နောက်ဆက်တွဲ ၆- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၃) အခန်း တစ်
၃။ အန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရ
က။ ကောက်ကျစ်ဆိုးယုတ်ခြင်း
၂) ဘုရားသခင်အပေါ် အန္တိခရစ်များ လုပ်သည့်အရာ
ပြီးခဲ့သည့်အကြိမ် စုဝေးပွဲအတောအတွင်းတွင် ငါတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စိတ်သဘောထား ခြောက်မျိုးထဲမှ သွင်ပြင်လက္ခဏာ သုံးခုကို စိတ်ဖြာလေ့လာဆွေးနွေးရန် ရွေးချယ်လျက် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အနှစ်သာရကို အဓိကအားဖြင့် မိတ်သဟာယဖွဲ့ပြီး အနှစ်ချုပ်ခဲ့ကြသည်။ ဤသွင်ပြင်လက္ခဏာ သုံးခုမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ ဖြစ်ကြသည်။ ပြီးခဲ့သည့်အကြိမ်က ငါတို့သည် ကောက်ကျစ်ဆိုးယုတ်ခြင်းအကြောင်း မိတ်သဟာယဖွဲ့ခဲ့ကြပြီး၊ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော သရုပ်သကန်များ၊ အတိအကျဆိုရလျှင်၊ ၎င်းတို့၏ အတွေးများက တစ်နေ့လုံး မကောင်းမှုဖြင့် ပြည့်နှက်နေသည်ဟူသည့်အချက်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းမှတစ်ဆင့်၊ ဤသရုပ်သကန်များမှတစ်ဆင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ကာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရကို အတည်ပြုခဲ့ကြသည်။ ၎င်းတို့၏ အတွေးများသည် တစ်နေ့လုံး မကောင်းမှုဖြင့် ပြည့်နှက်နေသည်ဟူသည့်အချက်ကို ရှုထောင့်နှစ်မျိုးမှ ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးနေခဲ့ကြသည်။ ပထမတစ်မျိုးမှာ၊ ၎င်းတို့သည် အခြားသူများကို ဆက်ဆံသည့်အခါ ၎င်းတို့၏ အတွေးများထဲတွင် မည်သည့်အရာ ရှိသည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရထဲတွင် မည်သည့် လုပ်နည်းကိုင်နည်းများနှင့် သရုပ်သကန်များကို ၎င်းတို့ ထုတ်ဖော်ကြသည်ဟူသည်တို့ ဖြစ်သည်၊ ဒုတိယတစ်မျိုးမှာ၊ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးများတွင် မည်သည့်အရာ ရှိသည်ဟူ၍ ဖြစ်သည်။ ၎င်းတို့က လူများကို မည်သို့ဆက်ဆံသည်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို ငါတို့ ပြီးစီးပြီးဖြစ်သည်။ ဘုရားသခင်အပေါ် အန္တိခရစ်များက မည်သည့် စိတ်ကူးများ၊ အယူအဆများ၊ သဘောထားအမြင်များနှင့် စေ့ဆော်ချက်များရှိသည်ဟူသည်နှင့် ၎င်းတို့၏ စိတ်ထဲတွင် ကြိုတင်သတ်မှတ်ထားသော လုပ်ဆောင်ချက်များကိုပင် ပြီးခဲ့သည့်အကြိမ်က ငါတို့ တစ်စိတ်တစ်ပိုင်း မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဥပမာအားဖြင့်၊ သံသယ၊ စိစစ်ခြင်းနှင့် အခြားမည်သည့်အရာ ရှိသေးသနည်း။ (မသင်္ကာမှုနှင့် သတိထားရှောင်ခြင်းတို့ ဖြစ်သည်။) သံသယ၊ စေ့စေ့ကြည့်ရှုစစ်ဆေးခြင်း၊ မသင်္ကာမှုနှင့် သတိထားရှောင်ခြင်းတို့ဖြစ်သည်။ ယခုမူ၊ အန္တိခရစ်များက ဘုရားသခင်ကို စမ်းသပ်ခြင်းအကြောင်း မိတ်သဟာယဖွဲ့ကြစို့။
(င) စမ်းသပ်ခြင်း
စမ်းသပ်ခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ မည်သည့် လုပ်နည်းကိုင်နည်းများ သို့မဟုတ် အတွေးများက စမ်းသပ်ခြင်း၏ အခြေအနေ သို့မဟုတ် အနှစ်သာရကို ပေါ်လွင်ထင်ရှားစေသနည်း။ (ကျွန်ုပ်သည် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်မိလျှင် သို့မဟုတ် မကောင်းသည့်အရာတစ်ခုကို လုပ်မိလျှင်၊ ဘုရားသခင်ကို အမြဲ စုံစမ်းစစ်ဆေးချင်သည်၊ တိကျသော အဖြေစကားတစ်ခုကို တောင်းဆိုချင်ပြီး ကျွန်ုပ်၌ ကောင်းမွန်သော အဆုံးသတ် သို့မဟုတ် ပန်းတိုင်တစ်ခု ရှိမရှိဟူသည်ကို သိချင်ပါသည်။) ဤသည်မှာ အတွေးများနှင့် သက်ဆိုင်သည်။ သို့ဖြစ်၍ ယေဘုယျအားဖြင့်၊ လူတစ်ဦးသည် စကားပြောသည့်အခါ သို့မဟုတ် ပြုမူသည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့၏ မည်သည့်သရုပ်သကန်က စမ်းသပ်ခြင်း ဖြစ်သနည်း။ အကယ်၍ တစ်စုံတစ်ဦးသည် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်မိပြီး သူ၏ပြစ်မှားခြင်းကို ဘုရားသခင်က အမှတ်ရကောင်းအမှတ်ရမည် သို့မဟုတ် ပြစ်တင်ရှုတ်ချကောင်း ပြစ်တင်ရှုတ်ချမည်ဟု ခံစားရလျှင်၊ ပြီးလျှင် ဘုရားသခင်က သူ့ကို အမှန်တကယ် ပြစ်တင်ရှုတ်ချမည်ဟုတ်မဟုတ်ကို မသိဘဲ သူကိုယ်တိုင်လည်း မသေမချာဖြစ်နေလျှင်၊ ဘုရားသခင်၏ သဘောထားက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို သိမြင်ရန်၊ ယင်းကို စမ်းသပ်ဖို့ နည်းလမ်းတစ်ခုကို သူက စိတ်ကူးမိသည်။ ၎င်းတို့သည် ဆုတောင်းခြင်းဖြင့် စတင်ပြီး၊ အလင်းပေးခြင်း သို့မဟုတ် ဉာဏ်အလင်းပွင့်ခြင်း မရှိလျှင်၊ ၎င်းတို့၏ ယခင်လိုက်စားမှု နည်းလမ်းများကို လုံးဝ ဖြတ်ပစ်ရန် စဉ်းစားကြသည်။ ယခင်က ၎င်းတို့သည် ၅၀ ရာခိုင်နှုန်း အားထုတ်နိုင်သည့်နေရာတွင် ၃၀ ရာခိုင်နှုန်းသာ အားထုတ်လျက်၊ သို့မဟုတ် ၃၀ ရာခိုင်နှုန်း အားထုတ်၍ရနိုင်သည့်နေရာတွင် ၁၀ ရာခိုင်နှုန်းသာ အားထုတ်လျက် အမှုအရာများကို အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် လုပ်ဆောင်ခဲ့ကြသည်။ ယခုမူ၊ ၎င်းတို့သည် ၅၀ ရာခိုင်နှုန်း အားထုတ်နိုင်လျှင် ထိုသို့ အားထုတ်ကြလိမ့်မည်။ ၎င်းတို့သည် အခြားသူများ ရှောင်ကြဉ်သည့် ညစ်ပတ်သော သို့မဟုတ် ပင်ပန်းသော အလုပ်ကို တာဝန်ယူသည်။ ၎င်းတို့သည် အလုပ်လုပ်ရာတွင် အစဉ်သဖြင့် သူများထက်ဦးအောင် လု၍ လုပ်ဆောင်တတ်ကာ ညီအစ်ကိုမောင်နှမအများစု ထိုအရာကို မြင်တွေ့ကြောင်း သေချာစေကြသည်။ ပို၍အရေးကြီးသည်မှာ၊ ဤကိစ္စကို ဘုရားသခင်က မည်သို့ရှုမြင်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ပြစ်မှားခြင်းကို အဖတ်ဆယ်နိုင်မည်ဟုတ်မဟုတ်ကိုလည်းကောင်း ၎င်းတို့ သိမြင်လိုကြသည်။ လူအများစု မကျော်လွှားနိုင်သော အခက်အခဲများ သို့မဟုတ် အမှုအရာများနှင့် ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်လိမ့်မည်၊ သူက ၎င်းတို့ကို ဉာဏ်အလင်းပေးပြီး လမ်းညွှန်လိမ့်မည်ဟုတ်မဟုတ်ဟူသည်ကို ၎င်းတို့ သိမြင်လိုကြသည်။ အကယ်၍ ၎င်းတို့သည် ဘုရားမျက်မှောက်တော်နှင့် သူ၏ အထူးမျက်နှာသာကို ခံစားနိုင်လျှင်၊ ၎င်းတို့၏ ပြစ်မှားခြင်းက ခွင့်လွှတ်၍ရနိုင်ကြောင်း သက်သေဖြစ်လျက် ဘုရားသခင်က ထိုပြစ်မှားခြင်းကို အောက်မေ့ခြင်းမရှိ သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်းမပြုခဲ့ဟု ၎င်းတို့ ယုံကြည်ကြသည်။ အကယ်၍ ၎င်းတို့သည် ဤသို့ မိမိတို့ကိုယ်ကို အသုံးခံပြီး ထိုသို့သော အဖိုးအခကို ပေးဆပ်လျှင်၊ ၎င်းတို့၏ သဘောထား သိသိသာသာ ပြောင်းလဲသွားသော်လည်း ဘုရားမျက်မှောက်တော်ကို မခံစားရသေးလျှင်၊ ပြီးလျှင် ယခင်နှင့် မည်သည့်သိသာမြင်သာသော ခြားနားမှုကိုမျှ သေချာပေါက် မခံစားရလျှင်၊ ၎င်းတို့၏ ယခင်ပြစ်မှားခြင်းကို ဘုရားသခင်က ပြစ်တင်ရှုတ်ချခဲ့ပြီး ၎င်းတို့ကို နောက်ထပ် အလိုမရှိတော့ခြင်း ဖြစ်နိုင်သည်။ ဘုရားသခင်က ၎င်းတို့ကို အလိုမရှိတော့သည့်အတွက်၊ အနာဂတ်တွင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ထိုမျှလောက် ၎င်းတို့ အားထုတ်တော့မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်က ၎င်းတို့ကို အလိုရှိသေးလျှင်၊ ပြစ်တင်ရှုတ်ချခြင်းမပြုလျှင်၊ ပြီးလျှင် ၎င်းတို့အတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ချက် ရှိသေးလျှင်၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ရိုးသားစစ်မှန်မှုအချို့ကို ၎င်းတို့ ထားရှိကြလိမ့်မည်။ ဤသရုပ်သကန်များနှင့် စိတ်ကူးများသည် စမ်းသပ်ခြင်း၏ ပုံစံတစ်ခု ဟုတ်သလော။ ဤသည်မှာ တိကျသော လုပ်နည်းကိုင်နည်းတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) ယခုတင်၊ သင်တို့သည် သဘောတရားပိုင်းဆိုင်ရာ ရှုထောင့်တစ်ခုကိုသာ ဖော်ပြခဲ့သည်။ သို့သော် ဘုရားသခင်ကို စမ်းသပ်ခြင်း၏ အသေးစိတ်ကျသော သရုပ်သကန်နှင့် ဤကိစ္စအပေါ် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ရှိသော တိကျသော လုပ်နည်းကိုင်နည်းများနှင့် အစီအစဉ်များကား အဘယ်နည်းဟူသည်ကို အသေးစိတ် သင်တို့ မပြောခဲ့ပေ သို့မဟုတ် အန္တိခရစ်များက ဤလုပ်ဆောင်မှုတွင် ပါဝင်သည့်အခါ ၎င်းတို့၏ သဘောထားအမြင်များနှင့် အခြေအနေများကား အဘယ်နည်းဟူသည်ကို ဖော်ထုတ်ခြင်းမပြုခဲ့ပေ။
အချို့သောလူတို့သည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် လူ့စိတ်နှလုံး၏ အတွင်းဆုံးနေရာများကို သူ၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းတို့နှင့်ပတ်သက်၍ မည်သည့်အသိကိုမဆို သို့မဟုတ် မည်သည့် အတွေ့အကြုံကိုမဆို အစဉ်သဖြင့် ကင်းမဲ့ကြသည်။ ၎င်းတို့သည် လူ့စိတ်နှလုံးကို ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့်ပတ်သက်၍ စစ်မှန်သော သိမြင်နားလည်မှုလည်း ကင်းမဲ့ကြသည်။ သို့ဖြစ်၍ အလိုလိုဖြင့်၊ ၎င်းတို့သည် ဤကိစ္စနှင့်ပတ်သက်၍ သံသယဖြင့် ပြည့်နှက်နေကြသည်။ ၎င်းတို့၏ ပုဂ္ဂလဓိဋ္ဌာန်ကျသော ဆန္ဒများထဲတွင် ဘုရားသခင်သည် လူ့စိတ်နှလုံး၏ အတွင်းအကျဆုံးနေရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ဟု ယုံကြည်လိုကြသော်လည်း၊ ၎င်းတို့တွင် ပြည့်စုံခိုင်လုံသော သက်သေအထောက်အထား ကင်းမဲ့နေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အချို့အရာများကို ကြံစည်ပြီး တစ်ချိန်တည်းတွင် ယင်းတို့ကို စတင်လုပ်ဆောင်ကာ အကောင်အထည်ဖော်ကြသည်။ ၎င်းတို့ အကောင်အထည်ဖော်သည်နှင့်အမျှ၊ ဤအရာများကို ဘုရားသခင် အမှန်တကယ် သိရှိခြင်း ရှိမရှိ၊ ကိစ္စရပ်များ ဖော်ထုတ်ခြင်းခံရခြင်း ရှိမရှိ၊ ပြီးလျှင် ၎င်းတို့ တိတ်ဆိတ်နေလျှင် မည်သူမဆို ယင်းကို သိရှိနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင်က ယင်းကို ပတ်ဝန်းကျင်တစ်ခုမှတစ်ဆင့် ထုတ်ဖော်နိုင်ခြင်း ရှိမရှိဟူသည်တို့ကို ၎င်းတို့ အဆက်မပြတ် စောင့်ကြည့်လေ့လာကြသည်။ အမှန်စင်စစ်၊ သာမန်လူတို့သည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် လူ့စိတ်နှလုံး နက်ရှိုင်းရာကို ကိုယ်တော်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းတို့နှင့်ပတ်သက်၍ မသေမချာဖြစ်မှုများ အနည်းနှင့်အများ ရှိကောင်းရှိနိုင်သည်၊ သို့သော် အန္တိခရစ်တို့သည် မသေမချာဖြစ်ရုံမျှမက ၎င်းတို့သည် သံသယဖြင့် ပြည့်နေပြီး တစ်ချိန်တည်းတွင် ဘုရားသခင်ကို အပြည့်အဝ သတိထားကာကွယ်နေကြသည်။ ထို့ကြောင့်၊ ဘုရားသခင်ကို စမ်းသပ်ရန် လုပ်နည်းကိုင်နည်းများစွာကို ၎င်းတို့ ဖြစ်ပေါ်စေကြသည်။ အကြောင်းမှာ ၎င်းတို့သည် လူ့စိတ်နှလုံးကို ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအား သံသယရှိပြီး၊ ထို့ထက်ပင်ပို၍ ဘုရားသခင်က ယင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ဟူသောအချက်ကို ငြင်းပယ်သောကြောင့်၊ ၎င်းတို့သည် အချို့သောကိစ္စရပ်များကို မကြာခဏ စဉ်းစားကြသည်။ ထို့နောက်၊ အနည်းငယ် ကြောက်ရွံ့ခြင်း သို့မဟုတ် ရှင်းပြ၍မရနိုင်သော ထိတ်လန့်တုန်လှုပ်သည့် ခံစားချက်အချို့ဖြင့် ဤအတွေးအခေါ်များကို တိတ်တဆိတ် ပျံ့နှံ့စေကာ အချို့သောလူတို့ကို အထင်အမြင်မှားစေသည်။ ထိုစဉ်အတောအတွင်းတွင်၊ ၎င်းတို့သည် မိမိတို့၏ အဆိုများနှင့် စိတ်ကူးများကို တစ်စတစ်စ အဆက်မပြတ် ထုတ်ဖော်ကြသည်။ ယင်းတို့ကို ၎င်းတို့ ထုတ်ဖော်သည်နှင့်အမျှ၊ ဘုရားသခင်က ၎င်းတို့၏ ဤအပြုအမူကို ဟန့်တားမည်ဟုတ်မဟုတ် သို့မဟုတ် ဖော်ထုတ်မည်ဟုတ်မဟုတ်ကို ၎င်းတို့ စောင့်ကြည့်ကြသည်။ အကယ်၍ ဘုရားက ယင်းကို ဖော်ထုတ်လျှင် သို့မဟုတ် စရိုက်လက္ခဏာကို သရုပ်ဖော်လျှင်၊ ၎င်းတို့သည် အခြားလုပ်နည်းကိုင်နည်းတစ်ခုကို ပြောင်းလဲလျက် အမြန် နောက်ဆုတ်သွားကြသည်။ အကယ်၍ မည်သူမျှ ထိုအကြောင်းကို မသိဟုထင်ရပြီး မည်သူမျှ ၎င်းတို့ကို ရိပ်စားမိနိုင်ခြင်းမရှိ သို့မဟုတ် အတွင်းကျကျ မြင်နိုင်ခြင်းမရှိဟု ထင်ရလျှင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ အလိုလိုသိစိတ်သည် မှန်ကန်ကြောင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ အသိက မှန်ကန်ကြောင်း သာ၍ပင် လုံးဝ ယုံကြည်စိတ်ချသွားကြသည်။ ၎င်းတို့၏ အမြင်တွင်၊ လူ့စိတ်နှလုံးကို ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းက အခြေခံအားဖြင့် မတည်ရှိပေ။ ဤသည်မှာ မည်သည့် ချဉ်းကပ်နည်းမျိုး ဖြစ်သနည်း။ ဤသည်မှာ စမ်းသပ်ခြင်းနှင့်ဆိုင်သည့် ချဉ်းကပ်နည်း ဖြစ်သည်။
ပင်ကိုအားဖြင့် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကြောင့် အန္တိခရစ်များသည် မည်သည့်အခါမျှ ရိုးရိုးတန်းတန်း စကားမပြော သို့မဟုတ် မပြုမူကြပေ။ ၎င်းတို့သည် အမှုအရာများကို ရိုးသားသော သဘောထားနှင့် စိတ်ရင်းအမှန်ဖြင့် မကိုင်တွယ်ကြ၊ သို့မဟုတ် ရိုးသားသော စကားလုံးများကို အသုံးပြု၍ မပြောဆိုသည့်အပြင် စိတ်ရင်းမှန်ဖြင့် ပြုမူခြင်းမရှိကြပေ။ ၎င်းတို့ ပြောဆိုသည့် သို့မဟုတ် လုပ်ဆောင်သည့် မည်သည့်အရာမျှ ပွင့်လင်းရိုးဖြောင့်ခြင်းမရှိဘဲ ကွေ့ပတ်ပြောဆိုပြီး ပုန်းလျှိုးကွယ်လျှိုး လုပ်ခြင်းသာဖြစ်ကာ၊ ၎င်းတို့၏ အတွေးများ သို့မဟုတ် စေ့ဆော်ချက်များကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုခြင်း ဘယ်သောအခါမျှ မရှိပေ။ အကြောင်းမှာ အကယ်၍ ထိုအရာများကို ၎င်းတို့ ဖော်ပြလျှင်၊ ၎င်းတို့ကို အပြည့်အဝ နားလည်ပြီး ရိပ်စားမိကြမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက လူသိရှင်ကြား ဖော်ထုတ်ခြင်းခံရမည်ဖြစ်ကြောင်း၊ ပြီးလျှင် ၎င်းတို့သည် အခြားလူများကြားတွင် မြင့်မြတ်သော သို့မဟုတ် မွန်မြတ်သောသူအဖြစ် ရှုမြင်ခံရတော့မည် မဟုတ်ကြောင်း၊ သို့မဟုတ် အခြားသူများ၏ အထင်ကြီးလေးစားခြင်းနှင့် ကိုးကွယ်ခြင်းကို ခံရတော့မည် မဟုတ်ကြောင်းတို့ကို ၎င်းတို့ ယုံကြည်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့သည် မိမိတို့၏ မကောင်းသော စေ့ဆော်ချက်များနှင့် လိုအင်ဆန္ဒများကို အမြဲတမ်း ဖုံးကွယ်ပြီး ဝှက်ထားရန် ကြိုးစားကြသည်။ သို့ဆိုလျှင်၊ ၎င်းတို့သည် မည်သို့ စကားပြောပြီး ပြုမူကြသနည်း။ ၎င်းတို့သည် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။ ဘာသာတရားမရှိသူများကြားတွင် “အခြေအနေကို စမ်းစစ်ခြင်း”ဟူသည့် ဆိုစကားတစ်ခု ရှိသကဲ့သို့ပင်၊ အန္တိခရစ်တို့သည် အလားတူ ချဉ်းကပ်နည်းတစ်ခုကို ကျင့်သုံးကြသည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို လုပ်ဆောင်လိုပြီး တိကျသော သဘောအမြင် သို့မဟုတ် သဘောထားတစ်ခုကို ကိုင်စွဲထားသည့်အခါ၊ ၎င်းတို့သည် ယင်းကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုခြင်း ဘယ်သောအခါမျှ မရှိပေ။ ထိုအစား ၎င်းတို့သည် မိမိတို့ရှာဖွေသော သတင်းအချက်အလက်ကို စုဆောင်းရန် သွယ်ဝိုက်သော သို့မဟုတ် စုံစမ်းမေးမြန်းသော နည်းလမ်းများ သို့မဟုတ် လူများထံမှ သွယ်ဝိုက်သောနည်းဖြင့် မေးမြန်းစုံစမ်းခြင်းကဲ့သို့သော နည်းလမ်းအချို့ကို အသုံးပြုကြသည်။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကြောင့်၊ အန္တိခရစ်တို့သည် သမ္မာတရားကို ဘယ်သောအခါမျှ မရှာဖွေကြသည့်အပြင်၊ ယင်းကို နားလည်လိုခြင်းလည်း မရှိကြပေ။ ၎င်းတို့၏ တစ်ခုတည်းသော အလေးထားမှုမှာ ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကို ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း မပေးနိုင်သော လှုပ်ရှားမှုများကို ရှောင်ရှားလျက် ထိုသို့သောအရာများကို ပေးနိုင်သောလှုပ်ရှားမှုများတွင် ပါဝင်ကြသည်။ ၎င်းတို့သည် ဂုဏ်သတင်း၊ အဆင့်အတန်း၊ ထင်ပေါ်ခြင်း၊ ဘုန်းအသရေတို့နှင့် ဆက်စပ်သော လုပ်ဆောင်မှုများကို စိတ်အားထက်သန်စွာ လုပ်ဆောင်ကြပြီး၊ အသင်းတော်၏အလုပ်ကို ကာကွယ်သည့် သို့မဟုတ် အခြားသူများကို ပြစ်မှားမိနိုင်သည့် အမှုအရာများကို ရှောင်ကြဉ်ကြသည်။ ထို့ကြောင့်၊ အန္တိခရစ်တို့သည် ရှာဖွေသည့် သဘောထားဖြင့် မည်သည့်အရာကိုမျှ မချဉ်းကပ်ကြပေ။ ထို့ထက် ၎င်းတို့သည် အခြေအနေများကို ဆန်းစစ်ရန် စမ်းသပ်ခြင်း နည်းလမ်းကို အသုံးပြုပြီး၊ ထို့နောက် ဆက်လက်လုပ်ဆောင်မည်လောဟူသည်ကို ဆုံးဖြတ်ကြသည်။ အန္တိခရစ်တို့သည် ဤမျှ ဉာဏ်များပြီး ကောက်ကျစ်ဆိုးယုတ်ကြသည်။ ဥပမာအားဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် မိမိတို့က မည်သို့သောလူစားမျိုးဖြစ်သည်ကို သိလိုသည့်အခါ၊ မိမိတို့ကိုယ်ကို သိရှိလာခြင်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆခြင်း မရှိကြပေ။ ထိုအစား၊ ၎င်းတို့သည် သွယ်ဝိုက်ရည်ညွှန်းသော စကားအတွက် နေရာအနှံ့ စုံစမ်းမေးမြန်းပြီး သူတစ်ပါး၏ လေသံကို နားစွင့်ကာ၊ ခေါင်းဆောင်များနှင့် အထက်၏ လေသံနှင့် သဘောထားကို စောင့်ကြည့်လေ့လာပြီး၊ မိမိတို့ကဲ့သို့သော လူများ၏ အဆုံးသတ်များကို ဘုရားသခင်က မည်သို့ အဆုံးအဖြတ်ပေးသည်ကို သိမြင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှာဖွေကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်အတွင်း၌ မိမိတို့ မည်သည့်အမျိုးအစားတွင် ပါဝင်သည်ကို သိမြင်ရန်နှင့် မိမိတို့၏ အနာဂတ်အဆုံးသတ်က မည်သည့်အရာ ဖြစ်လိမ့်မည်ကို သိရှိရန်ဤလမ်းကြောင်းများနှင့် နည်းလမ်းများကို အသုံးပြုကြသည်။ ဤသည်မှာ စမ်းသပ်ခြင်း၏ သဘောသဘာဝအချို့ ပါဝင်သည်မဟုတ်လော။ ဥပမာအားဖြင့်၊ အချို့သောလူတို့သည် ပြုပြင်ခြင်းခံရပြီးနောက်၊ အဘယ်ကြောင့် ၎င်းတို့ ပြုပြင်ခြင်းခံရသည်ကို မိမိတို့ကိုယ်ကို ဆန်းစစ်မည့်အစား၊ မိမိတို့၏ ဆောင်ရွက်ပုံနည်းလမ်းတွင် ထုတ်ဖော်ခဲ့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် အမှားများကား အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်ကို သိရှိရန်နှင့် ယခင်က ကျူးလွန်ခဲ့သော အမှားများကို ပြင်ရန် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာများအား ရှာဖွေသင့်သည်ကိုလည်းကောင်း ဆန်းစစ်ရမည့်အစား၊ ၎င်းတို့သည် အခြားသူများကို အထင်အမြင်မှားစေပြီး၊ မိမိတို့အပေါ် အထက်၏ စစ်မှန်သော သဘောထားကို သိရှိရန်သွယ်ဝိုက်သော နည်းလမ်းများကို အသုံးပြုကြသည်။ ဥပမာအားဖြင့် ပြုပြင်ခြင်းခံရပြီးနောက်တွင် ၎င်းတို့သည် အရေးမပါသော ပြဿနာတစ်ခုခုကို အလျင်အမြန်ရှာဖွေကာ အထက်ကို ရှာဖွေပြီး အထက်က ၎င်းတို့အား ပြောဆိုသည့်လေသံသည် မည်သို့ရှိသည်၊ စိတ်ရှည်သည်းခံမှု ရှိမရှိ၊ သူ မေးမြန်းသောမေးခွန်းကို အလေးအနက်ထား၍ ဖြေကြားခြင်း ရှိမရှိ၊ ၎င်းတို့အပေါ်ထားသော သဘောထား ပျော့ပျောင်းလာခြင်း ရှိမရှိ၊ ၎င်းတို့ကို တာဝန်များ ဆက်လက်ပေးအပ်ဦးမည် ဟုတ်မဟုတ်၊ ၎င်းတို့ကို အထင်ကြီးဦးမည် ဟုတ်မဟုတ်နှင့် ၎င်းတို့ ယခင်က ကျူးလွန်ခဲ့သောအမှားနှင့်ပတ်သက်၍ အထက်က အမှန်တကယ် မည်သို့ထင်မြင်နေသည်တို့ကို စူးစမ်းလေ့ရှိသည်။ ဤချဉ်းကပ်နည်းများ အားလုံးသည် စမ်းသပ်ခြင်းတစ်မျိုး ဖြစ်သည်။ တိုတိုပြောရလျှင်၊ ၎င်းတို့သည် ထိုသို့သော အခြေအနေများကို ရင်ဆိုင်ရပြီး ဤသရုပ်သကန်များကို ပြသသည့်အခါ၊ လူတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် သိကြသလော။ (သိပါသည်။) သို့ဆိုလျှင်၊ ဤအရာများကို သင်တို့ သိရှိပြီး လုပ်ဆောင်လိုသည့်အခါ၊ သင်တို့ မည်သို့ ကိုင်တွယ်သနည်း။ ပထမဦးစွာ၊ အရိုးရှင်းဆုံးအဆင့်တွင်၊ သင်သည် မိမိကိုယ်ကို ဆန့်ကျင်ပုန်ကန်နိုင်သလော။ အချို့သောလူတို့သည် အချိန်ရောက်လာသည့်အခါ မိမိတို့ကိုယ်ကို ဆန့်ကျင်ပုန်ကန်ရန် အခက်တွေ့ကြသည်။ ၎င်းတို့က “ထားလိုက်ပါ၊ ဤအကြိမ်သည် ကျွန်ုပ်၏ ကောင်းချီးမင်္ဂလာများ၊ အဆုံးသတ်နှင့် သက်ဆိုင်သည်။ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် မဆန့်ကျင်မပုန်ကန်နိုင်ပါ။ နောက်တစ်ကြိမ်မှ လုပ်မည်”ဟု စဉ်းစားကြသည်။ နောက်တစ်ကြိမ် ရောက်လာပြီး ၎င်းတို့၏ ကောင်းချီးမင်္ဂလာများနှင့် အဆုံးသတ်တို့နှင့် ပတ်သက်သော ပြဿနာတစ်ခုကို ထပ်မံတွေ့ကြုံသည့်အခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆန့်ကျင်ပုန်ကန်နိုင်ခြင်း မရှိကြောင်း ထပ်မံတွေ့ရှိကြသည်။ ထိုသို့သော ပုဂ္ဂိုလ်များတွင် အသိစိတ်၏ ခံစားသိရှိမှု ရှိပြီး ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အနှစ်သာရကို မပိုင်ဆိုင်သော်လည်း ၎င်းတို့အတွက် အတော်ပင် ပြဿနာများပြီး အန္တရာယ်များလှပေသည်။ အခြားတစ်ဖက်တွင်မူ၊ အန္တိခရစ်တို့သည် ဤအတွေးများကို မကြာခဏ ခံယူကြပြီး ထိုသို့သောအခြေအနေတွင် အသက်ရှင်ကြသော်လည်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘယ်သောအခါမျှ ဆန့်ကျင်ပုန်ကန်ခြင်းမရှိကြပေ။ အကြောင်းမှာ ၎င်းတို့သည် အသိစိတ်၏ ခံစားသိရှိမှု ကင်းမဲ့သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးက ၎င်းတို့၏ အခြေအနေကို ထောက်ပြလျက် ၎င်းတို့ကို ဖော်ထုတ်ပြီး ပြုပြင်လျှင်ပင်၊ ၎င်းတို့သည် ဇွဲမလျှော့ဘဲ မိမိတို့ကိုယ်ကို လုံးဝ ဆန့်ကျင်ပုန်ကန်မည်မဟုတ်သည့်အပြင်၊ ထိုအကြောင်းကြောင့် မိမိတို့ကိုယ်ကို မုန်းတီးခြင်း သို့မဟုတ် ဤအခြေအနေကို လက်လွှတ်ပြီး ဖြေရှင်းခြင်းတို့လည်း ရှိလိမ့်မည်မဟုတ်ပေ။ အချို့သော အန္တိခရစ်တို့သည် ဖြုတ်ချခြင်းခံရပြီးနောက်၊ ၎င်းတို့က “ဖြုတ်ချခြင်းခံရခြင်းသည် ပုံမှန်အရာတစ်ခုနှင့်တူသော်လည်း အနည်းငယ် မျက်နှာပန်းမလှဖြစ်သည်ဟု ခံစားရသည်။ ယင်းသည် အရေးပါသော ကိစ္စရပ်တစ်ခု မဟုတ်သော်လည်း၊ ကျွန်ုပ် မစွန့်လွှတ်နိုင်သည့် အလွန်အရေးကြီးသော အရာတစ်ခု ရှိသည်။ အကယ်၍ ကျွန်ုပ် ဖြုတ်ချခြင်းခံရလျှင်၊ ဘုရားအိမ်တော်က ကျွန်ုပ်ကို နောက်ထပ် ပျိုးထောင်တော့မည် မဟုတ်ဟု ဆိုလိုသလော။ သို့ဆိုလျှင် ဘုရား၏အမြင်တွင် ကျွန်ုပ်သည် မည်သည့်လူစားမျိုး ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်၌ မျှော်လင့်ချက် ရှိလိမ့်ဦးမည်လော။ ဘုရားအိမ်တော်တွင် ကျွန်ုပ် အသုံးရောဝင်ပါဦးမည်လော” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် ဤသည်ကို ဆင်ခြင်သုံးသပ်ပြီး အစီအစဉ်တစ်ခုကို စိတ်ကူးမိကြသည်၊ “ကျွန်ုပ်လက်ထဲတွင် ယွမ်တစ်သောင်း ရှိသည်။ ယခုအချိန်သည် ယင်းကို အသုံးပြုရမည့်အချိန် ဖြစ်သည်။ ကျွန်ုပ်သည် ဤယွမ်တစ်သောင်းကို အလှူငွေအဖြစ် ပေးလှူပြီး၊ ကျွန်ုပ်အပေါ် အထက်၏သဘောထား အနည်းငယ် ပြောင်းလဲနိုင်သလောဟူသည်ကိုလည်းကောင်း၊ ၎င်းတို့က ကျွန်ုပ်အပေါ် မျက်နှာသာအချို့ ပြနိုင်သလောဟူသည်ကိုလည်းကောင်း ကြည့်ရှုမည်။ ဘုရားအိမ်တော်က ထိုငွေကို လက်ခံလျှင်၊ ကျွန်ုပ်တွင် မျှော်လင့်ချက်ရှိနေသေးသည့် သဘောဖြစ်သည်။ အကယ်၍ ဘုရားအိမ်တော်က ထိုငွေကို မယူလျှင်၊ ကျွန်ုပ်၌ မျှော်လင့်ချက် မရှိကြောင်း သက်သေပြပြီး၊ ကျွန်ုပ် အခြားအစီအစဉ်များ ပြုလုပ်မည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် ချဉ်းကပ်နည်းမျိုး ဖြစ်သနည်း။ ဤသည်မှာ စမ်းသပ်ခြင်း ဖြစ်သည်။ တိုတိုပြောရလျှင်၊ စမ်းသပ်ခြင်းသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရ၏ အတော်အတန် သိသာသောသရုပ်သကန်တစ်ခု ဖြစ်သည်။ လူတို့သည် မိမိတို့အလိုရှိသော သတင်းအချက်အလက်ကို ရရှိရန်၊ တိကျသောအဖြေကို ရရှိရန်၊ ထို့နောက် စိတ်အေးချမ်းမှုကို ရရှိရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။ ဘုရားသခင်ထံမှ သွယ်ဝိုက်သောနည်းဖြင့် မေးမြန်းစုံစမ်းရန် စကားလုံးများကို အသုံးပြုခြင်း၊ သူ့ကို စမ်းသပ်ရန် ပစ္စည်းများကို အသုံးပြုခြင်း၊ မိမိတို့၏ စိတ်ထဲတွင် အမှုအရာများကို ကြံစည်တွေးတောပုံဖော်ခြင်းကဲ့သို့သော စမ်းသပ်ရန် နည်းလမ်းများစွာ ရှိသည်။ ဘုရားသခင်ကို စမ်းသပ်သည့် သင်တို့ အသုံးအများဆုံးနည်းလမ်းမှာ အဘယ်နည်း။ (တစ်ခါတစ်ရံ၊ ဘုရားသခင်ထံ ဆုတောင်းသည့်အခါ၊ ကျွန်ုပ်သည် ဘုရားသခင်၏ ကျွန်ုပ်အပေါ်ထားသော သဘောထားကို စစ်ဆေးပြီး ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်း ရှိမရှိကို ကြည့်ရှုပါသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို စမ်းသပ်ရန် ဤနည်းလမ်းကို အသုံးပြုပါသည်။) ဤနည်းလမ်းကို အတော်အတန် အသုံးများသည်။ အခြားနည်းလမ်းတစ်ခုမှာ စုဝေးပွဲ၌ မိတ်သဟာယဖွဲ့ချိန်အတောအတွင်းတွင် လူတစ်ဦး၌ ပြောစရာတစ်ခုခု ရှိမရှိ၊ ဘုရားသခင်က ဉာဏ်အလင်း သို့မဟုတ် အလင်းပေးခြင်းကို ပေးသလောဟူသည်ကို ကြည့်ရှုခြင်း၊ ပြီးလျှင် ဘုရားသခင်သည် ၎င်းတို့နှင့်အတူ ရှိနေဆဲဟုတ်မဟုတ်၊ သူက ၎င်းတို့ကို ချစ်နေဆဲဟုတ်မဟုတ်ဟူသည်တို့ကို စမ်းသပ်ရန် ယင်းကို အသုံးပြုခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် တာဝန်ထမ်းဆောင်နေစဉ်တွင် ဘုရားသခင်က ၎င်းတို့အား ဉာဏ်ပွင့်စေခြင်း သို့မဟုတ် လမ်းညွှန်ခြင်း ရှိမရှိ၊ ၎င်းတို့တွင် ထူးခြားသော အတွေးအခေါ်များ၊ အကြံဉာဏ်များနှင့် အတွေးအမြင်သစ်များ ရှိမရှိကို ကြည့်ကာ ထိုအရာများကို အသုံးပြု၍ ဘုရားသခင်က ၎င်းတို့အပေါ် အမှန်တကယ် မည်သို့ သဘောထားသည်ကို စမ်းသပ်လေ့ရှိသည်။ ဤနည်းလမ်းများအားလုံးသည် အတော်အတန် အသုံးများသည်။ အခြား တစ်ခုတလေ ရှိသေးသလော။ (အကယ်၍ ကျွန်ုပ်သည် ဆုတောင်းခြင်းတွင် ဘုရားသခင်ထံ သန္နိဋ္ဌာန်တစ်ခု ချမှတ်ခဲ့သော်လည်း ယင်းကို မဖြည့်ဆည်းနိုင်ခဲ့လျှင်၊ ကျွန်ုပ်ပြုခဲ့သော သစ္စာကတိအတိုင်း ဘုရားသခင်က ကျွန်ုပ်ကို ဆက်ဆံမည်ဟုတ်မဟုတ်ဟူသည်ကို ကျွန်ုပ် စောင့်ကြည့်လေ့လာပါသည်။) ဤသည်မှာလည်း အမျိုးအစားတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ဆက်ဆံရန် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ ၎င်းတို့သည် ထိုအရာနှင့်ပတ်သက်၍ လိပ်ပြာမသန့်ဘဲ ထို့နောက် ဤလုပ်ဆောင်ချက်များနှင့် စိတ်သဘောထားများအကြောင်း သိရှိနားလည်ကာ ယင်းတို့ကို ချက်ချင်း ပြောင်းလဲနိုင်လျှင် ပြဿနာသည် ထိုမျှ မကြီးမားပေ။ ဤသည်မှာ ပုံမှန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သို့သော်လည်း၊ အကယ်၍ တစ်စုံတစ်ဦးသည် ဤသည်ကို တစ်သမတ်တည်းနှင့် ခေါင်းမာစွာ လုပ်ဆောင်နိုင်လျှင်၊ ထိုအရာက မှားယွင်းပြီး ဘုရားသခင်က စက်ဆုပ်ရွံရှာကြောင်းကို သိသော်လည်း ယင်းကို ဘယ်သောအခါမျှ မပုန်ကန်ဘဲ သို့မဟုတ် မစွန့်လွှတ်ဘဲ ဆက်လက်လုပ်ဆောင်နေလျှင်၊ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရ ဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အနှစ်သာရသည် သာမန်လူတို့နှင့် ကွဲပြားသည်မှာ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်း လုံးဝမရှိဘဲ၊ ဘုရားသခင်၊ လူတို့အပေါ်ထားသော သူ၏ သဘောထား၊ လူတစ်ဦးချင်းနှင့်ပတ်သက်သော သူ၏ သတ်မှတ်ချက်နှင့် လူတစ်ဦး၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အကြောင်း သူ၏ အတွေးများနှင့် စိတ်ကူးများကား အဘယ်နည်းဟူသည်တို့ကို စမ်းသပ်ရန် နည်းလမ်းအမျိုးမျိုးအား တစ်သမတ်တည်းနှင့် ခေါင်းမာစွာ အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း မည်သည့်အခါမျှ မရှာဖွေဘဲ ၎င်းတို့၏စိတ်သဘောထားများ ပြောင်းလဲလာစေရန် သမ္မာတရားကို မည်သို့ ကျိုးနွံနာခံရမည်ကိုမူကား သာ၍ပင် မရှာဖွေချေ။ ၎င်းတို့၏ လုပ်ဆောင်ချက်များအားလုံး၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ အတွေးများနှင့် စိတ်ကူးများကို စူးစမ်းရန် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြစ်သည်။ အန္တိခရစ်တို့၏ ဤစိတ်သဘောထားသည် သိသာထင်ရှားစွာပင် ကောက်ကျစ်ဆိုးယုတ်သည်။ ၎င်းတို့သည် ဤလုပ်ဆောင်ချက်များတွင် ပါဝင်ပြီး ဤသရုပ်သကန်များကို ပြသသည့်အခါ၊ လိပ်ပြာမလုံခြင်း သို့မဟုတ် အပြစ်ရှိသည်ဟုခံစားရခြင်း အရိပ်အယောင်တစ်ခုမျှ မရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဤအရာများနှင့် ဆက်စပ်ကြည့်လျှင်ပင်၊ နောင်တရခြင်း သို့မဟုတ် ရပ်တန့်ရန် ရည်ရွယ်ချက် မပြဘဲ၊ မိမိတို့၏ နည်းလမ်းများကို မရမကလုပ်ဆောင်နေဆဲ ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ဆက်ဆံမှုတွင်၊ ၎င်းတို့၏ သဘောထားနှင့် ချဉ်းကပ်နည်းတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ ရန်ဘက်အဖြစ် မှတ်ယူကြောင်း သိသာထင်ရှားသည်။ ၎င်းတို့၏ အတွေးများနှင့် သဘောထားအမြင်များတွင်၊ ဘုရားသခင်ကို သိကျွမ်းခြင်း၊ ဘုရားသခင်ကို ချစ်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတို့နှင့်ဆိုင်သည့် စိတ်ကူး သို့မဟုတ် သဘောထား မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ထံမှ မိမိတို့အလိုရှိသော သတင်းအချက်အလက်ကိုသာ ရယူလိုပြီး မိမိတို့အပေါ်ထားသော ဘုရားသခင်၏ တိကျသည့် သဘောထားနှင့် မိမိတို့နှင့်ဆိုင်သည့် သတ်မှတ်ချက်တို့ကို တိတိကျကျ သိရှိရန် မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုလိုခြင်းသာ ဖြစ်သည်။ သာ၍ပင် ဆိုးရွားသည်မှာ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ချဉ်းကပ်နည်းများကို ဘုရားသခင်၏ ဖော်ထုတ်သည့် နှုတ်ကပတ်တော်များနှင့် ချိန်ညှိကြည့်လျှင်ပင် ဤအပြုအမူကို ဘုရားသခင်က စက်ဆုပ်ရွံရှာပြီး လူတစ်ဦး မလုပ်ဆောင်သင့်သောအရာဖြစ်ကြောင်း အနည်းငယ်မျှသော အသိစိတ် ရှိလျှင်ပင်၊ ၎င်းတို့သည် ယင်းကို ဘယ်သောအခါမျှ စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။
အတိတ်တွင်၊ ဘုရားအိမ်တော်၌ စည်းမျဉ်းစည်းကမ်းတစ်ခု ရှိခဲ့သည်။ နှင်ထုတ်ခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်း ခံခဲ့ရသောသူများနှင့်စပ်လျဉ်း၍၊ အကယ်၍ ၎င်းတို့သည် နောက်ပိုင်းတွင် စစ်မှန်သော နောင်တကို ပြသပြီး၊ အမှန်တကယ် နောင်တရလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ဧဝံဂေလိတရားကို ဟောပြောခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းတို့တွင် မဆုတ်မနစ်ကြိုးပမ်းလျှင်၎င်းတို့ကို အသင်းတော်ထဲသို့ ပြန်လည်လက်ခံနိုင်သည်ဟူ၍ ဖြစ်သည်။ ရှင်းလင်းပစ်ခြင်းခံရပြီးနောက် ဤစံနှုန်းများနှင့် ကိုက်ညီသော တစ်စုံတစ်ဦး ရှိခဲ့ပြီး၊ အသင်းတော်က သူ့ကိုရှာဖွေရန်၊ သူနှင့် မိတ်သဟာယဖွဲ့ရန်၊ ပြီးလျှင် သူသည် အသင်းတော်သို့ ပြန်လည်ဝင်ခွင့်ရပြီဖြစ်ကြောင်း သူ့ကိုပြောရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သည်။ ဤသည်ကို ကြားသည့်အခါ၊ သူသည် အတော်အတန် ဝမ်းမြောက်သွားသော်လည်း၊ သူက “လက်ခံခြင်းသည် စစ်မှန်ပါသလော၊ သို့မဟုတ် ယင်း၏နောက်ကွယ်တွင် စိတ်ကူးတစ်ခုခု ရှိနေပါသလော။ ဘုရားက ကျွန်ုပ်၏ နောင်တကို အမှန်တကယ် မြင်ပြီလော။ ကျွန်ုပ်ကို သူက အမှန်တကယ် သနားကရုဏာပြပြီး ခွင့်လွှတ်ပြီလော။ ကျွန်ုပ်၏ ယခင်လုပ်ဆောင်ချက်များကို အမှန်တကယ် အမှတ်မထားသလော” ဟု ဆင်ခြင်သုံးသပ်ခဲ့သည်။ သူသည် ယင်းကို မယုံကြည်ဘဲ၊ “သူတို့က ကျွန်ုပ်ကို ပြန်လိုချင်သော်လည်း၊ ကျွန်ုပ်သည် ချုပ်တည်းနေသင့်ပြီး ချက်ချင်း သဘောမတူသင့်ပေ၊ နှင်ထုတ်ခြင်းခံရပြီးနောက် ဤနှစ်များအတွင်း ကျွန်ုပ်သည် အလွန်ဒုက္ခခံခဲ့ရပြီး အလွန်သနားဖွယ်ဖြစ်ခဲ့ရသလိုမျိုး မဖြစ်သင့်ပေ။ ကျွန်ုပ်သည် အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း ပြုမူရန် လိုအပ်ပြီး အသင်းတော်အသက်တာတွင် မည်သည့်နေရာ၌ ပါဝင်နိုင်သည် သို့မဟုတ် မည်သည့်တာဝန်များကို ထမ်းဆောင်နိုင်သည်ကို ပြန်လည်ဝင်ခွင့်ရပြီးပြီးချင်း ချက်ချင်း မစုံစမ်းမေးမြန်းသင့်ပေ။ ကျွန်ုပ်သည် အလွန်စိတ်အားထက်သန်ပုံ ပေါ်၍မရပါ။ ကျွန်ုပ်သည် စိတ်ထဲတွင် အထူးသဖြင့် ပျော်ရွှင်သည်ဟု ခံစားရသော်လည်း၊ စိတ်တည်ငြိမ်ရန် လိုအပ်ပြီး ဘုရားအိမ်တော်က ကျွန်ုပ်ကို စစ်မှန်စွာ ပြန်လိုချင်သလော သို့မဟုတ် တိကျသော တာဝန်များအတွက် ကျွန်ုပ်ကို အသုံးချရန်အလို့ငှာ ရိုးသားမှုမရှိခြင်းမျှသာလောဟူသည်ကို ကြည့်ရှုရန် လိုအပ်သည်” ဟု စဉ်းစားခဲ့သည်။ ဤစိတ်ကူးဖြင့် သူက “ကျွန်ုပ် နှင်ထုတ်ခြင်းခံရပြီးနောက် ထိုအချိန်အတောအတွင်း၊ ကျွန်ုပ်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခဲ့ပြီး ကျွန်ုပ်ပြုလုပ်ခဲ့သော အမှားများသည် အလွန်ဆိုးရွားကြောင်း သဘောပေါက်နားလည်ခဲ့သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအပေါ် ကျွန်ုပ်ဖြစ်စေခဲ့သော ဆုံးရှုံးမှုများသည် ကြီးမားလှပြီး၊ ကျွန်ုပ်သည် ယင်းတို့ကို ဘယ်သောအခါမျှ မဖြည့်ဆည်းနိုင်ပါ။ ကျွန်ုပ်သည် အမှန်စင်စစ် ဘုရားသခင် ကျိန်ဆဲသော နတ်ဆိုးနှင့် စာတန်တစ်ကောင်ပင် ဖြစ်သည်။ သို့သော်လည်း၊ ကျွန်ုပ်၏ ကိုယ်ပိုင်ဆင်ခြင်သုံးသပ်မှုသည် မပြည့်စုံသေးပါ။ ဘုရားအိမ်တော်က ကျွန်ုပ်ကို ပြန်ခေါ်လိုသည့်အတွက်၊ ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များကို သာ၍ပင် စားသောက်ရန် လိုအပ်ပြီး မိမိကိုယ်ကို သာ၍ ဆင်ခြင်သုံးသပ်ကာ သိရှိရန် လိုအပ်သည်။ လက်ရှိတွင်၊ ကျွန်ုပ်သည် ဘုရားအိမ်တော်သို့ ပြန်လာရန် မထိုက်တန်ပါ။ ဘုရားအိမ်တော်တွင် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရန် မထိုက်တန်ပါ။ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံရန် မထိုက်တန်သည့်အပြင် ဘုရားကို ရင်ဆိုင်ရန် ဧကန် အလွန်ရှက်မိပါသည်။ လူတိုင်းက စိတ်ထဲမှာရော အပြင်မှာပါ လက်ခံနိုင်စေရန်အလို့ငှာ၊ ကျွန်ုပ်၏ ကိုယ်ပိုင်သိကျွမ်းခြင်းနှင့် ဆင်ခြင်သုံးသပ်မှုတို့ လုံလောက်သည်ဟု ကျွန်ုပ်ခံစားရသည့်အခါမှသာ အသင်းတော်သို့ ကျွန်ုပ် ပြန်လာမည်” ဟု ပြောခဲ့သည်။ ဤသို့ပြောနေသော်လည်း၊ သူက “ငါက ဤအရာကို ဟန်ဆောင်ပြောနေခဲ့ခြင်း ဖြစ်သည်။ ခေါင်းဆောင်များက ငါ့ကို အသင်းတော်သို့ ပြန်မဝင်ဖို့ သဘောတူလိုက်လျှင် အဘယ်သို့ဖြစ်မည်နည်း။ ငါ အဆုံးသတ်မည် မဟုတ်လော” ဟု တွေးတောလျက် နေမထိထိုင်မထိ ဖြစ်နေခဲ့သည်။ လက်တွေ့တွင်၊ သူသည် အတော်အတန် စိုးရိမ်ပူပန်နေခဲ့သော်လည်း၊ သူသည် ဤနည်းအတိုင်း စကားပြောရဦးမည်ဖြစ်ပြီး အသင်းတော်သို့ ပြန်လာရန် အလွန်စိတ်အားထက်သန်ခြင်းမရှိသလိုမျိုး ဟန်ဆောင်ခဲ့ရသည်။ ဤအရာများကို ပြောဆိုခြင်းဖြင့် သူသည် မည်သည့်အရာကို ဆိုလိုခဲ့သနည်း။ (အသင်းတော်က သူ့ကို အမှန်တကယ် ပြန်လက်ခံမည်ဟုတ်မဟုတ်ဟူသည်ကို သူ စမ်းသပ်နေခြင်း ဖြစ်ပါသည်။) ဤသည်မှာ လိုအပ်သလော။ ဤသည်မှာ စာတန်များနှင့် နတ်ဆိုးများ လုပ်ဆောင်မည့်အရာတစ်ခု မဟုတ်လော။ ပုံမှန်လူတစ်ဦးသည် ဤနည်းဖြင့် ပြုမူမည်လော။ (ပြုမူမည်မဟုတ်ပါ။) ပုံမှန်လူတစ်ဦးက ထိုသို့ပြုမူမည်မဟုတ်ပေ။ ထိုသို့သော အံ့ဩဖွယ်ကောင်းသည့် အခွင့်အရေးတစ်ခုကို ရရှိလျက်၊ သူသည် ထိုသို့သောခြေလှမ်းတစ်လှမ်းကို လှမ်းနိုင်ခြင်းမှာ ကောက်ကျစ်ဆိုးယုတ်ပေသည်။ အသင်းတော်သို့ ပြန်လည်ဝင်ခွင့်ရခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းနှင့် သနားကရုဏာတော်၏ ဖော်ပြချက်တစ်ခုဖြစ်ပြီး၊ သူသည် မိမိ၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းနှင့် ချို့တဲ့မှုများကို ဆင်ခြင်သုံးသပ်ကာသိရှိသင့်သည့်အပြင်၊ ယခင်အကြွေးများကို ထေမိစေရန် နည်းလမ်းများကို ရှာဖွေသင့်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ဤနည်းအတိုင်း စမ်းသပ်နိုင်သေးပြီး ဘုရားသခင်၏ သနားကရုဏာတော်ကို ဤပုံစံဖြင့် သဘောထားပြုမူနိုင်သေးလျှင်၊ ထိုသူတို့သည် သူ၏ သနားကြင်နာခြင်းကို အမှန်တကယ် တန်ဖိုးထားဖို့ ပျက်ကွက်ပေသည်။ လူတို့တွင် ထိုသို့သော စိတ်ကူးများနှင့် ချဉ်းကပ်နည်းများ ဖြစ်ပေါ်ခြင်းမှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အနှစ်သာရအားဖြင့်၊ လူတို့သည် ဘုရားသခင်ကို စမ်းသပ်သည့်အခါ၊ ၎င်းတို့ ထင်ရှားစေပြီး ထုတ်ဖော်သည့်အရာသည် သဘောတရားအရ အခြားအရာများထဲမှ ဘုရားသခင်၏ အတွေးများအပြင် လူတို့အပေါ်ထားသော သူ၏ အမြင်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို စမ်းသပ်ခြင်းနှင့် အစဉ်သဖြင့် သက်ဆိုင်သည်။ အကယ်၍ လူတို့သည် သမ္မာတရားကို ရှာဖွေလျှင်၊ ထိုသို့သော ကျင့်သုံးမှုများကို ဆန့်ကျင်ပုန်ကန်ပြီး စွန့်လွှတ်ကာ၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူပြီး ကျင့်ကြံကြလိမ့်မည်။ သို့သော်လည်း၊ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အနှစ်သာရရှိသော ပုဂ္ဂိုလ်များမှာမူကား ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများကို မစွန့်လွှတ်နိုင်ရုံသာမက ယင်းတို့ကို မုန်းတီးသည်ဟု မမြင်ဘဲ၊ ထိုသို့သော နည်းလမ်းများနှင့် နည်းစနစ်များကို ပိုင်ဆိုင်သည့်အတွက် မိမိတို့ကိုယ်ကို မကြာခဏ အသိအမှတ်ပြုကြသည်။ ၎င်းတို့က “ငါ မည်မျှ လိမ္မာပါးနပ်သည်ကို ကြည့်ပါ။ ဘုရားနှင့်သမ္မာတရားကို ကျိုးနွံနာခံတတ်ပြီး နားထောင်ရန်သာ သိသည့် သင်တို့လို လူမိုက်များကဲ့သို့ မဟုတ်ပါ။ ငါသည် သင်တို့ကဲ့သို့ လုံးဝ မဟုတ်ပါ။ ဤအရာများကို သိရှိဖို့ နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုရန် ငါ ကြိုးစားသည်။ ငါသည် ကျိုးနွံနာခံပြီး နားထောင်ရမည်ဆိုလျှင်ပင်၊ အမှုအရာများ၏ အကြောင်းရင်းကို သိအောင် ငါ လုပ်ဦးမည်ဖြစ်သည်။ ငါ့ထံမှ တစ်ခုတလေကို ဖုံးကွယ်နိုင်မည် သို့မဟုတ် ငါ့ကို လှည့်ဖြားကာ အရူးလုပ်နိုင်မည်ဟု မထင်လေနှင့်”ဟု တွေးကောင်းတွေးပေမည်။ ဤသည်မှာ ၎င်းတို့၏ အတွေးနှင့် သဘောထားအမြင်ဖြစ်သည်။ အန္တိခရစ်တို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ဆက်ဆံရာတွင် ကျိုးနွံနာခံခြင်း၊ ကြောက်ရွံ့ခြင်း သို့မဟုတ် စိတ်ရင်းမှန်တို့ကို ဘယ်သောအခါမျှ မပြသသည့်အပြင် သစ္စာစောင့်သိမှုမှာ သာ၍ပင် နည်းပါးလှသည်။ ဤတွင် စမ်းသပ်ခြင်းနှင့် သက်ဆိုင်သော သရုပ်သကန်များအပေါ် ငါတို့၏ ဆွေးနွေးမှု အဆုံးသတ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။