နောက်ဆက်တွဲ ၁- သမ္မာတရားဟူသည်မှာ (အခန်း သုံး)

ခ။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း

နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ ဒုတိယသရုပ်သကန်မှာ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း ဖြစ်၏။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းသည် လောကီလူသားများ ထောက်ခံအားပေးသည့် အရာများအပေါ် တွေးခေါ်သည့်ပုံစံတစ်ခု၊ စိတ်နေစိတ်ထားတစ်ခုနှင့် သဘောထားတစ်ခုလည်း ဖြစ်၏။ လူ့အဖွဲ့အစည်းနှင့် ကမ္ဘာကြီးတွင် ယင်းသည် တွေးခေါ်ပုံတစ်မျိုးဖြစ်ကာ အတော်အတန် အပြုသဘောဆောင်သည့်အပြင် လူသားမျိုးနွယ်က အတော်အတန် အကောင်းမြင်သည့်၊ ရှေ့သို့ရောက်အောင် တွန်းအားပေးပြီးလျှင် အပြုသဘောဆောင်သည့် အရာဟု ထင်ကြသည်။ သို့ဆိုလျှင် ငါတို့ စိတ်ဖြာလေ့လာ ဆွေးနွေးလိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းနှင့် ပတ်သက်၍ မည်သည့်အရာ ဆိုးဝါးသနည်း။ ယင်းသည် အဘယ့်ကြောင့် သမ္မာတရား မဖြစ်ရသနည်း။ ယင်းသည် အခြေခံအားဖြင့် သမ္မာတရားနှင့် မသက်ဆိုင်ပါ။ ယင်းသည် သမ္မာတရားနှင့် မသက်ဆိုင်ဟု ငါဆိုသောအခါ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ အကယ်၍ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပါက သင်သည် ယင်းကို ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများ၊ ဘုရားသခင်တောင်းဆိုသည့် စံနှုန်းများနှင့် အကြောင်းအချက်များအတိုင်း လုံးဝ လုပ်ဆောင်ရမည်။ အမှုအရာများ လုပ်ဆောင်ခြင်းအ​ပေါ် ထားရှိသည့် သဘောထားများနှင့် ရှုထောင့်အမြင်တို့ကို လူသား၏ မည်ကာမတ္တ အတွေးအမြင်စနစ်များ၊ စိတ်နေစိတ်ထားများ၊ ဂုဏ်သိက္ခာနှင့်ဆိုင်သည့် နည်းစနစ်များနှင့် နည်းလမ်းများ၌ မရောထွေးသင့်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ သမ္မာတရားဖြစ်ပြီး ဤအရာများနှင့် မသက်ဆိုင်ပေ။ သို့ဆိုလျှင် အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းသည် အဘယ့်ကြောင့် ဆိုးဝါးသနည်း။ ယင်းကို သမ္မာတရားမဟုတ်ဟု ငါ အဘယ့်ကြောင့် ဆိုရသနည်း။ ဤအရာကို စိတ်ဖြာလေ့လာဆွေးနွေးဖို့ မထိုက်တန်သလော။ (ထိုက်တန်ပါသည်။) ထိုစကားရပ်၏ တိုက်ရိုက်အဓိပ္ပာယ်ကို ရှင်းပြခြင်းဖြင့် အစပြုကြစို့။ ထိုအခါ နားလည်ရ ပိုလွယ်ကူမည်ဖြစ်သည်။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဟူသည် သင်တာဝန်ယူပြီး လက်ခံဆောင်ရွက်သည့် သင်၏ တာဝန်ဝတ္တရားများ၊ ဝန်ထုပ်ဝန်ပိုးများ သို့မဟုတ် အထူးတာဝန်တို့အဖို့အလိုငှာ အလုံးစုံသော အရှက်ရခြင်း၊ နာကျင်မှုနှင့် သိက္ခာကျခြင်းတို့ကို ကြံ့ကြံ့ခံနိုင်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဤစကားရပ်၏ အခြေခံအဓိပ္ပာယ် ဖြစ်သည်။ သို့ဆိုလျှင် လူတစ်ဦးသည် ဤစကားရပ်ကို မည်သည့် ဝန်းကျင်များနှင့် အခြေအနေများတွင် အသုံးပြုနေကျ ဖြစ်သနည်း။ အကယ်၍ လူတစ်ဦးသည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးနေသည်ဟု ဆိုပါက ထိုလူသည် လက်ရှိတွင် သူ၏ အထူးတာဝန် ပြီးစီးပြီး သူ ဖြစ်မြောက်အောင်မြင်လိုခဲ့သည့် ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ပြီးသည့် အနေအထား၌ ရှိနေပြီလော။ (မရှိသေးပါ။) ထို့ကြောင့် ပုံမှန်အားဖြင့် လူတစ်ဦးက အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းအကြောင်း ပြောသောအခါ သူက တန်ခိုးအာဏာတစ်ခုတလေ မဆိုနှင့်၊ အဆင့်အတန်းနှင့် ဂုဏ်ရောင် လုံးလုံးလျားလျား မရှိသည့် အခြေအနေ၌ရှိနေသော အရေးမပါသည့် လူတစ်ဦးကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ သူသည် ဤကဲ့သို့သော အခြေအနေတစ်ခု၌ ရှိနေလင့်ကစား စိတ်ဓာတ်ကျခြင်း၊ အပေးအယူလုပ်ခြင်းနှင့် အလျှော့ပေးခြင်းမရှိဘဲ မိမိ၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် လိုအပ်သေးသည်၊ မိမိလက်စသတ်ချင်သည့် အထူးတာဝန်ကို ထမ်းဆောင်ရန် လိုအပ်သေးသည်။ ဤသည်မှာလည်း စိတ်နေစိတ်ထားတစ်မျိုး မဟုတ်လော။ ဤစိတ်နေစိတ်ထား၏ အသားပေးမှုမှာ အဘယ်နည်း။ ယင်းမှာ “ကြံ့ကြံ့ခံခြင်း” နှင့် “ထမ်းပိုးခြင်း” အပေါ်တွင် ဖြစ်သည်။ “ကြံ့ကြံ့ခံခြင်း” ဟူသည်မှာ တစ်စုံတစ်ခုကို သည်းခံခြင်းနှင့် တောင့်ခံခြင်းကို ဆိုလိုသည်။ တစ်စုံတစ်ခုကို ကြံ့ကြံ့ခံသည့် တစ်ချိန်တည်းမှာပင် သူသည် လေးလံသော ဝန်ထုပ်ဝန်ပိုးနှင့် တာဝန်ဝတ္တရားကို တာဝန်ယူပြီး ထမ်းရွက်ရမည်ဖြစ်ကာ လူတိုင်း၏ မျှော်မှန်းချက်များနှင့် လျော်ညီအောင်နေဖို့ မပျက်ကွက်သည့်အပြင် ဤတာဝန်ပေးစေခိုင်းချက်ကို အပ်နှံခဲ့သောလူကို စိတ်ပျက်အောင် မလုပ်ရပေ။ ဤသည်မှာ မည်သည့် စိတ်နေစိတ်ထားမျိုး ဖြစ်သနည်း။ (မဆုတ်မနစ်သောလုံ့လ ဖြစ်ပါသည်။) ထိုအရာ၌ ဤအဓိပ္ပာယ်၏ အရိပ်အယောင်ရှိသော်လည်း ဤသည်မှာ အခြေခံအကျဆုံးနှင့် အပေါ်ယံအဖြစ်ဆုံး အဓိပ္ပာယ်အဆင့်သာ ဖြစ်၏။ ယင်း၌ အခြား မည်သည့်အရာ ရှိသေးသနည်း။ ယင်းကို ဤနည်းအတိုင်း စိစစ်ကြစို့။ “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်း” တွင် “အရှက်ကွဲမှု” သည် မည်သည့်အရာကို ဆိုလိုသနည်း။ (သိက္ခာကျခြင်းနှင့် အရှက်ရခြင်းဖြစ်သည်။) ယင်းမှာ ဤလူ၏ အနီးအနားရှိ လူတိုင်းက သူ့ကို အရှက်ရစေပြီး အရှက်ကွဲမှုကို ခံစားလိုက်ရသည်ဟု သူ့ကို ခံစားစေသောအခါမျိုး ဖြစ်သည်။ အထူးသဖြင့် မည်သည့်အပြုအမူများက လူတို့ကို အရှက်ရစေပြီး သိက္ခာကျခြင်းကို ခံစားလိုက်ရသည်ဟု ခံစားစေသနည်း။ (၎င်းတို့အား သရော်ခြင်း၊ အသရေဖျက်ခြင်းနှင့် ၎င်းတို့နှင့်ပတ်သက်၍ ထေ့ငေါ့သော ဝေဖန်စကားများ ပြောခြင်းတို့ ဖြစ်သည်။) မှန်၏။ ၎င်းတို့အား သရော်ခြင်းနှင့် အသရေဖျက်ခြင်းအပြင် လှောင်လည်းလှောင်ပြောင်ခြင်း၊ ၎င်းတို့ကို ကပြက်ကချော် ဆက်ဆံခြင်းနှင့် ၎င်းတို့အကြောင်း ထေ့ငေါ့သော စကားများပြောခြင်း ဖြစ်၏။ သို့ဆိုလျှင် “လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း” တွင် “လေးလံသော ဝန်ထုပ်ဝန်ပိုး” သည် မည်သည့်အရာကို ဆိုလိုသနည်း။ (တာဝန်ဝတ္တရားနှင့် တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။) တာဝန်ဝတ္တရားနှင့် တာဝန်ပေးစေခိုင်းချက်တစ်ခုတွင် မည်သည့်အရာ ပါဝင်သနည်း။ ယင်းတို့၌ အထူးတာဝန်တစ်မျိုးနှင့် ကြီးလေးသော တာဝန် ပါဝင်၏။ ကြီးလေးသော ဤတာဝန်သည် အခြားလူတို့က တစ်စုံတစ်ယောက်ကို အပ်နှင်းထားသည့် တာဝန်တစ်ခု ဖြစ်နိုင်သည်၊ သို့မဟုတ် ယင်းမှာ တစ်စုံတစ်ယောက်က ဦးတည်၍ ကြိုးပမ်းနေသည့် ရည်မှန်းချက်ပန်းတိုင်တစ်ခု သို့မဟုတ် မိမိတို့ကိုယ်တိုင် ထင်မြင်ယူဆထားသည့် အထူးတာဝန်တစ်ခု ဖြစ်နိုင်သည်။ လူတို့က ၎င်းတို့သည် မည်သည့် အထူးတာဝန်မျိုးများကို မိမိတို့ ဆောင်ရွက်နေသည်ဟု ထင်ကြသနည်း။ (မိမိတို့၏ ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာခြင်းနှင့် ထင်ရှားကျော်ကြားမှု ရရှိခြင်းဖြစ်သည်။) (အတော်တကာ့ အတော်ဆုံးဖြစ်ခြင်း ဖြစ်သည်။) ဤသည်တို့အားလုံးမှာ ဥပမာများ ဖြစ်သည်။ ဤသည်တို့မှာ အခြေခံအားဖြင့် လူတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ဖြစ်မြောက်အောင်မြင်ရန်နှင့် အကောင်အထည် ဖော်ရန်အတွက် မိမိတို့၏ လက်ရှိအခြေအနေများတွင် မိမိတို့ပတ်ဝန်းကျင်ရှိ လူများထံမှ အရှက်ကွဲမှုများ၊ သရော်ခြင်း၊ အသရေဖျက်ခြင်း၊ ထေ့ငေါ့သော စကားများနှင့် လှောင်ပြောင်ခြင်းကိုပင် ကြံ့ကြံ့ခံနိုင်ကြသည်။ ဤအရာအားလုံးကို ကြံ့ကြံ့ခံဖို့ ၎င်းတို့ကို မည်သည့်အရာက တွန်းအားပေးသနည်း။ ဥပမာ အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီး ဖြစ်လာဖို့ ရည်မှန်းချက်ရှိသော လူတစ်ဦးရှိသည်။ သူ ရာထူးအာဏာ မရရှိမီ တစ်နေ့တွင် “အသင်လော၊ စစ်ဗိုလ်ချုပ်ကြီး။ ဤအခိုက်အတန့်တွင် သင်၌ မြင်းတစ်ကောင်ပင် မရှိ။ သင်သည် အဘယ်သို့ ဗိုလ်ချုပ်ကြီး ဖြစ်နိုင်မည်နည်း။ အကယ်၍ သင်သည် ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လိုပါက အလျင်ဦးစွာ ငါ၏ ခြေထောက်များကြားမှ လေးဘက်ထောက်ကာ သွားလော့” ဟု လူရမ်းကားတစ်စုက သူ့ကို ပြောဆိုကြသည်။ သူ့ဘေးရှိ လူတို့အားလုံးက တဝါးဝါး ရယ်ကြလေသည်။ သူသည် တစ်ခဏမျှ မိမိဘာသာ “စစ်ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်ချင်သည်မှာ အမှားတစ်ခုမျှ မရှိပေ။ သူတို့က ငါ့ကို အဘယ့်ကြောင့် လှောင်ပြောင်ပြီး သရော်ကြသနည်း။ သို့သော် ယခု ငါသည် မဆင်မခြင်လုပ်ပြီး ငါ၏ အရည်အချင်းများကို ထုတ်ပြ၍ မဖြစ်ပေ။ ယနေ့ အမှုအရာများ ဖြစ်ပျက်နေသည့်ပုံကို ဆင်ခြင်ကြည့်လျှင် သူတို့ ပြောသည့်အတိုင်း ငါမလုပ်ပါက ငါသည် ရိုက်နှက်ခံရမည် ဖြစ်သည့်အပြင် အမှုကိစ္စများ အဆင်ပြေမသွားပါက ငါသည် ငါ၏အသက်ကို ဆုံးရှုံးသွားနိုင်သည်။ ထိုအခါ ငါသည် ဗိုလ်ချုပ်ကြီးတစ်ဦး အဘယ်သို့ ဖြစ်နိုင်တော့မည်နည်း။ ငါ၏ ရည်သန်မျှော်မှန်းချက်များ အတွက်ကြောင့် လူရမ်းကားတစ်ဦး၏ ခြေထောက်များကြား၌ လေးဘက်ထောက်သွားခြင်းသည် မပြောပလောက်ပေ။ ငါသည် ငါပင် ဖြစ်နေသေးသည် မဟုတ်လော” ဟု တွေးလိုက်သည်။ ထိုအခိုက်တွင် သူသည် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး လက်နှစ်ဖက်လုံးကို မြေပြင်ပေါ်ချထားကာ ထိုလူရမ်းကား၏ ခြေထောက်များကြား၌ ခွေးတစ်ကောင်ကဲ့သို့ လေးဘက်ထောက်သွားတော့သည်။ သူသည် လေးဘက်ထောက် သွားနေစဉ် သူ၏ စိတ်နှလုံးက လက်ခံဖို့ခက်ခဲကာ သူ၏ စိတ်နှလုံးက ဓားတစ်ချောင်းဖြင့် ထိုးထားသည့်အလား နာကျင်နေသည်။ သူ၏ စိတ်နှလုံးထဲတွင် အမုန်းတရား ရှိနေသည်။ သူက “တစ်နေ့ ငါ ဗိုလ်ချုပ်ကြီးတစ်ယောက် အမှန်တကယ် ဖြစ်လာသောအခါ သင့်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခုတ်ပိုင်းပစ်မည်” ဟု စိတ်ကူးလေသည်။ ဤသည်မှာ သူ၏ စိတ်နှလုံးထဲ၌ စဉ်းစားနေသည့်အရာ ဖြစ်သော်လည်း အပြင်ပန်းတွင်မူ သူ ကြံ့ကြံ့ခံရမည်။ သူစဉ်းစားနေသည့်အရာကို အခြားသူများအား မြင်တွေ့ခွင့်ပေး၍ မဖြစ်ပေ။ ထိုလူရမ်းကား၏ ခြေထောက်များကြားတွင် လေးဘက်ထောက်သွားပြီးနောက် လူရမ်းကားအုပ်စုက ကျေနပ်သွားကာ သူ့ကို လမ်းဘေးသို့ တစ်ချက်ပိတ်ကန်ပစ်လိုက်ကာ လွှတ်ပေးလိုက်သည်။ သူသည် မတ်တပ်ရပ်ပြီး မိမိအပေါ်မှ ဖုန်များကို ပုတ်ခါချကာ “ကောင်းလိုက်သည့်ကန်ချက်။ ယခုမှစ၍ သင့်ကို ‘ဆရာ’ ဟု ခေါ်မည်” ဟူ၍ပင် ပြောလိုက်သည်။ စိတ်ထဲ၌ သူ စဉ်းစားနေသည့်အရာနှင့် အပြင်ပန်းတွင် သူ ပြသသည့်အရာမှာ လုံးဝ ခြားနားသည်။ ဤအရာကို သူ အဘယ်သို့ ပြုလုပ်နိုင်စွမ်း ရှိသနည်း။ သူ၌ ရည်မှန်းချက်ပန်းတိုင် တစ်ခုတည်းသာရှိသည်။ “ငါသည် ဆက်၍ အသက်ရှင်ဖို့ လိုသည်။ ငါ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာပြီး လူပေါ်လူဇော်ဖြစ်သည့် နေ့ရက်အတွက် ဤအရာအားလုံးကို ငါကြံ့ကြံ့ခံနေခြင်း ဖြစ်သည်။ ယနေ့တွင် ဤဆင်းရဲဒုက္ခနှင့် အရှက်ကွဲမှုကို ခံရကျိုးနပ်ပေသည်။ မနက်ဖြန်တွင် ငါသည် ပို၍ပင် အလုပ်ကြိုးစားပြီး ငါ၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်အောင် ကြိုးပမ်းဖို့ လုံ့လစိုက်ထုတ်ရမည်။ ငါသည် မည်သည့် အခက်အခဲများကို ကြုံတွေ့ရပါစေ၊ ငါသည် ဒုက္ခနှင့် သိက္ခာကျခြင်းကို အဘယ်မျှ ကြံ့ကြံ့ခံရပါစေ ငါသည် ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာရမည်။ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာပြီးနောက် ငါ ပထမဆုံး လုပ်ရမည့်အရာမှာ ဤလူယုတ်မာကို သတ်ပြီး သူ၏ခြေထောက်များကြား၌ လေးဘက်ထောက် သွားခြင်းဖြင့် ငါ အရှက်ကွဲခံခဲ့ရသည့်ပုံကို ပြေရာပြေကြောင်း ဖြစ်အောင်လုပ်ရမည်” ဟူ၍ ဖြစ်သည်။ အနာဂတ်တွင် သူ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာသည်ဖြစ်စေ၊ ဖြစ်မလာသည်ဖြစ်စေ “ကြံ့ကြံ့ခံခြင်း” ဟူသည်မှာ ယခုလောလောဆယ်တွင် သူ၏ အမြင့်ဆုံးသော စည်းမျဉ်းဖြစ်၏။ ဤအရာ၌ ပရိယာယ်များ သို့မဟုတ် လျှို့ဝှက်အကြံအစည်များ တစ်ခုခု ပါရှိနေသလော။ (ရှိပါသည်။) လျှို့ဝှက်အကြံအစည်များ ရှိပေသည်။ သူပြုလုပ်နိုင်သည့် အခြားအရာတစ်ခုမျှ မရှိသောကြောင့် ကြံ့ကြံ့ခံခြင်းဖြစ်ကာ ယင်းက မည်သည့်အတွက်ကြောင့် ဖြစ်သနည်း။ ယင်းမှာ တစ်နေ့နေ့တွင် သူသည် ဤသိက္ခာကျခြင်းအားလုံးကို ပြေရာပြေကြောင်း လုပ်နိုင်မည် ဖြစ်သောကြောင့်ပင်။ သူ၏ ကြံ့ကြံ့ခံခြင်းက “အသက်ရှင်သရွေ့ မျှော်လင့်ချက်ရှိသည်” နှင့် “လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ” ဟူ၍ အစရှိသည့် ဆိုရိုးစကားများကို အခြေခံသည်။ ဤအရာအားလုံးမှာ အကြံအစည်များပင် ဖြစ်၏။ ထိုလူရမ်းကား၏ ခြေထောက်များကြား၌ လေးဘက်ထောက် သွားခြင်းဟူသည့် အရှက်ကွဲမှုကို သူ့အား ကြံ့ကြံ့ခံဖို့ တွန်းအားပေးခဲ့သည်မှာ ဤအကြံအစည်များ ဖြစ်သည်။ ဤအခိုက်အတန့်မှစ၍ သူ၏ စိတ်နှလုံးထဲ၌ရှိသော ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာဖို့ဟူသည့် လိုအင်ဆန္ဒမှာ ပို၍ပင် ကြီးမားလာပြီး ပို၍ ပြင်းထန်လာသည်။ သူ လုံးဝ လက်လျှော့မည်မဟုတ်ပေ။ သို့ဆိုလျှင် သိက္ခာကျခြင်းနှင့် အရှက်ကွဲခြင်းကို သူ ကြံ့ကြံ့ခံခဲ့သည်မှာ မည်သည့်အတွက်ကြောင့် ဖြစ်သနည်း။ ယင်းမှာ တရားမျှတသော လုပ်ငန်းတစ်ရပ်ကို ထိန်းသိမ်းဖို့လော သို့မဟုတ် စစ်မှန်သော ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့လော။ သူသည် မိမိ၏ လွန်ကျူးသော ရည်မှန်းချက်အတွက်ကြောင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤသည်မှာ အပြုသဘောဆောင်သလော သို့မဟုတ် အပျက်သဘော ဆောင်သလော။ (အပျက်သဘော ဆောင်ပါသည်။) ဤအဓိပ္ပာယ်အဆင့်မှ ဆင်ခြင်ကြည့်လျှင် ဤ “ကြံ့ကြံ့ခံခြင်း” ကို ကိုယ်ကျိုး၊ လိုအင်ဆန္ဒနှင့် လွန်ကျူးသော ရည်မှန်းချက်တို့က လုံးလုံးလျားလျား တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။ ဤကြံ့ကြံ့ခံခြင်း၌ သမ္မာတရား ရှိသလော။ (မရှိပါ။) အကယ်၍ သမ္မာတရား မရှိလျှင် ပုံမှန်လူ့သဘာဝ ရှိသလော။ (မရှိပါ။) ဤသည်မှာ အပြစ်အနာအဆာ ကင်းဖို့နေနေသာသာ၊ တရားမျှတခြင်း မရှိသကဲ့သို့ ဖြောင့်မှန်ခြင်းလည်း မရှိပေ။ ထိုအစား ယင်းသည် လိုအင်ဆန္ဒ၊ လျှို့ဝှက်အကြံအစည်များနှင့် တွက်ချက်မှုများဖြင့် ပြည့်နှက်နေ၏။ ယင်းမှာ အပြုသဘောမဆောင်ပေ။

ကောက်ကျစ်ဆိုးယုတ်သော ဤလူသားမျိုးနွယ်ထဲ၌ ထောက်ခံအားပေးထားသော အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဟူသည့် အတွေးနှင့် စိတ်နေစိတ်ထားမျိုးသည် အခြေခံအားဖြင့် လူတစ်ဦးက ကြီးမားသော အရာများကို ဖြစ်မြောက်အောင်မြင်လိုပါက သာမန်လူတစ်ဦး မခံနိုင်သည့်အရာကို သေချာပေါက် ကြံ့ကြံ့ခံနိုင်ရမည်ဟူ၍ ယခုတင် ငါပြောပြခဲ့သည့် ဇာတ်လမ်းအတိုင်းပင် ဖြစ်သည်။ ဤကြံ့ကြံ့ခံခြင်းက အဓိကအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ (အရှက်ရခြင်းကို ကြံ့ကြံ့ခံခြင်း ဖြစ်သည်။) မဟုတ်ပေ။ ဤကြံ့ကြံ့ခံခြင်းက လူတို့ကို အသက်ရှင်နေထိုင်စေသည့် အရာများမှာ အစစ်အမှန် ဖြစ်သလော၊ သို့မဟုတ် အတုအယောင် ဖြစ်သလော။ (အတုအယောင် ဖြစ်ပါသည်။) ဤသည်မှာ အရေးကြီးသော အချက်ဖြစ်၏။ မိမိတို့၏ ရည်သန်မျှော်မှန်းချက်များနှင့် လွန်ကျူးသော ရည်မှန်းချက်များအတွက်ကြောင့် လူတို့ အသက်ရှင်နေထိုင်သည့် အရာများ၊ ၎င်းတို့ပြောသည့် စကားများနှင့် ၎င်းတို့ထုတ်ဖော်ပြသည့် အပြုအမူတို့သည် အယောင်ဆောင်မှုချည်းသာ ဖြစ်၏။ ယင်းတို့သည် မလွှဲမရှောင်သာ၍ လုပ်ဆောင်ရခြင်းသာ ဖြစ်၏။ ဤအရာများအားလုံးကို အလုံးစုံသော ဤလိုအင်ဆန္ဒများ၊ ကိုယ်ကျိုးနှင့် လူတို့၏ မည်ကာမတ္တ မျှော်မှန်းချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များ၏ မရှိမဖြစ်လိုအပ်ချက်က တွန်းအားပေးခြင်း ဖြစ်သည်။ လူတို့ အသက်ရှင်နေထိုင်သည့် ဤအရာများ အားလုံးမှာ ယာယီဆောင်ရွက်မှုများသာ ဖြစ်သည်။ တစ်စက်ကလေးမျှ ရိုးသားခြင်း သို့မဟုတ် စစ်မှန်ခြင်း မရှိပေ။ တစ်စက်ကလေးမျှ ဖွင့်ချပြခြင်း၊ ဖွင့်ထားခြင်း သို့မဟုတ် ပွင့်လင်းခြင်း မရှိပေ။ ယင်းတို့အားလုံးမှာ ယာယီဆောင်ရွက်မှုများသာ ဖြစ်သည်။ ဤအရာများအားလုံးသည် လှည့်ဖြားတတ်သော လှည့်ကွက်များ မဟုတ်လော။ ယာယီဆောင်ရွက်မှုများမှာ လူတို့က တစ်စုံတစ်ခုကို ဤနည်းအတိုင်း အခိုက်အတန့် ကြံ့ကြံ့ခံသောအခါ၊ ကြားကောင်းသော စကားများကို အခိုက်အတန့် ပြောသောအခါ၊ ဖျောင်းဖျပြီး ပရိယာယ်ဆင်သောအခါနှင့် မိမိတို့၏ စစ်မှန်သော ပင်ကိုလက္ခဏာ၊ စိတ်သဘော၊ အတွေးအခေါ်များ၊ ရှုထောင့်အမြင်များနှင့် လတ်တလော အမုန်းတရားကိုပင် ဖုံးကွယ်ထားပြီး သူတစ်ပါးကို မြင်တွေ့ခွင့်မပေးသောအခါမျိုး ဖြစ်သည်။ ထိုအစား ၎င်းတို့က အားနည်းပြီး မစွမ်းဆောင်နိုင်သော၊ ချည့်နဲ့ပြီး ကြောက်တတ်သော မိမိတို့၏ ဘက်ခြမ်းကို သူတစ်ပါးအား မြင်တွေ့စေလိုကြသည်။ ၎င်းတို့က မိမိတို့၏ စစ်မှန်သောသရုပ်ကို အပြည့်အဝ ဖုံးကွယ်ထားသည်။ ဤအရာကို ၎င်းတို့ မည်သည့်အတွက်ကြောင့် ပြုလုပ်သနည်း။ ၎င်းတို့က တစ်နေ့တွင် ကြီးမားသော လုပ်ငန်းကြီးတစ်ရပ်ကို တည်ဆောက်နိုင်ရန်၊ လူပေါ်လူဇော် ဖြစ်လာရန်၊ အခြားသူများကို ထိန်းချုပ်ရန်နှင့် အခြားသူများကို ကြီးစိုးခြယ်လှယ်ရန်အဖို့အလို့ငှာ ယင်းကို ပြုလုပ်ကြခြင်း ဖြစ်သည်။ လူတို့က “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း” ဟူသည့် စကားရပ်ကို လက်တွေ့လုပ်ဆောင်ပြီး ထင်ရှားစေသောအခါ မည်သည့်အရာကို ပြသထားသနည်း။ ဤသို့ပြုလုပ်သော လူတို့၌ ရိုးသားသော သဘောထား ရှိသလော။ ၎င်းတို့၌ မိမိတို့ကိုယ်ကို စစ်မှန်သော နားလည်သဘောပေါက်ခြင်းနှင့် နောင်တတရား ရှိသလော။ (မရှိပါ။) ဥပမာ အခြားသူများက “သင်ကဲ့သို့သော လူတစ်ဦးသည် ဗိုလ်ချုပ်ကြီး ဖြစ်ချင်သလော” ဟု ပြောသည်။ သူက တွေးလိုက်ပြီးနောက် “ကျွန်ုပ် မလုပ်နိုင်ချေ။ ကျွန်ုပ်သည် ဗိုလ်ချုပ်ကြီး ဖြစ်လာမည် မဟုတ်ပေ။ စနောက်၍ ပြောခြင်းသာဖြစ်သည်” ဟု ဆိုသည်။ သူပြောသည့် စကားများမှာ အစစ်အမှန် ဖြစ်သလော၊ သို့မဟုတ် အတုအယောင် ဖြစ်သလော။ (အတုအယောင် ဖြစ်ပါသည်။) ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာကို စဉ်းစားနေကြသနည်း။ “ဗိုလ်ချုပ်ကြီးဖြစ်လာနိုင်သူမှာ ကျွန်ုပ်ကဲ့သို့သော တစ်စုံတစ်ဦးသာ ဖြစ်၏” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် စဉ်းစားနေသည့် အရာဖြစ်သော်လည်း ၎င်းတို့အတွက် ဤအရာကို ထုတ်ပြောဖို့ ကောင်းသလော။ (မကောင်းပါ။) အဘယ့်ကြောင့် မကောင်းသနည်း။ အရိုက်ခံရခြင်းကို ရှောင်ရှားရန်နှင့် မိမိတို့၏ တကယ့်အရည်အချင်းများကို ကွယ်ဝှက်ထားရန်အတွက် ၎င်းတို့က “ကျွန်ုပ်သည် စနောက်၍ ပြောခြင်းသာ ဖြစ်သည်။ ကျွန်ုပ်သည် ဗိုလ်ချုပ်ကြီးတစ်ဦး အမှန်တကယ် ဖြစ်ချင်ဖို့အထိ သတ္တိမရှိလှပါ။ သင်သည်သာ အဆင့်မြင့် ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် ပို၍တူ၏။ သင်သည် အနာဂတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပင် ဖြစ်၏။ ယင်းက ဗိုလ်ချုပ်ကြီးတစ်ဦးထက် ပို၍ပင် မြင့်မား၏” ဟု ဆိုကြသည်။ ဤစကားများက စစ်မှန်သလော။ (မစစ်မှန်ပါ။) ၎င်းတို့၏ စစ်မှန်သော စကားများက မည်သည့်နေရာတွင် ရှိသနည်း။ (၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖြစ်သည်။) မှန်ပေ၏၊ ၎င်းတို့သည် မိမိတို့၏ စစ်မှန်သော စကားများကို စိတ်နှလုံးထဲတွင် သိမ်းထားပြီး ထုတ်မပြောပေ။ အဘယ့်ကြောင့် ထုတ်မပြောသနည်း။ အကယ်၍ ထုတ်ပြောပါက အရိုက်ခံရမည်ကို ၎င်းတို့ ကြောက်သဖြင့် ထိုစကားများကို မပြောသည့်အပြင် မထုတ်ဖော်ကြပေ။ မည်သူ့ကိုမျှ သိခွင့်မပေးဘဲ မိမိတို့၏ တကယ့်အစွမ်းအစများကို အစဉ်အမြဲ ကွယ်ဝှက်ထားကြသည်။ မိမိ၏ တကယ့်အစွမ်းအစများကို ကွယ်ဝှက်ထားခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတစ်ဦးက မိမိ၏ စစ်မှန်သော အရည်အချင်းများကို အခြားလူတို့အား မြင်တွေ့ခွင့်မပေးသောအခါမျိုး ဖြစ်သည်။ အခြားသူများက မိမိတို့အပေါ် သတိကြီးကြီးထားပြီး မိမိတို့၏အကျိုးကို ဆန့်ကျင်၍ ပြုမူလုပ်ဆောင်ခြင်းမှ ကာကွယ်ရန်အတွက် ဤအရည်အချင်းများကို ဖုံးကွယ်ထားပြီး ပေါက်ကြားခြင်းမရှိအောင် နေသည်။ ဤသည်မှာလည်း နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ စစ်မှန်သောအဓိပ္ပာယ် မဟုတ်သလော။ (ဟုတ်ပါသည်။) နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၊ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဟူသည်တို့မှာ မိမိ၏ ရည်မှန်းချက်ပန်းတိုင်များ၊ လိုအင်ဆန္ဒများနှင့် အမုန်းတရားကို မည်သည့်အခါမျှ မမေ့လျော့ခြင်းပင်။ ထို့ပြင် မိမိ၏ သရုပ်အမှန်နှင့် တကယ့်အရည်အချင်းများကို အခြားသူများအား မည်သည့်အခါမျှ မြင်တွေ့ခွင့်မပေးခြင်းပင်။ စွမ်းဆောင်နိုင်သော လူအချို့သည် လူစုတစ်စုထဲတွင် ရှိနေသောအခါ စကားများစွာ မပြောကြပေ။ ၎င်းတို့သည် တိတ်ဆိတ်ပြီး မြုံနေကြသည့်အပြင် တစ်စုံတစ်ခုကို ပြောလျှင်ပင် ၎င်းတို့စဉ်းစားနေကြသည့် အရာ၏ တစ်ဝက်ကိုသာ ထုတ်‌ဖော်ကြသည်။ အခြားလူများက ၎င်းတို့ အမှန်တကယ် ပြောလိုသည့်အရာကို အဘယ်သို့ သဘောပေါက်နားလည်ရမှန်း သို့မဟုတ် သိနားလည်ရမှန်း အမြဲတမ်း မသိကြဘဲ “သူတို့သည် အဘယ့်ကြောင့် ထိုသို့ နားလည်ရခက်သော ပုံစံဖြင့် စကားပြောရသနည်း။ စိတ်နှလုံးထဲမှ တစ်စုံတစ်ခုကို ပြောဖို့ အဘယ့်ကြောင့် အလွန်ခက်ခဲရသနည်း။ ဤနေရာ၌ မည်သည့်အရာ ဖြစ်ပျက်နေသနည်း” ဟု စဉ်းစားကြသည်။ အမှန်တွင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့မဖော်ပြသည့် စိတ်ကူးများ ရှိကာ ဤအရာထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိနေသည်။ ဤပုံစံဖြင့် စကားမပြောသော အခြားသူများ ရှိသော်လည်း အမှုအရာများကို လုပ်ဆောင်သောအခါ မိမိတို့၏ အရည်အချင်းများ၏ တကယ့်အတိုင်းအဆကို အမြဲတမ်း ကွယ်ဝှက်ထားကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ အရည်အချင်းများ၏ တကယ့်အတိုင်းအဆကို ကွယ်ဝှက်ထားရသည့် ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ အကယ်၍ စွမ်းဆောင်နိုင်သော လူတို့ သို့မဟုတ် ရှိန်လောက်သော ထိတ်ထိတ်ကြဲများက ယင်းကို တွေ့ရှိသွားလျှင် ထိုသူတို့ မနာလိုဖြစ်ပြီး မိမိတို့ကို အငြိုးထားကာ ဒုက္ခပေးမည်ကို စိုးရိမ်ကြသည်။ အုပ်စုများထဲ၌ အခြားသူများကို အမြဲတမ်း ချီးကျူးသော၊ အခြားသူများကို အမြဲတမ်း အကောင်းပြောပြီး အခြားလူတိုင်းသည် မိမိတို့ထက် ပိုတော်သည်ဟု အမြဲတမ်းပြောသော လူတို့သည် လူတို့အနက် အန္တရာယ်ပြုမည့် လက္ခဏာအရှိဆုံး ဖြစ်ကြသည်မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အတွင်းစိတ်ထဲတွင် အမှန်တကယ် မည်သို့ရှိသည်ကို သင် မည်သည့်အခါမျှ မသိရပေ။ အပြင်ပန်းတွင်မူ ယင်းနှင့်ပတ်သက်၍ ၎င်းတို့ မပြောသည်ကို သင် မြင်တွေ့ရသောကြောင့် ၎င်းတို့၌ လွန်ကျူးသော ရည်မှန်းချက်များ မရှိဟု သင် ထင်မိသော်လည်း တကယ်တမ်းတွင် သင် မှားနေသည်။ ဤသို့သော လူအချို့သည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးသောလူများ ဖြစ်ကြသည်။ ယင်းမှာ ဤသို့သော ဇာတ်ကွက်များ မကြာခဏ ပါတတ်သည့် ရုပ်ရှင်ဇာတ်လမ်းများနှင့် တူ၏။ လူအချို့က ၎င်းတို့ အိမ်ပြင်ရောက်သောအခါ ကောင်းသောအရာများကို မကြာမကြာ လုပ်ဆောင်ကြသည်။ ၎င်းတို့ ဝတ်ဆင်သည့် အဝတ်အစားများမှာ ဟောင်းနွမ်းပြီး စုတ်ပြတ်ကာ လူအုပ်ထဲ၌ ရှိနေသောအခါ ၎င်းတို့သည် အမြဲတမ်း ရမယ်ရှာခံရသည်။ ဤသည်မှာ အခြားသူများရှေ့တွင် ၎င်းတို့၏ ပုံစံ ဖြစ်၏။ သို့သော်လည်း အိမ်ရောက်သွားသည်နှင့် ၎င်းတို့သည် လျှို့ဝှက်အခန်းထဲသို့ ဝင်သွားသည်။ ထိုလျှို့ဝှက်အခန်း၌ နံရံပေါ်တွင် မြေပုံတစ်ခုရှိပြီး မြေပုံပေါ်မှ တည်နေရာများ၏ ရှစ်ဆယ်ရာခိုင်နှုန်း၌ အမှုအရာများကို စောင့်ကြည့်စစ်ဆေးဖို့အတွက် သတင်းပေးများကို နေရာချထားပြီးသား ဖြစ်သည်။ သို့ဖြစ်လင့်ကစား ၎င်းတို့နှင့် မကြာမကြာ ပေါင်းသင်းဆက်ဆံသော လူတို့က ၎င်းတို့အပေါ် ရမယ်ရှာနေကြသေးပြီး ၎င်းတို့၌ လွန်ကျူးသော ရည်မှန်းချက်များရှိကြောင်း လုံးဝ မသိကြပေ။ တစ်နေ့တွင် မြေပုံပေါ်ရှိ တည်နေရာအားလုံး ၎င်းတို့၏ ထိန်းချုပ်မှုအောက် ရောက်ရှိပြီး ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင် လုံးလုံးလျားလျား ပြည့်မြောက်လာသောအခါ ၎င်းတို့အပေါ် ရမယ်ရှာခဲ့ကြသော လူတို့သည် လုံးဝ အံ့အားသင့်သွားကာ “လက်စသတ်တော့ ဤသူသည် နတ်ဆိုးတစ်ကောင် ဖြစ်နေသည်။ သူ၏ ရည်မှန်းချက်များက လွန်ကဲလွန်းလှပေသည်။ သူသည် နှစ်ပေါင်းမြောက်မြားစွာ ဟန်ဆောင်ခဲ့၏။ သူ၏ သရုပ်အစစ်အမှန်ကို မည်သူမျှ မမြင်တွေ့ခဲ့ကြ” ဟု ပြောကြမည်ဖြစ်သည်။ ၎င်းတို့က “ကျွန်ုပ် ပြုလုပ်ခဲ့သည်မှာ အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဖြစ်သည်။ အကယ်၍ ကျွန်ုပ်သည် ကျွန်ုပ်ခံခဲ့သည့်နည်းအတိုင်း ကြံ့ကြံ့မခံသည့်အပြင် ကျွန်ုပ်အကြောင်း မရိပ်မိအောင် မလုပ်ခဲ့လျှင်၊ ကျွန်ုပ်သည် သင်တို့အား အရာရာကို ပြောပြခဲ့လျှင် ထိုမျှကြီးမားသော လုပ်ငန်းကို ဖြစ်မြောက်အောင်မြင်နိုင်ခဲ့မည်လော” ဟု ပြောလိုက်သည်။ ဆိုးယုတ်သောသူတို့နှင့် လွန်ကဲသော ရည်မှန်းချက်များရှိသောသူတို့၌ တူညီသော မည်သည့်ကိုယ်ကျင့်စရိုက်များ ရှိကြသနည်း။ လက္ခဏာသွင်ပြင်တစ်ခုမှာ ၎င်းတို့၏ ဇွဲနှင့် ဇွဲလုံ့လသည် သာမန်လူတို့၏ ခံနိုင်ရည်နှင့် ဇွဲလုံ့လကို သာလွန်ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ လျှို့ဝှက်အကြံအစည်များသည်လည်း သာမန်လူတို့၏ လျှို့ဝှက်အကြံအစည်များထက် သာလွန်ပြီး သာမန်လူတို့က ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံပါက ထိုသူတို့၏ လှည့်စားခြင်းခံရမည်ဖြစ်သည်။ လှည့်စားခံရခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ မည်သူကမျှ ၎င်းတို့ကို ရှင်းရှင်းလင်းလင်း သိမြင်နားလည်ခြင်းမရှိဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့ သိမြင်နားလည်နိုင်သမျှမှာ ၎င်းတို့က အပေါ်ယံတွင် ပြောဆိုလုပ်ဆောင်သည့် အရာများသာ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်ပြောဆိုသည့် အရာမှနေ၍ တကယ့်အတွင်းစိတ်ထဲ၌ ၎င်းတို့ စဉ်းစားနေသည့်အရာနှင့် ပတ်သက်၍ သဲလွန်စတစ်ခုခု သင် ရှာတွေ့နိုင်လိမ့်မည်ဟု မထင်လေနှင့်။ ဤသည်မှာ ၎င်းတို့၏ လှည့်စားခံနေရခြင်း မဟုတ်လော။ ဇွဲနှင့် ဇွဲလုံ့လသည် ယင်းတို့ကိုယ်၌ပင် အပြုသဘောဆောင်သော စကားလုံးများ ဖြစ်ကြသော်လည်း ၎င်းတို့၏ လျှို့ဝှက်သော အကြံအစည်များက ၎င်းတို့၏ ဇွဲနှင့် ဇွဲလုံ့လကို အပျက်သဘောဆောင်သည့်အရာများ ဖြစ်စေခဲ့သည်။ ထို့ပြင် ၎င်းတို့၌ လိုအင်ဆန္ဒများနှင့် လွန်ကျူးသော ရည်မှန်းချက်များလည်း ရှိကာ ယင်းတို့မှာ သာမန်လူတို့ထက် ပို၍ လွန်ကဲ၏။ သာမန်လူ၌ လိုအင်ဆန္ဒများနှင့် လွန်ကျူးသော ရည်မှန်းချက်များ ရှိသော်လည်း တစ်စုံတစ်ခုကို သူမရရှိနိုင်ဟု ခံစားရသောအခါ လက်လျှော့ပြီး ထိုဒုက္ခကို ကြုံတွေ့လိုစိတ် မရှိတော့ပေ။ ထို့ပြင် သူသည် မည်သူနှင့် ယှဉ်ပြိုင်လိုသည်နှင့် ပတ်သက်၍ အစဉ်သဖြင့် ပွင့်လင်းစွာ ပြောဆိုတတ်ကြသည်။ သူ၌ လျှို့ဝှက်အကြံအစည်များ မရှိပေ။ သို့သော်လည်း ဤဆိုးယုတ်သောလူစားမျိုးများ၌ လွန်ကဲသော ရည်မှန်းချက်များ ရှိပြီး လျှို့ဝှက်အကြံအစည်များနှင့် လှည့်ဖြားတတ်သော လှည့်ကွက်များကို အမြဲတမ်း လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မည်သည့်အချိန်တွင်မျှ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စွန့်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် အဆုံးတိုင်အောင်၊ သေသည့်တိုင်အောင် ကြိုးပမ်းကြမည်ဖြစ်သည်။

ယွဲတိုင်းပြည်၏ ဘုရင်ဖြစ်သည့် ဂိုကျန်က နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြလုပ်ခဲ့ပုံနှင့်ဆိုင်သည့် ဇာတ်လမ်းကို ဖတ်စာအုပ်များက ပြောပြသည်။ မိဘများကလည်း ထိုအကြောင်းကို သူတို့၏ သားသမီးများအား သွန်သင်ကြသည်။ ထိုဇာတ်လမ်းကိုကြားသော ကလေးအချို့က “သာမန်လူပုဂ္ဂိုလ်တစ်ဦး ဖြစ်ရသည်မှာ အလွန်ကောင်း၏။ လူတို့အနေဖြင့် ထိုမျှလွန်ကဲသော ရည်မှန်းချက်များရှိဖို့ အဘယ်‌ကြောင့် သေချာပေါက် လိုအပ်သနည်း။ မည်သူသည် နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြလုပ်ဖို့ မိမိကိုယ်ကို ဒုက္ခခံနိုင်မည်နည်း။ ယင်းမှာ ပုံမှန်လူတို့ တောင့်ခံနိုင်သည့် ဒုက္ခမဟုတ်” ဟု စဉ်းစားကြသည်။ လွန်ကျူးသော ရည်မှန်းချက်များရှိသည့် လူတို့သာလျှင် ထိုကဲ့သို့ ဆင်းရဲဒုက္ခခံဖို့ စိတ်ပိုင်းဖြတ်ချက် ရှိကြသည်။ ယင်း၌ လျှို့ဝှက်အကြံအစည် ပါရှိသည်။ သို့သော်လည်း လူသားမျိုးနွယ်က ဤကဲ့သို့သော စိတ်နေစိတ်ထားကို ထောက်ခံအားပေးကြသည်။ ဥပမာ “ဆင်းရဲဒုက္ခနှင့် သိက္ခာကျခြင်းကို ၎င်းတို့ အဘယ်မျှခံစားသည်ဖြစ်စေ၊ ၎င်းတို့၏ အခြေအနေများက အဘယ်မျှဆိုးရွားသည် ဖြစ်စေ လူတို့သည် မိမိတို့၏ ရည်မှန်းချက်များကို မည်သည့်အခါမျှ မျက်ခြည်မပြတ်ရချေ” ဟူသည့် စကားရပ်ရှိ၏။ လူတို့ကို မိမိတို့၏ ပျော်ရွှင်မှုနှင့် ရည်မှန်းချက်ပန်းတိုင်များအတွက် ကြိုးပမ်းဖို့အတွက် နှိုးဆော်ပြီး တွန်းအားပေးရန်အတွက် နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြနှင့် အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းကဲ့သို့သော ခံယူချက်များကို ဤလူ့အဖွဲ့အစည်းက ထောက်ခံအားပေးကြသဖြင့် ယင်းကို မှားသည်ဟု ငါတို့ အဘယ့်ကြောင့် ဝေဖန်ရသနည်း။ လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသည်။ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို သမ္မာတရားနှင့် တိကျမှန်ကန်သော ဦးတည်ချက်သို့ ချိန်ရွယ်သည့် လူသားမျိုးနွယ်ဝင် တစ်ဦးတလေရှိသလော။ (မရှိပါ။) ထို့ကြောင့် လူသားမျိုးနွယ်သည် နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြလုပ်သည့်အပြင် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးလေလေ စာတန်၏ စွမ်းအားများက ပြင်းထန်လေလေ၊ လူသားမျိုးနွယ်၏ စစ်ပွဲများနှင့် သတ်ဖြတ်မှုများက များပြားလေလေ၊ လူသားမျိုးနွယ်က ကောက်ကျစ်ဆိုးယုတ်လာလေလေ ဖြစ်ပြီး လူ့အဖွဲ့အစည်းက မှောင်မိုက်လေလေ ဖြစ်လာမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သင်သည် အကယ်၍ ကောင်းကင်၏ စီစဉ်မှုများကို နာခံနိုင်ပြီး မိမိကိုယ်ကို အရာရာ၏ သဘာဝနိယာမနှင့် လျော်ညီအောင်နေနိုင်ပါက၊ အမှုအရာများကို ယင်းတို့ဖြစ်လာသည့်အတိုင်း ခံယူနိုင်ပါက၊ ဤအစီအစဉ်တကျရှိမှုကို လေးစားပြီး ကောင်းကင်၏ စီမံခန့်ခွဲမှုများကို စောင့်စားနိုင်ပါက သင်သည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးစရာ မလိုပေ။ သင်သည် နိုးကြားပြီး အသိတရားရလာဖို့ လိုသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံနိုင်ခြင်းက မှန်ကန်၏။ ဤအရာအပြင် ၎င်းတို့ပြုလုပ်သမျှ၌ လူတို့သည် အနည်းဆုံး ၎င်းတို့၏ အသိတရားနှင့်အညီ၊ တစ်ဆင့်ပိုမြင့်အောင် ယင်းကို ပြုလုပ်နိုင်ရမည်၊ လူသားမျိုးနွယ်အတွက် ဘုရားသခင် ချမှတ်ထားသည့် ပညတ်တော်များနှင့်အညီ ယင်းကို ပြုလုပ်နိုင်ရမည်။ သို့ဆိုလျှင် လူတို့သည် မျက်နှာဖုံးစွပ်ပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးဖို့ လိုသေးသလော။ (မလိုပါ။) မလိုပေ။ ဤမိတ်သဟာယအားဖြင့် သင်တို့သည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းက မည်သည့်အပြုအမူမျိုး ဖြစ်ကြောင်းကို အတိအကျ နားလည်သဘောပေါက်သလော။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း၏ ရည်မှန်းချက်ပန်းတိုင်သည် အပြုသဘော ဆောင်သလော၊ သို့မဟုတ် အပျက်သဘော ဆောင်သလော။ (အပျက်သဘောဆောင်သည်။) အကယ်၍ လူတစ်ဦးသည် ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့အတွက် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးသည်၊ သို့မဟုတ် လူတစ်ဦးသည် ဘုရားသခင် သူ့အားပေးခဲ့သည့် တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးကာ ဆုချီးမြှင့်ခံရဖို့အတွက် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းပိုးသည်၊ သို့မဟုတ် လူတစ်ဦးသည် စုံလင်အောင်ပြုလုပ်ခံရခြင်းကို လိုက်စားဖို့အတွက် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးသည်ဟု ပြောရမည်ဆိုပါက ဤစကားများသည် ခိုင်လုံပါသလော။ (မခိုင်လုံပါ။) အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းသည် စာတန်ဆန်သော အတွေးအခေါ်များ လုံးလုံးလျားလျား ဖြစ်ကြ၏။ ဤအရာ၌ သမ္မာတရား မရှိသည့်အပြင် ဤစကားများကို သင် ကြားလိုက်သည်နှင့် လွဲချော်နေသည်မှာ ရှင်းလင်းသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏ စီစဉ်မှုများကို စောင့်စားရန်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာရှိခြင်းကို ကျိုးနွံနာခံရန်အတွက် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးသည်ဟု ဆိုလျှင် ဤသို့ပြောခြင်းသည် မှန်ကန်သောအရာ ဟုတ်သလော။ (မဟုတ်ပါ။) ယင်းက မည်ကဲ့သို့ မမှန်ကန်သနည်း။ ယင်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု မကိုက်ညီပေ။ ဘုရားသခင်က သင့်အား အရှက်ကွဲမှုကို ကြံ့ကြံ့ခံဖို့ မလိုအပ်သကဲ့သို့ သူက သင့်အား သိက္ခာကျခြင်းကို ခံစားဖို့ မလိုအပ်ပေ။ ဤနေရာ၌ ပြောကြသည့်အတိုင်း အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းနှင့် လူတို့က ဘုရားသခင်ကို ယုံကြည်ပြီး သူ့အား ကျိုးနွံနာခံခြင်းတို့ကြား၌ ပဓာနကျသော မည်သည့်ခြားနားမှု ရှိသနည်း။ (အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်များမှ ရုန်းထွက်ဖို့ ကြိုးစားအားထုတ်မှု ဖြစ်သည်။) အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဟူသည်မှာ လူတို့၌ မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်များ၊ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် မိမိတို့လိုက်စားသော ရည်မှန်းချက်ပန်းတိုင်များ ရှိခြင်းကို ဆိုလိုသည်။ ဤသည်တို့မှာ လူတို့အား ဘုရားသခင် တောင်းဆိုသော စံနှုန်းများ၊ ဘုရားသခင်က လူတို့ကိုပေးသော လိုက်စားရမည့် ရည်မှန်းချက်ပန်းတိုင်များနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ယင်းတို့နှင့် မကိုက်ညီပေ။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းအားဖြင့် လူတို့က မိမိတို့အတွက် ရရှိဖို့ ရည်ရွယ်သည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့က ရရှိဖို့ ရည်ရွယ်သည်မှာ ကိုယ်ကျိုးဖြစ်ပြီး ယင်းက လူသားအတွက် ဘုရားသခင် စီစဉ်ညွှန်ကြားပြီး အချုပ်အခြာအာဏာ ကျင့်သုံးသည့် ကံကြမ္မာနှင့် အဆက်အစပ် မရှိပေ။

အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းကို လက်တွေ့လုပ်ဆောင်သော မည်သူမဆို ကြံရွယ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင် ရှိသည်။ ဥပမာ တက္ကသိုလ်ဘွဲ့ရပြီးခါစ လူတစ်ယောက်က အလုပ်သင်ဆင်းဖို့ ကုမ္ပဏီတစ်ခုသို့ ပထမဆုံး ရောက်လာသောအခါ ဝါရင့်ဝန်ထမ်းအဖွဲ့သားများက “ဤနေရာသို့ ရောက်ရှိလာသည့် ကောလိပ်ဘွဲ့ရခါစတို့သည် သုံးနှစ်အထိ တောက်တိုမည်ရ လုပ်ရသည်” ဟု ပြောကြသည်။ ထိုသူသည် စိတ်ထဲ၌ “ငါသည် ကောလိပ်ဘွဲ့ရ ဖြစ်သော်လည်း သင်တို့ကို ငါ အလျှော့ပေးမည်မဟုတ်” ဟု တွေးသည်။ သူက ဤအရာကို စိတ်ထဲ၌ တွေးသော်လည်း နှုတ်မှအသံထွက် မပြောဝံ့ပေ။ အပြင်ပန်းတွင် အပြုံးတစ်ခုကို ဟန်လုပ်နေရသေးသည်။ နေ့စဉ်နေ့တိုင်း စည်းကမ်းများကို လိုက်နာရမည်၊ ပျော့ပျောင်းရမည်၊ ပြီးလျှင် မျက်နှာချိုသွေးကာ ခယဝပ်တွားရမည် ဖြစ်သည့်အပြင် အခြားသူများက မိမိတွင် အပြစ်ရှာသောအခါ သည်းခံရမည်။ ဤအရာကို သည်းခံရာ၌ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ယင်းမှာ အောင်ပွဲခံသော သရော်သံပြုနိုင်သည့်၊ စီမံခန့်ခွဲသူ သို့မဟုတ် အကြီးအကဲ၏ အတွင်းရေးမှူးဖြစ်လာသည့် နေ့တစ်နေ့ ရောက်လာပြီး သူ့အား ရမယ်ရှာသောသူတို့ကို ဗိုလ်ကျစိုးမိုးဖို့အတွက် ဖြစ်သည်။ ဤသည်မှာ သူစဉ်းစားသည့်အရာ မဟုတ်လော။ လူအချို့က “ယင်းမှာ သူစဉ်းစားရမည့်ပုံနှင့် သူပြုလုပ်ရမည့်အရာ ဖြစ်သည်။ သို့မဟုတ်ပါက သူသည် သူ၏ဘဝတစ်လျှောက်လုံး လူတို့၏ အောက်ကျို့ခံနေရမည်။ မည်သူသည် ထိုသို့ ဒုက္ခခံချင်သနည်း။ ထို့ပြင် လူတို့၌ ရည်မှန်းချက်များ မရှိပါက မည်သို့ ရပ်တည်နိုင်မည်နည်း။ လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏။ ဤသည်မှာ ဘဝ၏ဓမ္မတာဖြစ်၏။ ဗိုလ်ချုပ်ကြီးမဖြစ်ချင်သော စစ်သားသည် စစ်သားကောင်းမဟုတ်” ဟု ပြောကြသည်။ ဤစကားများက သူ၏ ဆောင်ပုဒ်ဖြစ်လာသော်လည်း စာတန်ဆန်သော တွေးခေါ်မှုစနစ်သာ ဖြစ်၏။ သူသည် မိမိ၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ဖို့အတွက် လူတိုင်းအပေါ် ယဉ်ကျေးပြီး ရိုသေလေးစားလျက် တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ဤပုံစံအတိုင်း ကြံ့ကြံ့ခံရမည်ဖြစ်သည်။ တစ်နေ့တွင် သူ၏ အကြီးအကဲက သူ့ကို “ဤသုံးနှစ်တာအတွင်း သင်၏ စွမ်းဆောင်မှုက ကောင်းလာနေသည်။ နောက်အပတ်မှစ၍ သင်သည် အရောင်းဝန်ထမ်းဖြစ်လာမည်” ဟု ဆိုလေသည်။ ဤအရာကို သူကြားသောအခါ “ငါသည် အရောင်းဝန်ထမ်းတစ်ဦး ဖြစ်လာဖို့ရန်သာ သုံးနှစ်တိုင်တိုင် အားသွန်ခွန်စိုက် လုပ်ခဲ့ခြင်းဖြစ်ပေသည်။ ငါသည် အရောင်းဌာန၏ အမှုဆောင်ညွှန်ကြားရေးမှူး ဖြစ်လာမည်ဟု ထင်ခဲ့သည်” ဟူ၍ သူ၏စိတ်နှလုံးက မပျော်ရွှင်ပေ။ သို့သော် သူက ရာထူးတိုးခြင်းအတွက် ကျေးဇူးတင်သည်ဟု ပြောရမည်။ သူသည် မိမိ၏ ရည်မှန်းချက်ပန်းတိုင်ကို မရောက်ရှိသေးသဖြင့် ဆက်လက်၍ ကြံ့ကြံ့ခံရမည်ဖြစ်သည်။ သူသည် ဆက်လက်၍ အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးကာ သူ၏အကြီးအကဲ‌နောက်သို့ ဒုက္ခခံ၍ လိုက်ရင်း အရက်သောက်ကာ အပြုံးများကို ဟန်လုပ်ပြုံးပြပြီး ဤအရာကို ဆယ်နှစ်မျှ ကြံ့ကြံ့ခံပြီးသောအခါ နောက်ဆုံးတွင် သူ၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်မြောက်အောင်မြင်လာတော့သည်။ တစ်နေ့တွင် သူ၏အကြီးအကဲက “သင်သည် သင်၏အလုပ်ကို ကောင်းစွာ လုပ်ဆောင်ခဲ့လေပြီ။ သင့်ကို ကျွန်ုပ် လက်ထောက်အဖြစ် ရာထူးတိုးပေးမည်” ဟု သူ့ကို ပြော၏။ ဤသည်ကို သူကြားသောအခါ စိတ်ထဲတွင် အထူးသဖြင့် ပျော်သွားသည်။ သူသည် နောက်ဆုံးတွင် အောင်မြင်သွားလေပြီ။ ဤအရာ၏ ရလဒ်မှာ အဘယ်နည်း။ သူ၏အမြင်၌ ယခုတွင် သူသည် အခြားလူတကာထက် အရည်အချင်း ပိုမီလေသည်။ သူက ဤအရာအားလုံးကို လိုလိုလားလားဖြင့် လုပ်ဆောင်ခဲ့ခြင်း မဟုတ်လော။ (မဟုတ်ပါ။) ဤအရာအားလုံးကို မည်သူ့အတွက် သူ လုပ်ဆောင်ခဲ့သနည်း။ (မိမိအတွက် လုပ်ဆောင်ခဲ့သည်။) မိမိအတွက် ဖြစ်ပေသည်။ ယင်းနှင့်ပတ်သက်၍ ချီးကျူးထိုက်ပြီး အမွှမ်းတင်ထိုက်သည့်အရာ တစ်ခုတလေမဆိုနှင့်၊ အပြုသဘောဆောင်သည့် သို့မဟုတ် ခံယူကျင့်သုံးသင့်သည့်အရာ တစ်ခုမျှ မရှိပေ။ သို့သော် အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း၊ အမြီးကုပ်၍ ကုပ်ချောင်းကုပ်ချောင်း သွားလာခြင်းဟူသည့် ဤစိတ်နေစိတ်ထားမျိုးမှာ ယနေ့ လူ့အဖွဲ့အစည်းထဲတွင် ထောက်ခံအားပေးကြသည့်အရာ ဖြစ်၏။ ထို့ကြောင့် လူတို့ ထောက်ခံအားပေးသော “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း” ဟူသည့် ဤစကားရပ်မှာ မည်သည့်စကားရပ်မျိုး ဖြစ်သနည်း။ (ဆိုးဝါးသော စကားရပ်ဖြစ်သည်။) ယင်းက အဘယ်သို့ ဆိုးဝါးသနည်း။ လူတို့သည် မိမိတို့၏ ကြံရွယ်ချက်များနှင့် အရင်းခံအကြောင်းများကြောင့်သက်သက်အပြင် မိမိတို့၏ လိုအင်ဆန္ဒများနှင့် လွန်ကျူးသော ရည်မှန်းချက်များ ပြည့်ဝဖို့အတွက် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဖြစ်သည်။ ယင်းမှာ မှန်ကန်သော ရည်မှန်းချက်ပန်းတိုင်များအတွက် မဟုတ်ပေ။ သို့ဖြစ်၍ ယင်းတို့တစ်ခုမျှ ခံယူကျင့်သုံးဖို့ မထိုက်တန်သည့်အပြင် အမွှမ်းတင်ဖို့ သို့မဟုတ် ချီးကျူးဖို့သာမက အမှတ်ရဖို့ လုံးဝမထိုက်တန်ဟု ငါ ပြောရခြင်း အကြောင်းရင်းဖြစ်သည်။ ရှေးခေတ်ကာလတွင် နန်းတော်အတွင်း၌ ဖြစ်ပျက်ခဲ့သည့်အရာကို နောက်ထပ်ကြည့်ကြစို့။ နတ်ရွာစံသွားသော ဧကရာဇ်ဘုရင်တစ်ပါး ရှိခဲ့သည်။ ဧကရာဇ်ဘုရင်မက သူမ၏သားသည် ငယ်ရွယ်နေဆဲဖြစ်ပြီး သူနန်းတက်ခဲ့ပါက နန်းတော်ကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း မြင်တွေ့ရသဖြင့် သူမ၏သား ဧကရာဇ်အဖြစ် အမှန်တကယ် အုပ်စိုးမည့်အရေး သေချာစေဖို့အတွက် သူမသည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးကာ ယခင်ဧကရာဇ်၏ ညီတော်ကို လက်ထပ်ထိမ်းမြားလျက် သူတို့နှစ်ဦးက သူမသား၏ ထီးနန်းဆက်ခံရေးကို ထောက်ပံ့ခဲ့ကြသည်။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးရာ၌ သူမ၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ယင်းမှာ သူမ၏သား ဧကရာဇ်ဘုရင်အဖြစ် ရာထူးနေရာရဖို့ ဖြစ်သည်။ သူမ၏သား ဧကရာဇ်ဘုရင်အဖြစ် ရာထူးနေရာ လုံခြုံစိတ်ချရသောအခါ သူမ၏ အဆင့်အတန်းမှာ မယ်တော်ကြီး၏ အဆင့်အတန်း ဖြစ်မည်ဖြစ်သည်။ ဤသည်ကို အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဟု ခေါ်သည်။ သူမသည် မည်သည့်အရှက်ကွဲမှုကို ကြံ့ကြံ့ခံနေခဲ့သနည်း။ သူမသည် လိင်မှုသိက္ခာကို မစောင့်ထိန်းခဲ့။ ဧကရာဇ်ဘုရင် နတ်ရွာစံလျှင်စံချင်း သူ၏ညီတော်ကို ချက်ချင်းလက်ထပ်ကာ ယင်းက သူမကို မကောင်းသော ဂုဏ်သတင်း ရစေခဲ့သည်။ လူတို့က သူမ၏နောက်ကွယ်တွင် ပြစ်တင်ဝေဖန်ခဲ့ကြပြီး သမိုင်းစာအုပ်များကပင် သူမကို ကောင်းမွန်သော အကဲဖြတ်ချက် မပေးကြပေ။ သူမ အ‌ရေးစိုက်ခဲ့သလော။ တကယ်တမ်းတွင် သူမ၏ ယခင်မတ်တော်ကို လက်မထပ်မီတွင် ဂယက်ရိုက်မှုများကို စဉ်းစားခဲ့သည်ဖြစ်၍ သူမသည် အဘယ့်ကြောင့် ယင်းကို ရှေ့ဆက်ခဲ့သေးသနည်း။ ယင်းမှာ သူမ၏သား ဧကရာဇ်ဘုရင်အဖြစ် ရာထူးနေရာကို လုံခြုံစိတ်ချရစေရန်နှင့် မယ်တော်ကြီးအဖြစ် သူမ၏ရာထူးကို ကာကွယ်ရန်အတွက် ဖြစ်ခဲ့သည်။ ယင်းမှာ သူမအနေဖြင့် ထိုကဲ့သို့သော နာမည်ဆိုးကို သည်းညည်းခံပြီး ဤဆင်းရဲဒုက္ခကို လိုလိုလားလား ခံစားရသည့် တစ်ခုတည်းသော အကြောင်းရင်း ဖြစ်၏။ ဤသည်ကို အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဟု ခေါ်သည်။ ဤသိက္ခာကျခြင်းတစ်ခုလုံးကို ကြံ့ကြံ့ခံခြင်းဖြင့် မည်သည့်အရာကို သူမ ရရှိခဲ့သနည်း။ သူမရရှိခဲ့သည်မှာ ပို၍ပင်ကြီးမားသော အကျိုးကျေးဇူးပင် ဖြစ်၏။ ဤသည်မှာ အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးရာ၌ သူမ၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ ဤကြီးမားသော အကျိုးကျေးဇူးကို သူမ ရရှိခဲ့သည်နှင့်တစ်ပြိုင်နက် ထိုနာမည်ဆိုးတစ်ခုလုံးက ဘာမျှမဟုတ်တော့ပေ။ ဤနာမည်ဆိုးနှင့် အလဲအလှယ်အနေဖြင့် သူမသည် မိမိနှင့် မိမိ၏သားအတွက် တန်ခိုးအာဏာနှင့် အဆင့်အတန်းကို ရရှိခဲ့သည်။ သို့ဆိုလျှင် သူမ၏ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းသည် အပြုသဘော ဆောင်သလော၊ သို့မဟုတ် အပျက်သဘော ဆောင်သလော။ (အပျက်သဘော ဆောင်ပါသည်။) အကယ်၍ သူမ၏ အပြုအမူတစ်ခုတည်းကိုသာ ကြည့်လျှင် သူမသည် မိမိကိုယ်ကို စွန့်လွှတ်နိုင်ခဲ့ပြီး သူမသား၏ ရှု‌ထောင့်မှကြည့်လျှင် သူမ တောင့်ခံခဲ့သည့် သိက္ခာကျမှုများနှင့် ဒုက္ခအတွက် ကိုယ်ကျိုးမငဲ့သော ဘက်တစ်ဖက် ရှိခဲ့သောကြောင့် လူတို့က သူမကို ချီးမွမ်းပြီး “ကြီးမြတ်သော မိခင်တစ်ဦးပါတကား” ဟု ပြောသင့်သည်။ သို့သော် သူမ၏ လိုအင်ဆန္ဒများနှင့် လွန်ကျူးသော ရည်မှန်းချက်များသာမက သူမ၏ တကယ့် ရည်မှန်းချက်ပန်းတိုင်ကို ကြည့်သောအခါ လူတို့က သူမကို ဝေဖန်အပြစ်တင်သင့်သည်။ သူမ၏ လုပ်ရပ်များကို ဝေဖန်သုံးသပ်ထိုက်ပေသည်။

ဘုရားသခင်ကို ယုံကြည်သော လူတို့သည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးဖို့ လိုအပ်သလော။ (မလိုအပ်ပါ။) အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး သူ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် စမ်းသပ်ခြင်းတို့ကို လက်ခံကာ လူတို့အပေါ် သူ၏ ကျိန်ဆိုခြင်းများနှင့် ပြစ်တင်ရှုတ်ချခြင်းကိုပင် လက်ခံပါက ၎င်းတို့သည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးဖို့ လိုအပ်သလော။ (မလိုအပ်ပါ။) ဤသည်မှာ သေချာပေါက်ဖြစ်၏။ “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း” ဟူသည့် စကားရပ်ကို ယုံကြည်သူများ၏ အခြေအနေ၌ အသုံးပြုခြင်းသည် မခိုင်လုံသည့်အပြင် ပြစ်တင်ရှုတ်ချခံရ၏။ ဤအခြေအနေ၌ ဤစကားရပ်ကို အသုံးပြုသည်မှာ အဘယ့်ကြောင့် မှားသနည်း။ ဤအပြုအမူသည် ဤအခြေအနေ၌ မမှန်ကန်ကြောင်း မည်ကဲ့သို့ သက်သေပြသနည်း။ ဤစကားရပ် မှားယွင်းကြောင်းကို နှုတ်အားဖြင့်လည်းကောင်း၊ အယူဝါဒအားဖြင့်လည်းကောင်း ဝန်ခံရုံမျှဖြင့် လက်ခံ၍မရပေ။ ယင်းက မည်သည့်သမ္မာတရားများနှင့်သက်ဆိုင်ကြောင်းကို သင် သိရမည်။ ထိုမတိုင်မီတွင် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ခံရခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံဖို့အတွက် လူတို့သည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးရန်၊ နေသေးသပ ချုံထဲက ချိုသွေးသပ တမြမြလုပ်ရန်၊ ယွဲတိုင်းပြည်၏ ရှင်ဘုရင် ဂိုကျန်၏ စိတ်နေစိတ်ထားကို ခံယူကျင့်သုံးရန်နှင့် လှေခွက်ချည်းကျန် အလံမလှဲစေရန် သင်ယူဖို့ လိုအပ်သည်ဟု သင် ထင်နေဆဲဖြစ်သည်။ သင်သည် တကယ့်ကို ငတုံးသာဖြစ်ခဲ့ပြီး သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိပေ။ ယခု ငါ၏ မိတ်သဟာယပြီးနောက် “ဤစကားရပ်သည် မကောင်းပေ။ ယခင်က ဤစကားရပ်ကို ကျွန်ုပ် အမြဲသုံးနေကျဖြစ်သည်။ ကျွန်ုပ် အဘယ်မျှ စဉ်းစားဉာဏ် မဲ့နိုင်ရသနည်း” ဟု သင် စဉ်းစားလေသည်။ သင်သည် သမ္မာတရားကို နားမလည်သည့်အပြင် သင်၏ သဘောပေါက်နားလည်နိုင်စွမ်းက ညံ့ဖျင်းကြောင်း သင် သိမြင်နိုင်သည်။ ဤစကားရပ်၌ မည်သည့်အရာ မှားယွင်းကြောင်း သင် နားလည်ရမည်။ သင်သည် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းကြောင်း သင် အမှန်တကယ် နားလည်နိုင်သောအခါ သင်၌ ထိုစကားရပ်နှင့်ပတ်သက်၍ လုံးစေ့ပတ်စေ့ နားလည်သဘောပေါက်မှု ရှိမည်ဖြစ်သည်။ အကယ်၍ သင်သည် ထိုစကားရပ်၏ အပျက်သဘောဆောင်သည့် အပိုင်းကိုသာ ရှင်းရှင်းလင်းလင်း သိမြင်သော်လည်း လူတို့က အပြုသဘောဆောင်သည်ဟု ထင်သည့်အပိုင်းကို ရှင်းရှင်းလင်းလင်း မသိမြင်ပါက သင်သည် သမ္မာတရားကို နားမလည်သေးဟု ဆိုလိုသည်။ ငါ ယခုတင် မိတ်သဟာယဖွဲ့လိုက်သည့် အရာကို နားထောင်ပြီးနောက် သင်တို့သည် ငါ၏ ဤနည်းစနစ်များနှင့်အညီ ဤအရာများကို စိတ်ဖြာလေ့လာဆွေးနွေးပြီး စိစစ်နိုင်မည်လော။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဟူသည့် အလေ့အထသည် ဘုရားသခင်၏အိမ်တော်၌ အဘယ့်ကြောင့် မလိုအပ်သနည်း။ ဤနည်းစနစ်နှင့် စိတ်နေစိတ်ထားကို ဘုရားသခင်၏ အိမ်တော်က ပြစ်တင်ရှုတ်ချပြီး သမ္မာတရားနှင့် မကိုက်ညီဟု ငါ အဘယ့်ကြောင့် ဆိုရသနည်း။ (ဘုရားသခင်၊ ကျွန်ုပ် နားလည်သည်မှာ ဘုရားသခင်၏ အိမ်တော်၌ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းနှင့် ဖြုတ်ချခံရခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခံရခြင်းတို့ကပင် အရှက်ကွဲမှုအား ကြံ့ကြံ့ခံခြင်းကို မဖြစ်ပေါ်စေပါ။ ထိုအစား ယင်းမှာ လူတို့အား ကယ်တင်ဖို့ ဘုရားသခင် အလုပ်လုပ်သည့်နည်းလမ်း ဖြစ်ကာ ယင်း၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့အား သမ္မာတရားအား လိုက်စားသည့် မှန်ကန်သော လမ်းကြောင်းပေါ် ဦးတည်စေဖို့ ဖြစ်သည်။ ဤသည်မှာ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းနှင့် လုံးဝ မသက်ဆိုင်ပေ။ အကယ်၍ လူတို့သည် တိကျမှန်ကန်စွာ သဘောပေါက်နားလည်နိုင်ပါက ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ချီးမြှောက်ခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းသည် ဘုရားသခင်၏ ကြီးမားသော စောင့်ရှောက်မှုနှင့် ကာကွယ်မှုအပြင် လူတို့အတွက် ဘုရားသခင်၏ ကယ်တင်ခြင်းဖြစ်ကြောင်း ၎င်းတို့ သိမည်ဖြစ်သည်။) ဤပြောဆိုချက်သည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) အကယ်၍ သင်သည် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ပါက သင်၏စိတ်ထဲ၌ အတိုက်အခံလုပ်ခြင်းနှင့် စောဒကတက်ခြင်းများ ဖြစ်ပေါ်လာသည့်အပြင် “အလိုလေး၊ ငါသည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးရမည်ဖြစ်ပြီး ယွဲတိုင်းပြည်၏ ရှင်ဘုရင်၊ ဂိုကျန်၏ စိတ်နေစိတ်ထားကို ခံယူကျင့်သုံးရမည်” ဟု မိမိဘာသာတွေးလျက် “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း” ဟူသည့် စာတန်ဆန်သည့် အတွေးအခေါ်ဖြစ်သော ထိုစကားရပ်ကို လက်တွေ့လုပ်ဆောင်မည် ဖြစ်သည်။ ထို့နောက် သင်သည် မိမိကိုယ်ကို ရှေ့လျှောက် နှိုးဆော်ဖို့နှင့် မိမိကိုယ်ကို တွန်းအားပေးဖို့အတွက် သင့်စားပွဲထိပ်တွင် “အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း” ဟူသည့် စကားများကို ထွင်း၍ ပုံဖော်ကာ ယင်းကို သင်၏ဆောင်ပုဒ် ဖြစ်စေမည်ဖြစ်သည်။ ယင်းသည် ဒုက္ခရောက်မည့်သဘော သက်ရောက်သည်မဟုတ်လော။ ယနေ့မိတ်သဟာယပြီးနောက် သင်တို့သည် ဤအရာကို လုံးဝ ပြုလုပ်မည် မဟုတ်သည်မှာ မှန်သော်လည်း သင်တို့သည် ငါ့အနေဖြင့် စိတ်ဖြာလေ့လာဆွေးနွေးမှု မပြုရသေးသော “မိမိအလင်းကို ဝှက်ထားပြီး အမှောင်ထဲတွင် ခွန်အားစုစည်းပါ” ဟူသည့် ဤစကားရပ်ကဲ့သို့သော အခြားစကားရပ်များကို ဆောင်ပုဒ်လုပ်မည်လော။ ဤအရာ၏ သဘာဝမှာ အတူတူပင် မဟုတ်လော။ ဤအရာများမှာ တရုတ်ရိုးရာယဉ်ကျေးမှု၏ အစိတ်အပိုင်း ဖြစ်ကြ၏။ ဤအရာများမှာ စာတန်၏အဆိပ်များ ဟုတ်သလော။ ယင်းတို့အားလုံးမှာ စာတန်၏အဆိပ်များ ဖြစ်ကြ၏။ ယင်းတို့အားလုံးမှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်များ ဖြစ်ကြ၏။

ယခင်က ငါ၏အမှုကို အစပြုခါစအချိန်ဖြစ်သည့် တရုတ်ပြည်မရှိ အသင်းတော်များတွင် ငါ အမှုပြုနေခဲ့စဉ် ဘုရားသခင်၏ အိမ်တော်သည် ညီအစ်ကိုမောင်နှမ အချို့အတွက် သူတို့၏ စာပေတတ်မြောက်မှုကို တိုးတက်အောင်ပြုလုပ်ဖို့ စီမံပေးခဲ့သည်။ ထိုအချိန်က အခြေအနေမှာ အဘယ်နည်း။ အသက်ကြီးရင့်ပြီးသော လူအချို့နှင့် ဝေးလံခေါင်သီသော ဒေသများ၌ နေထိုင်သည့် လူအချို့ ရှိခဲ့သည်။ သူတို့၏ ပညာရေးအဆင့်အတန်းမှာ အတော်အတန် နိမ့်ကျပြီး ကောင်းစွာ စာမဖတ်နိုင်ကြပေ။ ဥပမာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက “နိမ့်ပါးသော အစွမ်းအစ”၊ “ဘုရားသခင်၏ စိတ်သဘောထား”၊ “ဘုရားသခင်၏ ရည်ရွယ်ချက်” နှင့် အခြားသော ပုံသေဝေါဟာရများနှင့် ပတ်သက်၍ ညွှန်းဆိုပြောပြသော်လည်း ယင်းတို့က မည်သည့်အရာ ဆိုလိုသည်ကို သူတို့ နားမလည် သို့မဟုတ် မသိကြပေ။ နောက်ပိုင်းတွင် ဘုရားသခင်၏ အိမ်တော်က ညီအစ်ကိုမောင်နှမများကို အားလပ်ချိန်တွင် သူတို့၏ စာပေတတ်မြောက်မှုနှင့် ပတ်သက်၍ တိုးတက်အောင်လုပ်နိုင်ကြောင်းနှင့် သူတို့သည် အနည်းဆုံးအနေဖြင့် အချို့သော ပုံသေအသုံးအနှုန်းများ၊ အခေါ်အဝေါ်များနှင့် နာမ်များက မည်သည့်အရာကို ဆိုလိုကြောင်း သိသင့်သည်ဟု ပြောပြခဲ့သည်။ သို့မဟုတ်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်‌သောအခါ စကားလုံးများနှင့် စကားရပ်များ ကိုယ်၌၏ အဓိပ္ပာယ်ကိုပင် နားလည်မည် မဟုတ်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်သို့ နားလည်နိုင်မည်နည်း။ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်နိုင်ပါက သမ္မာတရားကို သူတို့ အဘယ်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ဤနောက်တွင် ညီအစ်ကို မောင်နှမများသည် ဤအရာများကို ‌လေ့လာသင်ယူရာ၌ စတင်၍ ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သော်လည်း သဘောပေါက်နားလည်မှု လွဲချော်သည့် လူအချို့က အခြေအနေကို အမြတ်ထုတ်ခဲ့ကြသည်။ စုဝေးပွဲများတွင် ‌ခေါင်းဆောင်အချို့က လူတစ်ဦး၏ စာပေတတ်မြောက်မှုကို တိုးတက်အောင် လုပ်ခြင်း၏ အရေးပါမှု၊ ညီအစ်ကို မောင်နှမများသည် စာပေတတ်မြောက်လာသင့်ပုံ၊ စာပေတတ်မြောက်မှု၏ အကျိုးကျေးဇူးများနှင့် သူတို့သည် စာပေမတတ်မြောက်ပါက မည်သည့်အရာ ဖြစ်ပျက်မည်နှင့်ပတ်သက်၍ အထူး ပြောပြကြသည်။ သူတို့က ဤကဲ့သို့သော အယူဝါဒများ တစ်ပုံကြီးအကြောင်းကို ပြောပြခဲ့ကြသည်။ ဤအရာများမှာ သမ္မာတရား မဟုတ်သည့်အပြင် ယင်းတို့နှင့်ပတ်သက်၍ အများကြီး ပြောစရာမလိုပေ။ ဤအရာများကို တစ်စုံတစ်ယောက်က ပြောဆိုသည်နှင့်တစ်ပြိုင်နက် လူတို့က ယင်းတို့ကို နားလည်နိုင်သည်။ ယင်းတို့သည် သမ္မာတရားဖြစ်သည့်အလားပင် စုဝေးပွဲများတွင် ယင်းတို့နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့စရာ မလိုအပ်ပေ။ ခေါင်းဆောင်အချို့သည် စုဝေးပွဲများတွင် ယင်းတို့သည် သမ္မာတရား ဖြစ်သည့်အလား ဤအရာများကို မိတ်သဟာယဖွဲ့ရင်း အချိန်များစွာပင် အသုံးပြုလိုက်ရုံသာမက ၎င်းတို့သည် လှည့်ကွက်သစ်တစ်ခုကိုလည်း အကြံထုတ်ကာ အသုံးပြုခဲသည့် စကားများနှင့် ပတ်သက်၍ ညီအစ်ကို မောင်နှမများကို တမင်တကာ စမ်းသပ်ကြသည်။ ညီအစ်ကိုမောင်နှမများက မဖြေနိုင်ခဲ့လျှင် ယင်းက ခေါင်းဆောင်များကို အလွန်တရာ ပညာတတ်သည်ဟု ထင်ရစေသည်မဟုတ်လော။ ထိုအချိန်ကာလအတွင်း၌ တကယ့်အလုပ်ကို မလုပ်ဆောင်သော အယောင်ဆောင်ခေါင်းဆောင်အချို့ ရှိခဲ့သည်။ ၎င်းတို့က အသက်အတွေ့အကြုံများ၊ သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ မိတ်သဟာယမဖွဲ့ကြပေ။ ထိုအစား ၎င်းတို့က စာပေတတ်မြောက်မှုကို အထူး မိတ်သဟာဖွဲ့ကြသည်။ ဤသည်ကို မည်သို့ခေါ်သနည်း။ ဤသည်ကို မိမိ၏ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို မလုပ်ခြင်းဟု ခေါ်သည်။ ဤသည်မှာ ပြဿနာမဟုတ်လော။ (ဟုတ်ပါသည်။) ဤအရေးကိစ္စကို ငါ အဘယ့်ကြောင့် ပြောပြနေသနည်း။ ယင်းက သင်တို့အတွက် မည်သည့်အကျိုး ရှိသနည်း။ ဤအရာမျိုးကို သင်တို့ လုပ်ဆောင်နိုင်စွမ်း ရှိသလော။ ဤကဲ့သို့ ပြုမူလုပ်ဆောင်ရန် ကြိုတင်ပြင်ဆင်နေသောသူ တစ်ဦးတလေ ရှိသလော။ အကယ်၍ သင်တို့သည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သင်တို့သည် အမှန်တကယ် နားဝေတိမ်တောင်ဖြစ်သော လူများ ဖြစ်ကြသည်တကား။ ဤဓလေ့သုံးစကားများနှင့် ပတ်သက်၍ ငါပြောပြသည်ကို မြင်တွေ့သော လူအချို့ရှိပြီး ယင်းသို့ လုပ်ဆောင်ရန်အတွက် မိမိတို့ကိုယ်ကို စတင်၍ အားခဲပြင်ဆင်ကြလျက် “လက်စသတ်တော့ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းက ဤမျှပင် လွယ်ကူ၏။ ဓလေ့သုံးစကားများဖြင့် မိတ်သဟာယဖွဲ့လိုက်ရုံဖြင့် လုံလောက်သည်။ ကိုယ်တော်သည် ဓလေ့သုံးစကားများဖြင့် မိတ်သဟာယဖွဲ့နိုင်ပြီး အပိုင်းနှစ်ပိုင်းရှိသည့် ဟာသမြောက်သောစကားများ၊ ဗန်းစကား၊ ဆိုရိုးစကားများနှင့် စကားပုံများဖြင့် ကျွန်ုပ် မိတ်သဟာယဖွဲ့မည်” ဟု ဆိုကြသည်။ ဤသည်မှာ မိမိ၏ လုပ်သင့်လုပ်ထိုက်သောအလုပ်ကို မလုပ်ဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘော‌ပေါက်မှု ရှိသလော။ (မရှိပါ။) ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့်အပြင် သမ္မာတရားကို ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့ စဉ်းစားသည်မှာ မည်သည့်အရာနည်း။ “ကိုယ်တော်၌ လုပ်စရာ မည်သည့်အရာမျှ မရှိသောအခါ ထိုနေရာ၌ ထိုင်၍ တတွတ်တွတ်ပြောပြီး ကျွန်ုပ်တို့ကို ဓလေ့သုံးစကား တစ်ခွန်းနှစ်ခွန်းဖြင့် ကျွန်ုပ်တို့ကို အရူးလုပ်နေသည်။ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်၏ နည်းစနစ်ကို လိုက်ရလျှင် ကျွန်ုပ်လည်း မိတ်သဟာယဖွဲ့နိုင်သည်ပင်” ဟူ၍ ဖြစ်၏။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော လူတို့သည် အမှုအရာများ၏ အပေါ်ယံကိုသာ ကြည့်ပြီး ငါ့ကို မျက်စိစုံမှိတ် အတုခိုးကြသည်။ ဤအပြုအမူကို အတုခိုးခြင်းကြောင့် ဤခေါင်းဆောင်တို့ကို ဖြုတ်ချသင့်ကာ ၎င်းတို့ကဲ့သို့ အတုခိုးသော မည်သူ့ကိုမဆိုလည်း ဖြုတ်ချသင့်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ ငါ အဘယ့်ကြောင့် ပြောဆိုနေရသနည်း။ မှားယွင်းသောလမ်းကြောင်းကို သင်တို့ မလျှောက်မိရန်အတွက် ဤအပြုအမူ၌ သင်တို့ မပါဝင်မီ ယင်းနှင့်ပတ်သက်၍ သင်တို့ကို ငါ သတိပေးနေခြင်းဖြစ်၏။ ငါသည် ဤအရာများနှင့်ပတ်သက်၍ ပြောဆိုနိုင်သော်လည်း ယင်းတို့အကြောင်းကို သင် ပြောဆိုပါက သဘောပေါက်နားလည်နိုင်သော ပုံစံဖြင့် ပြောဆိုနိုင်သ‌လော။ သင် မပြောဆိုနိုင်ပေ။ သို့ဆိုလျှင် ဤဆိုရိုးစကားများ၊ ဓလေ့သုံးစကားများနှင့် ပတ်သက်၍ အဘယ့်ကြောင့် ငါ ပြောဆိုနေသနည်း။ ယင်းတို့ကို မည်သည့်အခြေအနေအပေါ် ငါ ပြောဆိုသနည်း။ လူတို့သည် သမ္မာတရား၏ အယူအဆနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နားလည်သောအခါ ထို့ပြင် ထိုအခြေခံအုတ်မြစ်အပေါ် ငါသည် ပို၍နက်နဲအောင် ပြောပြီး လူတို့က သမ္မာတရားဟု ထင်သည့် အမှုအရာများကို ပို၍ စိတ်ဖြာလေ့လာ ဆွေးနွေးပါက ဤသည်ကို လူတို့ နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။ သူတို့သည် ယင်းနှင့်ပတ်သက်၍ မည်သို့တမြုံ့မြုံ့ စဉ်းစားသင့်ပုံကို မသိသည့်အပြင် ယင်းနှင့် ဆက်စပ်သင့်သည့် အခြားအမှုအရာများကို မသိကြပေ။ ယင်းမှာ သင်တို့ နားမလည်ကြသဖြင့် ငါသည် သင်တို့အား ဓလေ့သုံးစကားများနှင့်ပတ်သက်သည့် ဇာတ်လမ်းအချို့ကို ပြောပြခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ လိုအပ်၏။ လူအချို့က သူတို့သည် သမ္မာတရားနှင့် ပတ်သက်လာလျှင် တက္ကသိုလ်အဆင့် ရှိနေပြီဟု ထင်ကြပြီးလျှင် ဤမူလတန်းကျောင်း သင်ရိုးများကို အဘယ့်ကြောင့် သူတို့ ပြန်လေ့လာနေရသေးသည်ကို နားမလည်ကြပေ။ ဤသည်မှာ မူလတန်း‌မဟုတ်ကြောင်း၊ ယင်းသည် တက္ကသိုလ်တန်း ဖြစ်ပြီးသားဖြစ်ကြောင်း သူတို့ နားမလည်နိုင်ကြပေ။ သင်တို့သည် တက္ကသိုလ်အဆင့်သို့ မရောက်ကြသေးပေ။ အစကတည်းက မူလတန်းကျောင်းမှ မတက်ကြသော်လည်း တက္ကသိုလ်အထိ ဘွဲ့ရပြီးပြီဖြစ်သည်ဟု ထင်ကြသည့်အပြင် မိမိတို့ကိုယ်ကို ကျေနပ်နေကြသည်။ ကံမကောင်းအကြောင်းမလှစွာပင် ဤခံစားချက်သည် မှား၏။ ယင်းမှာ ခံစားချက်အမှားဖြစ်၏။ သင်တို့သည် တက္ကသိုလ်အထိ ဘွဲ့ရဖို့အတွက် အဝေးကြီး လိုနေသေးသည်။ ထို့ကြောင့် သင်တို့ကို ငါ ထပ်မံ၍ သတိဖော်သည်။ ငါ ယခုတင် ပြောပြသော အရာများကို မလုပ်လိုက်နှင့်။ သင်နားလည်သည့်အရာကို ရိုးရိုးသားသား မိတ်သဟာယ ဖွဲ့ပြီး နားမလည်ပါက မဟုတ်တရုတ် မပြောနှင့်။ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဟူသည် တတွတ်တွတ် လျှောက်ပြောနေခြင်း မဟုတ်ပေ။ သင် တတွတ်တွတ် လျှောက်ပြောနေသည်ကို နားထောင်ဖို့ မည်သူမျှ ဖြုန်းစရာ အချိန် မရှိပေ။ ငါ့ကို မျက်စိစုံမှိတ် အတုခိုးကာ ငါက နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြအကြောင်း ပြောပြခဲ့သောကြောင့် ယွဲတိုင်းပြည်၏ ရှင်ဘုရင်၊ ဂိုကျန်အကြောင်း သို့မဟုတ် ခေတ်သစ်သမိုင်း သို့မဟုတ် ရှေးခေတ်သမိုင်းအကြောင်းကို မပြောနှင့်။ ထိုအရာများအကြောင်း ပြောခြင်းက အဘယ်အကျိုးရှိသနည်း။ ယင်းတို့ကို လူတို့ နားထောင်လိုစိတ် ရှိသလော။ အကယ်၍ လူတို့သည် နားထောင်လိုစိတ် ရှိလျှင်ပင် ထိုအရာများက သမ္မာတရားမဟုတ်ပေ။

ဘုရားသခင်ကို ယုံကြည်ပြီး နောက်လိုက်သော လူတို့သည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးအား ထမ်းပိုးခြင်းကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားဘိ၊ အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးအား ထမ်းပိုးဖို့ မလိုသည့်ပုံကို ငါ ယခုလေးတင် ပြောပြခဲ့သည်။ လူတစ်ဦးသည် ထိုမျှ “ကောင်းမွန်သော” စကားရပ်နှင့် “မြင့်မြတ်သော” စိတ်နေစိတ်ထားကို အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်သနည်း။ ပြဿနာက မည်သည့်နေရာ၌ ရှိသနည်း။ လူတစ်ဦးသည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးအား ထမ်းပိုးသည့် စိတ်နေစိတ်ထားကို အဘယ့်ကြောင့် မပိုင်ဆိုင်နိုင်ရသနည်း။ အယူဝါဒအရ ဆိုလျှင် ယင်းမှာ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းသည် သမ္မာတရား မဟုတ်သောကြောင့် ဖြစ်၏။ ဤစကားရပ်ကို ဘုရားသခင်က ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ ယင်းမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ တောင်းဆိုချက် မဟုတ်သကဲ့သို့ သူ့နောက်လိုက်သောသူတို့ကို သူပေးခဲ့သည့် လုပ်‌ဆောင်ချက် စည်းမျဉ်းတစ်ခုလည်း မဟုတ်ပေ။ ဤစကားရပ်က သမ္မာတရား မဟုတ်သည့်အပြင် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းလည်း မဟုတ်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ အလျင်ဦးဆုံး အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း၌ “အရှက်ကွဲမှု” ဟူသည့် စကားလုံးကို ကြည့်ကြစို့။ “အရှက်ကွဲမှု” ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ သိက္ခာကျခြင်းနှင့် အရှက်ရခြင်း ဖြစ်သည်။ သို့ဆိုလျှင် လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်က ၎င်းတို့၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသောအခါ ၎င်းတို့သည် ဘုရားသခင်အား ကျိုးနွံနာခံခြင်းဖြင့် အရှက်ရနေကြသလော။ ၎င်းတို့သည် သိက္ခာကျခြင်းကို ခံစားနေရသလော။ (မခံစားရပါ။) လူတို့သည် ခံစားရပြီး “ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ဖြစ်မြောက်အောင်မြင်ဖို့အတွက် ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ရှိသော ဒေါသစိတ်ကို အောင့်အည်းထားရမည်၊ ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ရှိသော ဒေါသကို ချုပ်ထိန်းထားရမည်၊ ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ရှိသော စောဒကတက်ခြင်းများကို ချုပ်ထိန်းထားရမည်ဖြစ်ပြီး ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ရှိသော မပြေလည်သေးသည့် ခံစားချက်ကို ချုပ်ထိန်းထားရမည် ဖြစ်သည်။ ယင်းကို ကျွန်ုပ်သည်းခံပြီး အသံမထွက်သင့်ပေ။ ကျွန်ုပ်အတွက် ဤအရာများအားလုံးက အရှက်ကွဲခြင်းဖြစ်သောကြောင့် ယင်းတို့ကို ကျွန်ုပ် ချုပ်ထိန်းထားမည်” ဟု ပြောဖို့ လိုသလော။ ၎င်းတို့သည် ဤအရာကို လုပ်ဆောင်ခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသလော။ (လုပ်ဆောင်မနေကြပါ။) မည်သည့်အရာကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နေကြသနည်း။ ပုန်ကန်ခြင်း၊ အယောင်ဆောင်ခြင်းနှင့် ဟန်ဆောင်ခြင်းတို့ ဖြစ်ကြသည်။ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုကို ဖြစ်မြောက်အောင်မြင်ဖို့၊ သမ္မာတရားအား ကျိုးနွံနာခံမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများအား ကျိုးနွံနာခံမှုကို ဖြစ်မြောက်အောင်မြင်ဖို့အလို့ငှာ သင် ပထမဆုံးလုပ်ဆောင်ရမည့် အရာမှာ မည်သည့်နာကျင်မှုမျိုးကိုမဆို သည်းခံဖို့ မဟုတ်သည့်အပြင် သင်သည် မည်သည့်သိက္ခာကျမှုမျိုးကိုမဆို သည်းခံဖို့ မလိုပေ။ သင့်အတွက် ဘုရားသခင်ထားရှိသည့် အချုပ်အခြာ အာဏာနှင့် စီစဉ်မှုများအပြင် သင့်အတွက် သူထားရှိသည့် တောင်းဆိုချက်များမှာ အရှက်ကွဲမှု ဟုတ်သလော။ (မဟုတ်ပါ။) သူက သင့်ကို အရှက်ခွဲနေခြင်း မဟုတ်ပေ။ ဘုရားသခင်က သင့်ကို ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စစ်ကြောခြင်းနှင့် စစ်ဆေးခြင်းတို့အားဖြင့် သင့်အား အရှက်ခွဲနေခြင်း မဟုတ်ပေ။ ထိုအစား သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ပြချက်များကို သူက ဖော်ထုတ်နေသည့် တစ်ချိန်တည်းမှာပင် သူသည် သင့်အား မိမိကိုယ်ကို သိခိုင်းနေခြင်း၊ သင့်အား ယင်းတို့ကို ဖယ်ရှားခိုင်းကာ ပုန်ကန်ခိုင်းပြီးနောက် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း လုပ်ဆောင်ခိုင်းနေခြင်း ဖြစ်သည်။ ဤအရာက မည်သည့် ရလဒ်ကို ရရှိမည်နည်း။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည်၊ သမ္မာတရားကို နားလည်နိုင်မည်၊ ဘုရားသခင်ကို ကျေနပ်စေသော လူတစ်ဦးဖြစ်လာနိုင်ပြီး ဘုရားသခင် အသိအမှတ်ပြုသော လူတစ်ဦး ဖြစ်လာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဤအရာများကို သင်ရရှိနေသည့် ဖြစ်စဉ်နှင့် အချိန်ကာလအတွင်း သင်ကြုံတွေ့ရသော အရာများအနက် တစ်ခုတလေသည် သိက္ခာကျခြင်း ဖြစ်သလော။ ဘုရားသခင် သင့်ကို အရှက်ခွဲနေသည့် အရာတစ်ခုတလေ ရှိသလော။ (မရှိပါ။) ဘုရားသခင်က သင့်ကို ဖော်ထုတ်သောအခါတွင်၊ ဥပမာအနေဖြင့် သင်၏ မာနထောင်လွှားမှု၊ ကောက်ကျစ်ဆိုးယုတ်မှု၊ လှည့်ဖြားတတ်ခြင်း၊ စိတ်နှလုံးမာကျောခြင်း၊ သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းကို သူ ဖော်ထုတ်သောအခါ ဤအရာတစ်ခုတလေသည် အဖြစ်မှန် မဟုတ်သလော။ (ဟုတ်ပါသည်။) ယင်းတို့အားလုံးမှာ အဖြစ်မှန်များဖြစ်သည်။ ဘုရားသခင် သင့်ကို ဖော်ထုတ်သည့်၊ သင့်ကို သူပြောဆိုသည့် စကားများက မည်သည့်ပုံစံဖြင့် ဖြစ်စေ ယင်းတို့အားလုံးမှာ အဖြစ်မှန်များ ဖြစ်သည်။ လူတို့သည် ဤအရာကို အသိအမှတ်ပြုနိုင်သည်ဖြစ်စေ၊ မပြုနိုင်သည်ဖြစ်စေ၊ လူတို့သည် မည်မျှ နားလည်သဘောပေါက်ပြီး လက်ခံနိုင်သည်ဖြစ်စေ ဤအရာများသည် အားလုံး အဖြစ်မှန်များ ဖြစ်ကြသည်။ ၎င်းတို့သည် အခြေအမြစ်မရှိသည့်အပြင် ချဲ့ကားပြောဆိုခြင်းများလည်း မဟုတ်ဘဲ သင်တို့ကို မမှန်မကန် စွပ်စွဲခြင်းလည်း သေချာပေါက် မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် သင်တို့ကို အရှက်ရစေသလော။ (မရစေပါ။) ၎င်းတို့သည် သင်တို့ကို အရှက်ရစေခြင်း မရှိသည်သာမက ဆိုးယုတ်သောလူများ၏ လမ်းကြောင်းကို လိုက်မလျှောက်ရန်နှင့် စာတန်နောက်သို့ လိုက်မလျှောက်ရန် သတိပေးနှိုးဆော်လျက် သင်တို့ကို ဘဝ၏ လမ်းကြောင်းမှန်ပေါ်၌ လျှောက်လှမ်းနိုင်စေသည့် သတိပေးချက်တစ်ခုလည်း ဖြစ်သည်။ ဤအရာများက သင်တို့အပေါ် သက်ရောက်သည့် အကျိုးသက်ရောက်မှုနှင့် ရလဒ်တို့သည် အပြုသဘောဆောင်သည်။ ဘုရားသခင်၏ ဤလုပ်ဆောင်ချက်များ၏ အနှစ်သာရသည် လုံးဝ သင့်လျော်သည်။ ကိုယ်တော်သည် သင်တို့ကို ကယ်တင်ရန် ဤအရာများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး ယင်းတို့သည် သမ္မာတရားနှင့် လုံးဝ ကိုက်ညီသည်။ ဤသည်မှာ လူတို့ ခံသင့်သော ဆင်းရဲဒုက္ခဖြစ်ပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်စေနိုင်ရန်နှင့် စစ်မှန်သော ဖန်ဆင်းခံများ ဖြစ်လာရန်အလို့ငှာ ၎င်းတို့ ခံရမည့် ဆင်းရဲဒုက္ခ ဖြစ်သည်။ လူတို့ ရှိသင့်သော သဘောထားမှာ ဤဆင်းရဲဒုက္ခကို သိက္ခာကျစရာတစ်ခုအဖြစ် ခါးစည်းခံမည့်အစား တက်ကြွစွာ လက်ခံခြင်း ဖြစ်သည်။ ဤဆင်းရဲဒုက္ခသည် အရှက်ရစေခြင်း မဟုတ်ပေ၊ လှောင်ပြောင်ခြင်းလည်း မဟုတ်ပေ၊ လူများကို ပုတ်ခတ်ပြောဆိုခြင်းလည်း မဟုတ်ပေ၊ ဘုရားသခင်က လူများကို ကစားနေခြင်းဆိုသည်မှာ ပို၍ပင် မဟုတ်ပေ။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကာ ဘုရားသခင်ကို ပုန်ကန်ပြီး သမ္မာတရားကို မချစ်သောကြောင့်သာလျှင် ယင်းက ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လူတို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကြောင့် လူတို့အထဲ၌ ဤနာကျင်မှု ပေါ်ပေါက်လာသဖြင့် လူတို့အား ဘုရားသခင် တမင်သက်သက် ပေးသည့် သို့မဟုတ် အပိုသက်သက် ပေးသည့်၊ ထို့ပြင် လူတို့ မခံစားရသင့်သည့် ဤနာကျင်မှု၏ အစိတ်အပိုင်းတစ်ခုတလေ ရှိသလော။ ထိုအရာမျိုး မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူတို့သည် ဤနာကျင်မှုကို အနည်းငယ်လေးသာ ခံစားရပါက မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖယ်ရှားနိုင်ကြပေ။ လူတို့၏ ပုန်ကန်သော စိတ်သဘောထားများသည် အဘယ်မျှ ပြင်းထန်သည်ဖြစ်စေ၊ ထို့ပြင် ဘုရားသခင်က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ခြင်းကို ၎င်းတို့ အဘယ်မျှ ဝန်ခံနိုင်ပြီး လက်ခံနိုင်သည်ဖြစ်စေ နောက်ဆုံးတွင် လူတို့အား ဘုရားသခင် ပေးသည့်အရာမှာ အရှက်ကွဲမှု မဟုတ်သည့်အပြင် ၎င်းတို့ ခံစားရသောအရာမှာ သိက္ခာကျခြင်း မဟုတ်ပေ။ ထိုအစား ထိုနာကျင်မှုမှာ လူတို့ ခံစားသင့်သောအရာ ဖြစ်သည်။ ယင်းမှာ စာတန်၏ အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည့် လူတစ်ဦး ခံစားသင့်သော နာကျင်မှုဖြစ်သည်။ လူတို့သည် ဤဆင်းရဲဒုက္ခကို ခါးစည်းခံသင့်၏။ ယင်းကို ၎င်းတို့ ခါးစည်းခံသင့်သည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်အပေါ် အကြီးအကျယ် ပုန်ကန်ပြီး စာတန်များ ဖြစ်သွားသောကြောင့် ဖြစ်သည်။ အကယ်၍ လူတို့က ဖောက်ပြန်ပျက်စီးသော ဤစိတ်သဘောထားများကို ဖယ်ရှားပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံလိုလျှင် ဤဆင်းရဲဒုက္ခကို ခါးစည်းခံရမည်။ ဤသည်မှာ လုံးလုံးလျားလျား မှန်ကန်ပြီး သင့်တင့်လျောက်ပတ်၏။ ယင်းသည် လူတို့ ကြုံတွေ့ရမည့် လမ်းကြောင်းဖြစ်ပြီး ၎င်းတို့ ခါးစည်းခံရမည့် ဆင်းရဲဒုက္ခပင် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်က ၎င်းတို့အား ပေးသည့်အရာတစ်ခု မဟုတ်ပေ။ ယင်းမှာ အလွန်အေးသောရေကို သောက်ချပြီးနောက် ဗိုက်နာသွားရသည့်အခါမျိုး ဖြစ်၏။ မည်သူ့ကို အပြစ်တင်ရမည်နည်း။ အလွန်အေးသော ရေကိုလော။ (မဟုတ်ပါ။) ဤဆင်းရဲဒုက္ခကို သင့်အ‌ပေါ် မည်သူ ယူဆောင်ခဲ့သနည်း။ (မိမိဘာသာ ယူဆောင်ခဲ့သည်။) သင်သည် ယင်းကို ကိုယ့်အပေါ်ကိုယ် ယူဆောင်ခဲ့ခြင်း ဖြစ်သည်။ လူတို့ခံစားရသည့် ဤရလဒ်နှင့် ဤဖြစ်စဉ်မှာ ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ဤအရာ၌ ပြောစရာ သိက္ခာကျခြင်း သို့မဟုတ် အရှက်ကွဲခြင်း မရှိပေ။ လူအချို့က ယင်းကို ဤအတိုင်း သဘောပေါက်နားလည်ခြင်း မရှိပေ။ သူတို့က သမ္မာတရားကို လက်မခံကြပေ။ သူတို့စဉ်းစားသည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။ “ဘုရားသခင်၏ အိမ်တော်က ငါ့ကို ခေါင်းဆောင်တစ်ဦး ဖြစ်ခွင့်ပေးခဲ့သည်။ ယင်းက ထိုရာထူးနေရာအတွက် ငါ့ကို ရှေ့တန်းတင်ပေးခဲ့ပြီး ငါသည် ခေါင်းဆောင်တစ်ဦးအဖြစ် မိမိ၏အလုပ်ကို ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ပြီ ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်အနေဖြင့် ငါ၏ အလုပ်ကို ကောင်းစွာ မလုပ်ဆောင်ခြင်းနှင့် အမှားလုပ်မိခြင်းကြောင့် ငါ့အား ဖြုတ်ချမည်ဟု မည်သည့်အခါမျှ မတွေးမိခဲ့ချေ။ ငါသည် မည်သည့်အရာဖြစ်သွားပြီနည်း။ ငါ့ထံတွင် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ရှိသေးသလော။ ငါ့ထံတွင် လူ၏ လွတ်လပ်ခွင့် တစ်ခုတလေ ရှိသေးသလော။ ငါ့ထံတွင် ဆုံးဖြတ်ပိုင်ခွင့် ရှိသေးသ‌လော” ဟူ၍ ဖြစ်၏။ လူတို့သည် အရေးကိစ္စ၌ မည်သည့် ရွေးချယ်မှုမျှမရှိဘဲ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်း မရှိသင့်၊ အကယ်၍ လူတို့က အကြွင်းမဲ့ ကျိုးနွံနာခံပါက ၎င်းတို့သည် လူနုံလူအများနှင့် ဂုဏ်သိက္ခာမရှိသော လူများဖြစ်သည်၊ ထို့ပြင် ထိုလူတို့သည် အလွန်အမင်း အားနည်းပြီး စိတ်ထိခိုက်သော ပုံစံဖြင့် အသက်ရှင်ကြသည်ဟု ၎င်းတို့က ထင်ကြသည်။ ထို့ကြောင့် လူတို့သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းကို လက်ခံသောအခါ “အမိုးနိမ့်ပါက လူတစ်ဦးသည် မိမိ၏ခေါင်းကို ငုံ့ရုံမှတစ်ပါး ရွေးစရာမရှိ” ဟူသည့် ဆိုရိုးရှိသည့်အတိုင်း အရှက်ကွဲခြင်းကို ခံစားရမည်ဟု ဤလူပုဂ္ဂိုလ်မျိုးက စဉ်းစားသည်။ ကြည့်လော့၊ နောက်ထပ် စာတန်ဆန်သည့် အတွေးအခေါ်တစ်ခု ပေါ်လာပြန်ပြီဖြစ်၏။ ဤလူသိများသော စကားရပ်က ၎င်းတို့ကို ခေါင်းငုံ့အောင်လုပ်သည်။ ၎င်းတို့က မည်သည့်အရာကို စဉ်းစားနေကြသနည်း။ ၎င်းတို့သည် လိုလိုလားလားဖြင့် ကျိုးနွံနာခံနေကြသလော၊ သို့မဟုတ် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးနေကြသလော။ (ဒုတိယတစ်ခု မှန်ပါသည်။) ၎င်းတို့က အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးနေသည်ဟု ထင်ကြသည်။ ၎င်းတို့သည် လိုလိုလားလားဖြင့် ကျိုးနွံနာခံနေကြခြင်း မဟုတ်ပေ။ ၎င်းတို့၏ ကျိုးနွံနာခံမှုက သဘောဆန္ဒအလျောက် မဟုတ်၊ မစင်ကြယ်ပေ။ ထိုအစား ၎င်းတို့တွင် ကျိုးနွံနာခံရုံမှတစ်ပါး ရွေးစရာမရှိပေ။ သို့ဖြစ်၍ ဤရွေးချယ်စရာမရှိခြင်းကို ၎င်းတို့က အရှက်ကွဲခြင်းတစ်မျိုးအဖြစ် မြင်ကြလေသည်။ ဤကဲ့သို့သော လူစားမျိုးက ဤအတိုင်း စဉ်းစားနိုင်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ကျိုးနွံနာခံခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် သဘောထားပြုမူကြသလော။ မဟုတ်ပေ။ ၎င်းတို့သည် ကျိုးနွံနာခံခြင်းကို သမ္မာတရားအဖြစ် သဘောထားပြုမူခြင်း မရှိကြပေ။ ထိုအစား အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းကို သမ္မာတရားအဖြစ် သဘောထားကြသည်။ ဤအရာများ၏ သဘာဝမှာ ခြားနားသည်မဟုတ်လော။ (ခြားနားပါသည်။) လိုလိုလားလားဖြင့် ကျိုးနွံနာခံသော လူတို့နှင့် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးသောသူတို့ နှစ်ဦးလုံးက ကျိုးနွံနာခံကြသော်လည်း၊ ၎င်းတို့မည်သူကမျှ ပြဿနာ မဖြစ်စေသော်လည်း သို့မဟုတ် အတိုက်အခံမလုပ်သော်လည်း၊ ထို့ပြင် အပြင်ပန်းတွင် ၎င်းတို့နှစ်ဦးလုံးကို နာခံသည်၊ လိမ္မာပြီး ကောင်းမွန်သည်ဟု ထင်ရသော်လည်း ဤအရာများသည် သဘာဝအားဖြင့် ခြားနားနေကြဆဲ ဖြစ်သည်။ စိတ်ရင်းအတိုင်း ကျိုးနွံနာခံသော လူတို့က ကျိုးနွံနာခံခြင်းကို ၎င်းတို့၏ ဝတ္တရား၊ တာဝန်နှင့် တာဝန်သိစိတ်အဖြစ် သဘောထားပြုမူကြသည်။ ၎င်းတို့က ယင်းကို မိမိတို့၏ မဖြစ်မနေ ဆောင်ရွက်ရမည့် တာဝန်အဖြစ်လည်းကောင်း၊ သမ္မာတရားအဖြစ်လည်းကောင်း သဘောထားပြုမူကြသည်။ အကယ်၍ စိတ်ရင်းအတိုင်း ကျိုးနွံနာခံခြင်း မရှိသောသူတို့က အပြင်ပန်းတွင် အတိုက်အခံ မလုပ်လျှင်ပင် ၎င်းတို့၏ စိတ်ထဲ၌ အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးနေကြသည် ဟူ၍လည်းကောင်း၊ ၎င်းတို့၏အမြင်တွင် အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းသည် အမြင့်ဆုံး သမ္မာတရားဖြစ်သည် ဟူ၍လည်းကောင်း ထင်မှတ်ကြသည်။ ၎င်းတို့က အရှက်ကွဲမှုကို ခါးစည်းခံခြင်းအား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် သဘောထားပြုမူကြပြီး ကျိုးနွံနာခံခြင်းကို မည်သည့်အရာအဖြစ် သဘောထားပြုမူကြသနည်း။ ၎င်းတို့က ယင်းကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် သဘောထားပြုမူခြင်း မရှိဘဲ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းအဖြစ် သ‌ဘောထားပြုမူကြသည်။ ဤသည်မှာ မှားယွင်းသော လမ်းကြောင်းပင် မဟုတ်လော။ ဤသည်ကို မည်သည့်အရာဟု ‌ခေါ်သနည်း။ (၎င်းတို့က တလွဲတွေးနေကြပါသည်။) ၎င်းတို့က ယင်းကို တလွဲတွေးနေကြပေ၏။ ၎င်းတို့က သမ္မာတရားကို ‌လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခုအဖြစ် သဘောထားပြုမူကြသည်။ ၎င်းတို့က အယူဝါဒနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် လူ၏ အတွေးအခေါ်များကို သမ္မာတရားအဖြစ် သဘောထားပြုမူကြသည်။ ဤသည်မှာ အမည်းနှင့် အဖြူကို ကပြောင်းကပြန်ဖြစ်စေခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ အမည်းနှင့် အဖြူကို ကပြောင်းကပြန် ဖြစ်စေခြင်းပင်။ ထို့နောက် ဤပြဿနာကို မည်ကဲ့သို့ ဖြေရှင်းသင့်သနည်း။ လူတို့က ၎င်းတို့ခံစားရသည့် ဆင်းရဲဒုက္ခမှာ အရှက်ကွဲခြင်း မဟုတ်သကဲ့သို့ ယင်းမှာ တစ်စုံတစ်ဦးက ၎င်းတို့အား အရှက်ခွဲဖို့ ကြိုးစားနေခြင်းလည်း မဟုတ်ကြောင်း နားလည်ရမည်။ သို့ဆိုလျှင် လူတို့ခံစားရသည့် ဆင်းရဲဒုက္ခကို မည်သည့်အရာက ဖြစ်ပွားစေသနည်း။ (လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။) မှန်ပေ၏။ အကယ်၍ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိခဲ့လျှင်၊ သင်သည် သမ္မာတရားကို နားလည်ခဲ့လျှင်၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခဲ့လျှင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများကို လုံးလုံးလျားလျား ကျိုးနွံနာခံနိုင်ခဲ့လျှင်၊ ထို့ပြင် ဘုရားသခင်အား ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်နိုင်ခဲ့လျှင် သင်သည် ဤဆင်းရဲဒုက္ခကို ခံစားဖို့လိုမည် မဟုတ်ပေ။ ထို့ကြောင့် ဤအရှက်ကွဲမှုဟူ၍ မရှိချေ။ သင်တို့ နားလည်သည် မဟုတ်လော။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။