အောင်မြင်သူလူတစ်စုကို တရုတ်ပြည်တွင် ဘုရားစုံလင်စေပြီကျူး
၁ နေရာများစွာ၌ ဘုရားသခင်သည် သိနိမ်မြေတွင် အောင်မြင်သူများ အဖွဲ့ကို ရမည်ဟု ပရောဖက်ပြုခဲ့သည်။ အောင်မြင်သူများကို ရမည့်နေရာသည် ကမ္ဘာ့၏ အရှေ့ပိုင်းဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမည့် မြေနေရာမှာ အဆင်းနီသော နဂါးကြီးမှ ခွေလျက် လဲလျောင်းသော နေရာအတိအကျဖြစ်သည့် သိနိမ်မြေဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဘုရားသခင်သည် ထိုနေရာမှာ အဆင်းနီသော နဂါးကြီးမှ ဆင်းသက်လာသူများကို ရယူမည်ဖြစ်သည်၊ သို့မှသာ ၎င်းကို လုံးလုံး လျားလျား သိမ်းပိုက်ကာ အရှက်ရစေမည်ဖြစ်သည်။ ဘုရားသခင်သည် နက်နဲစွာ နာကျင်မှုခံစားရသော ဤလူများကို နိုးထစေရန်၊ သူတို့ကို အကြွင်းမဲ့ နိုးထစေရန်နှင့် မြူထူရာမှ ထွက်ကာ အဆင်းနီသော နဂါးကြီးကို ငြင်းပယ်စေရန် အလိုရှိသည်။ ဘုရားသခင်သည် သူတို့၏ အိပ်မက်မှ သူတို့ကို နိုးထရန်၊ သူတို့ကို အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို သိရန်၊ သူတို့၏ နှလုံးသားအားလုံးကို ဘုရားသခင်ထံ ပေးရန်၊ မှောင်မိုက်တန်ခိုး၏ ဖိနှိပ်မှုမှ ရုန်းထွက်ရန်၊ ကမ္ဘာ၏ အရှေ့ပိုင်းတွင် ထကြွရန်နှင့် ဘုရားသခင် အောင်မြင်မှု၏ သက်သေဖြစ်ရန် အလိုရှိသည်။ သို့မှသာ ဘုရားသခင်သည် ဘုန်းတန်ခိုးရလိမ့်မည်။
၂ ကြီးစွာသော ဆင်းရဲခြင်းဘေးမှလာသော အောင်မြင်သောသူ တစ်စုကို အရှေ့အရပ်မှ ရယူခဲ့ပြီး ဖြစ်သည်ဟု အရင်က ငါပြောခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးသော ထိုသူတို့သည် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၊ ရိုက်နှက်ဆုံးမမှု၊ ပြုပြင်မှုနှင့် စစ်ဆေးမှုမျိုးစုံကို ခံပြီးမှ အမှန်တကယ် နာခံကြသည်ဟု အဓိပ္ပာယ်ရသည်။ ထိုသို့သော လူများ၏ ယုံကြည်ခြင်းသည် မရေရာသော ယုံကြည်ခြင်း မဟုတ်၊ စိတ်ကူးသက်သက်ဖြစ်သော ယုံကြည်ခြင်းမဟုတ်၊ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ သူတို့သည် မည်သည့် နိမိတ်လက္ခဏာ၊ အံ့သြဖွယ်ရာနှင့် သဘာဝလွန်ဖြစ်ရပ်ကိုမျှ မမြင်ရသေးပေ။ သူတို့သည် နက်နဲသော အက္ခရာများ၊ အယူဝါဒများ သို့မဟုတ် အလွန်လေးနက်သော ထိုးထွင်း နားလည်မှုများ အကြောင်းကို မပြောကြပေ။ သူတို့၌ လက်တွေ့အရှိသဘော၊ ဘုရားသခင်၏ စကားများနှင့် ဘုရားသခင်၏ လက်တွေ့အရှိသဘောနှင့် ပတ်သက်သည့် စစ်မှန်သော အသိတို့သာ ရှိကြသည်။ ထိုသို့သော လူစု၌ ဘုရားသခင်၏ တန်ခိုးကို သာ၍မြင်သာအောင် လုပ်နိုင်စွမ်း ပိုရှိသည် မဟုတ်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။