နောက်ဆက်တွဲ ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၂) အခန်း လေး

နောဧနှင့် အာဗြဟံတို့၏ ဇာတ်လမ်းများတွင်လည်းကောင်း၊ ယောဘ၏ ဇာတ်လမ်းတွင်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များ ၎င်းတို့အပေါ် ကျရောက်သည့်အခါ ၎င်းတို့၏ အပြုအမူနှင့် အပြောအဆိုတွင်လည်းကောင်း၊ ၎င်းတို့၏ သဘောထားနှင့် ၎င်းတို့၏ နှုတ်ထွက်စကားနှင့် လုပ်ရပ်တိုင်းတွင်လည်းကောင်း နောင်လာနောက်သားများကို အလွန်စိတ်လှုပ်ရှားစေခဲ့သည့်အရာမှာ အတိအကျအားဖြင့် အဘယ်အရာဖြစ်သနည်း။ ဤပုဂ္ဂိုလ်သုံးဦး၏ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သဘောထားနှင့်ပတ်သက်၍လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်နှင့် ဘုရားသခင် မိန့်မှာခဲ့ပြီး တောင်းဆိုခဲ့သည့်အရာကို ကြားပြီးနောက် ၎င်းတို့၏ အပြုအမူ၊ အပြောအဆိုနှင့် သဘောထားတို့နှင့်ပတ်သက်၍လည်းကောင်း လူတို့ကို အလွန်စိတ်လှုပ်ရှားစေခဲ့ဆုံးအရာမှာ ဖန်ဆင်းရှင် ဘုရားသခင်အပေါ် ၎င်းတို့၏ ရိုးသားစစ်မှန်ခြင်းသည် မည်မျှ ဖြူစင်ပြီး ဇွဲရှိခဲ့သည်ဟူသည့်အချက်ပင် ဖြစ်သည်။ ယနေ့လူတို့အတွက်မူ ဤဖြူစင်ခြင်းနှင့် ဇွဲရှိခြင်းကို မိုက်မဲခြင်းနှင့် အစွဲအလမ်းကြီးခြင်းဟု ခေါ်ကောင်းခေါ်နိုင်သည်၊ သို့သော် ငါ့အတွက်မူ ၎င်းတို့၏ ဖြူစင်ခြင်းနှင့် ဇွဲရှိခြင်းတို့သည် ၎င်းတို့နှင့်ပတ်သက်၍ အလွန်စိတ်ထိခိုက်လှုပ်ရှားဖွယ်အကောင်းဆုံးသော အရာများဖြစ်ခဲ့ပြီး၊ ထို့အပြင် အခြားလူတို့အတွက် အလွန်လက်လှမ်းမမီနိုင်ဟု ခံစားရသော အရာများလည်း ဖြစ်သည်။ ဤပုဂ္ဂိုလ်များထံမှ လူကောင်းတစ်ဦးသည် မည်သို့သောပုံပန်းသဏ္ဌာန်ရှိသည်ကို ငါ အမှန်တကယ်ပင် တန်ဖိုးထားပြီး မျက်မြင် မြင်တွေ့ခဲ့ရသည်၊ ၎င်းတို့၏ အပြုအမူနှင့် အပြောအဆိုမှလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ရင်ဆိုင်ရသည့်အခါနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်သည့်အခါ ၎င်းတို့၏ သဘောထားမှလည်းကောင်း၊ ဘုရားသခင်က ဖြောင့်မတ်သောသူနှင့် စုံလင်သောသူများအဖြစ် မှတ်ယူသောသူများသည် မည်သို့သောသူများဖြစ်သည်ကို ငါ မြင်တွေ့ရသည်။ ပြီးလျှင် ဤလူတို့၏ ဇာတ်လမ်းများကို ဖတ်ရှုပြီး နားလည်ပြီးနောက် ငါတွေ့ကြုံခံစားရသည့် အထင်ရှားဆုံးသော ခံစားချက်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ ဤပုဂ္ဂိုလ်များအပေါ် လေးနက်သော အောက်မေ့တသခြင်း၊ တွယ်တာခြင်းနှင့် ကြည်ညိုလေးစားခြင်းတို့ ဖြစ်သည်။ ဤသည်မှာ တို့ထိခံစားရသည့်ခံစားချက်တစ်ခု မဟုတ်လော။ ငါ့၌ ဤသို့သော ခံစားချက်မျိုး အဘယ်ကြောင့် ရှိရသနည်း။ လူသားမျိုးနွယ်၏ ရှည်လျားသော သမိုင်းတစ်လျှောက်တွင် ဤလူသုံးဦး၏ ဇာတ်လမ်းများကို မှတ်တမ်းတင်ခြင်း၊ ချီးမွမ်းခြင်းနှင့် ဖြန့်ဝေခြင်းတို့ကို အဓိကထားသည့် သမိုင်းစာအုပ် တစ်အုပ်မျှ မရှိခဲ့သကဲ့သို့ မည်သူမျှလည်း နောင်လာနောက်သားများ အတုယူရမည့်သူများအဖြစ် သဘောထားလျက် ၎င်းတို့၏ ဇာတ်လမ်းများကို နောင်လာနောက်သားများအား ပညာပေးရန် အသုံးမပြုခဲ့ပေ။ သို့သော် လောကီသားတို့ မသိသည့်အရာတစ်ခု ရှိသည်၊ ၎င်းမှာ ဤလူသုံးဦးစီတိုင်းသည် မတူညီသော အချိန်များ၌ ဘုရားသခင်ထံမှ မတူညီသော အရာတစ်ခုကို ကြားသိခဲ့သည်၊ တစ်ဦးစီသည် ဘုရားသခင်ထံမှ မတူညီသော တာဝန်ပေးစေခိုင်းချက်တစ်ခုကို လက်ခံရရှိခဲ့သည်၊ တစ်ဦးစီအပေါ် ဘုရားသခင်က မတူညီသော တောင်းဆိုချက်များ ပြုလုပ်ခဲ့သည်၊ တစ်ဦးစီသည် ဘုရားသခင်အတွက် မတူညီသော အရာတစ်ခုကို လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်က ၎င်းတို့အား အပ်နှင်းခဲ့သော မတူညီသည့်အလုပ်ကို ပြီးမြောက်စေခဲ့သည်၊ သို့တိုင် ၎င်းတို့အားလုံးတွင် တူညီသောအရာတစ်ခု ရှိခဲ့သည်။ ယင်းမှာ အဘယ်အရာဖြစ်သနည်း။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ မျှော်လင့်ချက်အတိုင်း ပြည့်မီခဲ့ကြသည်။ ဘုရားသခင် စကားပြောသည်ကို ကြားပြီးနောက်တွင် ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အား အပ်နှင်းခဲ့ပြီး တောင်းဆိုခဲ့သည့်အရာကို လက်ခံနိုင်ခဲ့ကြသည်၊ ထို့နောက်တွင် ဘုရားသခင် ပြောဆိုခဲ့သည့်အရာအားလုံးကို ကျိုးနွံနာခံနိုင်ခဲ့ကြပြီး ဘုရားသခင်က ၎င်းတို့အား တောင်းဆိုသည်ကို ကြားခဲ့ရသည့်အရာ တစ်ခုစီတိုင်းကို ကျိုးနွံနာခံနိုင်ခဲ့ကြသည်။ ဘုရားသခင်၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးခဲ့သည့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြသနည်း။ လူသားမျိုးနွယ်အားလုံးထဲတွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်းတို့အတွက်လည်းကောင်း၊ စာတန်၏မျက်မှောက်၌ ဘုရားသခင်အတွက် ထူးကဲသော သက်သေခံချက်ကို ခံခြင်းအတွက်လည်းကောင်း စံနမူနာများ ဖြစ်လာခဲ့ကြသည်။ ၎င်းတို့သည် လူသားမျိုးနွယ်အတွက် စံနမူနာများဖြစ်ပြီး ဘုရားသခင်၏အမြင်၌ စုံလင်ပြီး ဖြောင့်မတ်သောသူများ ဖြစ်သောကြောင့်၊ အဆုံးစွန်အားဖြင့် ဤအရာက ငါတို့ကို ပြောပြသည့် အရေးကြီးဆုံးသော သတင်းအချက်အလက်မှာ အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်အလိုရှိသောသူမှာ ဤသို့သောသူမျိုးဖြစ်သည်၊ ဘုရားသခင်ပြောဆိုသည့်အရာကို နားလည်သဘောပေါက်နိုင်စွမ်းရှိသောသူ၊ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို နားထောင်ရန်၊ နှလုံးသွင်းရန်၊ သဘောပေါက်ရန်၊ နားလည်ရန်၊ ကျိုးနွံနာခံပြီး အကောင်အထည်ဖော်ရန် မိမိတို့၏စိတ်နှလုံးကို အသုံးပြုသောသူမျိုး ဖြစ်သည်၊ ဤသို့သောသူမျိုးကို ဘုရားသခင်က ချစ်မြတ်နိုးသည်။ ဘုရားသခင်က ၎င်းတို့၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို အတည်မပြုမီ ၎င်းတို့အပေါ် မည်မျှကြီးမားသော စမ်းသပ်ခြင်းများနှင့် စမ်းသပ်မှုများကို သူပြုလုပ်ပါစေ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ထူးကဲသော သက်သေခံချက်ကို ခံသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏ လက်ထဲတွင် အဖိုးတန်ဆုံးသောအရာ ဖြစ်လာပြီး ဘုရားသခင်၏အမြင်၌ ထာဝရအသက်ရှင်မည့်သူ ဖြစ်လာသည်။ ဤသည်မှာ ယင်းက ငါတို့ကို ပြောပြသည့် အဖြစ်မှန်ဖြစ်သည်။ ဤသည်မှာ နောဧနှင့် အာဗြဟံတို့၏ ဇာတ်လမ်းများအကြောင်း မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် သင်တို့ကို ငါပြောပြလိုသည့်အရာဖြစ်ပြီး သင်တို့ နားလည်သင့်သည့်အရာလည်း ဖြစ်သည်။ ဆိုလိုရင်းမှာ၊ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို နားမလည်သေးသောသူများ၊ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းသည် ၎င်းတို့၏ ပြုရမည့်အလုပ်၊ ဝတ္တရားနှင့် တာဝန်ဖြစ်ကြောင်းကို မသိသေးသောသူများ၊ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး ကျိုးနွံနာခံခြင်းသည် ဖန်ဆင်းခံလူသားများ ရှိသင့်သည့် သဘောထားဖြစ်ကြောင်းကို သတိမမူမိသောသူများသည် ဘုရားသခင်ကို မည်မျှကြာရှည်စွာ လိုက်လျှောက်ခဲ့သည်ဖြစ်စေ၊ ထိုသို့သောသူများသည် ဘုရားသခင်က ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည့်သူများ ဖြစ်ကြသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို အလိုမရှိ၊ သူသည် ထိုသို့သောသူများကို စက်ဆုပ်ရွံရှာသည်။ သို့ဖြစ်၍ အဆုံးစွန်၌ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို နားထောင်နိုင်၊ လက်ခံနိုင်ပြီး အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူ မည်မျှရှိသနည်း။ ရနိုင်သလောက်သာ ဖြစ်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ လိုက်လျှောက်ခဲ့ပြီးဖြစ်သော်လည်း သမ္မာတရားကို မထီမဲ့မြင်ပြုသောသူများ၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်သောသူများနှင့် ဇာတိပကတိ၌ ပြောဆိုသည်ဖြစ်စေ၊ ဝိညာဉ်ရေးရာနယ်ပယ်၌ ပြောဆိုသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး ကျိုးနွံနာခံနိုင်စွမ်းမရှိသောသူများသည် အဆုံးစွန်၌ ဖယ်ရှားရှင်းလင်းခြင်းဟူသည့် အဆုံးသတ်တစ်ခုနှင့် ရင်ဆိုင်ရလိမ့်မည်။

ဘုရားသခင် လူ့ဇာတိခံပြီး မြေကြီးပေါ်တွင် အလုပ်လုပ်ရန် ကြွလာသည်မှာ ယခုဆိုလျှင် အနှစ်သုံးဆယ် ရှိခဲ့ပြီဖြစ်သည်။ သူသည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီး သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီးဖြစ်သည်။ သူ မည်သို့ပင် စကားပြောသည်ဖြစ်စေ၊ စကားပြောရန် မည်သည့်နည်းလမ်းများကို သူအသုံးပြုသည်ဖြစ်စေ၊ မည်မျှများသော အကြောင်းအရာကို သူပြောဆိုသည်ဖြစ်စေ၊ လူတို့အပေါ် သူ၌ တောင်းဆိုချက်တစ်ခုတည်းသာ ရှိသည်၊ ယင်းမှာ ၎င်းတို့သည် နားထောင်နိုင်၊ လက်ခံနိုင်ပြီး ကျိုးနွံနာခံနိုင်ရန် ဖြစ်သည်။ သို့ရာတွင် ဤအရိုးရှင်းဆုံးသော တောင်းဆိုချက်ကို နားလည်သဘောပေါက်ခြင်း သို့မဟုတ် ဆောင်ရွက်ခြင်း မပြုနိုင်သောသူများစွာ ရှိသည်။ ဤသည်မှာ အလွန်စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ဖြစ်ပြီး လူသားမျိုးနွယ်သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးကြောင်း၊ သမ္မာတရားကို လက်ခံရန် အလွန်အခက်အခဲရှိကြောင်းနှင့် အလွယ်တကူ ကယ်တင်ခြင်းမခံနိုင်ကြောင်းကို ယင်းက ပြသသည်။ လူသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကိုခံရသည်ဟူသည်နှင့် ဇာတိပကတိ၌ရှိသော ဘုရားသခင်သည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်ဟူသောအချက်ကို လူတို့ အသိအမှတ်ပြုသည့် အခြေအနေရှိသည့် ယခုအချိန်၌ပင် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး အာခံနေဆဲဖြစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သူ၏တောင်းဆိုချက်များကို ငြင်းပယ်နေဆဲဖြစ်သည်။ ဖန်ဆင်းခံများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ဆက်ဆံသင့်သည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် မည်သို့သော သဘောထားမျိုး ရှိသင့်သည်ကို နားမလည်ဘဲ၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းက ပြောဆိုသော နှုတ်ကပတ်တော်များကိုပင် ၎င်းတို့က ဆန်းစစ်၊ စိတ်ဖြာလေ့လာ၊ ငြင်းပယ်ပြီး အရေးမစိုက်ကြပေ။ ဤသည်မှာ အမှန်တကယ် ဝမ်းနည်းဖွယ်ဖြစ်သည်။ ယခုအချိန်အထိပင် လူတို့သည် မိမိတို့မည်သူဖြစ်သည်၊ မည်သည့်နေရာ၌ ရပ်တည်သင့်သည် သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကို မသိကြပေ။ အချို့လူများက “ဘုရားသခင်သည် သူ၏အမှု၌ အဘယ်ကြောင့် သမ္မာတရားများကို အမြဲတမ်း ဖော်ပြနေရသနည်း။ သူသည် ကျွန်ုပ်တို့ကို သမ္မာတရား လက်ခံရန် အဘယ်ကြောင့် အမြဲတမ်း တောင်းဆိုနေရသနည်း။ ဘုရားသခင် စကားပြောပြီး အလုပ်လုပ်သည့်အခါ သူသည် ကျွန်ုပ်တို့နှင့် တိုင်ပင်သင့်သည်၊ သူသည် ကျွန်ုပ်တို့ကို အမြဲတမ်း အခက်မတွေ့စေသင့်ပါ။ ကျွန်ုပ်တို့၌ သူ့ကို အကြွင်းမဲ့ နာခံရန် အကြောင်းပြချက်မရှိပါ၊ ကျွန်ုပ်တို့သည် လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို လိုချင်သည်၊ ဘုရားသခင်က ကျွန်ုပ်တို့အတွက် ချမှတ်သော တောင်းဆိုချက်များအပေါ် ကျွန်ုပ်တို့ လက်ထောင်၍ မဲပေးသင့်သည်၊ ပြီးလျှင် ကျွန်ုပ်တို့အားလုံးလည်း ဆွေးနွေးမှုများပြုလုပ်ပြီး အများသဘောတူညီချက်များ ယူသင့်သည်။ ဘုရားအိမ်တော်သည် ဒီမိုကရေစီကို အကောင်အထည်ဖော်သင့်ပြီး လူတိုင်းက အတူတကွ နောက်ဆုံးဆုံးဖြတ်ချက်များ ချမှတ်သင့်သည်” ဟုဆိုလျက် ဘုရားသခင်အပေါ် အဆက်မပြတ် မကျေမနပ် ပြောကြသည်။ ယခုအချိန်အထိပင် လူများစွာတို့သည် ဤအမြင်ကို စွဲကိုင်ထားကြပြီး၊ ၎င်းတို့က ဗြောင်ကျကျ မပြောဆိုသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းကို စွဲကိုင်ထားကြသည်။ အကယ်၍ ငါသည် သင်တို့ထံမှ မည်သည့်အရာကိုမျှ တောင်းဆိုရန် အခွင့်အရေးမရှိလျှင်၊ ငါပြောသည့်အရာကို သင်တို့နာခံရန် တောင်းဆိုဖို့နှင့် ငါပြောသည့်အရာကို သင်တို့၏အကြွင်းမဲ့ ကျိုးနွံနာခံမှုကို တောင်းဆိုရန် အခွင့်အရေးမရှိလျှင်၊ သို့ဆိုလျှင် မည်သူ့တွင် ရှိသနည်း။ အကယ်၍ ကောင်းကင်ဘုံရှိ ဘုရားသခင်၌ ထိုသို့ပြုလုပ်ရန် အခွင့်ရှိသည်ဟုလည်းကောင်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မိုးကြိုးသံဖြင့် ကောင်းကင်မှ သင်တို့ထံ စကားပြောရန် အခွင့်ရှိသည်ဟုလည်းကောင်း သင်တို့ယုံကြည်လျှင်၊ သို့ဆိုလျှင် ကောင်းလေစွ။ ယင်းက ငါသည် စိတ်ရှည်ပြီး လေးလေးနက်နက်ဖြစ်ရန် သို့မဟုတ် သင်တို့နှင့်စကားပြောဆိုရာတွင် ငါ၏လေကို အလဟဿဖြုန်းရန် မလိုအပ်တော့ဟု ဆိုလိုသည်၊ ငါသည် သင်တို့ကို မည်သည့်အရာမျှ ထပ်မပြောလိုပါ။ အကယ်၍ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ကောင်းကင်မှ၊ တိမ်တိုက်များမှ သင်တို့ထံ စကားပြောရန် အခွင့်အရေးရှိသည်ဟု သင်တို့ယုံကြည်လျှင်၊ သို့ဆိုလျှင် ရှေ့ဆက်ပြီး နားထောင်လော့၊ သွား၍ သူ၏နှုတ်ကပတ်တော်များကို ရှာဖွေလော့၊ ကောင်းကင်ဘုံရှိ ဘုရားသခင်က ကောင်းကင်၌၊ တိမ်တိုက်များထဲ၌၊ မီးလျှံများအလယ်၌ သင်တို့ထံ စကားပြောသည်ကို စောင့်လော့။ သို့သော် သင်တို့ရှင်းရှင်းလင်းလင်း သိထားရမည့်အရာတစ်ခု ရှိသည်၊ ၎င်းမှာ ထိုနေ့ရက် အမှန်တကယ် ရောက်လာလျှင် သင်တို့၏သေဆုံးချိန်သည် ဆိုက်ရောက်လာလိမ့်မည်။ ထိုနေ့ရက် မရောက်လာလျှင် ပိုကောင်းပေမည်။ “ထိုနေ့ရက် မရောက်လာလျှင် ပိုကောင်းပေမည်”၊ ဤစကားများက မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်သည် မြေကြီးပေါ်တွင် လူနှင့် မျက်နှာချင်းဆိုင်၍ ကိုယ်တိုင် စကားပြောရန်၊ လူတို့လုပ်ဆောင်သင့်သည့်အရာအားလုံးကို ပြောပြသော သမ္မာတရားများကို ထုတ်ပြန်ရန် လူသားဖြစ်လာခဲ့သည်၊ သို့သော် လူတို့က မထီမဲ့မြင်ပြုပြီး ပေါ့ပေါ့တန်တန် သဘောထားကြသည်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ဘုရားသခင်ကို တိတ်တဆိတ် အတိုက်အခံလုပ်ပြီး ယှဉ်ပြိုင်ကြသည်။ မြေကြီးပေါ်ရှိ ဘုရားသခင်သည် လူတို့ကို အုပ်စိုးရန် အခွင့်အရေးမရှိဟု ယုံကြည်လျက် ၎င်းတို့သည် နားထောင်ရန် ဆန္ဒမရှိကြပေ။ လူတို့၌ရှိသော ဤသဘောထားက ဘုရားသခင်ကို ပျော်ရွှင်စေသလော၊ သို့မဟုတ် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသလော။ (သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေပါသည်။) ပြီးလျှင် ဘုရားသခင် စိတ်အနှောင့်အယှက်ဖြစ်သည့်အခါ သူ ဘာလုပ်မည်နည်း။ လူတို့သည် ဘုရားသခင်၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရလိမ့်မည်၊ ဤသည်ကို သင်တို့နားလည်သည် မဟုတ်လော။ ဘုရားသခင်၏ အမျက်ဒေါသဖြစ်သည်၊ ဘုရားသခင်၏ စမ်းသပ်မှုမဟုတ်ပေ၊ ဤသည်တို့မှာ သဘောတရားနှစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အမျက်ဒေါသသည် လူတို့အပေါ် ကျရောက်သည့်အခါ ၎င်းတို့သည် အန္တရာယ်ကျရောက်လေသည်။ ဘုရားသခင်သည် သူချစ်သောသူများအပေါ် အမျက်ထွက်သည်ဟု သင်တို့ထင်သလော။ ဘုရားသခင်၏ မျက်နှာတော်အလင်း၌ အသက်ရှင်ရန် ထိုက်တန်သောသူများအပေါ် သူအမျက်ထွက်သလော။ (မထွက်ပါ။) ဘုရားသခင်သည် မည်သို့သောလူစားမျိုးအပေါ် အမျက်ထွက်သနည်း။ သူ့ကို နှစ်ပေါင်းများစွာ လိုက်လျှောက်ခဲ့ပြီးဖြစ်သော်လည်း သူ၏နှုတ်ကပတ်တော်များကို နားမလည်သေးသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်သင့်သည်ကို မသိသေးသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး ကျိုးနွံနာခံရန် အသိတရားကင်းမဲ့သောသူများအတွက်၊ ဘုရားသခင်သည် ထိုသို့သောသူများကို အလွန်အမင်းမနှစ်မြို့ဘဲ စက်ဆုပ်ပြီး ကယ်တင်ရန် ဆန္ဒမရှိပေ။ ဤသည်ကို သင်တို့နားလည်သည် မဟုတ်လော။ သို့ဖြစ်၍ ဘုရားသခင်၊ လူ့ဇာတိခံဘုရားသခင်နှင့် သမ္မာတရားတို့အပေါ် လူတို့၏သဘောထားသည် မည်သို့ဖြစ်သင့်သနည်း။ (ကျွန်ုပ်တို့သည် နားထောင်၊ လက်ခံပြီး ကျိုးနွံနာခံသင့်ပါသည်။) မှန်ပေသည်။ နားထောင်ရမည်၊ လက်ခံရမည်၊ ကျိုးနွံနာခံရမည်။ ဤသည်ထက် ပို၍ရိုးရှင်းသောအရာ မရှိပေ။ နားထောင်ပြီးနောက် သင်တို့သည် စိတ်နှလုံးထဲ၌ လက်ခံရမည်။ အကယ်၍ သင်တို့ တစ်စုံတစ်ခုကို လက်ခံနိုင်စွမ်းမရှိလျှင် အကြွင်းမဲ့ လက်ခံနိုင်စွမ်းရှိသည်အထိ ဆက်လက်ရှာဖွေရမည်၊ ထို့နောက် သင်တို့ လက်ခံသည်နှင့်တစ်ပြိုင်နက် သင်တို့ ကျိုးနွံနာခံရမည်။ ကျိုးနွံနာခံသည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လက်တွေ့လုပ်ဆောင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းပင် ဖြစ်သည်။ အကြောင်းအရာများကို ကြားပြီးနောက် ပယ်မထားနှင့်၊ အပြင်ပန်း၌ ၎င်းတို့ကို လုပ်ဆောင်မည်ဟု ကတိပေးခြင်း၊ မှတ်စုစာအုပ်ထဲတွင် မှတ်သားထားခြင်း၊ စာရွက်ပေါ်တွင် ချရေးထားခြင်း၊ နားဖြင့်ကြားခြင်းတို့ ပြုလုပ်သော်လည်း စိတ်နှလုံးထဲ၌ မထားဘဲ၊ အလုပ်လုပ်ရမည့်အချိန်ကျရောက်သည့်အခါ သင်တို့၏ နည်းလမ်းဟောင်းများအတိုင်း ဆက်လုပ်ပြီး သင်တို့အလိုရှိသမျှကို လုပ်ဆောင်လျက်၊ သင်တို့ချရေးထားသည့်အရာကို မေ့ထားလိုက်ပြီး အရေးမပါဟု သဘောထားခြင်းမျိုး မလုပ်နှင့်။ ဤသည်မှာ ကျိုးနွံနာခံခြင်းမဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စစ်မှန်သော ကျိုးနွံနာခံခြင်းဆိုသည်မှာ ယင်းတို့ကို သင်တို့၏စိတ်နှလုံးဖြင့် နားထောင်ပြီး နားလည်သဘောပေါက်ခြင်း၊ ယင်းတို့ကို အမှန်တကယ် လက်ခံခြင်း၊ ရှောင်လွှဲ၍မရသော တာဝန်တစ်ခုအဖြစ် လက်ခံခြင်းကို ဆိုလိုသည်။ ယင်းမှာ လူတစ်ဦးက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသည်ဟု ပြောဆိုရုံမျှသာ မဟုတ်ပေ၊ ထိုအစား ယင်းမှာ သူ၏နှုတ်ကပတ်တော်များကို လုံးဝသွေဖည်ခြင်းမရှိဘဲ သူ၏နှုတ်ကပတ်တော်များကို စိတ်နှလုံးမှ လက်ခံခြင်း၊ သူ၏နှုတ်ကပတ်တော်များကို သင်၏လက်ခံခြင်းအား လက်တွေ့လုပ်ဆောင်ချက်များအဖြစ်သို့ ပြောင်းလဲပြီး အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ အကယ်၍ သင်စဉ်းစားသည့်အရာ၊ သင်လုပ်ဆောင်သည့်အရာနှင့် သင်ပေးဆပ်သည့်အဖိုးအခတို့အားလုံးသည် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းရန်ဖြစ်လျှင်၊ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ “ကျိုးနွံနာခံခြင်း” က မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ယင်းက လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည်ဖော်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့အရှိတရားအဖြစ်သို့ ပြောင်းလဲခြင်းပင် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များနှင့် သူ၏တောင်းဆိုချက်များကို မှတ်စုစာအုပ်ထဲတွင် ချရေးပြီး စာရွက်ပေါ်တွင် ရေးမှတ်ထားသော်လည်း သင်တို့၏စိတ်နှလုံးထဲ၌ မှတ်တမ်းမတင်ဘဲ၊ အလုပ်လုပ်ရမည့်အချိန်ကျရောက်သည့်အခါ သင်တို့အလိုရှိသလို လုပ်ဆောင်လျှင်၊ အပြင်ပန်းမှကြည့်လျှင် သင်တို့သည် ဘုရားသခင်တောင်းဆိုသည့်အရာကို လုပ်ဆောင်ခဲ့ပြီးသကဲ့သို့ ထင်ရသော်လည်း သင်တို့သည် ယင်းကို သင်တို့၏ကိုယ်ပိုင်အလိုဆန္ဒအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်လျှင်၊ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်းမဟုတ်ပေ၊ ဤသည်မှာ သမ္မာတရားကို မထီမဲ့မြင်ပြုခြင်း၊ အခြေခံသဘောတရားများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုခြင်းနှင့် ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုခြင်း ဖြစ်သည်။ ယင်းမှာ ပုန်ကန်မှုဖြစ်သည်။

တစ်ကြိမ်တွင် ငါသည် လူတစ်ယောက်ကို တစ်စုံတစ်ခုလုပ်ဆောင်ရန် အပ်နှံခဲ့သည်။ သူ့အား အလုပ်အကြောင်းကို ငါရှင်းပြသောအခါ သူသည် သူ၏ မှတ်စုစာအုပ်တွင် သေချာမှတ်သားသည်။ မှတ်သားရာတွင် သူသည် မည်မျှ ဂရုစိုက်သည်ကို ငါမြင်သည်။ သူသည် အလုပ်အတွက် တာဝန်ခံယူသည့်စိတ်၊ ဂရုစိုက်ပြီး တာဝန်သိတတ်သောသဘောထားရှိသည့်ပုံစံရှိသည်။ သူ့အား အလုပ်ကို ပေးအပ်ပြီးသည့်နောက်တွင် အခြေအနေကို သိရရန် ငါစောင့်နေခဲ့သည်။ နှစ်ပတ်ကြာသွားပြီးသည့်တိုင် အကြောင်းမပြန်သေးပေ။ ထို့ကြောင့် ငါသည် သူ့အား မိမိဘာသာ လိုက်ရှာပြီး သူ့အား ငါပေးအပ်ခဲ့သောအလုပ်က မည်သို့အခြေအနေရှိသည်ကို မေးမြန်းသည်။ သူက “အိုး၊ ကျွန်တော် မေ့သွားတယ်။ ဘာအလုပ်လဲဆိုတာ ထပ်ပြောပြပါဦး။” ဟုဆိုသည်။ သူ၏ အဖြေနှင့်ပတ်သက်၍ သင်တို့ မည်သို့ခံစားရသနည်း။ ဤသည်မှာ အလုပ်တစ်ခု လုပ်ဆောင်သောအခါတွင် သူ၌ရှိသော သဘောထားမျိုးဖြစ်သည်။ ငါက “ဒီလူက တကယ်ကို မယုံကြည်ထိုက်ဘူး။ ငါ့နားက အမြန်ထွက်သွားတော့။ မင်းကို ထပ်ပြီး မမြင်ချင်ဘူး။” ဟု တွေးမိသည်။ ဤသည်မှာ ငါခံစားရသည့် ပုံစံဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ငါ အမှန်တရားတစ်ခု ပြောပြမည်။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို လူလိမ်တစ်ယောက်၏ လိမ်ညာမှုများနှင့် မည်သည့်အခါမျှ မဆက်စပ်ရပေ။ ဤသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်အတွက် စက်ဆုပ်စရာဖြစ်သည်။ ကတိတည်သည်၊ ပြောသည့်အတိုင်းလုပ်သည်ဟု ဆိုသောသူအချို့ရှိသည်။ ဤသို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များနှင့် ပတ်သက်လာလျှင် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ကြားသည့်အခါတွင် ထိုနှုတ်ကပတ်တော်များက ပြောသည့်အတိုင်း ၎င်းတို့လုပ်နိုင်သလော။ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးကိစ္စများကို လုပ်ဆောင်သကဲ့သို့ ဂရုတစိုက် အကောင်အထည်ဖော်နိုင်သလော။ ဘုရားသခင်၏ စာကြောင်းတိုင်းသည် အရေးကြီးသည်။ သူသည် ပေါ့ပေါ့တန်တန် မပြောပေ။ လူတို့သည် သူပြောသည့်အရာကို အကောင်အထည်ဖော်ပြီး လိုက်နာဆောင်ရွက်ရမည်။ ဘုရားသခင်က စကားပြောသောအခါ သူသည် လူတို့နှင့် တိုင်ပင်နေခြင်းဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ သူသည် သင့်အား ရွေးချယ်ဖြေဆိုရသော မေးခွန်းများမေးနေခြင်းဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်နှင့် စေခိုင်းချက်သည် အမိန့်များဖြစ်ကြောင်း၊ လူသားသည် ယင်းတို့ပြောသည့်အတိုင်း ပြုမူပြီး အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်းကို သင် နားလည်သဘောပေါက်နိုင်လျှင် သင်သည် ယင်းတို့ကို အကောင်အထည်ဖော်ပြီး လိုက်နာဆောင်ရွက်ရန် ဝတ္တရားရှိသည်။ ဘုရားနှုတ်ကပတ်တော်များသည် ဟာသသက်သက်ဖြစ်သည်၊ မိမိနှစ်သက်သလို လုပ်ဆောင်နိုင်သည့်၊ သို့မဟုတ် မလုပ်ဆောင်၍ရသည့် သာမန်ကာလျှံကာ မှတ်ချက်များဖြစ်သည်ဟု သင်က ထင်မြင်ပြီး ယင်းတို့ကို ဤသို့မှတ်ယူလျှင် သင်သည် ဆင်ခြင်တုံတရားလုံးဝမရှိဘဲ လူတစ်ယောက်ဟု ခေါ်ရန် မထိုက်တန်ပေ။ ဘုရားသခင်က သင့်ကို မည်သည့်အခါမျှ နောက်တစ်ဖန် စကားပြောဆိုမည်မဟုတ်ပေ။ လူတစ်ယောက်သည် ဘုရားသခင်၏ တောင်းဆိုချက်များ၊ ဘုရားသခင်၏ အမိန့်များနှင့် စေခိုင်းချက်တို့နှင့် ပတ်သက်လာလျှင် ကိုယ်ပိုင်ရွေးချယ်မှုများ အစဉ်ပြုလုပ်ပြီး ဝတ်ကျေတမ်းကျေ သဘောထားတစ်ခုဖြင့် ဆက်ဆံလျှင် သူသည် ဘုရားသခင် စက်ဆုပ်ရွံရှာသည့်သူမျိုးဖြစ်သည်။ သင့်အား ငါက တိုက်ရိုက်အမိန့်ပေးသည့်၊ အပ်နှံသည့်အရာများတွင် သင်သည် သင့်အား ကြီးကြပ်ပြီး တိုက်တွန်းရန်၊ သင့်အတွက် အရာရာတိုင်းကို စစ်ဆေးပေးရန် ငါ့ကို အစဉ်လိုအပ်နေပြီး ငါ့အား အစဉ်စိုးရိမ်စေပြီး မေးမြန်းစုံစမ်းမှုများပြုလုပ်စေနေလျှင်၊ နေရာတိုင်းတွင် သင့်အား ငါစစ်ဆေးရန် လိုအပ်နေလျှင် သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရသင့်သည်။ ဘုရားအိမ်တော်မှ လက်ရှိ ဖယ်ရှားရှင်းလင်းခြင်းခံရသောသူများထဲတွင် ဤသို့သောလူစားမျိုး များစွာရှိသည်။ ငါသည် ၎င်းတို့အား အမှုအရာအနည်းငယ်ကို ညွှန်ကြားပြီးနောက် ၎င်းတို့ကို မေးသည်၊ “အားလုံးမှတ်သားထားပါသလား။ ရှင်းပါသလား။ မေးခွန်းများ ရှိပါသေးသလား။” ၎င်းတို့က “အားလုံးမှတ်သားထားပါသည်၊ ပြဿနာတစ်စုံတစ်ရာ မရှိပါ၊ စိတ်ချလက်ချ နေပါ။” ဟု ပြန်ဖြေကြသည်။ ၎င်းတို့သည် ထိုအရာများကို လုပ်ဆောင်ရန် အလွန်လွယ်ကူစွာ သဘောတူကြပြီး၊ ၎င်းတို့၏ ရင်ဘတ်ပေါ်တွင် လက်တင်၍ ငါ့ကိုပင် ကျိန်ဆိုပြကြသည်။ သို့သော် ၎င်းတို့ သဘောတူပြီးနောက် ဤအရာများကို အမှန်တကယ် အကောင်အထည်ဖော်ကြသလော။ မဖော်ကြပေ၊ ၎င်းတို့သည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားကြပြီး ၎င်းတို့ထံမှ နောက်ထပ်သတင်းများလည်း မလာတော့ပေ။ ၎င်းတို့သည် မိမိတို့ကြိုက်နှစ်သက်သည့်အရာများကို လျင်မြန်ပြီး ပြတ်သားစွာ ပြုမူလျက် ချက်ချင်းလုပ်ဆောင်ကြသည်။ ငါ ၎င်းတို့အား အပ်နှင်းသည့်အရာများကို ၎င်းတို့က အလွယ်တကူ သဘောတူကြသော်လည်း ထို့နောက်တွင်မူ ယင်းကို လျစ်လျူရှုလိုက်ကြပြီး၊ နောက်ပိုင်းတွင် ထိုကိစ္စနှင့်ပတ်သက်၍ ငါက ၎င်းတို့ထံ ဆက်လက်မေးမြန်းသည့်အခါ ၎င်းတို့သည် မည်သည့်အရာကိုမျှ လုံးဝမလုပ်ဆောင်ထားကြောင်း ငါတွေ့ရှိရသည်။ ဤသို့သောလူစားမျိုးသည် မည်သည့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျှ လုံးဝမရှိပေ။ သူသည် အမှိုက်သရိုက်ဖြစ်ပြီး တာဝန်တစ်ခုကို ထမ်းဆောင်ရန် မထိုက်တန်ပေ။ ၎င်းတို့သည် ဝက် သို့မဟုတ် ခွေးထက်ပင် ဆိုးသည်။ လူတစ်ဦးက အိမ်စောင့်ခွေးတစ်ကောင်ကို မွေးထားသည့်အခါ၊ ၎င်းတို့မရှိသည့်အခါ၊ သူစိမ်းများလာသည့်အခါ ခွေးသည် အိမ်နှင့်ခြံဝင်းကို စောင့်ကြည့်ပေးနိုင်သည်။ အမှုအရာများကို လုပ်ဆောင်ရာတွင် ခွေးလောက်ပင် မကောင်းသောလူများစွာ ရှိသည်။ အချို့လူများသည် ၎င်းတို့၏တာဝန်ကို အနည်းငယ်မျှပင် လုပ်ဆောင်ရန်အတွက် တစ်စုံတစ်ဦးက ၎င်းတို့ကို အမြဲတမ်း ကြီးကြပ်နေရပြီး၊ အစဉ်သဖြင့် ၎င်းတို့ကို ပြုပြင်သည့် တစ်စုံတစ်ဦးရှိရမည်ဖြစ်ပြီး မည်သည့်အရာကိုမဆို မလုပ်ဆောင်မီတွင် စောင့်ကြည့်နေရသည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းလော။ ဤလူများသည် လိမ်လည်သူများပင်ဖြစ်သည်တကား။ ၎င်းတို့က လုပ်ဆောင်ရန် အစီအစဉ်မရှိခဲ့လျှင်၊ သို့ဆိုလျှင် အဘယ်ကြောင့် သဘောတူခဲ့သနည်း။ ဤသည်မှာ လူတို့ကို တမင်တကာ လှည့်ဖြားခြင်းမဟုတ်လော။ အကယ်၍ ၎င်းတို့က ထိုအလုပ်သည် ခက်ခဲလိမ့်မည်ဟု ထင်ခဲ့လျှင်၊ အဘယ်ကြောင့် စောစောက မပြောခဲ့သနည်း။ အဘယ်ကြောင့် ယင်းကို ဆောင်ရွက်မည်ဟု ကတိပေးပြီးနောက်တွင် မလုပ်ဆောင်ဘဲနေသနည်း။ အကယ်၍ ၎င်းတို့က အခြားလူများကို လှည့်ဖြားလျှင် ထိုသူတို့က ၎င်းတို့ကို မည်သည့်အရာမျှ မလုပ်နိုင်ပေ၊ သို့သော် ၎င်းတို့က ဘုရားသခင်ကို လှည့်ဖြားလျှင်၊ အကျိုးဆက်များမှာ အဘယ်နည်း။ ဤသို့သောလူစားမျိုးကို ကိုင်တွယ်ပြီး ဖယ်ရှားရှင်းလင်းသင့်သည်။ သမ္မာတရားကို မထီမဲ့မြင်ပြုပြီး စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုသောသူများသည် လူဆိုးများဖြစ်သည်ဟု သင်တို့မထင်သလော။ ၎င်းတို့အားလုံးသည် လူဆိုးများဖြစ်သည်၊ ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများဖြစ်ပြီး၊ ဖယ်ရှားရှင်းလင်းခြင်းခံသင့်သည်။ ဤလူများသည် မဆင်မခြင်ပြုမူသောကြောင့်၊ စည်းမျဉ်းများကို ချိုးဖောက်သောကြောင့်၊ ပုန်ကန်ပြီး မနာခံသောကြောင့်၊ မိမိတို့၏ ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်သောကြောင့်၊ ပြီးလျှင် ၎င်းတို့သည် ပျင်းရိပြီး တာဝန်မဲ့သောကြောင့်၊ အသင်းတော်အပေါ် ကြီးမားသော ဆုံးရှုံးမှုများကို ဆောင်ကြဉ်းခဲ့ကြသည်။ ထိုသို့သော ဆုံးရှုံးမှုများကို မည်သူက ပြန်လည်ပေးဆပ်နိုင်မည်နည်း။ မည်သူမျှ ထိုသို့သော တာဝန်ကို မထမ်းနိုင်ပေ။ ဤလူများသည် ပြုပြင်ခြင်းခံရသည့်အခါ မကျေမနပ်ပြောကြပြီး ဖျောင်းဖျ၍မရ လက်မခံဘဲ မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။ ဤလူများသည် အကြောင်းအကျိုးမသိသော မကောင်းဆိုးဝါးများ မဟုတ်လော။ ၎င်းတို့သည် အမှန်တကယ်ပင် ကူညီ၍မရနိုင်တော့ဘဲ လွန်ခဲ့သောအချိန်ကတည်းက ဖယ်ရှားရှင်းလင်းခြင်းခံခဲ့သင့်သည်။

ယနေ့ ငါတို့မိတ်သဟာယဖွဲ့ခဲ့သော နောဧနှင့် အာဗြဟံတို့၏ ဇာတ်လမ်းများ၏ အဓိကအချက်မှာ အဘယ်အရာဖြစ်သည်ကို သင်တို့နားလည်သလော။ လူအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များက မြင့်မားသလော။ (မမြင့်မားပါ။) ဘုရားသခင်က လူထံမှ တောင်းဆိုသည့်အရာမှာ ဖန်ဆင်းခံလူသားတစ်ဦး၌ အခြေခံအကျဆုံးဖြစ်သင့်သည့်အရာ ဖြစ်သည်၊ သူ၏တောင်းဆိုချက်များသည် လုံးဝမမြင့်မားဘဲ၊ လက်တွေ့အကျဆုံးဖြစ်ပြီး အစစ်မှန်ဆုံးဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရရန် စစ်မှန်သော ယုံကြည်ခြင်းနှင့် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို ပိုင်ဆိုင်ရမည်၊ ဤအရာနှစ်ခုကို ပိုင်ဆိုင်သောသူများသာလျှင် အမှန်တကယ် ကယ်တင်ခြင်းခံရသည်။ သို့သော် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခဲ့သောသူများအတွက်၊ သမ္မာတရားကို မထီမဲ့မြင်ပြုပြီး အပြုသဘောဆောင်သောအရာများကို မနှစ်မြို့သောသူများအတွက်၊ သမ္မာတရားကို ရန်လိုသောသူများအတွက်၊ ဤအရာနှစ်ခုထက် ပို၍ခက်ခဲသောအရာ မရှိပေ။ ဤသည်ကို ဘုရားသခင်အပေါ် ဖြူစင်ပြီး ပွင့်လင်းသော စိတ်နှလုံးရှိသောသူများ၊ လူ့သဘာဝ၊ ဆင်ခြင်တုံတရားနှင့် အသိစိတ်တို့ကို ပိုင်ဆိုင်သောသူများနှင့် အပြုသဘောဆောင်သောအရာများကို ချစ်မြတ်နိုးသောသူများသာလျှင် စွမ်းဆောင်နိုင်သည်။ ဤအရာများသည် သင်တို့၌ တွေ့ရှိရသလော။ ပြီးလျှင် ဘုရားသခင်နှင့်ပတ်သက်သော လူတို့ပိုင်ဆိုင်သင့်သော ဇွဲလုံ့လနှင့် စင်ကြယ်ခြင်းတို့ကို မည်သူ့ထံတွင် တွေ့ရှိရသနည်း။ အသက်အရွယ်အားဖြင့်၊ ဤနေရာတွင် ထိုင်နေသော သင်တို့အားလုံးသည် နောဧနှင့် အာဗြဟံတို့ထက် ငယ်ကြသည်၊ သို့သော် ဖြူစင်ခြင်းနှင့်ပတ်သက်လျှင်မူ သင်တို့သည် ၎င်းတို့ကို မမီနိုင်ပေ။ ဖြူစင်ခြင်း၊ ဉာဏ်ကောင်းခြင်းနှင့် ဉာဏ်ပညာတို့ကို သင်တို့၌ မတွေ့ရှိရပေ၊ အခြားတစ်ဖက်တွင်မူ အသေးအဖွဲ ကလိမ်ကကျစ်ဉာဏ်မှာမူ တစ်ပုံတစ်ပင် ရှိသည်။ သို့ဖြစ်၍ ဤပြဿနာကို မည်သို့ဖြေရှင်းနိုင်သနည်း။ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းရန် နည်းလမ်းတစ်ခုခု ရှိသလော။ လမ်းခရီးတစ်ခု ရှိသလော။ မည်သည့်နေရာမှ စတင်ရမည်နည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းဖြင့် ဖြစ်ပါသည်။) မှန်ပေသည်၊ နားထောင်ရန်နှင့် ကျိုးနွံနာခံရန် သင်ယူခြင်းဖြင့် ဖြစ်သည်။ အချို့လူများက “တစ်ခါတစ်ရံ ဘုရားသခင်ပြောသည့်အရာက သမ္မာတရားမဟုတ်၊ ဒါကို ကျိုးနွံနာခံဖို့ မလွယ်ပါ။ ဘုရားသခင်က သမ္မာတရားဖြစ်သည့် စကားအနည်းငယ်ကို ပြောခဲ့လျှင် ကျိုးနွံနာခံခြင်းက လွယ်ကူလိမ့်မည်” ဟု ပြောကြသည်။ ဤစကားများ မှန်သလော။ (မမှန်ပါ။) ယနေ့ ငါတို့ပြောဆိုခဲ့သော နောဧနှင့် အာဗြဟံတို့၏ ဇာတ်လမ်းများတွင် သင်တို့ မည်သည့်အရာကို ရှာဖွေတွေ့ရှိခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံခြင်းနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ကျိုးနွံနာခံခြင်းသည် လူ၏ မလွဲမသွေ ထမ်းဆောင်ရမည့် တာဝန်ဖြစ်သည်။ ပြီးလျှင် အကယ်၍ ဘုရားသခင်က လူ၏အယူအဆများနှင့် မကိုက်ညီသော အရာတစ်ခုကို ပြောဆိုလျှင်၊ လူသည် ယင်းကို စိတ်ဖြာလေ့လာခြင်း သို့မဟုတ် ဆန်းစစ်ခြင်း မပြုသင့်ပေ။ ဘုရားသခင်က မည်သူ့ကိုမဆို ပြစ်တင်ရှုတ်ချသည်ဖြစ်စေ သို့မဟုတ် ဖယ်ရှားရှင်းလင်းသည်ဖြစ်စေ၊ လူမည်မျှပင် အယူအဆများနှင့် အတိုက်အခံလုပ်ခြင်းများ ဖြစ်ပေါ်စေကာမူ၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ သူ၏အနှစ်သာရ၊ သူ၏စိတ်သဘောထားနှင့် သူ၏အဆင့်အတန်းတို့သည် ထာဝရ မပြောင်းလဲပေ။ သူသည် ထာဝရ ဘုရားသခင်ဖြစ်သည်။ သူသည် ဘုရားသခင်ဖြစ်ကြောင်းကို သင်သံသယမရှိသည့်အတွက်၊ သင်၏တစ်ခုတည်းသော တာဝန်၊ သင်လုပ်ဆောင်သင့်သည့် တစ်ခုတည်းသောအရာမှာ သူပြောဆိုသည့်အရာကို နာခံပြီး သူ၏နှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်၊ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းခရီးပင်ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆန်းစစ်ခြင်း၊ စိတ်ဖြာလေ့လာခြင်း၊ ဆွေးနွေးခြင်း၊ ငြင်းပယ်ခြင်း၊ ဆန့်ကျင်ခြင်း၊ ပုန်ကန်ခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုသင့်ပေ၊ ဤသည်မှာ ဘုရားသခင်က စက်ဆုပ်ရွံရှာသောအရာဖြစ်ပြီး၊ လူ၌ သူမြင်တွေ့လိုသောအရာ မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတိအကျအားဖြင့် မည်သို့ဆက်ဆံရမည်နည်း။ မည်သို့လက်တွေ့လုပ်ဆောင်သင့်သနည်း။ ယင်းမှာ အမှန်တကယ်၌ အလွန်ရိုးရှင်းသည်၊ ယင်းတို့ကို နာခံရန်၊ သင်တို့၏စိတ်နှလုံးဖြင့် နားထောင်ရန်၊ သင်တို့၏ စိတ်နှလုံးဖြင့် လက်ခံရန်၊ သင်တို့၏ စိတ်နှလုံးဖြင့် နားလည်သဘောပေါက်ရန် သင်ယူပြီး ထို့နောက်တွင် သင်တို့၏ စိတ်နှလုံးဖြင့် သွား၍ လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည်ဖော်ကြလော့။ သင်၏စိတ်နှလုံးထဲ၌ ကြားပြီး သဘောပေါက်သည့်အရာသည် သင်၏လက်တွေ့လုပ်ဆောင်ခြင်းနှင့် နီးကပ်စွာ ဆက်စပ်သင့်သည်။ ထိုနှစ်ခုကို မခွဲခြားနှင့်၊ သင်လက်တွေ့လုပ်ဆောင်သည့်အရာ၊ သင်ကျိုးနွံနာခံသည့်အရာ၊ သင်၏လက်ဖြင့် သင်လုပ်ဆောင်သည့်အရာ၊ သင်ပြေးလွှားလုပ်ဆောင်ပေးသည့်အရာတို့ဖြစ်သည့် အရာရာတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆက်စပ်သင့်သည်၊ ထို့နောက် သင်သည် သူ၏နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး သင်၏လုပ်ဆောင်ချက်များမှတစ်ဆင့် ၎င်းတို့ကို အကောင်အထည်ဖော်သင့်သည်။ ထိုသို့ပြုခြင်းသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်းပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းခရီးပင် ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။