နောက်ဆက်တွဲ ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၂) အခန်း နှစ်

ဘုရားသခင်က နောဧအား သင်္ဘောတည်ဆောက်ရန် အမိန့်ပေးပြီးနောက် နောဧသည် တည်ဆောက်ရန် အချိန်မည်မျှ ကြာမြင့်ခဲ့သနည်း။ (နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်ဖြစ်ပါသည်။) ဤနှစ်ပေါင်း ၁၂၀ အတွင်း၊ နောဧသည် အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့သည်၊ သူသည် သင်္ဘောကို တည်ဆောက်ပြီး သက်ရှိသတ္တဝါအမျိုးမျိုးကို စုဆောင်းခဲ့သည်။ ပြီးတော့ ဤသည်မှာ အလုပ်တစ်ခုတည်းသာဖြစ်ပြီး၊ မတူညီသော လုပ်ငန်းဆောင်တာများစွာ မဟုတ်သော်လည်း၊ ဤအလုပ်တစ်ခုတည်း၌ပင် အလွန်ကြီးမားသော အလုပ်ပမာဏ ပါဝင်ခဲ့သည်။ သို့ဆိုလျှင် ဤသို့ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အဘယ်ကြောင့် သူသည် ဤသင်္ဘောကို တည်ဆောက်ခဲ့သနည်း။ ဤသို့ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ အဘယ်နည်း။ ဘုရားသခင်က ကမ္ဘာကြီးကို ရေလွှမ်းမိုးမှုဖြင့် ဖျက်ဆီးသည့်အခါ သက်ရှိသတ္တဝါအမျိုးအစားတစ်ခုစီတိုင်း အသက်ရှင်ကျန်ရစ်နိုင်စေရန် ဖြစ်သည်။ သို့ဖြစ်၍၊ နောဧသည် ဘုရားသခင် ကမ္ဘာကြီးကို မဖျက်ဆီးမီ၊ သက်ရှိသတ္တဝါအမျိုးအစားတစ်ခုစီတိုင်း အသက်ရှင်ကျန်ရစ်ရေးအတွက် ပြင်ဆင်ရန် သူလုပ်ဆောင်ခဲ့သည့်အရာကို လုပ်ဆောင်ခဲ့သည်။ ပြီးလျှင် ဘုရားသခင်အတွက်၊ ဤသည်မှာ အလွန်အရေးတကြီးကိစ္စတစ်ခု ဟုတ်ပါသလော။ ဘုရားသခင်၏ ပြောဆိုပုံလေသံနှင့် ဘုရားသခင် အမိန့်ပေးခဲ့သည့်အရာ၏ အနှစ်သာရမှ၊ ဘုရားသခင်သည် အလောတကြီးဖြစ်နေကြောင်းနှင့် ကိုယ်တော်၏ရည်ရွယ်ချက်မှာ အရေးတကြီးဖြစ်ကြောင်း နောဧ ကြားနိုင်ခဲ့ပါသလော။ (ကြားနိုင်ခဲ့ပါသည်။) ဥပမာအနေနှင့် ဆိုကြပါစို့၊ သင်တို့ကို “ကပ်ရောဂါ လာနေပြီ။ အပြင်လောကမှာ စတင်ပျံ့နှံ့နေပြီ။ သင်တို့ လုပ်စရာအလုပ်တစ်ခု ရှိသည်၊ အမြန်လုပ်ရမည်၊ အစားအသောက်နဲ့ နှာခေါင်းစည်းတွေ အမြန်ဝယ်ထားကြ။ ဤသည်မှာ အကုန်ဖြစ်သည်။” ဟု ပြောသည်။ ဤအရာ၌ သင်တို့ အဘယ်အရာ ကြားရသနည်း။ ယင်းမှာ အရေးတကြီး ဟုတ်ပါသလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအရာကို ဘယ်တော့ လုပ်ဆောင်သင့်သနည်း။ သင်တို့ နောက်နှစ်၊ သို့မဟုတ် ထို့နောက်နှစ်၊ သို့မဟုတ် ယခုမှစ၍ နှစ်အနည်းငယ်ကြာမှအထိ စောင့်ဆိုင်းသင့်သလော။ မဟုတ်ပါ၊ ဤသည်မှာ အရေးတကြီးတာဝန်တစ်ခု၊ အရေးကြီးသောကိစ္စတစ်ခု ဖြစ်သည်။ အခြားအရာအားလုံးကို ဘေးဖယ်ထားပြီး ဤအရာကို ဦးစွာ ကိုင်တွယ်ပါ။ ဤစကားများမှ သင်တို့ ကြားရသည့်အရာမှာ ဤသည်ပင်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်ကို ကျိုးနွံနာခံသောသူတို့ မည်သို့ လုပ်ဆောင်သင့်သနည်း။ သူတို့သည် လက်ထဲရှိ တာဝန်ကို ချက်ချင်း ဘေးဖယ်ထားသင့်သည်။ အခြားမည်သည့်အရာမျှ အရေးမကြီးပေ။ ဘုရားသခင်သည် ကိုယ်တော် ယခုတင် အမိန့်ပေးခဲ့သည့်အရာနှင့်ပတ်သက်၍ အလွန် အလောတကြီးဖြစ်တော်မူသည်၊ သူတို့သည် ဘုရားသခင်အတွက် အရေးတကြီးဖြစ်ပြီး ဘုရားသခင် အလေးအနက်ထားသည့် ဤတာဝန်ကို လုပ်ဆောင်ခြင်းနှင့် ဆောင်ရွက်ခြင်း၌ အချိန်မဖြုန်းသင့်ပေ၊ အခြားအလုပ်များ မဆောင်ရွက်မီ ၎င်းကို သူတို့ ပြီးမြောက်သင့်သည်။ ဤသည်မှာ ကျိုးနွံနာခံမှုဟု ဆိုလိုသည့်အရာ ဖြစ်သည်။ သို့သော် သင်သည် “ကပ်ရောဂါ လာနေပြီလား။ ပျံ့နှံ့နေပြီလား။ ပျံ့နှံ့နေရင် ပျံ့နှံ့ပါစေ၊ ငါတို့ဆီကို ပျံ့နှံ့လာတာမှ မဟုတ်တာ။ ပျံ့နှံ့လာရင် အဲဒီအခါကျမှ ငါတို့ ဖြေရှင်းကြမယ်။ နှာခေါင်းစည်းနဲ့ အစားအသောက် ဝယ်ရမယ်လား။ နှာခေါင်းစည်းတွေက အမြဲတမ်း ရနိုင်တာပဲ။ တပ်သည်ဖြစ်စေ မတပ်သည်ဖြစ်စေ အရေးမကြီးပါဘူး။ ငါတို့မှာ အခု အစားအသောက် ရှိသေးတယ်၊ ဘာလို့ အဲ့ဒါကို စိတ်ပူနေရမှာလဲ။ ဘာကို အလျင်စလိုလုပ်နေတာလဲ။ ကပ်ရောဂါ ဒီကိုရောက်လာတဲ့အထိ စောင့်လိုက်ပါ။ ငါတို့မှာ အခု လုပ်စရာ တခြားအရာတွေ ရှိသေးတယ်” ဟု တွေးထင်ခြင်းဖြင့် ယင်းကို ပိုင်းခြားစိတ်ဖြာပါက၊ ဤသည်မှာ ကျိုးနွံနာခံမှု ဟုတ်ပါသလော။ (မဟုတ်ပါ။) ဤသည်မှာ အဘယ်နည်း။ ဤသည်ကို ခြုံငုံ၍ပြောလျှင် ပုန်ကန်မှုဟု ရည်ညွှန်းသည်။ ပို၍ တိတိကျကျဆိုရလျှင်၊ ယင်းမှာ ဂရုမစိုက်ခြင်း၊ ဆန့်ကျင်ခြင်း၊ ပိုင်းခြားစိတ်ဖြာခြင်းနှင့် ဆန်းစစ်ခြင်းတို့အပြင်၊ ဤသည်မှာ ဘယ်တော့မျှ ဖြစ်နိုင်မည်မဟုတ်ဟု တွေးထင်လျက်၊ ယင်းမှာ အမှန်တကယ်ဖြစ်သည်ဟု မယုံကြည်ဘဲ၊ မိမိ၏စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြုခြင်းလည်း ဖြစ်သည်။ ထိုသို့သော သဘောထား၌ စစ်မှန်သော ယုံကြည်ခြင်း ရှိပါသလော။ (မရှိပါ။) သူတို့၏ ယေဘုယျအခြေအနေမှာ ဤသို့ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍၊ သမ္မာတရားအပေါ်၌၊ သူတို့သည် အစဉ်သဖြင့် အချိန်ဆွဲခြင်း၊ ဂရုမစိုက်ခြင်း၊ ပေါ့ဆခြင်း သဘောထား ရှိကြသည်၊ သူတို့၏စိတ်နှလုံးထဲ၌၊ သူတို့သည် ဤအရာကို လုံးဝ အရေးကြီးသည်ဟု မမြင်ကြပေ။ သူတို့က “သမ္မာတရားနှင့် သက်ဆိုင်သော ကိုယ်တော်မိန့်တော်မူသည့်အရာများနှင့် ကိုယ်တော်၏ မြင့်မြတ်သော တရားဒေသနာများကို ကျွန်ုပ် နားထောင်မည်၊ ၎င်းတို့ကို ကျွန်ုပ် မမေ့စေရန် မှတ်သားထားရန် ကျွန်ုပ် မတွန့်ဆုတ်ပါ။ သို့သော် အစားအသောက်နှင့် နှာခေါင်းစည်းများ ဝယ်ယူခြင်းနှင့်ပတ်သက်၍ ကိုယ်တော်မိန့်တော်မူသည့်အရာများမှာ သမ္မာတရားနှင့် မသက်ဆိုင်ပါ၊ သို့ဖြစ်၍ ကျွန်ုပ် ၎င်းတို့ကို ငြင်းပယ်နိုင်သည်၊ ကျွန်ုပ်၏စိတ်နှလုံးထဲ၌ ၎င်းတို့ကို ပြက်ရယ်ပြုနိုင်သည်၊ ကိုယ်တော်ကို ဂရုမစိုက်ခြင်းနှင့် လျစ်လျူရှုခြင်း သဘောထားဖြင့် ကျွန်ုပ် ဆက်ဆံနိုင်သည်၊ ကျွန်ုပ်၏နားများဖြင့် နားထောင်ရုံမျှက လုံလောက်ပြီ၊ သို့သော် ကျွန်ုပ်၏စိတ်နှလုံးထဲ၌ ကျွန်ုပ် မည်သို့ တွေးထင်သည်မှာ ကိုယ်တော်၏အရေးမဟုတ်၊ ယင်းမှာ ကိုယ်တော်နှင့် လုံးဝမဆိုင်ပေ။” ဟု တွေးကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် နောဧ၏ သဘောထားသည် ဤသို့ ဟုတ်ခဲ့ပါသလော။ (မဟုတ်ပါ။) သူ ဤသို့မဟုတ်ကြောင်း အဘယ်အရာက ပြသသနည်း။ ဤအကြောင်းကို ငါတို့ ပြောဆိုရမည်၊ ယင်းက ဘုရားသခင်အပေါ် နောဧ၏သဘောထားသည် လုံးဝ ကွဲပြားခြားနားကြောင်း သင်တို့ကို သင်ကြားပေးလိမ့်မည်။ ပြီးလျှင် သက်သေပြရန် အချက်အလက်များလည်း ရှိပါသည်။

စက်မှုလုပ်ငန်းမရှိသေးသော ထိုခေတ်တွင်၊ အရာရာတိုင်းကို လက်ဖြင့် ဆောင်ရွက်ပြီး ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ရသည့်အခါ၊ လက်ဖြင့်လုပ်ရသော အလုပ်တိုင်းသည် အလွန်ပင်ပန်းပြီး အချိန်ကုန်လှသည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို နောဧကြားသောအခါ၊ ဘုရားသခင်ဖော်ပြသည့်အရာအားလုံးကို နောဧကြားသောအခါတွင် ဤအမှု၏ အရေးကြီးပုံ၊ အခြေအနေ၏ လေးနက်ပုံကို သူခံစားမိခဲ့သည်။ ဘုရားသခင်သည် ကမ္ဘာကို ဖျက်ဆီးမည်ကို သူသိခဲ့သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်လိမ့်မည်နည်း။ လူသားများသည် အလွန်ဆိုးယုတ်သောကြောင့်၊ ဘုရားနှုတ်ကပတ်တော်များကို မယုံကြည်သောကြောင့်၊ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်ကို ငြင်းပယ်ခြင်းပင်ပြုသောကြောင့်၊ ပြီးလျှင် ဘုရားသခင်သည် ထိုလူသားမျိုးနွယ်ကို ရွံရှာစက်ဆုပ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ထိုလူသားမျိုးနွယ်ကို တစ်ရက်၊ နှစ်ရက်သာ ရွံရှာစက်ဆုပ်သလော။ ဘုရားသခင်သည် ရုတ်တရက် “ယနေ့ ဤလူသားမျိုးနွယ်ကို ငါမနှစ်သက်။ ဤလူသားမျိုးနွယ်ကို ငါဖျက်ဆီးမည်။ ထို့ကြောင့် ဤအရာကို စတင်လုပ်ဆောင်ပြီး ငါ့အတွက် သင်္ဘောတစ်စီးဆောက်လော့” ဟု ဆိုသလော။ ဤအရာက ထိုသို့ဟုတ်သလော။ မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် နောဧသည် ဘုရားသခင်က မည်သည့်အရာဆိုလိုခဲ့သည်ကို သဘောပေါက်ခဲ့သည်။ ဘုရားသခင်သည် ထိုလူသားမျိုးနွယ်ကို တစ်ရက်၊ နှစ်ရက်မျှသာ ရွံရှာစက်ဆုပ်ခြင်းမဟုတ်။ သူသည် လူသားမျိုးနွယ်က အသစ်ပြန်စနိုင်ရန်အလို့ငှာ ယင်းကို ဖျက်ဆီးရန် စိတ်ထက်သန်နေခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် ဘုရားသခင်သည် နောက်ထပ် လူသားမျိုးနွယ်တစ်ခုကို ဖန်ဆင်းလိုစိတ်မရှိပေ။ ထိုအစား နောဧကို လူသားမျိုးနွယ်၏ ဘိုးဘေးအဖြစ်၊ နောက်လာမည့်ခေတ်၏ အရှင်သခင်အဖြစ် အသက်ရှင်ရစေရန် လုံလောက်စွာ မင်္ဂလာရှိစေမည်။ ဘုရားသခင်၏ အဓိပ္ပာယ်၏ ဤရှုထောင့်ကို သဘောပေါက်ခဲ့သည့်အခါတွင် နောဧသည် ဘုရားသခင်၏ အရေးတကြီး ရည်ရွယ်ချက်ကို သူ၏စိတ်နှလုံးအတွင်းမှ ခံစားရသည်။ ဘုရားသခင်၏ အရေးတကြီးဖြစ်မှုကို သိရှိခံစားရသည်။ ထို့ကြောင့် ဘုရားသခင်စကားပြောသောအခါတွင် ဂရုစိုက်စွာ၊ နီးကပ်စွာ၊ လုံ့လရှိစွာ နားထောင်ခြင်းအပြင် နောဧသည် သူ၏စိတ်နှလုံးတွင် တစ်စုံတစ်ခုကို ခံစားခဲ့ရသည်။ မည်သည့်အရာကို ခံစားခဲ့ရသနည်း။ ဖန်ဆင်းရှင်၏ အရေးတကြီး ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ပြီးနောက် ဖန်ဆင်းခံအစစ်အမှန်တစ်ဦးက ခံစားသင့်သည့် ခံစားချက်ဖြစ်သော အရေးတကြီးဖြစ်မှုဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က သင်္ဘောဆောက်ဖို့ သူ့ကို အမိန့်ပေးခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် နောဧသည် သူ၏စိတ်နှလုံး၌ မည်သည့်အရာကို စဉ်းစားခဲ့သနည်း။ “ယနေ့မှစ၍ သင်္ဘောတည်ဆောက်ခြင်းကဲ့သို့ မည်သည့်အရာကမျှ အရေးမပါပေ။ မည်သည့်အရာကမျှ ဤအရာလောက် အရေးကြီးပြီး အလျင်မလိုပေ။ ဖန်ဆင်းရှင်၏ စိတ်နှလုံးမှ စကားများကို ငါကြားခဲ့ပြီဖြစ်သည်။ သူ၏အရေးတကြီးဖြစ်သော ရည်ရွယ်ချက်ကို ငါခံစားခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် ငါနှောင့်နှေး၍မဖြစ်။ ဘုရားသခင်ပြောဆိုပြီး စေခိုင်းထားသည့် သင်္ဘောကို ငါအလျင်အမြန်ဆုံး တည်ဆောက်ရမည်။” ဟု သူတွေးသည်။ နောဧ၏ သဘောထားမှာ အဘယ်နည်း။ လျစ်လျူမရှုဝံ့ခြင်းဖြစ်သည်။ ပြီးလျှင် သူသည် မည်သည့်ပုံစံဖြင့် သင်္ဘောတည်ဆောက်ခြင်းကို အကောင်အထည်ဖော်ခဲ့သနည်း။ နှောင့်နှေးခြင်းမရှိဘဲ ဖြစ်သည်။ သူသည် ဘုရားသခင်ပြောဆိုသည့်၊ ညွှန်ကြားသည့် အသေးစိတ်အချက်အလက်တစ်ခုစီကို ဝတ်ကျေတမ်းကျေပြုခြင်း လုံးဝ မရှိဘဲ၊ အလျင်မြန်ဆုံးဖြင့်၊ သူ၏အားအင်အလုံးစုံဖြင့် ဆောင်ရွက်ခဲ့ပြီး အကောင်အထည်ဖော်ခဲ့သည်။ အနှစ်ချုပ်အားဖြင့် ဖန်ဆင်းရှင်၏ အမိန့်အပေါ် နောဧ၏ သဘောထားသည် ကျိုးနွံနာခံခြင်း ဖြစ်သည်။ သူသည် ယင်းကို အရေးမစိုက်ခြင်း မဟုတ်သည့်အပြင် အတိုက်အခံလုပ်ခြင်း မရှိသကဲ့သို့ စိတ်မပါခြင်းလည်း မရှိပေ။ ဤအစား သူသည် အသေးစိတ်အချက်အလက်တိုင်းကို စိတ်တွင်မှတ်သားလျက် ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်ကို နားလည်ရန် လုံ့လဝီရိယရှိစွာ ကြိုးစားခဲ့သည်။ ဘုရားသခင်၏ အရေးတကြီးဖြစ်သော ရည်ရွယ်ချက်ကို သူသဘောပေါက်ခဲ့သည့်အခါ ပို၍လျင်မြန်စွာပြုလုပ်ရန်၊ သူ့အပေါ် ဘုရားသခင်ပေးခဲ့သည့်အရာကို အလျင်အမြန်ဆုံး ပြီးမြောက်စေရန် ဆုံးဖြတ်ခဲ့သည်။ “အလျင်အမြန်ဆုံး” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် ယခင်က တစ်လကြာမည့် အလုပ်များကို တတ်နိုင်သမျှ အချိန်အနည်းဆုံးဖြင့် ပြီးမြောက်စေခြင်း၊ အချိန်မဆွဲခြင်း၊ အချိန်ရွှေ့ပြီး လုပ်ဆောင်ခြင်းတို့မရှိဘဲ၊ ပရောဂျက်တစ်ခုလုံးကို အစွမ်းကုန် မနားတမ်းဆောင်ရွက်ရင်း သတ်မှတ်ချိန်ထက် သုံးရက်၊ သို့မဟုတ် ငါးရက်ခန့် ကြိုတင်ကာ ပြီးစီးအောင် လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ အလုပ်တစ်ခုစီကို ဆောင်ရွက်စဉ်တွင် သူသည် ဆုံးရှုံးမှုများနှင့် အမှားများကို နည်းနိုင်သမျှနည်းစေရန်၊ ထပ်ခါထပ်ခါပြုလုပ်ရသည်အထိ မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ရန် အစွမ်းကုန် ကြိုးစားလိမ့်မည်မှာ ပြောစရာမလိုပေ။ တာဝန်နှင့် လုပ်ငန်းစဉ်တိုင်းကို အချိန်မီ ပြီးမြောက်အောင် ပြုလုပ်ပြီးမည်ဖြစ်ပြီး ကောင်းစွာ လုပ်ဆောင်ကာ အရည်အသွေးကို သေချာစေလိမ့်မည်။ ဤသည်မှာ အချိန်မဆွဲခြင်းကို ဖော်ပြခြင်း အစစ်အမှန်ဖြစ်သည်။ ထို့ကြောင့် သူသည် အချိန်မဆွဲဘဲ လုပ်ဆောင်နိုင်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်မှာ အဘယ်နည်း။ (ဘုရားသခင်၏ အမိန့်ကို သူ နားညောင်းခဲ့သည်။) မှန်သည်။ ထိုအရာသည် ဤအတွက် မရှိမဖြစ် လိုအပ်ချက်နှင့် အကြောင်းအရာဖြစ်သည်။ ဤသို့ဆိုလျှင် နောဧသည် အဘယ်ကြောင့် အချိန်မဆွဲဘဲ လုပ်ဆောင်နိုင်ခဲ့သနည်း။ နောဧသည် စစ်မှန်သော ကျိုးနွံနာခံမှုကို ပိုင်ဆိုင်သည်ဟု အချို့လူတို့က ဆိုကြသည်။ ထိုသို့ဆိုလျှင် ဤသို့စစ်မှန်သောကျိုးနွံနာခံမှုကို သူ့အား ရရှိခွင့်ပေးသည့် မည်သည့်အရာကို သူပိုင်ဆိုင်ခဲ့သနည်း။ (သူသည် ဘုရားသခင်၏ စိတ်နှလုံးကို အလေးထားပါသည်။) မှန်ပေသည်။ နှလုံးသားရှိခြင်းဆိုသည်မှာ ဤအရာကို ဆိုလိုသည်။ နှလုံးသားရှိသောသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးကို အလေးထားနိုင်ကြသည်။ နှလုံးသားမရှိသောသူတို့သည် အနှစ်မရှိသည့် အခွံ၊ သူရူးများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားစိတ်နှလုံးကို အလေးထားရကောင်းမှန်း မသိကြ။ ၎င်းတို့၏ စိတ်နေစိတ်ထားက “ဤသည်မှာ ဘုရားသခင်အတွက် မည်မျှအရေးတကြီးဖြစ်သည်ကို ငါဂရုမစိုက်။ ငါကျေနပ်သလို လုပ်ဆောင်မည်။ မည်သို့ပင်ဖြစ်စေ ငါသည် အလဟဿနေထိုင်ခြင်းမဟုတ်၊ ပျင်းရိခြင်းမဟုတ်” ဟူ၍ ဖြစ်သည်။ ဤသို့သောသဘောထားမျိုး၊ ဤသို့သော အပျက်သဘောဆောင်ခြင်းမျိုး၊ တက်ကြွမှု လုံးဝမရှိခြင်းဟူသည့် ဤသည်မှာ ဘုရားသခင်၏စိတ်နှလုံးကို အလေးမထားသလို ဘုရား၏ စိတ်နှလုံးကို မည်သို့ အလေးထားရမည်ကိုလည်း နားလည်သည့်သူတစ်ဦး မဟုတ်ပေ။ ဤဖြစ်ရပ်တွင် ၎င်းတို့သည် စစ်မှန်သည့် ယုံကြည်ခြင်းကို ပိုင်ဆိုင်သလော။ သေချာပေါက် မပိုင်ဆိုင်ပေ။ နောဧသည် ဘုရား၏ စိတ်နှလုံးကို အလေးထားသည်။ သူ့တွင် စစ်မှန်သော ယုံကြည်ခြင်းရှိပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီး အားထုတ်မှုအချို့ ပြုလိုခြင်းမျှဖြင့် မလုံလောက်ပေ။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း အလေးထားရမည်။ အစွမ်းကုန် ဆောင်ရွက်ပြီး သစ္စာစောင့်သိရမည်ဖြစ်သည်။ ယင်းက သင့်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိဖို့ လိုအပ်လေသည်။ ယင်းသည် လူတို့တွင် ရှိရမည့်အရာဖြစ်ပြီး နောဧတွင် တွေ့ရှိရသည့်အရာဖြစ်သည်။ နောဧသည် အချိန်ဆွဲ၍ လုပ်ဆောင်ခဲ့လျှင်၊ အရေးတကြီးပြုလုပ်လိုသည့် အသိစိတ်မရှိခဲ့လျှင်၊ သောကရောက်ခြင်း မရှိခဲ့လျှင်၊ ထိရောက်မှုမရှိခဲ့လျှင် ထိုအချိန်ကာလ၌ ဤကဲ့သို့သော သင်္ဘောကြီးကို တည်ဆောက်ရန်၊ နှစ်မည်မျှကြာမည်ဟု သင်တို့ဆိုမည်နည်း။ နှစ်၁၀၀အတွင်းတွင် ပြီးဆုံးနိုင်သလော။ (မပြီးဆုံးပါ။) မျိုးဆက်အနည်းငယ် အဆက်မပြတ် တည်ဆောက်ရပေလိမ့်မည်။ တစ်ဖက်မှကြည့်လျှင် သင်္ဘောတစ်စီးကဲ့သို့သော အခိုင်အမာအရာဝတ္ထုတစ်ခုကို တည်ဆောက်ရန် နှစ်များစွာ ကြာမည်။ ထို့အပြင် သက်ရှိသတ္တဝါအားလုံးကို စုဆောင်းခြင်း၊ စောင့်ရှောက်ခြင်းသည်လည်း ထို့အတူပင်ဖြစ်သည်။ ဤသက်ရှိသတ္တဝါများကို စုဆောင်းရန် လွယ်ကူသလော။ (မလွယ်ကူပါ။) မလွယ်ကူပေ။ ထို့ကြောင့် ဘုရားသခင်၏ အမိန့်ပေးချက်များကို ကြားပြီးနောက်၊ ဘုရားသခင်၏ အရေးတကြီးဖြစ်သော ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ပြီးနောက်တွင် ဤသည်မှာ လွယ်ကူမည်မဟုတ်သကဲ့သို့ ရိုးရှင်းမည်မဟုတ်သည်ကိုလည်း နောဧသတိပြုမိခဲ့သည်။ ဘုရားသခင်စိတ်ကျေနပ်ပြီး စိတ်ချစေရန်၊ ဘုရားသခင်၏ အမှုတော်နောက်တစ်ဆင့်သည် ချောမွေ့စွာ ရှေ့ဆက်နိုင်ရန်အတွက် ဘုရားသခင်၏ ဆန္ဒများနှင့်အညီ ပြီးမြောက်ရမည်၊ ဘုရားသခင်ပေးသည့် တာဝန်ပေးစေခိုင်းချက်ကို ပြီးဆုံးအောင် လုပ်ရမည်ဟု သူ သဘောပေါက်ခဲ့သည်။ ဤသည်မှာ နောဧ၏ နှလုံးသားဖြစ်သည်။ ယင်းမှာ မည်သို့သော နှလုံးသားဖြစ်သနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသော နှလုံးသားတစ်ခုဖြစ်သည်။ သင်္ဘောတည်ဆောက်ရာတွင် နောဧ၏ အပြုအမူကို ကြည့်ခြင်းအားဖြင့်၊ သူသည် ဧကန်မုချ ယုံကြည်ခြင်းကြီးမားသောသူတစ်ဦးဖြစ်ပြီး နှစ်တစ်ရာကြာ ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် သံသယတစ်စုံတစ်ရာ မရှိခဲ့ပေ။ သူသည် မည်သည့်အရာကို အားကိုးခဲ့သနည်း။ သူသည် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းကို အားကိုးခဲ့သည်။ နောဧသည် အကြွင်းမဲ့ ကျိုးနွံနာခံနိုင်ခဲ့သည်။ သူ၏ အကြွင်းမဲ့ကျိုးနွံနာခံခြင်း၏ အသေးစိတ်အချက်များမှာ အဘယ်နည်း။ သူ၏ အလေးထားမှုဖြစ်သည်။ သင်တို့တွင် ဤစိတ်နှလုံး ရှိသလော။ (မရှိပါ။) သင်တို့သည် အယူဝါဒများကို ပြောဆိုနိုင်ပြီး ကြွေးကြော်သံများကို ဟစ်ကြွေးနိုင်သော်လည်း လက်တွေ့မလုပ်ဆောင်နိုင်ပေ၊ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ ဘုရားသခင်၏ အမိန့်တော်များကို သင်တို့ အကောင်အထည်မဖော်နိုင်ပေ။ သင်တို့ စကားပြောသည့်အခါ အလွန်ရှင်းလင်းစွာ ပြောဆိုကြသော်လည်း၊ တကယ့်လက်တွေ့လုပ်ဆောင်မှုများနှင့် ပတ်သက်လာပြီး အခက်အခဲအချို့နှင့် ရင်ဆိုင်ရသည့်အခါတွင် သင်တို့သည် အပျက်သဘောဆောင်လာကြကာ၊ အနည်းငယ် ဆင်းရဲဒုက္ခခံရသည့်အခါတွင် ညည်းညူစပြုလာပြီး တာဝန်ကို စွန့်လွှတ်ချင်လာကြသည်။ ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ကြာ မိုးသည်းထန်စွာ မရွာသွန်းခဲ့ပါက၊ သင်တို့သည် အပျက်သဘောဆောင်လာပြီး ဘုရားသခင်ကို သံသယဝင်ကြမည်ဖြစ်ကာ၊ နောက်ထပ် အနှစ် ၂၀ ကြာ မိုးသည်းထန်စွာ မရွာသွန်းဘဲ ကုန်လွန်သွားပါက၊ သင်တို့သည် ဆက်လက်၍ အပျက်သဘောဆောင်နေဦးမည်လော။ နောဧသည် သင်္ဘောတည်ဆောက်ရင်း နှစ် ၁၀၀ ကျော် အချိန်ကုန်ခဲ့ပြီး မည်သည့်အခါမျှ အပျက်သဘောမဆောင်ခဲ့ သို့မဟုတ် ဘုရားသခင်ကို သံသယမဝင်ခဲ့ဘဲ၊ သင်္ဘောကိုသာ ဆက်လက်တည်ဆောက်နေခဲ့သည်။ နောဧမှလွဲ၍ အခြားမည်သူက ဤသို့ လုပ်ဆောင်နိုင်ခဲ့မည်နည်း။ သင်တို့သည် မည်သည့်နည်းလမ်းများဖြင့် ချို့တဲ့နေကြသနည်း။ (ကျွန်ုပ်တို့တွင် ပုံမှန်လူ့သဘာဝ သို့မဟုတ် အသိစိတ် မရှိပါ။) မှန်ပေသည်။ သင်တို့သည် နောဧ၏ ကိုယ်ကျင့်စရိုက်ကို မပိုင်ဆိုင်ပေ။ နောဧသည် သမ္မာတရားမည်မျှ နားလည်ခဲ့သနည်း။ သူသည် သင်တို့ထက် သမ္မာတရားများကို ပို၍နားလည်ခဲ့သည်ဟု သင်တို့ ထင်သလော။ သင်တို့သည် တရားဒေသနာများစွာကို ကြားခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ နက်နဲမှုများ၊ ဘုရားသခင်၏ အလုပ်အဆင့်သုံးဆင့်၏ အတွင်းကျသောသမ္မာတရား၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၊ ဤသည်တို့မှာ လူသားမျိုးနွယ်ထံ ဖော်ပြခဲ့သည့် အမြင့်မားဆုံးနှင့် အနက်ရှိုင်းဆုံးသော နက်နဲမှုများဖြစ်ပြီး၊ ဤအရာအားလုံးကို သင်တို့အား ရှင်းလင်းစွာ သိစေခဲ့ပြီးဖြစ်သည်၊ သို့ဖြစ်လျှင် သင်တို့သည် နောဧ၏ လူ့သဘာဝကို အဘယ်ကြောင့် ယခုတိုင် မပိုင်ဆိုင်သေးဘဲ နောဧလုပ်ဆောင်နိုင်ခဲ့သည့်အတိုင်း မလုပ်ဆောင်နိုင်ကြသေးသနည်း။ သင်တို့၏ ယုံကြည်ခြင်းနှင့် လူ့သဘာဝသည် နောဧထက် အလွန်နိမ့်ကျလှသည်တကား။ သင်တို့တွင် စစ်မှန်သော ယုံကြည်ခြင်းမရှိ၊ သို့မဟုတ် လူ့သဘာဝအတွင်း၌ ပိုင်ဆိုင်သင့်သည့် အနိမ့်ဆုံးသော အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိဟု ဆိုနိုင်ပေသည်။ သင်တို့သည် တရားဒေသနာများစွာကို နားထောင်ခဲ့ပြီးဖြစ်ကာ အပေါ်ယံအားဖြင့် သင်တို့သည် သမ္မာတရားများကို နားလည်ပုံရသော်လည်း၊ သင်တို့၏ လူ့သဘာဝ အရည်အသွေးနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် တရားဒေသနာများ ပိုမိုနားထောင်ခြင်းဖြင့် သို့မဟုတ် သမ္မာတရားများကို နားလည်ခြင်းဖြင့် ချက်ချင်း မပြောင်းလဲနိုင်ပေ။ ဤအရာများကို ပိုင်းခြားသိမြင်ခြင်းမရှိဘဲ၊ လူတို့သည် မိမိတို့ကိုယ်ကို ရှေးခေတ် သူတော်စင်များထက် များစွာမနိမ့်ကျဟု ခံစားကြရကာ၊ “ကျွန်ုပ်တို့သည် ယခု ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကိုလည်း လက်ခံနေပြီး ဘုရားသခင်၏ ပါးစပ်မှ ဘုရားနှုတ်ကပတ်တော်ကို နားထောင်နေပါသည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို လုပ်ဆောင်ရန် စေခိုင်းသည့်အရာတိုင်းကိုလည်း ကျွန်ုပ်တို့ အလေးအနက်ထား လုပ်ဆောင်နေပါသည်။ လူတိုင်းက ဤအရာများကို အတူတကွ မိတ်သဟာယဖွဲ့ပြီးနောက် စီမံကိန်းချခြင်း၊ ထိထိရောက်ရောက်အသုံးချခြင်းနှင့် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ကြသည်။ ကျွန်ုပ်တို့သည် ရှေးခေတ် သူတော်စင်များနှင့် မည်သို့ ကွာခြားသနည်း။” ဟု မိမိတို့ဘာသာ တွေးထင်ကြသည်။ သင်တို့ ယခုမြင်တွေ့ရသော ကွာခြားချက်သည် ကြီးမားသလော၊ မကြီးမားသလော။ ယင်းမှာ အလွန်ကြီးမားပြီး၊ အဓိကအားဖြင့် ကိုယ်ကျင့်စရိုက်နှင့် ပတ်သက်၍ ဖြစ်သည်။ ယနေ့ခေတ်လူတို့သည် အလွန်ပင် ဖောက်ပြန်ပျက်စီးပြီး တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ကောင်းလှသည်တကား။ ၎င်းတို့သည် အကျိုးမရှိလျှင် လက်ဖျားနှင့်ပင် မတို့ပေ။ ကောင်းမှုများပြုလုပ်ခြင်းနှင့် ကောင်းမှုများကို ပြင်ဆင်ခြင်းသည် ၎င်းတို့အတွက် အလွန်ပင်ပန်းလှသည်တကား။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရန် လိုလားသော်လည်း စိတ်စွမ်းအားမရှိ၊ ဆင်းရဲဒုက္ခခံရန် လိုလားသော်လည်း မခံနိုင်၊ အဖိုးအခပေးဆပ်ရန် ဆန္ဒရှိသော်လည်း မပေးဆပ်နိုင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားသော်လည်း မဆောင်ရွက်နိုင်၊ ဘုရားသခင်ကို ချစ်ရန် ဆန္ဒရှိသော်လည်း ဤအရာကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ဤသို့သော လူ့သဘာဝသည် မည်မျှ အားနည်းချို့တဲ့ကြောင်း ငါ့ကို ပြောလော့။ ဤအရာကို ဖြည့်ဆည်းရန် သမ္မာတရားမည်မျှကို နားလည်ပြီး ပိုင်ဆိုင်ရမည်နည်း။

ငါတို့သည် နောဧ၏ လူ့သဘာဝ၌ အဖိုးတန်သော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သူအလေးထားခြင်းနှင့်ပတ်သက်၍ အခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အခြားတစ်စုံတစ်ရာလည်း ရှိသေးသည်။ ယင်းမှာ အဘယ်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်၊ နောဧသည် အချက်တစ်ချက်ကို သိခဲ့သည်၊ ထိုနည်းတူစွာပင်၊ ဘုရားသခင်၏ အစီအစဉ်မှာ အဘယ်အရာဖြစ်သည်ကိုလည်း သူသိခဲ့သည်။ ထိုအစီအစဉ်မှာ အထိမ်းအမှတ်တစ်ခုအဖြစ် အသုံးပြုရန် သင်္ဘောတစ်စင်းကို တည်ဆောက်ရန်သက်သက်မဟုတ်၊ သို့မဟုတ် အပန်းဖြေဥယျာဉ်တစ်ခု ဖန်တီးရန်လည်းမဟုတ်၊ သို့မဟုတ် အထင်ကရနေရာတစ်ခုအဖြစ် ကြီးမားသောအဆောက်အအုံတစ်ခုကို ပြုလုပ်ရန်လည်းမဟုတ်။ ထိုသို့မဟုတ်ခဲ့ပေ။ ဘုရားသခင် မိန့်တော်မူခဲ့သည့်အရာမှ၊ နောဧသည် အချက်တစ်ချက်ကို သိခဲ့သည်၊ ယင်းမှာ ဘုရားသခင်သည် ဆိုးယုတ်သော ဤလူသားမျိုးနွယ်ကို ရွံမုန်းတော်မူပြီး၊ ဤလူသားမျိုးနွယ်ကို ရေလွှမ်းမိုးဘေးဖြင့် ဖျက်ဆီးရန် ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။ တစ်ချိန်တည်းတွင်၊ နောက်ခေတ်အထိ ရှင်သန်ကျန်ရစ်မည့်သူများသည် ဤသင်္ဘောအားဖြင့် ရေလွှမ်းမိုးဘေးမှ ကယ်တင်ခြင်းခံရမည်ဖြစ်ပြီး၊ ယင်းက သူတို့ကို ရှင်သန်ခွင့်ပြုမည်ဖြစ်သည်။ ဤအချက်၌ အဓိကကျသောအကြောင်းအရာမှာ အဘယ်နည်း။ ဘုရားသခင်သည် ကမ္ဘာကြီးကို ရေလွှမ်းမိုးဘေးဖြင့် ဖျက်ဆီးမည်ဖြစ်ပြီး၊ နောဧအား သင်္ဘောတစ်စင်းတည်ဆောက်၍ ရှင်သန်ရန်နှင့် သက်ရှိသတ္တဝါအမျိုးအစားတိုင်း ရှင်သန်ရန် ရည်ရွယ်တော်မူခဲ့သော်လည်း၊ လူသားမျိုးနွယ်ကိုမူ ဖျက်ဆီးရန် ရည်ရွယ်ခဲ့သည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ ကြီးကျယ်သော အရာတစ်ခုလော။ ဤသည်မှာ မပြောပလောက်သော မိသားစုကိစ္စတစ်ခုမဟုတ်၊ တစ်ဦးတစ်ယောက် သို့မဟုတ် မျိုးနွယ်စုတစ်စုနှင့် သက်ဆိုင်သော သေးငယ်သည့်ကိစ္စလည်းမဟုတ်၊ ထိုအစား၊ ယင်းသည် ကြီးမားသော လုပ်ငန်းတစ်ရပ်နှင့် သက်ဆိုင်သည်။ မည်သို့သော ကြီးမားသည့် လုပ်ငန်းမျိုးနည်း။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သက်ဆိုင်သော လုပ်ငန်းဖြစ်သည်။ ဘုရားသခင်သည် ကြီးကျယ်သောအရာတစ်ခုကို လုပ်ဆောင်တော့မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် သက်ဆိုင်ကာ၊ သူ၏စီမံခန့်ခွဲမှု၊ လူသားမျိုးနွယ်အပေါ် သူ၏သဘောထားနှင့် ယင်း၏ကံကြမ္မာတို့နှင့် သက်ဆိုင်သောအရာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ဤအမှုကို သူ့အား အပ်နှံစဉ် နောဧ သိရှိခဲ့သည့် တတိယမြောက် သတင်းအချက်အလက် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဤအကြောင်းကို သူကြားသိခဲ့ရသည့်အခါ နောဧ၏ သဘောထားမှာ အဘယ်နည်း။ ယုံကြည်ခြင်းလော၊ သံသယဝင်ခြင်းလော၊ သို့မဟုတ် လုံးဝမယုံကြည်ခြင်းလော။ (ယုံကြည်ခြင်း ဖြစ်ပါသည်။) သူသည် မည်သည့်အတိုင်းအတာအထိ ယုံကြည်ခဲ့သနည်း။ သူဤသို့ယုံကြည်ခဲ့ကြောင်း မည်သည့်အချက်များက သက်သေပြသနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသည့်အခါ၊ သူသည် ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ခဲ့ပြီး၊ ဘုရားသခင် မိန့်တော်မူခဲ့သည့်အတိုင်း သင်္ဘောကို တည်ဆောက်ခဲ့သည်၊ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၏သဘောထားသည် ယုံကြည်ခြင်းနှင့်ဆိုင်သောအရာတစ်ခုဖြစ်ကြောင်း ဆိုလိုပါသည်။) နောဧ၌ ထင်ရှားပေါ်လွင်ခဲ့သည့်အရာအားလုံးမှ၊ ဘုရားသခင် သူ့အား အပ်နှံခဲ့သည့်အရာကို နောဧလက်ခံပြီးနောက် အကောင်အထည်ဖော်မှုနှင့် လုပ်ဆောင်မှုအဆင့်မှသည် နောက်ဆုံး၌ ပြီးမြောက်ခဲ့သည့် အချက်အထိတွင် ဘုရားသခင် မိန့်မြွက်ခဲ့သော စကားလုံးတိုင်းအပေါ် နောဧ၌ အကြွင်းမဲ့ယုံကြည်ခြင်း ရှိခဲ့သည်ကို တွေ့မြင်နိုင်သည်။ အဘယ်ကြောင့် သူ၌ အကြွင်းမဲ့ယုံကြည်ခြင်း ရှိခဲ့သနည်း။ အဘယ်သို့ သူ၌ သံသယများ မရှိခဲ့သနည်း။ အဘယ်သို့ သူသည် ပိုင်းခြားစိတ်ဖြာရန် မကြိုးစားဘဲ၊ ဤအရာကို သူ၏စိတ်နှလုံးထဲ၌ မစစ်ဆေးဘဲ နေခဲ့သနည်း။ ဤသည်မှာ မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ (ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်ပါသည်။) မှန်ပေသည်၊ ဤသည်မှာ ဘုရားသခင်အပေါ် နောဧ၏ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင် မိန့်တော်မူခဲ့သည့်အရာအားလုံးနှင့် သူ၏စကားလုံးတိုင်းနှင့် ပတ်သက်လာလျှင်၊ နောဧသည် နားထောင်ပြီး လက်ခံရုံမျှသာမဟုတ်၊ ထိုအစား သူ၏စိတ်နှလုံး နက်ရှိုင်းရာ၌ စစ်မှန်သော သိကျွမ်းနားလည်မှုနှင့် ယုံကြည်ခြင်း ရှိခဲ့သည်။ ရေလွှမ်းမိုးဘေး မည်သည့်အချိန်တွင် ကျရောက်မည်၊ သို့မဟုတ် မကျရောက်မီ နှစ်မည်မျှကြာမည်၊ သို့မဟုတ် ဤရေလွှမ်းမိုးဘေးများ၏ အတိုင်းအတာ မည်မျှရှိမည်၊ သို့မဟုတ် ကမ္ဘာကြီးကို ဘုရားသခင် ဖျက်ဆီးပြီးနောက် မည်သို့ဖြစ်မည်တို့ကဲ့သို့သော အမျိုးမျိုးသောအသေးစိတ်အချက်များကို ဘုရားသခင် သူ့အား မပြောပြခဲ့သော်လည်း၊ ဘုရားသခင် မိန့်တော်မူခဲ့သမျှသည် အချက်အလက်တစ်ခု ဖြစ်နှင့်ပြီးဖြစ်ကြောင်း နောဧ ယုံကြည်ခဲ့သည်။ နောဧသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံပြင်တစ်ပုဒ်၊ သို့မဟုတ် ဒဏ္ဍာရီတစ်ခု၊ သို့မဟုတ် ဆိုရိုးစကားတစ်ခု၊ သို့မဟုတ် စာတစ်စောင်ကဲ့သို့ သဘောမထားဘဲ၊ သူ၏စိတ်နှလုံး နက်ရှိုင်းရာ၌ ဘုရားသခင်သည် ဤသို့လုပ်ဆောင်တော့မည်ဖြစ်ကြောင်းနှင့် ဘုရားသခင် ပြီးမြောက်ရန် ဆုံးဖြတ်ထားသည့်အရာကို မည်သူမျှ မပြောင်းလဲနိုင်ကြောင်း ယုံကြည်ပြီး သေချာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် ပြီးမြောက်စေလိုသည့်အရာတို့အပေါ် လူတို့၌ သဘောထားတစ်မျိုးတည်းသာ ရှိနိုင်သည်ဟု နောဧ ခံစားခဲ့ရသည်၊ ယင်းမှာ ဤအချက်ကို လက်ခံရန်၊ ဘုရားသခင် အမိန့်ပေးသည့်အရာကို ကျိုးနွံနာခံရန်နှင့် ဘုရားသခင်က သူတို့ကို လုပ်ဆောင်စေလိုသည့် တာဝန်များကို ကောင်းစွာထမ်းဆောင်ရန် ဖြစ်သည်။ ဤသည်မှာ သူ၏သဘောထား ဖြစ်သည်။ နောဧ၌ ပိုင်းခြားစိတ်ဖြာခြင်းမရှိ၊ စစ်ဆေးခြင်းမရှိ၊ သံသယဝင်ခြင်းမရှိဘဲ၊ သူ၏စိတ်နှလုံး နက်ရှိုင်းရာမှ ယုံကြည်လျက်၊ ထို့နောက် ဘုရားသခင် တောင်းဆိုသည့်အရာကို ဆောင်ရွက်ရန်နှင့် ဘုရားသခင် ပြီးမြောက်စေလိုသည့်အရာ၌ သူ၏အပိုင်းကို လုပ်ဆောင်ရန် ဆုံးဖြတ်ခြင်းတို့ဖြစ်သည့် ထိုသို့သော သဘောထားရှိခဲ့သောကြောင့်သာလျှင်၊ ဤအရာကြောင့်သာလျှင် သင်္ဘောတည်ဆောက်ခြင်းနှင့် သက်ရှိသတ္တဝါအမျိုးအစားတိုင်းကို စုဆောင်း၍ ရှင်သန်ကျန်ရစ်စေခြင်းဟူသည့်အချက် ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍၊ ဘုရားသခင်က ကမ္ဘာကြီးကို ရေလွှမ်းမိုးဘေးဖြင့် ဖျက်ဆီးမည်ဟု မိန့်တော်မူသည်ကို နောဧ ကြားသည့်အခါ၊ သူသည် သံသယဝင်ခဲ့လျှင်၊ သူ မမြင်ဖူးသောကြောင့်၊ မည်သည့်အချိန်တွင် ဖြစ်ပွားမည်ကို မသိသောကြောင့်၊ မသိနိုင်သောအရာများစွာ ရှိနေသောကြောင့် ဤအရာကို လုံးဝမယုံကြည်ဝံ့ခဲ့လျှင်၊ သင်္ဘောတည်ဆောက်ခြင်းအပေါ် သူ၏စိတ်နေသဘောထားနှင့် ယုံကြည်စိတ်ချမှုတို့သည် သက်ရောက်မှုရှိပြီး ပြောင်းလဲသွားမည်လော။ (ပြောင်းလဲသွားမည် ဖြစ်ပါသည်။) မည်သို့ ပြောင်းလဲသွားမည်နည်း။ သင်္ဘောတည်ဆောက်စဉ်၊ သူသည် ခိုကပ်ကောင်း ခိုကပ်မည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို လျစ်လျူရှုကောင်း ရှုမည်၊ သို့မဟုတ် ဘုရားသခင် တောင်းဆိုသည့်အတိုင်း သက်ရှိသတ္တဝါအမျိုးအစားတိုင်းကို သင်္ဘောအတွင်း၌ မစုဆောင်းဘဲ နေကောင်းနေမည်၊ ဘုရားသခင်က အဖိုတစ်ကောင်နှင့် အမတစ်ကောင် ရှိရမည်ဟု မိန့်တော်မူခဲ့ရာ၊ သူက “သူတို့ထဲက တချို့အတွက် အမတစ်ကောင်ရှိရုံနဲ့ လုံလောက်သည်။ တချို့ကို ကျွန်တော် ရှာမတွေ့ပါ၊ ဒါကြောင့် သူတို့ကို ထားလိုက်ပါ။ ကမ္ဘာကြီးကို ဖျက်ဆီးမည့် ရေလွှမ်းမိုးဘေး ဘယ်တော့ဖြစ်မယ်ဆိုတာမည်သူသိမည်နည်း” ဟု ပြောကောင်းပြောခဲ့မည်ဖြစ်သည်။ သင်္ဘောတည်ဆောက်ခြင်းနှင့် သက်ရှိသတ္တဝါအမျိုးအစားတိုင်းကို စုဆောင်းခြင်းဟူသည့် ကြီးမားသော ဆောင်ရွက်မှုသည် နှစ်ပေါင်း ၁၂၀ ကြာ ခဲ့သည်။ နောဧ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စစ်မှန်သော ယုံကြည်ခြင်း မရှိခဲ့ပါက ဤနှစ်ပေါင်း ၁၂၀ ကို သူဇွဲရှိရှိ လုပ်ဆောင်ခဲ့မည်လော။ လုံးဝမလုပ်ဆောင်နိုင်ပေ။ ပြင်ပကမ္ဘာမှ နှောင့်ယှက်မှုများ၊ မိမိ၏ မိသားစုဝင်များထံမှ အမျိုးမျိုးသော ညည်းညူသံများနှင့်အတူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အမှန်တရားဖြစ်ကြောင်း မယုံကြည်သူတစ်ဦးအတွက်၊ သင်္ဘောတည်ဆောက်ခြင်းအမှုသည် နှစ်ပေါင်း ၁၂၀ ကြာမည်လောဆိုသည်ကို မဆိုထားနှင့်၊ ပြီးမြောက်ရန်ပင် အလွန်ခက်ခဲလိမ့်မည်။ ပြီးခဲ့သည့်အကြိမ်က၊ နှစ်ပေါင်း ၁၂၀ သည် ကြာသောအချိန်ဟုတ်မဟုတ် ငါသင်တို့ကို မေးခဲ့သည်။ သင်တို့အားလုံး ကြာသည်ဟု ပြောခဲ့ကြသည်။ သင်တို့ မည်မျှကြာကြာ ခံနိုင်ရည်ရှိမည်ကို ငါမေးခဲ့ပြီး၊ နောက်ဆုံး၌ ၁၅ ရက်မျှ ခံနိုင်ရည်ရှိမည်လောဟု ငါမေးသည့်အခါ၊ သင်တို့ထဲမှ မည်သူမျှ ခံနိုင်ရည်ရှိမည်ဟု မပြောခဲ့ကြသဖြင့် ငါ၏စိတ်နှလုံးသည် လေးလံသွားခဲ့သည်။ သင်တို့သည် နောဧထက် များစွာ နိမ့်ကျလှသည်။ သင်တို့သည် သူ၏ဆံပင်တစ်မျှင်ကိုပင် မမီ၊ သင်တို့သည် သူ၏ယုံကြည်ခြင်း၏ ဆယ်ပုံတစ်ပုံကိုပင် မပိုင်ဆိုင်ကြပေ။ သင်တို့သည် မည်မျှ သနားစရာကောင်းလိုက်သနည်း။ တစ်ဖက်တွင်၊ သင်တို့၏ လူ့သဘာဝနှင့် တည်ကြည်မှုသည် အလွန်နိမ့်ကျသည်။ အခြားတစ်ဖက်တွင်မူ၊ သင်တို့၏ သမ္မာတရားကို လိုက်စားမှုသည် အခြေခံအားဖြင့် မရှိဟု ဆိုနိုင်သည်။ သို့ဖြစ်၍၊ သင်တို့သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းကို မဖြစ်ပေါ်စေနိုင်သကဲ့သို့၊ သင်တို့၌ စစ်မှန်သော ကျိုးနွံနာခံခြင်းလည်း မရှိပေ။ သို့ဆိုလျှင် သင်တို့သည် ယခုအချိန်အထိ မည်သို့ ခံနိုင်ရည်ရှိခဲ့ကြသနည်း။ အဘယ်ကြောင့် ငါမိတ်သဟာယဖွဲ့သည့်အခါ၊ သင်တို့သည် ထိုနေရာ၌ ထိုင်၍ နားထောင်နေကြသေးသနည်း။ သင်တို့၌ တွေ့ရှိရသော သွင်ပြင်လက္ခဏာနှစ်မျိုး ရှိသည်။ တစ်ဖက်တွင်၊ သင်တို့အများစုသည် ကောင်းမွန်လိုကြသေးသည်၊ သင်တို့သည် လူဆိုးများ မဖြစ်လိုကြပေ။ သင်တို့သည် လမ်းကောင်းကို လျှောက်လှမ်းလိုကြသည်။ သင်တို့၌ ဤစိတ်ပိုင်းဖြတ်မှုအနည်းငယ်၊ ဤကောင်းသောရည်သန်မျှော်မှန်းချက်အနည်းငယ် ရှိသည်။ တစ်ချိန်တည်းတွင်၊ သင်တို့အများစုသည် သေခြင်းကို ကြောက်ကြသည်။ သင်တို့သည် သေခြင်းကို မည်သည့်အတိုင်းအတာအထိ ကြောက်ကြသနည်း။ ပြင်ပကမ္ဘာ၌ ဒုက္ခ၏ အရိပ်အယောင်အနည်းငယ်မျှ ရှိသည်နှင့်၊ သင်တို့ထဲမှ အချို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာ၌ အပိုအားထုတ်မှု ပြုကြသည်၊ အခြေအနေများ ငြိမ်သက်သွားသည့်အခါ၊ ၎င်းတို့သည် သက်သောင့်သက်သာရှိမှုကို မွေ့လျော်ခံစားကြပြီး၊ မိမိတို့၏တာဝန်၌ အားထုတ်မှု များစွာ လျော့နည်းသွားကြသည်၊ ၎င်းတို့သည် မိမိတို့၏ ဇာတိပကတိကို အမြဲတစေ ဂရုစိုက်နေကြသည်။ နောဧ၏ စစ်မှန်သော ယုံကြည်ခြင်းနှင့် နှိုင်းယှဉ်လျှင်၊ သင်တို့၌ ထင်ရှားပေါ်လွင်သည့်အရာတွင် စစ်မှန်သော ယုံကြည်ခြင်း တစ်စုံတစ်ရာ ရှိပါသလော။ (မရှိပါ။) ငါလည်း ထိုသို့ပင် ထင်သည်။ ယုံကြည်ခြင်းအနည်းငယ် ရှိလျှင်ပင်၊ ယင်းမှာ သနားစဖွယ် သေးငယ်ပြီး၊ စမ်းသပ်မှုများ၏ စစ်ဆေးခြင်းကို ခံနိုင်ရည်မရှိပေ။

ငါသည် မည်သည့်အလုပ်အစီအစဉ်ကိုမျှ မထုတ်ပြန်ခဲ့ဖူးသော်လည်း၊ ၎င်းတို့ကို ဤသို့သော စကားများဖြင့် နိဒါန်းပျိုးလေ့ရှိသည်ကို ငါမကြာခဏ ကြားဖူးသည်၊ “ယခုအချိန်တွင်၊ နိုင်ငံအသီးသီးသည် အကြီးအကျယ် ဖရိုဖရဲဖြစ်နေသည်၊ လောကီရေစီးကြောင်းများသည် အစဉ်အမြဲ ပိုမိုဆိုးယုတ်လာနေပြီး၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြစ်ပေးတော်မူလိမ့်မည်၊ ကျွန်ုပ်တို့သည် ဤသို့ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏တာဝန်ကို စံမီအောင်ထမ်းဆောင်သင့်ပြီး၊ ဘုရားသခင်ထံ ကျွန်ုပ်တို့၏သစ္စာစောင့်သိမှုကို ပေးသင့်သည်။” “ယနေ့ခေတ်တွင်၊ ကပ်ရောဂါများသည် အစဉ်အမြဲ ပိုမိုပြင်းထန်လာသည်၊ ပတ်ဝန်းကျင်သည် အစဉ်အမြဲ ပိုမိုဆိုးရွားလာသည်၊ ဘေးအန္တရာယ်များသည် အစဉ်အမြဲ ပိုမိုကြီးမားလာသည်၊ လူတို့သည် နာမကျန်းမှုနှင့် သေခြင်း၏ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပြီး၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး၊ ဘုရားသခင်ရှေ့မှောက်၌ ပိုမိုဆုတောင်းမှသာလျှင် ကပ်ရောဂါကို ရှောင်ရှားနိုင်မည်ဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်တစ်ပါးတည်းသာ ကျွန်ုပ်တို့၏ ခိုလှုံရာဖြစ်သောကြောင့်တည်း။ ယခုအခါ၊ ထိုသို့သောအခြေအနေများ၊ ထိုသို့သောပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရလျက်၊ ကျွန်ုပ်တို့သည် ဤသို့ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကောင်းမှုများကို ပြင်ဆင်သင့်ပြီး ဤသို့ထိုသို့လုပ်ဆောင်ခြင်းဖြင့် မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်သင့်သည်။ ဤသည်မှာ မဖြစ်မနေလုပ်ဆောင်ရမည့်အရာ ဖြစ်သည်။” “ယခုနှစ်၏ ပိုးမွှားပြန့်ပွားမှုသည် အထူးပြင်းထန်ခဲ့သည်၊ လူသားမျိုးနွယ်သည် အငတ်ဘေးနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး၊ မကြာမီ လုယက်မှုများနှင့် လူမှုရေးမတည်ငြိမ်မှုများနှင့် ကြုံတွေ့ရမည်ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သူများသည် ဘုရားသခင်၏ကာကွယ်မှုကို ဆုတောင်းပြီး တောင်းခံရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏလာသင့်ပြီး၊ ပုံမှန်အသင်းတော်အသက်တာနှင့် ပုံမှန်ဝိညာဉ်ရေးအသက်တာကို ထိန်းသိမ်းရမည်။” စသည်ဖြင့် ဖြစ်သည်။ ထို့နောက်၊ နိဒါန်းကို ပြောပြီးသည်နှင့်၊ သတ်သတ်မှတ်မှတ်ဖြစ်သော အစီအစဉ်များ စတင်တော့သည်။ အကြိမ်တိုင်း၊ ဤနိဒါန်းများသည် လူတို့၏ယုံကြည်ခြင်းအပေါ် အချိန်ကိုက်ဖြစ်သည့်၊ ဆုံးဖြတ်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သို့ဖြစ်၍ ငါတွေးမိသည်မှာ၊ ဤနိဒါန်းများနှင့် ဖော်ပြချက်များကို မပြုလုပ်ခဲ့ပါက အလုပ်အစီအစဉ်များကို မဆောင်ရွက်မည်လော။ ဤနိဒါန်းများမရှိဘဲ၊ အလုပ်အစီအစဉ်များသည် အလုပ်အစီအစဉ်များ မဖြစ်မည်လော။ ၎င်းတို့ကို ထုတ်ပြန်ရန် အကြောင်းပြချက် မရှိမည်လော။ ဤမေးခွန်းများ၏အဖြေမှာ ထိုသို့မဟုတ်သည်မှာ သေချာသည်။ ယခု ငါသိလိုသည်မှာ၊ လူတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ မည်သည့်ရည်ရွယ်ချက် ရှိကြသနည်း။ သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အရေးပါမှုမှာ အတိအကျ အဘယ်နည်း။ ဘုရားသခင် ပြီးမြောက်စေလိုသည့် အချက်အလက်များကို သူတို့ နားလည်ကြသလော၊ မလည်ကြသလော။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ သဘောထားသင့်သနည်း။ ဖန်ဆင်းရှင် တောင်းဆိုသမျှကို သူတို့ မည်သို့ သဘောထားသင့်သနည်း။ ဤမေးခွန်းများသည် စဉ်းစားထိုက်သော မေးခွန်းများ ဖြစ်သလော။ အကယ်၍ လူတို့ကို နောဧ၏စံနှုန်းအတိုင်း တိုင်းတာမည်ဆိုလျှင်၊ ငါ့အမြင်၌ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ “ဖန်ဆင်းခံ” ဟူသောဘွဲ့ကို ခံထိုက်မည်မဟုတ်ပေ။ သူတို့သည် ဘုရားသခင်ရှေ့မှောက်သို့ လာရန် မထိုက်တန်ကြပေ။ အကယ်၍ ယနေ့ခေတ်လူတို့၏ ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းကို နောဧအပေါ် ဘုရားသခင်၏ သဘောထားနှင့် နောဧကို ဘုရားသခင် ရွေးချယ်ခဲ့သည့် စံနှုန်းများဖြင့် တိုင်းတာမည်ဆိုလျှင်၊ ဘုရားသခင်သည် ၎င်းတို့အပေါ် စိတ်ကျေနပ်နိုင်မည်လော။ (မကျေနပ်နိုင်ပါ။) ၎င်းတို့သည် အလွန်ကွာခြားလှသည်တကား။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်သည်ဟု အမြဲပြောဆိုကြသော်လည်း၊ ဤယုံကြည်ခြင်းနှင့် ကိုးကွယ်ခြင်းသည် ၎င်းတို့အထဲ၌ မည်သို့ ထင်ရှားပေါ်လွင်သနည်း။ အမှန်စင်စစ်၊ ယင်းသည် ဘုရားသခင်အပေါ် သူတို့၏မှီခိုမှု၊ ဘုရားသခင်အပေါ် သူတို့၏တောင်းဆိုမှုများအပြင်၊ သူ့အပေါ် သူတို့၏ အမှန်စင်စစ် ပုန်ကန်မှု၊ ပြီးလျှင် လူ့ဇာတိခံ ဘုရားသခင်အပေါ် သူတို့၏ မထီမဲ့မြင်ပြုခြင်းအဖြစ်ပင် ထင်ရှားပေါ်လွင်သည်။ ဤအရာအားလုံးကို လူသားမျိုးနွယ်၏ သမ္မာတရားကို မထီမဲ့မြင်ပြုခြင်းနှင့် စည်းမျဉ်းကို ဗြောင်ကျကျ ချိုးဖောက်ခြင်းဟု မှတ်ယူနိုင်မည်လော။ အမှန်တကယ်တွင်၊ ထိုသို့ပင်ဖြစ်သည်။ ဤသည်မှာ ယင်း၏အနှစ်သာရ ဖြစ်သည်။ အလုပ်အစီအစဉ်များတွင် ဤစကားများ ပါဝင်သည့်အခါတိုင်း၊ လူတို့၏ “ယုံကြည်ခြင်း” သည် တိုးပွားလာသည်၊ အလုပ်အစီအစဉ်များ ထုတ်ပြန်သည့်အခါတိုင်း၊ လူတို့သည် အလုပ်အစီအစဉ်များ၏ တောင်းဆိုချက်များနှင့် အရေးပါမှုကို သိရှိနားလည်ပြီး၊ ၎င်းတို့ကို ဆောင်ရွက်နိုင်သည့်အခါ၊ သူတို့၏ ကျိုးနွံနာခံမှုအဆင့်သည် တိုးပွားလာခဲ့ပြီး၊ သူတို့သည် ယခုအခါ ကျိုးနွံနာခံခြင်းကို ပိုင်ဆိုင်ပြီဟု ယုံကြည်ကြသည်။ သို့သော်၊ အမှန်တကယ်တွင်၊ သူတို့သည် ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံခြင်းကို အမှန်တကယ် ပိုင်ဆိုင်ကြပါသလော။ နောဧ၏စံနှုန်းဖြင့် တိုင်းတာသည့်အခါ ဤယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းဆိုသည့်အရာမှာ အတိအကျ အဘယ်နည်း။ အမှန်စင်စစ်၊ အပေးအယူတစ်မျိုး ဖြစ်သည်။ ဤအရာကို ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံခြင်းဟု အဘယ်သို့ မှတ်ယူ၍ ရနိုင်မည်နည်း။ လူတို့၏ ဤစစ်မှန်သော ယုံကြည်ခြင်းဆိုသည့်အရာမှာ အဘယ်နည်း။ “နောက်ဆုံးသောကာလ ရောက်လာပြီ။ ဘုရားသခင် မြန်မြန်အလုပ်လုပ်ပါစေလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘုရားသခင် ကမ္ဘာကြီးကို ဖျက်ဆီးတဲ့အခါ ကျွန်တော် ဒီမှာရှိနေနိုင်တာ၊ ကံကောင်းစွာနဲ့ ကျန်ရစ်နိုင်ပြီး၊ ဖျက်ဆီးခြင်းရဲ့ဒဏ်ကို မခံစားရတာဟာ တကယ့်ကောင်းချီးပါပဲ။ ဘုရားသခင်ဟာ သိပ်ကောင်းတယ်၊ သူဟာ လူတွေကို သိပ်ချစ်တယ်၊ ဘုရားသခင်ဟာ သိပ်ကြီးမြတ်တယ်။ သူဟာ လူကို အလွန်ချီးမြှောက်ခဲ့တယ်၊ ဘုရားသခင်ဟာ အမှန်တကယ် ဘုရားသခင်ပဲ၊ ဘုရားသခင်တစ်ပါးတည်းသာ ဒီလိုအမှုတွေကို လုပ်ဆောင်နိုင်တယ်။” သူတို့၏ စစ်မှန်သော ကျိုးနွံနာခံခြင်းဆိုသည့်အရာမှာမူ “ဘုရားသခင်ပြောသမျှ အမှန်ပဲ။ သင့်ကို သူခိုင်းသမျှ လုပ်ပါ။ မဟုတ်ရင်၊ သင်ဟာ ကပ်ဘေးထဲ ကျရောက်သွားပြီး သင့်အတွက် အားလုံးပြီးဆုံးသွားလိမ့်မယ်၊ ဘယ်သူမှ သင့်ကို မကယ်တင်နိုင်ဘူး” ဟူ၍ ဖြစ်သည်။ သူတို့၏ ယုံကြည်ခြင်းသည် စစ်မှန်သော ယုံကြည်ခြင်းမဟုတ်၊ သူတို့၏ ကျိုးနွံနာခံခြင်းသည်လည်း စစ်မှန်သော ကျိုးနွံနာခံခြင်းမဟုတ်။ ဤသည်တို့မှာ လိမ်ညာမှုများသက်သက်သာ ဖြစ်သည်။

ယနေ့ခေတ်တွင်၊ ကမ္ဘာပေါ်ရှိ လူတိုင်းနီးပါးသည် နောဧ၏ သင်္ဘောတည်ဆောက်ခြင်းအကြောင်းကို သိကြသည် မဟုတ်လော။ သို့သော် အတွင်းကျသော အကြောင်းအရာတို့ကို လူမည်မျှ သိရှိကြသနည်း။ နောဧ၏ စစ်မှန်သော ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းကို လူမည်မျှ နားလည်ကြသနည်း။ နောဧအပေါ် ဘုရားသခင်၏ အကဲဖြတ်ချက်မှာ အဘယ်အရာဖြစ်သည်ကို မည်သူက သိပြီး ဂရုစိုက်သနည်း။ မည်သူမျှ ဤအရာကို အာရုံမစိုက်ပေ။ ဤသည်မှာ အဘယ်အရာကို ပြသနည်း။ ယင်းမှာ လူတို့သည် သမ္မာတရားကို မလိုက်စားကြဘဲ၊ အပြုသဘောဆောင်သော အရာများကို မနှစ်သက်ကြကြောင်း ပြသသည်။ ပြီးခဲ့သည့်အကြိမ်က၊ ဤပုဂ္ဂိုလ်နှစ်ဦး၏ ပုံပြင်များအပေါ် ငါမိတ်သဟာယဖွဲ့ပြီးနောက်၊ ဤပုံပြင်များ၏ အသေးစိတ်အချက်အလက်များကို ဖတ်ရှုရန် တစ်စုံတစ်ယောက်က သမ္မာကျမ်းစာကို ပြန်ဖတ်ကြည့်ခဲ့သလော။ နောဧ၊ အာဗြဟံနှင့် ယောဘတို့၏ ပုံပြင်များကို သင်တို့ကြားသည့်အခါ စိတ်ထိခိုက်ခဲ့ကြသလော။ (ခံစားရခဲ့ပါသည်။) သင်တို့သည် ဤလူသုံးဦးကို အားကျပါသလော။ (အားကျပါသည်။) သင်တို့သည် သူတို့ကဲ့သို့ ဖြစ်ချင်ပါသလော။ (ဖြစ်ချင်ပါသည်။) သို့ဆိုလျှင်၊ သူတို့၏ပုံပြင်များ၊ သူတို့၏အပြုအမူ၏ အနှစ်သာရ၊ ဘုရားသခင်အပေါ် သူတို့၏သဘောထား၊ သူတို့၏ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့အကြောင်း သင်တို့ အသေးစိတ် မိတ်သဟာယဖွဲ့ခဲ့ကြပါသလော။ ဤသို့သောလူစားမျိုးကဲ့သို့ ဖြစ်လိုသောသူများသည် မည်သည့်နေရာမှ စသင့်သနည်း။ ငါသည် ယောဘ၏ပုံပြင်ကို လွန်ခဲ့သောအချိန်ကတည်းက ပထမဆုံးအကြိမ် ဖတ်ခဲ့ပြီး၊ နောဧနှင့် အာဗြဟံတို့၏ ပုံပြင်များကိုလည်း အနည်းငယ် နားလည်ခဲ့သည်။ ထိုလူသုံးဦး ပြသခဲ့သည့်အရာ၊ ဘုရားသခင်က သူတို့ကို မိန့်တော်မူခဲ့ပြီး လုပ်ဆောင်ခဲ့သည့်အရာ၊ သူတို့၏ အမျိုးမျိုးသော သဘောထားများအကြောင်းကို ဖတ်ရှုပြီး ငါ၏စိတ်နှလုံးထဲ၌ စဉ်းစားသည့်အခါတိုင်း၊ မျက်ရည်ကျတော့မည်ဖြစ်သကဲ့သို့ ငါခံစားရသည်။ စိတ်ထိခိုက်မိရသည်။ သို့ဆိုလျှင် သင်တို့သည် ၎င်းတို့ကို ဖတ်သည့်အခါ အဘယ်အရာက သင်တို့ကို စိတ်ထိခိုက်စေခဲ့သနည်း။ (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ပြီးသည့်နောက်၊ ယောဘသည် သူ၏စမ်းသပ်မှုများကို ခံနေရစဉ်၊ ဘုရားသခင်သည် သူ့အတွက် ဆင်းရဲဒုက္ခခံနေရသည်ဟု သူတွေးထင်ခဲ့ပြီး၊ ဘုရားသခင်ကို ဆင်းရဲဒုက္ခမခံစေချင်သောကြောင့် သူမွေးဖွားခဲ့သည့်နေ့ကို သူကျိန်ဆဲခဲ့ကြောင်း ကျွန်ုပ် နောက်ဆုံး၌ သိလာခဲ့ရသည်။ ဤအရာကို ကျွန်ုပ်ဖတ်သည့်အခါတိုင်း၊ ယောဘသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမှန်တကယ် အလေးထားခဲ့သည်ဟု ကျွန်ုပ်ခံစားရပြီး အလွန်စိတ်ထိခိုက်မိပါသည်။) အခြားအဘယ်အရာ ရှိသေးသနည်း။ (နောဧသည် သင်္ဘောတည်ဆောက်စဉ် ထိုသို့သော ဆင်းရဲဒုက္ခများကို ဖြတ်သန်းခဲ့ရသော်လည်း၊ သူသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ခဲ့သေးသည်။ အာဗြဟံသည် အသက် ၁၀၀ အရွယ်တွင် သားတစ်ယောက်ကို ချီးမြှင့်ခံခဲ့ရပြီး ဝမ်းမြောက်ခြင်းနှင့် ပြည့်ခဲ့သော်လည်း၊ ဘုရားသခင်က သူ့အား သူ၏သားကို ပူဇော်ရန် တောင်းဆိုသည့်အခါ၊ သူသည် နာခံပြီး ကျိုးနွံနာခံနိုင်ခဲ့သော်လည်း၊ ကျွန်ုပ်တို့မှာမူ ထိုသို့မလုပ်ဆောင်နိုင်ပါ။ ကျွန်ုပ်တို့တွင် နောဧ သို့မဟုတ် အာဗြဟံ၏ လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိပါ။ သူတို့၏ပုံပြင်များကို ဖတ်သည့်အခါ ကျွန်ုပ် အလွန်လေးစားမိပါသည်၊ ၎င်းတို့သည် ကျွန်ုပ်တို့အတုယူသင့်သော စံပြများလည်း ဖြစ်ကြပါသည်။) (ပြီးခဲ့သည့်အကြိမ် ကိုယ်တော်မိတ်သဟာယဖွဲ့စဉ်က၊ နောဧသည် သင်္ဘောတည်ဆောက်ခြင်း၌ နှစ်ပေါင်း ၁၂၀ ကြာ ဇွဲရှိနိုင်ခဲ့ပြီး ဘုရားသခင်က သူ့အား အမိန့်ပေးခဲ့သည့်အရာများကို စုံလင်စွာ ပြီးမြောက်စေကာ ဘုရားသခင်၏ မျှော်လင့်ချက်များကို မဖျက်ဆီးခဲ့ကြောင်း ကိုယ်တော်ဖော်ပြခဲ့ပါသည်။ ဤအရာကို ကျွန်ုပ်၏ တာဝန်အပေါ်ထားရှိသော ကျွန်ုပ်၏ သဘောထားနှင့် နှိုင်းယှဉ်ကြည့်ရာတွင်၊ ကျွန်ုပ်၌ ဇွဲလုံ့လ လုံးဝမရှိသည်ကို တွေ့ရပါသည်။ ဤသည်မှာ ကျွန်ုပ်ကို အပြစ်ရှိသလို ခံစားရစေသကဲ့သို့ စိတ်လည်းထိခိုက်စေပါသည်။) သင်တို့အားလုံး စိတ်ထိခိုက်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါတို့သည် ဤအကြောင်းအရာကို လောလောဆယ် မိတ်သဟာယဖွဲ့မည်မဟုတ်၊ နောဧနှင့် အာဗြဟံတို့၏ ပုံပြင်များကို ငါတို့ အဆုံးသတ်ပြီးနောက် ဤအရာအားလုံးကို ဆွေးနွေးကြမည်။ မည်သည့်အပိုင်းများက ငါ့ကို စိတ်ထိခိုက်စေခဲ့သည်ကို ငါသင်တို့ကို ပြောပြမည်ဖြစ်ပြီး၊ ၎င်းတို့သည် သင်တို့ကို စိတ်ထိခိုက်စေခဲ့သည့်အရာများနှင့် တူညီခြင်းရှိမရှိကို ငါတို့ ကြည့်ကြမည်။

ငါတို့သည် ဘုရားသခင်အပေါ် နောဧ၏ စစ်မှန်သော ယုံကြည်ခြင်းအကြောင်းကို ယခု မိတ်သဟာယဖွဲ့ခဲ့ကြသည်။ သူ၏ သင်္ဘောတည်ဆောက်ခြင်းနှင့်ဆိုင်သည့် ဖော်ပြခဲ့ပြီးဖြစ်သော အချက်အလက်များသည် သူ၏စစ်မှန်သော ယုံကြည်ခြင်းကို ပြသရန် လုံလောက်ပါသည်။ နောဧ၏ စစ်မှန်သော ယုံကြည်ခြင်းသည် သူ၏လုပ်ရပ်တိုင်း၊ သူ၏အတွေးအခေါ်တိုင်းနှင့် စိတ်ကူးတိုင်းတွင် ဘုရားသခင်က သူ့အား အမိန့်ပေးခဲ့သည့်အရာအပေါ် သူလုပ်ဆောင်ခဲ့သော သဘောထားတို့၌ ထင်ရှားပေါ်လွင်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် နောဧ၏ စစ်မှန်သော ယုံကြည်ခြင်း၊ လုံးဝ သံသယကင်းပြီး၊ အရောအနှောမရှိသော ယုံကြည်ခြင်းကို ပြသရန် လုံလောက်ပါသည်။ ဘုရားသခင်က သူ့အား လုပ်ဆောင်ရန် တောင်းဆိုခဲ့သည့်အရာသည် သူ၏ကိုယ်ပိုင်အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ သူ၏အသက်တာ၌ လုပ်ဆောင်ရန် သူစီစဉ်ထားခဲ့သည့်အရာ ဖြစ်စေ၊ မဖြစ်စေ၊ သူ၏အသက်တာရှိ အရာများနှင့် မည်သို့ပင် ကွဲလွဲနေသည်ဖြစ်စေ၊ ဤတာဝန်သည် မည်မျှပင် ခက်ခဲသည်ကို မဆိုထားနှင့်၊ သူ၌ သဘောထားတစ်မျိုးတည်းသာ ရှိခဲ့သည်၊ ယင်းမှာ လက်ခံခြင်း၊ ကျိုးနွံနာခံခြင်းနှင့် အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ နောက်ဆုံးတွင်၊ အချက်အလက်များက နောဧ တည်ဆောက်ခဲ့သော သင်္ဘောသည် သက်ရှိသတ္တဝါအမျိုးအစားတိုင်းအပြင် နောဧ၏ ကိုယ်ပိုင်မိသားစုကိုပါ ကယ်တင်ခဲ့ကြောင်း ပြသသည်။ ဘုရားသခင်က ရေလွှမ်းမိုးဘေးကို ကျရောက်စေပြီး လူသားမျိုးနွယ်ကို စတင်ဖျက်ဆီးသည့်အခါ၊ သင်္ဘောသည် နောဧ၏မိသားစုနှင့် အမျိုးမျိုးသော သက်ရှိသတ္တဝါများကို တင်ဆောင်လျက် ရေပေါ်၌ မျောပါခဲ့သည်။ ဘုရားသခင်သည် ရက်ပေါင်းလေးဆယ်ကြာ ကြီးမားသော ရေလွှမ်းမိုးဘေးကို စေလွှတ်ခြင်းဖြင့် ကမ္ဘာမြေကို ဖျက်ဆီးခဲ့ပြီး၊ နောဧ၏ ရှစ်ယောက်သော မိသားစုဝင်များနှင့် သင်္ဘောထဲသို့ ဝင်ရောက်ခဲ့သည့် အမျိုးမျိုးသော သက်ရှိသတ္တဝါများသာ ရှင်သန်ကျန်ရစ်ခဲ့ပြီး၊ အခြားလူအားလုံးနှင့် သက်ရှိအားလုံးတို့မှာ ဖျက်ဆီးခံခဲ့ရသည်။ ဤအချက်အလက်များမှ အဘယ်အရာကို တွေ့မြင်ရသနည်း။ နောဧသည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံခြင်းကို ပိုင်ဆိုင်ခဲ့သောကြောင့် နောဧ၏ ဘုရားသခင်နှင့် စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုအားဖြင့် ဘုရားသခင် ပြုလုပ်သည့်အရာသည် အကောင်အထည်ပေါ်ခဲ့သည်၊ ယင်းမှာ လက်တွေ့အရှိတရားတစ်ခု ဖြစ်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်က နောဧ၌ နှစ်သက်စွာ ကြည့်ရှုသောအရာဖြစ်ပြီး နောဧသည် ဘုရားသခင်ကို စိတ်မပျက်စေခဲ့ပေ၊ ဘုရားသခင် သူ့အား ပေးအပ်ခဲ့သည့် အရေးကြီးသော တာဝန်ပေးစေခိုင်းချက်ကို သူ ကျေပွန်အောင် ထမ်းဆောင်ခဲ့သည်၊ ဘုရားသခင် သူ့အား အပ်နှံခဲ့သမျှကို ပြီးမြောက်စေခဲ့သည်။ နောဧသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်စေနိုင်ခဲ့ခြင်းမှာ၊ တစ်ဖက်တွင်၊ ဘုရားသခင်၏ အမိန့်တော်များကြောင့်ဖြစ်ပြီး၊ တစ်ချိန်တည်းတွင်၊ ယင်းမှာ ဘုရားသခင်အပေါ် နောဧ၏ စစ်မှန်သော ယုံကြည်ခြင်းနှင့် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကြောင့်လည်း အဓိကဖြစ်ပေသည်။ နောဧသည် ဤအရာအားလုံးထဲတွင် တန်ဖိုးအရှိဆုံးသောအရာနှစ်ခုကို ပိုင်ဆိုင်ခဲ့သောကြောင့်သာလျှင် သူသည် ဘုရားသခင် ချစ်မြတ်နိုးသောသူ ဖြစ်လာခဲ့သည်၊ နောဧသည် စစ်မှန်သော ယုံကြည်ခြင်းနှင့် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို ပိုင်ဆိုင်ခဲ့သောကြောင့်သာလျှင် ဘုရားသခင်က သူ့ကို ကျန်ရစ်သင့်သောသူတစ်ဦးအဖြစ်နှင့် ရှင်သန်ရန် ထိုက်တန်သောသူတစ်ဦးအဖြစ် ရှုမြင်ခဲ့သည်။ နောဧမှလွဲ၍ လူတိုင်းသည် ဘုရားသခင် ရွံမုန်းတော်မူခြင်းခံရသူများ ဖြစ်ခဲ့ပြီး၊ ဆိုလိုရင်းမှာ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းအလယ်၌ အသက်ရှင်ရန် မထိုက်တန်ကြခြင်းပင် ဖြစ်သည်။ နောဧ၏ သင်္ဘောတည်ဆောက်ခြင်းမှ ငါတို့ အဘယ်အရာကို တွေ့မြင်သင့်သနည်း။ တစ်ဖက်တွင်၊ ငါတို့သည် နောဧ၏ မြင့်မြတ်သော ကိုယ်ကျင့်စရိုက်ကို တွေ့မြင်ခဲ့ရသည်၊ နောဧသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခဲ့သည်။ အခြားတစ်ဖက်တွင်မူ၊ ငါတို့သည် ဘုရားသခင်အပေါ် နောဧ၏ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံခြင်းကို တွေ့မြင်ခဲ့ရသည်။ ဤအရာအားလုံးသည် အတုယူထိုက်ပေသည်။ နောဧ၏ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းကြောင့်သာလျှင် နောဧသည် ဘုရားသခင်၏ အမြင်၌ ချစ်မြတ်နိုးခံရသူ၊ ဘုရားသခင် ချစ်မြတ်နိုးသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ကံကောင်းပြီး မင်္ဂလာရှိသောအရာတစ်ခု ဖြစ်သည်။ ထိုသို့သောလူများသာ ဘုရားသခင်၏ မျက်နှာတော်အလင်း၌ အသက်ရှင်ရန် ထိုက်တန်သည်၊ ဘုရားသခင်၏ အမြင်၌၊ ၎င်းတို့သာလျှင် အသက်ရှင်ရန် ထိုက်တန်သည်။ အသက်ရှင်ရန် ထိုက်တန်သောလူများဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်က လူသားမျိုးနွယ်အား ပေးအပ်ခဲ့သည့် ခံစားနိုင်သောအရာအားလုံးကို ခံစားရန် ထိုက်တန်သောသူများ၊ ဘုရားသခင်၏ မျက်နှာတော်အလင်း၌ အသက်ရှင်ရန် ထိုက်တန်သောသူများ၊ ဘုရားသခင်၏ ကောင်းချီးများနှင့် ကတိတော်များကို လက်ခံရန် ထိုက်တန်သောသူများ ဖြစ်ကြသည်။ ဤသို့သောလူများသည် ဘုရားသခင် ချစ်မြတ်နိုးသောသူများဖြစ်ကြပြီး၊ သူတို့သည် စစ်မှန်သော ဖန်ဆင်းခံလူသားများဖြစ်ကြကာ၊ ဘုရားသခင် ရယူလိုသောသူများ ဖြစ်ကြသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။