ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁) အခန်း တစ်

အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်ရန် အဘယ်ကြောင့် လိုအပ်သနည်း

အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်း ငါတို့ မိတ်သဟာယ ဖွဲ့ပြီးဖြစ်သောကြောင့် ယနေ့ ငါတို့သည် အယောင်ဆောင် ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များဟူသည့် ခေါင်းစဉ်အသစ်တစ်ခုကို မိတ်သဟာယဖွဲ့ကြမည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ ဤနှစ်များအတွင်း၌ သင်တို့သည် အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များနှင့် လုပ်ရပ်အမျိုးမျိုးတို့ကို ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ အဆင့်ဆင့်ရှိ အယောင်ဆောင် ခေါင်းဆောင်များကို ဘုရားအိမ်တော်က ဖြုတ်ချသည့် ဖြစ်စဉ်တွင် လူအများစုသည် အယောင်ဆောင် ခေါင်းဆောင်များနှင့်ပတ်သက်၍ အနည်းနှင့်အများ ပိုင်းခြားသိမြင်နိုင်စွမ်း အချို့ကို ရရှိကြသည်။ ဆိုလိုသည်မှာ လူအများစုသည် အယောင်ဆောင် ခေါင်းဆောင်များ၏ တိကျသော သရုပ်သကန်အချို့ကို အနည်းငယ် နားလည်ကြခြင်း ဖြစ်သည်။ သို့သော် သင်၏ နားလည်သဘောပေါက်နိုင်စွမ်း မည်သို့ပင်ဖြစ်စေ၊ သင်မည်မျှပင် နားလည်သည်ဖြစ်စေ နောက်ဆုံးတွင် ယင်းသည် စနစ်မကျ သို့မဟုတ် လုံလောက်အောင် တိတိကျကျ မရှိပေ။ အသင်းတော် ရွေးကောက်ပွဲများအတွင်းတွင် လူများစွာတို့သည် ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်ခြင်း၏ စည်းမျဉ်းများကိုလည်းကောင်း၊ မည်သို့သောလူစားမျိုးကို ခေါင်းဆောင်အဖြစ် ရွေးချယ်ရမည်ကိုလည်းကောင်း၊ မည်သို့သောလူစားမျိုးက ခေါင်းဆောင်တစ်ဦးအနေဖြင့် ညီအစ်ကိုမောင်နှမများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဆောင်ကြဉ်းနိုင်ပြီး စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်ကိုလည်းကောင်း နားလည်ရန် ပျက်ကွက်ကြသည်။ ၎င်းတို့သည် ဤအရာများနှင့်ပတ်သက်၍ များစွာ သတိပြုမိခြင်း သို့မဟုတ် ရှင်းလင်းခြင်း မရှိကြပေ။ ရွေးကောက်ပွဲများအတွင်းတွင် အယောင်ဆောင် ခေါင်းဆောင်များကို တမင်တကာ ရွေးကောက်တင်မြှောက်သည့် နားဝေတိမ်တောင်ဖြစ်ပြီး ပိုင်းခြားသိမြင်မှုမရှိသော လူအချို့ပင် ရှိသေးသည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ အစွမ်းအစနှင့် လူ့သဘာဝရှိလျက် အမှန်တကယ် အရည်အချင်း ပြည့်မီပြီး ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်စွမ်းရှိသည့် မည်သူ့ကိုမဆို မျက်ကွယ်ပြုထားစဉ်တွင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးနှင့် တူသည့် မည်သူ့ကိုမဆို ရွေးချယ်ကြသည်။ အခြေခံအားဖြင့် ခေါင်းဆောင်များဖြစ်ရန် အစွမ်းအစနှင့် လူ့သဘာဝ မရှိသောသူများသည် ၎င်းတို့၏ အပြင်ပန်း စိတ်အားထက်သန်မှု သို့မဟုတ် ကောင်းသော အပြုအမူအချို့ကြောင့်လည်းကောင်း၊ “ကောင်းသည်” ဟူသည့် လူတို့၏ အယူအဆများနှင့် ကိုက်ညီသောကြောင့်လည်းကောင်း ရွေးကောက်တင်မြှောက်ခြင်း ခံကြရလင့်ကစား ဦးဆောင်ရန် အရည်အချင်းအားလုံးကို အမှန်တကယ် ပိုင်ဆိုင်သောသူများမှာမူ မည်သည့်အခါမျှ ရွေးကောက်တင်မြှောက်ခြင်း ခံကြရမည် မဟုတ်ပေ။ ထင်ပေါ်ကျော်ကြားမှုကို ရှာပြီး မိမိတို့ကိုယ်ကို စိတ်အားထက်သန်စွာ အသုံးခံကြသည့်တိုင် မည်သည့်အလုပ်လုပ်နိုင်စွမ်းမျှ မရှိသောသူများသည် အလွန်တရာ တက်ကြွပုံပေါက်လျက် အမျိုးမျိုးသော အခြေအနေများတွင် အစဉ်သဖြင့် ပေါ်လာကြမည်ဖြစ်ပြီး လူအများစုက ဤလူစားမျိုးသည် အရည်အချင်းပြည့်မီပြီး ရွေးကောက်တင်မြှောက်ခြင်း ခံသင့်သည်ဟု ထင်ကြလိမ့်မည်။ ရလဒ်မှာ ထိုသို့သောလူများ ရွေးကောက်တင်မြှောက်ခြင်း ခံရပြီးနောက်တွင် ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ မထမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အထက်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရန်ပင် မတတ်နိုင်သကဲ့သို့ မည်သို့လုပ်ဆောင်ရမည်ကိုလည်း မသိကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အစဉ်သဖြင့် အလွန် စိတ်အားထက်သန်စွာ အလုပ်များစေသော်လည်း အချိန်ကာလတစ်ခုကြာ ဦးဆောင်ပြီးနောက်တွင် အသင်းတော်အလုပ်၏ မည်သည့်အပိုင်းတွင်မျှ တိုးတက်မှုမရှိသလောက် ဖြစ်နေသည့်အပြင် ဆိုးယုတ်သောလူများ၏ အနှောင့်အယှက်ပေးခြင်း သို့မဟုတ် အာဏာလုယူခြင်းတို့ကြောင့် အသင်းတော်၏ အလုပ်သည် ကစဉ့်ကလျားဖြစ်ခြင်း သို့မဟုတ် လူတို့ စိတ်ဝမ်းကွဲပြားခြင်းတို့ ဖြစ်သည့် အခြေအနေများ မကြာခဏ ဖြစ်ပေါ်တတ်သည်။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်က ဖြစ်စေသည့် အကျိုးဆက်များ ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ရွေးကောက်တင်မြှောက်ခြင်း ခံရပြီးနောက်တွင် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုသည် ထိခိုက်နစ်နာပြီး ဆုံးရှုံးမှုများ ခံစားရမည်သာမက တစ်ချိန်တည်းတွင် အမျိုးမျိုးသော အသင်းတော် အလုပ်များသည် အပျက်သဘောဆောင်သည့် သက်ရောက်မှုများ ခံစားရမည်ဖြစ်ရာ ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်ကို ချောမွေ့စွာ သို့မဟုတ် ထိရောက်စွာ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်ကိုယ်တိုင်က ဖြစ်စေသည့် ပြဿနာ တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း ၎င်းကို ရွေးကောက်တင်မြှောက်သည့်သူများနှင့်လည်း တစ်စိတ်တစ်ပိုင်းအားဖြင့် သက်ဆိုင်သည်။ အကယ်၍ သင်သည် သမ္မာတရား စည်းမျဉ်းများကို နားမလည်လျှင်၊ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိလျှင်၊ မျက်စိကန်းပြီး လူတို့ကို ထိုးထွင်းမြင်နိုင်ခြင်းမရှိသဖြင့် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို အဆုံး၌ ရွေးကောက်တင်မြှောက်မိလျှင် သင်သည် သင်ကိုယ်တိုင်နှင့် အခြားသူများကို ထိခိုက်နစ်နာစေသည်သာမက အသင်းတော်၏ အလုပ်သည်လည်း ဆုံးရှုံးမှုများ ခံစားရလေသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုအပေါ်တွင်လည်းကောင်း၊ အသင်းတော်၏ အလုပ်အပေါ်တွင်လည်းကောင်း အယောင်ဆောင် ခေါင်းဆောင်များက ဖြစ်စေသည့် သက်ရောက်မှုနှင့် ပျက်စီးဆုံးရှုံးမှု ဖြစ်သည်။ ထို့ကြောင့် ငါတို့သည် အယောင်ဆောင် ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ပိုင်းခြားသိမြင်ပြီး စာရင်းပြုစုရမည်ဖြစ်ကာ ထိုအခြေခံအုတ်မြစ်ပေါ်တွင် စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦးသည် မည်သည့်အပြုအမူများကို ပြသသင့်ကြောင်း၊ ၎င်းတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်သင့်ကြောင်းနှင့် ၎င်းတို့၏ တာဝန်ဝတ္တရားများ၏ နယ်ပယ်သည် အတိအကျ မည်သည့်အရာဖြစ်သည်ကို သင်တို့ကို ငါနားလည်စေမည်။ အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်ခြင်းဟူသည့် အကြောင်းအရာသည် အသင်းတော်၏အလုပ်နှင့်လည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသော လူတစ်ဦးစီတိုင်း၏ အသက်ဝင်ရောက်မှုနှင့်လည်းကောင်း၊ အထူးသဖြင့် တာဝန်တစ်ခုစီသည် မည်သို့ တိုးတက်နေကြောင်းနှင့်လည်းကောင်း သက်ဆိုင်နေသဖြင့် အလွန် အရေးကြီးလေသည်။ အချို့က “ကျွန်ုပ်သည် ရွေးကောက်ပွဲတွင် ပါဝင်ရန် ရည်ရွယ်ချက်မရှိပါ၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန် မည်သည့်ရည်မှန်းချက်မျှဖြစ်စေ၊ မည်သည့်လိုအင်ဆန္ဒမျှဖြစ်စေ မရှိပါ။ ကျွန်ုပ်သည် မိမိကိုယ်ကို သတိပြုမိပြီး သာမန်ယုံကြည်သူတစ်ဦး ဖြစ်ရုံနှင့် လုံလောက်ပါသည်၊ ထို့ကြောင့် သမ္မာတရား စည်းမျဉ်းများ၏ ဤကဏ္ဍသည် ကျွန်ုပ်နှင့် မည်သို့မျှ မသက်ဆိုင်ပါ။ ကျွန်ုပ် နားထောင်လိုလျှင် ကျွန်ုပ်၏ကိုယ်ပိုင် အသက်ဝင်ရောက်မှုနှင့် ကယ်တင်ခြင်းအကြောင်း တစ်စုံတစ်ရာကို နားထောင်ပါမည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ယင်းတို့တွင် ပါဝင်သည့် သမ္မာတရားများသည် ကျွန်ုပ်၏ကိုယ်ပိုင် အသက်ဝင်ရောက်မှုနှင့် မသက်ဆိုင်ပါ၊ ထို့ကြောင့် ကျွန်ုပ် နားထောင်ရန် မလိုအပ်ပါ၊ သို့မဟုတ် ကျွန်ုပ်သည် အာရုံမစိုက်ဘဲ သို့မဟုတ် စိတ်မပါ့တပါဖြင့် နားထောင်နိုင်ပြီး ယင်းကို နှလုံးမသွင်းဘဲ ဖြစ်စဉ်ကို ဝတ်ကျေတမ်းကျေ ဖြတ်သန်းသွားရုံသာ ဖြစ်သည်” ဟု ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ ကောင်းသော သဘောထားတစ်ခုလော။ (မဟုတ်ပါ။) အခြားသူများက “ကျွန်ုပ်တွင် ရည်မှန်းချက်မရှိပါ၊ ခေါင်းဆောင်နေရာအတွက်လည်း ယှဉ်ပြိုင်လိုခြင်း မရှိပါ။ ကျွန်ုပ် ငယ်စဉ်ကတည်းက အရာရှိတစ်ဦးဖြစ်ရန် သို့မဟုတ် အခြားသူများထက် ထင်ပေါ်ကျော်ကြားရန် မည်သည့်အခါကမျှ ရည်ရွယ်ချက်မရှိခဲ့ပါ၊ ကျွန်ုပ်သည် သာမန်ဖြစ်သော၊ ရိုးရိုးရှင်းရှင်းလူတစ်ဦး ဖြစ်ရသည်ကိုသာ ကြိုက်နှစ်သက်ပါသည်။ ဘုရားသခင်ကို ကျွန်ုပ် စတင်ယုံကြည်သည့်အချိန်မှစ၍ နောက်လိုက်တစ်ဦး ဖြစ်လိုခဲ့ပါသည်။ ကျွန်ုပ်သည် အခြားသူများ၏ အမိန့်များကို လိုက်နာရသည်ကို ကြိုက်နှစ်သက်ပြီး ၎င်းတို့ ကျွန်ုပ်ကို လုပ်ဆောင်ခိုင်းသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်ဆောင်ပါသည်။ ဤသို့သောလူစားမျိုး ဖြစ်ရသည်မှာ ရိုးရှင်းလှပါတကား။ ကျွန်ုပ်သည် စိုးရိမ်ပူပန်လိုခြင်း သို့မဟုတ် ဝန်ထုပ်ဝန်ပိုး ဖြစ်လိုခြင်း မရှိသည့် ရိုးရှင်းသောလူတစ်ဦးသာ ဖြစ်သည်၊ ထို့ကြောင့် ကျွန်ုပ်သည် ဤအရာများကို ကြားရန် မလိုအပ်သကဲ့သို့ ကြားလိုခြင်းလည်း မရှိပါ” ဟု ပြောကြသည်။ ဤအမြင်သည် မှန်သလော၊ မှားသလော။ (မမှန်ပါ။) မည်သည့်အရာက မမှန်သနည်း။ (၎င်းတို့သည် ခေါင်းဆောင်တစ်ဦး မဖြစ်လိုသော်လည်း အကယ်၍ ၎င်းတို့သည် သမ္မာတရား၏ ဤကဏ္ဍကို နားမလည်ဘဲ အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါက ရွေးကောက်ပွဲများအတွင်းတွင် ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးကို ရွေးချယ်မိရန် အလွန်အလားအလာများပြီး ယင်းက အသင်းတော်၏အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကို သက်ရောက်မှုရှိစေမည် ဖြစ်ပါသည်။) ဤသည်မှာ ကဏ္ဍတစ်ခုဖြစ်သည်။ အခြား ရှိသေးသလော။ (အယောင်ဆောင်ခေါင်းဆောင်များ၏ ပြဿနာသည် ကျွန်ုပ်တို့တစ်ဦးစီတိုင်း၌လည်း တည်ရှိပြီး ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို စစ်ဆေးကာ ဆင်ခြင်သုံးသပ်ပြီး နားလည်သင့်ပါသည်။) (အကယ်၍ ကျွန်ုပ်တို့သည် အယောင်ဆောင်ခေါင်းဆောင်များကို မပိုင်းခြားနိုင်ပါက တစ်ဦးတစ်ယောက်၏ အထင်အမြင်မှားစေခြင်းကို ခံရသည့်အခါတွင်ပင် ကျွန်ုပ်တို့ သိရှိကြမည် မဟုတ်ဘဲ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အသက်တာများလည်း ဆုံးရှုံးမှုများ ခံစားရမည် ဖြစ်ပါသည်။) (ဤအမြင်မျိုးသည် သမ္မာတရားကို မလိုက်စားခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်ပါသည်။ ဘုရားအိမ်တော်၌ ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းသည် လောကတွင် ရည်မှန်းချက်ကြီးပြီး အရာရှိတစ်ဦးဖြစ်လိုခြင်းနှင့် တူညီသောအရာတစ်ခု မဟုတ်ပါ။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် သမ္မာတရားကို ပို၍ကောင်းမွန်စွာ လိုက်စားရန်၊ အသင်းတော်အလုပ်အတွက် ဝန်တစ်ခုကို ထမ်းရန်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားရန် ဖြစ်ပါသည်။ ဤသည်မှာ သမ္မာတရားဆီသို့ ကြိုးစားအားထုတ်ခြင်း ဖြစ်ပါသည်။) (ဘုရားသခင် ရွေးချယ်ထားသော လူတစ်ဦးအနေဖြင့် ကျွန်ုပ်တို့သည် အယောင်ဆောင် ခေါင်းဆောင်များကို တိုင်ကြားရန် တာဝန်နှင့် ဝတ္တရားရှိပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် အယောင်ဆောင်ခေါင်းဆောင်များကို မပိုင်းခြားနိုင်ပါက တစ်ဦးတစ်ယောက်ကို အာဏာရယူခွင့်ပေးပြီး အသင်းတော်အလုပ်ကို ထိခိုက်စေနိုင်ပါသည်။) ယင်းမှာ ကဏ္ဍမည်မျှ ရှိသနည်း။ (ကဏ္ဍငါးခုဖြစ်ပါသည်။) ဤကဏ္ဍငါးခုမှ တစ်ခုစီတိုင်းသည် မှန်ကန်ပြီး အတော်အတန် တိကျသည်။ ငါ ယခုတင် ဖော်ပြခဲ့သည့် လူစားမျိုး၏ အမြင်ကို အခြေခံ၍ ဤပြဿနာ၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးရလျှင် အခြေခံအားဖြင့် ဤကဏ္ဍငါးခု ရှိသည်။ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လိုသည်ဖြစ်စေ၊ မဖြစ်လိုသည်ဖြစ်စေ ဘုရားသခင် ရွေးချယ်ထားသော လူများထဲမှ တစ်ဦးအနေဖြင့် သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် ကြီးကြပ်ကွပ်ကဲသည့် အခန်းကဏ္ဍတစ်ခုကို တာဝန်ယူသင့်သည်။ ဘုရားအိမ်တော်သည် သင်၏အိမ်လည်း ဖြစ်ပြီး ခေါင်းဆောင်တစ်ဦးသည် အိမ်စောင့်လေးတစ်ဦးနှင့် တူသည်။ အကယ်၍ ၎င်းတို့သည် အမှုအရာများကို ကောင်းစွာ မစီမံခန့်ခွဲပါက သင်သည်လည်း ထိခိုက်ပြီး အမှုပတ်မည်ဖြစ်သောကြောင့် ၎င်းတို့၏ အလုပ်အားလုံးကို ကြီးကြပ်ကွပ်ကဲရန် သင်၌ တာဝန်နှင့် ဝတ္တရားရှိသည်။

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ ဆယ့်ငါးချက်ကို ခြုံငုံသုံးသပ်ခြင်း

အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်ရန် မခက်ခဲပါ၊ အကြောင်းမှာ ဤလူစားမျိုးသည် အသင်းတော်အတွင်း၌ အတော်အတန် အတွေ့ရများသောကြောင့် ဖြစ်သည်၊ အသင်းတော်ခေါင်းဆောင်များနှင့် အသင်းတော်အလုပ်တို့ တည်ရှိခဲ့သည့်အချိန်ကတည်းက ၎င်းတို့ တည်ရှိခဲ့ပြီးဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစနှင့် နားလည်သဘောပေါက်နိုင်စွမ်း၊ ကိုယ်ကျင့်စရိုက်နှင့် ရွေးချယ်ခဲ့သော လမ်းကြောင်းတို့အားလုံးတွင် တိကျသော သရုပ်သကန်များစွာ ရှိကြသည်။ ဤတိကျသော သရုပ်သကန်များကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း မပြုမီ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ အဓိကအားဖြင့် မည်သည့် တိကျသော အလုပ် ပါဝင်သည်ကိုလည်းကောင်း ငါတို့ ဦးစွာ နားလည်သင့်သည်။ ဤတိကျသော အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်းရှိသောသူများသာလျှင် စံနှုန်းပြည့်မီသော ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ကြသည်၊ ဤအလုပ်ကို မလုပ်ဆောင်နိုင်သော သူများမှာမူ အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။ ဖြစ်နိုင်သည်မှာ လူအများစုသည် အယောင်ဆောင်ခေါင်းဆောင်များကို ပိုင်းခြားသိမြင်ရန် နည်းလမ်းတစ်ခု မရှိကြသေးဘဲ အခြေခံကျသော စည်းမျဉ်းများကို သဘောပေါက်နားလည်နိုင်ခြင်း မရှိသည့်အပြင် ပိုင်းခြားသိမြင်ရန် အရေးအကြီးဆုံးသော ကဏ္ဍများမှာ မည်သည့်အရာဖြစ်သည်ကို မသိကြခြင်း ဖြစ်သည်။ ယနေ့ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များမှာ အတိအကျ အဘယ်အရာဖြစ်သည်ကို လူတိုင်း ရှင်းလင်းစွာ သိမြင်လာစေရန် ယင်းတို့ကို တစ်ခုပြီးတစ်ခု စာရင်းပြုစု၍ ရှေးဦးစွာ စနစ်တကျ မိတ်သဟာယဖွဲ့ကြပါစို့။ ဤစည်းမျဉ်းများကို သင် နားလည်သဘောပေါက်ပြီးနောက် နောက်တစ်ကြိမ် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးကို ရွေးကောက်တင်မြှောက်သောအခါ ၎င်းတို့ကို မည်သို့ အတိအကျ ရွေးကောက်တင်မြှောက်ရမည်နှင့် မည်သူသည် ရွေးကောက်တင်မြှောက်ရန် အတိအကျ သင့်တော်သောသူ ဖြစ်သည်ကို တိုင်းတာရန် တိကျသော စံတစ်ခု သင်၌ ရှိလာလိမ့်မည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ငါတို့ ဦးစွာ စာရင်းပြုစုကြစို့။

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ

၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့၊ ယင်းတို့ကို နားလည်သဘောပေါက်ဖို့နှင့် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ဖို့အတွက် လူတို့ကို ဦးဆောင်လော့။

၂။ လူအမျိုးမျိုး၏ အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်ပြီး ၎င်းတို့၏ လက်တွေ့ဘဝများတွင် ကြုံတွေ့ရသည့် အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပေးခြင်း။

၃။ တာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့လော့။

၄။ မသင့်တော်သောလူများကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို ကာကွယ်ရန် သို့မဟုတ် လျော့ပါးစေရန်နှင့် အလုပ်၏ ထိရောက်မှုရှိခြင်းနှင့် ချောမွေ့စွာ တိုးတက်မှုကို အာမခံရန်အလို့ငှာ အလုပ်အမျိုးမျိုးမှ ကြီးကြပ်ရေးမှူးများနှင့် အရေးကြီးသော အလုပ်အမျိုးမျိုးကို တာဝန်ယူထားသည့် ဝန်ထမ်းများ၏ အခြေအနေအရပ်ရပ်ကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး လိုအပ်သလို ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို ချက်ချင်း ပြုပြင်ခြင်း သို့မဟုတ် ဖြုတ်ချခြင်း ပြုလုပ်လော့။

၅။ အလုပ်ကိစ္စတစ်ခုချင်းစီ၏ လက်ရှိအခြေအနေနှင့် တိုးတက်မှုကို အချိန်နှင့်တစ်ပြေးညီ သိရှိနားလည်ပြီး ထိုအလုပ်က ချောမွေ့စွာ တိုးတက်ရန်အတွက် ပြဿနာများအား ဖြေရှင်းခြင်း၊ လွဲချော်မှုများအား ပြင်ဆင်ခြင်းနှင့် လစ်ဟာမှုများအား ကုစားခြင်းကို ချက်ချင်း ပြုလုပ်နိုင်ရမည်။

၆။ သမ္မာတရားကို လိုက်စားသောသူအားလုံးက လေ့ကျင့်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲ အမြန်ဆုံးဝင်ရောက်ဖို့ အခွင့်အလမ်း ရရှိနိုင်ရန်အတွက် အရည်အချင်းပြည့်မီသော ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို အားပေး၍ ပျိုးထောင်လော့။

၇။ လူအမျိုးမျိုးကို ၎င်းတို့၏ လူ့သဘာဝနှင့် အားသာချက်များအပေါ် အခြေခံ၍ တစ်ဦးစီတိုင်းကို အသင့်တော်ဆုံးနေရာ၌ အသုံးချနိုင်ရန် သင့်လျော်စွာ ခွဲခန့်နေရာချထားပြီး အသုံးပြုခြင်း။

၈။ အလုပ်၌ ကြုံတွေ့ရသော အရှုပ်အထွေးများနှင့် အခက်အခဲများကို ချက်ချင်းသတင်းပို့ပြီး ဖြေရှင်းရမည့်နည်းလမ်းကို ရှာဖွေလော့။

၉။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အမျိုးမျိုးကို ယင်း၏ လိုအပ်ချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးကာ ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး ဆက်လက်စောင့်ကြည့်လော့။

၁၀။ ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုအမျိုးမျိုးတို့ကို (စာအုပ်များ၊ စက်ပစ္စည်းအမျိုးမျိုး၊ ကောက်နှံ အစရှိသည်ဖြင့်) ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းပြီး ချင့်ချင့်ချိန်ချိန် ခွဲဝေဖြန့်ဖြူးလော့၊ ထို့ပြင် ပျက်စီးဆုံးရှုံးမှုနှင့် အလဟဿဖြစ်မှုကို အနည်းဆုံးဖြစ်စေရန် ပုံမှန် စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်သည့်အပြင် ဆိုးယုတ်သောလူများက သိမ်းယူခြင်းမှလည်း ကာကွယ်တားဆီးလော့။

၁၁။ ပူဇော်သက္ကာများကို စနစ်တကျ စာရင်းသွင်းခြင်း၊ စာရင်းပြုစုခြင်းနှင့် စောင့်ရှောက်ထိန်းသိမ်းခြင်း အလုပ်တာဝန်အတွက် အထူးသဖြင့် လူ့သဘာဝ စံနှုန်းပြည့်မီမှုရှိသည့် အားကိုးလောက်သော လူများကို ရွေးချယ်လော့။ ဖြုန်းတီးမှု သို့မဟုတ် အလဟဿဖြစ်မှုများအပြင် ကျိုးကြောင်းမညီညွတ်သော အသုံးစရိတ်များကို ချက်ချင်း ဖော်ထုတ်နိုင်ရန် ဝင်ငွေထွက်ငွေများကို ပုံမှန် ပြန်လည်သုံးသပ်၍ စစ်ဆေးလော့။ ထိုသို့သောအရာများကို ရပ်တန့်စေပြီး ကျိုးကြောင်းညီညွတ်သော လျော်ကြေးကို တောင်းဆိုလော့။ ထို့အပြင် ပူဇော်သက္ကာများ ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်ခြင်းနှင့် ၎င်းတို့၏ သိမ်းပိုက်ခြင်းကို မခံရအောင် မည်သည့်နည်းဖြင့်မဆို ကာကွယ်တားဆီးလော့။

၁၂။ ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်းဆိုသလို တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့။

၁၃။ ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးပြီး ၎င်းတို့အား အန္တိခရစ်များကို ပိုင်းခြားသိမြင်ကာ စိတ်နှလုံးထဲမှ စွန့်လွှတ်နိုင်စေရန် ထောက်ကူပေးလော့။

၁၄။ အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို ချက်ချင်းပင် ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့။

၁၅။ အရေးကြီးသော အလုပ်အမှုထမ်းအမျိုးမျိုးကို ကာကွယ်လျက် ၎င်းတို့ကို အပြင်လောက၏ ဝင်ရောက်စွက်ဖက်ခြင်းမှ အကာအကွယ်ပေးပြီး အရေးကြီးသော အလုပ်များက အစီအစဉ်တကျဖြစ်သောပုံစံဖြင့် ရှေ့ဆက်စေနိုင်သည်ကို သေချာစေဖို့အတွက် ယင်းတို့ကို လုံခြုံအောင်ထားလော့။

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို စုစုပေါင်း တစ်ဆယ့်ငါးချက်ဖြင့် အကျဉ်းချုပ်ဖော်ပြထားပြီး ငါတို့သည် ဤအချက်များကို အခြေခံ၍ မိတ်သဟာယဖွဲ့ကြမည်။ ဤတစ်ဆယ့်ငါးချက်ထဲမှ အလုပ်တစ်ခုစီကို ဦးစွာ ကြည့်ကြစို့။ ပထမသုံးချက်သည် လူတို့ သမ္မာတရားကို နားလည်ခြင်းနှင့် အသက်ဝင်ရောက်မှုဟူသည့် ကိစ္စရပ်နှင့် သက်ဆိုင်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အခြေခံအကျဆုံးသော အလုပ်ဖြစ်ပြီး အဓိက ကဏ္ဍတစ်ခု ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးဖြစ်စေ၊ အမှုဆောင်တစ်ဦးဖြစ်စေ အခြေခံအကျဆုံးအနေဖြင့် သင်သည် ဤအလုပ်များကို လုပ်ဆောင်နိုင်စွမ်းရှိရမည်၊ ဤသို့သော အစွမ်းအစကို ပိုင်ဆိုင်ရမည်၊ ဤသို့သော ဝန်ထုပ်ကို ထမ်းရမည်ဖြစ်ပြီး ဤတာဝန်ကို ထမ်းဆောင်နိုင်စွမ်း ရှိရမည်။ ဤသည်တို့မှာ သင်၌ ရှိသင့်သည့် အခြေခံအကျဆုံးသော အရာများ ဖြစ်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယ ဖွဲ့နိုင်ရမည်၊ ယင်းတို့ထဲမှ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်ရမည်၊ လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား နားလည်စေရန် ဦးဆောင်နိုင်ရမည်ဖြစ်ပြီး လူတို့ကို လက်တွေ့ဘဝ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ တွေ့ကြုံပြီး ဝင်ရောက်စေရန်နှင့် ယင်းတို့ကို လက်တွေ့ဘဝထဲသို့ ဆောင်ကြဉ်းနိုင်စေရန် ဦးဆောင်နိုင်ရမည်ဖြစ်ကာ လက်တွေ့ဘဝတွင်လည်းကောင်း၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်စဉ်တွင်လည်းကောင်း ကြုံတွေ့ရသည့် အမျိုးမျိုးသော ပြဿနာများ သို့မဟုတ် အခက်အခဲများကို ဖြေရှင်းရန် ယင်းတို့ကို အသုံးပြုနိုင်ရမည်။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသော လူများတွင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက ဖြေရှင်းပေးရန် လိုအပ်သည့် ပြဿနာများ ရှိသော်လည်း ထိုခေါင်းဆောင် သို့မဟုတ် အမှုဆောင်က ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုနိုင်ပါက ထိုခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် အသုံးမကျသောသူဖြစ်ပြီး အခြေခံအကျဆုံးသော အလုပ်ကိုပင် မလုပ်ဆောင်နိုင်ပေ။ ဤသို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် အရည်အချင်းမပြည့်မီပေ။ လေးခုမြောက်အချက်နှင့် ငါးခုမြောက်အချက်သည် အသင်းတော်၏ အမျိုးမျိုးသော အလုပ်များနှင့် ထိုအလုပ်များ၏ ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကြီးကြပ်ရေးမှူးများကို ကောင်းစွာ မကြီးကြပ်ပါက အသင်းတော်၏အလုပ်သည် ကမောက်ကမ ဖြစ်သွားနိုင်သည် သို့မဟုတ် ဆိုးယုတ်သောလူများ၏ အနှောင့်အယှက်ပေးခြင်းကို ခံရနိုင်ပြီး ဤသည်က အလုပ်၏ ထိရောက်မှုနှင့် တိုးတက်မှုကို ထိခိုက်စေမည်ဖြစ်ကာ အလုပ်ကိုယ်၌သည် ရပ်ဆိုင်းသွားသည်အထိပင် ဖြစ်နိုင်သည်။ ထို့ကြောင့် လေးခုမြောက်နှင့် ငါးခုမြောက် အလုပ်များသည်လည်း အရည်အချင်းပြည့်မီသော ခေါင်းဆောင်တစ်ဦး ကောင်းစွာ လုပ်ဆောင်ရမည့်အရာများ ဖြစ်ကြသည်။ ခြောက်ခုမြောက်နှင့် ခုနစ်ခုမြောက်အချက်သည် လူအမျိုးမျိုးတို့ကို ရာထူးတိုးပေးခြင်း၊ ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းတို့နှင့် သက်ဆိုင်သည်။ လူကိုအသုံးပြုခြင်း၏ စည်းမျဉ်းမှာ လူတိုင်းကို အကောင်းဆုံး အသုံးချခြင်းဖြစ်ပြီး လူအမျိုးမျိုးတို့သည် ၎င်းတို့၏ လူ့သဘာဝက စံနှုန်းပြည့်မီသရွေ့၊ ပြီးလျှင် ဘုရားအိမ်တော်၏ သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီနိုင်သရွေ့ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်သည်။ ဆိုလိုသည်မှာ လူအမျိုးမျိုးတို့ကို သင့်တော်သော တာဝန်များ ထမ်းဆောင်နိုင်ခွင့်ပြုလော့၊ ငါးကို ကုန်းပေါ်တွင် အသက်ရှင်နေထိုင်ခိုင်းရန်ဖြစ်စေ၊ ဝက်ကို ပျံခိုင်းရန်ဖြစ်စေ ကြိုးစားဖို့ မလိုအပ်ပေ၊ တစ်စုံတစ်ဦးသည် အလုပ်တစ်ခုအတွက် သင့်တော်ပြီး ယင်းကို ကောင်းစွာလုပ်ဆောင်နိုင်ကာ အရည်အချင်း ရှိလျှင် လုံလောက်ပြီဖြစ်သည်။ ထို့အပြင် အချို့သော အလုပ်များသည် နည်းပညာပိုင်းဆိုင်ရာ၊ အတတ်ပညာပိုင်းဆိုင်ရာ ကဏ္ဍများ ပါဝင်ပြီး အချို့လူများသည် ယင်းတို့၌ တော်ကောင်း တော်နိုင်သော်လည်း ဤနယ်ပယ်တွင် မည်သည့်အလုပ်ကိုမျှ အမှန်တကယ် မလုပ်ဆောင်ဖူးသေးသကဲ့သို့ သက်ဆိုင်ရာ စည်းမျဉ်းများကိုလည်း နားမလည်ကြသေးပေ။ ဤလူများအတွက် အကယ်၍ ၎င်းတို့သည် ဘုရားအိမ်တော်၌ ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်းအတွက် စံနှုန်းနှင့် ကိုက်ညီပါက ၎င်းတို့ကို အခွင့်အရေးတစ်ခု ပေးသင့်ပြီး ၎င်းတို့ သင်ယူနိုင်ရန် ရာထူးတိုးပေးကာ ပျိုးထောင်ပေးသင့်သည်။ ဤနည်းအားဖြင့် ဘုရားအိမ်တော်ရှိ အမျိုးမျိုးသော အလုပ်များကို တာဝန်ယူဆောင်ရွက်ရန် ပို၍ပင် သင့်တော်သောလူများ ရှိလာနိုင်ပြီး အသင်းတော်က အမျိုးမျိုးသော အလုပ်များအတွက် လူလိုအပ်သည့်အခါတိုင်းတွင် လစ်လပ်နေရာများ ရှိမည်မဟုတ်ပေ။ ဤသည်တို့မှာ လူတို့ကို ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ခြင်း၊ လူတို့ကို အသုံးပြုခြင်းဟူသည့် ကဏ္ဍနှစ်ခု၏ ကိစ္စရပ်များ ဖြစ်ကြသည်။ ရှစ်ခုမြောက်နှင့် ကိုးခုမြောက်အချက်တို့ကို ကြည့်ကြစို့။ ဤအချက်နှစ်ချက်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ အလုပ်ကို သဘောထားပြုမူသည့် သဘောထားနှင့် သက်ဆိုင်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဘုရားအိမ်တော်၏ အစီအစဉ်များကို ၎င်းတို့၏ သဘောထားပြုမူခြင်း၌လည်းကောင်း၊ အလုပ်တွင် အခက်အခဲများ ကြုံတွေ့ရစဉ်၌လည်းကောင်း ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိ၊ သစ္စာစောင့်သိမှု ရှိမရှိနှင့် ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်း ရှိမရှိ ဖြစ်သည်။ ဆယ်ခုမြောက်အချက်နှင့် ဆယ့်တစ်ခုမြောက်အချက်သည် ဘုရားအိမ်တော်ရှိ ပူဇော်သက္ကာများနှင့် ပစ္စည်းဥစ္စာအမျိုးမျိုးတို့ကို သဘောထားပြုမူခြင်း၏ နောက်ကွယ်မှ စည်းမျဉ်းများနှင့် သက်ဆိုင်သည်။ တစ်ဖက်တွင် ဤအချက်နှစ်ချက်သည် လူတို့၏ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းတို့နှင့် သက်ဆိုင်ပြီး အခြားတစ်ဖက်တွင်မူ ယင်းတို့သည် လူ့သဘာဝ၏ ကိစ္စရပ်များ၊ တစ်စုံတစ်ဦးတွင် သစ္စာစောင့်သိမှု ရှိမရှိနှင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိတို့နှင့် သက်ဆိုင်သည်။ ထို့နောက် ဆယ့်နှစ်ခုမြောက်အချက်၊ ဆယ့်သုံးခုမြောက်အချက်နှင့် ဆယ့်လေးခုမြောက်အချက်တို့ကို ကြည့်ကြစို့၊ အသင်းတော်၌ ဖြစ်ပေါ်သည့် ထူးခြားသော အခြေအနေအချို့နှင့်ပတ်သက်၍ ဥပမာအားဖြင့် အကယ်၍ တစ်စုံတစ်ဦးသည် အဖျက်အမှောင့်လုပ်ပြီး အနှောင့်အယှက်ပေးကာ ပုံမှန်အသင်းတော်အသက်တာကို ပျက်ပြားစေခြင်းမျိုး ဖြစ်သည်။ အမှန်ပင် အဆိုးရွားဆုံးမှာ အန္တိခရစ်များ သို့မဟုတ် ရှင်းလင်းပစ်သင့်သော သို့မဟုတ် နှင်ထုတ်သင့်သော အခြားလူစားမျိုးများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဤလူစားမျိုးများကို မည်သို့ကိုင်တွယ်ရမည်နှင့် မည်သည့်စည်းမျဉ်းများအောက်တွင် ကိုင်တွယ်ရမည်သည်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရား နယ်ပယ်အတွင်းမှ အလုပ်ဖြစ်သည်။ ပြဿနာများကို ချက်ချင်း ရှာဖွေတွေ့ရှိနိုင်ခြင်း၊ ပြီးလျှင် သင်က တစ်စုံတစ်ဦးသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်စေနေသည်ကို တွေ့ရှိသည့်အခါ ဤအရာကို ချက်ချင်း ရပ်တန့်နိုင်ခြင်း၊ ကိုင်တွယ်နိုင်ခြင်း ဖြေရှင်းနိုင်ခြင်းနှင့် အသင်းတော်အလုပ်နှင့် အသင်းတော်အသက်တာတို့ အနှောင့်အယှက် မခံရကြောင်း သေချာစေခြင်းဟူသည့် ဤသည်တို့မှာ ဤအချက်သုံးချက်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ဖြစ်ကြသည်။ နောက်ဆုံးအချက်သည် အရေးကြီးသော အလုပ်ဆိုင်ရာ ဝန်ထမ်းအမျိုးမျိုးတို့၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေး ကိစ္စရပ်နှင့် သက်ဆိုင်သည့်အပြင် အရေးကြီးသော အလုပ်အမျိုးမျိုးကို အာမခံနိုင်ခြင်း ရှိမရှိဟူသည့် ကိစ္စရပ်နှင့်လည်း သက်ဆိုင်သည်။ ဝန်ထမ်းများ ဘေးကင်းမှသာ အလုပ် တိုးတက်နိုင်သော်လည်း ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးတွင် ပြဿနာများ သို့မဟုတ် ကွယ်ဝှက်ထားသော အန္တရာယ်များ ပေါ်ပေါက်လာပါက အလုပ် ဆက်လက် လုပ်ဆောင်နိုင်ခြင်း ရှိမရှိသည် ပြဿနာတစ်ရပ် ဖြစ်လာပေသည်။ ငါတို့ ပြန်ကြည့်ပြီး အဓိကကဏ္ဍ စုစုပေါင်း မည်မျှရှိသည်ကို ကြည့်ကြစို့။ အချက် တစ်၊ နှစ်နှင့် သုံးတို့သည် ပထမကဏ္ဍဖြစ်သည့် လူ၏ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည်။ အချက် လေးနှင့် ငါးတို့သည် အချက်နှစ်ဖြစ်သည့် အသင်းတော်၏ အမျိုးမျိုးသော အလုပ်များနှင့် ထိုအလုပ်များ၏ ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်သည်။ အချက် ခြောက်နှင့် ခုနစ်တို့သည် အချက်သုံးဖြစ်သည့် လူအမျိုးမျိုးတို့ကို အသုံးပြုခြင်း၊ ပျိုးထောင်ခြင်းနှင့် ရာထူးတိုးပေးခြင်းတို့နှင့် သက်ဆိုင်သည်။ အချက်ရှစ်နှင့် ကိုးတို့သည် အချက်လေးဖြစ်သည့် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် အလုပ်တွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် သက်ဆိုင်သည်။ အချက် တစ်ဆယ်နှင့် ဆယ့်တစ်တို့သည် အချက်ငါးဖြစ်သည့် ဘုရားအိမ်တော်၏ ပူဇော်သက္ကာများ၊ ပစ္စည်းဥစ္စာတို့နှင့် သက်ဆိုင်သည်။ အချက် ဆယ့်နှစ်၊ ဆယ့်သုံးနှင့် ဆယ့်လေးတို့သည် အချက်ခြောက်ဖြစ်သည့် အသင်းတော်၌ ဖြစ်ပေါ်သည့် ထူးခြားသော အခြေအနေများနှင့် သက်ဆိုင်သည်။ တစ်ဆယ့်ငါးခုမြောက်အချက်သည် အချက်ခုနစ်ဖြစ်သည့် အရေးကြီးသော အသင်းတော်အလုပ်နှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် သက်ဆိုင်သည်။ စုစုပေါင်း ကဏ္ဍခုနစ်ခုရှိပြီး တစ်ဆယ့်ငါးချက် ပါဝင်သည်။ ဤကဏ္ဍခုနစ်ခုသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် တာဝန်ဝတ္တရား နယ်ပယ်အတွင်း၌ ရှိပြီး ၎င်းတို့အလုပ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်၏အလုပ်၏ အခြေခံအကျဆုံးသော တာဝန်များမှာ ဤကဏ္ဍခုနစ်ခုဖြစ်ပြီး ဤကဏ္ဍခုနစ်ခုသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအတွက် ဘုရားအိမ်တော်၏ တောင်းဆိုချက်များဆိုင်ရာ အတိုင်းအတာဖြစ်သည်။ အကယ်၍ ငါတို့သည် ခေါင်းဆောင်တစ်ဦး ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း ရှိမရှိ၊ ၎င်းတို့တွင် အလုပ်လုပ်နိုင်စွမ်း ရှိမရှိ၊ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစကို ပိုင်ဆိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် အရည်အချင်းပြည့်မီခြင်း ရှိမရှိတို့ကို အကဲဖြတ်လိုပါက ဤကဏ္ဍခုနစ်ခုကို အသုံးပြုသင့်သည်။ ဤအရာကို နားလည်ပြီးသည့်နောက် ဤအဓိကကဏ္ဍခုနစ်ခုကို အခြေခံ၍ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များနှင့် တိကျသော အလေ့အကျင့်များအပြင် ၎င်းတို့သည် ခေါင်းဆောင်များအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း ၎င်းတို့သည် စံနှုန်းပြည့်မီသူများ မဟုတ်ဘဲ အယောင်ဆောင်ခေါင်းဆောင်များဖြစ်ကြောင်း သက်သေပြသည့် မည်သည့်အရာများကို လုပ်ဆောင်ခဲ့သည်ကိုပါ ငါတို့သည် တစ်ခုပြီးတစ်ခု မိတ်သဟာယဖွဲ့ကာ စိတ်ဖြာလေ့လာဆွေးနွေးကြမည်။ ဤကဏ္ဍခုနစ်ခုအတိုင်း အကဲဖြတ်သည့်အခါတွင် ခိုင်လုံသော သက်သေအထောက်အထား ရှိပြီး ဤသည်မှာ အတော်အတန် မျှတပြီး ကျိုးကြောင်းဆီလျော်သည်။ ငါ့ကို ပြောလော့၊ ငါတို့သည် ဤကဏ္ဍခုနစ်ခုကို တစ်ခုပြီးတစ်ခု မိတ်သဟာယဖွဲ့သင့်သလော၊ သို့မဟုတ် တစ်ဆယ့်ငါးချက်ကို မိတ်သဟာယဖွဲ့သင့်သလော။ မည်သည့်နည်းလမ်းက ပိုကောင်းသနည်း။ (တစ်ဆယ့်ငါးချက်ကို တစ်ခုပြီးတစ်ခု မိတ်သဟာယဖွဲ့ပါ။) ယင်းက သင်တို့၏ နှစ်သက်မှုများနှင့် ကိုက်ညီသည်။ ပို၍ အသေးစိတ်ကျလေ၊ ပိုကောင်းလေ၊ ဖြစ်သည် မဟုတ်လော။ ဆက်လက်၍ ငါတို့သည် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်းကို တရားဝင် စတင်၍ မိတ်သဟာယဖွဲ့ကြမည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။