ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၀) အခန်း နှစ်
အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နည်းအပေါ် ဥပမာတစ်ခုဖြင့် မိတ်သဟာယဖွဲ့ခြင်း
အထက်မှ အလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်ရမည်နှင့်ပတ်သက်၍ တိကျသော ဥပမာတစ်ခုကို ငါတို့ ပေးကြစို့။ သာဓကအားဖြင့် အလုပ်အစီအစဉ်က လူတို့အား အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးရန် တောင်းဆိုသည်ဟု ဆိုကြပါစို့။ ဤသည်မှာ ကဏ္ဍမျိုးစုံကို ခြုံငုံသည့် တိကျသော တာဝန်တစ်ခုဖြစ်သည့်အပြင် ယာယီအလုပ်အစီအစဉ်တစ်ခုမဟုတ်ဘဲ ရေရှည်ဖြစ်ပြီး ဆက်လက်လုပ်ဆောင်နေရသော တာဝန်တစ်ခု ဖြစ်သည်။ သို့ဖြစ်၍ ဤအလုပ်အစီအစဉ်ကို ထုတ်ပြန်ပြီးနောက် ခေါင်းဆောင်များနှင့် အမှုဆောင်များက ပထမဦးစွာ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လမ်းပြမှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပံ့ပိုးပေးရန်နှင့် အလုပ်အစီအစဉ်များ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး နောက်ဆက်တွဲ ဆောင်ရွက်ရန် သတ်မှတ်ထားသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်အရ ခေါင်းဆောင်များနှင့် အမှုဆောင်များက ပထမဦးစွာ လုပ်ဆောင်ရန် လိုအပ်သည့်အရာမှာ လူတိုင်း ဤအလုပ်အတွက် လိုက်လျှောက်ရန် လမ်းကြောင်းနှင့် စည်းမျဉ်းများ ရှိကြောင်း သေချာစေလျက်၊ ဤတာဝန်ကို သင့်လျော်စွာနှင့် ရလဒ်များ ထွက်ပေါ်စေသော နည်းလမ်းဖြင့် တိတိကျကျ မည်သို့ ဆောင်ရွက်ရမည်ကို အဖွဲ့ခေါင်းဆောင်များနှင့်လည်းကောင်း၊ ကြီးကြပ်ရေးမှူးများနှင့်လည်းကောင်း မိတ်သဟာယဖွဲ့ရန် ဖြစ်သည်။ ဤအတိုင်းအတာအထိ မိတ်သဟာယဖွဲ့ခြင်းအားဖြင့်သာ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်၍ရနိုင်သည်။ ပထမဦးစွာ လူတိုင်းသည် သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအတွက် အထက်က သတ်မှတ်ထားသည့် စံနှုန်းများကိုလည်းကောင်း၊ မည်သို့သော သက်သေခံချက် ဆောင်းပါးများ လိုအပ်သည်ကိုလည်းကောင်း နားလည်ကြောင်း သေချာစေလော့။ ပထမဦးစွာ ဤဆောင်းပါးများ၏ တိကျသော ပါဝင်သည့်အကြောင်းအရာ၊ စည်းမျဉ်းများနှင့် နယ်ပယ်ကို သတ်မှတ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးက ဤအရာကို သိရှိကြောင်း သေချာစေလော့။ ထို့အပြင် ဆောင်းပါးများ၏ အရှည်၊ ပုံစံ၊ အကြောင်းအရာနှင့် ဘာသာစကားပုံစံတို့အပေါ် တိကျသော မိတ်သဟာယဖွဲ့ခြင်းနှင့် လမ်းပြမှုကို ပေးလော့။ ဥပမာအားဖြင့် ဆောင်းပါးများကို ဇာတ်ကြောင်း၊ နေ့စဉ်မှတ်တမ်း၊ ကိုယ်ရေးမှတ်တမ်း၊ စကားပြေကဗျာ စသည့် ပုံစံများဖြင့် ရေးသားနိုင်ကြောင်း ၎င်းတို့အား သိစေလော့။ ဤသည်မှာ လမ်းပြမှုပေးခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လမ်းပြမှုပေးပြီးနောက် လူတိုင်းသည် ၎င်းတို့ ရေးရန်လိုအပ်သည့် သက်သေခံချက် ဆောင်းပါးများ၏ တိကျသော အယူအဆနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သိရှိသွားကြလိမ့်မည်။ ထို့နောက်တွင် မည်သူက အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးရန် အစွမ်းအစနှင့် အတွေ့အကြုံရှိသည်ကိုလည်းကောင်း၊ မည်သူက နက်ရှိုင်းသော အတွေ့အကြုံမရှိသည့်အပြင်၊ သာမန် သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်း၌သာ လေ့ကျင့်နိုင်သည်ကိုလည်းကောင်း ဆုံးဖြတ်လော့။ အသင်းတော်ခေါင်းဆောင်များသည် ဤအခြေအနေများကို စိတ်နှလုံးထဲတွင် ရှင်းလင်းစွာ သိရှိထားရန် လိုအပ်သည်။ ဆောင်းပါးများ ရေးပြီးသည့်နောက်တွင် ၎င်းတို့သည် စစ်မှန်ခြင်း ရှိမရှိဟူသည်နှင့် တည်ဆောက်စရာဖြစ်မဖြစ်ဟူသည်တို့ကို စစ်ဆေးရန် ပြန်လည်သုံးသပ်လော့။ အကယ်၍ ယင်းတို့က စံနှုန်းပြည့်မီလျှင် ဆောင်းပါးများ မရေးရသေးသော သို့မဟုတ် မည်သို့ရေးရမည်ကို မသိသော ညီအစ်ကိုမောင်နှမများ ဖတ်ရှုရန်နှင့် ကိုးကားရန်အတွက် နမူနာ ဆောင်းပါးများအဖြစ် အသုံးပြုနိုင်သည်။ အကယ်၍ တစ်ဦးတလေက အတွေ့အကြုံများရှိပြီး သက်သေခံချက် ဆောင်းပါးများ ရေးလိုစိတ်ရှိလျှင် ၎င်းတို့သည် စည်းမျဉ်းများနှင့် သတ်မှတ်ချက်များကို လိုက်နာသင့်ပြီး စာဖတ်သူများကို တည်ဆောက်စရာဖြစ်စေရန် မိမိတို့၏ စိတ်နှလုံးထဲမှ အကြောင်းအရာများကို မျှဝေကာ လက်တွေ့ကျသော စကားများကို ပြောဆိုသင့်သည်။ အကယ်၍ အချို့သောလူများသည် ဆောင်းပါးများ ရေးသားရာ၌ မတော်သည့်အပြင် ရိုးရှင်းသော ဖြစ်ရပ်များနှင့်ဆိုင်သည့် မှတ်တမ်းကိုသာ ရေးသားတတ်လျှင် ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့၏ ဆောင်းပါးများက စံနှုန်းများနှင့် မကိုက်ညီလျှင်ပင် ၎င်းတို့သည် လေ့ကျင့်သင့်နေဆဲ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ တွေ့ကြုံခံစားခြင်းမှ ရရှိသည့် မိမိတို့၏ စစ်မှန်သော နားလည်သဘောပေါက်မှုနှင့် သိမြင်မှုကို ဆောင်းပါးများအဖြစ် ရေးသားသင့်သည်။ ဤဆောင်းပါးများကို တည်းဖြတ်ပြီး ပြန်လည်သုံးသပ်ပြီးနောက် အကယ်၍ ပါဝင်သည့်အကြောင်းအရာက သက်သေခံချက် ဆောင်းပါးများ၏ စံနှုန်းများနှင့် ကိုက်ညီလျှင် ထိုသို့သော ဆောင်းပါးများသည် အတည်ဖြစ်ပေသည်။ ဆောင်းပါး၏ ရေးဟန် မည်သို့ပင်ဖြစ်စေ၊ ဇာတ်ကြောင်းပုံစံဖြင့်ဖြစ်စေ၊ နေ့စဉ်မှတ်တမ်းပုံစံဖြင့်ဖြစ်စေ ယင်း၏ ပုံစံ မည်သို့ပင်ဖြစ်စေ စာဖတ်သူများအတွက် အကျိုးရှိပြီး တည်ဆောက်စရာဖြစ်နေသရွေ့ ရေးသားနိုင်သည်။ ပညာအရည်အချင်းနိမ့်ကျပြီး အချို့သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ ရှိသော်လည်း သက်သေခံချက် ဆောင်းပါးများအား မည်သို့ရေးရမည်ကို မသိသော အချို့သောလူများလည်း ရှိသည်။ ထိုသို့သော အခြေအနေများတွင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် မိမိတို့၏ အတွေ့အကြုံများကို နှုတ်ဖြင့် ပြောပြနိုင်ပြီး ပို၍ ပညာတတ်သော တစ်စုံတစ်ဦးက ၎င်းတို့၏ အတွေ့အကြုံများကို မှတ်တမ်းတင်ရန် ကူညီပေးနိုင်ကာ ထို့နောက် ထိုသူ၏ မူလဆိုလိုရင်းနှင့်အညီ တိကျစွာ ဖော်ပြ၍ စံနှုန်းပြည့်မီသော သက်သေခံချက် ဆောင်းပါးတစ်ခုအဖြစ် တည်းဖြတ်ပေးနိုင်သည်။ ထိုသို့သော ဆောင်းပါးများသည်လည်း အတည်ဖြစ်ပေသည်။ ဤအလုပ်ကို စတင်ရန်အတွက် ပထမဆုံးအနေဖြင့် သက်သေခံချက် ဆောင်းပါးဆိုသည်မှာ အဘယ်အရာဖြစ်သည်ဟူသည်နှင့် ယင်း၏ ပုံစံကို မိတ်သဟာယဖွဲ့လော့။ ထို့နောက် မတူညီသော ပညာရေးအဆင့်များ၊ မတူညီသော အသက်အရွယ်အုပ်စုများအပြင် မတူညီသော အတွေ့အကြုံများနှင့် ဝိညာဉ်ရင့်ကျက်မှုများ ရှိသူတို့အတွက် တိကျသော သတ်မှတ်ချက်များနှင့် အစီအစဉ်များကို ပြုလုပ်လော့။ ပထမဆုံးအနေဖြင့် အတွေ့အကြုံရှိသူများကို ဆောင်းပါးအချို့ ရေးသားစေလော့။ ထိုစဉ်အတောအတွင်းတွင် အသင်းတော်ထဲ၌ ညီအစ်ကိုမောင်နှမများကို ဆောင်းပါးများ ရေးသားရာတွင် လမ်းပြရန် သင့်တော်သူများနှင့် ဤတိကျသော တာဝန်များကို ဆောင်ရွက်ရန် ဆောင်းပါးများကို တည်းဖြတ်ခြင်းနှင့် စာမူကြမ်းပြင်ပေးခြင်းတို့အတွက် သင့်တော်သူများကို ဖော်ထုတ်လော့။ ဤအရာက ဤအလုပ်အတွက် ကနဦး အစီအစဉ်တစ်ခုကို ပံ့ပိုးပေးသည်။ ဤနည်းလမ်းဖြင့် စီစဉ်ခြင်းသည် အလုပ်ကို ထိုသို့ဖြင့် အပြည့်အဝ အကောင်အထည်ဖော်ပြီးဖြစ်၍ သင်သည် ယင်းကို လက်လွှတ်ထား၍ရပြီဟု ဆိုလိုသလော။ မဆိုလိုပေ၊ ဤသည်မှာ အလုပ်အစီအစဉ်၏ သတ်မှတ်ချက်များကို အခြေခံ၍ တိကျသော ညွှန်ကြားမှု၊ အကူအညီနှင့် အကောင်အထည်ဖော်မှု အစီအစဉ်များကို ပံ့ပိုးပေးခြင်းမျှသာ ဖြစ်သည်။ နောက်တစ်ဆင့်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် အလုပ်ကို ကြီးကြပ်သင့်သည်။ ဤကြီးကြပ်မှုက ပစ်မှတ်တစ်ခု ရှိသင့်သလော။ ကြီးကြပ်မှုသည် ကျပန်းစစ်ဆေးခြင်း မဟုတ်ပေ။ ယင်း၌ အဓိက ပစ်မှတ်တစ်ခု ရှိရန် လိုအပ်သည်။ မည်သူ့ကို ကြီးကြပ်ရန် လိုအပ်သည်ဟူသည်နှင့် မည်သည့်အလုပ်အဆင့်များက ကြီးကြပ်မှု လိုအပ်သည်ဟူသည်တို့ကို သင် ရှင်းလင်းစွာ နားလည်ထားရမည်။ ဥပမာအားဖြင့် အကယ်၍ ညီအစ်မတစ်ဦးသည် ပုံမှန်အားဖြင့် သူ၏အလုပ်တွင် အလေးအနက်မထားသည့်၊ ဝါကြွားတတ်ပြီး၊ ရည်မှန်းချက်မြင့်မားသော်လည်း အရည်အချင်းမရှိသည့်၊ မိမိ၏ အထက်လူကြီးများကို လှည့်စားတတ်ပြီး မိမိ၏ လက်အောက်ငယ်သားများထံမှ အကြောင်းအရာများကို ဖုံးကွယ်ထားတတ်သည့်၊ အထူးသဖြင့် နားထောင်ကောင်းသောပုံစံဖြင့် စကားပြောပြီး မိမိ၏အလုပ်တွင် ဝတ်ကျေတမ်းကျေ လုပ်ဆောင်တတ်သည့် အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်လျှင်၊ သူ၏အလုပ်ကို ကြီးကြပ်ပေးရန် မဖြစ်မနေ လိုအပ်သည်။ သင်သည် သူ့ကို အပြည့်အဝ ယုံကြည်၍မရပေ။ သို့ဆိုလျှင် ပထမအဆင့်မှာ သူ၏အလုပ်ကို စစ်ဆေးပြီး အလုပ်အစီအစဉ်များကို သူမ၏ အကောင်အထည်ဖော်မှုက မည်သို့ရှိသည်ကို ကြည့်ရှုရန် ဖြစ်သည်။ ဤသည်မှာ လူတို့ကို ထင်ရာမြင်ရာ ကြီးကြပ်နေခြင်းမျှသာ ဖြစ်သလော။ (မဟုတ်ပါ။) ဤအလုပ်သည် အလွန်အရေးကြီးပြီး ဤအလုပ်မျိုးကို ဆောင်ရွက်သူများသည် ယုံကြည်စိတ်ချရသူများ ဖြစ်ရမည်ဖြစ်သောကြောင့် ဤသည်မှာ အလုပ်အတွက် လိုအပ်သည်။ ၎င်းတို့သည် တိကျသော တာဝန်များကို မထမ်းဆောင်ဘဲ ယုံကြည်စိတ်ချ၍မရလျှင် ၎င်းတို့ကို ကြောင်းကျိုးမမြင်ဘဲ ယုံကြည်ခြင်းသည် အသင်းတော်၏ အလုပ်ကို နှောင့်နှေးစေမည်ဖြစ်ပြီး သင်သည်လည်း တာဝန်ပျက်ကွက်ရာရောက်မည်ဖြစ်သည်။ ထိုသို့သောလူများအတွက် သင်သည် ၎င်းတို့၏ စကားများ နားထောင်ကောင်းပုံအားဖြင့် သို့မဟုတ် ၎င်းတို့၏ ကတိကဝတ်ကို မည်မျှ ပြင်းပြင်းထန်ထန် ကြေညာသည်ဟူသည့်အရာအားဖြင့် လွှမ်းမိုးခြင်းခံ၍ မရပေ။ အမှန်တကယ်တွင် ၎င်းတို့သည် ကောင်းစွာ စကားပြောတတ်သော်လည်း နောက်ကွယ်တွင် အကျိုးရှိသောအရာ တစ်ခုမျှ မလုပ်ဆောင်ကြပေ။ ထိုသို့သောလူများသည် ကြီးကြပ်မှုခံရသည့်သူများ အတိအကျ ဖြစ်သည်။ ကြီးကြပ်မှုမှတစ်ဆင့် ၎င်းတို့ နောင်တရခြင်း ရှိမရှိဟူသည်ကို စောင့်ကြည့်လေ့လာလော့။ အကယ်၍ မရှိလျှင် ၎င်းတို့ကို ချက်ချင်း ဖြုတ်ချပြီး ၎င်းတို့အပေါ် အားစိုက်ထုတ်မှု ဖြုန်းတီးခြင်းကို ရပ်တန့်လော့။ အမှန်တကယ်တွင် သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်အများစုနှင့်အတူ နောက်ဆက်တွဲလုပ်ပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် ညွှန်ကြားမှုပေးခြင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်သည်။ လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်နိုင်ပြီး တာဝန်ယူစိတ်ရှိသူများအတွက်မူ ထိုအလုပ်က ၎င်းတို့ လုပ်ဆောင်တတ်သည့် အလုပ်ဖြစ်လျှင် ကြီးကြပ်ရန် မလိုအပ်ပေ။ သို့သော် အလုပ်သစ် သို့မဟုတ် အရေးကြီးသော အလုပ်အတွက်မူ နောက်ဆက်တွဲလုပ်ပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် ညွှန်ကြားမှုပေးခြင်းတို့က လိုအပ်နေဆဲ ဖြစ်သည်။ အလုပ်ကို ဤကဲ့သို့ ကြီးကြပ်ခြင်းနှင့် နောက်ဆက်တွဲလုပ်ပေးခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ဖြစ်သည်ဟု ဆိုနိုင်သည်။ နောက်ဆက်တွဲလုပ်ပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် ညွှန်ကြားမှုပေးခြင်းတို့သည် မယုံကြည်မှုနှင့် မသက်ဆိုင်ဘဲ အလုပ်၏ ချောမွေ့သော တိုးတက်မှုကို သေချာစေရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့၌ အမျိုးမျိုးသော ချို့ယွင်းချက်များ ရှိသည့်အပြင် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများလည်း ရှိသောကြောင့် ဤနည်းလမ်းဖြင့် လက်တွေ့မလုပ်ဆောင်ဘဲ အလုပ်ကို ကောင်းမွန်စွာ ပြီးမြောက်ကြောင်း အာမခံရန် မဖြစ်နိုင်ပေ။ အလုပ်လုပ်ရန် ယခုမှ မြှင့်တင်ပေးခံရသူများသည် သာ၍ပင် နောက်ဆက်တွဲလုပ်ပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် ညွှန်ကြားမှုတို့ကို လိုအပ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် တိကျသော အလုပ်တာဝန်တစ်ခု ဖြစ်သည်။ သင်သည် နောက်ဆက်တွဲလုပ်ပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် ညွှန်ကြားမှုပေးခြင်းတို့ကို လက်တွေ့မလုပ်ဆောင်လျှင် အလုပ်တာဝန်များစွာက ကောင်းမွန်စွာ မပြီးနိုင်သည့်အပြင် အချို့သော အလုပ်များသည် အလွဲလွဲအချော်ချော်ဖြစ်သွားခြင်း သို့မဟုတ် ရပ်တန့်သွားခြင်းပင် ဖြစ်နိုင်သည်။ ဤသည်မှာ မကြာခဏဖြစ်တတ်လွန်းသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ အထူးသဖြင့် သမ္မာတရားကို မလိုက်စားသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သာ၍ပင် ကြီးကြပ်မှု လိုအပ်သည်။ အခြားသူများနှင့်ဆိုလျှင် အလုပ်ကို အတော်အတန် ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်သော်လည်း ထိုသို့သောလူများနှင့်မူ အလုပ်ကို အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိ သို့မဟုတ် မည်မျှ ကောင်းမွန်စွာ အကောင်အထည်ဖော်မည်ဟူသည်မှာ မသေချာသည့်အပြင် အလုပ်အစီအစဉ်နှင့်အညီ အကောင်အထည်ဖော်ခြင်း ရှိမရှိဟူသည်မှာ ပြောရန် သာ၍ပင် ခက်ခဲသည်။ ထိုသို့သောလူများသည် မိမိတို့၏ အလုပ်တွင် အလွန် ယုံကြည်စိတ်ချရသူများ မဟုတ်ပေ။ သင်သည် ၎င်းတို့၏ အလုပ်ကို မကြီးကြပ်ဘဲ ၎င်းတို့ကို ယုံကြည်လျှင် ဤသည်မှာ အခြေခံအားဖြင့် အလုပ်အပေါ် ဝတ်ကျေတမ်းကျေလုပ်ခြင်းနှင့် တာဝန်မဲ့ခြင်း ဖြစ်သည်။ ထိုသို့သောလူများအတွက် သင်သည် နောက်ဆက်တွဲလုပ်ပေးပြီး ကြီးကြပ်ရန်နှင့် ၎င်းတို့အသင်းတော်၏ အလုပ်တွင် ပါဝင်ရန် လိုအပ်သည်။ အကယ်၍ ၎င်းတို့သည် သင့်ကို လာခွင့်မပြုလိုလျှင် သို့မဟုတ် သင့်ကို မကြိုဆိုလျှင် သင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ သင်က “ကျွန်ုပ်၏ မာနကို မျိုသိပ်ပြီး မည်သို့ပင်ဖြစ်စေ သွားမည်”ဟု ပြောကောင်းပြောနိုင်သည်။ ဤစကားများသည် မှန်ပါသလော။ (မမှန်ပါ။) ထိုနေရာသည် ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေ မဟုတ်ပေ။ ယင်းမှာ အသင်းတော်ဖြစ်ပြီး သင်၏ တာဝန်ယူမှု နယ်ပယ်အတွင်း ကျရောက်သည်။ သင်သည် ခိုကပ်စားရန် ၎င်းတို့၏ အိမ်တွင် အချိန်ဆွဲနေခြင်း မဟုတ်ပေ။ သင်သည် အလုပ်လုပ်ရန် အသင်းတော်သို့ သွားနေခြင်း ဖြစ်သည်။ ဤသည်မှာ သင်၏ မာနကို မျိုသိပ်ခြင်းနှင့် မသက်ဆိုင်ပေ။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း ဘုရားသခင် ရွေးချယ်ထားသောလူများမှာ ၎င်းတို့၏ လူများ မဟုတ်ပေ။ သင်သည် ၎င်းတို့၏ အလုပ်ကို နောက်ဆက်တွဲလုပ်ပေးပြီး ကြီးကြပ်ရန် လိုအပ်သည်မှာ ၎င်းတို့အနေဖြင့် မိမိတို့၏ အလုပ်တွင် တာဝန်မဲ့ပြီး သစ္စာမစောင့်သိသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ထိုနေရာသို့ သွားသည့်အခါ မည်သည့်အရာ သင် လုပ်ဆောင်သင့်သနည်း။ ပထမဆုံးအနေဖြင့် အသင်းတော်ထဲတွင် မည်သူက အသက်တာဆိုင်ရာ အတွေ့အကြုံများရှိပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးနိုင်သည်ကိုလည်းကောင်း၊ မည်သူက သမ္မာတရားကို လိုက်စားရာ၌ အတော်အတန် ပို၍ အာရုံစိုက်သည်ကိုလည်းကောင်း၊ မည်သူက နေ့စဉ်မှတ်တမ်းများနှင့် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်း မှတ်စုများ ရေးသားရာ၌ အတော်အတန် ပို၍ အာရုံစိုက်သည်ကိုလည်းကောင်း၊ မည်သူက စုဝေးပွဲများတွင် မိမိတို့၏ အတွေ့အကြုံများကို မျှဝေရာ၌ အာရုံစိုက်သည်ကိုလည်းကောင်း၊ မည်သူက အတွေ့အကြုံဆိုင်ရာ သက်သေခံချက် အများဆုံး ရှိသည်ကိုလည်းကောင်း ၎င်းတို့အား မေးမြန်းလော့။ ၎င်းတို့အား ဤလူများကို ဦးစွာ ညွှန်ပြခိုင်းလော့။ အကယ်၍ ၎င်းတို့က ညီအစ်ကိုမောင်နှမအချို့ကို ထောက်ပြပြီး ဤသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌ အတော်အတန် ပို၍ အာရုံစိုက်သူများဖြစ်ကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးခြင်းကို ရရှိကြောင်း၊ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်း မှတ်စုများကို မကြာခဏ ရေးသားကြောင်း၊ အခြေအနေများနှင့် ကြုံတွေ့သည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌ အာရုံစိုက်ကြောင်းနှင့် အခြားသူများ နားထောင်လိုသည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မကြာခဏ မျှဝေကြောင်း ပြောဆိုလျှင် သင်သည် ဤညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံပြီး ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သင့်သည်။ ထို့အပြင် အသင်းတော်ထဲတွင် ပညာအရည်အချင်းနိမ့်ကျပြီး ဆောင်းပါးများ မရေးနိုင်သော်လည်း လက်တွေ့ကျသော အတွေ့အကြုံများ ရှိသည့် အချို့သောလူများ မုချရှိပေသည်။ ဤလူများသည် လမ်းပြမှုနှင့် လေ့ကျင့်မှု လိုအပ်ပြီး ဆောင်းပါးများ ရေးတတ်သူများကို အချိန်ကာလတစ်ခုအထိ ထိုသူတို့အား ကူညီခိုင်းနိုင်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းဟူသည့် တိကျသော အလုပ်ကို အကောင်အထည်ဖော်ရန် တာဝန်ခံ လူတစ်ဦးကို ရွေးချယ်လော့။ ဤလူသည် ပြီးစီးသွားသော ဆောင်းပါးများကို စုဆောင်းခြင်း၊ စာတည်းဖြတ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် ထို့နောက် တင်သွင်းခြင်းတို့ကို ကြီးကြပ်ရမည်။ ပြီးလျှင် အသင်းတော်ခေါင်းဆောင်က မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့အား ဤအလုပ်တာဝန်များကို ကြီးကြပ်ပြီး နောက်ဆက်တွဲလုပ်ဆောင်ခိုင်းလော့။ အချို့သောလူများက “အသင်းတော်ခေါင်းဆောင်တစ်ဦး ရှိနေသည့်အတွက် တာဝန်ခံ တစ်စုံတစ်ဦးကို အဘယ်ကြောင့် ရွေးချယ်ရန် လိုအပ်သနည်း။ ယင်းမှာ အပိုဖြစ်သည် မဟုတ်လော”ဟု ပြောကောင်းပြောနိုင်သည်။ ယင်းမှာ မလိုအပ်ဘဲ ပိုနေသလော။ (မပိုပါ။) အဘယ်ကြောင့် မပိုသနည်း။ ဤအသင်းတော်ခေါင်းဆောင်သည် တကယ့်အလုပ်ကို မလုပ်ဆောင်ဘဲ အလွန် ယုံကြည်စိတ်ချရသူ မဟုတ်သောကြောင့် သင်သည် ဤအလုပ်အတွက် အထူးတာဝန်ယူမည့် အခြားလူတစ်ဦးကို ရွေးချယ်ရန် လိုအပ်ခြင်း ဖြစ်သည်။ အကယ်၍ အသင်းတော်ခေါင်းဆောင်သည် ယုံကြည်စိတ်ချရသူဖြစ်ပါက အလုပ်အစီအစဉ်ကို သူလက်ခံရရှိပြီးနောက် အလုပ်ကို တည်တည်ငြိမ်ငြိမ်ဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး သင်သည် သူ့ကို ဤကဲ့သို့ ကြီးကြပ်ရန် လိုအပ်မည် မဟုတ်ပေ။ တာဝန်ခံတစ်ဦးကို ရွေးချယ်ခြင်းသည် အသင်းတော်ခေါင်းဆောင်ကို ဘေးဖယ်ထားခြင်း မဟုတ်ဘဲ ပိုမိုကောင်းမွန်သော အလုပ်ရလဒ်များ ရရှိရန် ဖြစ်သည်။ သင်သည် ဤလူကို မရွေးချယ်လျှင် အလုပ်သည် ပျက်စီးကောင်းပျက်စီးသွားနိုင်ပြီး မည်သည့်အချိန်တွင် ပြီးစီးမည် သို့မဟုတ် ရလဒ်များ ထွက်ပေါ်မည်ဆိုသည်မှာ မသေချာမှုတစ်ခု ဖြစ်လာလိမ့်မည်။
အသင်းတော်အလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ပါဝင်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင် ရွေးချယ်ထားသောလူတို့အား ဘုရားသခင်၏အမှုကို လက်တွေ့ကျကျ တွေ့ကြုံခံစားစေရန် ဦးဆောင်ဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်သင့်ရုံသာမက ဘုရားသခင် ရွေးချယ်ထားသောလူတို့အား အလုပ်အစီအစဉ်များက တောင်းဆိုသည့် စံနှုန်းများအတိုင်း အသင်းတော်၏ အလုပ်အားလုံးကိုလည်း ဆောင်ရွက်ရန် ကူညီပြီး ဦးဆောင်သင့်သည်။ ဤအရာကို လုပ်ဆောင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသာလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ညီညွတ်သည်။ သို့သော် သင်သည် အလုပ်တွင် တိတိကျကျ ပါဝင်ဆောင်ရွက်ခြင်း မရှိသည့်အပြင် စစ်မှန်သည့်အလုပ်ကို မလုပ်ဆောင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ကြီးကြပ်ခြင်းအား လက်တွေ့မလုပ်ဆောင်ပါက ဤအသင်းတော် အလုပ်တာဝန်များ၏ ရလဒ်များသည် အယောင်ဆောင် ခေါင်းဆောင်များ၏ ဖျက်ဆီးခြင်းကို ခံရသဖြင့် အချည်းနှီး ဖြစ်သွားနိုင်သည်။ အကယ်၍ သင်သည် အသင်းတော်တစ်ခုခု၏ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်ပြီး ဤအသင်းတော်၏ ခေါင်းဆောင်များက တာဝန်မဲ့ကြောင်းကို သင်၏စိတ်နှလုံးထဲ၌ သိရှိသော်လည်း အချိန်မီ နောက်ဆက်တွဲအလုပ်လုပ်ခြင်းနှင့် ညွှန်ကြားခြင်းတို့ကို မပေးပါက ဤသည်မှာ တာဝန်ပျက်ကွက်ခြင်း ဖြစ်သည် မဟုတ်လော။ ဤအလုပ်အမျိုးအစားအတွက် သင်သည် တိတိကျကျ နောက်ဆက်တွဲအလုပ်လုပ်ပေးပြီး ပါဝင်ဆောင်ရွက်ခဲ့ကာ ကြီးကြပ်ရေးမှူးကိုရော အလုပ်လုပ်ဆောင်မည့်သူများကိုပါ စီစဉ်ပြီးဖြစ်ပါက သင်သည် ချက်ချင်း ထွက်ခွာနိုင်သလော။ (မထွက်ခွာနိုင်ပါ။) အချိန်ကာလတစ်ခုကြာ နောက်ဆက်တွဲလုပ်ပေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ နောက်ဆက်တွဲအလုပ်ကို လုပ်ပေးနေစဉ်အတွင်းတွင် တစ်ချက်အနေဖြင့် သင်သည် အသင်းတော်ခေါင်းဆောင်များကို ဤတာဝန်အပေါ် တက်ကြွစွာ လုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်ပြီး လမ်းပြနိုင်သည်။ ထို့အပြင် သင်စီစဉ်ထားသည့်သူများ၏ အလုပ်အခြေအနေကို တိကျစွာ နားလည်နိုင်ပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့ အချိန်မရွေး ကြုံတွေ့ရသည့် မည်သည့်ပြဿနာများအတွက်မဆို အချိန်မီ ပြင်ဆင်ချက်များနှင့် အကူအညီကို ပေးနိုင်ပေသည်။ သင်သည် စောစီးလွန်းစွာ ထွက်ခွာသွားပြီး ၎င်းတို့ထံ ပြဿနာများ ပေါ်ပေါက်လာသည့်အခါမှ ကိုင်တွယ်ဖြေရှင်းရန် ပြန်လာပါက ယင်းက အလုပ်ကို နှောင့်နှေးစေလိမ့်မည်ဖြစ်သည်။ အနှစ်ချုပ်အားဖြင့် ဤတိကျသော အလုပ်အတွက်၊ ဝန်ထမ်းများနှင့် ကြီးကြပ်ရေးမှူးကို စီစဉ်ရာတွင် ပါဝင်ခြင်းအပြင် ၎င်းတို့၏ အလုပ်အတွင်း မည်သည့်ပြဿနာများ ပေါ်ပေါက်သည်ကို ကြည့်ရှုရန် အချိန်ကာလတစ်ခုကြာ နောက်ဆက်တွဲလုပ်ပေးခြင်းသည်လည်း အကောင်းဆုံးဖြစ်သည်။ တစ်ဖက်တွင် အသင်းတော်ခေါင်းဆောင်များသည် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်း ရှိမရှိဟူသည်ကို ကြီးကြပ်ရန်ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ဝန်ထမ်းများက အလုပ်ကို မည်သို့လုပ်ဆောင်နေသည်ဟူသည်ကို ကြည့်ရှုရန် ဖြစ်သည်။ လူအများစုသည် ဤအလုပ်ကို ယခင်က မလုပ်ဆောင်ရသေးသည့်အပြင် ပေါ်ပေါက်လာနိုင်သည့် ပြဿနာများကို မသိရှိသောကြောင့် သင်သည် ဤအလုပ်တွင် ပါဝင်နေစဉ် မသိရှိသေးသော ပြဿနာအချို့ကို အဆက်မပြတ် ရှာဖွေတွေ့ရှိနေလိမ့်မည်ဖြစ်သည်။ အချိန်မီ ဖြေရှင်းချက်များကိုလည်း ပေးနိုင်ခြင်းက အကောင်းဆုံးဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ လုပ်ငန်းခွင်တွင် ရှိနေခြင်း၊ ကြီးကြပ်ခြင်းနှင့် နောက်ဆက်တွဲလုပ်ပေးခြင်းတို့သည် အကောင်းဆုံးသော လက်တွေ့လုပ်ဆောင်မှုများ ဖြစ်ကြသည်။ ဖြစ်ကတတ်ဆန်း ဝတ်ကျေတမ်းကျေ ဟန်ဆောင်လုပ်ပြပြီး ပြီးပြီဟု သဘောမထားလိုက်နှင့်။ ဤသည်မှာ အကူအညီနှင့် လမ်းပြမှုအချို့ကို ပေးလျက် အထူးအခြေအနေတစ်ခုအတွက် လုပ်ဆောင်ရသည့် အလုပ်ဖြစ်သည်။ ပြဿနာများကို ဖြေရှင်းပြီးနောက် ၎င်းတို့၏ အလုပ်ကို အချိန်ကာလတစ်ခုအထိ နောက်ဆက်တွဲလုပ်ပေးလော့။ ဆောင်းပါးအချို့ ရေးသားနှင့်ပြီးဖြစ်သည်ကို သင်တွေ့ရပြီး အမျိုးမျိုးသော ပြဿနာများကို ဆွေးနွေးပြီး မတူညီသော အကြောင်းအရာများကို ခြုံငုံသည့် ဆောင်းပါးအမျိုးအစားများစွာ ရှိသည်။ အချို့မှာ စီစီပီ၏ ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံရခြင်းအကြောင်း၊ အချို့မှာ မိသားစု၏ ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံရခြင်းအကြောင်း၊ အချို့မှာ ၎င်းတို့ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လူတို့ မည်သို့ နားလည်လာကြပုံအကြောင်း သို့မဟုတ် တာဝန်များကို ထမ်းဆောင်နေစဉ် လူတို့ ပြသသည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေများကို မည်သို့ ဖြေရှင်းခဲ့ကြပုံအကြောင်း စသည်တို့ ဖြစ်သည်။ ဤသက်သေခံချက် ဆောင်းပါးများကို အတည်ပြုပြီး ဗီဒီယိုများအဖြစ် မပြုလုပ်မီ အချက်အလက်များနှင့် လုံးဝ ကိုက်ညီပြီး လူတို့ကို အမှန်တကယ် တည်ဆောက်ပေးကြောင်းကို သေချာစေရန် အားလုံးကို ပြန်လည်သုံးသပ်ရမည်ဖြစ်သည်။ အလုပ်က ဤအဆင့်သို့ ရောက်ရှိသောအခါ ရလဒ်များကို သင် မြင်တွေ့နှင့်ပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ပဏာမ သတ်မှတ်ချက်အရ၊ ဤအလုပ်အတွက် သင် စီစဉ်ခဲ့သည့် တာဝန်ထမ်းဆောင်သူများနှင့် ကြီးကြပ်ရေးမှူးသည် အတော်အတန် သင့်တော်ကြောင်း သက်သေပြပေသည်။ ထို့နောက် ၎င်းတို့သည် ဤအလုပ်ကို ၎င်းတို့ဘာသာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါက သင်ထွက်ခွာရန် သင့်တော်ပေသည်။ ဤနည်းလမ်းဖြင့် အလုပ်လုပ်ဆောင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည်လည်း တည်ဆောက်မှုကို ရရှိကြသည် မဟုတ်လော။ ဤသည်မှာ တစ်နေ့လုံး သဘောတရားများအကြောင်း တတွတ်တွတ်ပြောဆိုနေပြီး အချိန်ဖြုန်းခြင်းထက် ပို၍ အကျိုးကျေးဇူးရှိသလော။ (ရှိပါသည်။) ဤအလုပ်မျိုးက ကြီးမားသော အကျိုးကျေးဇူးများ ရှိသည်။ တစ်နည်းအားဖြင့် သင်သည် လက်တွေ့ပြဿနာများကို ဖြေရှင်းတတ်ရန် သင်ယူရသည်။ နောက်တစ်နည်းအားဖြင့် သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရသည်။ ထို့အပြင် သင်၏ သမ္မာတရား သိနားလည်မှုသည် စကားလုံးများနှင့် အယူဝါဒများ အဆင့်တွင် ရပ်တန့်မနေပေ။ ထို့ထက် သင်သည် သမ္မာတရားကို လက်တွေ့ဘဝတွင် ပို၍ ကျင့်သုံးလေသည်။ ဤနည်းအားဖြင့် လူတို့သည် လက်တွေ့ကျသော အတွေ့အကြုံကို ရရှိကြပြီး ၎င်းတို့၏ သမ္မာတရား သိနားလည်မှုက ပို၍ ခိုင်လုံကာ လက်တွေ့ကျလာသည်။
အသင်းတော်တစ်ခု၏ စမ်းသပ်လုပ်ဆောင်သည့် အလုပ်စီမံကိန်းတစ်ခုကို ဤအတိုင်းအတာအထိ လမ်းပြကာ ကနဦးအကျိုးရလဒ်များ ရရှိပြီးနောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် နောက်ထပ် မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သနည်း။ စမ်းသပ်လုပ်ဆောင်သည့် စီမံကိန်းတစ်ခု ပြီးစီးသွားသည်နှင့် သင်၏အလုပ် ပြီးသွားပြီလော။ သင်လုပ်ဆောင်ရမည့် နောက်ထပ်အလုပ် ရှိသလော။ လုပ်ဆောင်ရန် အလုပ်များစွာ ကျန်ရှိနေသေး၏။ ဤအသင်းတော်၏ အလုပ်ကို လမ်းပြပြီးနောက်တွင်၊ အခြားမည်သည့်အသင်းတော်၏ အလုပ်က အဓိကထား လမ်းပြမှု လိုအပ်သည်ကို ကြည့်ရှုပြီး ထိုအသင်းတော်သို့ သွားကာ ဆက်လက်၍ လမ်းပြမှုပေးလော့။ သင်သည် အလုပ်အတွေ့အကြုံအချို့ ရှိနှင့်ပြီးဖြစ်ကာ သမ္မာတရား စည်းမျဉ်းအချို့ကို သဘောပေါက်ထားပြီးဖြစ်သောကြောင့် လမ်းပြမှုအလုပ်ကို တစ်ဖန်ပေးရန် ပို၍များစွာ လွယ်ကူလိမ့်မည်။ အစောပိုင်းက ဆွေးနွေးခဲ့သည့် အလုပ်အဆင့်များအတိုင်း၊ ရွေးချယ်ထားသော အမှုဆောင်များ စံနှုန်းပြည့်မီခြင်း ရှိမရှိ၊ ၎င်းတို့က ဤအလုပ်အတွက် သင့်တော်ခြင်း ရှိမရှိ၊ ၎င်းတို့၏ အစွမ်းအစ၊ လူ့သဘာဝ၊ ပညာရေးအဆင့်၊ သမ္မာတရားကို လိုက်စားသည့် အတိုင်းအတာ၊ မိမိတို့၏ တာဝန်အပေါ်ထားရှိသည့် သဘောထားနှင့် သမ္မာတရားကို သိနားလည်မှုတို့အပြင် အခြားသော ကဏ္ဍများက အတော်အတန် ကောင်းခြင်း ဟုတ်မဟုတ်ဟူသည်နှင့် ၎င်းတို့သည် အတော်အတန် ထိပ်တန်းပုဂ္ဂိုလ်များ ဟုတ်မဟုတ်ဟူသည်တို့ကို ဦးစွာ စစ်ဆေးသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ကြီးကြပ်မှုနှင့် အလုပ်ကို စစ်ဆေးခြင်း အချိန်ကာလတစ်ခုမှတစ်ဆင့် သင်သည် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် ကြီးကြပ်ရေးမှူးများက စံနှုန်းမပြည့်မီကြောင်းကို တွေ့ရှိရန် အခွင့်အရေး ရရှိလိမ့်မည်။ ဥပမာအားဖြင့် အချို့လူများတွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး အလုပ်ကို မလုပ်ဆောင်နိုင်ကြပေ။ အခြားသူများတွင် လွဲချော်သော နားလည်သဘောပေါက်မှု၊ မမှန်ကန်သော သဘောထားအမြင်များ ရှိကြသည်၊ ပုံမှန်တွေးခေါ်မှု ကင်းမဲ့ပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြပေ။ ၎င်းတို့သည် မိမိတို့၏ ပညာရပ်ဆိုင်ရာ အသိပညာကို အခြေခံ၍သာ ဆောင်းပါးများကို စာပြင်ပေးနိုင်သော်လည်း၊ တိကျသော ဝိညာဉ်ရေးရာ ဝေါဟာရများ၏ သင့်လျော်မှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုးကားခြင်း၏ သင့်လျော်မှုတို့နှင့် ပတ်သက်လာသည့်အခါ၊ မသိနားမလည်ကြပေ။ ၎င်းတို့သည် ဤအရာများကို လုံးဝ ထွင်းဖောက်မမြင်နိုင်ကြချေ။ ယင်းက ၎င်းတို့ကို ရွေးချယ်ခဲ့ခြင်းမှာ မသင့်တော်ကြောင်းနှင့် ၎င်းတို့ကို ချက်ချင်း အစားထိုးသင့်ကြောင်း ပြသပေသည်။ ထိုအတောအတွင်း အခြားသူများသည် ကြီးကြပ်ရေးမှူးများအဖြစ် ရွေးချယ်ခံရဆဲဖြစ်ပြီး အလုပ်အချို့ကို ၎င်းတို့ လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့ဘာသာ ဆောင်းပါးများ ရေးသားသည့်အခါ ပိုမိုကောင်းမွန်သော ရလဒ်များကို စွမ်းဆောင်ရရှိလေသည်။ ကြီးကြပ်ရေးမှူးများအဖြစ် အစေခံရန် စေခိုင်းခြင်းခံရသောအခါ ၎င်းတို့သည် မိမိတို့၏ အလုပ်ဖြင့် အလုပ်များလာသောအခါ ရေးသားရန် အချိန်မရှိသည့်အပြင်၊ ကြီးကြပ်ရေးမှူးတစ်ဦး၏ အလုပ်ကို သိပ်ကောင်းစွာ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် လမ်းပြမှုပေးခြင်း၊ အလုပ်ကို စစ်ဆေးခြင်း သို့မဟုတ် ပြဿနာများကို ပြုပြင်ခြင်းတို့၌ မကျွမ်းကျင်ဘဲ သတ်သတ်မှတ်မှတ်ဖြစ်သော တာဝန်တစ်ခုတည်းကို လုပ်ဆောင်ရာ၌ ပို၍ တော်ကြသည်။ ထို့ကြောင့် ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးကို ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်ခြင်းသည် မသင့်တော်သည့်အပြင်၊ အခြားသင့်တော်သူတစ်ဦးကို ရွေးချယ်သင့်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တိကျသော တာဝန်တစ်ခုကို စစ်ဆေးပြီး နောက်ဆက်တွဲအလုပ်လုပ်ပေးသည့်အခါ ကြီးကြပ်ရေးမှူးက စည်းမျဉ်းများကို နားလည်ခြင်း ရှိမရှိဟူသည်ကို သိရှိရန် မေးခွန်းများမေးခြင်းနှင့် စုံစမ်းမေးမြန်းခြင်းမျှက မလုံလောက်ပေ။ သင်သည် ထိုသူ၏ လူ့သဘာဝ မည်သို့ရှိသည်ကိုလည်းကောင်း၊ ၎င်း၏ အစွမ်းအစ၊ သဘောပေါက်နားလည်နိုင်စွမ်းနှင့် ဝိညာဉ်ရင့်ကျက်မှုတို့က ဤတာဝန်ကို ထမ်းဆောင်ရန် သင့်တော်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း စောင့်ကြည့်လေ့လာရန်လည်း လိုအပ်သည်။ စစ်ဆေးမှုက စံနှုန်းမပြည့်မီသော အမှုဆောင်များကို တွေ့ရှိပါက ညှိနှိုင်းပြုပြင်မှုများကို အချိန်မီ ပြုလုပ်ရမည်။ ဤသည်မှာ အလုပ်ကို စစ်ဆေးခြင်းတွင် ပါဝင်သောအရာ ဖြစ်သည်။
သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအလုပ်ကို အကောင်အထည်ဖော်ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်၏ ကြီးကြပ်ရေးမှူးက သင့်တော်ခြင်း ရှိမရှိဟူသည်ကို စစ်ဆေးခြင်းအပြင် ဆောင်းပါးများကို စစ်ဆေးပြီး ဆောင်းပါးများ ရေးသားခြင်းအလုပ်အတွက် လမ်းပြမှုနှင့် စိစစ်ခြင်းအချို့ကို ပေးတတ်ရန်လည်း သင်ယူရမည်။ တိကျစွာနှင့် လက်တွေ့ကျစွာ ရေးသားထားသော ဆောင်းပါးများကို စံနမူနာများအဖြစ် အသုံးပြုနိုင်သည်။ အနှစ်သာရမရှိသည့်အပြင် လက်တွေ့မကျသောနည်းဖြင့် ရေးသားထားသည့်၊ တန်ဖိုးမရှိသည့်အပြင် လူတို့ကို တည်ဆောက်မပေးနိုင်သော ဆောင်းပါးများကို တိုက်ရိုက် ဖယ်ရှားပစ်သင့်သည်။ ဤနည်းအားဖြင့် ညီအစ်ကိုမောင်နှမများသည် မည်သည့်ဆောင်းပါးအမျိုးအစားများက တန်ဖိုးရှိပြီး မည်သည့်အမျိုးအစားများက တန်ဖိုးမရှိသည်ကို သိရှိကြလိမ့်မည်ဖြစ်ကာ အနာဂတ်တွင် ၎င်းတို့သည် တန်ဖိုးမရှိသော ဆောင်းပါးများကို ရေးသားလိမ့်မည်မဟုတ်ဘဲ၊ ထိုသို့ဖြင့် အားအင်နှင့် အချိန်ကို ဖြုန်းတီးခြင်းအား ရှောင်ရှားနိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်၏အလုပ်သည် တန်ဖိုးရှိလိမ့်မည်။ သင်သည် အလုပ်ကို စစ်ဆေးရန် သွားသည့်အခါ ၎င်းတို့ ရေးသားထားသည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးမျိုးစုံက မသမာမှုများ သို့မဟုတ် မုသားများ တစ်ခုတလေ ရောနှောထားခြင်းရှိသလောဟူသည်နှင့် ဆောင်းပါးများက တည်ဆောက်ပေးခြင်း ရှိမရှိဟူသည်တို့ကို ကြည့်ရှုရန် စစ်ဆေးဖို့ လိုအပ်သည်။ သင်သည် ဤအရာများကို ဦးစွာ စိစစ်ရန် လိုအပ်သည်။ သင် စိစစ်နေချိန်တွင် သင်ယူနေခြင်းလည်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင် သင်ယူသည်နှင့်အမျှ ဤအလုပ်ကို ပို၍ ကောင်းသည်ထက်ကောင်းစွာ လုပ်ဆောင်လိမ့်မည်။ သင်သည် အမှုအရာများကို စစ်ဆေးခြင်းမရှိ၊ အလေးအနက်ထားခြင်း မရှိသည့်အပြင်၊ တာဝန်မဲ့ကာ “မည်သို့ပင်ဖြစ်စေ၊ ငါတို့၏ အသင်းတော်တွင် သက်သေခံချက် ဆောင်းပါးများ ရေးသားနိုင်သူများစွာ ရှိသည်။ ၎င်းတို့ ရေးပြီးသည့်နောက် ကျွန်ုပ်အားလုံးကို တင်ပြလိုက်မည်။ ၎င်းတို့ စံနှုန်းပြည့်မီခြင်း ရှိမရှိဟူသည်ကို မည်သူ ဂရုစိုက်သနည်း။ အထက်အဆင့် ခေါင်းဆောင်များက ငါအလုပ်များစွာ လုပ်ဆောင်ခဲ့ကြောင်း၊ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခဲ့ကြောင်းနှင့် အလုပ်များနေခဲ့ကြောင်း သိနေသရွေ့ လုံလောက်ပြီ”ဟု တွေးလျက် အလုပ်ပြီးမြောက်ပြီးနောက် ပြီးစီးကြောင်း အထက်လူကြီးများထံ အစီရင်ခံရန်သာ ရည်ရွယ်လျက်၊ ဟန်ဆောင်လုပ်ပြရုံလုပ်ပြသည် ဆိုကြပါစို့။ ဤသည်မှာ တာဝန်ယူသော သဘောထားလော။ (မဟုတ်ပါ။) ဤသည်မှာ တာဝန်မဲ့ခြင်း ဖြစ်သည်။ သင်သည် တာဝန်ယူပါက အမှုအရာများကို သင့်ဘက်မှ ဦးစွာ စိစစ်ရမည်။ သင့်ထံမှတစ်ဆင့် တင်ပြသော မည်သည့်ဆောင်းပါးမဆို စံနှုန်းပြည့်မီရမည်။ ယင်းကို ဖတ်ရှုသူ မည်သူမဆိုက တည်ဆောက်မှုဖြစ်စေကြောင်း ပြောသင့်ပြီး ဖတ်ရှုရန် လိုလားကြရမည်။ ဤသည်သာလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ အလုပ်ကို စစ်ဆေးခြင်းဆိုသည်မှာ ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်း၊ ဆောင်ပုဒ်များ ဟစ်ကြွေးခြင်း၊ အယူဝါဒများ ဟောပြောခြင်း သို့မဟုတ် လူတို့ကို ထင်ရာမြင်ရာ ဟောပြောပို့ချခြင်းတို့အကြောင်း မဟုတ်ပေ။ ယင်းမှာ အလုပ်၏ ထိရောက်မှုနှင့် ရလဒ်များကို စစ်ဆေးခြင်း၊ သင်လုပ်ဆောင်ခဲ့သည့် အလုပ်သည် စံနှုန်းပြည့်မီခြင်း ရှိမရှိ၊ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း၏ ရလဒ်များအား စွမ်းဆောင်ရရှိခြင်း ရှိမရှိ၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပြည့်မီခြင်း ရှိမရှိ၊ မည်သည့် နယ်ပယ်များက စံနှုန်းပြည့်မီပြီး မည်သည့်နယ်ပယ်များက မပြည့်မီသည်ဟူသည်တို့ကို စစ်ဆေးခြင်းအကြောင်း ဖြစ်သည်။ ဤသည်တို့မှာ စစ်ဆေးရမည့်အရာများ ဖြစ်သည်။ ဤသည်မှာ တိကျသော အလုပ်ကို လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်ပြီး လူတို့၏ အစွမ်းအစ၊ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိမရှိ၊ သမ္မာတရား မည်မျှ နားလည်သည်၊ သမ္မာတရား လက်တွေ့ကျမှု မည်မျှ ပိုင်ဆိုင်သည်ဟူသည်နှင့် အမှုအရာများကို ရှုမြင်နိုင်စွမ်းတို့နှင့် ဆက်စပ်နေသည်။ သင်သည် အလုပ်ကို စစ်ဆေးတတ်ပြီး အလုပ်ကို စစ်ဆေးနေစဉ် ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်လျှင်၊ ပြဿနာများ၏ အခရာကို သဘောပေါက်လျှင်၊ ပြဿနာများ၏ အနှစ်သာရကို မလွှတ်တမ်းဆုပ်ကိုင်ပြီး ပြဿနာများကို ဖြေရှင်းနိုင်ကာ သက်သေခံချက် ဆောင်းပါးများကို မတင်ပြမီတွင် သင်တင်ပြသည့် ဆောင်းပါးများအားလုံး စံနှုန်းပြည့်မီပြီး ဖတ်ရှုသူတို့ကို တည်ဆောက်ပေးကြောင်း သေချာစေလျက် စည်းမျဉ်းများနှင့်အညီ ယင်းတို့ကို စိစစ်လျှင်၊ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် စံနှုန်းပြည့်မီပြီး သင်၏အလုပ်ကို ကောင်းစွာ လုပ်ဆောင်ပြီးဖြစ်သည်။
လူအများစုသည် လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုပေးခြင်း အလုပ်ကို လုပ်ဆောင်နိုင်သည်။ သို့ရာတွင် စစ်ဆေးခြင်းနှင့် စိစစ်ခြင်းတို့ လိုအပ်သည့်အခါ၌မူ ယင်းက ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အစွမ်းအစနှင့် ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု ရှိမရှိဟူသည်တို့ကို စမ်းသပ်လေသည်။ အချို့လူများသည် လမ်းပြမှုပေးနိုင်သည်၊ အလုပ်ကို ကြီးကြပ်နိုင်ပြီး၊ မသင့်တော်သော အမှုထမ်းများကို ပြုပြင်ခြင်း သို့မဟုတ် ဖြုတ်ချခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ပြုလုပ်နိုင်သော်လည်း ၎င်းတို့ စီစဉ်ပြီးဖြစ်သည့် အလုပ်၏ ထိရောက်မှုနှင့် ရလဒ်များအား မည်သို့ အကဲဖြတ်ရမည်ကိုလည်းကောင်း၊ ယင်းက အလုပ်အစီအစဉ်များနှင့် ကိုက်ညီခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ မကိုက်ညီပါက မည်သို့ ဖြေရှင်းရမည်ကိုလည်းကောင်း မသိကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်အများစုသည် အလွန်ဆုံးအနေဖြင့်၊ လမ်းပြမှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးနိုင်သော်လည်း အလုပ်ကို စစ်ဆေးခြင်းနှင့် ပတ်သက်လာသည့်အခါ မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိကြ၊ စည်းမျဉ်းများမရှိကြသည့်အပြင်၊ ဘာပြောရမှန်းမသိဖြစ်ကြသည်။ ၎င်းတို့က “အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ပြီးဖြစ်သည်။ သို့ဖြစ်၍ စစ်ဆေးစရာ ဘာရှိသေးသနည်း။ လူတိုင်း အလုပ်လုပ်နေကြသည်၊ မည်သူမျှ အလေလိုက်နေခြင်းမရှိပါ၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်စေသူများကို ကိုင်တွယ်ဖြေရှင်းပြီးဖြစ်သည့်အပြင်၊ ဖြုတ်ချရန် သို့မဟုတ် သန့်စင်ဖယ်ရှားရန် လိုအပ်သူများကို သင့်တော်သလို ကိုင်တွယ်ထားပြီးဖြစ်သည်။ နောက်ထပ် စစ်ဆေးစရာ ဘာရှိသေးသနည်း”ဟု တွေးကြသည်။ ၎င်းတို့ သတိမမူမိကြခြင်းသာ ဖြစ်သည်။ အလုပ်ကို စစ်ဆေးခြင်းတွင် စိစစ်ခြင်း လိုအပ်သည်။ စိစစ်ခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင့်အနေဖြင့် ကောက်ချက်တစ်ခုချရန် လိုအပ်သည်ဟု ဆိုလိုသည်။ ဥပမာအားဖြင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအလုပ်၏ ကြီးကြပ်ရေးမှူးက သင့်ထံသို့ ဆောင်းပါးတစ်ပုဒ်ကို ယူလာပြီး စာရေးသားဟန်သည် အတော်ကောင်းမွန်ကြောင်း၊ အသုံးအနှုန်းက ချောမွေ့ကြောင်း၊ အသုံးအနှုန်းပုံစံနှင့် ဆောင်းပါး၏ အကြောင်းအရာ နှစ်ခုလုံးက ကောင်းမွန်ကြောင်း ပြောသည်။ သို့ရာတွင် ၎င်းက ဆောင်းပါးတွင် လက်တွေ့ကျသောအကြောင်းအရာ ကင်းမဲ့ပုံရပြီး လူတို့ကို မတည်ဆောက်ပေးနိုင်ကြောင်း၊ ဖြည့်စွက်ရန်နှင့် တိုးတက်ကောင်းမွန်အောင် လုပ်ရန် လိုအပ်ကြောင်း ခံစားရသော်လည်း ဤကိစ္စကို သူကိုယ်တိုင် ထွင်းဖောက်မမြင်နိုင်သောကြောင့် သင့်ကို ကြည့်ရှုပေးရန် တောင်းဆိုသည်။ သင့်ကို ကြည့်ရှုပေးရန် တောင်းဆိုခြင်းက အဘယ်အရာကို ဆိုလိုသနည်း။ ဤသည်မှာ စိစစ်ပေးရန် သင့်ကို သူလိုအပ်သည်ဟု ဆိုလိုသည်။ သင်သည် မည်သို့ စိစစ်သည်ဟူသည်နှင့် သင် ကောင်းစွာ စိစစ်ခြင်း ရှိမရှိဟူသည်တို့က သင်၏ လက်တွေ့ကျသော ဝိညာဉ်ရင့်ကျက်မှုကို စမ်းသပ်လေသည်။ လက်တွေ့ကျသော ဝိညာဉ်ရင့်ကျက်မှုဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက သမ္မာတရား စည်းမျဉ်းများကို သင် နားလည်ခြင်း ရှိမရှိဟူသည်ကို ဆိုလိုသည်။ အကယ်၍ ကြီးကြပ်ရေးမှူးသည် သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်း၏ စည်းမျဉ်းများကို နားမလည်လျှင်၊ ဆောင်းပါးတစ်ပုဒ်က လက်တွေ့ကျပြီး စစ်မှန်ခြင်း ရှိမရှိဟူသည်ကို အကဲမဖြတ်နိုင်သည့်အပြင်၊ အကဲဖြတ်ချက်တစ်ခု မည်သို့ ပေးရမည်ကို မသိလျှင်၊ ပြီးလျှင် သင်သည်လည်း အလားတူပင် အကဲဖြတ်ချက်တစ်ခု သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခု မချနိုင်လျှင် ဤသည်မှာ အချက်တစ်ချက်ကို သက်သေပြသည်။ သင်၏ အစွမ်းအစသည် သူ၏အစွမ်းအစနှင့် အတူတူခန့်ဖြစ်ပြီး သင်သည် ဆောင်းပါးများကို မစိစစ်နိုင်ပေ။ ဤသည်မှာ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်နားလည်သော သမ္မာတရားသည် သူနားလည်သော သမ္မာတရားနှင့် အတူတူခန့်ဖြစ်ပြီး သူ ထွင်းဖောက်မမြင်နိုင်သော ပြဿနာများကို သင်လည်း ထွင်းဖောက်မမြင်နိုင်ပေ။ ဤသည်မှာ ပြဿနာတစ်ခုကို ညွှန်ပြသည်။ အကယ်၍ သင်သည် ၎င်းတို့ မမြင်နိုင်သော ပြဿနာများကို ထွင်းဖောက်မြင်နိုင်ပြီး စစ်ဆေးခြင်းမှတစ်ဆင့် သူတို့ မတွေ့ရှိနိုင်သော ပြဿနာများကို သင် တွေ့ရှိနိုင်ပါက ဤသည်မှာ ဆောင်းပါးများကို သင် စိစစ်နိုင်ကြောင်း သက်သေပြသည်။ ဥပမာအားဖြင့် ဆောင်းပါးအများစုက စံနှုန်းပြည့်မီပြီး သိသာထင်ရှားသော ပြဿနာများမရှိဟု ၎င်းတို့ ယူဆသော်လည်း သင်၏ စစ်ဆေးခြင်းနှင့် စိစစ်ခြင်းမှတစ်ဆင့် စံမမီသော ဆောင်းပါးအနည်းငယ်ကို သင် တွေ့ရှိသည်။ သင်သည် ဤဆောင်းပါးများရှိ ပြဿနာများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ရှင်းပြသည်။ လူတိုင်းက သင်၏အချက်များသည် ကျိုးကြောင်းဆီလျော်သည်၊ စည်းမျဉ်းများနှင့် ကိုက်ညီပြီး အပြစ်ရှာနေခြင်းမဟုတ်ဘဲ စစ်မှန်သော ပြဿနာများဖြစ်ကြောင်းနှင့် ဤအရာများကို ပြင်သင့်ကြောင်း သဘောတူကြလေသည်။ အချို့ဆောင်းပါးများမှာ အနှစ်သာရမရှိသည့်အပြင်၊ လက်တွေ့ကျသော အတွေ့အကြုံဆိုင်ရာ သိနားလည်မှု ကင်းမဲ့သည်၊ အချို့ဆောင်းပါးများတွင် လက်တွေ့ကျသော အတွေ့အကြုံဆိုင်ရာ သိနားလည်မှု ရှိသော်လည်း လုံလောက်အောင် တိကျစွာ ဖော်ပြမထားပေ၊ အချို့ဆောင်းပါးများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မသင့်လျော်စွာ ကိုးကားပြီး ပို၍သင့်တော်သော ဘုရားသခင်၏ နှုတ်ကပတ်တော် အပိုဒ်များကို မရွေးချယ်ထားသဖြင့် ပိုဆိုးသော ရလဒ်များကို ဖြစ်ပေါ်စေသည်။ အချို့ဆောင်းပါးများတွင် လွဲချော်သော နားလည်သဘောပေါက်မှုနှင့် သမ္မာတရားကို နားလည်မှုအပေါ် မိတ်သဟာယဖွဲ့ခြင်း ကင်းမဲ့လျက်၊ ဖတ်ရှုသူတို့ကို တည်ဆောက်မှုမပေးနိုင်သည့်အပြင်၊ အပျက်သဘောဆောင်မှုနှင့် နားလည်မှုလွဲမှားခြင်း စသည်တို့ကို အလွယ်တကူ ဖြစ်ပေါ်စေလျက် မမှန်ကန်သော သဘောထားအမြင်များရှိလေသည်။ သင်သည် ဤပြဿနာအားလုံးကို ရှာဖွေတွေ့ရှိနိုင်ပြီး ထွင်းဖောက်မြင်နိုင်သည်။ သင်၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် အတွေ့အကြုံရှိသူများကို စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ ရေးသားနိုင်စေလျက် စည်းမျဉ်းများကို သဘောပေါက်ရန် သင် ကူညီပေးသည်။ ဘုရားသခင် ရွေးချယ်ထားသောလူတို့က ဖတ်ရှုသည့်အခါ တည်ဆောက်မှု ရရှိကြရန်အလို့ငှာ သင်သည် လူတို့အတွက် တည်ဆောက်မှုဖြစ်စေပြီး တန်ဖိုးရှိသော ထိုဆောင်းပါးများကို စံနှုန်းပြည့်မီသည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များအဖြစ် ရွေးချယ်လေသည်။ ထိုအတောအတွင်း စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သိနားလည်မှု ကင်းမဲ့သော သို့မဟုတ် လွဲချော်သော နားလည်သဘောပေါက်မှု ပါဝင်သော ထိုဆောင်းပါးများကို ဖယ်ရှားပစ်လိုက်သည်။ သင် ဤသို့လုပ်ဆောင်ပါက စိစစ်နေခြင်း မဟုတ်လော။ သင်၌ ကိစ္စရပ်များကို ထိုသို့သော ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် အလုပ်လုပ်နိုင်စွမ်း ရှိပါက သင်၏ အစွမ်းအစသည် လုံလောက်သည် မဟုတ်လော။ သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဆောင်းပါးအများစုကို လက်ခံနိုင်စရာဖြစ်သည်ဟု ၎င်းတို့ တွေးပြီး သင့်ထံ စိစစ်ရန် ယူဆောင်လာကာ သင်ကလည်း ထိုဆောင်းပါးအများစုမှာ ကောင်းသည်ဟု တွေးနေစဉ် အမှန်တကယ်တွင် ယင်းတို့ထဲမှ အချို့တွင် ပြဿနာများရှိပြီး နောက်ထပ် ရွေးချယ်ခြင်း၊ စာတည်းဖြတ်ခြင်းနှင့် ပြဿနာများကို ပြုပြင်ခြင်းတို့ လိုအပ်သော်လည်း သင်သည် ယင်းတို့ကို ထွင်းဖောက်မမြင်နိုင်ပါက၊ ယင်းတို့ကို အထက်သို့ သင် တင်ပြသည့်အခါ အထက်က အချို့ဆောင်းပါးများ စံမမီသည်ကို တွေ့ရှိပြီး ဖယ်ရှားပစ်လိုက်လျှင်၊ ဤသည်မှာ သင် ကောင်းစွာ မစိစစ်ခဲ့ကြောင်းကို ဆိုလိုသည် မဟုတ်လော။ တစ်နည်းအားဖြင့်၊ အလုပ်ကို စစ်ဆေးခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အစွမ်းအစကို စမ်းသပ်ပြီး နောက်တစ်နည်းအားဖြင့်၊ ၎င်းတို့၏ သမ္မာတရား သိနားလည်မှု အတိုင်းအတာကို စမ်းသပ်ပေသည်။ အချို့လူများသည် ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့် မစိစစ်နိုင်သည့်အပြင်၊ ထိုသို့လုပ်ဆောင်ခြင်းမှ တားဆီးခံရသည်။ ၎င်းတို့သည် ဤနယ်ပယ်တွင်ရှိသည့် သမ္မာတရားကို နားမလည်ကြသည့်အပြင် ပြဿနာများကို ထွင်းဖောက်မမြင်နိုင်ကြပေ။ ၎င်းတို့၏ စစ်ဆေးမှုများသည် မည်သည့်အရာကို စစ်ဆေးရမည်မှန်း မသိဘဲ ဟန်ဆောင်လုပ်ပြခြင်းမျှသာ ဖြစ်သည်။ အချို့လူများတွင် လုံလောက်သော အစွမ်းအစ ရှိကြသည်။ သို့သော်လည်း ၎င်းတို့၏ သမ္မာတရား သိနားလည်မှုသည် ပေါ့တန်သောကြောင့် ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်သော်လည်း မည်သို့ ဖြေရှင်းရမည်ကို မသိကြပေ။ ဤလူများတွင် တိုးတက်ရန် အခွင့်အလမ်း ရှိနေသေးသည်။ သို့ရာတွင် လူတို့သည် ပြဿနာများကိုပင် ရှာဖွေမတွေ့ရှိနိုင်ပါက တိုးတက်မှု ဖြစ်စေရန် နည်းလမ်းမရှိပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။