လူသားကို ကယ်တင်ရန် ဘုရားသခင် ကြီးစွာ ဒုက္ခခံစား
၁
လွန်လေပြီးသောအချိန်က ဘုရားသခင် လူ့လောကသို့ ကြွလာခဲ့၊
လူသားကဲ့သို့ ဆင်းရဲဒုက္ခများကို အတူကြံ့ခံခဲ့၊
နှစ်ပေါင်းများစွာ လူသားတို့နှင့်အတူ သူ နေထိုင်၊
သူရှိနေခြင်းကို ဘယ်သူမှ မသိကြပါ။
သူယူဆောင်လာသည့် အမှုတော်ကို ဆောင်ရွက်ကာ လောကရဲ့ဆင်းရဲဒုက္ခကို တိတ်တဆိတ် သူ ကြံ့ခံ၊
အဖဘုရားရဲ့အလိုတော်နှင့် လူသားရဲ့လိုအပ်ချက်များအတွက်
လူသားတို့ မတွေ့ဘူးသည့် နာကျင်မှုကို သူ ခံစား၊
လူတို့ကို တိတ်ဆိတ်စွာ အစေခံကာ သူ ကျိုးနွံ၊
အဖဘုရားရဲ့အလိုတော်နှင့် လူသားရဲ့လိုအပ်ချက်များအတွက်။
၂
ဘုရား၏အမှုတော်၌ လုပ်ဆောင်ဖို့ နှင့်တိုက်ရိုက်စကားပြောဆိုဖို့ သူ့ကို လိုအပ်နေလို့
လူသားတို့ကို ကူညီဖို့ လမ်းမရှိလို့
ဘုရားသည် အမှုဆောင်ရွက်ဖို့ လောကတွင် ကြီးမားတဲ့ ဝေဒနာခံစား။
လူသားများ သူ့အစား ဝင်ပေးလို့ မရ။
အဖဘုရားရဲ့အလိုတော်နှင့် လူသားရဲ့လိုအပ်ချက်များအတွက်
လူသားတို့ မတွေ့ဘူးသည့် နာကျင်မှုကို သူ ခံစား၊
လူတို့ကို တိတ်ဆိတ်စွာ အစေခံကာ သူ ကျိုးနွံ၊
အဖဘုရားရဲ့အလိုတော်နှင့် လူသားရဲ့လိုအပ်ချက်များအတွက်။
၃
အဆင်းနီသောနဂါးကြီးရှိရာဆီ လာရောက်ဖို့၊
နွံနစ်၍ ညစ်ညမ်းမှုထဲရောက်နေသူ သနားစရာလူသားတို့ကို
ကယ်နုတ်ရာမှာ သူ့ကိုယ်ပိုင်အမှုကို ဆောင်ရွက်ဖို့၊
သူ့အကြံအစည်နှင့်အရေးပေးရန် ဘုရားဟာ ကျေးဇူးတော်ခေတ်ကထက် များစွာ စွန့်စားခဲ့။
အဖဘုရားရဲ့အလိုတော်နှင့် လူသားရဲ့လိုအပ်ချက်များအတွက်
လူသားတို့ မတွေ့ဘူးသည့် နာကျင်မှုကို သူ ခံစား၊
လူတို့ကို တိတ်ဆိတ်စွာ အစေခံကာ သူ ကျိုးနွံ၊
အဖဘုရားရဲ့အလိုတော်နှင့် လူသားရဲ့လိုအပ်ချက်များအတွက်။
လူသားရဲ့လိုအပ်ချက်များအတွက်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။