နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁) အခန်း လေး

ဃ။ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်

အန္တိခရစ်များသည် အသိစိတ်၊ ဆင်ခြင်တုံတရား၊ သို့မဟုတ် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် အရှက်တရားကင်းမဲ့ရုံမျှ မကဘဲ အခြားလက္ခဏာတစ်ခုလည်းရှိသည်။ ၎င်းတို့သည် သာမန်ထက်ပို၍ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့၏ “တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း”၏ တိုက်ရိုက်အဓိပ္ပာယ်သည် နားလည်သဘောပေါက်ရန် မခက်ပေ။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ၎င်းတို့၏အကျိုးစီးပွားနှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို ၎င်းတို့၏အာရုံစိုက်ခြင်းကို အပြည့်အဝ ရလေသည်။ ၎င်းတို့သည် ယင်းအတွက် ဒုက္ခခံလိမ့်မည်၊ အဖိုးအခပေးဆပ်လိမ့်မည်၊ ယင်း၌ အာရုံနစ်မွန်းနေလိမ့်မည်၊ ပြီးလျှင် ယင်း၌ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံထားလိမ့်မည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားတို့နှင့်မသက်ဆိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့က လျစ်လျူရှုပြီး သတိပြုမိမည် မဟုတ်ချေ။ အခြားသူများက မိမိတို့သဘောရှိ လုပ်ဆောင်နိုင်သည်။ တစ်စုံတစ်ဦးက အနှောင့်အယှက်လုပ်ခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း ဖြစ်စေခြင်းကို အန္တိခရစ်တို့က ဂရုမစိုက်ကြဘဲ ၎င်းတို့အဖို့မူ ဤအရာသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ပါးနပ်စွာဆိုရလျှင်၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ကိစ္စကိုသာ စိတ်ဝင်စားသည်။ သို့ရာတွင် ဤလူစားမျိုးသည် ယုတ်မာသည်၊ ယုတ်ညံ့ပြီး ရွံစရာကောင်းသည်ဟုဆိုလျှင် သာ၍ မှန်ကန်တိကျပေသည်။ ၎င်းတို့ကို “တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်”ဟု ငါတို့ သတ်မှတ်ကြသည်။ အန္တိခရစ်တို့၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့က မည်သို့ သူ့ဘာသာ ပေါ်လွင်သနည်း။ ၎င်းတို့၏ အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်သတင်းကို အကျိုးပြုသည့် အရာမှန်သမျှတွင် ၎င်းတို့သည် လိုအပ်သည့်အရာတိုင်းကို လုပ်ဆောင်ရန်၊ ပြောဆိုရန် အားထုတ်ကြသည်။ မည်သည့်ဆင်းရဲဒုက္ခကိုမဆို လိုလိုလားလား သည်းခံကြသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်က စီစဉ်သော အလုပ်နှင့်ပတ်သက်သည့်နေရာတွင်၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်တာကြီးထွားမှုကို အကျိုးဖြစ်စေသည့် အလုပ်နှင့် ပတ်သက်သည့်နေရာတွင် ၎င်းတို့က လုံးလုံး လျစ်လျူရှုကြသည်။ မကောင်းမှုပြုသူများက ဖျက်လိုဖျက်ဆီးပြုလုပ်သည့်အခါ၊ နှောင့်ယှက်သည့်အခါ မကောင်းမှုမျိုးစုံကို ကျူးလွန်ပြီး ထိုသို့ဖြင့် အသင်းတော်အလုပ်ကို အလွန်အမင်းထိခိုက်သည့်အခါတွင်ပင် ၎င်းတို့သည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ မထုံတက်သေးဖြင့်၊ အရေးမစိုက်စွာဖြင့် နေသည်။ ပြီးလျှင် တစ်စုံတစ်ဦးက ဆိုးယုတ်သောသူတစ်ဦး၏ ဒုစရိုက်အမှုများကို သိရှိသွားပြီး ယင်းကို တိုင်ကြားပါက မည်သည့်အရာကိုမျှ မမြင်ခဲ့မိကြောင်း ၎င်းတို့ပြောဆိုကာ မသိနားမလည်ယောင် ဆောင်လေသည်။ သို့ရာတွင် ၎င်းတို့သည် စစ်မှန်သော အလုပ်မလုပ်ဘဲ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကိုသာ လိုက်စားကြောင်းကို တစ်စုံတစ်ဦးက ၎င်းတို့ကို တိုင်ကြားပြီး ဖော်ထုတ်သည့်အခါ ၎င်းတို့က ထောင်းခနဲ ဒေါသထွက်ကြသည်။ တုံ့ပြန်ဖို့ နည်းလမ်းကို ဆွေးနွေးရန် အစည်းအဝေးများကို ကမန်းကတန်း ပြုလုပ်ကျင်းပသည်၊ ၎င်းတို့၏ နောက်ကွယ်တွင် မည်သူက လျှို့ဝှက်ကြံစည်ကြောင်း၊ ဂိုဏ်းခေါင်းဆောင်မှာ မည်သူဖြစ်ကြောင်းနှင့် ပါဝင်ပတ်သက်သည့်သူမှာ မည်သူဖြစ်ကြောင်း သိရှိအောင် လုပ်ဆောင်ရန် စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်သည်။ ၎င်းတို့သည် ယင်း၏ အကြောင်းရင်းကို မသိရမချင်း၊ ထိုကိစ္စကို လုံးလုံးလျားလျား မဖြေရှင်းပြီးမချင်း အိပ်မည် မဟုတ်ချေ၊ သို့မဟုတ် စားမည် မဟုတ်ချေ။ ၎င်းတို့ကို တိုင်ကြားရာတွင် ပါဝင်နေခဲ့သည့်လူတိုင်းကို ၎င်းတို့ ဖြိုဖျက်ပြီးသည့်အခါမှသာ ၎င်းတို့ ဝမ်းမြောက်မှုကိုပင် ခံစားနိုင်လေသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန်ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော် အလုပ်ကို လုပ်ဆောင်နေခြင်း ဖြစ်သလော။ ၎င်းတို့သည် မိမိတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့အတွက် ပြုမူနေခြင်းသက်သက်သာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းတွင် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ ၎င်းတို့မည်သည့်အလုပ်ကို တာဝန်ယူဆောင်ရွက်ပါစေ၊ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများ ထိခိုက်ခြင်း ရှိမည် မရှိမည်ကိုသာ ၎င်းတို့ ဆင်ခြင်တွေးတောသည်၊ ၎င်းတို့ကို အကျိုးပြုသည့် ၎င်းတို့ရှေ့တွင်ရှိသော အလုပ်အနည်းငယ်ကိုသာ စဉ်းစားသည်။ ၎င်းတို့အတွက် အသင်းတော်၏ အဓိကအလုပ်သည် ၎င်းတို့အချိန်ပိုတွင် လုပ်သောအရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် လုံးဝ အလေးအနက်မထားပေ။ ၎င်းတို့သည် လုပ်ဆောင်ရန် တိုက်တွန်းခြင်း ခံရသောအခါမှသာ လှုပ်ရှားသည်။ ၎င်းတို့ လုပ်လိုသည့်အရာကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အာဏာကို ထိန်းသိမ်းဖို့အတွက် ဖြစ်သည့်အလုပ်ကိုသာ လုပ်ကြသည်။ ၎င်းတို့၏ အမြင်တွင်၊ ဘုရားအိမ်တော်မှ စီစဉ်သည့် မည်သည့်အလုပ်မဆို၊ ဧဝံဂေလိဖြန့်ဝေသည့် အလုပ်နှင့် ဘုရားသခင်ရွေးချယ်သော လူတို့၏ အသက်ဝင်ရောက်မှုတို့သည် အရေးမကြီးပေ။ အခြားလူများသည် မိမိတို့၏အလုပ်၌ မည်သည့်အခက်အခဲများ ရှိပါစေ၊ ၎င်းတို့ မည်သည့်ပြဿနာများကို ဖော်ထုတ်ပြီးဖြစ်ကာ ယင်းတို့ကို တိုင်ကြားပြီးဖြစ်ပါစေ၊ ၎င်းတို့၏စကားများ မည်မျှ ရိုးသားစစ်မှန်ပါစေ အန္တိခရစ်တို့သည် အရေးမထားကြပေ၊ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိပေ၊ ဤအရာက ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင် ဖြစ်သည်။ အသင်းတော်အလုပ်တွင် ဖြစ်ပေါ်သော ပြဿနာများက မည်မျှကြီးမားပါစေ ၎င်းတို့သည် လုံးလုံး စိတ်မဝင်စားပေ။ ပြဿနာတစ်ခုက ၎င်းတို့၏ ရှေ့တည့်တည့်တွင် ရှိလျှင်ပင် ၎င်းတို့က ယင်းကို ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်လေသည်။ အထက်က တိုက်ရိုက်ပြုပြင်ခြင်းကို ခံရပြီး ပြဿနာကို ဖြေရှင်းဖို့ အမိန့်ပေးခံရသည့်အခါမှသာလျှင် ၎င်းတို့က တကယ့်အလုပ်အနည်းငယ်ကို ဆောင့်ကြီးအောင့်ကြီးလုပ်မည် ဖြစ်ပြီး အထက်ကမြင်ဖို့အတွက် တစ်ခုခုကို ပေးလိမ့်မည်။ မကြာမီတွင် ၎င်းတို့က မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ပတ်သက်လာပါက၊ ပို၍ကျယ်ပြန့်သော အခြေအနေ၏ အရေးပါသော အရာများနှင့်ပတ်သက်လာပါက ၎င်းတို့သည် ဤအရာများကို စိတ်မဝင်စားဘဲ လျစ်လျူရှုကြသည်။ ၎င်းတို့ ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုပင် လျစ်လျူရှုကြသည်။ ပြီးလျှင် ပြဿနာများအကြောင်းကို မေးသောအခါတွင် ဝတ်ကျေတမ်းကျေ အဖြေများကိုပေးကြသည်၊ သို့မဟုတ် တောင်စဉ်ရေမရ ပြောကြသည်။ အလွန်အမင်း တွန့်ဆုတ်စွာဖြင့်သာ ထိုပြဿနာများကို ကိုင်တွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ထို့အပြင် အန္တိခရစ်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ ၎င်းတို့တွေးနိုင်သည့်အရာမှာ ထိုတာဝန်က ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ဖြစ်သည်။ ယင်းက ၎င်းတို့၏ နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သရွေ့ ၎င်းတို့က ယင်းကို လုပ်ဆောင်သည့်နည်းအား သင်ယူဖို့၊ ယင်းကို ဆောင်ရွက်ဖို့ နည်းလမ်းကို အကြံထုတ်ရာတွင် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ယင်းက ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ၎င်းတို့ ဂရုစိုက်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ သို့မဟုတ် တွေးတောပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ အရေးစိုက်ကြသည်။ ၎င်းတို့က မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ မည်သူက မြင့်မားသည်၊ သို့မဟုတ် နိမ့်ကျသည်၊ မည်သူကနိုင်ပြီး၊ မည်သူက ရှုံးသည်၊ မည်သူ၌ ပို၍ ကြီးမားသော နာမည်ဂုဏ်သတင်း ရှိသည်တို့နှင့်ပတ်သက်၍သာ ယှဉ်ပြိုင်ကြသည်။ လူမည်မျှက ၎င်းတို့ကို ကိုးကွယ်ပြီး အထင်ကြီးသည်၊ လူမည်မျှက ၎င်းတို့ကို နာခံသည်၊ ပြီးလျှင် ၎င်းတို့၌ နောက်လိုက်မည်မျှရှိသည်တို့ကိုသာ ၎င်းတို့ ဂရုစိုက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမပြုပေ၊ သို့မဟုတ် တကယ့်ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှုကိစ္စများကို စည်းမျဉ်းနှင့်အညီ မည်သို့လုပ်ဆောင်ရမည်ကို မည်သည့်အခါမျှ ဆင်ခြင်စဉ်းစားခြင်းမရှိသကဲ့သို့ ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆင်ခြင်စဉ်းစားရန် မဆိုထားနှင့်၊ ၎င်းတို့ သစ္စာစောင့်သိနေခဲ့ခြင်း ရှိမရှိ၊ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ ၎င်းတို့၏ အလုပ်တွင် လမ်းလွဲနေခဲ့ခြင်းများ သို့မဟုတ် သတိမမူမိနေခဲ့ခြင်းများ ရှိမရှိ သို့မဟုတ် ပြဿနာတစ်ခုတလေ တည်ရှိခြင်း ရှိမရှိဟူသည်ကို ပြန်လည်သုံးသပ်ခြင်း မရှိကြ။ ဤအရာများအားလုံးကို ၎င်းတို့ တစ်စက်မျှ အာရုံမစိုက်ပေ။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၊ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့တို့အတွက်သာ ၎င်းတို့သည် ကြိုးစားအားထုတ်ပြီး အမှုကိစ္စများကို လုပ်ဆောင်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများသည် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ယုတ္တိမရှိသော တောင်းဆိုမှုများဖြင့် ပြည့်လျှံနေပုံကို အပြည့်အဝ ဖော်ထုတ်လေသည်။ ၎င်းတို့ လုပ်ဆောင်သမျှကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် အုပ်စိုးထားသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အရင်းခံအကြောင်းနှင့် အရင်းအမြစ်တို့မှာ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ယုတ္တိမရှိသော တောင်းဆိုမှုများသာ ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ စံပြုလောက်သော သရုပ်သကန်ဖြစ်သည်။

ခေါင်းဆောင်အချို့သည် စစ်မှန်သည့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ အထက်ထံသို့ အစီရင်ခံရန်၊ ပြုပြင်ခြင်းနှင့် ထုတ်ပယ်ခြင်းကို ရှောင်ရှားရန်နှင့် မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းကို လုံခြုံစေရန်အလို့ငှာ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့်ပတ်သက်၍ အလွန် အားထုတ်ကြိုးပမ်းကာ သူတို့အား မိမိတို့အတွက် အစေခံစေကြသည်။ ၎င်းတို့၏ အလုပ်တွင် ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုကြပြီး သမ္မာတရား စည်းမျဉ်းများအပေါ် မိတ်သဟာယဖွဲ့ခြင်း၊ တကယ့်ပြဿနာများကို ဖြေရှင်းခြင်း၊ ချစ်ခင်သောစိတ်နှလုံးဖြင့် အခြားသူများကို ကူညီခြင်း သို့မဟုတ် အခြားလူတို့၏ အခက်အခဲများကို ထည့်သွင်းစဉ်းစားပေးခြင်းတို့ မရှိသည့်အပြင် လူတို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ်နှင့် မိမိတို့၏ အသက်ဝင်ရောက်မှု၌ ရင်ဆိုင်ရသော တကယ့်အခက်အခဲများကို မည်သည့်အခါမျှ မဖြေရှင်းကြပေ။ ၎င်းတို့သည် အပျက်သဘောဆောင်သော မည်သူ့ကိုမျှ အားပေးခြင်း မရှိကြပေ။ ဖိနှိပ်ခြင်းနှင့် ပြစ်တင်မောင်းမဲခြင်းအပြင် ၎င်းတို့သည် အယူဝါဒများကိုသာ ပြောဆိုပြီး မိမိတို့၏ ဆောင်ပုဒ်များကို ဟစ်ကြွေးကြသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ဝန်ထုပ်ကို ထောက်ထားခြင်း မရှိဘဲ ယင်းအစား မိမိတို့ကိုယ်ကို အမွှမ်းတင်ရန်နှင့် မိမိတို့၏ အဆင့်အတန်းကို လုံခြုံစေရန်အလို့ငှာ ညီအစ်ကိုမောင်နှမများ ထမ်းဆောင်သော တာဝန်များ၏ ရလဒ်ကို အမြတ်ထုတ်လိုကြသည်။ အကယ်၍ ညီအစ်ကိုမောင်နှမများသည် တာဝန်ထမ်းဆောင်ရာ၌ ကောင်းသောရလဒ်များကို ပြသပါက ၎င်းတို့သည် အားရကျေနပ်ကြသည်။ ၎င်းတို့သည် အထက်၏ ရှေ့မှောက်၌ နာမည်ကောင်းယူကြပြီး စိတ်ထဲတွင် မိမိတို့၏ ကိုယ်ပိုင်သီလကို ချီးမွမ်းကာ မိမိတို့၏ တာဝန်များကို အတော်ပင် ကောင်းမွန်စွာ ထမ်းဆောင်ခဲ့သည်ဟု တွေးထင်ကြသည်။ ထို့အပြင် ၎င်းတို့သည် မိမိတို့၏ အလုပ်ကို လုပ်နေစဉ် ကြုံခဲ့ရသော အခက်အခဲများစွာ၊ ဘုရားသခင်က ၎င်းတို့အတွက် ထွက်ပေါက် ဖွင့်ပေးခဲ့ပုံ၊ ညီအစ်ကို မောင်နှမများအား အတူတကွ ကြိုးစားကာ ဤအခက်အခဲများကို အောင်မြင်ကျော်လွှားရန် ၎င်းတို့ ဦးဆောင်ခဲ့ပုံ၊ ထိုညီအစ်ကို မောင်နှမတို့အား ဤအလုပ်ပြီးစီးဖို့ ၎င်းတို့ ကူညီခဲ့ပုံ၊ စည်းမျဉ်းများကို ၎င်းတို့ လိုက်နာစောင့်ထိန်းပုံနှင့် ဆိုးယုတ်သောလူများကို ၎င်းတို့ ဖယ်ရှားရှင်းလင်းခဲ့ပုံတို့အား အထက်ကို သတင်းပို့ကြလေသည်။ ၎င်းတို့၏ အလုပ်တွင် ပေးဆပ်ခဲ့သော အဖိုးအခနှင့် ပြုလုပ်ခဲ့သော ပံ့ပိုးမှုများကိုလည်း အထူးတလည် အသားပေးဖော်ပြကြပြီး အလုပ် ကောင်းမွန်စွာ ပြီးမြောက်ခဲ့သည်မှာ မိမိတို့၏ ကိုယ်ပိုင်ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်ကြောင်း အထက်ကို သိစေကြသည်။ သွယ်ဝိုက်သောအားဖြင့် ၎င်းတို့က “ကျွန်ုပ်၏ ခေါင်းဆောင်မှုသည် ယင်း၏နာမည်နှင့် လျော်ညီပြီး ခေါင်းဆောင်အဖြစ် ကျွန်ုပ်ကို ရွေးချယ်ရာ၌ သင်တို့ မှန်ကန်သော ရွေးချယ်မှု ပြုလုပ်ခဲ့သည်” ဟူ၍ အထက်ကို ပြောနေကြခြင်း ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသော လူ့သဘာဝကို ထင်ရှားပေါ်လွင်စေသောသူများ၌ လက်သုံးစကားအချို့ မကြာခဏ ပြောတတ်သည်။ ဥပမာအနေနှင့် ၎င်းတို့ကို အသင်းတော်တစ်ပါးအား ဦးဆောင်ရန်အတွက် စီစဉ်ပြီးနောက် ၎င်းတို့က “ကျွန်ုပ်၏ အသင်းတော်၌ ကျွန်ုပ်တို့၏ အသင်းတော်အသက်တာသည် အလွန်ကောင်းမွန်သည်၊ အလွန် ထူးမြတ်လှသည်။ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများသည် ထူးမြတ်ပြီး နက်ရှိုင်းသော အသက်ဝင်ရောက်မှု ရှိခဲ့ကြကာ အားလုံး အသက်တာ အတွေ့အကြုံများ ရှိကြသည်။ ၎င်းတို့အနေဖြင့် ဘုရားကို မည်မျှချစ်သည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏ အလုပ် မည်မျှ ကောင်းမွန်စွာ ပြီးမြောက်သည်ကိုလည်းကောင်း ကြည့်ပါ” ဟူ၍ အမြဲပြောကြသည်။ ဤအရာများသည် အန္တိခရစ်များ၏ လက်သုံးစကားများ ဖြစ်ကြသည်။ ၎င်းတို့၏ လက်သုံးစကားများကို အကဲဖြတ်ရသော် ၎င်းတို့ တာဝန်ယူသော အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများကို မိမိတို့၏ ကိုယ်ပိုင်သိုးများအဖြစ် ဆက်ဆံကြောင်း၊ ၎င်းတို့ ထိန်းချုပ်သော အသင်းတော်ရှိ အရာရာတိုင်းကို မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် မှတ်ယူကြောင်းမှာ သိသာထင်ရှားပေသည်။ ဤသည်မှာ အရှက်တရားကင်းမဲ့ခြင်း မဟုတ်လော။ အဘယ်ကြောင့် ယင်းမှာ အရှက်တရားကင်းမဲ့ခြင်း ဖြစ်သနည်း။ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း၏ မည်သည့်သရုပ်သကန်မဆိုသည် အရှက်တရားကင်းမဲ့ခြင်းမှ ပေါ်ပေါက်လာသည်။ ထို့ကြောင့် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းသည် အရှက်တရားကင်းမဲ့ခြင်း ဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း၏ သရုပ်သကန်များကို ပြသသော ဤလူများသည် မုချ အရှက်တရားကင်းမဲ့သူများ ဖြစ်ကြသည်။ ခေါင်းဆောင်မှုဖြင့် အပ်နှင်းခံရပြီး အသင်းတော်တစ်ခုအပေါ် တာဝန်ရှိလာသည့်အခါတွင် ဘုရားသခင် ရွေးချယ်ထားသောလူများအား မိမိတို့၏တာဝန်များ ထမ်းဆောင်ရန် ဦးဆောင်ခြင်းနှင့် တိကျသော အလုပ်ကို လုပ်ဆောင်ခြင်းတို့ကို ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် သဘောထားပြုမူကြသည်။ မည်သူမျှ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် အရာရာတိုင်း၌ ဆုံးဖြတ်ပိုင်ခွင့်ရှိကြသည်။ အန္တိခရစ်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၊ အသင်းတော်၏ အလုပ်နှင့် အသင်းတော်၏ အသုံးဆောင်များနှင့် ပစ္စည်းဥစ္စာများကို မိမိတို့၏ကိုယ်ပိုင်ပစ္စည်းအဖြစ် မှတ်ယူကြသည်။ ဤအရာသည် ယင်းကိုယ်၌က ပြဿနာဖြစ်စေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုများကို သိမ်းပိုက်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူများကို လွှမ်းမိုးရန် ရည်မှန်းကြသည်။ ထို့အပြင် ၎င်းတို့သည် ဤအရာများကို အခြားသူများနှင့် ယှဉ်ပြိုင်ရန် အရင်းအနှီးအဖြစ် ရှုမြင်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို သစ္စာဖောက်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူများကို ဒုက္ခပေးရန်ပင် ဝန်မလေးကြပေ။ အန္တိခရစ်များက အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည်ဟု သင်တို့ ထင်ကြသလော။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်အတွက် နေရာတစ်ခု ရှိကြသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ကျိုးနွံနာခံခြင်း စိတ်နှလုံးရှိကြသလော။ လုံးဝမရှိပေ။ ထို့ကြောင့် အန္တိခရစ်များကို ကမ္ဘာပေါ်ရှိ စာတန်၏ အစေခံများအဖြစ် သို့မဟုတ် ဆိုးယုတ်သော မကောင်းဆိုးဝါးများအဖြစ် ခေါ်ဆိုခြင်းမှာ လုံးဝ လွန်ကဲခြင်းမရှိပေ။ အန္တိခရစ်၏ စိတ်နှလုံးထဲတွင် ဘုရား သို့မဟုတ် အသင်းတော်မရှိပေ။ ဘုရားသခင် ရွေးချယ်ထားသောသူများကို အလေးထားခြင်း သေချာပေါက် မရှိပေ။ ငါ့ကို ပြောလော့။ ညီအစ်ကိုမောင်နှမများရှိသည့် နေရာနှင့် ဘုရားသခင် အလုပ်လုပ်သည့် နေရာကဲ့သို့သော နေရာများကို ဘုရားသခင်၏ အိမ်တော်ဟု အဘယ်သို့ ခေါ်၍မရနိုင်မည်နည်း။ မည်သည့်ပုံစံဖြင့် ၎င်းတို့က အသင်းတော်များ မဟုတ်သနည်း။ သို့သော် အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင်လွှမ်းမိုးမှုစက်ဝန်းအတွင်း၌ ရှိသော အမှုကိစ္စများကိုသာ စဉ်းစား၏။ အခြားနေရာများကို ဂရုမစိုက် သို့မဟုတ် စိတ်မဝင်စားကြပေ။ ပြဿနာတစ်ခုကို ၎င်းတို့ရှာဖွေတွေ့ရှိလျှင်ပင် အာရုံမစိုက်ကြ။ ပို၍ဆိုးသည်မှာ နေရာတစ်ခုခုတွင် တစ်စုံတစ်ခုက မှားယွင်းပြီး အသင်းတော်အလုပ်ကို ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့်အခါ ၎င်းတို့က အလေးမထားချေ။ အဘယ်ကြောင့် လျစ်လျူရှုရသနည်းဟု ၎င်းတို့ကို မေးမြန်းသောအခါ “သင့်ကိစ္စမဟုတ်သည့်အရာကို မှတ်ချက်မပေးနှင့်” ဟူ၍ ပြောလျက် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော စဉ်းစားတွေးခေါ်မှုများကို တင်ပြကြသည်။ ၎င်းတို့၏ စကားများသည် ကျိုးကြောင်းသင့်သည့်ပုံစံ ရှိသည်။ ၎င်းတို့လုပ်ဆောင်သည့် အရာတွင် စည်းဘောင်များကို ၎င်းတို့နားလည်သည့်ပုံစံ ရှိသည်။ ၎င်းတို့၌ အပြင်ပန်းပြဿနာများ မရှိသည့်ပုံပေါ်သည်။ သို့သော် အနှစ်သာရက အဘယ်နည်း။ ယင်းသည် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းက ပေါ်လွင်ခြင်းဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စများကို မိမိတို့ကိုယ်ကိုအတွက်သာ လုပ်ဆောင်၏။ ၎င်းတို့ကိုယ်တိုင်၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက်သာ လုပ်ဆောင်သည်။ ၎င်းတို့တာဝန်များကို လုံးဝ မထမ်းဆောင်ကြပေ။ ဤသည်မှာ အန္တိခရစ်တို့၏ စရိုက်လက္ခဏာစင်စစ် နောက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာ၏။

အန္တိခရစ်များ၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ယုတ်မာမှု၏ အနှစ်သာရသည် သိသာသည်။ ဤအမျိုးအစားကို ၎င်းတို့ ဖော်ပြခြင်းသည် အထူးပင် ထင်ရှားသည်။ အသင်းတော်က ၎င်းတို့ကို အလုပ်တစ်ခု အပ်နှံသည်။ ဤအလုပ်က ကျော်ကြားမှုရှိပြီး အကျိုးအမြတ်ရစေလျှင်၊ ၎င်းတို့၏ မျက်နှာကို ပြခွင့်ပေးလျှင် ၎င်းတို့က အလွန်စိတ်ဝင်စားကြပြီး လက်ခံလိုစိတ်ရှိကြသည်။ ဤအလုပ်သည် ကျေးဇူးတင်ခံရခြင်း မရှိသော၊ သို့မဟုတ် လူများကို စိတ်ဆိုးစေရန် ပြုလုပ်ခြင်းပါဝင်သော သို့မဟုတ် ၎င်းတို့၏ မျက်နှာကို ပြခွင့်မပေးသော သို့မဟုတ် ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းကို အကျိုးမဖြစ်စေသော အလုပ်ဖြစ်လျှင် ၎င်းတို့က စိတ်ဝင်စားခြင်းမရှိဘဲ လက်ခံမည်မဟုတ်ပေ။ ဤအလုပ်က ၎င်းတို့နှင့် လုံးဝ မသက်ဆိုင်သကဲ့သို့၊ ၎င်းတို့လုပ်ဆောင်သင့်သည့်အလုပ် မဟုတ်သကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့က အခက်အခဲများကို ရင်ဆိုင်ရသောအခါ အဘက်ဘက်မှ ခြုံငုံကြည့်ဖို့ ကြိုးစားပြီး အသင်းတော်အလုပ်ကို ထည့်သွင်းစဉ်းစားမှု တစ်ခုခုရှိရန်မဆိုထားနှင့်၊ ထိုအရာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ချေပင် မရှိပေ။ ဥပမာ ဘုရားအိမ်တော်၏ အလုပ်နယ်ပယ် အတွင်းတွင် အလုပ်အားလုံး၏ လိုအပ်ချက်များကို အခြေခံပြီး အမှုထမ်းအချို့ကို ပြောင်းရွှေ့မှုများ ရှိနိုင်သည်။ လူအချို့ကို အသင်းတော်မှ ပြောင်းရွှေ့လျှင် ဤကိစ္စကို ကိုင်တွယ်ရန် အသင်းတော်ခေါင်းဆောင်များအတွက် သင့်တင့်လျောက်ပတ်သော နည်းလမ်းမှာ မည်သည့်အရာ ဖြစ်မည်နည်း။ အဘက်ဘက်မှ အကျိုးစီးပွားများအားလုံးထက် ၎င်းတို့၏ ကိုယ်ပိုင်အသင်းတော်အကျိုးစီးပွားကိုသာ အရေးစိုက်လျှင်၊ ၎င်းတို့သည် ထိုလူများအား ပြောင်းရွှေ့ဖို့ လုံးဝ မလိုလားလျှင် ပြဿနာက အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်အနေဖြင့် အဘယ်ကြောင့် ဘုရားအိမ်တော်၏ ဗဟိုမှချုပ်ကိုင်သော အစီအစဉ်များအားလုံးကို မကျိုးနွံမနာခံနိုင်ကြသနည်း။ ဤသို့သောသူသည် ဘုရားရည်ရွယ်ချက်များကို အလေးထားသလော။ အလုပ်အပေါ် အဘက်ဘက်မှ ခြုံငုံကြည့်ခြင်းကို အာရုံစိုက်သလော။ ၎င်းတို့က ဘုရားအိမ်တော်၏ အလုပ်အားလုံးကို မစဉ်းစားဘဲ ၎င်းတို့၏ ကိုယ်ပိုင်အသင်းတော်၏ အကျိုးစီးပွားများကိုသာ စဉ်းစားလျှင် ၎င်းတို့သည် အလွန် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည် မဟုတ်လော။ အသင်းတော်ခေါင်းဆောင်များသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ၊ ဘုရားအိမ်တော်၏ ဗဟိုချုပ်ကိုင်ထားသော အစီအစဉ်များနှင့် ညှိနှိုင်းဆောင်ရွက်မှုများတို့ကို အကြွင်းမဲ့ နာခံသင့်သည်။ ဤသည်မှာ သမ္မာတရားစည်းမျဉ်းများနှင့် ညီသောအရာဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်က လိုအပ်သောအခါတွင် ၎င်းတို့သည် မည်သူဖြစ်စေ လူတိုင်းက ဘုရားအိမ်တော်၏ ညှိနှိုင်းဆောင်ရွက်မှုနှင့် အစီအစဉ်များကို နာခံသင့်သည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦးက ၎င်းတို့သည် သူ၏ပိုင်ဆိုင်မှုဖြစ်သည့်အလား သို့မဟုတ် သူ၏ ဆုံးဖြတ်ချက်ကို ခံရမည့်အလား ထိန်းချုပ်ခြင်းကို လုံးဝ မခံသင့်ပေ။ ဘုရားအိမ်တော်၏ ဗဟိုချုပ်ကိုင်ထားသော အစီအစဉ်များအပေါ် ဘုရားသခင် ရွေးချယ်ထားသောလူများက နာခံခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်၊ ပြီးလျှင် ဤအစီအစဉ်များကို မည်သူမျှ အာခံ၍မရနိုင်ပေ။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင် တစ်ယောက်ယောက်က စည်းမျဉ်းနှင့်မညီသည့် ထင်ရာမြင်ရာလုပ်သော ရွှေ့ပြောင်းမှုတစ်ခုကို လုပ်ဆောင်မှသာ ဤအခြေအနေတွင် ဤအစီအစဉ်ကို မနာခံခြင်း ပြုလုပ်နိုင်သည်။ စည်းမျဉ်းများနှင့်အညီ ပုံမှန်ရွှေ့ပြောင်းမှုကို ပြုလုပ်လျှင် ဘုရားသခင် ရွေးချယ်ထားသောလူများ အားလုံးက နာခံသင့်သည်။ မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ကမျှ မည်သူကိုမဆို ထိန်းချုပ်ခွင့်၊ သို့မဟုတ် ထိန်းချုပ်စရာအကြောင်းတစ်ခုမျှ မရှိပေ။ ဘုရားအိမ်တော်၏ အလုပ်မဟုတ်သည့် အလုပ်တစ်ခုတလေ ရှိသည်ဟု သင်တို့ပြောမည်လော။ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိကို ဖြန့်ဝေခြင်း မပါဝင်သည့် အလုပ်တစ်ခုတလေ ရှိသလော။ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်ချည်းသာ ဖြစ်သည်၊ အလုပ်အသီးသီးသည် တန်းတူဖြစ်ပြီး “သင်၏အလုပ်” နှင့် “ကျွန်ုပ်၏အလုပ်” ဟူ၍ မရှိချေ။ ရွှေ့ပြောင်းခြင်းသည် စည်းမျဉ်းနှင့်ကိုက်ညီပြီး အသင်းတော်အလုပ်၏ လိုအပ်ချက်များကို အခြေခံလျှင် ဤလူများသည် ၎င်းတို့ကို အလိုအပ်ဆုံးနေရာသို့ သွားသင့်သည်။ သို့တိုင် ဤအခြေအနေမျိုးကို ရင်ဆိုင်ရသည့်အခါ အန္တိခရစ်တို့၏ တုံ့ပြန်မှုမှာ အဘယ်နည်း။ ၎င်းတို့သည် ဤသင့်တော်သည့်လူများကို ၎င်းတို့အနီးတွင် ထားရှိရန် မမှန်ကန်သော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာဖွေကြသည်။ ၎င်းတို့က သာမန်လူနှစ်ဦးကိုသာ ပေးပြီး၊ ထို့နောက်တွင် အလုပ်က မည်မျှ အလွန်ရှုပ်ကြောင်းကိုဖြစ်စေ၊ ၎င်းတို့ လူမလောက်ကြောင်း၊ လူများ ရှာရခက်ကြောင်းနှင့် ဤလူနှစ်ဦးကို ပြောင်းရွှေ့ပါက အလုပ် ဆိုးရွားစွာ ထိခိုက်မည်ဖြစ်ကြောင်းကိုဖြစ်စေ ပြောကြလျက် သင့်အား အကျပ်ရိုက်စေဖို့ မူမမှန်သော အကြောင်းပြချက်အချို့ကို ရှာကြလေသည်။ ပြီးလျှင် ၎င်းတို့မည်သည့်အရာကို လုပ်သင့်သည်ကို သင့်အား မေးပြီး လူတို့အား ပြောင်းရွှေ့ခြင်းအားဖြင့် သင်သည် ၎င်းတို့အပေါ် အကြွေးတင်သည်ဟု ခံစားရအောင် ပြုလုပ်သည်။ ဤသည်မှာ နတ်ဆိုးများ အလုပ်လုပ်သည့် နည်းလမ်းမဟုတ်လော။ ဤသည်မှာ ဘာသာတရားမရှိသူများက အမှုကိစ္စများကို လုပ်ဆောင်သည့်ပုံစံ ဖြစ်သည်။ အသင်းတော်တွင် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အစဉ် ကြိုးစားပြီး ကာကွယ်နေသည့် လူများသည် လူကောင်းများ ဖြစ်သလော။ ၎င်းတို့သည် စည်းမျဉ်းအတိုင်း ပြုမူသည့်သူများ ဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများ ဖြစ်သည်။ ပြီးလျှင် ဤအရာသည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်မဟုတ်လော။ အစွမ်းအစကောင်း ရှိသူတစ်ယောက်သည် အခြားတာဝန်တစ်ခုကို ထမ်းဆောင်ရန် အန္တိခရစ်လက်အောက်မှ ရွှေ့ပြောင်းရလျှင် အန္တိခရစ်၏ စိတ်နှလုံးတွင် ယင်းကို အလျှော့မပေးဘဲ အာခံပြီး ငြင်းဆန်သည်။ နုတ်ထွက်ချင်ပြီး ခေါင်းဆောင်ဖြစ်ရန်၊ သို့မဟုတ် အသင်းအဖွဲ့အကြီးအကဲဖြစ်ရန် စိတ်ထက်သန်မှုမရှိပေ။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ ၎င်းတို့သည် အသင်းတော်၏ အစီအစဉ်များအပေါ် အဘယ်ကြောင့် နာခံခြင်းမရှိသနည်း။ ၎င်းတို့၏ “ညာလက်ရုံး” ကို ရွှေ့ပြောင်းခြင်းသည် ၎င်းတို့အလုပ်၏ ရလဒ်များနှင့် တိုးတက်မှုကို ထိခိုက်မည်၊ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ထိခိုက်မည်၊ ဤအတွက်ကြောင့် ၎င်းတို့သည် ရလဒ်များကို သေချာစေရန် မဖြစ်မနေ ပို၍ အလုပ်လုပ်ရကာ ပို၍ ဒုက္ခခံရသည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့ လုံးဝ မလုပ်ဆောင်လိုသည့်အရာဖြစ်သည်။ ၎င်းတို့သည် သက်သာခြင်းကို အကျင့်ဖြစ်လာကြသည်။ ပို၍ အလုပ်ကြိုးစားခြင်း၊ သို့မဟုတ် ဒုက္ခခံခြင်း မပြုလုပ်လိုပေ။ ထို့ကြောင့် ထိုလူကို လွှတ်မပေးလိုပေ။ ဘုရားအိမ်တော်က ရွှေ့ပြောင်းမှုကို မရမက ပြုလုပ်လျှင် ၎င်းတို့က များစွာ စောဒကတက်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အလုပ်ကိုပင် စွန့်လွှတ်လိုက်ချင်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး မယုတ်မာသလော။ ဘုရားသခင်ရွေးချယ်ထားသောလူများကို အဓိကအားဖြင့် ဘုရားအိမ်တော်က ဗဟိုမှ စီမံခန့်ခွဲသင့်သည်။ ဤအရာက မည်သည့်ခေါင်းဆောင်၊ အဖွဲ့အကြီးအကဲ၊ သို့မဟုတ် သီးခြားလူတစ်ဦးချင်းစီနှင့်မျှ မသက်ဆိုင်ပေ။ လူတိုင်းက အခြေခံသဘောတရားအတိုင်း ပြုမူဆောင်ရွက်ရမည်။ ဤသည်မှာ ဘုရားအိမ်တော်၏ စည်းမျဉ်းဖြစ်သည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ မဆောင်ရွက်ကြပေ၊ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အကျိုးစီးပွားများအတွက် အစဉ်ကြံစည်ကာ ၎င်းတို့၏ အာဏာနှင့် အဆင့်အတန်းကို ခိုင်မာစေရန် အစွမ်းအစကောင်းရှိသော ညီအစ်ကိုမောင်နှမများကို ၎င်းတို့အား အစေခံစေကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမဖြစ်သလော။ အပြင်ပန်းတွင် အစွမ်းအစကောင်းရှိသူများကို ၎င်းတို့အနားတွင် ထားပြီး ဘုရားအိမ်တော်က ထိုသူတို့အား ရွှေ့ပြောင်းသည်ကို ခွင့်မပြုခြင်းသည် ၎င်းတို့က အသင်းတော်အလုပ်အတွက် စဉ်းစားပေးသကဲ့သို့ မြင်ရသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့က ၎င်းတို့၏ ကိုယ်ပိုင်အာဏာနှင့် အဆင့်အတန်းကိုသာ စဉ်းစားနေကြခြင်းဖြစ်သည်။ အသင်းတော်အလုပ်အတွက် လုံးဝ မစဉ်းစားပေ။ ၎င်းတို့က အသင်းတော်အလုပ်ကို ညံ့ဖျင်းစွာလုပ်ဆောင်ပြီး ဖြုတ်ချခံရမည်ကိုလည်းကောင်း၊ ၎င်းတို့၏ အဆင့်အတန်း ဆုံးရှုံးရမည်ကိုလည်းကောင်း ကြောက်ကြသည်။ အန္တိခရစ်များက ဘုရားအိမ်တော်၏ ပိုမိုကျယ်ပြန့်သောအလုပ်အတွက် မစဉ်းစားကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းအတွက်သာ စဉ်းစားသောအခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးနစ်နာခြင်းအတွက် လိပ်ပြာမလုံခြင်း မရှိဘဲ ၎င်းတို့၏ကိုယ်ပိုင် အဆင့်အတန်းကိုသာ ကာကွယ်ပြီး အသင်းတော်၏အလုပ် ထိခိုက်နစ်နာသည်အထိ မိမိတို့၏ အဆင့်အတန်းနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာပေသည်။ ထိုသို့သော အခြေအနေတစ်ခုဖြင့် ရင်ဆိုင်ရသည့်အခါ ယုတ်စွအဆုံး အကြင်သူသည် မိမိ၏အသိစိတ်ဖြင့် “ဤလူများအားလုံးသည် ဘုရားသခင်၏ အိမ်တော်နှင့်သက်ဆိုင်သည်၊ ၎င်းတို့သည် ငါ၏ကိုယ်ပိုင် ပိုင်ဆိုင်မှု မဟုတ်။ ငါသည်လည်း ဘုရားသခင်၏အိမ်တော်သား တစ်ဦးဖြစ်ပေသည်။ ဘုရားအိမ်တော်က လူများ ပြောင်းရွှေ့ခြင်းကို တားဆီးဖို့ ငါ၌ အဘယ်အခွင့်ရှိသနည်း။ ငါ့ကိုယ်ပိုင် တာဝန်နယ်ပယ်အတွင်းရှိ အလုပ်ကိုသာ အာရုံစိုက်နေမည့်အစား ဘုရားအိမ်တော်၏ အကျိုးစီးပွားအလုံးစုံကို ငါဆင်ခြင်တွေးတောသင့်သည်” ဟု သင်တွေးရမည်။ ယင်းတို့မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပိုင်ဆိုင်သည့် လူများ၌ တွေးသင့်သည့် အတွေးများဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သည့်သူများ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား ဖြစ်သည်။ ဘုရားအိမ်တော်သည် အလုံးစုံသောအလုပ်ကို ပါဝင်လုပ်ဆောင်ပြီး အသင်းတော်များက အလုပ်၏ အပိုင်းကဏ္ဍများကို ပါဝင်လုပ်ဆောင်သည်။ ထို့ကြောင့် ဘုရားအိမ်တော်တွင် အသင်းတော်ထံမှ အထူးလိုအပ်ချက် ရှိသည့်အခါ ခေါင်းဆောင်များ၊ အမှုဆောင်များအတွက် အရေးအကြီးဆုံးမှာ ဘုရားအိမ်တော်၏ အစီအစဉ်များကို နာခံခြင်းဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့သည် ထိုသို့သော အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို မပိုင်ဆိုင်ကြပေ။ ၎င်းတို့အားလုံးသည် အတော်လေး တစ်ကိုယ်ကောင်းဆန်ကြသည်၊ ကိုယ့်အတွက်သာ တွေးကြပြီး အသင်းတော်၏ အလုပ်နှင့်ပတ်သက်၍ မစဉ်းစားကြပေ။ ၎င်းတို့မျက်စိရှေ့တည့်တည့်မှ အကျိုးအမြတ်များကိုသာ ၎င်းတို့ ထည့်တွက်စဉ်းစားကြသည်။ ဘုရားအိမ်တော်၏ ပိုမိုကျယ်ပြန့်သောအလုပ်ကို ၎င်းတို့ မစဉ်းစားကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အစီအစဉ်များကို လုံးဝ နာခံနိုင်စွမ်းမရှိပေ။ ၎င်းတို့သည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်လေသည်။ ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့သည် အဟန့်အတားဖြစ်စေဖို့ပင် လုံလုံလောက်လောက် ရဲတင်းပြီး တစ်စုံတစ်ခု လုပ်ဆောင်ဖို့ပင် ငြင်းဆန်ရဲကြသည်။ ဤလူများသည် လူ့သဘာဝ မရှိဆုံးသော လူများဖြစ်သည်၊ ၎င်းတို့သည် ဆိုးယုတ်သော လူများဖြစ်ကြ၏။ အန္တိခရစ်များက ထိုလူစားမျိုးများဖြစ်ပေသည်။ ၎င်းတို့က အသင်းတော်၏ အလုပ်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများကိုလည်းကောင်း၊ ပြီးလျှင်၎င်းတို့၏ တာဝန်နယ်ပယ်အတွင်းရှိသော ပိုင်ဆိုင်မှုအားလုံးကိုပင် မိမိတို့၏ ကိုယ်ပိုင် ပုဂ္ဂလိက ပိုင်ဆိုင်မှုအဖြစ် အစဉ်သဖြင့် သဘောထားပြုမူကြသည်။ ဤအရာများ မည်သို့ ဖြန့်ဝေသည်၊ ပြောင်းရွှေ့သည်၊ အသုံးချသည်တို့မှာ ၎င်းတို့ သဘောဖြစ်ပြီး ဘုရားအိမ်တော်က ဝင်စွက်ဖက်ခွင့် မရှိဟု ၎င်းတို့ ယုံကြည်ကြသည်။ ယင်းတို့က ၎င်းတို့၏လက်ထဲသို့ ရောက်သည်နှင့်၊ ယင်းတို့ကို စာတန် ပိုင်ဆိုင်ထားသည့်အလား ဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ ထိခွင့်မရှိပေ။ ၎င်းတို့သည် ဩဇာအာဏာကြီးသောသူများ၊ အာဏာရှင်ဆန်ဆန် ထင်တိုင်းကြဲများဖြစ်ပြီး ၎င်းတို့၏ပိုင်နက်ထဲသို့သွားသည့်သူ မည်သူမဆိုသည် ၎င်းတို့၏ အမိန့်များနှင့် စီစဉ်မှုများကို အလွန်လိမ္မာပြီး ပျော့ပြောင်းသော ပုံစံဖြင့် နာခံရမည် ဖြစ်ကာ ၎င်းတို့၏ အသုံးအနှုန်းများကို အရိပ်အကဲကြည့်ရမည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်အတွင်းရှိ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန်ဖြစ်လေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အလုပ်ကို ထည့်တွက်စဉ်းစားခြင်း မရှိကြပေ။ စည်းမျဉ်းကို အနည်းငယ်မျှ မလိုက်လျှောက်ကြသည့်အပြင် မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများနှင့် ဂုဏ်အဆင့်အတန်းတို့ကိုသာ တွေးလေသည်၊ ယင်းတို့သည် အန္တိခရစ်များ၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ဆိုးယုတ်မှု ဝိသေသလက္ခဏာများသာ ဖြစ်သည်။

နောက်ထပ် အခြေအနေတစ်ခု ရှိသည်။ ယင်းမှာ ညီအစ်ကိုမောင်နှမများက ပူဇော်ဆက်ကပ်သော ငွေဖြစ်စေ၊ ပစ္စည်းဖြစ်စေ ပုံမှန်အခြေအနေများတွင် ပမာဏ မည်မျှပင်ဖြစ်စေ အားလုံးကို ဘုရားအိမ်တော်သို့ လွှဲပြောင်းပေးသင့်သည်။ သို့ရာတွင် အန္တိခရစ်အချို့က “ကျွန်ုပ်တို့ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများက ပူဇော်ဆက်ကပ်သောငွေသည် ကျွန်ုပ်တို့၏ အသင်းတော်နှင့် သက်ဆိုင်ပြီး ယင်းမှာ ကျွန်ုပ်တို့၏ အသင်းတော်က သိမ်းဆည်းကာ အသုံးပြုရန်အတွက် ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ယင်းကို မည်သို့အသုံးပြုသည် သို့မဟုတ် မည်သို့ဖြန့်ဝေသည်ကို မည်သူမျှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိသည့်အပြင် ယင်းကို ယူဆောင်သွားရန် ၎င်းတို့တွင် အရည်အချင်းများ သေချာပေါက် မရှိပါ” ဟု မှားယွင်းစွာ ယုံကြည်ကြသည်။ သို့ဖြစ်၍ အကယ်၍ သင်သည် အသင်းတော်က အလှူငွေများ မည်မျှ လက်ခံရရှိသည်ကို ၎င်းတို့အား မေးမြန်းပါက သင်က ယင်းအား ယူဆောင်သွားမည်ကို ၎င်းတို့ ကြောက်ရွံ့ကြမည်ဖြစ်ပြီး တကယ့်ပမာဏကို သင့်အား ပြောပြကြမည် မဟုတ်ပေ။ လူအချို့က “၎င်းတို့ ယူဆောင်သွားမည်ကို ကြောက်ရွံ့ကြသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် ယင်းကို ကိုယ့်ဘာသာကိုယ် သုံးစွဲလိုကြသလော”ဟု တွေးကောင်းတွေးနိုင်သည်။ သေချာပေါက် မဟုတ်ပေ။ ၎င်းတို့က “ကျွန်ုပ်တို့၏ အသင်းတော်သည်လည်း ငွေလိုအပ်သည်။ အကယ်၍ ထိုငွေကို ယူဆောင်သွားပါက ကျွန်ုပ်တို့၏ အလုပ်ကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း” ဟု တွေးကြသည်။ အထက်၌ ဤကိစ္စရပ်များအတွက် စည်းမျဉ်းများ ရှိသည်၊ သို့ဖြစ်၍ သင်သည် ထိုအရာများကို ကိုင်တွယ်ဖြေရှင်းသောအခါ စည်းမျဉ်းများကို အဘယ်ကြောင့် မလိုက်လျှောက်ကြသနည်း။ သင်၏ အလုပ်အတွက် အသုံးပြုရန် လုံလုံလောက်လောက် ဘေးဖယ်ထားပြီး ကျန်ရှိသည့်အရာကို ဘုရားအိမ်တော်က တစ်ပြေးညီ စီစဉ်သည်။ ဤအရင်းအမြစ်များသည် အသင်းတော်ခေါင်းဆောင်ပိုင်း၏ ကိုယ်ပိုင်ပစ္စည်း မဟုတ်ပေ။ ဘုရားအိမ်တော်နှင့် သက်ဆိုင်ပေသည်။ သို့ရာတွင် မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်လည်းကောင်း၊ မိမိတို့၏ ကိုယ်ပိုင်အလုပ်အတွက်လည်းကောင်း၊ မိမိတို့၏ ဩဇာလွှမ်းမိုးမှုနယ်ပယ်အတွင်းရှိ အရင်းအမြစ်များကို အာမခံရန်အလို့ငှာလည်းကောင်း အန္တိခရစ်အချို့သည် ဤအရာများကို ထုတ်မပေးဘဲ ဆက်လက်ထိန်းသိမ်းထားပြီး မိမိတို့၏ ကိုယ်ပိုင်အဖြစ် အပိုင်စီးကာ အခြားမည်သူ့ကိုမျှ ယင်းတို့ကို အသုံးပြုခွင့် မပြုကြပေ။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ဤသည်မှာလည်း အန္တိခရစ်များ၏ အကျင့်စရိုက်နှင့်ဆိုင်သော သမားရိုးကျဖြစ်ပြီး တိကျသည့် သရုပ်သကန်တစ်ခု ဖြစ်သည်။

ဤအန္တိခရစ်များသည် မကောင်းသည့်အပြင် ဆိုးယုတ်သည်၊ အကျည်းတန်သည်၊ ကောက်ကျစ်ဆိုးယုတ်သည်၊ အောက်တန်းကျပြီး ယုတ်မာသည်။ ၎င်းတို့အကြောင်း ပြောဆိုခြင်းမျှသည် စက်ဆုပ်ဖွယ်ကောင်းပြီး ဒေါသထွက်ဖွယ် ကောင်းသည်။ ၎င်းတို့သည် အပြင်ပန်း၌ လူသားများ ဖြစ်ပုံပေါ်ပြီး နှစ်လိုဖွယ်ပြောဆိုနိုင်ကာ အယူဝါဒအမျိုးမျိုးကို နားလည်၍ ကျွမ်းကျင်သည့်ပုံစံ ရှိနိုင်သော်လည်း ၎င်းတို့ ပြုမူသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အကျည်းတန်ပြီး ဆိုးယုတ်သော လူ့သဘာဝက အမြင်မတော်သည်မှာ ပေါ်လွင်သွားသည်။ အန္တိခရစ်တစ်ဦးစီတိုင်းသည် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်၌ ဤအကျည်းတန်ပြီး ဆိုးယုတ်သော အရည်အသွေးများကို ပိုင်ဆိုင်သောကြောင့် ထိုသို့သော ဒုစရိုက်အမှုများကို ကျူးလွန်နိုင်စွမ်းရှိကြသည်။ ထို့ကြောင့် ၎င်းတို့ကို အန္တိခရစ်များဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ဤတွေးခေါ်ဆင်ခြင်မှုစနစ်သည် အဓိပ္ပာယ်ရှိသလော။ (ရှိပါသည်။) တစ်နည်းအားဖြင့် ၎င်းတို့ကို အန္တိခရစ်များ၏ ဒုစရိုက်အမှုများ ကျူးလွန်ခွင့်ပေးသည်မှာ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်တွင်ရှိသည့် ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများ ပါရှိ၍ဖြစ်ပြီး ထိုသို့ဖြင့် ၎င်းတို့ကို ထိုသို့ သတ်မှတ်ခံရစေခြင်း ဖြစ်သည်။ ယင်းမှာ ပကတိအခြေအနေ ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် အန္တိခရစ်တစ်ဦး ဖြစ်ပါက ၎င်းတို့၏ လူ့သဘာဝကို ကြင်နာသည်၊ တည်ကြည်သည်၊ ရိုးသားသည်၊ စိတ်ရင်းမှန်သည်ဟု ဖော်ပြခြင်းက တိကျမှန်ကန်မည်လော။ သေချာပေါက် မှန်ကန်မည်မဟုတ်။ အကယ်၍ လူတစ်ဦးသည် လိမ်ညာနေကျ ဖြစ်ပါက ၎င်းတို့၌ အန္တိခရစ်တစ်ဦး၏ စရိုက် ရှိသည်။ အကယ်၍ တစ်စုံတစ်ဦးသည် မသိမသာဒုက္ခပေးပြီး ရက်စက်ပါက ၎င်းတို့၌လည်း အန္တိခရစ်တစ်ဦး၏ စရိုက် ရှိပေသည်။ အကယ်၍ လူတစ်ဦးတစ်ယောက်သည် တစ်ကိုယ်ကောင်းဆန်၊ ယုတ်မာပြီး၊ ကိုယ်ပိုင်အကျိုးအမြတ်တစ်ခုတည်း၏ လှုံ့ဆော်ခြင်းခံရကာ မကောင်းသောအရာများကို လုပ်ဆောင်လျက် သောင်းကျန်းပြီး အရှက်တရားကင်းမဲ့ပါက ၎င်းတို့သည် ဆိုးယုတ်သောသူတစ်ဦး ဖြစ်သည်။ ထိုသို့သော ဆိုးယုတ်သည့်လူတစ်ဦး အာဏာရလာလျှင် အန္တိခရစ်တစ်ဦး ဖြစ်လာလေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။