နောက်ဆက်တွဲ ၆- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၃) အခန်း နှစ်
(စ) တောင်းဆိုမှုများ ပြုလုပ်ခြင်း
နောက်တစ်ချက်မှာ အန္တိခရစ်တို့သည် ဘုရားသခင်ကို တောင်းဆိုမှုများ ပြုလုပ်ခြင်းဖြစ်ပြီး ဤအရာနှင့်သက်ဆိုင်၍ ပိုမို တိကျသော သရုပ်သကန်များ ရှိသည်။ အန္တိခရစ်တို့ကို ဘာသာတရား မရှိသူများက “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်”ဟု ခေါ်ဆိုသောအရာဖြင့် ဖော်ပြနိုင်သည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ (၎င်းတို့သည် “ယုန်ကိုမမြင်မချင်း သိမ်းငှက်ကို မလွှတ်ကြပါ။”) ၎င်းတို့သည် ယုန်ကိုမမြင်မချင်း သိမ်းငှက်ကို မလွှတ်ကြပေ။ အကျိုးအမြတ်ရှိလျှင် ၎င်းတို့က လုပ်ဆောင်မည်ဖြစ်သော်လည်း အကျိုးအမြတ်မရှိလျှင်မူ လုပ်ဆောင်မည်မဟုတ်ပေ။ အခြေအနေ မည်သို့ပင်ဖြစ်စေ ၎င်းတို့က “ဤအရာကို လုပ်ဆောင်ခြင်းမှ ကျွန်ုပ် မည်မျှကြီးမားသော အကျိုးကျေးဇူးကို ရရှိနိုင်မည်နည်း။ အကျိုးအမြတ် မည်မျှ ကျွန်ုပ် ရရှိနိုင်မည်နည်း။ ဤအတွက် ဤမျှမြင့်မားသော အဖိုးအခကို ပေးရသည်မှာ တန်ပါသလော။ အကယ်၍ ကျွန်ုပ်က ကြီးမားသော အဖိုးအခကို ပေးဆပ်သော်လည်း အခြားသူများက အဆုံးတွင် အကျိုးကျေးဇူးကို ရရှိသွားပြီး ကျွန်ုပ်က မိမိကိုယ်ကို ထင်ပေါ်အောင် လုပ်ခွင့်မရလျှင်မူ ကျွန်ုပ် လုံးဝ လုပ်ဆောင်မည်မဟုတ်ပါ”ဟု တွေးလျက် မိမိတို့စိတ်ထဲတွင် ချိန်ဆကြသည်။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် သတ်မှတ်ချက်များအပေါ် အန္တိခရစ်တို့၏ သဘောထားပင် မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အနည်းငယ်မျှ အားထုတ်သော်လည်း မည်သည့်အကျိုးကျေးဇူးကိုမျှ မရရှိသည့်အပြင် ကျေးဇူးတော်ကို ရရှိခြင်းမရှိဘဲ အချို့သော ဆင်းရဲဒုက္ခကို ခံရလျှင် ၎င်းတို့က၊ “ကျွန်ုပ် ဤမျှလောက် အားထုတ်ခဲ့သည်၊ အဘယ်ကြောင့် မည်သည့်အကျိုးကျေးဇူးမျှ မရရှိခဲ့သနည်း။ ကျွန်ုပ်၏ မိသားစုစီးပွားရေးက အကျိုးအမြတ်ရှိသလော၊ မရှိသလော”ဟု ဆိုလျက်၊ စိတ်ထဲတွင် ချက်ချင်း တုံ့ပြန်ကြသည်။ ၎င်းတို့ တွက်ချက်ပြီး မိမိတို့၏ ဝင်ငွေသည် ယခင်လထက် ပိုများကြောင်း တွေ့ရှိလျှင် အန္တရာယ်များ ပါဝင်သော်လည်း မကြောက်မရွံ့ဘဲ ဧဝံဂေလိတရားကို ဆက်လက်၍ ထွက်ဟောကြသည်။ သို့သော် မိသားစုစီးပွားရေးနှင့်ပတ်သက်၍ ပြဿနာတစ်ခု ဖြစ်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ အကျိုးအမြတ်များသည် ယခင်လထက် သိသိသာသာ နည်းပါးသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စိတ်ထဲတွင် ဘုရားသခင်ကို ချက်ချင်းပင် စောဒကတက်ပြီး သံသယဝင်ကြကာ “ဘုရားသခင်၊ ကျွန်ုပ်သည် တာဝန်ထမ်းဆောင်ရာတွင် ပျင်းရိခြင်း သို့မဟုတ် ဉာဏ်များခြင်းမရှိဘဲ ဝတ်ကျေတမ်းကျေ ပုံစံဖြင့်လည်း ကျွန်ုပ် မထမ်းဆောင်ခဲ့ပါ။ ဤလတွင် ကျွန်ုပ်သည် ယခင်လထက် ပို၍ ခရီးသွားခဲ့ပြီး ပို၍ အလုပ်လုပ်ခဲ့သည်။ အဘယ်ကြောင့် ကိုယ်တော်သည် ကျွန်ုပ်၏ မိသားစုကို ကောင်းချီးမပေးသနည်း။ အဘယ်ကြောင့် ကျွန်ုပ်၏ မိသားစုစီးပွားရေးက အဆင်မပြေရသနည်း” ဟု တွေးကြသည်။ ဘုရားသခင်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် ၎င်းတို့၏ သဘောထားသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး ၎င်းတို့က “ကိုယ်တော်သည် ကျွန်ုပ်၏ မိသားစုကို ကောင်းချီးမပေးလျှင် ကျွန်ုပ်၏ တာဝန်ကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ထမ်းဆောင်သည့်အတွက် ကျွန်ုပ်ကို အပြစ်မတင်ပါနှင့်။ နောက်လတွင် ကျွန်ုပ်သည် ဤမျှလောက် အားထုတ်တော့မည် မဟုတ်ပါ။ ငါးနာရီတွင် ထရမည်ဆိုလျှင် ခြောက်နာရီမှ ထမည်။ ရှစ်နာရီတွင် ထွက်ရမည်ဆိုလျှင် ဆယ်နာရီမှ ထွက်မည်။ ယခင်က တစ်လလျှင် ဧဝံဂေလိ လက်ခံမည့်သူ ငါးဦးကို ကျွန်ုပ် တရားဟောနိုင်ခဲ့သည်၊ ဤတစ်ကြိမ်တွင်မူ နှစ်ဦးကိုသာ တရားဟောမည်။ ယင်းမှာ တော်လောက်ပြီဖြစ်၏” ဟု တွေးကြသည်။ ၎င်းတို့သည် မည်သည့်အရာကို တွက်ချက်နေကြသနည်း။ ယင်းမှာ ၎င်းတို့ ရင်းနှီးမြှုပ်နှံပြီး ပံ့ပိုးသည့်အရာသည် ဘုရားသခင်က ၎င်းတို့အား ပေးသည့်အရာနှင့် ညီမျှခြင်း ရှိမရှိဟူ၍ ဖြစ်သည်။ ထို့အပြင်၊ ဘုရားသခင်က ၎င်းတို့အား ပေးသည့်အရာသည် ၎င်းတို့ တောင်းဆိုပြီး လိုလားသည့်အရာထက် အဆများစွာ ဖြစ်မှသာလျှင် ၎င်းတို့က ယင်းကို တွက်ခြေကိုက်ပြီး ဒုက္ခခံရကျိုးနပ်သည်၊ အဖိုးအခပေးရကျိုးနပ်သည်ဟု မြင်ကြသည်။ မဟုတ်လျှင်မူ၊ ဘုရားအိမ်တော်က ၎င်းတို့အား ပေးအပ်သည့် တာဝန် သို့မဟုတ် အလုပ်က မည်သည့်အရာပင်ဖြစ်စေ ၎င်းတို့က ယင်းတို့အားလုံးကို ပုံစံတစ်မျိုးတည်းဖြင့် သဘောထားပြုမူကြသည်။ ယင်းမှာ ဝတ်ကျေတမ်းကျေ ပြုမူခြင်း၊ ဖြစ်နိုင်သည့်အခါ ဖြစ်သလိုနေခြင်း၊ ဖြစ်နိုင်သည့်အခါ ဟန်ဆောင်လုပ်ပြခြင်းဖြစ်ပြီး ရိုးသားစစ်မှန်မှုကို အနည်းငယ်မျှ လုံးဝ မပူဇော်ခြင်းပင် ဖြစ်သည်။ ဤသရုပ်သကန်သည် တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် အပေးအယူလုပ်ခြင်း နှစ်ခုလုံး ဖြစ်သည်။ လူတို့သည် အပေးအယူလုပ်စရာ ရှိမှသာ တောင်းဆိုမှုများ ပြုလုပ်ကြပြီး အပေးအယူမရှိဘဲနှင့်မူ ၎င်းတို့တွင် တောင်းဆိုမှုများ မရှိပေ။
အန္တိခရစ်တို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ ဘုရားအိမ်တော်၏ အလုပ် သို့မဟုတ် မိမိတို့၏ တာဝန်များအပေါ် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ရိုးသားစစ်မှန်မှု သို့မဟုတ် သစ္စာစောင့်သိခြင်း အနည်းငယ်မျှကိုပင် လုံးဝထားရှိခြင်းမရှိပေ။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများအတွက် မိမိတို့၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာလည်းကောင်း၊ မိမိတို့ ရရှိလိုသော ဆုလာဘ်များအတွက်လည်းကောင်း၊ ဤဘဝ၌ ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှု၊ အတွင်းပိုင်း တည်ငြိမ်မှု၊ မိသားစု ပျော်ရွှင်မှု၊ ထို့အပြင် အခြားသူများ၏ အထင်ကြီးလေးစားမှု၊ ကြည်ညိုလေးစားမှုနှင့် အပြုသဘောဆောင်သော သုံးသပ်ချက်တို့နှင့်အတူ ၎င်းတို့၏ ပတ်ဝန်းကျင်၌ အဆင်ပြေချောမွေ့မှုအတွက်ပင်လျှင်လည်းကောင်းအလဲအလှယ်အဖြစ် မိမိတို့၏ အသိဉာဏ်၊ အားအင်၊ အချိန်အပြင် ၎င်းတို့ ပေးဆပ်သည့် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခနှင့် အဖိုးအခတို့ကို အသုံးချရုံသက်သက်သာ ဖြစ်သည်။ တိုတိုပြောရလျှင်၊ အန္တိခရစ်တို့သည် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို စိတ်ရင်းအမှန်ဖြင့် မည်သည့်အခါမျှ မထမ်းဆောင်ကြသကဲ့သို့ သစ္စာစောင့်သိခြင်း အနည်းငယ်မျှ လုံးဝ ဆက်ကပ်မည်မဟုတ်ပေ။ ဆင်းရဲဒုက္ခများ သည်းညည်းခံခြင်းနှင့် အဖိုးအခ ပေးဆပ်ခြင်းဖြစ်စေ၊ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းဖြစ်စေ၊ ၎င်းတို့၏ အဆုံးစွန်ပန်းတိုင်မှာ မိမိတို့၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ မိမိတို့အလိုရှိသည့်အရာကို ဘုရားသခင်ထံမှ တောင်းဆိုရန်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အခက်အခဲ၊ ပြုပြင်ခြင်း သို့မဟုတ် မနှစ်မြို့ဖွယ်ဖြစ်သည်ဟု ၎င်းတို့ မြင်သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကြုံတွေ့သည့်အခါတိုင်း ၎င်းတို့သည် ချက်ချင်းပင် “ဤအမှုအရာများ ဆိုက်ရောက်လာခြင်းက ကျွန်ုပ်၏ အကျိုးစီးပွားများကို ထိခိုက်နေသလော။ ထိုအရာများက ငါ၏ ဂုဏ်သတင်းကို သက်ရောက်မှုရှိလိမ့်မည်လော။ ငါ၏ အလားအလာများနှင့် အနာဂတ် တိုးတက်မှုကို ထိုအရာများက လွှမ်းမိုးလိမ့်မည်လော”ဟု တွေးကြသည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် ၎င်းတို့၏ သရုပ်သကန်များက အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့၏ စိတ်များသည် မိမိတို့ ပေးဆပ်ပြီး ဆက်ကပ်သည့်အရာ၏ တန်ဖိုးကို စီးပွားရေးသမားတစ်ဦးကဲ့သို့ အကဲဖြတ်လျက်၊ မိမိတို့၏ ကုန်ကျစရိတ်များက မည်မျှကြီးမားသော အကျိုးအမြတ်ကို ဖြစ်ထွန်းစေနိုင်သည်ကို အကဲဖြတ်လျက် အပေးအယူများနှင့် ပြည့်နှက်နေသည်။ အချို့က “ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ရရှိရန်အလို့ငှာ သမ္မာတရားနှင့် အသက်ကို ရရှိရန် ဘုရားသခင်ကို ယုံကြည်ကြသည်”ဟု ပြောကောင်းပြောနိုင်ပါသည်။ သို့သော်လည်း အန္တိခရစ်တို့ကမူ “ကယ်တင်ခြင်းသည် မည်မျှ တန်ဖိုးရှိသနည်း။ သမ္မာတရားကို နားလည်ခြင်းကကော မည်မျှတန်ဖိုးရှိသနည်း။ ဤအရာများသည် ဘာမျှမတန်ပါ။ အမှန်တကယ် တန်ဖိုးရှိသည်မှာ ဤဘဝတွင် အဆတစ်ရာ လက်ခံရရှိပြီး နောင်ဘဝတွင် ထာဝရအသက်ကို ရရှိခြင်းဖြစ်သည်။ ဤဘဝတွင် တခြားသူများ၏ ချီးမြှောက်ခြင်းနှင့် အထင်ကြီးလေးစားခြင်းကို ခံရခြင်း၊ ဘုရားအိမ်တော်တွင် ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခံရပြီး၊ နောင်ဘဝတွင် နိုင်ငံအမြောက်အမြားအပေါ်ဩဇာအာဏာရှိခြင်းဟူသည့် ဤအရာသည်သာ အမှန်တကယ် များပြားသည့် အကျိုးအမြတ် စစ်စစ်ဖြစ်သည်”ဟု တွေးထင်ကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ ရည်မှန်းချက်၊ တာဝန်ထမ်းဆောင်ခြင်း၏ နောက်ကွယ်၌ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်တွင် ၎င်းတို့ ပြုလုပ်သော တွက်ချက်မှုတစ်ခု ဖြစ်သည်။ ဤတွက်ချက်မှုသည် အပေးအယူများနှင့် တောင်းဆိုမှုများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့၏ တာဝန်နှင့် ဘုရားသခင်အပေါ် ထားရှိသော ၎င်းတို့၏ မပြောပလောက်သည့် “ရိုးသားစစ်မှန်မှု”မှာ ဘုရားသခင်က ၎င်းတို့အား ထာဝရအသက်ကို ပေးကြောင်း၊ ဘေးအန္တရာယ်မှ ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ကြောင်း၊ ၎င်းတို့အား ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်ကို ပေးရန်နှင့် ၎င်းတို့၏ လိုအင်ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးရန်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်တို့၏ စိတ်နှလုံးများသည် ဘုရားသခင်အပေါ် အမျိုးမျိုးသော တောင်းဆိုမှုများဖြင့် ပြည့်နှက်နေပြီး ယင်းကို စုပေါင်း၍ တောင်းဆိုမှုများ ပြုလုပ်ခြင်းဟု အမည်ပေးထားသည်။ သမ္မာတရားကို အလိုမရှိခြင်းမှလွဲ၍ အန္တိခရစ်တို့သည် ရုပ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမဟုတ်သော အရာများဖြစ်သည့် အခြားအရာအားလုံးကို လိုချင်ကြသည်။
တစ်ချိန်က ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အတွက် အနည်းငယ်သော ပံ့ပိုးကူညီမှု ပြုလုပ်ခဲ့သည့် အန္တိခရစ်အချို့ ရှိသည်။ ဥပမာအားဖြင့်၊ ၎င်းတို့သည် အသင်းတော်တွင် အချို့သော စွန့်စားရသည့် အလုပ်များကို တာဝန်ယူခဲ့ခြင်း သို့မဟုတ် အိမ်မပြန်နိုင်သော ညီအစ်ကိုမောင်နှမများကို ဧည့်ခံဝတ်ပြုခဲ့ခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း သက်တမ်းက အတော်အတန် ကြာမြင့်သည်ကိုပါ ဖြည့်စွက်လိုက်လျှင် လူအများစုက ၎င်းတို့ကို ဂုဏ်ပြုထိုက်ပြီး အရည်အချင်းရှိသော ပုဂ္ဂိုလ်များအဖြစ် မှတ်ယူကြသည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းတို့ကိုယ်တိုင်က သာလွန်သည်ဟူသော ခံစားချက်နှင့် အားသာချက်တစ်ခုကို ခံစားကြရသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ဘုရားအိမ်တော်အတွက် ပံ့ပိုးကူညီမှုအချို့ ပြုလုပ်ခဲ့ပြီးပြီ။ ဘုရားက ကျွန်ုပ်ကို အထူးဆက်ဆံမှု ပေးသင့်သည် မဟုတ်လော။ ဥပမာအားဖြင့်၊ ပြည်ပကိုသွားခြင်းသည် လူတို့ မွေ့လျော်ခံစားရသော ကောင်းချီးတစ်ခု ဖြစ်သည်။ လူတို့၏ ဝါရင့်မှုကို ထည့်သွင်းစဉ်းစားလျှင် ကျွန်ုပ် ဦးစားပေး ခံသင့်သည် မဟုတ်လော။ အကြောင်းမှာ ကျွန်ုပ်သည် ဘုရားအိမ်တော်အတွက် ပံ့ပိုးကူညီမှုတစ်ခု ပြုလုပ်ခဲ့ပြီးဖြစ်သောကြောင့် ကျွန်ုပ်သည် ဦးစားပေးခံရသင့်ပြီး အထူးဂရုစိုက်မှု ခံရသင့်သည်၊ စည်းမျဉ်းများကို အခြေခံ၍ ကျွန်ုပ်ကို အကဲဖြတ်ခြင်း မပြုသင့်ပါ” ဟု ဆိုလျက် ၎င်းတို့၏ ဝါရင့်မှုကို အားကိုးပြီး ယင်းနှင့်ပတ်သက်၍ ကြွားဝါကြသည်။ အချို့လူများသည် ထောင်ပင်ကျခဲ့ပြီး၊ လွတ်မြောက်လာပြီးနောက် အိမ်ခြေရာမဲ့ဖြစ်သွားသည့်အခါ ဘုရားအိမ်တော်က ၎င်းတို့အား အထူးဂရုစိုက်မှု ပေးသင့်သည်ဟု ခံစားကြရသည်။ ဥပမာအားဖြင့်၊ ၎င်းတို့အား အိမ်တစ်လုံးဝယ်ရန် ကူညီဖို့ ငွေအချို့ကို ခွဲဝေပေးသင့်သည်၊ ၎င်းတို့၏ နောက်ဘဝတစ်ဝက်တာတွင် အသက်မွေးဝမ်းကျောင်းကို တာဝန်ယူပေးသင့်သည်၊ သို့မဟုတ် ၎င်းတို့ တင်ပြလာသော ရုပ်ဝတ္ထု လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးသင့်သည်ဟူ၍ ဖြစ်သည်။ ၎င်းတို့ လိုအပ်ချက်ရှိလျှင် ဘုရားအိမ်တော်က ၎င်းတို့အား ကားတစ်စီး ထောက်ပံ့ပေးသင့်သည်။ ၎င်းတို့တွင် ကျန်းမာရေးပြဿနာအချို့ရှိလျှင် ဘုရားအိမ်တော်က ၎င်းတို့အား ကျန်းမာရေး ဖြည့်စွက်စာများ ဝယ်ပေးသင့်သည်။ ၎င်းတို့သည် မိမိတို့၏ ဝါရင့်မှုကို အခွင့်ကောင်းယူပြီး မိမိတို့၏ အရည်အချင်းများကို ထုတ်ကြွားနေကြသည် မဟုတ်လော။ ဤပုဂ္ဂိုလ်များသည် မိမိတို့က ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်ဟု ယုံကြည်ကြသောကြောင့် ၎င်းတို့သည် အရှက်ကင်းမဲ့စွာနှင့် ပွင့်လင်းစွာ ဘုရားသခင်ထံမှ တောင်းဆိုမှုများ ပြုလုပ်ကြသည်။ ၎င်းတို့သည် ကားများ၊ အိမ်များနှင့် ဇိမ်ခံဘဝနေထိုင်မှုပုံစံတစ်ခုကို တောင်းဆိုကြသည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများကို မိမိတို့၏ အစေခံများ သို့မဟုတ် ကျွန်များ ဖြစ်လာလျက် ၎င်းတို့အတွက် အမှုအရာများကို ကိုင်တွယ်ပေးရန်နှင့် လက်တိုလက်တောင်းများ လုပ်ပေးရန် အခမဲ့ပင် တောင်းဆိုကြသည်။ ၎င်းတို့သည် အသင်းတော်ကို မှီခိုကပ်ရပ်သည့်သူတစ်ဦး ဖြစ်လာပြီ မဟုတ်လော။ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အမှန်စင်စစ် သင်၏ ကိုယ်ပိုင်အတွက်သာဖြစ်ပြီး သင်သည် သင်၏ ကိုယ်ပိုင်အတွက်သာ ထောင်ကျခြင်းဖြစ်သည်။ သင် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ယင်းမှာ သင်၏ တာဝန်သာဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားကို ရရှိသည့်အခါ ယင်းမှာ သင်၏ ကိုယ်ပိုင်အတွက်သာ ဖြစ်သည်။ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိသဘောဆန္ဒအလျောက်ဖြစ်ပြီး မည်သူကမျှ သင့်ကို အတင်းအကျပ် မပြုပါ။ အသက်ကို ရရှိခြင်းသည် သင်၏ ကိုယ်ပိုင်အတွက်သာဖြစ်ပြီး အခြားသူများအတွက် မဟုတ်ပေ။ သင်သည် ဘုရားအိမ်တော် သို့မဟုတ် အသင်းတော်အတွက် အချို့သော စွန့်စားရသည့် အလုပ်များကို တာဝန်ယူခဲ့လျှင်ပင် ယင်းကို ဂုဏ်ပြုထိုက်သောအမှုဟု သတ်မှတ်နိုင်သလော။ ယင်းမှာ ဂုဏ်ပြုထိုက်သောအမှု မဟုတ်ပေ၊ ယင်းမှာ သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ယင်းမှာ ဘုရားသခင်က သင့်ကို ချီးမြှောက်ပြီး သင့်အား ထိုသို့သော အခွင့်အရေးတစ်ခုကို ပေးသနားခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင်ထံမှ ကောင်းချီးတစ်ခု ဖြစ်သည်။ ယင်းမှာ သင်ကအသင်းတော်ကို မှီခိုကပ်ရပ်ရန်အတွက် အရင်းအနှီးအဖြစ် အသုံးပြုရန် မဟုတ်ပေ။ သို့ဆိုလျှင် ဤလူများသည် အန္တိခရစ်များ ဖြစ်ကြသလော။ အထူးသဖြင့်၊ ဤလူများသည် မည်သည့် သမ္မာတရား လက်တွေ့ကျမှုကိုမျှ မိတ်သဟာယမဖွဲ့နိုင်သည့်အပြင်၊ ယုံကြည်သည့်အချိန် ပိုနည်းကာ ပိုငယ်သော ညီအစ်ကိုမောင်နှမများနှင့် အတူရှိသည့်အခါ ၎င်းတို့သည် ၎င်းတို့၏ အတွေ့အကြုံဟောင်းများအကြောင်းကိုသာ မိတ်သဟာယဖွဲ့ပြီး ၎င်းတို့၏ အရည်အချင်းများကို ထုတ်ကြွားကြသည်။ ၎င်းတို့သည် တန်ဖိုးရှိသော အသက်တာဆိုင်ရာ အတွေ့အကြုံများနှင့်ပတ်သက်သည့် မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် အသိပညာ တစ်ခုတလေ ကင်းမဲ့နေသည်။ ၎င်းတို့သည် အခြားသူများကို တည်ဆောက်မှုမပေးဘဲ ထိုအစား ဟန်ပန်ထုတ်ပြီး မာနထောင်လွှားစွာ ပြုမူကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၌ မည်သည့်အနှစ်သာရပိုင်းဆိုင်ရာ အလုပ်ကိုမျှ တာဝန်မယူနိုင်သကဲ့သို့ မည်သည့် စစ်မှန်သော တာဝန်များကိုမျှ ကောင်းစွာ မထမ်းဆောင်နိုင်ကြပေ။ သို့တိုင်အောင် ၎င်းတို့သည် အသင်းတော်ကို မှီခိုကပ်ရပ်နေဆဲဖြစ်ပြီး ဘုရားသခင်ထံမှ တောင်းဆိုမှုများ ပြုလုပ်ရန် ၎င်းတို့၏ လက်များကို ဆန့်တန်းနေကြဆဲ ဖြစ်သည်။ ဤသည်မှာ အရှက်မဲ့သည် မဟုတ်လော။ အရည်အချင်းများအကြောင်းကို ငါတို့ ပြောမည်ဆိုလျှင် ငါသည် သင်တို့ထက် ပို၍ အရည်အချင်းမရှိသလော။ ငါသည် သင်တို့နှင့်ပတ်သက်၍ ဟန်ပန်ထုတ်ခဲ့ဖူးသလော။ ငါသည် သင်တို့ထံမှ တစ်ခုတလေကို တောင်းဆိုခဲ့ဖူးသလော။ (မတောင်းခဲ့ဖူးပါ။) သို့ဆိုလျှင် အန္တိခရစ်တို့သည် အဘယ်ကြောင့် ထိုသို့သောအရာများကို လုပ်ဆောင်နိုင်ကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် အရှက်မဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို လက်ခံသည့်အခါ ၎င်းတို့၏ စိတ်များသည် အပေးအယူများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ မှန်ကန်သော သဘောထားအမြင် ကင်းမဲ့ပြီး ယင်းကို မိမိတို့၏ တာဝန် သို့မဟုတ် ဝတ္တရား၊ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာဟု မမှတ်ယူကြပေ။ ၎င်းတို့သည် အချို့သော တာဝန်ကို ထမ်းဆောင်နိုင်သော်လည်း၊ အချို့သော ဆင်းရဲဒုက္ခကို ခံနိုင်ကာ အဖိုးအခကို ပေးဆပ်နိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာကို တွေးနေကြသနည်း။ “ဤအလုပ်သည် အခြားမည်သူမျှ မလုပ်ဆောင်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ ထိုအရာကို ငါ လုပ်ဆောင်လျှင်၊ ဘုရားအိမ်တော်မှာ ကျော်ကြားလာလိမ့်မည်။ ငါ သွားနေရာတိုင်းတွင် အထင်ကြီးလေးစားခံရမည်၊ နေရာတိုင်းတွင် အကောင်းဆုံးကို မွေ့လျော်ခံစားဖို့ အရည်အချင်းရှိမည်ဖြစ်သည်။ ငါသည် ဘုရားအိမ်တော်တွင် လူကောင်ကြီးတစ်ယောက် ဖြစ်လာမည်ဖြစ်ပြီး၊ ငါလိုချင်တာမှန်သမျှ ရနိုင်မည်ဖြစ်ကာ ငါ့တွင် အရည်အချင်းများရှိသောကြောင့် မည်သူကမျှ မည်သည့်အရာမျှ ပြောဝံ့မည်မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်ကို အခြေခံ၍၊ အန္တိခရစ်တို့သည် ဘုရားသခင်၊ သူ၏ တာဝန်ပေးစေခိုင်းချက် သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်ကို ရိုးသားစစ်မှန်မှု သို့မဟုတ် လိုလားမှုတို့ဖြင့် အနည်းငယ်မျှဖြင့်ပင် သဘောထားပြုမူရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် အပြင်ပန်းတွင် လိုလိုလားလားရှိပြီး ဆင်းရဲဒုက္ခကို သည်းညည်းခံနိုင်ကာ အဖိုးအခကို ပေးဆပ်နိုင်စွမ်းရှိပုံ ပေါ်လျှင်ပင်၊ ဤနောက်တွင် ချက်ချင်းပင် ၎င်းတို့သည် ဘုရားသခင်ထံမှ တောင်းဆိုမှုများ ပြုလုပ်ရန်နှင့် ဆုလာဘ်များ တောင်းရန်၊ အသင်းတော်ကို မှီခိုကပ်ရပ်ရန်နှင့် နေရာတိုင်းတွင် အခွင့်အရေးယူရန် ကြိုးစားဖို့ အသင့်ဖြစ်နေကြသည်။ ထို့ကြောင့်၊ ၎င်းတို့၏ လုပ်နည်းကိုင်နည်းများကို အကဲဖြတ်သည့်အခါ၊ ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထား အနှစ်သာရကို ကောက်ကျစ်ဆိုးယုတ်သော အရာအဖြစ် သတ်မှတ်ခြင်းသည် အသင့်တော်ဆုံးပင် ဖြစ်သည်။ ၎င်းတို့၏ တာဝန်များ၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့်စပ်လျဉ်း၍ ၎င်းတို့ ထားရှိသော အတွေးအခေါ်များနှင့် သဘောထားအမြင်များကကောက်ကျစ်ဆိုးယုတ်သည်၊ သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် အသိစိတ်၏ စံနှုန်းနှင့်လည်း သေချာပေါက် မကိုက်ညီပေ။
၎င်းတို့ ထမ်းဆောင်သည့် မည်သည့်တာဝန်တွင်မဆို အန္တိခရစ်တို့သည် မိမိတို့၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် ကျိတ်ကြံစည်လျက် မိမိတို့၏ ကိုယ်ပိုင်ဆန္ဒများအတိုင်း လိုက်လုပ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြ သို့မဟုတ် မိမိတို့ကိုယ်ကိုလည်း ဆင်ခြင်သုံးသပ်ခြင်း မရှိကြပေ။ ၎င်းတို့၏ အလုပ်တွင်ရှိသည့် လမ်းလွဲခြင်း သို့မဟုတ် ပြဿနာများ တစ်ခုတလေကို ရင်ဆိုင်ရာတွင် ၎င်းတို့၏ သဘောထားမှာ သမ္မာတရားကို ရှာဖွေခြင်းလည်းမဟုတ်သည့်အပြင် လက်ခံခြင်းလည်း မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် လူတို့၏ အထင်ကြီးလေးစားမှုကို ရယူလျက် အဖြစ်မှန်များကို ဖုံးကွယ်ရန်၊ မိမိတို့၏ သိက္ခာနှင့် အချည်းနှီးဖြစ်သော ဂုဏ်ပကာသနကို ထိန်းသိမ်းရန်လည်းကောင်း၊ ကဏ္ဍတိုင်းတွင် မိမိတို့ကိုယ်ကို ဗန်းပြရန် အစဉ် ကြိုးပမ်းကြသည်။ တိုတိုပြောရလျှင်၊ ၎င်းတို့၏ စိတ်နှလုံးများသည် သမ္မာတရားနှင့် ကိုက်ညီသည့်အရာ တစ်ခုမျှမရှိဘဲ ကောက်ကျစ်ဆိုးယုတ်ခြင်းဖြင့်လည်းကောင်း၊ စာတန်၏ အတွေးအခေါ်ဖြင့်လည်းကောင်း၊ လူ၏ အယူအဆများနှင့် စိတ်ကူးများဖြင့်လည်းကောင်း ပြည့်နှက်နေသည်။ အန္တိခရစ်တို့သည် ၎င်းတို့ ထမ်းဆောင်သည့် မည်သည့်တာဝန်တွင်မဆို သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြသည့်အပြင်၊ ဘုရားအိမ်တော်၏ အလုပ် အစီအစဉ်များကို ကျိုးနွံနာခံရန်လည်း မည်သည့်အခါမျှ ရည်ရွယ်ခြင်းမရှိပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လုပ်ဆောင်နည်းကိုသာ အစဉ် စွဲကိုင်ကြပြီး မိမိတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအတိုင်း ပြုမူဆောင်ရွက်ကြသည်။ လက်တစ်ကမ်းမှာရှိသည့် တာဝန်က မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် မည်သို့ အကျိုးရှိနိုင်မည်ကို စိတ်ထဲတွင် တွက်ချက်ကြသည်။ ၎င်းတို့သည် မိမိတို့အား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၊ အခြားသူများ၏ အထင်ကြီးလေးစားမှုနှင့် ဂုဏ်အသရေ အနည်းငယ်ကို ရရှိစေမည့် မည်သည့်တာဝန်များအား ထမ်းဆောင်ရမည်ကိုသာ အကဲဖြတ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ စွမ်းဆောင်ချက်များကို ဘုရားသခင်၏ မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်ခြင်းခံရရန် မျှော်လင့်ကြပြီး၊ ပံ့ပိုးကူညီမှုတိုင်းက ကောင်းစွာ မှတ်တမ်းတင်ခံရပြီး မည်သည့်အရာမျှ လျစ်လျူရှုမခံရသည်ကို သေချာစေလျက် ယင်းတို့ကို စိတ်ထဲတွင် စာရင်းတစ်ခု ထားရှိကြသည်။ ၎င်းတို့သည် မိမိတို့ အလုပ်ပိုလုပ်ပြီး ပံ့ပိုးကူညီမှုများ ပိုကြီးမားလေ၊ နိုင်ငံတော်သို့ ဝင်ရောက်ရန်နှင့် ဆုလာဘ်များနှင့် သရဖူများ ရရှိရန် မျှော်လင့်ချက် ပိုများလေဖြစ်သည်ဟု ယုံကြည်ကြသည်။ အန္တိခရစ်တို့သည် မိမိတို့၏ တာဝန်များအပေါ် ထားရှိသည့် သဘောထားများနှင့် သဘောထားအမြင်များသည် ဤကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့၏ စိတ်များသည် အပေးအယူများနှင့် တောင်းဆိုမှုများဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ အနှစ်သာရကို ထုတ်ဖော်နေခြင်း မဟုတ်လော။ အဘယ်ကြောင့် ၎င်းတို့၏ စိတ်များက ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းများနှင့် တောင်းဆိုမှုများဖြင့် ပြည့်နှက်နေရသနည်း။ အကြောင်းရင်းမှာ ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရက ကောက်ကျစ်ဆိုးယုတ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ လုံးဝမှန်ကန်ပေသည်။ အန္တိခရစ်တို့သည် မိမိတို့၏ တာဝန်များနှင့်စပ်လျဉ်း၍ ထားရှိသောစိတ်ကူးများနှင့် သဘောထားအမြင်များမှတစ်ဆင့် ယင်းကို တွေ့မြင်နိုင်သည်။ ဤအရာများက ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရသည် ကောက်ကျစ်ဆိုးယုတ်ကြောင်းကို အပြည့်အဝ အတည်ပြုလေသည်။ သမ္မာတရားကို မည်မျှပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ သို့မဟုတ် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက မည်သို့ပင် ဖော်ထုတ်ခံရပြီး စိတ်ဖြာလေ့လာဆွေးနွေးခံရသည်ဖြစ်စေ၊ အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရအပေါ် သိသည့်အသိကို စိုးစဉ်းမျှ ပြသခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လက်ခံရန် ငြင်းပယ်သည်သာမက ၎င်းတို့၏ စိတ်နှလုံးထဲတွင် မကျေမချမ်းဖြစ်မှုလည်း ဖြစ်ပေါ်ကြသည်။ ကောင်းချီးမင်္ဂလာများနှင့် ဆုလာဘ်များ ရရှိမည့် ၎င်းတို့၏ မျှော်လင့်ချက်များ အစိတ်စိတ် အမြွှာမြွှာကွဲသွားသည်ဟု ခံစားရသည့်အခါ၊ ဘုရားသခင်၏ ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းသည် ဆုလာဘ်များကို တမင်တကာ တားဆီးရန် ကြိုးပမ်းမှုတစ်ခုဖြစ်ပြီး၊ လူတို့အား အဆုံးတွင် မည်သည့်အရာမျှမရစေဘဲ ဘုရားသခင်အတွက် အချည်းနှီး အသုံးခံစေသည်ဟု တွေးထင်လျက် ဘုရားသခင်က လှည့်စားနေသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ အလုပ်နှင့် သမ္မာတရားကို အပြုသဘောဆောင်သော နားလည်သဘောပေါက်မှု ကင်းမဲ့သည်သာမက ဘုရားသခင်အပေါ် ၎င်းတို့၏ အတိုက်အခံလုပ်မှုကို ပိုမိုပြင်းထန်စေလျက် အယူအဆများနှင့် နားလည်မှုလွဲမှားခြင်းများကိုပင် ဖြစ်ပေါ်ကြသည်။ ထို့ကြောင့်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စာတန်ဆန်သော စိတ်သဘောထားနှင့် အနှစ်သာရကို ပို၍ စိတ်ဖြာလေ့လာဆွေးနွေးလေ၊ စာတန်၏ အကြံအစည်များ၊ လှုံ့ဆော်မှုများနှင့် ရည်ရွယ်ချက်များက ပို၍ ဖော်ထုတ်ခံရလေလေ၊ အန္တိခရစ်တို့သည် သမ္မာတရားကို ပို၍ အလွန်အမင်း မနှစ်မြို့ကာ ယင်းအပေါ် မုန်းတီးမှုကို ထားရှိလေလေ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့် ဖြစ်ပျက်ရသနည်း။ သမ္မာတရားကို ပို၍ မိတ်သဟာယဖွဲ့လေလေ၊ ကောင်းချီးမင်္ဂလာများ ရရှိခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ မျှော်လင့်ချက်သည် ပို၍ မှေးမှိန်လာလေလေဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ သမ္မာတရားကို ပို၍ မိတ်သဟာယဖွဲ့လေလေ၊ ဆင်းရဲဒုက္ခခံခြင်းနှင့် အဖိုးအခပေးဆပ်ခြင်းကို ဆုလာဘ်များနှင့် သရဖူများအတွက် လဲလှယ်သည့်လမ်းကြောင်းသည် အလားအလာမရှိတော့ကြောင်း ပို၍ ခံစားရလေလေဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ချက်မရှိဟု ၎င်းတို့အား ယုံကြည်စေသည်။ ဤပုံစံဖြင့် သမ္မာတရားကို ပို၍ မိတ်သဟာယဖွဲ့ပြီး ဤသို့သော ဖော်ထုတ်မှုမျိုး ပို၍ ဖြစ်ပွားလေလေ၊ အန္တိခရစ်တို့သည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းအား စိတ်ဝင်စားမှု ပိုနည်းလာလေလေ ဖြစ်သည်။ ဘုရားသခင် ပြောဆိုသည့်အရာထဲတွင် ဆင်းရဲဒုက္ခနှင့် အဖိုးအခပေးခြင်း မည်မျှက လူတို့အား ညီမျှသော ဆုလာဘ်တစ်ခုကို ရရှိစေမည်ကို မဖော်ပြထားသည်ကိုလည်းကောင်း၊ ကြိုးစားအလုပ်လုပ်ခြင်းသက်သက်ဖြင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းအကြောင်းကို သူက ဘာမျှမပြောဆိုခဲ့သည်ကိုလည်းကောင်း မြင်တွေ့ရသဖြင့်၊ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်သည့် ၎င်းတို့၏ လမ်းကြောင်းက အဆုံးသို့ ရောက်သွားသည့်အလား ခံစားရသည်။ ၎င်းတို့သည် မိမိတို့၏ နေ့ရက်များ ကုန်ဆုံးတော့မည်ဟု ခံစားရလျက်၊ နောက်ဆုံးသောနေ့ရက်သည် ၎င်းတို့အပေါ် ဆိုက်ရောက်လာသကဲ့သို့ နေမထိထိုင်မထိဖြစ်သော ကြောက်ရွံ့မှုကို တွေ့ကြုံခံစားလျက်၊ မိမိတို့သည် ဘုရားသခင် အပြစ်ဒဏ်ပေးမည့်သူများ သေချာပေါက် ဖြစ်ကြောင်း စိတ်ထဲတွင် ခံစားကြရသည်။ အန္တိခရစ်တို့ကို ဖော်ထုတ်သည့် တရားဒေသနာတစ်ခုပြီးတစ်ခုကို နားထောင်ပြီးနောက် သင်တို့သည် မည်သို့ ခံစားရသနည်း။ သင်တို့အားလုံး ခေါင်းငိုက်စိုက်ကျနေကြသည်ကို ငါ မြင်သည်၊ သင်တို့တွင် အနည်းငယ် စိတ်ပျက်အားငယ်သော ခံစားချက် ရှိနေသလော။ သင်တို့သည် အန္တိခရစ်တို့၏ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေကြသည်ကို သင်တို့ သဘောပေါက်ပြီးပြီလော။ သင်တို့၏ အတွေးများသည်လည်း ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းဆိုင်ရာ ဤကောက်ကျစ်ဆိုးယုတ်သော စိတ်ကူးများဖြင့် ပြည့်နှက်နေသလော။ သင်တို့တွင် ယခု သိမြင်မှုတစ်ခုတလေ ရှိသလော။ သင်တို့သည် အမှုအရာများကို အမြန် ပြောင်းလဲနိုင်သလော။ (ကျွန်ုပ်လည်း အမှုအရာများကို အမြန် ပြောင်းလဲရန် လိုအပ်သည်ဟု တွေးနေပါသည်။ ဤအန္တိခရစ် စိတ်သဘောထားများဖြင့် ဆက်လက်အသက်မရှင်နိုင်တော့ပါ။) သင်တို့အားလုံးတွင် အန္တိခရစ်တို့၏ စိတ်သဘောထားများရှိပြီး ဘုရားသခင်နှင့် အပေးအယူလုပ်ရန်နှင့် ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်ရှိသော်လည်း၊ သင်တို့သည် အန္တိခရစ်များ မဟုတ်ကြသေးပေ။ ထို့ကြောင့်၊ သင်တို့သည် ဖြေရှင်းချက်အတွက် သမ္မာတရားကို ချက်ချင်း ရှာဖွေသင့်သည်။ ချောက်ကမ်းပါးအစွန်းမှ မိမိတို့ကိုယ်ကို ပြန်ဆွဲထုတ်သင့်ပြီး သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းသင့်သည်။ သို့ဆိုလျှင် ပြဿနာက ပြေလည်သွားသည် မဟုတ်လော။ အန္တိခရစ်တို့၏ စိတ်သဘောထားရှိပြီး ၎င်းတို့၏ လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသည် အလွယ်တကူ ဖြေရှင်း၍ရသည့် ပြဿနာတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်သရွေ့၊ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်သရွေ့၊ မိမိအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရှိနိုင်သရွေ့၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားခြင်း ပြဿနာ၏ အနှစ်သာရကို နားလည်နိုင်သရွေ့၊ ထို့နောက် ဤမှားယွင်းသော လိုက်စားမှုနည်းလမ်းကို စွန့်လွှတ်နိုင်သရွေ့၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ မှားယွင်းသော သဘောထားအမြင်ကို စွန့်လွှတ်နိုင်သရွေ့၊ ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်ကို စွန့်ပယ်နိုင်ပြီး သမ္မာတရားကို လိုက်စားရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ပြီး လူသစ်တစ်ဦး ဖြစ်လာမည့် ရည်ရွယ်ချက်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကာ ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦး ဖြစ်လာခြင်းကိုသာ လိုက်စားပြီး၊ လူသားများကို ပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်းမရှိဘဲ၊ လူသားများနောက်မလိုက်ဘဲ ဘုရားသခင်ကိုသာ ဝတ်ပြုကိုးကွယ်လျှင်၊ သင်၏ အခြေအနေသည် တဖြည်းဖြည်း ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ်သို့ တက်လှမ်းလိမ့်မည်။ ထိုအရာနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်ရာ မရှိပေ။ ကြောက်ရွံ့သင့်သည်မှာ သင်သည် သမ္မာတရားကို လက်မခံလျှင်၊ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့လျှင်၊ ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းက မှားကြောင်းနှင့် ထို့အတူ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားခြင်းက မှားကြောင်း သိလျက်နှင့် သင်သည် ခေါင်းမာပြီး မည်သည့်အခါမျှ နောင်တမရဘဲ နေလျှင် ဖြစ်သည်။ ထိုသို့သောအခြေအနေတွင်၊ သင်သည် အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရ ရှိနေပြီး ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်ဖြစ်သည်။ သင်သည် မကောင်းမှုများစွာကို ပြုလုပ်လျှင် အပြစ်ဒဏ်ပေးခြင်းကို ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
အန္တိခရစ်များနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူသားများကြား ခြားနားချက်မှာ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် ကောင်းချီးမင်္ဂလာများကို လိုက်စားခြင်းသည်လည်းကောင်း၊ ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းသည်လည်းကောင်း အန္တိခရစ်များအတွက် ယာယီ သို့မဟုတ် ရံဖန်ရံခါဖြစ်သော သရုပ်သကန်တစ်ခုမျှသာ မဟုတ်ဘဲ၊ ၎င်းတို့သည် ဤအရာများဖြင့် အသက်ရှင်ကြသည်ဟူသည့် အချက်တွင် တည်ရှိသည်။ ၎င်းတို့သည် အန္တိခရစ်တို့၏ သဘာဝနှင့် စာတန်ဆန်သော အတွေးအခေါ်များအတိုင်း အသက်ရှင်လျက် အန္တိခရစ်တို့၏ လမ်းကြောင်းဖြစ်သည့် လမ်းကြောင်းတစ်ခုတည်းကိုသာ ရွေးချယ်ကြသည်။ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများသည် ဒုတိယ ရွေးချယ်မှုတစ်ခုကို ရောက်ရှိနိုင်ပြီး သမ္မာတရားကို လိုက်စားခြင်းလမ်းအား လျှောက်လှမ်းနိုင်သော်လည်း၊ အန္တိခရစ်တို့သည် သမ္မာတရားကို မနှစ်သက်ကြသကဲ့သို့ ဤလိုအပ်ချက်လည်း မရှိကြပေ။ ၎င်းတို့၏ သဘာဝသည် စာတန်ဆန်သော အတွေးအခေါ်များနှင့် ပြည့်နှက်နေပြီး မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ကြလိမ့်မည် မဟုတ်ပေ။ အန္တိခရစ်တို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်ခံကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် လမ်းကြောင်းကို လုံးဝ ပြောင်းလဲခြင်း သို့မဟုတ် နောင်တရခြင်း မရှိဘဲ မိမိတို့၏ မှားယွင်းမှုများတွင် အဆုံးတိုင် မလျှော့တမ်းရှိနေမည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်လိုသည့်စိတ်များနှင့် ပြည့်နှက်နေပြီး အချိန်တိုင်း သူ့ကို စမ်းသပ်ကာ ရန်ဘက်ပြုနေကြောင်း ၎င်းတို့က သိကြသည်။ သို့သော်လည်း ၎င်းတို့တွင် ၎င်းတို့၏ အကြောင်းပြချက်များ ရှိကြပြီး “ယင်း၌ အဘယ်အရာ မှားယွင်းသနည်း။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကောင်းချီးအချို့အတွက် ဘုရားထံ တောင်းခံခြင်းနှင့် အဆင့်အတန်း၏ အကျိုးကျေးဇူးအချို့တွင် မွေ့လျော်ခံစားခြင်းသည် ရှက်ဖွယ်ရာ လုပ်ရပ်များ မဟုတ်ပါ။ ကျွန်ုပ်သည် လူသတ်ခြင်းနှင့် မီးရှို့ခြင်းတို့ကို မကျူးလွန်ခဲ့သည့်အပြင်၊ ဘုရားကို လူသိရှင်ကြား အတိုက်အခံလုပ်ခြင်းလည်း မရှိခဲ့ပါ။ ကျွန်ုပ်သည် သီးခြား နယ်မြေတစ်ခုကို တည်ထောင်ရန် လုပ်ဆောင်နေခဲ့ပြီး အနည်းငယ် ထင်ရာမြင်ရာ ပြုမူခဲ့သည်မှာ သေချာသည်။ သို့သော် မည်သူ့ကိုမျှ ထိခိုက်နစ်နာစေခြင်း သို့မဟုတ် နာကျင်စေခြင်း မရှိခဲ့ပါ။ ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်စေခြင်း သို့မဟုတ် ဆုံးရှုံးမှုများ ဖြစ်စေခြင်းလည်း မရှိခဲ့ပါ”ဟူ၍ တွေးထင်ကြသည်။ ဤသည်မှာ အဖတ်ဆယ်မရနိုင်သောအရာ မဟုတ်လော။ ဘုရားအိမ်တော်က သမ္မာတရားအကြောင်း မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို ဖော်ထုတ်ပြီး ပြုပြင်သည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့၏ အမှားများကို ဝန်ခံရန် ငြင်းပယ်ကြသည်။ ယင်းမှာ အဖတ်ဆယ်မရနိုင်သောအရာ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ အနှစ်သာရ ဖြစ်သည်။ သင်က ၎င်းတို့ကို ဆိုးယုတ်သည် သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သည်ဟု ပြောဆိုလျှင် ၎င်းတို့က ဂရုမစိုက်ကြသည့်အပြင်၊ ၎င်းတို့၏ ဆိုးယုတ်မှုနှင့် ကောက်ကျစ်ဆိုးယုတ်မှုကို မလျှော့တမ်းလုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။ အန္တိခရစ်တို့က စွဲမြဲခိုင်မာစွာဖြင့် နောင်တမရသော ပုဂ္ဂိုလ်များ ဖြစ်ကြောင်းကို ဤအရာက ပြသသည်။ သင်သည် ထိုသို့သော လူများနှင့် သမ္မာတရားအကြောင်းကို မိတ်သဟာယဖွဲ့နေဦးမည်လော။ ၎င်းတို့သည် မည်သည့်အရာများက အပြုသဘောဆောင်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်သည်ကိုပင် မသိကြပေ။ သင်က ၎င်းတို့ကို အဘယ်အရာ ပြောနိုင်သနည်း။ ပြောစရာ ဘာမျှမရှိပေ။ အန္တိခရစ်တို့သည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရနှင့် ပြည့်နှက်နေပြီး ဤစိတ်သဘောထားအတွင်း၌ အသက်ရှင်ကြသည်။ ဘုရားသခင်ကို စမ်းသပ်ခြင်းနှင့် သူနှင့် အပေးအယူလုပ်ခြင်းသည် ၎င်းတို့၏ ပင်ကိုသဘာဝဖြစ်ပြီး မည်သူမျှ ၎င်းတို့ကို မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် အခြေအနေတိုင်းတွင် မပြောင်းမလဲ ရှိနေကြသည်။ အဘယ်ကြောင့် ၎င်းတို့ မပြောင်းလဲကြသနည်း။ ၎င်းတို့ မပြောင်းလဲကြခြင်းမှာ ၎င်းတို့ထံ သမ္မာတရားမည်မျှ မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ နှုတ်ကပတ်တော်များက မည်မျှ နားလည်နိုင်ဖွယ်ဖြစ်ပြီး စေ့စေ့စပ်စပ် ဖော်ထုတ်သောအရာ ဖြစ်သည်ဖြစ်စေ၊ တကယ့်ပြဿနာကို ၎င်းတို့က သတိမမူကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်နိုင်သကဲ့သို့ သမ္မာတရားဟူသည်မှာ အဘယ်အရာဖြစ်သည်ဆိုသည်နှင့် အပျက်သဘောဆောင်သော အရာများဟူသည်မှာ အဘယ်အရာဖြစ်သည်ဆိုသည်ကိုလည်း မသိကြပေ။ ယင်းမှာ အကြောင်းရင်းဖြစ်ပေသည်။
အန္တိခရစ်တို့သည် အမျိုးမျိုးသော ကိစ္စရပ်များတွင် ဘုရားသခင်နှင့် အပေးအယူလုပ်ပြီး သူ့ကို တောင်းဆိုမှုများ ပြုလုပ်ကြသည်။ ၎င်းတို့သည် ထိတွေ့နိုင်သောအရာနှင့် မထိတွေ့နိုင်သောအရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမဟုတ်သောအရာ၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဖြစ်သည့် များစွာသောအရာများကို တောင်းဆိုကြသည်မှာ အမှန်ပင်ဖြစ်၏။ ၎င်းတို့ စိတ်ကူးနိုင်သရွေ့၊ ၎င်းတို့ ထိုက်တန်သည်ဟု ယုံကြည်သရွေ့၊ ပြီးလျှင် ၎င်းတို့ တောင့်တသောအရာတစ်ခု ဖြစ်နေသရွေ့၊ သူသည် ၎င်းတို့အား ယင်းကို ချီးမြှင့်မည်ဟု မျှော်လင့်လျက် ဘုရားသခင်ထံ ရှက်ကြောက်ခြင်းမရှိဘဲ တောင်းဆိုကြသည်။ ဥပမာအနေဖြင့်၊ ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်နေသည့်အခါ၊ ထင်ပေါ်ကျော်ကြားပြီး ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်၊ လူအများ၏ ကြည်ညိုလေးစားမှုနှင့်အတူ ၎င်းတို့ တောင့်တသော အဆင့်အတန်းကို ရရှိရန်နှင့် အများအာရုံစိုက်ခံရရန် အခွင့်အရေးတစ်ခု ရရှိရန်အလို့ငှာ၊ ဘုရားသခင်က ၎င်းတို့အား အထူးစွမ်းရည်အချို့ ပေးလိမ့်မည်ဟု မျှော်လင့်ကြသည်။ ၎င်းတို့က၊ “အို ဘုရားသခင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်လိုပါသည်။ ကိုယ်တော့်ထံမှ ဤတာဝန်ကို လက်ခံပြီးသည့်နောက်၊ ယင်းကို ကောင်းမွန်စွာ မည်သို့ထမ်းဆောင်ရမည်ကို နေ့စဉ် ကျွန်ုပ် စဉ်းစားပါသည်။ ဤအရာအတွက် တစ်သက်တာ အားအင်ကို ဆက်ကပ်အပ်နှံလိုပါသည်။ ကိုယ်တော့်ထံ ကျွန်ုပ်၏ ငယ်ရွယ်မှုကို ဆက်သလိုပြီး ကျွန်ုပ်၌ရှိသမျှ အရာရာကို ဆက်သလိုပါသည်။ ဤအရာအတွက် ဒုက္ခဆင်းရဲကို သည်းညည်းခံလိုပါသည်။ ကျေးဇူးပြု၍ ပြောဆိုရမည့် စကားများကို ကျွန်ုပ်အား ပေးပါ။ အသိဉာဏ်နှင့် ဉာဏ်ပညာကို ပေးပါ၊ ပြီးလျှင် ဤတာဝန်ကို ထမ်းဆောင်စဉ်အတွင်း ကျွန်ုပ်၏ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် စွမ်းရည်များကို တိုးတက်စေတော်မူပါ”ဟု ပြောလျက် သူ့ထံ ဆုတောင်းကြသည်။ မိမိတို့၏ သစ္စာစောင့်သိမှုကို ဖော်ပြပြီး မိမိတို့၏ သဘောထားအမြင်ကို ပြောဆိုပြီးသည့်နောက်တွင်၊ အန္တိခရစ်တို့သည် ဤအရာများကို ဘုရားသခင်ထံ ချက်ချင်းပင် တောင်းဆိုကြတော့သည်။ ဤအရာများသည် မထိတွေ့နိုင်သောအရာများ ဖြစ်ပြီး၊ လူတို့က ယင်းတို့ကို ဘုရားသခင်ထံ တောင်းဆိုခြင်းသည် ကျိုးကြောင်းဆီလျော်သည်ဟု ယုံကြည်ကြသော်လည်း၊ ဤသည်မှာ အပေးအယူလုပ်ခြင်းနှင့် တောင်းဆိုခြင်း ပုံစံတစ်မျိုး မဟုတ်လော။ (ဟုတ်ပါသည်။) ဤအပေးအယူ၏ အဓိကအချက်မှာ အဘယ်နည်း။ ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးနေသည့် အနှစ်သာရမှာ အဘယ်နည်း။ အန္တိခရစ်တို့သည် ဘုရားသခင်က ၎င်းတို့အား အပ်နှင်းထားသော တာဝန်များအတွက် မည်သည့် ရိုးသားစစ်မှန်မှုမျှ လုံးဝမရှိသည့်အပြင်၊ ဤကိစ္စတွင် သစ္စာစောင့်သိရန်လည်း ရည်ရွယ်ခြင်းမရှိပေ။ ယင်းကို မလုပ်ဆောင်မီ၊ ၎င်းတို့၏ အတွေးများသည် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နှင့် ယင်းကို ထမ်းဆောင်ရာတွင် ၎င်းတို့ နားလည်သင့်သော သမ္မာတရားများနှင့် ရှာဖွေသင့်သော စည်းမျဉ်းများကို ရှာဖွေရန် ဤအခွင့်အရေးကို အသုံးပြုခြင်းထက်၊ လူတို့ကြားတွင် မိမိတို့၏ အရည်အချင်းများကို ပြသကာ ကျော်ကြားမှုအား ရရှိရန် ဤအခွင့်အရေးအား မည်သို့ အမိအရ အသုံးချရမည်ဟူသည်ကိုသာ ၎င်းတို့၏ အတွေးများက အဓိကထားသည်။ သို့ဖြစ်၍ အန္တိခရစ်တို့သည် ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ လာသည့်အခါ၊ ၎င်းတို့သည် အသိဉာဏ်၊ အမြော်အမြင်၊ ထူးခြားသော ထိုးထွင်းသိမြင်မှုများ၊ ထူးကဲသော ကျွမ်းကျင်မှုများ၊ ၎င်းတို့၏ ဝိညာဉ်မျက်စိများ ပွင့်စေခြင်း အစရှိသည်တို့ကဲ့သို့ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အကျိုးပြုမည့်အရာများအား ဦးစွာ လက်လှမ်းကာ တောင်းလျှောက်ကြသည်။ ၎င်းတို့သည် ဤအရာများကို သမ္မာတရားအား နားလည်ရန် သို့မဟုတ် မိမိတို့၏ ရိုးသားစစ်မှန်မှုကို ပူဇော်ဆက်ကပ်ပြီး မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် လိုချင်ကြခြင်း မဟုတ်ပေ။ ဤတောင်းဆိုချက်များသည် အပေးအယူလုပ်ခြင်းနှင့် တောင်းဆိုခြင်းများဖြင့် ပြည့်နှက်နေသည်မှာ သိသာထင်ရှားသော်လည်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖြောင့်မတ်သည်ဟု ခံစားရနေဆဲ ဖြစ်သည်။ လူတို့ပြုလုပ်သော ဤဆုတောင်းခြင်းမျိုး၊ ဤအပေးအယူမျိုးများနှင့် ပတ်သက်လာသည့်အခါ၊ လူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဒုက္ခခံပြီး အဖိုးအခပေးခဲ့လျှင်ပင်၊ အချိန်နှင့် အားအင်ပမာဏအချို့ကို အသုံးပြုခဲ့လျှင်ပင်၊ ဘုရားသခင်က ယင်းကို လက်ခံလိမ့်မည်လော။ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်သည့်အခါ၊ သူသည် ထိုသို့သော တာဝန်ထမ်းဆောင်ခြင်းကို လုံးဝ လက်ခံလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ထိုသို့သော လူများအတွင်း၌ ရိုးသားစစ်မှန်မှု မရှိ၊ သစ္စာစောင့်သိမှု မရှိဘဲ၊ စစ်မှန်သော ကျိုးနွံနာခံခြင်းလည်း သေချာပေါက် မရှိသောကြောင့် ဖြစ်သည်။ ဤသွင်ပြင်လက္ခဏာကို အခြေခံ၍၊ ပုဂ္ဂိုလ်ရေးဆန်သော ဆန္ဒအရ ၎င်းတို့ လိုက်စားလိုသည့်အရာမှာ အဆင့်အတန်းနှင့် ကျော်ကြားမှု၊ အခြားသူများ၏ အထင်ကြီးခြင်းနှင့် ကြည်ညိုလေးစားမှုတို့ ဖြစ်သော်လည်း၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့် ကာလတစ်လျှောက်တွင် ၎င်းတို့၏ အသက်ဝင်ရောက်မှု သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲခြင်းတွင် မည်သည့် တိုးတက်မှုကိုမျှ မရှိခဲ့ပေ။
ကိစ္စရပ်များ ၎င်းတို့အပေါ် ကျရောက်သည့်အခါ၊ အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ချက်ချင်းပင် ကြံစည်ခြင်း၊ တွက်ချက်ခြင်းနှင့် စီစဉ်ခြင်းတို့ကို စတင်ပြုလုပ်ကြသည်။ ၎င်းတို့သည် အရာရာတွင် ဘုရားသခင်နှင့် အပေးအယူလုပ်လျက်၊ အမှုအရာများစွာကို လိုချင်ပြီး ဘုရားသခင်ထံ တောင်းဆိုမှုများစွာ ပြုလုပ်လျက်၊ စာရင်းကိုင်များကဲ့သို့ ဖြစ်သည်။ တိုတိုပြောရလျှင်၊ ဤတောင်းဆိုချက်အားလုံးသည် ဘုရားသခင်၏ အမြင်တွင် ကျိုးကြောင်းဆီလျော်မှုမရှိပေ။ ယင်းတို့သည် ဘုရားသခင်က လူတို့ကို ပေးရန် ရည်ရွယ်သည့်အရာများ မဟုတ်သကဲ့သို့ လူတို့ ရရှိသင့်သည့်အရာများလည်း မဟုတ်ပေ။ အကြောင်းမှာ ဤအရာများသည် လူတို့၏ စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားခြင်းအတွက် သို့မဟုတ် ကယ်တင်ခြင်း ရရှိရေးကို လိုက်စားခြင်းအတွက် အကျိုးကျေးဇူး အနည်းငယ်မျှ မဆောင်ကြဉ်းပေးသောကြောင့် ဖြစ်သည်။ သင်၏ တာဝန်များကို ထမ်းဆောင်စဉ်အတွင်း၊ ဘုရားသခင်က သင့်အား သင်၏ အလုပ်အကိုင်နှင့်စပ်လျဉ်း၍ ဉာဏ်အလင်းအချို့ သို့မဟုတ် စိတ်ကူးသစ်အချို့ ပေးလျှင်ပင်၊ ယင်းမှာ သင်၏ ကျော်ကြားမှုကို သို့မဟုတ် လူတို့ကြားတွင် သင်၌ရှိသော ဂုဏ်သတင်းကို မြှင့်တင်ပေးရန်ဖြစ်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ထံ တောင်းဆိုမှုများ ပြုလုပ်လိုသည့် သင်၏ ဆန္ဒကို ဖြည့်ဆည်းပေးရန်ပင် မဟုတ်ပေ။ ဘုရားသခင်ထံမှ ထိုသို့သော အလင်းနှင့် ဉာဏ်အလင်းပေးခြင်းကို လက်ခံရရှိပြီးနောက်၊ ပုံမှန်လူတစ်ဦးသည် မိမိ၏ တာဝန်ကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်ရင်း၊ စည်းမျဉ်းများကို မိမိတို့ဘာသာ တိကျမှန်ကန်စွာ သဘောပေါက်နားလည်စေလျက်၊ ပြီးလျှင် မိမိတို့တာဝန်များကို ထမ်းဆောင်သည့် အတောအတွင်း ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးခြင်း၊ အလင်းပြခြင်းနှင့် ကျေးဇူးတော်များစွာ ရရှိသည်ကို တဖြည်းဖြည်း ကိုယ်တွေ့ တွေ့ကြုံရင်း ယင်းတို့ကို မိမိ၏ တာဝန်တွင် အသုံးပြုလေသည်။ ဤအရာအားလုံးကို ဘုရားသခင်က လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ပို၍တွေ့ကြုံခံစားရလေ၊ ဘုရားသခင်ပြုသည့်အရာသည် ကြီးမြတ်သည်ဟု ပို၍ခံစားရလေ ဖြစ်ပြီး၊ ၎င်းတို့၌ ဝါကြွားစရာ ဘာမျှမရှိကြောင်း၊ အားလုံးသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် လမ်းပြမှုသာ ဖြစ်ကြောင်း ပို၍နားလည်သဘောပေါက်လေ ဖြစ်သည်။ ဤသည်မှာ ပုံမှန်လူတစ်ဦး ခံစားနိုင်ပြီး သတိပြုမိနိုင်သည့်အရာ ဖြစ်သည်။ သို့သော်လည်း အန္တိခရစ်တို့သည် ကွဲပြားကြပြီး၊ ဘုရားသခင်က ၎င်းတို့အား ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို မည်မျှပင် ပေးသည်ဖြစ်စေ၊ ၎င်းတို့သည် ယင်းအားလုံးကို မိမိတို့ကိုယ်တိုင်ကြောင့်သာ ဖြစ်သည်ဟု မှတ်ယူကြသည်။ တစ်နေ့တွင်၊ ၎င်းတို့သည် မိမိတို့၏ ပံ့ပိုးမှုများကို စာရင်းပြုစုပြီး ဆုလာဘ်များ တောင်းဆိုရန် ဘုရားသခင်ထံ လက်ကမ်းသည့်အခါ၊ ဘုရားသခင်နှင့် စာရင်းရှင်းသည့်အခါ၊ သူသည် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရုပ်သိမ်းလိုက်ပြီး၊ အန္တိခရစ်တို့သည် ဖော်ထုတ်ခြင်းခံကြရသည်။ ယခင်က၊ ၎င်းတို့ လုပ်ဆောင်နိုင်ခဲ့သည့် အရာအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းညွှန်မှုကြောင့် ဖြစ်သည်။ ၎င်းတို့သည် အခြားလူများနှင့် ဘာမျှမခြားနားကြပေ။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းမရှိဘဲ၊ ၎င်းတို့သည် မိမိတို့၏ ဆုကျေးဇူးများ၊ အသိဉာဏ်၊ ဉာဏ်ပညာ၊ စိတ်ကူးကောင်းများနှင့် အတွေးကောင်းများကို ဆုံးရှုံးကြရသည်။ ၎င်းတို့သည် အသုံးမကျသောသူများနှင့် မိုက်မဲသောသူများ ဖြစ်လာကြသည်။ အန္တိခရစ်တို့သည် ထိုသို့သောအရာများကို ကြုံတွေ့ပြီး ဤမျှအထိ လုပ်ဆောင်ကြသည့်အခါ၊ ၎င်းတို့၏ လမ်းကြောင်းက မှားယွင်းနေသည်ဟူသောအချက်ကို ၎င်းတို့ သတိလက်လွတ်ဖြစ်ကြသေးသည့်အပြင်၊ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်နေခဲ့ပြီး သူ့အပေါ် ကျိုးကြောင်းဆီလျော်မှုမရှိစွာ တောင်းဆိုမှုများ ပြုလုပ်နေခဲ့သည်ကိုလည်း သတိမမူမိကြပေ။ ၎င်းတို့သည် အရည်အချင်းရှိပြီး မည်သည့်အရာကိုမဆို တတ်စွမ်းနိုင်သည်၊ အခြားသူများ၏ အထင်ကြီးလေးစားခြင်း၊ ကြည်ညိုခြင်း၊ ရိုသေခြင်း၊ ထောက်ခံခြင်းနှင့် ချီးမြှောက်ခြင်းတို့ကို ခံထိုက်သည်ဟု ထင်နေကြဆဲဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤအရာများကို မရရှိလျှင်၊ ၎င်းတို့သည် ဘုရားသခင်အပေါ်နှင့် ညီအစ်ကို မောင်နှမများအပေါ်တွင်ပါ မကျေမချမ်းမှုနှင့် ပြည့်လာလျက်၊ အခြေအနေကို မျှော်လင့်ချက်မဲ့သည်အရာအဖြစ် မြင်ကာ မဆင်မခြင် ပို၍ပင် ပြုမူကြသည်။ ဘုရားသခင်က မဖြောင့်မတ်ဟု ဆိုလျက်၊ ညီအစ်ကို မောင်နှမများအား အသိစိတ်ကင်းမဲ့ခြင်းအတွက်လည်းကောင်း၊ ဖြတ်ပြီးသည်နှင့် တံတားများကို ဖြိုဖျက်ခြင်းအတွက်လည်းကောင်း ကျိန်ဆဲလျက်၊ ပြီးလျှင် ၎င်းတို့ကို အသုံးပြုပြီးနောက် ဖယ်ရှားရန် ကြိုးစားခြင်းအပေါ် ဘုရားအိမ်တော်ကိုပင် စွပ်စွဲလျက် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကျိန်ဆဲပြီး မကျေမနပ်ပြောဆိုကြလေသည်။ ဤသည်မှာ အဘယ်အရာနည်း။ အရှက်မဲ့သောလူတစ်ဦးပါတကား။ အန္တိခရစ်အားလုံးသည် ဤကဲ့သို့ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ထိုသို့သောအရာများကို မကြာခဏ ပြောဆိုကြသည် မဟုတ်လော။ ၎င်းတို့က၊ “ကျွန်ုပ် အသုံးဝင်ပြီး အရေးပါသောနေရာတွင် ထားရှိခြင်းခံရသည့်အခါ၊ လူတိုင်းက ကျွန်ုပ်ပတ်လည်တွင် ဝိုင်းဝိုင်းလည်နေကြသည်။ ယခု အရေးပါသောနေရာတွင် ကျွန်ုပ် မရှိတော့သည့်အခါ၊ မည်သူမျှ ကျွန်ုပ်ကို အာရုံမစိုက်ကြပါ၊ လူတိုင်းက ကျွန်ုပ်ကို အထင်သေးပြီး၊ သင်တို့အားလုံးက ကျွန်ုပ်ကို စကားပြောသည့်အခါ မရိုမသေလုပ်နေကြသည်”ဟု ဆိုကြသည်။ ဤစကားများသည် အဘယ်မှ လာသနည်း။ ယင်းတို့သည် အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတွင် အမြစ်တွယ်နေခြင်း မဟုတ်လော။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားသည် လူများနှင့်လည်းကောင်း၊ ဘုရားသခင်နှင့်လည်းကောင်း အပေးအယူလုပ်ခြင်းများနှင့် ပြည့်နှက်နေပြီး၊ ဘုရားသခင်အပေါ်နှင့် လူများအပေါ် တောင်းဆိုမှုများ ပြုလုပ်ကာ၊ “ငါက သင်တို့အတွက် ကိစ္စရပ်များကို ဆောင်ရွက်ပေးသည်၊ သင်တို့ကိုယ်စား ငါ့ကိုယ်ငါ အသုံးခံသည်။ အဖိုးအခပေးသည်။ စိုးရိမ်ပူပန်ပေးသည်။ ထို့ကြောင့် သင်တို့သည် ငါ့ထံ ရိုသေစွာ ချဉ်းကပ်ရမည်ဖြစ်ပြီး ငါ့ကို ယဉ်ကျေးစွာ စကားပြောရမည်။ ငါ့တွင် အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်တို့သည် ငါလုပ်ဆောင်ခဲ့သမျှအားလုံးကို အမြဲအမှတ်ရရမည်။ ငါ့ကို သင်တို့၏ စိတ်ထဲတွင် ထာဝစဉ် ထားရှိရမည်ဖြစ်ပြီး ငါ့ကို လုံးဝ မမေ့ရပါ။ ငါ့ကို မေ့ခြင်းဟူသည်မှာ သင်တို့တွင် အသိစိတ်မဲ့ခြင်းကို ဆိုလိုသည်။ သင်တို့အနေဖြင့် ကောင်းမွန်သောအရာများကို စားသုံးသည့်အခါတိုင်း သို့မဟုတ် အသုံးပြုသည့်အခါတိုင်းတွင်၊ ငါ့ကို တွေးရမည်ဖြစ်ပြီး ငါသည် အစဉ်သဖြင့် ဦးစားပေးခံရမည်”ဟု ပြောနေသည့်အလားဖြစ်သည်။ အန္တိခရစ်တို့သည် ထိုသို့သော တောင်းဆိုချက်များကို မကြာခဏ ပြုလုပ်ကြသည် မဟုတ်လော။ (ပြုလုပ်ပါသည်။) ၎င်းတို့က၊ “သင်တို့ဖတ်ရှုသော ဘုရားနှုတ်ကပတ်တော် စာအုပ်များကို မည်သူက ပုံနှိပ်ပေးခဲ့သနည်း။ မည်သူက သင်တို့၏ လက်ထဲသို့ အရောက်ပို့ပေးခဲ့သနည်း။ အကယ်၍ ကျွန်ုပ်က ဘေးအန္တရာယ်များကို မစွန့်စားဘဲ အဖမ်းခံရခြင်း၊ ထောင်ကျခြင်း သို့မဟုတ် သေဒဏ်ပေးခံရခြင်းနှင့်ဆိုင်သည့် အန္တရာယ်များကို ရင်မဆိုင်ခဲ့လျှင်၊ သင်တို့သည် ဤစာအုပ်များကို ဖတ်ရှုနိုင်မည်လော။ အကယ်၍ ကျွန်ုပ်က သင်တို့ကို ရေလောင်းဖို့အတွက် ဒုက္ခဆင်းရဲကို ခါးစည်းမခံဘဲ အဖိုးအခမပေးခဲ့လျှင်၊ သင်တို့သည် အသင်းတော်အသက်တာကို ရရှိနိုင်မည်လော။ အကယ်၍ ကျွန်ုပ်က ဒုက္ခဆင်းရဲကို ခါးစည်းမခံသည့်အပြင် ဧဝံဂေလိတရားကို ဟောပြောရန် အဖိုးအခမပေးခဲ့လျှင်၊ အသင်းတော်သည် လူများစွာကို ရရှိနိုင်မည်လော။ အကယ်၍ ကျွန်ုပ်က တစ်နေ့လုံး သင်တို့အား ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယမဖွဲ့ခဲ့လျှင်၊ သင်တို့သည် ထိုသို့သော ကြီးမားသည့် ယုံကြည်ခြင်းကို ရရှိမည်လော။ အကယ်၍ ကျွန်ုပ်က သင်တို့အတွက် ထောက်ပံ့ပို့ဆောင်ရေး အကူအညီကို ပေးရန် နေရာအနှံ့ မသွားခဲ့လျှင်၊ သင်တို့သည် ယခုအခါ သင်တို့၏ တာဝန်များကို အေးချမ်းစွာ ထမ်းဆောင်နိုင်မည်လော။ ကျွန်ုပ်က ဦးဆောင်ပြီး ကြိုးစားအားထုတ်ခြင်းမရှိခဲ့လျှင် အသင်းတော်၏ အလုပ်သည် ယခုရှိနေသည့် အတိုင်းအတာအထိ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်နိုင်မည်လော”ဟု ဆိုကြသည်။ ဤကဲ့သို့သော လူတို့ကို သင်တို့ ကြုံရပြီးဖြစ်သလော။ ၎င်းတို့၏ စကားများကို နားထောင်ရလျှင်၊ ၎င်းတို့မရှိဘဲ ဘုရားအိမ်တော်၏ အလုပ်သည် တိုးတက်နိုင်မည် မဟုတ်သည့်အပြင်၊ ကမ္ဘာကြီးသည်လည်း လည်ပတ်ခြင်း ရပ်တန့်သွားမည်ဟု ထင်ရသည်။ ဤသည်မှာ အန္တိခရစ်တို့၏ စိတ်နေစိတ်ထား မဟုတ်လော။ ဤစကားများကို ဟစ်ကြွေးရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် အမှုအရာများအတွက် မိမိကိုယ်ကို ဂုဏ်တင်နေခြင်းလော သို့မဟုတ် မြည်တမ်းပြီး မကျေမနပ်ပြောနေခြင်းလော။ ၎င်းတို့သည် ဘုရားအိမ်တော်က ယခုအခါ ၎င်းတို့ကို မလိုအပ်တော့ကြောင်း၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို လျစ်လျူရှုပြီးဖြစ်ကြောင်း၊ ဘုရားအိမ်တော်သည် လူတို့အပေါ် မျှတမှုမရှိကြောင်း၊ ဘုရားအိမ်တော်သည် ၎င်းတို့ကို ထောက်ပံ့ခြင်း၊ ရိုသေလေးစားခြင်း မရှိ သို့မဟုတ် ၎င်းတို့အား သက်ကြီးရွယ်အိုဘဝတွင် ထောက်ပံ့လုပ်ကျွေးခြင်း မရှိကြောင်းတို့ကို ယုံကြည်ကြသည်။ ၎င်းတို့၏ ဟစ်ကြွေးခြင်းတွင် ကျိန်ဆဲခြင်း၏ အရိပ်လက္ခဏာတစ်ခုလည်း ပါဝင်သည် မဟုတ်လော။ ၎င်းတို့သည် အခြားသူများကို အသိစိတ်ကင်းမဲ့သည်ဟု ဆိုလျက်၊ ကျိန်ဆဲနေကြခြင်း ဖြစ်သည်။ အန္တိခရစ်တို့သည် အမှန်တကယ်တွင် မည်သည့် အစေခံမှုကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့လုပ်ဆောင်သမျှသည် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တတ်သော အရာများဖြစ်ကာ၊ ၎င်းတို့ပြောဆိုသမျှသည် အထင်အမြင်မှားစေသော အရာများဖြစ်သည်။ ၎င်းတို့တွင် လူ့သဘာဝ ကင်းမဲ့ကြသည်။ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြသည်။ အဘယ်ကြောင့် တစ်ဦးတလေက ၎င်းတို့အပေါ် အသိစိတ် ကျင့်သုံးသင့်သနည်း။ ဤသည်မှာ အသုံးဝင်သလော။ (မဝင်ပါ။) အဘယ်ကြောင့် အသုံးမဝင်သနည်း။ ၎င်းတို့နောက်လိုက်ခြင်းအားဖြင့် သမ္မာတရားကို နားလည်နိုင်သလော။ (မနားလည်နိုင်ပါ။) အန္တိခရစ်တို့ကို ကိုးကွယ်ပြီး နောက်လိုက်သော လူတိုင်းသည် အဘယ်အရာကို ရရှိကြသနည်း။ ၎င်းတို့အားလုံးသည် ဤအန္တိခရစ်တို့နှင့်အတူ ဘုရားသခင်ကို သစ္စာဖောက်ကြပြီး ၎င်းတို့၏ ဦးဆောင်မှုဖြင့် ငရဲသို့ ရောက်ကြရသည်။ အန္တိခရစ်တို့သည် မိမိတို့ကိုယ်ကို အဘယ်အရာအဖြစ် မြင်ကြသနည်း။ (၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်အဖြစ် မြင်ကြပါသည်။) ဤသည်မှာ အရှက်မဲ့သော အတွေးတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင်အပေါ် အသိစိတ်ရှိသင့်သော်လည်း၊ ဘုရားသခင်သည် လူတို့အား ထိုသို့လုပ်ဆောင်ရန် လုံးဝ မတောင်းဆိုပေ။ သူသည် လူတို့အား သမ္မာတရားကို နားလည်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ကယ်တင်ခြင်းကို ရရှိရန်နှင့် စံချိန်မီသော ဖန်ဆင်းခံများ ဖြစ်လာရန်သာ တောင်းဆိုသည်။ သင်တို့ ကောင်းမွန်သော အစာကို စားသုံးနေသည့်အခါ ငါ့ကို အမှတ်ရပြီး ငါ့အတွက် အချို့ကို ချန်ထားရန်၊ သို့မဟုတ် ကောင်းမွန်သော နေရာတွင် သင်တို့ နေထိုင်သည့်အခါ ငါ့ကို အမှတ်ရရန် ငါသည် သင်တို့ကို မည်သည့်အချိန်တွင် တောင်းဆိုခဲ့ဖူးသနည်း။ သင်တို့ ကောင်းကောင်းစား၊ ကောင်းကောင်းနေပြီး ပျော်ရွှင်နေသည့်အခါ၊ ငါသည် မည်သည့်အခါက မနာလိုဝန်တိုဖြစ်ခဲ့ဖူးသနည်း။ သင်တို့ အသိစိတ်မရှိဟု ငါသည် မည်သည့်အခါက ပြောဆိုခဲ့ဖူးသနည်း။ သို့တိုင် အန္တိခရစ်တို့သည် ထိုသို့သောအရာများကို ပြောဆိုနိုင်စွမ်းရှိပြီး လူများကို အသိစိတ်မရှိခြင်းအတွက် ကျိန်ဆဲနိုင်စွမ်းရှိကြသည်။ ဤသည်မှာ အရှက်မဲ့သည် မဟုတ်လော။ ဘုရားအိမ်တော်က ၎င်းတို့ကို ဖြုတ်ချသည့်အခါ၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့အပေါ် ယခင်လောက် စိတ်အားထက်သန်ခြင်း မရှိတော့သည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ မကျေနပ်ချက်များကို ငိုယိုကာ၊ လူများနှင့် ဘုရားသခင်ကို ကျိန်ဆဲလျက် ထိုသို့သောအရာများကို ပြောဆိုနိုင်စွမ်းရှိကြသည်။ ၎င်းတို့၏ ပါးစပ်မှ စကားမျိုးစုံ ထွက်လာနိုင်ပြီး ၎င်းတို့၏ နတ်ဆိုးဆန်သော သဘာဝက လုံးဝ ဖော်ထုတ်ခြင်းခံရသည်။ ဤသည်တို့မှာ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားက ထုတ်ဖော်ပြသသည့် အမျိုးမျိုးသော သရုပ်သကန်များ ဖြစ်ကြသည်။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့် ပြုလုပ်မည့် အပေးအယူများနှင့် ပြည့်နှက်နေသောကြောင့်၊ ဤအရာက သူ့အပေါ် အမျိုးမျိုးသော တောင်းဆိုချက်များနှင့် တောင်းဆိုမှုများကို ပြုလုပ်စေခြင်းသို့ ဦးတည်စေသည်။ အန္တိခရစ်တို့သည် ရာထူးတိုးမြှင့်ခြင်းခံရသည့်အခါတွင်ဖြစ်စေ ဖြုတ်ချခြင်းခံရသည့်အခါတွင်ဖြစ်စေ၊ ဘုရားအိမ်တော်က ၎င်းတို့ကို အရေးပါသောနေရာတွင် ထားသည့်အခါတွင်ဖြစ်စေ မထားသည့်အခါတွင်ဖြစ်စေ၊ ၎င်းတို့ထံမှ ထွက်ပေါ်လာသော အမျိုးမျိုးသော သရုပ်သကန်များအားလုံးသည် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရနှင့် သက်ဆိုင်ပေသည်။ ဤသည်မှာ လုံးဝမှန်ကန်ပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။