက္ခထဲမှာငို
ဝမ်းနည်းမျက်နှာ မျက်ရည်ပြည့်
နှုတ်ကပတ်တော် စစ်ကြောခြင်းက
ကျွန်ုပ်ကို တုန်လှုပ်စေ
ငိုကြွေးခြင်းနှင့်အတူ
ကျွန်ုပ်ဇာတိစိတ် စစ်ကြောခြင်းမီး၌ လောင်ကျွမ်း
မောဘ သားသမီးများ ဒုက္ခထဲမှာငို
ညှာတာမှုကင်း စစ်ကြောခြင်းက ငရဲသို့ ကျွန်ုပ်ကိုစေလွှတ်
နာကျင်၊ ပဲ့ပြင်ဆုံးမခြင်း ကျွန်ုပ်အပေါ် ရောက်လာ
စုံစမ်းခြင်းများထဲမှ ကိုယ်တော့်ကို ကျွန်ုပ်ဟစ်ခေါ်
စိတ်ပျက်ခြင်းထဲနစ်မြုပ်ကာ ကိုယ့်ကိုကိုယ် မုန်းတီးလှ။
အဖြစ်ဆိုးအပေါ်၊ ကိုယ်တော့်ကို ယုံကြည်ပေမဲ့ ကိုယ်တော်နှင့် မသက်ဆိုင်
အပြစ်ရှိမှန်းခံစား၊ နောင်တနဲ့ကိုယ်ကိုကျိန်ဆဲမိ
စုံစမ်းခြင်းမီးပူူက ကျွန်ုပ်စိတ်ကို နှိပ်စက်
၂
ကိုယ်တော်ကိုယုံကြည်ပေမဲ့ ကျေနပ်မှု မပေးနိုင်ဘူး၊ လူလို့ မခေါ်ထိုက်။
ကျွန်ုပ်အသိတရားရှိလျှင် ကိုယ်တော့်အတွက် ထပြီး သက်သေခံသင့်တာ
ကျွန်ုပ်ကို မုန်းတီးလျှင်ပင် မရှက်ကြောက်ဘဲ ကိုယ်တော့်ကို ချစ်လို့နေမယ်
ကျွန်ုပ်သည် မော်ဘ၏သား သားသမီး ဖြစ်ပေမဲ့
ကျွန်ုပ်နှလုံးမှ ချစ်ခြင်း ပြောင်းလဲ မည်မဟုတ်
လူများစွာ အလိုတော်ကို ရှာကြသည်
လူများစွာ ကိုယ်တော့်ကို ချစ်ဖို့ တောင့်တကြ
လူမျာစွာ ကိုယ်တော့်အတွက် သက်သေခံချက်များပြင်ဆင်
လူများစွာ ကိုယ်တော့်မေတ္တာပြန်ဆပ်ဖို့ ကြိုးစားကြ
မောဘ သားသမီးများ ဒုက္ခထဲမှာငို
ကောင်းချီးရရန်ဆန္ဒသည် ဆန္ဒသည်
စစ်ကြောခြင်းထဲ၌ ပျောက်ကွယ်လုနီး
ပဲ့ပြင်ဆုံးမခြင်းဖြင့် ဖောက်ပြန်ခြင်းဖယ်ရှား
နောင်တတရား၌ ဘုရားကိုချစ်ဖို့၊ ကိုယ့်စိတ်ဆုံးဖြတ်သည်
မောဘ သားသမီးများရဲ့ စစ်မှန်သောချီးမွမ်းခြင်း ထွက်ပေါ်
ဘုရားဟာ အလွန်ချစ်စဖွယ်၊ သူ့ကို ကျွန်ုပ်အစဉ်မြဲချစ်နေမည်။