၅၈၁ အခြေခံသဘောတရားများဖြင့် ဆောင်ရွက်ခြင်းအားဖြင့်သာ မိမိတို့၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်သည်

၁ သင်မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်ပါစေ၊ သင်၏တာဝန်နှင့်ပတ်သက်၍ ဘုရားသခင်၏အလိုတော်နှင့် ကိုယ်တော်၏ သတ်မှတ်ချက်များကို နားလည်သဘောပေါက်ရန် အစဉ်ကြိုးစားရမည်၊ သို့မှသာ အမှုကိစ္စများကို ကိုယ်ကျင့်တရားနှင့်အညီ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်ပြုလိုသည်အတိုင်း ပြုခြင်း၊ သင် လုပ်၍ပျော်သည့်အရာနှင့် လုပ်ဆောင်ရန် သက်သောင့်သက်သာရှိသော အရာမှန်သမျှ၊ သို့မဟုတ် သင့်ကို အကောင်းမြင်စေမည့် အရာမှန်သမျှကိုသာ လုပ်ဆောင်ခြင်းဖြင့် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအရ လုံး၀ မပြုနိုင်ပေ။ အကယ်၍ သင်သည် သင်၏ကိုယ်ပိုင်နှစ်သက်မှုများကို ဘုရားသခင်အပေါ် အတင်းအကျပ် သတ်မှတ်ခြင်း သို့မဟုတ် ၎င်းတို့အား သမ္မာတရားကဲ့သို့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့မှာ သမ္မာတရား အခြေခံသဘောတရားများဖြစ်သည့်အလား ၎င်းတို့အား လိုက်နာပါက၊ ၎င်းမှာ သင်၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေခြင်း မဟုတ်၊ ထို့အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်နေခြင်းကို ဘုရားသခင်မှ အမှတ်ရမည် မဟုတ်ပေ။ သူတို့သည် မှန်ကန်၊ ကောင်းမြတ်ပြီး လှပသည်ဟု သူတို့ ယုံကြည်သည့်အရာများကို သမ္မာတရားအဖြစ် မြင်ကြလေသည်။ ဤသည်မှာ မှားယွင်း၏။

၂ လူတို့သည် တစ်စုံတစ်ရာ မှန်ကန်သည်၊ ပြီးလျှင် ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု တစ်ခါတစ်ရံ ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း၊ ယင်းသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်ဟု သေချာပေါက် မဆိုလိုပေ။ တစ်စုံတစ်ရာ မှန်ကန်သည်ဟု လူတို့ တွေးထင်လေလေ၊ ၎င်းတို့အနေဖြင့် သတိရှိသင့်လေလေဖြစ်ပြီး၊ ၎င်းတို့ စဉ်းစားနေသည့်အရာသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပြည့်မီခြင်းရှိမရှိ သိဖို့ရန် သမ္မာတရားကို ရှာဖွေသင့်လေလေ ဖြစ်သည်။ ယင်းသည် သူ၏ သတ်မှတ်ချက်များနှင့် ဆန့်ကျင်လျက်ရှိပါက၊ ထိုအရာမှန်ကန်သည်ဟု သင် တွေးထင်သည်လျှင်ပင်၊ ယင်းက လက်ခံနိုင်ဖွယ် မရှိပေ၊ သင် မှန်ကန်သည်ဟု မည်သို့ တွေးထင်ပါစေ သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီလိမ့်မည်မဟုတ်ပေ။ အမှန်၊ အမှားတို့နှင့်ဆိုင်သော သင်၏ စိတ်ပိုင်းဖြတ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် လုံးဝဥဿုံ အခြေခံရမည်ဖြစ်ပြီး၊ တစ်စုံတစ်ရာကို သင် မှန်ကန်သည်ဟု မည်မျှ တွေးထင်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ယင်းအတွက် အခြေပြုချက် မရှိပါက၊ ယင်းကို သင် စွန့်ပစ်ရမည်။ တာဝန်ဆိုသည်မှာ လူတို့ကို ဘုရားသခင် အပ်နှံထားသည့် တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။ လူသား၏ ဓမ္မဓိဋ္ဌာန်မကျသော စိတ်ဆန္ဒများအပေါ် အခြေခံသည်ထက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများနှင့်အညီ ပြုမူခြင်းနှင့် သမ္မာတရား အခြေခံသဘောတရားများပေါ် သင်၏ အပြုအမူကို အခြေခံခြင်းအားဖြင့် တာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဤနည်းအားဖြင့် သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းမှာ စံချိန်မီလိမ့်မည်ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၈၀ ဘုရားစကားအတိုင်းကျင့်ကြံပြီး၊ ဘုရားကျေနပ် ဝမ်းမြောက်စေရန် ဦးစားပေးဆောင်ရွက်ခြင်း

နောက်တစ်ခုသို့- ၅၈၂ ရိုးသားသော သူသာ မိမိတို့၏ တာဝန်ကို စိတ်ကျေနပ်ဖွယ်ရာ ထမ်းဆောင်နိုင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။