နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁) အခန်း နှစ်
ခ။ မသိမသာ ဒုက္ခပေးပြီး ရက်စက်သည်
အကျင့်ဖြစ်နေသော လိမ်ညာခြင်းအပြင် အန္တိခရစ်များ၌ အခြားမည်သည့် သရုပ်သကန်များ ရှိသေးသနည်း။ ပုံမှန် လူ့သဘာဝရှိ ကြင်နာခြင်းနှင့် ရိုးသားစစ်မှန်ခြင်း၏ မရှိမဖြစ် အရည်အသွေးများအကြောင်းကို ငါတို့ ယခုတင် မိတ်သဟာယဖွဲ့ခဲ့ပြီး အန္တိခရစ်များက ဤအရည်အသွေးများ လုံးဝကင်းမဲ့နေသည်မှာ အတော်ပင် သိသာထင်ရှားသည်။ ပုံမှန် လူ့သဘာဝ၌ ပင်ကိုဖြစ်နေသော မည်သည့်အရာမဆိုသည် အန္တိခရစ်များ၌ မုချ မရှိပေ။ ၎င်းတို့ ပိုင်ဆိုင်သမျှသည် ပုံမှန် လူ့သဘာဝနှင့် ဆန့်ကျင်ဘက်ဖြစ်သော အရာများ၊ အပျက်သဘောဆောင်သော အရာများ ဖြစ်သည်။ သို့ဆိုလျှင် ကြင်နာခြင်း၊ ရိုးသားစစ်မှန်ခြင်းတို့နှင့် ဆန့်ကျင်သောအရာကား အဘယ်နည်း။ (မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းဖြစ်သည်။) ကွက်တိပင်၊ သင်သည် အလွန်ပင် တိကျမှန်ကန်စွာ ပြောဆိုသွားလေသည်။ ယင်းမှာ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်း ဖြစ်သည်။ အန္တိခရစ်များ၌ ကြင်နာခြင်းနှင့် ရိုးသားစစ်မှန်ခြင်းကဲ့သို့သော လက္ခဏာရပ်များ ကင်းမဲ့ပြီး ယင်းအစား ကြင်နာခြင်း၊ ရိုးသားစစ်မှန်ခြင်းတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော မသိမသာ ဒုက္ခပေးပြီး ရက်စက်သည့် သဘာဝတို့ကို ပိုင်ဆိုင်ကြသည်။ ငါတို့ အစောပိုင်းက ဆွေးနွေးခဲ့သော မသိမသာ ဒုက္ခပေးခြင်း၊ ရက်စက်ခြင်းနှင့် အကျင့်ဖြစ်နေသော လိမ်ညာခြင်းတို့အကြား ဆက်စပ်မှုတစ်ခု ရှိသလော။ (ရှိပါသည်။) တိကျသော ဆက်စပ်မှုတစ်ခု ရှိသည်။ အန္တိခရစ်များသည် ၎င်းတို့၏ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းကို မည်သို့ ထင်ရှားပေါ်လွင်စေသနည်း။ (လိမ်ညာမှုများကို လုပ်ကြံဖန်တီးပြီး အခြားသူများကို အမှုဆင်နိုင်သည့် ၎င်းတို့၏ စွမ်းရည်၌ ဖြစ်ပါသည်။) လိမ်ညာမှုများကို လုပ်ကြံဖန်တီးခြင်းနှင့် အခြားသူများကို အမှုဆင်ခြင်းတွင် အကျင့်ဖြစ်နေသော လိမ်ညာခြင်းသည်လည်းကောင်း၊ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းသည်လည်းကောင်း နှစ်မျိုးလုံး ပါဝင်သည်။ ဤလက္ခဏာရပ်နှစ်ခုသည် အနီးကပ် ဆက်စပ်နေသည်။ ဥပမာအနေနှင့် အကယ်၍ ၎င်းတို့သည် မကောင်းမှုတစ်ခုကို ကျူးလွန်ပြီး တာဝန်မယူလိုပါက အထင်အမြင်မှားစေသော အသွင်အပြင်တစ်ခုကို ဖန်တီးသည်၊ လိမ်ညာစကားများ ပြောဆိုသည်၊ ယင်းက မိမိတို့၏ လုပ်ဆောင်မှုမဟုတ်ဘဲ အခြားတစ်စုံတစ်ဦး၏ လုပ်ဆောင်မှုဖြစ်သည်ဟု လူတို့ကို ယုံကြည်စေသည်။ ၎င်းတို့သည် အပြစ်ကို အခြားတစ်စုံတစ်ဦးအပေါ်သို့ ပုံချပြီး ထိုသူတို့အား အကျိုးဆက်များကို ခံစားစေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ပြီး ယုတ်ညံ့သည်သာမက သာ၍ပင် မသိမသာ ဒုက္ခပေးပြီး ရက်စက်ပေသည်။ အန္တိခရစ်များ၏ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်း၏ အခြားသော သရုပ်သကန်အချို့မှာ အဘယ်နည်း။ (၎င်းတို့သည် လူတို့ကို ညှဉ်းပန်းနိုင်သည်၊ တိုက်ခိုက်နိုင်သည်၊ လက်စားချေနိုင်ပါသည်။) လူတို့ကို ညှဉ်းပန်းနိုင်ခြင်းသည် ရက်စက်ပေသည်။ ၎င်းတို့၏ အဆင့်အတန်း၊ ဂုဏ်သတင်း သို့မဟုတ် ဩဇာအရှိန်အဝါကို ခြိမ်းခြောက်မှုပြုသော မည်သူမဆို၊ သို့မဟုတ် ၎င်းတို့ အကြိုက်မတွေ့သောသူ မည်သူမဆိုကို ၎င်းတို့က တိုက်ခိုက်ရန်နှင့် လက်စားချေရန် မဖြစ်မနေ ကြိုးပမ်းကြလိမ့်မည်။ တစ်ခါတစ်ရံ ၎င်းတို့သည် လူတို့ကို ထိခိုက်နစ်နာစေရန် အခြားသူများကိုပင် အသုံးပြုကောင်း အသုံးပြုနိုင်သည်။ ဤသည်မှာ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်း ဖြစ်သည်။ တိုတိုပြောရလျှင် “မသိမသာ ဒုက္ခပေးပြီး ရက်စက်သော” ဟူသည့် စကားစုက အန္တိခရစ်များသည် အထူးသဖြင့် မလိုမုန်းထားတတ်ကြောင်း ညွှန်ပြသည်။ ၎င်းတို့အနေဖြင့် လူတို့ကို ဆက်ဆံပြီး အပြန်အလှန် ထိတွေ့ပေါင်းသင်းသည့် နည်းလမ်းသည် အသိစိတ်အပေါ် အခြေမခံသည့်အပြင် ၎င်းတို့သည် ထိုသူတို့နှင့် တန်းတူရည်တူ အဆင့်အတန်းဖြင့် သဟဇာတဖြစ်စွာ အသက်မရှင်ကြပေ။ ယင်းအစား ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အသုံးပြုမှုအတွက် အခြားသူများကို အမြတ်ထုတ်ရန်၊ ထိန်းချုပ်ရန်နှင့် ကြိုးကိုင်ညွှန်ကြားရန် အချိန်တိုင်း ကြိုးပမ်းကြသည်။ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရာ၌ ၎င်းတို့၏ ချဉ်းကပ်ပုံသည် ပုံမှန် သို့မဟုတ် ဖြောင့်မတ်ရိုးသားခြင်း မရှိပေ။ ယင်းအစား လူတို့ သတိမမူမိစေဘဲ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်၊ အမြတ်ထုတ်ရန်နှင့် လက်နက်အဖြစ် သိမ်မွေ့စွာ အသုံးချရန် အချို့သော နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုကြသည်။ မည်သူ့ကိုမဆိုကို ၎င်းတို့ ဆက်ဆံရာတွင် အပေါ်ယံ၌ ကောင်းပုံပေါ်သည်ဖြစ်စေ၊ ဆိုးပုံပေါ်သည်ဖြစ်စေ ရိုးသားစစ်မှန်ခြင်း ဘာဆိုဘာမျှ မရှိပေ။ ၎င်းတို့ အသုံးဝင်သည်ဟု မြင်သောသူများထံသို့ ၎င်းတို့ ချဉ်းကပ်ပြီး အသုံးမဝင်ဟု ယူဆသူများကို မည်သို့မျှ အာရုံမစိုက်ဘဲ ခပ်ကင်းကင်းနေကြသည်။ အတော်အတန် ဟန်ဆောင်မှုကင်းမဲ့သော ပုဂ္ဂိုလ်များ သို့မဟုတ် အားနည်းသော ပုဂ္ဂိုလ်များအပေါ်၌ပင်လျှင် ၎င်းတို့သည် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းစနစ်များကို ကြံဆအသုံးပြုကြ၍ ထိုသူတို့ကို အထင်အမြင်မှားစေပြီး ထောင်ချောက်ဆင်ကာ မိမိတို့အတွက် အသုံးချနိုင်အောင် လုပ်ဆောင်ကြ၏။ သို့သော် လူတို့ အားနည်းသောအခါ၊ အခက်အခဲ ရှိသောအခါ သို့မဟုတ် အကူအညီ လိုအပ်သောအခါ အန္တိခရစ်များသည် မမြင်ချင်ယောင်ဆောင်ပြီး လျစ်လျူရှုကြသည်။ ၎င်းတို့သည် ထိုသို့သောလူများအား ချစ်ခြင်းမေတ္တာကို မည်သည့်အခါမျှ မပြသကြပေ သို့မဟုတ် အကူအညီ မပေးကြပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် ထိုသူတို့ကို ပို၍ပင် အနိုင်ကျင့်ရန်၊ အထင်အမြင်မှားစေရန်နှင့် အမြတ်ထုတ်ရန် နည်းလမ်းများကိုပင် ကြံဆတတ်ကြသည်။ အကယ်၍ ၎င်းတို့သည် ထိုသူတို့ကို အမြတ်မထုတ်နိုင်ပါက ဘေးဖယ်ထားပြီး ထိုသူတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် သနားကြင်နာမှု မပြပေ။ ဤအရာ၌ ကြင်နာခြင်းနှင့်ဆိုင်သည့် အရိပ်အယောင်တစ်ခုတလေ ရှိသလော။ ဤသည်မှာ မလိုမုန်းထားခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ အန္တိခရစ်များက လူတို့နှင့် အပြန်အလှန်ဆက်ဆံသည့် နည်းလမ်းနှင့် အတွေးအခေါ်မှာ ၎င်းတို့အား ထိုးထွင်းသိမြင်နိုင်ခြင်း မရှိဘဲ ၎င်းတို့အတွက် ကျွန်ခံရန်နှင့် အစဉ်သဖြင့် ၎င်းတို့၏ ထားရာနေစေရာသွား ဖြစ်စေလျက် လူတို့ကို အမြတ်ထုတ်ရန်နှင့် လှည့်စားရန် အကြံအစည်များနှင့် နည်းဗျူဟာများကို အသုံးပြုခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကို ပိုင်းခြားသိမြင်သွားပြီး နောက်ထပ် အမြတ်ထုတ်၍ မရနိုင်တော့သောသူများကို အနိုင်ကျင့်ပြီး ညှဉ်းပန်းနှိပ်စက်နိုင်သည်။ ၎င်းတို့သည် ထိုလူများကို သာမန်ကာလျှံကာပင် အပြစ်တင်နိုင်ကြပြီး ထိုညီအစ်ကိုမောင်နှမများအား ထိုလူများကို စွန့်ပစ်စေရန် ဖန်တီးကြကာ ထို့နောက်တွင် ထိုသူများကို နှင်ထုတ်ခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်းပြုကြလေသည်။ တိုတိုပြောရလျှင် အန္တိခရစ်များသည် မသိမသာ ဒုက္ခပေးပြီး ရက်စက်ကြသည်၊ ကြင်နာခြင်းနှင့် ရိုးသားစစ်မှန်ခြင်း လုံးဝကင်းမဲ့ကြသည်။ အခြားသူများ အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ စာနာမှု သို့မဟုတ် ချစ်ခြင်းမေတ္တာ မပြသကြဘဲ အခြားသူများကို မည်သည့်အခါမျှ စစ်မှန်စွာ မကူညီကြပေ။ ၎င်းတို့၏ အပြန်အလှန်ဆက်ဆံမှုများတွင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် အကျိုးအမြတ်အတွက် ကြံစည်ကြသည်။ မည်သူက ၎င်းတို့ထံ ချဉ်းကပ်သည်ဖြစ်စေ၊ အခက်အခဲရှိသဖြင့် အကူအညီ တောင်းသည်ဖြစ်စေ ၎င်းတို့သည် ထိုသူနှင့်ပတ်သက်၍ အစဉ်သဖြင့် တွက်ချက်မှုများ ပြုလုပ်နေကြပြီး မိမိတို့၏ စိတ်နှလုံးထဲ၌ “အကယ်၍ ဤသူကို ငါကူညီလျှင်၊ အနာဂတ်တွင် ၎င်းတို့ထံမှ ငါ အဘယ်အသုံးဝင်မှုကို ရရှိနိုင်မည်နည်း။ သူတို့ ငါ့ကို ကူညီနိုင်ပါမည်လော။ သူတို့သည် ငါ့အတွက် အသုံးဝင်နိုင်ပါမည်လော။ ၎င်းတို့ထံမှ ငါ အဘယ်အရာ ရရှိနိုင်မည်နည်း” ဟူ၍ စဉ်းစားကြလေသည်။ ဤကိစ္စရပ်များနှင့်ပတ်သက်၍ အမြဲ စဉ်းစားခြင်းသည် ၎င်းတို့အတွက် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) အသင်းတော် ရွေးကောက်ပွဲများတွင် အန္တိခရစ်များသည် အဘယ်နည်းလမ်းများကို အသုံးပြုကြမည်နည်း။ (၎င်းတို့သည် မိမိတို့ထက် ပိုတော်သူများကို နှိမ့်ချလျက် အခြားသူများကို မတရားသဖြင့် ချိုးနှိမ်ပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ကြမည်ဖြစ်သည်။) အခြားသူများကို မတရားသဖြင့် ချိုးနှိမ်ပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်းသည်လည်း မသိမသာ ဒုက္ခပေးပြီး ရက်စက်ပေသည်။ အန္တိခရစ်များသည် လေးစားမှုရရှိပြီး မဲများရရှိရန်အတွက် လူတို့ကို ဆွဲဆောင်ရန်နှင့် မိမိတို့၏ ပံ့ပိုးကူညီမှုများအကြောင်း ကြွားဝါရန် သေးငယ်သော မျက်နှာသာပေးမှုများကိုလည်း အသုံးပြုကောင်း အသုံးပြုနိုင်သည်။ အခြား အဘယ်အရာ ရှိသေးသနည်း။ (၎င်းတို့သည် ကိုယ်စားလှယ်လောင်းများကို သမာသမတ်ကျစွာနှင့် အရှိအရှိအတိုင်း အကဲမဖြတ်နိုင်ကြပါ။ မိမိတို့ကိုယ်တိုင်၏ ဘက်လိုက်မှုနှင့် အာဃာတတို့ကို ၎င်းတို့က ထည့်၍ အကဲဖြတ်ကြလိမ့်မည်။) ဤသည်မှာ အခြားသူများကို အသရေဖျက်ရန် လိမ်ညာမှုများကို လုပ်ကြံဖန်တီးခြင်း ပါဝင်သည်။ အန္တိခရစ်များ မသိမသာ ဒုက္ခပေးပြီး ရက်စက်ခြင်းနှင့်ဆိုင်သည့် တိကျသော သရုပ်သကန်အတော်များများကို ယခင်က မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ မသိမသာ ဒုက္ခပေးခြင်းဆိုသည်မှာ အကြံအစည်များစွာ ရှိခြင်းကို ဆိုလိုပြီး ကျင့်ကြံပြုမူခြင်း၊ လောကနှင့် ဆက်ဆံခြင်းအပြင် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းမှာ ရိုးသားစစ်မှန်မှု ကင်းမဲ့ကာ အယောင်ဆောင်ခြင်းနှင့် လှည့်ဖြားမှုတို့ဖြင့် ပြည့်နေသည့် နည်းဗျူဟာအပေါ် မှီခိုခြင်းဖြစ်သည်။ ရက်စက်ခြင်းသည် အဓိကအားဖြင့် ၎င်းတို့၏ လုပ်ဆောင်ပုံနည်းလမ်းများရှိ ရက်စက်မှု၊ ကြမ်းကြုတ်မှုတို့နှင့် သက်ဆိုင်သည်။ ကရုဏာမပြခြင်း၊ လူ့ခံစားချက် ကင်းမဲ့ခြင်း၊ အခြားသူများကို ထိခိုက်နစ်နာစေခြင်းတို့ ဖြစ်ပြီး ၎င်းတို့သည် မည်သူ့ကိုမဆို ထိခိုက်နစ်နာစေခြင်းဖြင့် မိမိတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် လိုလိုလားလား ရှိကြသည်။ ဤသည်မှာ ရက်စက်ခြင်းဖြစ်ပြီး လူ့ကြင်နာခြင်းနှင့် တိုက်ရိုက်ဆန့်ကျင်ဘက် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် မိမိ၏ လူ့သဘာဝ၌ ကြင်နာခြင်းကို ပိုင်ဆိုင်ပါက သာမန်ကိစ္စရပ်များနှင့် ရင်ဆိုင်ရသောအခါ ၎င်းသည် မိမိတတ်နိုင်သည့် မည်သည့်နေရာတွင်မဆို အခြားသူများအပေါ် သက်ညှာပေးမည်ဖြစ်ပြီး လူတို့ကို ခွင့်လွှတ်ကြလိမ့်မည်။ ဤကဲ့သို့သောလူတစ်ဦးသည် အခြားလူတို့၏ ပြဿနာများနှင့် အပြစ်များကို သည်းခံတတ်သည်၊ အပြစ်မရှိအပြစ်ရှာခြင်းမရှိဘဲ လွှတ်ပေးနိုင်လျှင် လွှတ်ပေးလိုက်ကြသည်။ ထို့အပြင် ၎င်းတို့သည် ကရုဏာထားရှိတတ်ပြီး အခြားသူများက အခက်အခဲများ ကြုံတွေ့နေရသည်ကို ၎င်းတို့ မြင်သည့်အခါတိုင်း ကူညီလိုစိတ်ရှိကြကာ အခြားသူများကို ကူညီရာ၌ ပျော်ရွှင်ကာ အခြားသူများကို တည်ဆောက်ပေးခြင်းအား မိမိတို့၏ ကိုယ်ပိုင်တာဝန်အဖြစ် မှတ်ယူကြသည်။ ဤသည်မှာ ကြင်နာခြင်း ဖြစ်သည်။ အန္တိခရစ်များသည် ဤလက္ခဏာရပ်ကို ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) ၎င်းတို့က “အကယ်၍ သင် အခက်အခဲ၌ ရှိပြီး ငါ သင့်ကို ကူညီလျှင် ပေးဆပ်ရမည့် အဖိုးအခတစ်ခု ရှိသည်။ အကယ်၍ ငါသည် သင့်ကို အကျိုးပြုလျှင် ငါ့အတွက် အဘယ်အရာ ရှိသနည်း။ အကယ်၍ ငါသည် သင့်ကို စာနာလျှင် မည်သူက ငါ့ကို စာနာမည်နည်း။ အကယ်၍ သင့်ကို ငါ ကူညီလျှင် သင်သည် ငါ၏ ကောင်းမြတ်ခြင်းကို အမှတ်ရမည်လော။ သင့်ကို ကူညီရန်အတွက် ငါ့ကိုယ်ငါ စတေးဖို့ သင် တောင်းဆိုနေပါက သင် အိပ်မက်မက်နေခြင်း ဖြစ်ရပေမည်။ ငါတို့ကြားတွင် အဘယ်ဆက်ဆံရေး ရှိသနည်း။ သင်သည် ငါ့ကို အဘယ်အကျိုးပြုနိုင်မည်နည်း။ သင်သည် ငါ့ကို ယခင်က ကူညီခဲ့ဖူးသလော။ သင်သည် အဘယ်သူနည်း။ သင်သည် ကူညီထိုက်သလော။ အကယ်၍ သင်သည် ဘုရင်၏ သမီးတော် သို့မဟုတ် သူဌေးတစ်ဦး၏ သားဖြစ်ပါက သင့်ကို ကူညီခြင်းက ငါ့ကို ဂုဏ်အချို့ သို့မဟုတ် အမြတ်အစွန်းအချို့ ဆောင်ကြဉ်းမည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သင်သည် ထိုအရာများထဲမှ တစ်ခုမျှ မဟုတ်ပေ။ အဘယ်ကြောင့် ငါ သင့်ကို ကူညီသင့်သနည်း။ သင့်ကို ကူညီခြင်းမှ ငါ အဘယ်အကျိုးကျေးဇူးများ ရရှိမည်နည်း”ဟု ယုံကြည်ကြသည်။ ဤသည်မှာ တစ်စုံတစ်ဦး အခက်အခဲ၌ ရှိကြောင်း၊ တစ်စုံတစ်ဦး အားနည်းကြောင်း၊ သို့မဟုတ် တစ်စုံတစ်ဦး အကူအညီ လိုအပ်ကြောင်းကို ၎င်းတို့ မြင်သောအခါ ၎င်းတို့ တွေးထင်ပုံ ဖြစ်သည်။ ဤသည်မှာ ကြင်နာခြင်းလော။ ဤလူတို့သည် တစ်စုံတစ်ဦးက အားနည်းသော အခြေအနေ၌ ရှိသည်ကို မြင်သောအခါ ထိုလူကို လှောင်ပြောင်ပြီး ပြက်ရယ်ပြုရုံသာမက ၎င်းတို့၏ စိတ်နှလုံးထဲ၌ တွက်ချက်မှုများလည်း ပြုလုပ်ကြသည်။ အချို့သည် ဤအရာကို မိမိတို့ကိုယ်ကို ပြစားရန် သို့မဟုတ် ထိုသူ၏ စိတ်နှလုံးကို စည်းရုံးသိမ်းသွင်းရန် အခွင့်အရေးတစ်ခုအဖြစ်ပင် ရှုမြင်ကြသည်။ ဤအရာများထဲမှ တစ်ခုမျှ ကြင်နာခြင်း မဟုတ်ပေ။ အန္တိခရစ်များသည် မိမိတို့ကိုယ်ကို ဂုဏ်တင်ရန် ထိုသို့သော အခွင့်အရေးများကို မကြာခဏ အခွင့်ကောင်းယူတတ်ကြသည်။ အကျိုးအမြတ် ပါဝင်ပတ်သက်ခြင်း မရှိလျှင် ၎င်းတို့၌ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တစ်ခု မရှိလျှင် ၎င်းတို့သည် ပြုမူဆောင်ရွက်မည် မဟုတ်ပေ။ အကယ်၍ ၎င်းတို့သည် တစ်စုံတစ်ဦးကို ကူညီလျှင် ၎င်းတို့သည် ထိုသူကို မဟာမိတ်တစ်ဦးအဖြစ် ရရှိလိုကြသည်။ အကယ်၍ ၎င်းတို့သည် လူနှစ်ဦးကို ကူညီပြီး သနားကြင်နာလျှင် မဟာမိတ်တစ်စုံကို ရရှိလိုကြသည်၊ ညာလက်ရုံးနှစ်ဦးကို ရရှိလိုကြသည်။ သို့တည်းမဟုတ်ပါက ၎င်းတို့သည် မည်သည့်အရာမျှ အားစိုက်ထုတ်ကြမည် မဟုတ်သည့်အပြင် အကူအညီ လိုအပ်နေသူများအား သေချာပေါက် မေတ္တာပြမည် မဟုတ်ပေ။
အန္တိခရစ်တို့၏ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းတို့၏ အဓိကသရုပ်သကန်မှာ ၎င်းတို့လုပ်သမျှတိုင်းတွင် အထူးသဖြင့် သိသာထင်ရှားသော ရည်မှန်းချက်တစ်ခုရှိခြင်းဖြစ်သည်။ ၎င်းတို့စဉ်းစားသည့် ပထမဆုံးသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများဖြစ်သည်။ ၎င်းတို့၏ နည်းလမ်းများသည် စက်ဆုပ်ဖွယ်ဖြစ်သည်၊ ရိုင်းစိုင်းသည်၊ ရွံစရာကောင်းသည်၊ ယုတ်ညံ့ပြီး ကလိမ်ကကျစ်ကျသည်။ အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့်နည်းတွင်၊ လူများကို ၎င်းတို့ဆက်ဆံသည့်နည်းလမ်းတွင်၊ ၎င်းတို့ဆက်ဆံသည့် စည်းမျဉ်းများတွင် ရိုးသားစစ်မှန်မှုမရှိပေ။ လူတို့ကို ၎င်းတို့ဆက်ဆံသည့်နည်းသည် လူတို့အပေါ် အခွင့်အရေးယူရန်၊ လှည့်စားရန်ဖြစ်သည်။ လူတို့သည် ၎င်းတို့အတွက် အသုံးဝင်သောတန်ဖိုးမရှိတော့လျှင် လူတို့ကို စွန့်ပစ်လိုက်သည်။ သင်သည် ၎င်းတို့အတွက် အသုံးဝင်သောတန်ဖိုးရှိလျှင် ၎င်းတို့က သင့်အား ဂရုစိုက်သည့်ဟန်ဆောင်သည်။ “သင် မည်သို့ အခြေအနေရှိသနည်း။ အခက်အခဲတစ်စုံတစ်ရာရှိသလော။ သင်၏အခက်အခဲများကို ကျွန်ုပ် ကူညီဖြေရှင်းပေးနိုင်သည်။ ပြဿနာတစ်စုံတစ်ခုရှိလျှင် ပြောပါ။ သင့်အတွက် ကျွန်ုပ်ရှိသည်။ ကျွန်ုပ်တို့သည် အလွန်ကောင်းသည့် ဆက်ဆံရေးရှိသည်မှာ ကံကောင်းလိုက်လေခြင်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အလွန် အာရုံစိုက်သည့်ပုံစံရှိသည်။ သို့တိုင်အောင် သင်သည် ၎င်းတို့အတွက် အသုံးဝင်သောတန်ဖိုးတစ်ခုခုမရှိတော့သည့် နေ့ရက်အချိန် ရောက်လာလျှင် ၎င်းတို့က သင့်ကို စွန့်ပစ်လိမ့်မည်။ သင်ကို ဘေးဖယ်လိမ့်မည်ဖြစ်ပြီး သင်နှင့် ယခင်က မည်သည့်အခါကမျှ တွေ့ပင်မတွေ့ဖူးသည့်အလား လျစ်လျူရှုကြလိမ့်မည်။ သင်သည် အမှန်တကယ်ပင် ပြဿနာတစ်ခုရှိပြီး အကူအညီတောင်းရန်အတွက် ၎င်းတို့ကို သွားရောက်ရှာဖွေလျှင် ၎င်းတို့၏ သဘောထားသည် ရုတ်တရက် ပြောင်းလဲသွားသည်။ ၎င်းတို့၏ စကားများသည် အစက သင့်ကိုကူညီရန် ၎င်းတို့ကတိပေးခဲ့သောအချိန်ကကဲ့သို့ မချိုသာတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် ၎င်းတို့အတွက် အသုံးဝင်သောတန်ဖိုး မရှိတော့သောကြောင့်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် သင့်အပေါ် အာရုံစိုက်ခြင်း တစ်စုံတစ်ရာကို ရပ်တန့်လိုက်သည်။ ဤမျှနှင့် မပြီးသေးပေ။ သင်သည် တစ်စုံတစ်ခုကို မှားယွင်းလုပ်ဆောင်ခဲ့သည်ကို ၎င်းတို့ သိရှိလျှင်၊ သို့မဟုတ် ခုတုံးအဖြစ် ၎င်းတို့အသုံးပြုနိုင်သော အရာတစ်ခုကို တွေ့ရှိလျှင် သင့်အပေါ်သို့ အေးစက်စွာ အဆိုးမြင်လာသည်။ သင့်ကို ရှုတ်ချခြင်းပင်ပြုလုပ်နိုင်သည်။ ဤနည်းစနစ်ကို သင် မည်သို့ တွေးထင်သနည်း။ ဤသည်မှာ ကြင်နာခြင်း၊ ရိုးသားခြင်းကို ဖော်ပြခြင်းဖြစ်သလော။ အန္တိခရစ်များသည် သူတစ်ပါးတို့အပေါ် ၎င်းတို့၏ အပြုအမူများတွင် ဤမသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းတို့ကို ထင်ရှားပြသသောအခါ လူ့သဘာဝတစ်စွန်းတစ်စပါဝင်သလော။ ၎င်းတို့သည် လူတို့အပေါ် အနည်းငယ်မျှပင် ရိုးသားစစ်မှန်မှုရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့လုပ်သမျှတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်၊ မာနနှင့် ဂုဏ်သတင်းအတွက်၊ သူတစ်ပါးတို့ကြားတွင် မိမိတို့ ဂုဏ်အဆင့်အတန်းနှင့် ကျော်ကြားမှုရရန်အတွက်ဖြစ်သည်။ ၎င်းတို့ တွေ့ဆုံသည့်လူတိုင်းတွင် ၎င်းတို့သည် ထိုသူတို့အပေါ် အခွင့်အရေးယူနိုင်လျှင် ယူမည်ဖြစ်သည်။ ၎င်းတို့ အခွင့်အရေးမယူနိုင်သည့်သူများအပေါ်တွင် ၎င်းတို့သည် အထင်သေးပြီး အရေးမစိုက်ပေ။ သင်သည် သင့်ဘာသာ ၎င်းတို့ကို ချဉ်းကပ်လျှင်ပင် ၎င်းတို့က သင့်ကို လျစ်လျူရှုပြီး သင့်ကို ကြည့်ပင်မကြည့်ကြပေ။ သို့သော် ၎င်းတို့က သင့်ကိုလိုအပ်သောနေ့ကိုရောက်လာလျှင် သင့်အပေါ် ၎င်းတို့၏ သဘောထားသည် ရုတ်တရက် ပြောင်းလဲသွားသည်။ ၎င်းတို့သည် အလွန်အာရုံစိုက်ပြီး ဖော်ရွေတတ်လာသည်။ ယင်းက သင့်ကို ခေါင်းခြောက်စေသည်။ သင့်အပေါ် ၎င်းတို့၏ သဘောထားသည် အဘယ်ကြောင့် ပြောင်းလဲသွားသနည်း။ (အကြောင်းမှာ ယခုအခါ သင်၌ ၎င်းတို့အတွက် အသုံးဝင်သောတန်ဖိုး ရှိသောကြောင့်ဖြစ်သည်။) မှန်သည်။ သင် အသုံးဝင်သော တန်ဖိုးရှိသည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့၏ သဘောထားက ပြောင်းလဲသည်။ သင်တို့၏ အနီးဝန်းကျင်တွင် ထိုသို့သောလူများ ရှိသလော။ ဤလူတို့သည် အခြားသူများနှင့် ထိတွေ့ဆက်ဆံသောအခါ သိသာထင်ရှားစွာ ဆိုးရွားသည့်အရာတစ်ခုတလေကို ၎င်းတို့ လုပ်ဆောင်နေသည်မှာ အလွယ်တကူ ပေါ်လွင်ခြင်းမရှိပေ။ ၎င်းတို့၏ နေ့စဉ်အမူအရာများ၊ စကားပြောဆိုမှုနှင့် အပြုအမူတို့တွင်လည်း မည်သည့်သိသာထင်ရှားသော ပြဿနာမျှ ရှိပုံမပေါ်ပေ။ သို့ရာတွင် လူတို့နှင့် ၎င်းတို့က မည်သို့ ထိတွေ့ဆက်ဆံကြသည်ကိုလည်းကောင်း၊ အထူးသဖြင့် ၎င်းတို့နှင့် အနီးစပ်ဆုံးသောသူများ၊ အချစ်ဆုံးသောသူများနှင့် မည်သို့ ထိတွေ့ဆက်ဆံသည်ကိုလည်းကောင်း သေချာစွာ စောင့်ကြည့်လေ့လာမည်ဆိုလျှင် ၎င်းတို့က အခြားသူများကို မည်သို့ အမြတ်ထုတ်သည်ကိုလည်းကောင်း၊ နောက်ပိုင်းတွင် ၎င်းတို့ကို မည်သို့ ဆက်ဆံသည်ကိုလည်းကောင်း မြင်တွေ့ပါက ဤအရာမှတစ်ဆင့် အခြားသူများနှင့် ၎င်းတို့၏ ထိတွေ့ဆက်ဆံမှုများတွင် အန္တိခရစ်တို့၏ ရည်ရွယ်ချက်များ၊ သဘောထားများနှင့် နည်းလမ်းများကို သင် သတိပြုမိနိုင်ပေသည်။ ၎င်းတို့အားလုံးသည် ကိုယ်ပိုင်အကျိုးအမြတ်ကိုသာ ရှာဖွေနေကြပြီး စာတန်၏ အတွေးအခေါ်ဖြင့် အသက်ရှင်ကာ ပုံမှန် လူ့သဘာဝ တစ်ခုတလေ ကင်းမဲ့ကြပေသည်။
အန္တိခရစ်များသည် ၎င်းတို့၏ လူ့သဘာဝ၌ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းကဲ့သို့သော လက္ခဏာရပ်များကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် လူများနှင့် အမှုအရာများကို ဆက်ဆံရာ၌ ရိုးသားသော၊ ကြင်နာသော၊ ရိုးသားစစ်မှန်သောသူများနှင့် သင့်မြတ်အောင် ပေါင်းသင်းနိုင်သလော။ ထိုသို့သောလူများနှင့် ရင်းနှီးရန် လိုလားကြသလော။ (မလိုလားကြပါ။) ၎င်းတို့သည် ဤလူတို့ကို မည်သို့ ရှုမြင်ကြသနည်း။ ၎င်းတို့က “ဤလူများအားလုံးသည် လူတုံးလူအကြီးများချည်းသာ ဖြစ်သည်။ ၎င်းတို့သည် အလွန်ပင် တဲ့တိုးပြောကြသည်။ စကားမပြောမီ သင် သေချာစွာ စဉ်းစားသင့်သည်။ အဘယ်ကြောင့် အလွန်ဖြောင့်မှန်စွာ စကားပြောရသနည်း။ သင်၏ စကားက အမြဲ အလွန်ရိုးရှင်းသည်မှာ အဘယ်ကြောင့်နည်း”ဟု ပြောကြသည်။ အန္တိခရစ်များအတွက် ဤလူတို့သည် သနားစရာကောင်းလောက်အောင် မိုက်မဲကြပြီး အန္တိခရစ်များသည် ၎င်းတို့ကို အထင်သေးကြသည်။ ဤလူတို့သည် ကြင်နာသောသူနှင့် လူတို့ကို ရိုးသားစစ်မှန်စွာဖြင့် ဆက်ဆံသောသူတစ်ဦးကို မြင်သောအခါ ဤလူတို့သည် ထိုသူ အခက်အခဲများ ကြုံတွေ့ပြီး အကူအညီ လိုအပ်သောအခါ ထိုသူကို စစ်မှန်စွာ ကူညီကြသည်။ ပြီးလျှင် ထိုသူ၏ ကောင်းကျိုးချမ်းသာအတွက် မျှော်လင့်ကာ ထိုသူအား အကျိုးကျေးဇူးများ၊ အကူအညီနှင့် တည်ဆောက်မှုတို့ကို ပေးလိုကြသည်။ အန္တိခရစ်များသည် ဤလူတို့ကို မိုက်မဲပြီး ဉာဏ်နည်းသည်ဟု မှတ်ယူကြသည်။ လူ့သဘာဝ၏ ဤအပြုသဘောဆောင်သော အချက်များသည် လူတို့ ပိုင်ဆိုင်သင့်သော ကောင်းမြတ်သော သို့မဟုတ် လှပသော အရာများဖြစ်သည်ဟု အန္တိခရစ်တို့က မယုံကြည်ကြပေ။ ယင်းအစား ၎င်းတို့၏ စိတ်နှလုံးထဲ၌ ပုံမှန် လူ့သဘာဝအတွက် မရှိမဖြစ်လိုအပ်သော ဤလက္ခဏာရပ်များအပေါ် မုန်းတီးခြင်း၊ ပစ်ပစ်ခါခါငြင်းခြင်းနှင့် အထင်အမြင်သေးခြင်းတို့ကို ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့က ရိုးသားသောလူများကို မိုက်မဲသည်ဟု ခေါ်သည်၊ ကြင်နာသောလူများကိုလည်း ထိုနည်းတူ ပြောဆိုပြီး ရိုးသားစစ်မှန်သောလူများကို သာ၍ပင် ထိုသို့ပြောဆိုကြသည်။ ဘုရားသခင်ကို အတော်အတန် ရိုးသားစွာ ယုံကြည်သူများ၊ မိမိတို့၏ တာဝန်များကို အတော်အတန် ရိုးသားစွာ ထမ်းဆောင်သူများ၊ ကြင်နာသောစိတ်နှလုံးရှိပြီး အခြားလူတို့ကို မည်သည့်အခါမျှ မထိခိုက်စေသူများ သို့မဟုတ် အန္တရာယ်မပြုသူများ၊ အခြားသူများကို ချစ်ခင်ပြီး စာနာတတ်သူများ၊ အခြားသူများကို ကူညီရန် မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များကို စွန့်လွှတ်နိုင်ပြီး မိမိတို့၏ ကိုယ်ပိုင်အခက်အခဲများကို ကျော်လွှားနိုင်သူများ၊ အားနည်းပြီး အကူအညီ လိုအပ်နေသူများကို မြင်သောအခါ ဝန်ထုပ်ဝန်ပိုးနှင့် တာဝန်ရှိသည်ဟု ခံစားရသူများကို အန္တိခရစ်များက စိတ်ထဲတွင် သာ၍ပင် အထင်အမြင်သေးစိတ် ထားရှိကြသည်။ ဘုရားသခင်အပေါ် မိမိတို့၏ ယုံကြည်ခြင်း၌ အတော်အတန် ရိုးသားစစ်မှန်သူများ၊ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံး ရှိသူများ၊ အရာခပ်သိမ်း၌ ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံသူများ၊ မိမိတို့၏ တာဝန်များကို ရိုးသားစစ်မှန်ခြင်း၊ သစ္စာစောင့်သိခြင်းနှင့် တာဝန်သိစိတ်တို့ဖြင့် ထမ်းဆောင်နိုင်စွမ်း ရှိသူများနှင့် မိမိတို့၏ တာဝန်များကို ရိုးသားစစ်မှန်သော သဘောထားဖြင့် ချဉ်းကပ်သူများနှင့်ပတ်သက်၍ အန္တိခရစ်များသည် ထိုသို့သော ပုဂ္ဂိုလ်များကို စိတ်ထဲ၌ အထင်အမြင်သေးပြီး မုန်းတီးကြကာ အပြင်ပန်း၌ ၎င်းတို့ကို သိသိသာသာ ရှောင်ရှားပြီး ခပ်ကင်းကင်းနေကြသည်။ အန္တိခရစ်များ၏ အမြင်တွင်၊ ပုံမှန် လူ့သဘာဝအတွက် မရှိမဖြစ်လိုအပ်သော ဤအပြုသဘောဆောင်သည့် အချက်အားလုံးသည် အပြုသဘောဆောင်သော အရာတစ်ခုမျှ မဟုတ်ပေ။ ထိုအရာများသည် ချီးမွမ်းထိုက်ခြင်းမရှိ သို့မဟုတ် မြှင့်တင်ထိုက်ခြင်းမရှိပေ။ ယင်းအစား အန္တိခရစ်များသည် လူတို့ကို ဆက်ဆံခြင်းနှင့်ဆိုင်သည့် မိမိတို့၏ ကိုယ်ပိုင်အကြံအစည်များ၊ နည်းဗျူဟာများ၊ အတွင်းနည်းလမ်းများနှင့် ရက်စက်မှုတို့သည် ချီးကျူးထိုက်သည်ဟု ယုံကြည်ကြသည်။ အချိန်တိုင်းတွင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မိမိတို့၏ စိတ်ထဲ၌ မိမိတို့၏ နည်းလမ်းများနှင့် အကြံအစည်များကို စဉ်းစားဆင်ခြင်ပြီး ပြုပြင်မွမ်းမံနေကြသည်။ ကိစ္စရပ်၏ အတိုင်းအတာ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ဤနည်းအတိုင်း ပြုမူရကျိုးနပ်ပြီး လိုအပ်သည်ဟု ယုံကြည်ကြသည်။ သို့တည်းမဟုတ်ပါက ယင်းမှာ ဆုံးရှုံးမှုများနှင့် ၎င်းတို့၏ ဂုဏ်သတင်း ထိခိုက်ပျက်စီးစေမှုတို့ဖြင့် အဆုံးသတ်လိမ့်မည်။ ဤအချက်များက အန္တိခရစ်များ၏ လူ့သဘာဝ၌ တည်ရှိနေသည်ကို ထောက်ရှုသော် ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သလော။ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်သလော။ လုံးဝ မလုပ်ဆောင်နိုင်ပေ။ သင်သည် ရိုးသားခြင်း၊ ကြင်နာခြင်းနှင့် အခြားအပြုသဘောဆောင်သော အရာများကို မည်သို့ပင် အလေးပေးသည်ဖြစ်စေ၊ လူတို့အား ဤသွင်ပြင်လက္ခဏာများကို ပိုင်ဆိုင်ရန်နှင့် ဤအပြုသဘောဆောင်သော လူ့သဘာဝနှင့်အညီ လူတို့ကို ဆက်ဆံရန်၊ ၎င်းတို့၏ တာဝန်များကို သဘောထားပြုမူရန်နှင့် ကိစ္စရပ်အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန် မည်မျှတောင်းဆိုသည်ဖြစ်စေ အန္တိခရစ်များ၏ စိတ်နှလုံးများ နက်ရှိုင်းရာအတွင်း၌ ဤအရာများအပေါ် ငြင်းပယ်ခြင်း၊ အထင်အမြင်သေးခြင်းနှင့် ရန်လိုခြင်းတို့ ရှိနေသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်များသည် ဤအပြုသဘောဆောင်သော အရာများ လုံးဝကင်းမဲ့နေသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရ၌ ၎င်းတို့ ပိုင်ဆိုင်သည့်အရာမှာ မကောင်းဆိုးဝါးဆန်သော သဘာဝဖြစ်သည့် မသိမသာ ဒုက္ခပေးခြင်း၊ ရက်စက်ခြင်းတို့နှင့်ဆိုင်သော ကိုယ်ကျင့်စရိုက်တစ်ခု ဖြစ်သည်။ ဤကိုယ်ကျင့်စရိုက်နှင့် ဘုရားသခင် တောင်းဆိုသည့်အတိုင်း ရိုးသားခြင်း၊ ကြင်နာခြင်းနှင့် ရိုးသားစစ်မှန်ခြင်းတို့အကြား ကွာဟမှုရှိသလော။ နှစ်ခုအကြား ကွာဟမှု ရှိရုံသာမက ယင်းတို့သည် တစ်ခုနှင့်တစ်ခု အတိအကျ ဆန့်ကျင်ဘက်ဖြစ်ကြသည်။ သဘာဝအားဖြင့် ကွဲပြားသော ကိုယ်ကျင့်စရိုက်နှစ်ခု ဖြစ်သည်။ အန္တိခရစ်များ၏ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်း၏ သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များထဲမှ တစ်ခုခုသည် ပုံမှန် လူ့သဘာဝနှင့် ကိုက်ညီသလော။ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသလော။ သေချာပေါက် မကိုက်ညီပေ။ ယင်းအားလုံးမှာ စာတန်၏ ပရိယာယ်များနှင့် ကျိတ်ကြံစည်မှုများ ဖြစ်သည်။ စာတန်၏ ပရိယာယ်များနှင့် ကျိတ်ကြံစည်မှုများအားဖြင့် ထင်ရှားပေါ်လွင်သော သဘာဝသည် ဘုရားသခင်တောင်းဆိုသည့် ပုံမှန် လူ့သဘာဝတွင် မတည်ရှိသင့်သော မသိမသာဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းဟူသော အရာများ အတိအကျပင် ဖြစ်လေသည်။ မိတ်သဟာယဖွဲ့ခဲ့ပြီးသော မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်း၏ သရုပ်သကန်အမျိုးမျိုးကို အခြေခံ၍ သင်တို့၏ အနီးဝန်းကျင်၌ ထိုသို့သော လူ့သဘာဝကို ပိုင်ဆိုင်သောလူများ ရှိမရှိဟူသည်ကို စဉ်းစားသုံးသပ်ကြည့်လော့။ ဤမသိမသာ ဒုက္ခပေးပြီး ရက်စက်သော ကိုယ်ကျင့်စရိုက်ရှိသော အန္တိခရစ်များက ဧကန်မုချ လုပ်ဆောင်နိုင်လိမ့်မည်။ ၎င်းတို့၏ လုပ်ရပ်များသည် အခြားသူများအတွက် မြင်နိုင်မည်၊ ကြားနိုင်မည်၊ နားလည်ရလွယ်မည် ဖြစ်သည်။ ၎င်းတို့သည် နားလည်ရလွယ်ပါက လူတို့သည် ၎င်းတို့အကြောင်း ခံစားမိနိုင်ပြီး ထိုသို့သော ပုဂ္ဂိုလ်များကို အသိအမှတ်ပြုပြီး ပိုင်းခြားသိမြင်နိုင်ကြပေမည်။ မသိမသာ ဒုက္ခပေးပြီး ရက်စက်သော အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်သည် အတော်ပင် အဖြစ်များပြီး သိသာထင်ရှားသော သရုပ်သကန်တစ်ခု ဖြစ်သင့်သည်။ ယင်းမှာ ဖုံးကွယ်ထားသော စိတ်ကူး၊ အတွေး သို့မဟုတ် ရည်ရွယ်ချက်တစ်ခု မဟုတ်ဘဲ ၎င်းတို့၏ ထုတ်ဖော်ခံရသော လူ့သဘာဝနှင့် ၎င်းတို့ လုပ်ဆောင်ချက်များ၏ နည်းလမ်းများ၊ နည်းစနစ်များနှင့် နည်းဗျူဟာများ ဖြစ်သည်။ လူတို့သည် ဤရှုထောင့်ကို သိမြင်နိုင်သင့်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။