နောက်ဆက်တွဲ ၁- သမ္မာတရားဟူသည်မှာ (အခန်း ခြောက်)

“လှေခွက်ချည်းကျန် အလံမလှဲ” ဆိုသည်မှာ လူတို့သည် စာတန်ဆန်သော စိတ်သဘောထား၏ လမ်းညွှန်ခြင်းကို ခံရသောအခါ ပြောဆိုသည့်အရာဖြစ်ပြီး ယင်းသည် စာတန်လောကက ထောက်ခံအားပေးသည့် စိတ်နေစိတ်ထားတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤစိတ်နေစိတ်ထားကို မည်သို့ ရှုမြင်သနည်း။ (စိတ်ရောဂါတစ်ခု ဖြစ်ပါသည်။) ယင်းသည် စိတ်ရောဂါသည်များက ထောက်ခံအားပေးသည့် တွေးခေါ်ပုံတစ်မျိုးနှင့် လူတို့အတွက် နေထိုင်ခြင်းနှင့် အမှုအရာများကို လုပ်ဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းတစ်ခု ဖြစ်သည်။ ယင်းက လူတို့အား မိမိတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများနှင့် လွန်ကျူးသော ရည်မှန်းချက်များကို ဖြည့်ဆည်းဖို့ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုရန်၊ အခြေအနေမည်သို့ပင်ဖြစ်စေ စိတ်ဓာတ်မကျရန်၊ “မိမိနေရာတွင် ခိုင်မြဲစွာရပ်တည်ပြီး ဘယ်တော့မှ လက်မလွှတ်ခြင်း” ဟူသော စည်းမျဉ်းအတိုင်း အမှုအရာများကို လိုက်စားရန်၊ ပြီးလျှင် ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် လွန်ကျူးသော ရည်မှန်းချက်များသည် သင့်တော်ခြင်း ရှိမရှိကို မဆန်းစစ်ရန် အားပေးအားမြှောက်ပြုပြီး လှုံ့ဆော်ပေးသည်။ ၎င်းတို့၌ ဤစိတ်နေစိတ်ထား ရှိသရွေ့ ယင်းသည် ချီးမြှောက်ထိုက်သောအရာ ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် လူသားမျိုးနွယ်အတွက် အကျိုးရှိသောအရာတစ်ခုကို သုတေသနလုပ်ခဲ့လျှင် လှေခွက်ချည်းကျန် အလံမလှဲခဲ့လျှင်၊ ရှုံးနိမ့်မှုကြောင့် စိတ်ဓာတ်မကျခဲ့လျှင်၊ အပြုသဘောဆောင်သော ဦးတည်ရာ၌ ဆက်လက်တိုးတက်နေခဲ့လျှင်၊ ပြီးလျှင် လူတို့သည် အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဘဝများကို နေထိုင်နိုင်ရန် ဆက်လက်သုတေသန လုပ်ခဲ့လျှင် ဤသည်မှာ အနည်းငယ် ချီးကျူးထိုက်ပေမည်။ သို့သော် ဤသည်မှာ လူသားမျိုးနွယ်က ဤလောကတွင် လိုက်စားသည့် ပန်းတိုင် ဟုတ်သလော။ လူသားမျိုးနွယ်၏ ကောင်းကျိုးအတွက် ဤကဲ့သို့သော အမှုအရာများကို ကိုယ်ကျိုးမဖက်ဘဲ မည်သူလုပ်ဆောင်သနည်း။ မည်သူမျှ မလုပ်ဆောင်ပေ။ အချို့သောလူတို့သည် အပြင်ပန်းတွင် လူသားမျိုးနွယ်အတွက် ကောင်းကျိုးပြုခြင်းဟူသော အလံအောက်၌ အမှုအရာများကို လုပ်ဆောင်လျှင်ပင်၊ ထိုနောက်ကွယ်တွင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အောင်မြင်မှုအတွက် လုပ်ဆောင်နေခြင်းဖြစ်ပြီး သို့မှသာ ၎င်းတို့၏ အမည်သည် သမိုင်းတွင်ကျန်ရစ်မည် ဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့၏ ပန်းတိုင်များဖြစ်ပြီး ဤပန်းတိုင်များထဲမှ တစ်ခုမျှ သင့်တော်ခြင်းမရှိပေ။ ဤအရာများအပြင် လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်နေစိတ်ထားသည် လူတို့ကို မည်သည့်အရာ လုပ်ဆောင်ရန် လမ်းညွှန်သနည်း။ ပထမဦးစွာ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်နေစိတ်ထားသည် လူတို့၏ ကန့်သတ်ချက်များနှင့် ပင်ကိုသဘာဝတို့ကို စိန်ခေါ်သည်။ ဥပမာ အားကစားကွင်းတစ်ခုတွင် လူတစ်ဦးသည် ကျွမ်းသုံးခါ ဆက်တိုက်ထိုးပြီး သူ၏နှလုံးက မခံနိုင်တော့ဘဲ သူက “ကျွန်ုပ် လှေခွက်ချည်းကျန် အလံမလှဲပါ။ ကျွန်ုပ်၏ ကန့်သတ်ချက်များကို စိန်ခေါ်ရမည်၊ ဂင်းနစ်ကမ္ဘာ့စံချိန်ကို စိန်ခေါ်ရမည်။ ကျွန်ုပ် ကျွမ်းဆယ်ခါ ထိုးမည်” ဟု ဆိုသည်။ ရလဒ်အနေဖြင့် သူသည် ရှစ်ကြိမ်မြောက်ကျွမ်းထိုးသောအခါ သေဆုံးသွားလေသည်။ အကယ်၍ သူ့အား ဤသို့လုပ်ဆောင်ရန် လှုံ့ဆော်သည့် ဤစိတ်နေစိတ်ထား မရှိခဲ့ပါက မည်သို့ဖြစ်မည်နည်း။ (သူသည် သူ၏စွမ်းရည်အလိုက် လုပ်ဆောင်ပေလိမ့်မည်။) မှန်ပေသည်။ ဘုရားသခင်သည် လူတို့အား မည်သည့်အရာလုပ်ဆောင်ရန် တောင်းဆိုသနည်း။ ဘုရားသခင်သည် လူတို့အား ပုံမှန်လူ့သဘာဝ၌ နေထိုင်ရန် တောင်းဆိုပြီး လူတို့အား အားနည်းချက်ရှိခွင့်ကို ခွင့်ပြုသည်။ လူတို့၏ ရုပ်ခန္ဓာဆိုင်ရာ ဗီဇနှင့် ကိုယ်တွင်းအင်္ဂါများ ခံနိုင်ရည်ရှိသည့်အရာ၌ ကန့်သတ်ချက်တစ်ခု ရှိသည်။ လူတို့သည် မိမိတို့ မည်သည့်အဆင့်ကို ဖြစ်မြောက်အောင်မြင်နိုင်သည်ကို ရှင်းလင်းစွာ သိသင့်သည်။ ထိုလူသည် သူ တစ်ဆက်တည်း ကျွမ်းဆယ်ခါထိုးခြင်း၏ အကျိုးဆက်များကို ရှင်းလင်းစွာ သိခဲ့သလော။ သူသည် ဤအရာကို ရှင်းလင်းစွာ မသိခဲ့ဘဲ၊ သူသည် ယင်းကို ကြောင်းကျိုးမမြင်စွာ လုပ်ဆောင်ခဲ့ပြီး သူ၏ ကန့်သတ်ချက်များကို စိန်ခေါ်ခဲ့သည်၊ သို့ဖြစ်၍ သူသေဆုံးသွားသည့်အတွက် မည်သူ့ကို အပြစ်တင်ရမည်နည်း။ (သူ့ကိုသာ အပြစ်တင်ရမည် ဖြစ်ပါသည်။) ထိုလူ ကျွမ်းဆယ်ခါထိုးရန် ကြိုးစားခြင်း၏ ဇာစ်မြစ်မှာ စာတန်က သူ့အား “သင် လှေခွက်ချည်းကျန် အလံမလှဲရ။ ကျွမ်းငါးခါထိုးပြီး လက်လျှော့လိုက်ခြင်းက ပျော့ညံ့သည်။ ရှစ်ခါထိုးရမည်” ဟု ဆိုလျက် အမြဲတမ်း လှုံ့ဆော်နေခဲ့ခြင်း ဖြစ်သည်။ သူက “ရှစ်ခါကလည်း နည်းလွန်းသေးသည်။ ငါ ဆယ်ခါထိုးမည်” ဟု တွေးလိုက်သည်။ ရလဒ်အနေဖြင့် ရှစ်ကြိမ်မြောက် ကျွမ်းထိုးပြီးနောက် သူ၏နှလုံးခုန်ခြင်းသည် ရပ်တန့်သွားပြီး သူ၏အသက်ရှူခြင်းလည်း ရပ်စဲသွားသည်။ သူသည် စာတန်၏ လှည့်စားခြင်းကို ခံခဲ့ရသည် မဟုတ်လော။ ကျွန်ုပ်တို့သည် ဤသည်ကို ဥပမာတစ်ခုအဖြစ် အသုံးပြုနေခြင်းသာ ဖြစ်သည်မှာ ပြောစရာမလိုပေ၊ ကျွမ်းအကြိမ်နှစ်ဆယ်ကို ပြဿနာမရှိဘဲ ထိုးနိုင်သော တစ်စုံတစ်ဦး ရှိကောင်းရှိနိုင်သည်။ လူတို့၌ ဤလှေခွက်ချည်းကျန် အလံမလှဲသည့် ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ် ရှိသောအခါ ၎င်းတို့သည် အပြန်ပြန်အလှန်လှန် ယှဉ်ပြိုင်တိုက်ခိုက်ကြပြီး နောက်ဆုံးတွင် မိမိတို့၏ အသက်ကို လွှင့်ပစ်လိုက်ကြသည်။ အနည်းငယ် ပိုကောင်းသော အခြေအနေတစ်ခုမှာ ၎င်းတို့သည် မိမိတို့၏ အသက်ကို လွှင့်ပစ်လိုက်ရုံသာဖြစ်သော်လည်း မည်သည့်မကောင်းမှုကိုမျှ မလုပ်ဆောင်ခဲ့လျှင် ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် နောင်ဘဝတွင် လူတစ်ဦးအဖြစ် ပြန်လည်ဝင်စားရန် အခွင့်အရေးတစ်ခု ရှိနေနိုင်သေးပြီး လူတစ်ဦးဖြစ်ရခြင်းသည် မည်သို့ဖြစ်သည်ကို ထပ်မံမြည်းစမ်းနိုင်သည်။ သို့သော် အချို့သောလူတို့သည် ကြီးမားသော မကောင်းမှုကို လုပ်ဆောင်ခဲ့ပြီး ယင်းက ဘေးအန္တရာယ်ကို ဖြစ်ပွားစေခဲ့သည်၊ သို့ဖြစ်၍ ၎င်းတို့သည် ယင်းအတွက် သက်တမ်းအချို့တိုင် ဆိုးရွားလှသော အဖိုးအခကို ပေးဆပ်ရမည်၊ ၎င်းတို့သည် ယင်းအတွက် ဆက်လက်ပေးဆပ်ရမည်ဖြစ်ပြီး ဘဝတိုင်းတွင် ဆင်းရဲဒုက္ခခံစားရမည်။ ၎င်းတို့သည် ဤဘဝတွင် ပေးဆပ်၍ မကုန်လျှင် နောင်ဘဝ ရှိနေသေးပြီး ယင်းအားလုံးအတွက် အကုန်ပေးဆပ်ရန် သက်တမ်းမည်မျှ ကြာမည်ကို မသိနိုင်ပေ။ ဤသည်မှာ ရလဒ်ဖြစ်သည်။

အချို့သောလူတို့သည် ဧဝံဂေလိတရားဟောရာ၌ အရေးနိမ့်သောအခါ ၎င်းတို့သည် ယင်းကို ကြိတ်မှိတ်လက်ခံရန် ငြင်းဆန်ကာ “ကျွန်ုပ် လှေခွက်ချည်းကျန် အလံမလှဲပါ။ ဤတစ်ကြိမ်တွင် မည်သူ့ကိုမျှ ယုံကြည်မှုပြောင်းအောင် မသိမ်းသွင်းနိုင်ခဲ့ပါ၊ ကျွန်ုပ် အရေးနိမ့်ခဲ့သည်။ နောက်တစ်ကြိမ်တွင် ကျွန်ုပ် အရေးနိမ့်လို့ မဖြစ်။ ကျွန်ုပ်သည် ဘုရားသခင်အတွက် သက်သေခံတစ်ဦး မဖြစ်မနေ ဖြစ်ရမည်၊ အောင်နိုင်သော သားယောက်ျားတစ်ဦး ဖြစ်ရမည်” ဟု ဆိုကြသည်။ လူတို့၌ ဤသန္နိဋ္ဌာန်ရှိခြင်းသည် ကောင်းသော်လည်း ၎င်းတို့က “လှေခွက်ချည်းကျန် အလံမလှဲ” ဟူသော စကားများကို ပြောနိုင်စွမ်းရှိသည်ဟူသောအချက်နှင့် ပတ်သက်၍မူ မည်သို့နည်း။ ဤသည်မှာ မည်သည့်စိတ်သဘောထား ဖြစ်သနည်း။ ဤသည်မှာ ကောင်းကင်တမန်မင်း၏ စိတ်သဘောထားဖြစ်သည် မဟုတ်လော။ ဘုရားသခင်က ၎င်းတို့ကို ဤနည်းလမ်းဖြင့် သက်သေခံစေခဲ့သလော။ ၎င်းတို့သည် သမ္မာတရားကို နားလည်ကြသလော။ ၎င်းတို့ လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်အတွက် သက်သေခံနေခြင်းလော။ ၎င်းတို့ လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်ကို ဂုဏ်သရေပျက်စေခြင်း ဖြစ်သည်။ သင်တို့က ဤသူများသည် မည်သို့သောလူစားမျိုးများဟု ဆိုမည်နည်း။ (အသိခေါက်ခက် အဝင်နက်သူများ ဖြစ်ပါသည်။) ၎င်းတို့သည် အသိခေါက်ခက် အဝင်နက်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သည့်တိုင် ဘုရားသခင်အတွက် သက်သေခံသည်ဟု ဆိုကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဂုဏ်သရေမပျက်စေလျှင်ပင် တော်လောက်ပေပြီ။ “လှေခွက်ချည်းကျန် အလံမလှဲ” ဆိုသည်မှာ မည်သည့်စကားမျိုး ဖြစ်သနည်း။ ဤစကားများက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းတို့က ရှုံးနိမ့်ကြောင်းကို မည်သည့်အခါမျှ ဝန်မခံရန် ဆိုလိုသည်။ လက်တွေ့တွင် ဤလူတို့သည် ရှုံးနိမ့်ပြီးဖြစ်သော်လည်း ၎င်းတို့က ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ အောင်နိုင်ခြင်းကို ရရှိသည်ဟု ထင်ကြသည်။ ဘာသာတရားမရှိသူများအားလုံးသည် လူတို့ အကြိမ်များစွာ ရှုံးနိမ့်ပြီးနောက် ဆက်လက် ယှဉ်ပြိုင်တိုက်ခိုက်သည့်၊ အဆင်မပြေမှုများကို ပို၍ရင်ဆိုင်ရလေ ပို၍သတ္တိရှိလာလေဖြစ်သည့် စိတ်နေစိတ်ထားမျိုးကို အလွန်အလေးထားကြသည်။ အကယ်၍ သင်သည် ဤသို့သော စိတ်နေစိတ်ထားမျိုး ယခင်က ရှိခဲ့ပြီး ပန်းတိုင်တစ်ခုကို အောင်မြင်ရန် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ဤသို့သော စိတ်နေစိတ်ထားမျိုးကို အားကိုးခဲ့ပါက ယင်းသည် အရှက်ရဖွယ် မဟုတ်လော။ “လှေခွက်ချည်းကျန် အလံမလှဲ” ဟူသော စကားများသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မည်သည့်သွင်ပြင်လက္ခဏာများကို အဓိကအားဖြင့် ပြသသနည်း။ ဤစကားများသည် လူတို့၏ အနှစ်သာရ၏ မည်သည့်သွင်ပြင်လက္ခဏာများကို ကိုယ်စားပြုနိုင်သနည်း။ အလျှော့မပေးဘဲ သေရန်ကိုပို၍နှစ်သက်ပြီး ရှုံးနိမ့်ကြောင်းဝန်ခံမည့်အစား သေရန်ပို၍နှစ်သက်သော ဤကဲ့သို့သောလူတို့သည် မာနထောင်လွှားပြီး ဆင်ခြင်တုံတရားကင်းမဲ့ကြသည် မဟုတ်လော။ လူတို့သည် ဤအဆင့်အထိ မာနထောင်လွှားနိုင်ပြီး ရှုံးနိမ့်ကြောင်းဝန်ခံမည့်အစား သေဆုံးရန်ပို၍နှစ်သက်သည်ဟူသောအချက်မှာ ဆင်ခြင်တုံတရားကင်းမဲ့ခြင်း ပြဿနာတစ်ခုမျှသာ မဟုတ်ပေ၊ ၎င်းတို့သည် အသက်ကို ထင်ရာစိုင်းသူများကဲ့သို့ အနည်းငယ် ဉာဏ်နည်းကြသေးသည်။ အချို့သောလူတို့က “ဤသည်မှာ ၎င်းတို့ ငယ်ရွယ်ပြီး မဆင်မခြင် ဖြစ်သောကြောင့်လော” ဟု ဆိုကြသည်။ ဆက်စပ်မှုတစ်ခု ရှိသည်။ လူ့အသိုင်းအဝိုင်းတွင် လူကြိုက်များသော ဆိုရိုးစကားတစ်ခု ရှိသည်မှာ “အနိုင်ရလိုလျှင် အရာအားလုံးကို ပုံအောရမည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဒေါသထွက်နေသော လူငယ်များကဲ့သို့ အရာအားလုံးကို ပုံအောသည့် လူငယ်များ၏ စိတ်နေစိတ်ထားကို ကိုယ်စားပြုသည်။ “အသက်ကို ပဓာနမထားဘဲ စွန့်စားဝံ့လျှင် ဘုရင်ကိုပင် နန်းချနိုင်သည်”၊ ဤသည်မှာ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်နေစိတ်ထား ဖြစ်သည်။ သက်ကြီးရွယ်အိုများ၌ ဤသို့သော စိတ်ဓာတ်မျိုး ရှိသလော။ ၎င်းတို့၌လည်း ရှိသည်။ ကြည့်လော့၊ နိုင်ငံရေးအသိုင်းအဝိုင်းများသည် လက်တွေ့အားဖြင့် လူကြီးများနှင့် သက်ကြီးရွယ်အိုများဖြင့် ဖွဲ့စည်းထားသည်၊ ပြိုင်ဆိုင်မှုမှာ ပြင်းထန်လှသည်။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း နေထိုင်ကြသည်။ ၎င်းတို့အားလုံး၌ ဤသို့သော စိတ်နေစိတ်ထားမျိုး အနည်းနှင့်အများ ရှိကြသည်။ ဤသည်မှာ ၎င်းတို့ အသက်ကြီးခြင်း၊ ငယ်ရွယ်ခြင်းနှင့် များစွာမသက်ဆိုင်သော်လည်း ၎င်းတို့၏ စိတ်သဘောထားနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို နားလည်လျှင် သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မြင်မည်ဖြစ်ပြီး ဤသို့သော စိတ်နေစိတ်ထားမျိုးသည် သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီကြောင်းနှင့် ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်ကြောင်း သိမည်ဖြစ်သည်။ သင်သည် သမ္မာတရားကို နားမလည်လျှင် ဤအမှုကိစ္စကို ရှင်းလင်းစွာ မြင်နိုင်မည်မဟုတ်ဘဲ “ယှဉ်ပြိုင်တိုက်ခိုက်ရန် စိတ်ဆန္ဒရှိသည်မှာ ကောင်းသည်။ သင့်လျော်သည်။ ယှဉ်ပြိုင်တိုက်ခိုက်ရန် စိတ်ဆန္ဒအနည်းငယ်မရှိလျှင် လူတို့သည် မည်သို့အသက်ရှင်နိုင်မည်နည်း။ ယှဉ်ပြိုင်တိုက်ခိုက်ရန် စိတ်ဆန္ဒအနည်းငယ် မရှိလျှင် သူတို့သည် ဆက်လက် အသက်ရှင်ရန် စိတ်ဓာတ် တစ်စက်မျှ ရှိမည်မဟုတ်။ ဤသို့ဆိုလျှင် အသက်ရှင်ခြင်းတွင် မည်သည့်အဓိပ္ပာယ် ရှိသနည်း။ သူတို့သည် အခွင့်မသာသော အခြေအနေတိုင်းကို ကြိတ်မှိတ်လက်ခံကြသည်။ ဤသည်မှာ မည်မျှအားနည်းပြီး သူရဲဘောကြောင်လိုက်သနည်း” ဟု သင်တွေးလိမ့်မည်။ လူတို့အားလုံးက ၎င်းတို့ အသက်ရှင်နေသရွေ့ သိက္ခာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် သိက္ခာအတွက် မည်သို့ယှဉ်ပြိုင်တိုက်ခိုက်ကြသနည်း။ “ယှဉ်ပြိုင်တိုက်ခိုက်” ဟူသည့် စကားအပေါ် အလေးပေးခြင်းအားဖြင့် ဖြစ်သည်။ မည်သည့်အခြေအနေကို ၎င်းတို့ ကြုံတွေ့ပါစေ ယှဉ်ပြိုင်တိုက်ခိုက်ခြင်းဖြင့် ၎င်းတို့၏ ပန်းတိုင်ကို ရရှိဖို့ ကြိုးစားသည်။ မည်သည့်အခါမျှ အရှုံးမပေးနှင့်ဟူသည့် စိတ်အခြေအနေသည် “ယှဉ်ပြိုင်တိုက်ခိုက်” ဟူသည့် စကားတွင် အရင်းခံသည်။ ဘုရားမဲ့ဝါဒီများ အလေးမြတ်ဆုံးထားသည့်အရာမှာ ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ် ဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်ဘုံနှင့် ယှဉ်ပြိုင်တိုက်ခိုက်သည်၊ ၎င်းတို့သည် မြေကြီးနှင့် ယှဉ်ပြိုင်တိုက်ခိုက်သည်၊ ၎င်းတို့သည် အခြားလူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်သည်၊ ဤသည်မှာ ၎င်းတို့ကို အပျော်ရွှင်ဆုံးဖြစ်စေသည့်အရာ ဖြစ်သည်။ လူတစ်ဦးသည် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ပိုရှိလေ၊ သူသည် ပို၍ သူရဲကောင်းဆန်လေ ဖြစ်ကာ သူရဲကောင်းများသည် ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်ဝသည်ဟု ၎င်းတို့ ထင်ကြသည်။ ဤသည်မှာ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်နေစိတ်ထား ဖြစ်ပေါ်လာခဲ့သည့်နေရာဖြစ်သည်၊ ဤသည်မှာ ယှဉ်ပြိုင်တိုက်ခိုက်ခြင်း၏ အဓိကအချက်ဖြစ်သည်။ စာတန်နှင့်သက်ဆိုင်သော မကောင်းဆိုးဝါး အမျိုးမျိုးတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံခဲ့ကြပေ၊ သို့ဖြစ်၍ ၎င်းတို့သည် မည်သည့်အရာအတိုင်း နေထိုင်ကြသနည်း။ ၎င်းတို့သည် စာတန်၏ ယှဉ်ပြိုင်တိုက်ခိုက်ရေး အတွေးအခေါ်အတိုင်း နေထိုင်ကြသည်။ ၎င်းတို့သည် နေ့စဉ် အသက်ရှင်သည်။ ယှဉ်ပြိုင်တိုက်ခိုက်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ယှဉ်ပြိုင်တိုက်ခိုက်ခြင်းအားဖြင့် အောင်နိုင်မှုကို ရယူဖို့ အစဉ်ကြိုးစားပြီး ၎င်းတို့၏ အောင်နိုင်မှုကို ကြွားလုံးထုတ်ကြသည်။ ၎င်းတို့လုပ်ဆောင်သမျှတိုင်းတွင် သိက္ခာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ရန် ကြိုးစားသည်။ ယင်းကို ၎င်းတို့ ရရှိနိုင်သလော။ အတိအကျ မည်သည့်အရာအတွက် ၎င်းတို့ ယှဉ်ပြိုင်တိုက်ခိုက်နေသနည်း။ ၎င်းတို့ ယှဉ်ပြိုင်တိုက်ခိုက်သမျှမှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် ဖြစ်သည်။ ၎င်းတို့ ယှဉ်ပြိုင်တိုက်ခိုက်သမျှမှာ မိမိကိုယ်ကျိုးအတွက် ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ ယှဉ်ပြိုင်တိုက်ခိုက်နေကြသနည်း။ သူရဲကောင်းတစ်ယောက်အဖြစ် လုပ်ဆောင်ပြီး အခွင့်ထူးခံလူဟု အမည်ပေးခြင်းခံရဖို့ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှုသည် သေခြင်းဖြင့် အဆုံးသတ်ရမည်ဖြစ်ပြီး ၎င်းတို့သည် အပြစ်ဒဏ်ပေးခြင်းခံရမည်။ ဤသည်မှာ သံသယရှိစရာမလိုပေ။ စာတန်များနှင့် မကောင်းဆိုးဝါးများရှိသည့် နေရာတိုင်းတွင် ယှဉ်ပြိုင်တိုက်ခိုက်မှု ရှိသည်။ ၎င်းတို့သည် အဆုံးတွင် ဖျက်ဆီးခြင်းခံရသည့်အခါ ယှဉ်ပြိုင်တိုက်ခိုက်ခြင်းလည်း အဆုံးသတ်လိမ့်မည်။ ဤသည်မှာ စာတန်များနှင့် မကောင်းဆိုးဝါးများ၏ အဆုံးသတ် ဖြစ်လိမ့်မည်။

လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်ကို ပျိုးထောင်ပြီး အားပေးမြှင့်တင်သင့်သလော။ (မမြှင့်တင်သင့်ပါ။) သို့ဆိုလျှင် လူတို့သည် ယင်းကို မည်သို့ချဉ်းကပ်သင့်သနည်း။ (လူတို့သည် ယင်းကို စွန့်လွှတ်သင့်ပါသည်။) လူတို့သည် ယင်းကို ပိုင်းခြားသိမြင်သင့်သည်၊ ပြစ်တင်ရှုတ်ချသင့်သည်၊ စွန့်လွှတ်သင့်သည်။ ဤစကားရပ်သည် သမ္မာတရား မဟုတ်သကဲ့သို့ ဘုရားသခင်က လူသားမျိုးနွယ်အပေါ် ထားရှိသည့် တောင်းဆိုချက်တစ်ခု ဖြစ်ဖို့ မဆိုထားနှင့်၊ လူတို့ စောင့်ထိန်းသင့်သည့် စံသတ်မှတ်ချက်တစ်ခုလည်း မဟုတ်ပေ။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မည်သို့မျှ ဆက်စပ်မှု မရှိသကဲ့သို့ လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်လည်း မည်သို့မျှ မဆက်စပ်ပေ။ ဘုရားသခင်သည် လူတို့ထံမှ မည်သည့်အရာကို တောင်းဆိုသနည်း။ ဘုရားသခင်သည် သင့်အနေဖြင့် တိုက်ခိုက်ဖို့ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ရှိရန် မလိုအပ်ပေ။ ဘုရားသခင် လိုအပ်သည့်အရာမှာ လူတို့သည် မိမိတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို နားလည်ရန်၊ မိမိတို့သည် မည်သို့သောလူစားမျိုးဖြစ်သည်၊ မည်သည့်လူအမျိုးအစားဖြစ်သည်၊ မိမိတို့၌ မည်သည့်အရာ ချို့တဲ့သည်၊ မိမိတို့၏ အစွမ်းအစ မြင့်မမြင့်၊ မိမိတို့၏ သဘောပေါက်နားလည်နိုင်စွမ်းသည် မည်သို့ဖြစ်သည်၊ မိမိတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူတစ်ဦး ဟုတ်မဟုတ်၊ သမ္မာတရားကို ချစ်သောသူတစ်ဦး ဟုတ်မဟုတ်တို့ကို နားလည်ရန် ဖြစ်သည်။ ဘုရားသခင်က သင့်အနေဖြင့် ဤနည်းလမ်းများဖြင့် သင့်ကိုယ်သင် တိကျစွာ နားလည်ရန်၊ ထို့နောက် သင်၏ကိုယ်ပိုင် ဝိညာဉ်ရင့်ကျက်မှုအတိုင်း၊ သင်ပိုင်ဆိုင်သည့် အစွမ်းအစအတိုင်း အစွမ်းကုန် လုပ်ဆောင်ရန် လိုအပ်သည်။ ဤအရာ၌ “တိုက်ခိုက်ခြင်း” ၏ အဓိပ္ပာယ် ပါဝင်သလော။ (မပါဝင်ပါ။) သင်သည် တိုက်ခိုက်ရန် မလိုအပ်ပေ။ အချို့သောလူတို့က “ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကျွန်ုပ် တိုက်ခိုက်၍ မရနိုင်သလော” ဟု ဆိုကြသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တိုက်ခိုက်ခြင်းဖြင့် အောင်နိုင်သလော။ ယင်းကို တိုက်ခိုက်ခြင်းဖြင့် ပြောင်းလဲနိုင်သလော။ (မပြောင်းလဲနိုင်ပါ။) မဟုတ်ပါ၊ ယင်းကို မပြောင်းလဲနိုင်ပေ။ အချို့သောလူတို့က “စာတန်၏ ဆိုးယုတ်သော အင်အားစုများနှင့် ကျွန်ုပ် တိုက်ခိုက်၍ရနိုင်သလော။ အန္တိခရစ်များနှင့် ကျွန်ုပ် တိုက်ခိုက်၍ရနိုင်သလော။ ဆိုးယုတ်သောလူများ၊ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသည့်လူများနှင့် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့်လူများနှင့် တိုက်ခိုက်၍ရနိုင်သလော” ဟု ဆိုကြသည်။ ဤသည်မှာ သေချာပေါက် မသင့်တော်ပေ။ အဘယ်ကြောင့် မသင့်တော်သနည်း။ တိုက်ခိုက်ခြင်းဆိုသည့်အရာ ကိုယ်၌က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အချိန်တွင် “အန္တိခရစ်များကို တိုက်ခိုက်လော့”၊ “ဖာရိရှဲများကို တိုက်ခိုက်လော့”၊ “သူတော်ကောင်းယောင်ဆောင်သူများကို တိုက်ခိုက်လော့” သို့မဟုတ် “သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တိုက်ခိုက်လော့” ဟု ဆိုခဲ့သနည်း။ ဘုရားသခင်က ဤအရာများကို ပြောဆိုခဲ့သလော။ (မပြောဆိုခဲ့ပါ။) ဆန့်ကျင်ဘက်အနေဖြင့် လူ့အဖွဲ့အစည်း၌၊ ဤစာတန်ဆန်သော လောက၌ မြေရှင်များကို တိုက်ခိုက်ခြင်းများ၊ အာဏာရှိသူများကို တိုက်ခိုက်ခြင်းများ၊ ပညာတတ်များကို တိုက်ခိုက်ခြင်းများအပြင် လူထုအကြား တိုက်ခိုက်ခြင်းများ၊ ကြက်တိုက်ပွဲများ၊ ခွေးတိုက်ပွဲများ၊ နွားတိုက်ပွဲများနှင့် အစရှိသည်တို့ ရှိကြသည်။ မည်သို့ပင်ဖြစ်စေ ဤအရာများထဲမှ တစ်ခုမျှ ကောင်းသောအရာများ မဟုတ်ပေ။ တိုက်ခိုက်ခြင်းသည် စာတန်က လူတို့ကို ထိခိုက်နစ်နာစေပြီး သက်ရှိအရာများအပေါ် ဘေးအန္တရာယ် ကျရောက်စေသည့် နည်းဗျူဟာတစ်ခု ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်ကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခွင့် မပေးပေ။ ထိုအစား ယင်းက လူတို့အကြား ကွဲပြားမှုများကို ဖန်တီးသည်၊ လူတို့အကြား အမုန်းတရားကို ဖန်တီးသည်၊ ထို့နောက် စာတန်က ဘေးမှနေ၍ ဖျော်ဖြေမှုနှင့် ပွဲဆူမှုကို ကြည့်ရှုနေစဉ် လူတို့ကို အချင်းချင်း တိုက်ခိုက်စေကာ တစ်ဦးကိုတစ်ဦး သတ်ဖြတ်စေသည်။ ဤသည်မှာ စာတန်ဆန်သော အပြုအမူဖြစ်သည့်အတွက် တိုက်ခိုက်ခြင်းနှင့် သက်ဆိုင်သည့် အပြုအမူ၊ ဖြစ်စဉ် သို့မဟုတ် ကိစ္စရပ်အချို့သည် အသင်းတော်၌လည်းကောင်း၊ ဘုရားအိမ်တော်၌လည်းကောင်း ပေါ်ပေါက်လာပါက သင်တို့သည် ဤအရာများကို မည်သို့ ရှုမြင်မည်နည်း။ သင်တို့သည် လက်မထောင်၍ ထောက်ခံအားပေးမည်လော သို့မဟုတ် ယင်းကို တားဆီးမည်လော။ (ယင်းကို ရပ်တန့်ပစ်ရမည်။) သင်တို့သည် ယင်းကို ရပ်တန့်ပစ်သင့်သည်၊ ၎င်းတို့အား အမှုအရာများကို ရှင်းလင်းစွာ ရှင်းပြသင့်သည်၊ ၎င်းတို့ကို နားလည်စေသင့်သည်၊ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားအတိုင်း အမှုအရာများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုံးဝကိုက်ညီစွာ ပြုမူရမည်ဖြစ်ကြောင်း ၎င်းတို့အား ပြောပြသင့်သည်။ သင်တို့သည် ၎င်းတို့ကို ပြုပြင်နိုင်သည်၊ သို့သော် ပြုပြင်ခြင်း၊ အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းပင်လျှင် တိုက်ခိုက်ခြင်း မဟုတ်ပေ။ တိုက်ခိုက်ခြင်းက မည်သည့်အရာကို ရည်ညွှန်းသနည်း။ တိုက်ခိုက်ခြင်းသည် တဇောက်ကန်းဖြစ်ခြင်းကြောင့် အခြားသူများနှင့် ကိစ္စရပ်တစ်ခု၏ အမှားအမှန်ကို အငြင်းအခုံပြုခြင်း၊ လူတို့နှင့် ငြင်းခုံခြင်း၊ ဆင်ခြင်တုံတရားမဲ့ခြင်း၊ ဒေါသတကြီး အော်ဟစ်ဆူပူခြင်း၊ လျှို့ဝှက်သော အကြံအစည်များနှင့် လှည့်ဖြားတတ်သော အကွက်များ သုံးခြင်းပင်ဖြစ်သည်၊ သို့မဟုတ် လူတစ်ဦးကို လက်နက်ချစေရန်၊ အနိုင်ယူရန်နှင့် ၎င်းတို့ အညံ့မခံမချင်း အကြိမ်ကြိမ် ညှဉ်းပန်းရန် လူ၏နည်းဗျူဟာများ၊ နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုခြင်း ဖြစ်သည်။ ဤသည်ကို တိုက်ခိုက်ခြင်းဟု ခေါ်သည်။ တိုက်ခိုက်ခြင်းသည် တဇောက်ကန်းဖြစ်သော အပြုအမူနှင့် လုပ်ရပ်တစ်မျိုး သက်သက်ဖြစ်ပြီး ယင်းမှာ စာတန်ဆန်သော အပြုအမူတစ်မျိုး၊ အမှုအရာများ လုပ်ဆောင်သည့် နည်းလမ်းနှင့် နည်းစနစ်တစ်ခု သက်သက်လည်း ဖြစ်သည်။ ယင်းသည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ အချို့သောလူတို့က “ဘုရားသခင် ရွေးချယ်ထားသောလူများက ထကြွပြီး အယောင်ဆောင်ခေါင်းဆောင်များ၊ အန္တိခရစ်များ၊ ဖာရိရှဲများနှင့် ဆိုးယုတ်သောလူများကဲ့သို့သော လူတို့နှင့် တိုက်ခိုက်သည့်အခါ အဘယ်သို့ မှားယွင်းသနည်း။ ၎င်းတို့နှင့် အညံ့ခံသည်အထိ သို့မဟုတ် ရှင်းလင်းပစ်ခြင်းခံရသည်အထိ တိုက်ခိုက်ခြင်းသည် ကောင်းသောအရာတစ်ခု မဟုတ်လော။ သို့ဆိုလျှင် ဘုရားအိမ်တော်သည် ငြိမ်သက်မည် မဟုတ်လော။ သို့ဆိုလျှင် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ အသင်းတော်အသက်တာကို ငြိမ်းချမ်းစွာ မဖြတ်သန်းနိုင်မည်လော။ ကျွန်ုပ်တို့သည် ဤလူတို့နှင့် အဘယ်ကြောင့် တိုက်ခိုက်ခွင့် မရသနည်း” ဟု ဆိုကြသည်။ ဤလူတို့နှင့် တိုက်ခိုက်ခြင်းသည် မှန်ကန်သလော။ ပထမဦးစွာ အရာတစ်ခုမှာ သေချာသည်၊ ယင်းမှာ တိုက်ခိုက်ခြင်းသည် မှားယွင်းသည်ဟူ၍ ဖြစ်သည်။ အဘယ်ကြောင့် မှားယွင်းသနည်း။ ဘုရားသခင်သည် ဆိုးယုတ်သောလူများကို အပြစ်ဒဏ်ပေးပြီး ပြစ်တင်ရှုတ်ချသည်၊ သို့ဖြစ်၍ လူတို့က ၎င်းတို့နှင့် တိုက်ခိုက်လျှင် မည်သည့်အရေးပါမှု ရှိသနည်း။ လူတို့က ၎င်းတို့ကို အရှက်ခွဲသည့်အခါ၊ အကြောင်းမဲ့သက်သက် ၎င်းတို့အပေါ် ဖိနှိပ်ပြီး ညှဉ်းပန်းသည့်အခါ၊ ၎င်းတို့ကို အော်ငေါက်သည့်အခါ၊ ၎င်းတို့ကို မြေပေါ်သို့ နှိပ်ကွပ်ပြီး လူထုရှေ့တွင် ပြစ်တင်ရှုတ်ချသည့်အခါ မည်သို့ဖြစ်၍များ မှားယွင်းလေသနည်း။ ဘုရားသခင်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချမှတ်ပြီး ထိုအမိန့်များထဲတွင် တိုက်ခိုက်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များ မရှိပေ။ ဘုရားသခင်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကိုသာ သတ်မှတ်ပြီး ယင်းတို့ထဲတွင် လူအမျိုးအစားတိုင်းကို ကိုင်တွယ်ရန် နည်းလမ်းများနှင့် စည်းမျဉ်းများ ရှိသည်။ ထိုအမိန့်များက မည်သည့်လူအမျိုးအစားကို နှင်ထုတ်သင့်သည်၊ မည်သည့်လူအမျိုးအစားကို ရှင်းလင်းပစ်သင့်သည်၊ မည်သည့်လူအမျိုးအစားကို ဖြုတ်ချသင့်သည်၊ မည်သည့်လူအမျိုးအစားကို ပျိုးထောင်သင့်သည်၊ မည်သည့်လူအမျိုးအစားကို အသုံးပြုသင့်သည်၊ မည်သည့်လူအမျိုးအစားကို အသုံးမပြုသင့်ကြောင်းနှင့်၊ မည်သည့်လူအမျိုးအစားက ကယ်တင်ခြင်းခံရနိုင်သည်၊ မည်သည့်လူအမျိုးအစားက ကယ်တင်ခြင်း မခံရနိုင်သည်တို့ကို လူတို့အား ပြောပြသည်။ ဘုရားသခင်သည် လူတို့အား စည်းမျဉ်းများကိုသာ ပြောပြသည်။ သို့ဖြစ်၍ လူများအနေဖြင့် သင်တို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို မည်သို့ အနက်ဖွင့်သင့်သနည်း။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရား ဖြစ်သည်။ သမ္မာတရားဟူသည် အဘယ်နည်း။ ယင်းမှာ ဘုရားသခင်က မည်သည့်အရာကိုမဆို လုပ်ဆောင်သည့်အခါ သို့မဟုတ် မည်သည့်လူအမျိုးအစားကိုမဆို ကိုင်တွယ်သည့်အခါ ထိုသူတို့သည် ဆိုးယုတ်သောလူဖြစ်ပြီး ဒုစရိုက်အမှုများကို လုပ်ဆောင်ကာ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများအပေါ် အလွန်အမင်း ဆုံးရှုံးမှုကို ဖြစ်စေလျှင်ပင် ဘုရားသခင်သည် ၎င်းတို့ကို ကိုင်တွယ်ရန် သူ၏နည်းလမ်းများကို အသုံးပြုဆဲဖြစ်မည် ဖြစ်ပြီး ၎င်းတို့ကို ကိုင်တွယ်ရန် မည်သည့် စာတန်ဆန်သော သို့မဟုတ် တဇောက်ကန်းဖြစ်သော နည်းလမ်းများကိုမျှ လုံးဝ အသုံးပြုမည် မဟုတ်ခြင်း ဖြစ်သည်။ ဤသည်ကို အဘယ်အရာဟု ခေါ်သနည်း။ ဤသည်ကို လူတို့ကို မျှတစွာ ဆက်ဆံခြင်းဟု ခေါ်ဆိုသည်။ ဤမျှတခြင်းထဲ၌ တိုက်ခိုက်ခြင်း ပါဝင်သလော။ မပါဝင်ပေ။ ဤသည်မှာ သမ္မာတရား ဟုတ်သလော။ (ဟုတ်ပါသည်။) ဤလူသည် မည်မျှ တဇောက်ကန်းဖြစ်သည်ဖြစ်စေ၊ မည်မျှ စာတန်ဆန်သည်ဖြစ်စေ၊ မည်မျှ ဆိုးယုတ်သည်ဖြစ်စေ၊ ငါတို့သည် ၎င်းတို့ကို ကိုင်တွယ်ရန် အသုံးပြုဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမြင့်မားဆုံးသော ညွှန်ကြားချက်အဖြစ်နှင့် တိကျသော စည်းမျဉ်းများအဖြစ် ခံယူသည်။ ငါတို့သည် ၎င်းတို့ကို ပြစ်တင်ရှုတ်ချခြင်း မပြု၊ သို့မဟုတ် တဇောက်ကန်းဖြင့် ၎င်းတို့အပေါ် အုပ်စုဖွဲ့တိုက်ခိုက်ခြင်း မပြုပေ။ ငါတို့သည် ထိုသို့သောအရာမျိုးကို လုံးဝ မလုပ်ဆောင်ပေ။ ဤသည်ကို လူတို့ကို မျှတစွာ ဆက်ဆံခြင်းဟု ခေါ်ဆိုပြီး ဤသည်တို့မှာ ဘုရားသခင်က လူတို့ကို ပေးအပ်ခဲ့သည့် စည်းမျဉ်းများ ဖြစ်သည်။

အရှေ့တိုင်းလောကတွင် “တိုက်ခိုက်ရန် လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်” ဟူသော တိကျသည့် စကားရပ်တစ်ခု ရှိသည်။ အနောက်တိုင်းလောကတွင် အဓိပ္ပာယ်တူသည့် စကားရပ်တစ်ခု ရှိနိုင်ကောင်း ရှိနိုင်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီး စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေသရွေ့ လူတိုင်းတွင် စာတန်ဆန်သော စိတ်သဘောထားရှိသည်၊ အထူးသဖြင့် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကာ မည်သူ့ကိုမျှ အလျှော့မပေးပေ။ ဤစိတ်သဘောထားမျိုး၏ တွန်းအားပေးခြင်းကို ခံရသည့်အခါ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်နှင့် အတွေးအခေါ်သည် လူတို့၌ သေချာပေါက် ပေါ်ပေါက်လာလိမ့်မည်။ လူသားမျိုးနွယ်က ကြေညာသည့် ဤအတွေးအခေါ်မျိုးနှင့် စိတ်ဓာတ်မျိုးကို လူအားလုံးက သင့်လျော်ပြီး အပြုသဘောဆောင်သည်ဟုလည်းကောင်း၊ လူတို့အနေဖြင့် မိမိတို့၏ လမ်းခရီးအတိုင်း ဆက်သွားရန်နှင့် ဆက်လက်အသက်ရှင်ရန် ထောက်ပံ့ပေးဖို့ လုံလောက်သည့် အရာတစ်ခုအဖြစ်လည်းကောင်း ရှုမြင်ကြသည်။ ဤမည်ကာမတ္တ စိတ်ဓာတ်နှင့် အတွေးအခေါ်ကို ၎င်းတို့က မည်မျှပင် သင့်လျော်သည်ဟု ရှုမြင်စေကာမူ၊ မည်မျှပင် သင့်လျော်သည်ဟု ဆိုစေကာမူ ကျွန်ုပ်တို့အားလုံးသည် ယင်းကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိရမည်။ လူသားမျိုးနွယ်တစ်ခုလုံးတွင် သမ္မာတရားက အာဏာစွဲကိုင်သော လူမျိုးစုတစ်ခုမျှ မရှိပေ။ လူမျိုးစုတစ်ခုမှ ထွက်ပေါ်လာပြီးဖြစ်သည့် စိတ်ကူးများ၊ ရိုးရာယဉ်ကျေးမှု၊ သို့မဟုတ် လက်ခံရရှိခဲ့သည့် ပညာရေး၊ သို့မဟုတ် ယင်းက ပိုင်ဆိုင်သည့် အသိပညာသည် မည်မျှ မြင့်မားပါစေ၊ ရှေးကျပါစေ၊ သို့မဟုတ် နက်နဲပါစေ၊ သေချာသည့်အရာ တစ်ခုရှိသည်။ ဤအရာများထဲမှ တစ်ခုမျှ သမ္မာတရား မဟုတ်ပေ၊ သို့မဟုတ် သမ္မာတရားနှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ လူအချို့က “ရိုးရာယဉ်ကျေးမှုများအတွင်းတွင် ပါရှိသည့် အမှန်အမှား၊ မှန်ခြင်းမှားခြင်း၊ အဖြူအမည်းကို တိုင်းတာဖို့အတွက် အချို့သောလူ့ကျင့်ဝတ်များ၊ သို့မဟုတ် အယူအဆများသည် သမ္မာတရားနှင့် အလွန်နီးစပ်သည်ဟု ထင်ရသည်”ဟု ပြောကြသည်။ ၎င်းတို့သည် သမ္မာတရားနှင့် နီးစပ်သကဲ့သို့ ထင်ရခြင်းသည် အနက်အဓိပ္ပာယ်၌ နီးစပ်သည်ဟု မဆိုလိုပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အဆိုအမိန့်များသည် စာတန်ထံမှ မြစ်ဖျားခံသောကြောင့် ယင်းတို့သည် မည်သည့်အခါမျှ သမ္မာတရား မဟုတ်နိုင်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာလျှင် သမ္မာတရား ဖြစ်ပေသည်။ ထို့ကြောင့် လူသားမျိုးနွယ်၏ စကားအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မည်မျှပင် နီးစပ်ပုံရစေကာမူ ၎င်းတို့သည် သမ္မာတရားမဟုတ်သကဲ့သို့ သမ္မာတရား ဖြစ်လာနိုင်ခြင်းလည်း မရှိပေ။ ဤသည်မှာ ယုံမှားသံသယဖြစ်ဖွယ်ရာ မရှိချေ။ ၎င်းတို့သည် စကားအသုံးအနှုန်းနှင့် ထုတ်ဖော်ပြသမှုတို့တွင်သာ နီးစပ်ပြီး၊ တကယ်တမ်းတွင် ဤရိုးရာအယူအဆများသည် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားများနှင့် သဟဇာတမဖြစ်ပေ။ ဤစကားလုံးများ၏ တိုက်ရိုက်အဓိပ္ပာယ်၌ နီးစပ်မှုအချို့ ရှိကောင်းရှိနိုင်သော်ငြားလည်း၊ ယင်းတို့သည် အရင်းအမြစ် မတူညီကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဖန်ဆင်းရှင်ထံမှ လာပြီး၊ ရိုးရာယဉ်ကျေးမှု၏ စကားများ၊ စိတ်ကူးများနှင့် အမြင်များမှာမူ စာတန်နှင့် မကောင်းဆိုးဝါးများထံမှ လာသည်။ လူအချို့က “ရိုးရာထုံးတမ်းဓလေ့၏ စိတ်ကူးများ၊ အမြင်များနှင့် ထင်ရှားသော ဆိုရိုးများကို အပြုသဘောဆောင်သည့် အရာများအဖြစ် နေရာတကာတွင် အသိအမှတ်ပြုထားကြသည်။ ယင်းတို့သည် မုသားများနှင့် အတွေးမှားများဖြစ်သည့်တိုင်၊ လူများက နှစ်ပေါင်း ရာချီ၊ ထောင်ချီ ထိန်းသိမ်းလာကြလျှင် ယင်းတို့သည် သမ္မာတရား မဖြစ်လာနိုင်သလော” ဟု ပြောကြသည်။ လုံးဝ မဖြစ်နိုင်ပါ။ ထိုသို့သော အမြင်ရှုထောင့်သည် မျောက်ဝံမှ လူအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာခဲ့သည်ဟု ပြောသကဲ့သို့ ရယ်ဖွယ်ရာဖြစ်သည်။ ရိုးရာယဉ်ကျေးမှုသည် သမ္မာတရား မည်သည့်အခါမျှ ဖြစ်လာမည် မဟုတ်ချေ။ ယဉ်ကျေးမှုသည် ယဉ်ကျေးမှုသာဖြစ်ပြီး၊ ယင်းက မည်မျှမြင့်မြတ်ပါစေ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်မှ ပေါ်ထွက်လာသည့် အတော်အတန် အပြုသဘောဆောင်သော အရာတစ်ခုမျှသာ ဖြစ်နေဆဲဖြစ်သည်။ သို့ရာတွင် အပြုသဘောဆောင်ခြင်းသည် သမ္မာတရားဖြစ်ခြင်းနှင့် မညီမျှပေ၊ အပြုသဘောဆောင်ခြင်းက ယင်းကို စံနှုန်း မဖြစ်စေပေ။ ယင်းက အတော်အတန် အပြုသဘောဆောင်ရုံမျှသာ ဖြစ်ပြီး ထို့ထက် မပိုပေ။ သို့ဖြစ်၍ ဤ “အပြုသဘောဆောင်ခြင်း” နောက်ကွယ်တွင် လူသားမျိုးနွယ်ပေါ် ရိုးရာယဉ်ကျေးမှု၏ အကျိုးသက်ရောက်မှုက ကောင်းသည်၊ သို့မဟုတ် ဆိုးသည်ကို ငါတို့ ယခု ရှင်းသွားပြီဖြစ်သလော။ ယင်းက လူသားမျိုးနွယ်အပေါ် ဆိုးရွားပြီး အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိသည်မှာ သံသယဖြစ်စရာမလိုပေ။

ယနေ့ ကျွန်ုပ်တို့သည် “သင်အသုံးပြုသောသူတို့ကို သံသယမဝင်နှင့်၊ သင်သံသယဝင်သောသူတို့ကို အသုံးမပြုနှင့်” ဟူသည့် ဆိုရိုးစကားကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြသည်။ ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်မျိုး ဖြစ်သည်။ ကျွန်ုပ်တို့သည် သမိုင်းနောက်ခံရှိသည့် ကျော်ကြားသော စကားပုံဖြစ်သည့် “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ကိုလည်း စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြသည်။ ဤစကားရပ်နှစ်ခုချည်းသက်သက်ကပင် လူသားမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှုနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များအပေါ် သင်တို့ကို အသိအမြင်သစ်တစ်ခု ပေးရန် လုံလောက်ပြီးဖြစ်သည် မဟုတ်လော။ ရိုးရာယဉ်ကျေးမှုနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ၏ အနှစ်သာရသည် အတိအကျအားဖြင့် မည်သည့်အရာဖြစ်သနည်း။ ပထမဦးစွာ ဤအရာများသည် အပြုသဘောဆောင်သည့်အရာများ လုံးဝမဟုတ်ကြောင်း သင် သေချာနိုင်သည်။ ယင်းတို့သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ပေါ်ပေါက်လာသည်၊ စာတန်သည် ၎င်းတို့၏ ဇာစ်မြစ်ဖြစ်သည်။ ယင်းတို့သည် လူသားမျိုးနွယ်ထံ မည်သည့်အရာကို ယူဆောင်လာသနည်း။ ယင်းတို့သည် လူသားမျိုးနွယ်ကို အထင်အမြင်မှားစေသည်၊ ဖောက်ပြန်ပျက်စီးစေသည်၊ ချည်နှောင်ပြီး ဘောင်ခတ်သည်။ ဤသည်မှာ သေချာပြီး သံသယဖြစ်ဖွယ်မရှိပေ။ ယင်းတို့က လူသားမျိုးနွယ်ထံ ယူဆောင်လာသည့်အရာအားလုံးသည် အပျက်သဘောဆောင်သော လွှမ်းမိုးမှုနှင့် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှု ဖြစ်သည်၊ သို့ဖြစ်၍ ယင်းတို့သည် သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) ယင်းတို့သည် သမ္မာတရား မဟုတ်သည့်တိုင် လူသားမျိုးနွယ်က ယင်းတို့ကို သမ္မာတရားအဖြစ် တမြတ်တနိုးထားကြဆဲ ဖြစ်သည်။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ လူတို့သည် အထင်အမြင်မှားစေခြင်းကို ခံခဲ့ရပြီဖြစ်သည်။ အကြောင်းမှာ လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံရသေးသောကြောင့်၊ သမ္မာတရားကို နားမလည်သောကြောင့်နှင့် ဤကဲ့သို့သော စကားရပ်များနှင့် ကိစ္စရပ်များအကြောင်း ဘုရားသခင် ပြောဆိုရမည့် တိကျသောစကားများကို မကြားဖူးသောကြောင့်၊ ၎င်းတို့သည် မိမိတို့၏ အယူအဆများအရ အတော်အတန် မှန်ကန်သည်၊ ကောင်းသည်၊ မိမိတို့၏အလိုနှင့် ကိုက်ညီသည်ဟု ၎င်းတို့ထင်သည့် စိတ်ကူးများနှင့် အမြင်များကို အဆုံးတွင် လက်ခံကြသောကြောင့် ဖြစ်သည်။ ဤအရာများသည် ၎င်းတို့၏ စိတ်နှလုံးထဲသို့ ဦးစွာဝင်ရောက်ခဲ့ပြီး ထိုနေရာတွင် အဓိကလွှမ်းမိုးလာခဲ့သည်၊ သို့ဖြစ်၍ လူတို့သည် ၎င်းတို့ကို ရာနှင့်ထောင်နှင့်ချီသော နှစ်များတိုင်အောင် ဖက်တွယ်ထားကြသည်။ စာတန်ဆန်သော အတွေးအခေါ်များဖြစ်သည့် ဤရိုးရာယဉ်ကျေးမှုများသည် လူတို့၏ စိတ်နှလုံးထဲတွင် အမြစ်တွယ်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး လူသားမျိုးဆက် တစ်ဆက်ပြီးတစ်ဆက်ကို အထင်အမြင်မှားစေကာ လွှမ်းမိုးခဲ့သည်။ သင်တို့သည် သမ္မာတရားကို လက်မခံပါက ဤအတွေးအခေါ်များ၏ အထင်အမြင်မှားစေခြင်းနှင့် လွှမ်းမိုးခြင်းကို ဆက်လက်ခံရမည် ဖြစ်သည်။ ယနေ့ ကျွန်ုပ်သည် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” နှင့် “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” တို့ကို စိတ်ဖြာလေ့လာဆွေးနွေးပြီး မိတ်သဟာယဖွဲ့ခဲ့သည်။ ဤစကားရပ်များထဲမှ တစ်ခုမှာ ဆိုရိုးစကားဖြစ်ပြီး နောက်တစ်ခုမှာ စကားပုံဖြစ်သည်။ ဤစကားရပ်နှစ်ခုတွင် တစ်လောကလုံးရှိ စာတန်ဆန်သော ယဉ်ကျေးမှုသည် အတိအကျအားဖြင့် မည်သည့်အရာဖြစ်သည်ကို ငါတို့ မြင်နိုင်သည်။ ယင်းမှာ လူတို့ကို အထင်အမြင်မှားစေသည့်၊ လူတို့ကို ဖောက်ပြန်ပျက်စီးစေသည့်၊ လူတို့ကို ထိခိုက်နစ်နာစေကာ ဒုက္ခပေးသည့် ဆိုးယုတ်သော အယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အဆိုများဖြင့် ဖွဲ့စည်းထားသည်။ အကယ်၍ လူသားမျိုးနွယ်သည် စာတန်၏ ဤအတွေးအခေါ်များကို လိုက်နာပါက ၎င်းတို့သည် ဘဝကို ဖြတ်သန်းစဉ်တွင် ပို၍ပို၍ ဖောက်ပြန်ပျက်စီးလာမည်သာဖြစ်ပြီး ပို၍ပို၍ ကောက်ကျစ်ဆိုးယုတ်လာမည်သာ ဖြစ်သည်၊ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး သတ်ဖြတ်ကြမည်၊ အချင်းချင်း တိုက်ခိုက်ကြမည်ဖြစ်ပြီး ယင်း၌ အဆုံးသတ် ရှိမည်မဟုတ်ပေ။ လူတို့အကြား ယုံကြည်မှု ရှိမည်မဟုတ်၊ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ခြင်း ရှိမည်မဟုတ်၊ အပြန်အလှန် ချစ်ခြင်းမေတ္တာ ထားမည်မဟုတ်ပေ။ အချုပ်အားဖြင့်ဆိုသော် ဤယဉ်ကျေးမှုက လူသားမျိုးနွယ်ထံ ယူဆောင်လာသည့်အရာမှာ ဆိုးကျိုးများ ဖြစ်သည်။ ဤမည်ကာမတ္တ စိတ်ကူးများနှင့် စိတ်ဓာတ်များ၏ လမ်းညွှန်မှုအောက်တွင် ယင်းက လူသားမျိုးနွယ်ကို အဆက်မပြတ် မကောင်းမှုပြုစေသည်၊ အဆက်မပြတ် ဘုရားသခင်ကို အတိုက်အခံလုပ်စေသည်၊ လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ကန့်သတ်ချက်များကို အဆက်မပြတ် စိန်ခေါ်စေသည်၊ မိမိတို့၏ ပန်းတိုင်များကို ရောက်ရှိရန် နည်းလမ်းမရွေး အသုံးပြုစေသည်။ အဆုံးတွင် ၎င်းတို့သည် ပျက်စီးခြင်းလမ်းကြောင်းအတိုင်း လိုက်လျှောက်ပြီး အပြစ်ဒဏ်ပေးခြင်းကို ခံရမည်ဖြစ်သည်။ ဤသည်မှာ လူ့ယဉ်ကျေးမှု၏ အနှစ်သာရဖြစ်သည်။ ဆိုရိုးစကားများအကြောင်း ပြောရလျှင် ယင်းတို့အပေါ် သင်တို့၏အမြင်မှာ အဘယ်နည်း။ အချို့သောလူတို့က “ယင်းတို့သည် လူသားမျိုးနွယ်က ထောက်ခံအားပေးသည့် စစ်မှန်သော စိတ်ကူးများ မဟုတ်ပါ။ အတော်အတန် မြင့်မားသော ထိုးထွင်းသိမြင်မှုအဆင့်ကို ပိုင်ဆိုင်သည့် အထက်တန်းလွှာမှ လူတို့သည် ယင်းတို့ကို မလိုက်နာကြပါ” ဟု ဆိုကောင်းဆိုနိုင်သည်။ ယခုလေးတင် ငါတို့သည် အထက်တန်းလွှာမှ လူတို့ သဘောတူသည့် စကားပုံဖြစ်သော “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြသည်။ ဤစကားပုံသည် အဆင့်မြင့်သလော။ (မမြင့်ပါ။) ယင်းသည် အဆင့်မမြင့်ပေ၊ သို့သော် ဤစကားပုံ၊ ဤစိတ်ကူးများနှင့် ဤစိတ်ဓာတ်များကို အဆင့်မြင့်ပညာ ကျောင်းတိုင်း၌လည်းကောင်း၊ လူ့အဖွဲ့အစည်း၏ အဆင့်မြင့်နယ်ပယ်တိုင်း၌လည်းကောင်း လူတိုင်းက သေချာပေါက် ချီးကျူးပြီး ထောက်ခံအားပေးလေသည်။ ဤသည်မှာ လူ့ယဉ်ကျေးမှု ဖြစ်သည်။ လူသားမျိုးနွယ်သည် ဤရိုးရာယဉ်ကျေးမှု၏ သွင်ပြင်လက္ခဏာများအားဖြင့် ပုံစံသွင်းခြင်း၊ ထုံထိုင်းစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကို ခံခဲ့ရသည်။ ပြီးလျှင် နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ယင်းမှာ လူသားမျိုးနွယ်သည် ရိုးရာယဉ်ကျေးမှု၏ အထင်အမြင်မှားစေခြင်း၊ ဘောင်ခတ်ခြင်းနှင့် ချည်နှောင်ခြင်းတို့ကို ခံရပြီး စိတ်ဓာတ်တစ်မျိုးနှင့် သီအိုရီတစ်မျိုးသည် အလိုအလျောက် ပေါ်ပေါက်လာကာ ယင်းကို လူသားမျိုးနွယ်က ထောက်ခံအားပေးပြီး ဖြန့်ဝေသည်၊ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိပြီး လူတို့ကို လက်ခံစေသည်။ အဆုံးတွင် ယင်းက လူတိုင်း၏ စိတ်နှလုံးကို ဖမ်းစားသည်၊ လူတိုင်းကို ဤစိတ်ဓာတ်မျိုးနှင့် စိတ်ကူးမျိုးကို အသိအမှတ်ပြုစေသည်၊ လူတိုင်းသည် ဤစိတ်ကူးအားဖြင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသည်။ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဖောက်ပြန်ပျက်စီးခြင်းကို ခံရသည့်အခါ လူတို့၌ အမှားအမှန်နှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ မရှိတော့ပေ၊ ၎င်းတို့သည် တရားမျှတမှုဟူသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ကောက်ကျစ်ဆိုးယုတ်မှုဟူသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း ပိုင်းခြားသိမြင်လိုခြင်း မရှိတော့သကဲ့သို့ အပြုသဘောဆောင်သော အရာများဟူသည် မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ အပျက်သဘောဆောင်သောအရာများဟူသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း ပိုင်းခြားသိမြင်လိုခြင်း မရှိတော့ပေ။ ၎င်းတို့သည် အမှန်တကယ် လူသားများ ဟုတ်မဟုတ်ကိုပင် မရှင်းလင်းတော့သည့် နေ့တစ်နေ့ပင် ရောက်လာပြီး မိမိတို့သည် ယောက်ျားဖြစ်သလော သို့မဟုတ် မိန်းမဖြစ်သလောကို မသိသည့် ဖောက်ပြန်သောလူများစွာ ရှိသည်။ ဤသို့သော လူသားမျိုးနွယ်တစ်ရပ်သည် ပျက်စီးခြင်းနှင့် မည်မျှ ကွာဝေးနေသေးသနည်း။ ယခု လူသားမျိုးနွယ်သည် နောဧခေတ်မှ လူတို့နှင့် မည်သို့ နှိုင်းယှဉ်နိုင်သနည်း။ ၎င်းတို့သည် ပို၍ပင် ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ ၎င်းတို့သည် အဆုံးစွန်ထိ ကောက်ကျစ်ဆိုးယုတ်နေပြီ ဖြစ်ကာ အလွန် ကောက်ကျစ်ဆိုးယုတ်သဖြင့် သင်နားထောင်နိုင်စွမ်းမရှိသည့် အချို့သောအရာများ ရှိသည်၊ ကြားပြီးနောက် သင် စက်ဆုပ်ရွံရှာသွားသည်။ လူအားလုံးသည် အတိုင်းအတာတစ်ခုအထိ နာမကျန်းဖြစ်နေကြသည်။ အပြင်ပန်းမှကြည့်လျှင် လူတို့၏ ခန္ဓာကိုယ်များသည် လူပုံပေါက်သော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် တွေးထင်သည့်အရာများသည် အမှန်တကယ်တွင် လူတို့ တွေးထင်သင့်သည့်အရာများ မဟုတ်ပေ၊ ၎င်းတို့အားလုံးသည် နာမကျန်းဖြစ်နေကြပြီး မိမိတို့ကိုယ်ကို ပြန်လှည့်နိုင်စွမ်း မရှိကြတော့ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြန်လှည့်နိုင်စွမ်း မရှိကြတော့ဟု ငါဆိုလိုသည်မှာ အဘယ်နည်း။ လွန်ခဲ့သော နှစ်တစ်ရာ သို့မဟုတ် နှစ်ရာခန့်ကဆိုလျှင် လူအများအပြားသည် ဘုရားသခင် စကားပြောပြီး မိန့်မြွက်သည်ကို နားထောင်လိုကြမည်ဟု ငါဆိုလိုခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤလောက၌ တရားမျှတမှု တည်ရှိကြောင်းအပြင် ဖြောင့်မတ်ခြင်းနှင့် မျှတခြင်းတို့လည်း တည်ရှိကြောင်း ယုံကြည်ခဲ့ကြသည်။ လူတို့သည် ဤကဲ့သို့သော အချက်တစ်ခုကို လက်ခံလိုခဲ့ကြပြီး ယင်းကို အကောင်အထည်ပေါ်လာရန် တောင့်တခဲ့ကြသည်။ ၎င်းတို့သည် လူသားမျိုးနွယ်ကို အမှောင်နှင့် ကောက်ကျစ်ဆိုးယုတ်မှု၏ လွှမ်းမိုးမှုမှ ကယ်တင်နိုင်မည့် ကယ်တင်ရှင်တစ်ပါး ကြွလာမည့်နေ့တစ်နေ့ ရှိလိမ့်မည်ဟု သာ၍ပင် မျှော်လင့်ခဲ့ကြသည်။ သို့သော် နှစ်တစ်ရာ သို့မဟုတ် နှစ်ရာခန့် ကြာပြီးနောက်တွင် ဤကဲ့သို့သော လူများက ပို၍နည်းသည်ထက် နည်းလာသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်သည့်လူ မည်မျှရှိသနည်း။ သမ္မာတရားကို လက်ခံနိုင်သည့်လူ မည်မျှရှိသနည်း။ လူများစွာတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို လက်ခံရရှိခဲ့လျှင်ပင် ဘာအရေးကြီးသနည်း။ သူ့နောက်သို့ အမှန်တကယ် လိုက်သည့်လူအရေအတွက်သည် ပို၍ပို၍ နည်းလာနေသည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် အားပေးတိုက်တွန်းခြင်းခံရသည့်၊ အပြုသဘောဆောင်သောအရာများကို ချစ်နိုင်စွမ်းရှိသည့်၊ အလင်းကို တောင့်တသည့်၊ တရားမျှတမှုကို တောင့်တသည့်၊ ဘုရားသခင်၏ နိုင်ငံတော်၊ မျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ ကြွလာခြင်းကို တောင့်တသည့် လူများက ပို၍နည်းသည်ထက် နည်းလာနေသည် ဟူ၍ဖြစ်သည်။ ဤသည်က အဘယ်အရာကို သက်သေပြသနည်း။ စာတန်၏ အတွေးအခေါ်များ၊ နိယာမများ၊ စိတ်ကူးများနှင့် မည်ကာမတ္တ စိတ်ဓာတ်များသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို အထင်အမြင်မှားစေပြီး ဖောက်ပြန်ပျက်စီးစေခဲ့သည်ဟူ၍ ဖြစ်သည်။ မည်သည့်အတိုင်းအတာအထိ ၎င်းတို့ အထင်အမြင်မှားစေပြီး ဖောက်ပြန်ပျက်စီးစေခဲ့သနည်း။ လူအားလုံးသည် စာတန်၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ကာ နတ်ဆိုးဆန်သော စကားများကို သမ္မာတရားအဖြစ် လက်ခံခဲ့ကြပြီးဖြစ်သည်၊ ၎င်းတို့အားလုံးသည် စာတန်ကို ကိုးကွယ်ပြီး စာတန်နောက်သို့ လိုက်ကြသည်။ ၎င်းတို့သည် ဖန်ဆင်းရှင်ဖြစ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ကြပေ။ ဖန်ဆင်းရှင်က မည်သည့်အရာကို ပြောဆိုပါစေ၊ မည်မျှ ပြောဆိုပါစေ၊ သူ၏နှုတ်ကပတ်တော်များက မည်မျှ ရှင်းလင်းပြီး လက်တွေ့ကျပါစေ၊ မည်သူမျှ နားမလည်ပေ၊ မည်သူမျှ သဘောပေါက်နားလည်ခြင်း မရှိပေ။ ၎င်းတို့အားလုံးသည် ထုံထိုင်းပြီး အသိဉာဏ်တုံးကြကာ ၎င်းတို့၏ အတွေးအခေါ်နှင့် စိတ်များသည် ရှုပ်ထွေးနေသည်။ ၎င်းတို့သည် မည်သို့ ရှုပ်ထွေးခဲ့ကြသနည်း။ စာတန်က ၎င်းတို့ကို ရှုပ်ထွေးစေခဲ့ခြင်း ဖြစ်သည်။ စာတန်သည် လူတို့ကို လုံးဝဥဿုံ ဖောက်ပြန်ပျက်စီးစေခဲ့သည်။ ယနေ့ခေတ် လူ့အဖွဲ့အစည်း၌ မတူကွဲပြားသော စိတ်ကူးများ၊ အတွေးအမြင်စနစ်များနှင့် ပြောဆိုချက်များ အမျိုးမျိုး ရှိကြသည်။ လူတို့သည် မိမိတို့ရွေးချယ်သည့် မည်သည့်အရာကိုမဆို ယုံကြည်ကြပြီး မိမိတို့ရွေးချယ်သည့် မည်သည့်အရာနောက်ကိုမဆို လိုက်ကြသည်။ မည်သူကမျှ ၎င်းတို့အား မည်သည့်အရာလုပ်ရမည်ကို မပြောနိုင်သကဲ့သို့ ၎င်းတို့အား ပြောနိုင်စွမ်းလည်း မရှိပေ။ ဤအတိုင်းအတာအထိပင် ဖြစ်သည်။ သို့ဖြစ်၍ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ရန် ရွေးချယ်နိုင်သည် ဟူသောအချက်မှာ ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်။ ယနေ့ သင်တို့သည် ဘုရားသခင် ပြောဆိုနေသည့်အရာကို နားလည်နိုင်သည်၊ သင်တို့၌ အသိစိတ်နှင့် သက်ဆိုင်သော သိမြင်မှု အနည်းငယ်ရှိသည်၊ ဘုရားသခင် ပြောဆိုသည့်အရာကို သင်တို့ ယုံကြည်သည်၊ ဘုရားသခင်၏ နိုင်ငံတော် ကြွလာရန် တောင့်တသည်၊ အလင်း၊ တရားမျှတမှု၊ မျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ရှိသော နိုင်ငံတော်တစ်ခု၌ အသက်ရှင်ရန် တောင့်တသည်။ သင်တို့၌ ဤရိုးသားမှုရှိခြင်းသည် ရှားပါးသောအရာတစ်ခု မဟုတ်လော။ သင်တို့သည် ယင်းကို မည်သို့ ရရှိခဲ့သနည်း။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်သို့ လိုက်နိုင်သည်မှာ ဘုရားသခင်၏ ကာကွယ်မှုအားဖြင့်လည်းကောင်း၊ သင့်အား ရှင်းလင်းမှုပေးရန် သင်၏အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်းအားဖြင့်လည်းကောင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်က သင့်အထဲ၌ အလုပ်မလုပ်ခဲ့လျှင် သင်တို့သည် ယုံကြည်သူတစ်ဦးအဖြစ် ယခု ဤနေရာတွင် ရှိနေနိုင်မည်လော။ သင်သည် ယခု သင်ဖြစ်နေသည့် ပုံစံအတိုင်း ပြောင်းလဲနိုင်ခဲ့မည်လော။ တစ်ချက်ကြည့်လော့၊ ထိုဘာသာတရားမရှိသူများသည် ယခု လူသားပုံသဏ္ဌာန် ရှိနေကြသေးသလော။ သင်သည် ယခုအချိန်တွင် သမ္မာတရားများစွာကို နားလည်မည်မဟုတ်ဘဲ ကိစ္စရပ်များစွာတွင် သင်၏အမြင်များသည် ဘာသာတရားမရှိသူများ၏ အမြင်များနှင့် တစ်ထပ်တည်းတူညီနေဆဲ ဖြစ်နိုင်သည်။ ၎င်းတို့ မည်သို့ပင်တွေးပါစေ သင်သည်လည်း ထိုသို့ပင် တွေးသည်။ တစ်ခါတစ်ရံတွင် သင်သည် ၎င်းတို့၏ အမြင်အချို့ကို လက်မခံသော်လည်း သင်၌ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲ သွားရန် အခြားလမ်းမရှိပေ။ သင်သည် သမ္မာတရားကို နားလည်သည့်နေ့ ရောက်သည့်အခါ ၎င်းတို့၏ အမြင်များသည် မှားယွင်းပြီး ကောက်ကျစ်ဆိုးယုတ်ကြောင်း ပိုင်းခြားသိမြင်နိုင်မည်ဖြစ်ပြီး သင်၏စိတ်နှလုံးသည် ၎င်းတို့ကို ငြင်းပယ်နိုင်မည် ဖြစ်သည်။ ထို့နောက် သင်သည် ၎င်းတို့၏ နတ်ဆိုးမျက်နှာများကို ရှင်းလင်းစွာ မြင်တွေ့လိမ့်မည်။ သင်သည် ၎င်းတို့မှာ အသက်ရှင်နေသော နတ်ဆိုးများဖြစ်ပြီး လူသားများမဟုတ်ကြောင်း မြင်တွေ့လိမ့်မည်။ ၎င်းတို့သည် လူသားများအဖြစ် ရုပ်ဖျက်ထားသော်လည်း လူသားတို့၏အမှုအရာများကို မလုပ်ဆောင်ကြပေ။ ဤသည်မှာ အမှန်ဖြစ်ကြောင်း သင်မည်သို့ သိနိုင်သနည်း။ ၎င်းတို့ ထုတ်ပြန်ကြွေးကြော်သည့် စကားများအားလုံးသည် အထူးသဖြင့် နားဝင်ချိုပြီး လူတို့ကို အထင်အမြင်မှားစေနိုင်သော်လည်း ၎င်းတို့လုပ်ဆောင်ပြီး ဆောင်ရွက်သည့်အရာမှာ အလွန်အမင်း ကောက်ကျစ်ဆိုးယုတ်ပြီး အကျည်းတန်ကာ ယင်းမှာ အရှက်မရှိဘဲ ဆင်ခြင်တုံတရားမဲ့ခြင်း သက်သက်သာ ဖြစ်သည်။ ၎င်းတို့ ဖက်တွယ်ထားသည့် မည်ကာမတ္တ စိတ်ကူးများနှင့် မည်ကာမတ္တ စိတ်ဓာတ်များသည် အလွန်အမင်း ကောက်ကျစ်ဆိုးယုတ်ပြီး ခေတ်နောက်ပြန်ဆွဲကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လုံးဝဆန့်ကျင်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား၏ ဆန့်ကျင်ဘက်ဝင်ရိုးစွန်းများ ဖြစ်ကြသည့်တိုင် ဤလူတို့သည် ဤမှားယွင်းသော တွေးခေါ်မြော်မြင်မှုများနှင့် မိစ္ဆာဒိဋ္ဌိ အယူဝါဒများကို သမ္မာတရားအဖြစ် ခံယူပြီး လူသားမျိုးနွယ်ကို အထင်အမြင်မှားစေရန်နှင့် ဖောက်ပြန်ပျက်စီးစေရန် ယင်းတို့ကို ပြင်းထန်စွာ၊ အားတက်သရောနှင့် လူသိရှင်ကြား ထုတ်ပြန်ကြွေးကြော်ကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့၏ အမျိုးမျိုးသော ယုတ်ညံ့ပြီး အရှက်မရှိသော ရာဇဝတ်မှုများနှင့် အကျည်းတန်သော မျက်နှာများကို ဖုံးကွယ်နိုင်မည် ဖြစ်သည်။ ဤအရာမှ သင်သည် ၎င်းတို့အားလုံးမှာ မကောင်းဆိုးဝါးများ ဖြစ်သည်ကိုလည်းကောင်း၊ အကျိုးအကြောင်း ပြော၍မရနိုင်သည့် လူ့တိရစ္ဆာန်များနှင့် မစင်ကြယ်သော ဝိညာဉ်များဖြစ်သည်ကိုလည်းကောင်း ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ သင်သည် ၎င်းတို့နှင့် အကျိုးသင့်အကြောင်းသင့် မပြောနိုင်သကဲ့သို့ ၎င်းတို့နှင့် ကောင်းသော သို့မဟုတ် မှန်သောစကားများကို မပြောနိုင်ပေ။ သင်သည် ဤအတိုင်းအတာအထိ ရှင်းလင်းစွာ မြင်နိုင်သည့်နေ့ ရောက်သည့်အခါ လူသားမျိုးနွယ်သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေကြောင်း၊ သင်သည် အခြားလူများကဲ့သို့ပင် ဖောက်ပြန်ပျက်စီးနေကြောင်း၊ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အချို့သော သမ္မာတရားများကို နားလည်သည့် လက်ရှိအချိန်တွင်သာ လူသားပုံသဏ္ဌာန်အချို့ကို အသက်ရှင်နေထိုင်နိုင်ကြောင်း၊ နတ်ဆိုးများနှင့် စာတန်၏ လွှမ်းမိုးမှုမှ ခွဲထွက်နိုင်ပြီး ၎င်းတို့ကို ပိုင်းခြားသိမြင်ကာ မုန်းတီးပြီး စွန့်လွှတ်နိုင်ကြောင်း၊ ဘုရားသခင်၏ ကယ်တင်ခြင်းမရှိဘဲ သင်သည် ၎င်းတို့ကဲ့သို့သာ ဖြစ်ကာ ခြားနားမှုရှိမည်မဟုတ်ကြောင်း၊ ပြီးလျှင် သင်သည် မည်သည့် ဆိုးယုတ်သော သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သော အရာမျိုးကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိမည်ဖြစ်ကြောင်း သင်သိလိမ့်မည်။ ယခု သင်သည် သမ္မာတရားကို လိုက်စားနေသည်၊ သမ္မာတရား၌ အလုပ်များစွာနှင့် ကြိုးစားအားထုတ်မှုများစွာကို ထည့်သွင်းနေသည်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အလေးထားနေသည်၊ သမ္မာတရားကို သင်၏ကိုယ်ပိုင် လက်တွေ့ကျမှုအဖြစ် ပြောင်းလဲနေသည်။ သင်သည် သမ္မာတရားကို နားလည်သည့်အခါ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုကို အသက်ရှင်နေထိုင်နိုင်သည့်အခါနှင့် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ရှိသည့်အခါ သင်၏စိတ်နှလုံးသည် ပျော်ရွှင်ပြီး ငြိမ်သက်လိမ့်မည်၊ သင်၏စိတ်နေစိတ်ထားနှင့် အခြေအနေသည် ပို၍ပို၍ ပုံမှန်ဖြစ်လာလိမ့်မည်၊ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပို၍ပို၍ နီးကပ်လာပြီး ပို၍ပို၍ ပုံမှန်ဖြစ်လာလိမ့်မည်၊ သင်၏နေ့ရက်များသည်လည်း ပို၍ပို၍ ကောင်းမွန်လာလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ စာတန်ဆန်သော အတွေးအခေါ်များအတိုင်း အမြဲအသက်ရှင်နေပြီး ဘုရားသခင်ကို အမြဲနားလည်မှုလွဲကာ သံသယဖြစ်နေပါက သင်၏စိတ်နှလုံးသည် ဘုရားသခင်နှင့် ပို၍ပို၍ အလှမ်းဝေးကွာသွားလိမ့်မည်၊ ဘုရားသခင်ကို သင်၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်လိမ့်မည်၊ ပြီးလျှင် သင်သည် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်လျှင်ပင် စကားလုံးများနှင့် အယူဝါဒများစွာကို နားလည်ပြီး ဘာသာတရားမရှိသူများ၏ အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးအခေါ်များနှင့် အမြင်များကို လက်မခံလျှင်ပင် ယင်းမှာ အသုံးမဝင်ပေ။ အကြောင်းမှာ သင်သည် သမ္မာတရားကို နားမလည်ဘဲ အချို့သော စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်ပြီး သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်နိုင်သေးသောကြောင့် ဖြစ်သည်။ အကြောင်းမှာ သင်၏စိတ်နှလုံးထဲသို့ ဦးစွာဝင်ရောက်ခဲ့ပြီး ထိုနေရာတွင် အဓိကလွှမ်းမိုးလာခဲ့သည့် ထိုအရာများသည် သင့်အပေါ်၌ တန်ခိုးအာဏာ ရှိနေဆဲဖြစ်သောကြောင့် သင်သည် ဤအရာများအတိုင်းသာ အသက်ရှင်နေထိုင်နိုင်သည်။ သင်သည် မည်သည့်အရာကိုမဆို လုပ်ဆောင်လိုသည်ဖြစ်စေ၊ သင်သည် မည်သည့်အခြေအနေကို ရင်ဆိုင်ရသည်ဖြစ်စေ သင်သည် ဤစာတန်ဆန်သော အတွေးအခေါ်များ၏ ထိန်းချုပ်ခံရခြင်းမှ သင့်ကိုယ်သင့် ကူညီနိုင်မည် မဟုတ်ချေ။ သို့ဖြစ်၍ ဤစာတန်ဆန်သော အတွေးအခေါ်များက သင်၏စိတ်နှလုံးအပေါ် တန်ခိုးအာဏာရှိပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ အချို့သောလူတို့က “ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ စာတန်နောက်သို့လည်း မလိုက်ပါ” ဟု ဆိုကြသည်။ ဤသည်မှာ ဖြစ်နိုင်သလော။ ကြားလမ်းမရှိချေ။ သမ္မာတရားကို လက်ခံခြင်း၊ သမ္မာတရားကို နားလည်ခြင်း၊ ထို့နောက် သင်၏ စိတ်နှလုံးထဲသို့ ဦးစွာ ဝင်ရောက်၍ အဓိကနေရာယူခဲ့သော ထိုစာတန်ဆန်သည့်အရာများကို ရှင်းလင်းပစ်ခြင်းအားဖြင့်သာ သင်သည် သမ္မာတရားနှင့်အညီ အမှုအရာများကို လုပ်ဆောင်နိုင်လာမည် ဖြစ်၏။ သမ္မာတရားက သင်၏စိတ်နှလုံးအပေါ် တန်ခိုးအာဏာရှိသည့်အခါနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏စိတ်နှလုံးအပေါ် တန်ခိုးအာဏာရှိသည့်အခါ သင်သည် သင်ပြောဆိုပြီး လုပ်ဆောင်သည့်အရာ၌ သမ္မာတရားကို အလိုအလျောက် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။

လူတို့သည် စာတန်၏ ကျိုးကြောင်းဆင်ခြင်မှုနှင့် အတွေးအခေါ်များကိုလည်းကောင်း၊ လူတို့ အသက်ရှင်ပုံကို ထိန်းချုပ်သည့် စိတ်ပိုင်းဆိုင်ရာ အားကိုးရာများကိုလည်းကောင်း မည်သည့်အရာအဖြစ် သဘောထားပြုမူကြသနည်း။ နှလုံးသား အာဟာရလော။ စိတ်ဝိညာဉ်အတွက် အားဆေးတစ်ခွက်လော။ အမှန်တွင် ဤသည်တို့မှာ လူတို့ကို ဖောက်ပြန်ပျက်စီးစေသည့်အရာများဖြစ်ပြီး လူတစ်ဦးက ၎င်းတို့ကို “စားသုံး” လိုက်ပါက ထိုသူ သေဆုံးလိမ့်မည်။ အကယ်၍ လူတို့သည် ဤအရာများကို အဆက်မပြတ် လက်ခံပြီး စာတန်ဆန်သောအရာများကို အတွင်း၌ သိုလှောင်ထားပါက မည်သည့်အရာကို ညွှန်းဆိုသနည်း။ ၎င်းတို့သည် မိမိတို့၏ မူလဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားရသေးသည့်အပြင် စာတန်ထံမှ ဖောက်ပြန်ပျက်စီးမှုအသစ်ကို လက်ခံရန် ရှေ့ဆက်ခဲ့ပြီးဖြစ်သည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် အဆုံးသတ်ပြီဟု ဆိုလိုသည်။ ၎င်းတို့သည် ကယ်တင်ခြင်းမခံရနိုင်သည်မှာ မလွဲဧကန်ပင်။ သင်သည် ဤအရာများကို အဆက်မပြတ် ပိုင်းခြားသိမြင်ပြီး ငြင်းပယ်သင့်သည်၊ တစ်ချိန်တည်းတွင် ၎င်းတို့ကို အဆက်မပြတ် ဖယ်ရှားလျက်၊ ဤအရာများအတိုင်း အသက်မရှင်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသင့်သည်။ “ကျွန်ုပ်သည် ဤအရာများကို လက်ခံမည်မဟုတ်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်ထဲသို့ သူ့အလိုလို ဝင်ရောက်လာလိမ့်မည်” ဟု ဆိုကြသော လူတို့ရှိသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ သင်သည် သမ္မာတရားကို တက်တက်ကြွကြွ ရှာဖွေရမည်ဖြစ်ပြီး သမ္မာတရားကို လက်ခံရမည်၊ သမ္မာတရားကို နားလည်သည့် ဖြစ်စဉ်မှတစ်ဆင့် သင်သည် မှားယွင်းသော တွေးခေါ်မြော်မြင်မှုများနှင့် မိစ္ဆာဒိဋ္ဌိ အယူဝါဒများအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်းကို အလိုအလျောက် ရရှိမည်ဖြစ်ပြီး ၎င်းတို့ကို ဖြည်းဖြည်းချင်း လက်လွှတ်လိမ့်မည်။ ဤနည်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အမှုအရာများ လုပ်ဆောင်ခြင်းအတွက် သင်၏စည်းမျဉ်းများ တဖြည်းဖြည်း ဖြစ်လာမည်ဖြစ်ပြီး သင်သည် အမှုအရာများကို လုပ်ဆောင်သည့်အခါ ယင်းတို့ကို လုပ်ဆောင်သည့် မည်သည့်နည်းလမ်းက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်ကို သင်သိလိမ့်မည်၊ သင်သည် သမ္မာတရားကို အလွန်သဘာဝကျစွာ လက်တွေ့လုပ်ဆောင်လိမ့်မည်၊ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ဤသွင်ပြင်လက္ခဏာသည် ပြောင်းလဲပြီးဖြစ်လိမ့်မည်။ ဤသည်မှာ လုပ်ဆောင်ရန် ခက်ခဲသည်ဟု သင်တို့ ထင်သလော၊ သို့မဟုတ် မထင်သလော။ ယင်းမှာ အမှန်တကယ် မခက်ခဲပေ။ ယင်းနှင့်ပတ်သက်၍ တစ်ခုတည်းသော ခက်ခဲသည့်အရာမှာ လူတို့က ယင်းကို လက်တွေ့မလုပ်ဆောင်ခြင်း ဖြစ်သည်။ အချို့သောလူတို့က “ဤသည်မှာ အမှန်တကယ် ခက်ခဲသည်။ ကောင်းကင်ဘုံသို့တက်ရသည်ထက်ပင် ခက်ခဲပါတကား။ ဤသည်မှာ ငါးကို မြေပေါ်တွင် အသက်ရှင်ခိုင်းခြင်း မဟုတ်လော။ ဤသည်မှာ ကျွန်ုပ်ကို ခက်ခဲသော အခြေအနေတစ်ခု၌ ထားရှိခြင်း မဟုတ်လော” ဟု တွေးတောကြသည်။ ယင်းမှာ မှန်ကန်သလော။ မဟုတ်ပါ၊ ယင်းမှာ မမှန်ကန်ပေ။ သင်သည် ဤကိစ္စရပ်များကို မှန်ကန်စွာ ချဉ်းကပ်ရမည်ဖြစ်ပြီး ဤကိစ္စရပ်များအပေါ် မှန်ကန်သော ပိုင်းခြားသိမြင်မှု ရှိရမည်။ ယနေ့ ငါသည် စာတန်ဆန်သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့်အရာ အနည်းငယ်မျှကိုသာ မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးရန် ဤမျှအချိန်ကြာမြင့်စွာ အသုံးပြုခဲ့သည်၊ သို့သော် ဤအရာအနည်းငယ်သည် လူတို့၏အတွင်း၌ သိုလှောင်ထားသည့် တစ်ခုတည်းသောအရာများ ဟုတ်ပါသလော။ (မဟုတ်ပါ။) ဤအရာများထက် အလွန်ပို၍ များပြားလှသည်။ နောက်ပိုင်းတွင် ငါသည် ဤအကြောင်းအရာများကို အဆက်မပြတ် မိတ်သဟာယဖွဲ့မည်။ ယခင်က ငါသည် ဤသွင်ပြင်လက္ခဏာကို မိတ်သဟာယမဖွဲ့ခဲ့၊ သို့ဖြစ်၍ သင်တို့သည် ဤအကြောင်းအရာများကို သင်တို့ကိုယ်တိုင် တွေးဆခဲ့ဖူးသလော။ သင်တို့ မဆင်ခြင်ခဲ့ဖူးပေ။ အကယ်၍ သင်တို့ ၎င်းတို့ကို တွေးခေါ်ဆင်ခြင်ပါက ရလဒ်အချို့ ရရှိမည်လော။ အကယ်၍ သင်တို့သည် သမ္မာတရား၌ ကြိုးစားအားထုတ်မှုအချို့ကို ထည့်သွင်းနိုင်ခဲ့ပါက သင်တို့သည် စာတန်ဆန်သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အရာများအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်းအချို့ ရှိမည်ဖြစ်ပြီး သင်တို့သည် ယခုကဲ့သို့ လုံးဝအသိဉာဏ်မဲ့နေမည် မဟုတ်ပေ။ ယနေ့ ဤအကြောင်းအရာများအပေါ် ငါ၏မိတ်သဟာယဖွဲ့ခြင်းသည် ရုတ်တရက်ဖြစ်သည်ဟု ထင်ရသလော။ “ကျွန်ုပ်တို့သည် အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းအကြောင်း မိတ်သဟာယဖွဲ့နေသည် မဟုတ်လော။ ကျွန်ုပ်တို့သည် ဤအကြောင်းအရာများကို အဘယ်သို့ ရုတ်တရက် မိတ်သဟာယဖွဲ့နေရသနည်း” ဟု ဆိုသူ တစ်စုံတစ်ဦး ရှိသလော။ ဤကိစ္စရပ်များ အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည်။ ဤကိစ္စရပ်များအားလုံးသည် လူတို့က စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပိုင်းခြားသိမြင်ခြင်းနှင့်လည်း သက်ဆိုင်ပြီး လူတို့၏ သမ္မာတရားကို တိကျစွာ နားလည်နိုင်စွမ်းအတွက် အကျိုးရှိသည်။ အနည်းဆုံးအနေဖြင့် မိတ်သဟာယဖွဲ့ပြီးနောက် လူတို့က “ဤကြီးမြတ်သော စကားရပ်သည် သမ္မာတရားမဟုတ်ကြောင်း ထင်ရှားသည်” ဟု သိရှိကြလိမ့်မည်။ ဤအချိန်မှစ၍ “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” နှင့် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ကဲ့သို့သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အရာများသည် သင်၏စိတ်နှလုံးထဲမှ ရှင်းလင်းဖယ်ရှားခြင်း ခံရကောင်း ခံရနိုင်သည်။ သင်တို့ထဲမှ အချို့သည် ယင်းတို့ကို ယခုအချိန်တွင် ရှင်းလင်းဖယ်ရှားနိုင်မည် မဟုတ်သည်မှာ ဖြစ်နိုင်သော်လည်း အနည်းဆုံးအနေဖြင့် သင်သည် ဤစကားရပ်များက သမ္မာတရားမဟုတ်ကြောင်း သိရှိပြီး နောက်တစ်ကြိမ် သင်သည် အခြားသူတစ်ဦးက ဤစကားရပ်များကို ပြောဆိုသည်ကို ကြားသည့်အခါ ထိုစကားရပ်များသည် အထင်အမြင်မှားစေကြောင်း သင် သိရှိမည်ဖြစ်ပြီး ယင်းတို့ကို လက်ခံမည်မဟုတ်ပေ။ သင်၏စိတ်နှလုံးက ထိုစကားရပ်များသည် အနည်းငယ် မှန်ကန်သည်ဟု ခံစားရပြီး ယင်းတို့သည် လုပ်ဆောင်ရန် ကောင်းသောအရာများ ဖြစ်နေဆဲဖြစ်သော်လည်း သင်က “ဘုရားသခင်က ဤစကားရပ်များသည် သမ္မာတရား မဟုတ်ဟု ဆိုခဲ့သည်။ ငါသည် ယင်းတို့အညီ မပြုမူနိုင်” ဟုလည်း တွေးလေသည်။ ဤသည်မှာ သင့်အတွက် အကျိုးရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများကို ပြောဆိုရာ၌ ငါ၏ပန်းတိုင်မှာ အဘယ်နည်း။ ငါသည် ဤစကားရပ်များကို ဤကဲ့သို့ အဘယ်ကြောင့် စိတ်ဖြာလေ့လာဆွေးနွေးနေရသနည်း။ ယုံကြည်သူတို့က “ကျွန်ုပ်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးသည် သမ္မာတရား ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးသည် အပြုသဘောဆောင်သောအရာများဖြစ်ပြီး ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်” ဟု အမြဲဆိုကြသည်။ တစ်နေ့တွင် သင်သည် ပြုပြင်ခြင်းခံရပြီး “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” နှင့် “ကောင်းကင်ဘုံက လူတစ်ဦးအပေါ် ကြီးမားသော တာဝန်ကို ပေးအပ်တော့မည်ဆိုလျှင် ထိုသူ၏စိတ်နှလုံးသည် ဦးစွာ နာကျင်မှုကို တွေ့ကြုံရမည်” ဟူသော စကားရပ်များသည် သင်၏စိတ်နှလုံးထဲ၌ ပေါ်လာသည်။ ဤသည်တို့မှာ သမ္မာတရား ဟုတ်ပါသလော။ ယင်းမှာ ပြက်လုံးတစ်ခု မဟုတ်လော။ အကယ်၍ သင့်အား ဘုရားသခင်အတွက် သက်သေခံရန် တောင်းဆိုခဲ့ပါက သင်သည် မည်သို့ သက်သေခံမည်နည်း။ သင်က “ယုံကြည်သူတို့သည် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံရမည်ဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ရမည်၊ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ လုပ်နေရမည်၊ တိုက်ခိုက်ရန် လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်နှင့် စိတ်ဓာတ်ရှိရမည်” ဟု ဆိုသည်။ ဤသည်မှာ ဘုရားသခင်အတွက် သက်သေခံခြင်း ဟုတ်သလော။ (မဟုတ်ပါ။) စာတန်ဆန်သော ဆင်ခြင်တွေးခေါ်မှုစနစ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအဖြစ် သဘောထားပြုမူပြီး ယင်းကို သက်သေခံခြင်းအားဖြင့် သင်သည် ဘုရားသခင်အတွက် ကောင်းစွာ သက်သေမခံခဲ့ရုံသာမက စာတန်အတွက် ဟားတိုက်စရာတစ်ခု ဖြစ်လာခဲ့ပြီး ဘုရားသခင်ကို ဂုဏ်သရေပျက်စေခဲ့သည်။ သင်လုပ်ဆောင်နေသည့် ဤအရာမှာ အဘယ်နည်း။ အကယ်၍ ဘုရားသခင်က ဤအရာအတွက် သင့်ကို ပြစ်တင်ရှုတ်ချမည်ဆိုပါက သင်သည် ယင်းကို မတရားဟု ထင်မည်ဖြစ်ပြီး “ကျွန်ုပ်သည် အသိဉာဏ်မဲ့ပါသည်။ ကျွန်ုပ် နားမလည်ပါ။ ဘုရားသခင်သည် ဤအကြောင်းကို ကျွန်ုပ်အား မည်သည့်အခါမျှ မိတ်သဟာယဖွဲ့ခဲ့ခြင်းမရှိပါ” ဟု ဆိုမည်ဖြစ်သည်။ အကယ်၍ သူက သင့်ကို ပြစ်တင်ရှုတ်ချခြင်း မရှိဘဲ သင်၏လုပ်ရပ်များ၏ သဘောသဘာဝသည် အလွန်ဆိုးရွားပါက ဘုရားသခင်သည် ယင်းကို မည်သို့ လုပ်ဆောင်သင့်သနည်း။ သင့်ကို လျစ်လျူရှုထားမည်လော။ (မဟုတ်ပါ။) မည်သည့်အရာမျှ လုပ်ဆောင်ရန် မလိုအပ်ပေ။ ငါ့အတွက်မူ ငါသည် သင်တို့၏ သဘောပေါက်နားလည်နိုင်စွမ်း အဆင့်အတိုင်းနှင့် ငါသည် သင်တို့အား ပြောပြနိုင်သည့်အရာအတိုင်း သမ္မာတရားသည် အတိအကျအားဖြင့် မည်သည့်အရာဖြစ်သည်၊ သင်တို့က ကောင်းပြီး မှန်ကန်သည်ဟု ထင်သည့် စကားရပ်များသည် သမ္မာတရားနှင့် ဆက်စပ်မှုရှိမရှိနှင့် ယင်းတို့သည် သမ္မာတရား ဟုတ်မဟုတ်ကို သင်တို့အား တတ်နိုင်သမျှ ငါ နားလည်စေမည်၊ သင်တို့အား တတ်နိုင်သမျှ ငါ သိရှိစေမည်သာ ဖြစ်သည်။ ဤအရာများကို သင်တို့ နားလည်စေရန် ငါ ပြုလုပ်ရမည်။ အကယ်၍ ဤအရာများကို သင်သိရှိပြီးနောက် သင်သည် ထိုနည်းအတိုင်းပင် တွေးထင်နေဆဲဖြစ်ပြီး ထိုနည်းအတိုင်းပင် မလျှော့တမ်း ပြုမူနေဆဲဖြစ်ပါက ဘုရားသခင်သည် သင့်ကို ဘေးဖယ်ထားမည် မဟုတ်သကဲ့သို့ သင့်ကို လျစ်လျူရှုမည်လည်း မဟုတ်ပေ။ သင်သည် ပြစ်တင်ရှုတ်ချခြင်းကို ခံထိုက်ပြီး ဘုရားသခင်သည် အရေးယူဆောင်ရွက်လိမ့်မည်။ ဘုရားသခင်သည် ဤသို့ အဘယ်ကြောင့် လုပ်ဆောင်မည်နည်း။ အကယ်၍ သင်သည် ဤအရာများကို နားမလည်ဘဲ ဤနည်းအတိုင်း ပြုမူပါက ဘုရားသခင်သည် ဤသည်ကို သင် မိုက်မဲပြီး အသိဉာဏ်မဲ့သည်ဟု သဘောထားပြုမူမည်၊ သို့သော် သင်သည် ဤအရာများကို သိရှိပြီး ဤနည်းအတိုင်းပင် ပြုမူနေဆဲဖြစ်ပါက သင်သည် သိလျက်နှင့်ပင် အမှားကို တမင်ကျူးလွန်ခြင်းဖြစ်ပြီး ဘုရားသခင်သည် ဤသည်ကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ရမည် ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။