၅၀၂ သန့်ရှင်းသောဝိညာဉ်တော်၏အမှုသည် လူကို တက်တက်ကြွကြွ တိုးတက်စေ၏ကျူး
၁ မျက်မှောက်တွင် သန့်ရှင်းသောဝိညာဉ်တော်က လူတို့၏အားသာချက်များကို အသုံးချခြင်းအားဖြင့်သာမက သူတို့၏အားနည်းချက်များကို ပြောင်းလဲပေးခြင်းနှင့် စုံလင်စေခြင်းအားဖြင့်လည်း လူများကို အသုံးပြုနေသည်။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံသို့ ပုံအပ်နိုင်ပြီး သူ၏ရှေ့မှောက်၌ ငြိမ်ဝပ်စေနိုင်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် ဖွင့်ပြခြင်းကို ရရှိဖို့အလို့ငှာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသုံးပြုခြင်းခံရနိုင်မည့် အခွင့်အရေးနှင့် အရည်အသွေးများကို သင်ရရှိလိမ့်မည်၊ ထို့အပြင် သန့်ရှင်းသောဝိညာဉ်တော်က သင့်အားနည်းချက်များကို ဖာထေးပေးမည့် အခွင့်အရေးကိုပင် သင်ရရှိလိမ့်မည်။ သင့်စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်သောအခါ သင့်အနေဖြင့် အပြုသဘောဆောင်သော ရှုထောင့်အတွင်းသို့ နက်သည်ထက်နက်အောင် ဝင်ရောက်နိုင်မည်ဖြစ်ကာ ထိုးထွင်းအမြင်နှင့်ဆိုင်သည့် သာ၍မြင့်သောအဆင့်ပေါ်တွင် ရှိလာနိုင်မည်၊ အပျက်သဘောဆောင်သော ရှုထောင့်၌မူ သင်၌ မိမိအမှားများနှင့် အားနည်းချက်များကို နားလည်ခြင်းပိုမိုရှိလာမည်ဖြစ်ကာ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန် ကြိုးပမ်းရာ၌ ပိုမိုစိတ်အားထက်သန်ပြီး တုံဏှိဘာဝေ မနေတော့ဘဲ နိုးကြားတက်ကြွစွာ ဝင်ရောက်လာလိမ့်မည်။ ယင်းက သင်သည် မှန်ကန်သောသူတစ်ဦးဖြစ်သည်ဟု ဆိုလိုလိမ့်မည်။
၂ သင့်စိတ်နှလုံးသည် ဘုရားသခင်၏မျက်မှောက်၌ တည်ငြိမ်သည်ဟူသည့် အဆိုအပေါ်အခြေခံ၍ သန့်ရှင်းသောဝိညာဉ်တော်၏အချီးအမွမ်း သင်ရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ ဘုရားသခင်၏ စိတ်တော်နှင့် ထိတွေ့သည်ဖြစ်စေ၊ မထိတွေ့သည်ဖြစ်စေ၊ အဓိကသော့ချက်မှာ သင် နိုးကြားတက်ကြွစွာ ဝင်ရောက်နိုင်၏လော ဟူသည့်အချက်ဖြစ်သည်။ သန့်ရှင်းသော၀ိညာဉ်တော်က လူတစ်ဦးကို အသိဉာဏ်ပွင့်လင်းစေ၍ အသုံးပြုသည့်အခါ၊ ယင်းကသူ့အား ဘယ်သောအခါမှ အပျက်သဘောမဆောင်စေဘဲ၊ တက်တက်ကြွကြွ တိုးတက်စေပါသည်။ သူ၌ အားနည်းချက်များရှိသော်လည်း ၎င်းအားနည်းချက်များအတိုင်း မနေထိုင်ခြင်းငှာ တတ်နိုင်၏။ သူ၏အသက်တာကြီးထွားမှုအား နှောင့်နှေးစေခြင်းမှ ရှောင်ကြဉ်နိုင်လျက်၊ ဘုရားသခင်၏အလိုတော်ကိုဖြည့်ဆည်းရန် ဆက်လက်၍ကြိုးပမ်းနိုင်သည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော်ကို သင်ရရှိကြောင်း လုံလောက်စွာပြသည့် စံနှုန်းတစ်ခုဖြစ်၏။
ဘုရားသခင်၏အမှုက လူတစ်ဦးကို နိုးကြားတက်ကြွစွာ ဝင်ရောက်စေနိုင်သကဲ့သို့ အသိပညာရရှိပြီးနောက်တွင် သူ၏အပျက်သဘောဆောင်သော လက္ခဏာများကို ရှင်းလင်းဖယ်ရှားစေနိုင်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းသည် အလွန်အရေးကြီး၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။