ဘုရား၏အမှုသည် အမှန်ပင်အံ့ဩဖွယ် ဖြစ်၏
၁
တိမ်တိုက်များရစ်ဆိုင်းကာ တောင်များကိုဝန်းရံလျက်ရှိ။
ဘုရားသခင်၊ ကိုယ်တော်၏နှုတ်ကပတ်တော်သည် ထောင်ပေါင်းများစွာ စိတ်အားထက်သန်သောနှလုံးသားများကို လှုံ့ဆော်ပြီး ကိုယ်တော်နှင့်နီးစေသည်။
ကိုယ်တော်သည် သမ္မာတရားကို ဖော်ပြခြင်းဖြင့် ကျွန်ုပ်တို့ကိုလုံးဝသိမ်းပိုက်ပြီ၊ ကျွန်ုပ်တို့ ကိုယ်တော်၏မေတ္တာ၌ မွေ့လျော်ကြ။
ကိုယ်တော်၏နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏ဒုစရိုက်ကို သန့်ရှင်းစေလျက်၊ ကျွန်ုပ်တို့၏ဘဝဖြစ်လာ။
ကိုယ်တော်၏ နှုတ်ကပတ်တော်သည် သမ္မတရားနှင့်အသက်ဖြစ်ပြီး၊ မိုးနှင့်လေကိုတိုး၍ ကျွန်ုပ်တို့ကို ဦးဆောင်။
ဆင်းရဲဒုက္ခနှင့် စုံစမ်းခြင်းများသည် ကိုယ်တော်အတွက် ကျွန်ုပ်တို့နှလုံးသားများ၏ ချစ်ခြင်းကို ခိုင်မာစေသည်။
ကိုယ်တော်၏ချစ်ဖွယ်ကောင်းမှုသည် ကျွန်ုပ်၏ နှလုံးသားထဲတွင်အမြဲရှိ။
၂
သင်္ဘောများ အဖြူရောင်ရွက်များတင်ပြီး လေဟုန်နှင့် အဝေးသို့သွားပြီ၊ ဘုရား၏ လူတို့ မုန်တိုင်းထန်သည့်ရေများကြောင့် ရင့်ကျက်လာသည်။
ဘုရားသည် ခက်ခဲခြင်းများနှင့် ဒုက္ခဆင်းရဲခြင်းများကြား ကျွန်ုပ်တို့ကိုဦးဆောင်ကာ၊ ကြည်နူးဖွယ် အချိန်များ ကျွန်ုပ်တို့၏ နှလုံးသားများ၌ကျန်ရစ်။
ဘုရား၏နှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနှင့် လောင်ကျွမ်းခြင်းများ ကျွန်ုပ်တို့၏ဆိုးယုတ်ခြင်းများကို သန့်ရှင်းစေပြီ။
နိုင်ငံတော်၌လှပသောဘဝ အစပြုပြီ၊ ကျွန်ုပ်တို့ သည် အသစ်ပြုပြင်ခြင်းခံရကာ မြူးတူးတက်ကြွကြ။
ကျွန်ုပ်တို့ လှပသောခါနာန်ပြည်၏ကြွယ်ဝမှုကို ခံစား၊ ကောင်းကင်မှာသကဲ့သို့ ကမ္ဘာမြေပေါ်တွင် ကျွန်ုပ်တို့ အသက်ရှင်ကြ။
ဘုရား၏လူတို့ သူနှင့်ရှိ၊ ဝမ်းမြောက်ပျော်ရွင်ဖွယ်ဖြစ်ပေစွ။ ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်း သည်ထာဝရ။