၇၀ မမှိတ်မသုန် စိတ်နှလုံးတစ်ခုဖြင့် ဘုရားကို ချီးမွမ်းလော့
၁ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ဖို့၊ ပျော်မွေ့ဖို့ စုဝေးကြသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို အမှန်တကယ် ပျော်မွေ့ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အကြောင်း တွေးသည်၊ ဆုတောင်း-ဖတ်ရှုသည်၊ မိတ်သဟာယပြုကြသည်၊ ပြီးလျှင် ကျွန်ုပ်တို့သည် နှလုံးသွင်းဆင်ခြင်ကြသည်၊ တွေးဆပြီး ဘုရားသခင်ကို ရှာဖွေကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သည်၊ ကျွန်ုပ်တို့သည် သမ္မာတရားကို သိပြီး ချိုမြိန်မှုကို ခံစားရသည်။ ဖောက်ပြန်ပျက်စီးခြင်းမှ လွတ်မြောက်လျက်၊ ကျွန်ုပ်တို့က ဘုရားသခင်၏စစ်မှန်သော ချစ်ခြင်းမေတ္တာကို မြည်းစမ်းရပေ။ အသင်းတော် အသက်တာသည် ကြီးမြတ်သည်။ ချီးမွမ်းခြင်းသည် ပုံစံများစွာရှိသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီးမွမ်းခြင်း၌ သီဆိုကခုန်ခြင်း မပြုဘဲ မနေနိုင်ကြပေ။ ကျွန်ုပ်တို့၏ချီးမွမ်းခြင်း၌ စည်းမျဉ်း သို့မဟုတ် ကန့်သတ်ချက်များ မရှိပေ။ ရိုးသားသော ချီးမွမ်းခြင်းက ကျွန်ုပ်တို့အား အစဉ် ဝမ်းမြောက်စေသည်။ ဘုရားသခင်၏မျက်မှောက်၌ အသက်တာသည် စစ်မှန်သော ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေ၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အစဉ်ထာဝရ ချစ်ပြီး နာခံမည်။ ဘုရားသခင့် ကယ်တင်ခြင်း၏ ကြီးမြတ်ခြင်းကို မြင်တွေ့လျက်၊ ဘုရားသခင်အတွက် ချစ်ခြင်းပြည့်သော နှလုံးသားများဖြင့် သူ့ကို ချီးမွမ်းကြပေ။
၂ ကျွန်ုပ်တို့သည် သမ္မာတရားကို မိတ်သဟာယပြုသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ပျော်မွေ့သည်။ ကျွန်ုပ်တို့သည် အတွေ့အကြုံများကို ဝေမျှသည်၊ ကျွန်ုပ်တို့၏အသက်တာ ကြီးထွားသည်။ ကျွန်ုပ်တို့အားလုံး၌ ဘုရားသခင်ကို ချစ်သော နှလုံးသားများရှိပြီး ကျွန်ုပ်တို့၏တာဝန်ကို တစ်စိတ်တစ်ဝမ်းတည်း ထမ်းဆောင်ကြပေ။ ကျွန်ုပ်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားကြသည်၊ ပြီးလျှင် ဘုရားသခင်၏ကောင်းချီးမင်္ဂလာနှင့် ဦးဆောင်မှုတို့ကို ကျွန်ုပ်တို့ မြင်တွေ့ရပေ။ တရားစီရင်ခြင်းက ကျွန်ုပ်တို့အား သန့်စင်ပေ၊ ဘုရားသခင်သည် ဖြောင့်မတ်သည်ကို ကျွန်ုပ်တို့ တွေ့ရပေ။ ကျွန်ုပ်တို့၏ဖောက်ပြန်ပျက်စီးကို ဖယ်ရှားပြီး၊ အသစ်ပြုပေ။ ကျွန်ုပ်တို့သည် ရိုးသားသော လူများ၏ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ကြသည်။ ကျွန်ုပ်တို့သည် နိုင်ငံတော်၏အသက်တာ၌ မွေ့လျော်ခံစားလာသည်၊ ဝိညာဉ်နှင့် သမ္မာတရား၌ ဘုရားသခင်ကို ကျွန်ုပ်တို့ ဝတ်ပြုပေ။ ဘုရားသခင်၏မျက်မှောက်၌ အသက်တာသည် စစ်မှန်သော ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေ၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အစဉ်ထာဝရ ချစ်ပြီး နာခံမည်။ ဘုရားသခင့် ကယ်တင်ခြင်း၏ ကြီးမြတ်ခြင်းကို မြင်တွေ့လျက်၊ ဘုရားသခင်အတွက် ချစ်ခြင်းပြည့်သော နှလုံးသားများဖြင့် သူ့ကို ချီးမွမ်းကြပေ။
၃ ကျွန်ုပ်တို့သည် ဘုရားသခင်နောက်ကို တစ်လျှောက်လုံး လိုက်ပြီးဖြစ်ပေ၊ ကျွန်ုပ်သည် ကောင်းတစ်လှည့် ဆိုးတစ်လှည့် များစွာ ကြုံတွေ့ရပြီးဖြစ်သည်။ အစိုးရ၏ဖိနှိပ်မှုသည် အလွန် ဆိုးရွားသည်။ ခရစ်တော်သည် ဆင်းရဲဒုက္ခများတစ်လျှောက် ကျွန်ုပ်နံဘေးတွင်ရှိနေသည်။ သူသည် ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းများအားလုံးကို မြည်းစမ်းပြီ။ ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို လမ်းပြပေ၊ သူ့အတွက် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာသည် မယိမ်းယိုင်ပေ။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် ဘုရားသခင်ပေးပြီးဖြစ်သော ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်ထားသော အဖိုးအခကို တိုင်းတာ၍မရပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အစဉ် လမ်းပြလျက်၊ ကျွန်ုပ်တို့ အလယ်တွင် ရှင်သန်သည်။ ဤလှပသော အချိန်၊ ဘဝတို့ကို အလွန် တန်ဖိုးထားသည်။ ဘုရားသခင်၏မျက်မှောက်၌ အသက်တာသည် စစ်မှန်သော ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေ၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အစဉ်ထာဝရ ချစ်ပြီး နာခံမည်။ ဘုရားသခင့် ကယ်တင်ခြင်း၏ ကြီးမြတ်ခြင်းကို မြင်တွေ့လျက်၊ ဘုရားသခင်အတွက် ချစ်ခြင်းပြည့်သော နှလုံးသားများဖြင့် သူ့ကို ချီးမွမ်းကြပေ။