ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၀) အခန်း လေး
အလုပ်အစီအစဉ်များနှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များ၏ သဘောထားနှင့် သရုပ်သကန်များ
အလုပ်အစီအစဉ်များနှင့်ပတ်သက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှာ အဘယ်အရာဖြစ်သည်ကို ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဆက်လက်၍ အယောင်ဆောင် ခေါင်းဆောင်များတွင် မည်သည့်သရုပ်သကန်များ ရှိသည်ကို ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ သင်တို့ကြုံတွေ့ရပြီးဖြစ်သည့် အယောင်ဆောင် ခေါင်းဆောင်များထဲတွင် အလုပ်အစီအစဉ်များအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် မည်သည့်လုပ်ရပ်များနှင့် သရုပ်သကန်များကို ထုတ်ဖော်ပြသကြသနည်း။ ထုံးစံအတိုင်း အယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့်အရာလုပ်ဆောင်သင့်သည်၊ အထက်၏ တိကျသော သတ်မှတ်ချက်များနှင့် တိကျသော အလုပ်စီမံကိန်းများမှာ အဘယ်အရာဖြစ်သည်ကို အလုပ်အစီအစဉ်များ၏ စကားလုံးများမှ နားလည်ကြသော်လည်း ယင်းကို အယူဝါဒအရသာ ၎င်းတို့ နားလည်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရန်အတွက် တိကျသော စည်းမျဉ်းများ၊ စံနှုန်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို နားလည်ခြင်း သို့မဟုတ် စေ့စေ့စပ်စပ် သိမြင်ခြင်း မရှိကြသေးပေ။ အလုပ်အစီအစဉ်များကို လက်ခံရရှိပြီးနောက် ၎င်းတို့သည် အလုပ်အား မည်သို့လုပ်ဆောင်ရမည်၊ အလုပ်အစီအစဉ်များကို မည်သို့ထုတ်ပြန်ပြီး အကောင်အထည်ဖော်ရမည်ကို မိတ်သဟာယဖွဲ့လျက် ဟန်ဆောင်လုပ်ပြရုံလုပ်ပြကြသည်။ သို့ရာတွင် ၎င်းတို့မည်မျှပင် မိတ်သဟာယဖွဲ့စေကာမူ ယင်းမှာ အလုပ်အစီအစဉ်များ၏ စာသားအတိုင်း၊ အယူဝါဒဆိုင်ရာ နားလည်မှုတစ်ခုသာ ဖြစ်သည်။ အလုပ်အစီအစဉ်များကို တိကျစွာ မည်သို့အကောင်အထည်ဖော်ရမည်၊ မည်သည့် ရလဒ်များ ရရှိနိုင်သည်ဟူသည့်အပြင် အကယ်၍ ၎င်းတို့က အလုပ်ကိုလုပ်ဆောင်ရန် လူအချို့ကို ရွေးချယ်ပါက သို့မဟုတ် ယင်းကို အကောင်အထည်ဖော်ရန် အစီအစဉ်တစ်ခုကို ရွေးချယ်ပါက အကောင်အထည်ဖော်မှုသည် မည်မျှထိရောက်မှုရှိလိမ့်မည်၊ သို့မဟုတ် အလုပ်အစီအစဉ်များက တောင်းဆိုသော ပန်းတိုင်များနှင့် ရလဒ်များကို ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိဟူသည်တို့အတွက်မူ၊ ၎င်းတို့သည် ဤကဏ္ဍများနှင့်ပတ်သက်၍ မသိရှိကြသည့်အပြင် မရှင်းလင်းကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်အခါ ၎င်းတို့သည် ထုံးစံအတိုင်း စကားလုံးများနှင့် အယူဝါဒအချို့ကို ဟောပြောရန်၊ အလုပ်ကို တာဝန်ပေးရန်၊ ဘုရားသခင်၏ သတ်မှတ်ချက်များထဲမှ အနည်းငယ်ကို ဖော်ပြပြောဆိုရန်၊ ထို့နောက် လူတိုင်းအား ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်ကို ဖော်ပြစေရန် စုဝေးပွဲတစ်ခု ကျင်းပရုံသာ ကျင်းပကြလေသည်။ ဤသည်မှာ မိမိတို့၏အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းတို့ မှတ်ယူကြသည်။ ၎င်းတို့က အလုပ်ကို တာဝန်ပေးပြီး ကြီးကြပ်မည့် တစ်စုံတစ်ဦးကို ခန့်အပ်ကာ ဘုရားအိမ်တော်က တောင်းဆိုသော ရလဒ်များကို ဖော်ပြပြောဆိုပြီးသရွေ့ မိမိတို့၏တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့နောက် ၎င်းတို့သည် အလုပ်ပြီးသွားသည့်အလား လုံးဝ စိတ်အေးလက်အေး ဖြစ်နေကြသည်။ အလုပ်ကို မည်သည့်အချိန်တွင် စစ်ဆေးရမည်၊ အလုပ်တွင် မည်သည့်ပြဿနာများနှင့် အခက်အခဲများ ပေါ်ပေါက်လာနိုင်သည်ဟူသည်နှင့် မည်သည့်ပြဿနာများကို လက်အောက်ရှိလူများက ဖြေရှင်းနိုင်ပြီး မည်သည့်အရာများကို ဖြေရှင်းနိုင်ခြင်းမရှိဟူသည်တို့ကို ၎င်းတို့ မသိကြပေ။ မည်သည့်အရေးကြီးသော တာဝန်များကို နောက်ဆက်တွဲလုပ်ပေးပြီး လမ်းပြမှုပေးရမည်ကိုလည်း ၎င်းတို့မသိကြပေ။ ဥပမာအားဖြင့် ကြီးကြပ်ခြင်း၊ တိုက်တွန်းခြင်းနှင့် စစ်ဆေးခြင်းကဲ့သို့သော အရေးကြီးသည့် အဆင့်များသည် အယောင်ဆောင် ခေါင်းဆောင်များ၏ စိတ်ထဲတွင် မည်သည့်အခါမျှ မပေါ်ပေ။ နှိုင်းယှဉ်လျှင် အသိစိတ်အချို့ရှိပြီး အလကားစားဖို့ မလိုလားသော မဖြစ်စလောက်လေး ပိုကောင်းသည့် အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့အနေဖြင့် အလုပ်တစ်ခုခုကို လုပ်ဆောင်သင့်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် အသင်းတော်သို့ သွားရောက်ပြီး ညီအစ်ကိုမောင်နှမများထံတွင် ပြဿနာတစ်ခုတလေရှိသလောဟူသည်ကို မေးမြန်းကြလိမ့်မည်။ တစ်စုံတစ်ဦးက ၎င်းတို့အား “ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများသည် အတူရှိသည့်အခါ မကြာခဏ အငြင်းပွားမှုများ ရှိကြပါသည်။ ကျွန်ုပ်တို့၏ ထင်မြင်ချက်များ ကွဲလွဲသည့်အခါ အဆုံးမရှိ ငြင်းခုံကြပြီး တဇောက်ကန်းဖြစ်ခြင်းကို ထုတ်ဖော်ပြကြပါသည်” ဟု ပြောသည်။ အယောင်ဆောင် ခေါင်းဆောင်များက “ဤသည်မှာ ဖြေရှင်းရန် လွယ်ကူပါသည်” ဟု ပြောပြီးနောက် စုဝေးပွဲတစ်ခု ကျင်းပကာ ထိုစုဝေးပွဲတွင် ၎င်းတို့က “လူတို့သည် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို သင်ယူသင့်သည်၊ မာနမထောင်လွှားဘဲ နှိမ့်ချတတ်ရန်နှင့် ကျိုးနွံနာခံတတ်ရန် သင်ယူသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြသူ မည်သူမဆို မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး ပြုပြင်ခြင်းကို လက်ခံသင့်သည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်မရှင်သင့်ပါ” ဟု မိတ်သဟာယဖွဲ့ကြလေသည်။ ဤအယူဝါဒချည်းကိုသာ မိတ်သဟာယဖွဲ့ပြီးနောက် ၎င်းတို့က “ကျန်ရှိသော ပြဿနာများကို သင်တို့ဘာသာ ကိုင်တွယ်နိုင်ပါသည်။ ကျွန်ုပ်သည် နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် သိပ်မကျွမ်းကျင်ပါ။ မည်သို့ပင်ဖြစ်စေ သင်တို့အတွက် ဤစုဝေးပွဲကို ကျွန်ုပ် ကျင်းပပြီးဖြစ်သည်၊ သင်တို့ သင့်တော်သည်ဟု မြင်သည့်အတိုင်း အလုပ်ကို လုပ်ဆောင်ကြလော့။ အဓိကကျပြီး အရေးကြီးသောအချက်မှာ သင်တို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိရန်နှင့် သင်တို့၏ ကိုယ်ပိုင်စိတ်ကူးများကို မဖက်တွယ်ရန် ဖြစ်သည်” ဟု ပြောသည်။ နားထောင်ပြီးနောက် လူတို့က ဆင်ခြင်သုံးသပ်ပြီး “ကျွန်ုပ်တို့၏ ပြဿနာသည် ဖောက်ပြန်ပျက်စီးခြင်း၊ တဇောက်ကန်းဖြစ်ခြင်းနှင့် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ထုတ်ဖော်ခြင်းမျှသာ မဟုတ်ဘဲ အချို့သော နည်းပညာပိုင်းဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မသေချာမရေရာဖြစ်ပြီး မရှင်းလင်းသည့်အပြင် စည်းမျဉ်းများနှင့်အညီ မည်သို့ပြုမူဆောင်ရွက်ရမည်ကို မသိခြင်းလည်း ဖြစ်သည်။ ဤပြဿနာကို မဖြေရှင်းရသေးပါ”ဟု ပြောကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ကြလော့။ သင်တို့ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းပြီးသည်နှင့်တစ်ပြိုင်နက် ဤပြဿနာများသည်လည်း ဖြေရှင်းပြီးဖြစ်သွားလိမ့်မည်”ဟု ပြန်လည်ဖြေကြားသည်။ အယောင်ဆောင် ခေါင်းဆောင်များ အကျွမ်းကျင်ဆုံးသော အလုပ်မှာ အယူဝါဒများ ရေရွတ်ခြင်းနှင့် ဆောင်ပုဒ်များ ဟစ်ကြွေးခြင်း ဖြစ်သည်။ ၎င်းတို့သည် အလုပ်တွင် မကြာခဏ ပေါ်ပေါက်လာနိုင်သည့် ပြဿနာများကို ကြိုတင်မမျှော်မှန်းကြပေ။ တစ်စုံတစ်ဦးက ပြဿနာတစ်ခုကို ထုတ်ဖော်ပြောဆိုသည့်အခါ ၎င်းတို့၌ ဖြေရှင်းချက်တစ်ခုတည်းသာရှိပြီး ယင်းမှာ စကားလုံးများနှင့် အယူဝါဒအချို့ဖြင့် ရှင်းပြပြီးနောက် တိုက်တွန်းအားပေးမှုအချို့ သို့မဟုတ် အကြံဉာဏ်တစ်ခု ပေးကာ ပြီးပြီဟု မှတ်ယူခြင်း ဖြစ်သည်။ ၎င်းတို့သည် သတ်သတ်မှတ်မှတ်ဖြစ်သော အစီအစဉ်များ တစ်ခုတလေကိုမျှ စိတ်ကူးမရနိုင်ကြသည့်အပြင် မှန်ကန်သော လမ်းပြမှုနှင့် အကူအညီကို မပေးနိုင်ကြပေ။ အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်သည် ရိုးရှင်းပြီး လွယ်ကူသည် မဟုတ်လော။ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အယူဝါဒများ ပြောဆိုခြင်းနှင့် ဆောင်ပုဒ်များ ဟစ်ကြွေးခြင်းကို အဓိက အာရုံစိုက်လျက် တရားသာဟောကြသည်။ ဤအခြေအနေသည် ခေါင်းဆောင်များနှင့် အမှုဆောင်များကြားတွင် အတော်လေး အဖြစ်များသည် မဟုတ်လော။ ၎င်းတို့သည် တိကျသော အလုပ်ကို အကောင်အထည်မဖော်နိုင်သည့်အပြင် ထုတ်ပြန်ထားသည့် အလုပ်အစီအစဉ်များအား မည်သို့ဆောင်ရွက်ရမည်၊ မည်သို့ အကောင်အထည်ဖော်ရမည် သို့မဟုတ် မည်သို့ နောက်ဆက်တွဲလုပ်ပေးရမည်ဟူသည်တို့ကို မသိကြပေ။ ၎င်းတို့သည် မိမိတို့၏ အလုပ်တာဝန်ဝတ္တရားများမှာ အဘယ်အရာဖြစ်သည် သို့မဟုတ် မည်သည့်တာဝန်များကို ထမ်းဆောင်သင့်သည်ဟူသည်ကို မသိကြပေ။ တိကျသောအလုပ်ကို လုပ်ဆောင်ရန် တောင်းဆိုခံရသည့်အခါ ၎င်းတို့သည် ဆောင်ပုဒ်များ ဟစ်ကြွေးရုံသာ ပြုလုပ်ကြသည်။ တစ်စုံတစ်ဦးက ပြဿနာတစ်ခုကို ထုတ်ဖော်ပြောဆိုသည့်အခါ ယင်းကို တရားဟောရမည့် အခွင့်အရေးတစ်ခုအဖြစ် ၎င်းတို့ မှတ်ယူကြသည်။ အကယ်၍ ၎င်းတို့မဖြေရှင်းနိုင်သော အရေးကြီးသည့် ပြဿနာတစ်ခုကို ထုတ်ဖော်ပြောဆိုလာပါက ၎င်းတို့သည် လူများကို ပြုပြင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုသာ မတတ်သာသည့်အဆုံး အားကိုးကြသည်။ ၎င်းတို့၌ အခြားဖြေရှင်းနည်းများ မရှိသည့်အပြင် အလုပ်တွင် ပေါ်ပေါက်သော ပြဿနာများနှင့် လမ်းလွဲခြင်းများကို လုံးဝမဖြေရှင်းနိုင်ကြပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ၏ အဓိက ထူးခြားသောလက္ခဏာတစ်ခု ဖြစ်သည်။ အလုပ်အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ရန်နှင့် အလုပ်ကို ဆောင်ရွက်နေစဉ် မည်သည့်အခက်အခဲများ ပေါ်ပေါက်လာသည်ကို စစ်ဆေးရန် တောင်းဆိုခံရသော အယောင်ဆောင် ခေါင်းဆောင်များလည်း ရှိသည်။ အကယ်၍ ၎င်းတို့သည် အခက်အခဲများကို ဖြေရှင်းနိုင်ပါက ချက်ချင်းဖြေရှင်းသင့်သည်။ အကယ်၍ မဖြေရှင်းနိုင်ပါက မေးခွန်းအချို့ကို စုစည်းပြီး အထက်သို့ ရှာဖွေနိုင်ကာ၊ အထက်က ၎င်းတို့ကို ဖြေရှင်းပေးလိမ့်မည်။ သို့သော် ဖြစ်ပျက်သည်မှာ ၎င်းတို့သည် ဤအလုပ်တွင် ပါဝင်ရန် ကွင်းဆင်းသည့်အခါ လူတိုင်းကို တစ်နေကုန် စုဝေးပွဲများအတွက် ခေါ်ယူကြပြီး မည်သူက မည်သူနှင့် ပဋိပက္ခဖြစ်သည်၊ မည်သူက မည်သူနှင့် အမြဲငြင်းခုံသည်၊ မည်သူ၏ လူ့သဘာဝက သိပ်မကောင်းသည်၊ မည်သူက လွဲချော်သော နားလည်သဘောပေါက်မှုရှိသည်၊ မည်သူက မာနထောင်လွှားပြီး မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများကို အမြဲဖက်တွယ်သည်၊ မည်သူက အစားကြူးပြီး ပျင်းရိသည်၊ မည်သူက မယုံကြည်သူများနှင့် ဆင်တူသည်၊ ပြီးလျှင် မည်သူတို့က ဆိုးယုတ်သောလူများဖြစ်သည်ဟူသည်တို့ကို ရှာဖွေတွေ့ရှိခြင်းမှလွဲ၍ အလုပ်ကို အကောင်အထည်ဖော်ရာတွင် ပေါ်ပေါက်သော မည်သည့်ပြဿနာများ သို့မဟုတ် အခက်အခဲများကိုမျှ ၎င်းတို့ မခွဲခြားနိုင်သည့်အပြင် ဤပြဿနာများကို မမြင်နိုင်ကြပေ။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏အလုပ်ကို ဆောင်ရွက်နိုင်သည်ဟု သင်တို့ထင်သလော။ (မထင်ပါ။) ပြဿနာသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ (၎င်းတို့၏ အစွမ်းအစက အလွန်ညံ့ဖျင်းပါသည်၊ ၎င်းတို့၌ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသည့်အပြင် ပြဿနာများကို မခွဲခြားနိုင်ပါ။) သင်တို့၏ အနီးဝန်းကျင်တွင် ထိုသို့သော ခေါင်းဆောင်များ မည်မျှ ရှိသနည်း။ သင်တို့၏ ခေါင်းဆောင်များသည် ပြဿနာများကို ခွဲခြားနိုင်သလော။ အကယ်၍ အလုပ်အစီအစဉ်တစ်ခုကို ထုတ်ပြန်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်ကို အကောင်အထည်ဖော်ရန် တိကျသော အစီအစဉ်များ သို့မဟုတ် အဆင့်များ တစ်ခုမျှမရှိဘဲ အလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို မသိဘဲ ဆောင်ပုဒ်များ ဟစ်ကြွေးပြီး တရားဟောရုံသာ ပြုလုပ်ပါက ထိုအလုပ်ကို အကောင်အထည်ဖော်၍မရနိုင်ပေ။ ယင်းသည် စင်စစ်အားဖြင့် ပျက်ပြယ်သွားသည်။ အသင်းတော်တွင် အလုပ်အစီအစဉ်တစ်ခု မည်မျှကောင်းစွာ အကောင်အထည်ဖော်ထားသည်ဟူသည်နှင့် ယင်း၏ ထိရောက်မှု သော့ချက်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိဟူသည်တွင် တည်ရှိသည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် ကောင်းသော အစွမ်းအစ၊ အလုပ်လုပ်နိုင်စွမ်းနှင့် သစ္စာစောင့်သိမှုရှိပါက အလုပ်အစီအစဉ်က ကောင်းစွာ အကောင်အထည်ပေါ်လိမ့်မည် ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် ညံ့ဖျင်းသော အစွမ်းအစရှိလျှင် နားဝေတိမ်တောင်ဖြစ်ပြီး အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့လျှင်၊ အသင်းတော်၌ အလုပ်၏ နယ်ပယ်တွင် ပင်ကိုစွမ်းရည်ရှိသူတစ်ဦးတလေ ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ သို့မဟုတ် ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ အပိုင်းကို လုပ်ဆောင်ရန် မည်မျှလိုလားသည်ဖြစ်စေ ရလဒ်တစ်ခုတလေ စွမ်းဆောင်ရရှိရန် မဆိုထားနှင့် အလုပ်အစီအစဉ်သည် အကောင်အထည်ပေါ်ခြင်း မရှိနိုင်ပေ။
အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်သည် လူတို့ အပေါ်ယံတွင် မြင်နိုင်သည့်အရာထိသာ ကန့်သတ်ထားသည်။ ၎င်းတို့သည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်အခါ၌ပင် နောက်ဆက်တွဲလုပ်ပေးခြင်းသို့မဟုတ် စစ်ဆေးခြင်း တစ်ခုတလေ ဘာဆိုဘာမျှမရှိဘဲ လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ်သာ ဖြစ်သည်။ ၎င်းတို့၏အလုပ်သည် ဟန်ဆောင်လုပ်ပြခြင်းအဆင့်တွင်သာ ရှိနေသည်။ ယင်း၏နောက်ကွယ်တွင် စစ်မှန်သော အင်အားတစ်ခုတလေမျှမရှိသည့်အပြင် မည်သည့်ရလဒ်ကိုမျှ မရရှိနိုင်ပေ။ ဥပမာအားဖြင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအလုပ်နှင့်ပတ်သက်၍ ဤအလုပ်အစီအစဉ်ကို လက်ခံရရှိပြီးနောက်တွင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် လူများကို စုဝေးပွဲများအတွက် ခေါ်ယူကာ မိတ်သဟာယဖွဲ့ပြီး ၎င်းတို့နားမလည်သော အလုပ်အစီအစဉ်နှင့်ပတ်သက်၍ ၎င်းတို့တွင်ရှိသည့် မေးခွန်းအမျိုးမျိုးကို ဖြေရှင်းပေးသည်။ အယူဝါဒများ ဟောပြောခြင်းကို ၎င်းတို့ ပြီးသွားပြီး လူများနားလည်ပုံရသည့်နောက်တွင်၊ အယောင်ဆောင် ခေါင်းဆောင်က “အလုပ်ကို တာဝန်ပေးပြီးပြီဖြစ်သည်။ သို့ဆိုလျှင် ငါ မည်သည့်အရာကို လုပ်သင့်သနည်း။ ဘုရားအိမ်တော်က အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားရန် တောင်းဆိုသည့်အတွက် ငါလည်း ရေးရန်လိုအပ်သည်။ အကယ်၍ ငါမရေးပါက လူတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် ငါ့အပေါ် အထင်အမြင်သေးကြမည် မဟုတ်လော”ဟု စဉ်းစားလေသည်။ ၎င်းတို့သည် အိမ်တွင် မည်သည့်အရာ ရေးရမည်ကို တွေးဆကြပြီး တစ်နေ့တာ ပြီးသည့်နောက်တွင်၊ မည်သည့်အရာမျှ မရေးရသေးပေ။ ၎င်းတို့က “ဆောင်းပါးတစ်ပုဒ်ရေးခြင်းသည် အတော်လေး ခက်ခဲပေသည်။ ပုံမှန်အားဖြင့် ငါ့တွင် အတွေ့အကြုံများရှိသည်ဟု ခံစားရသော်လည်း စတင်ရေးသားသည့်အခါ အဘယ်ကြောင့် ထိုအတွေ့အကြုံများ ပျောက်ကွယ်သွားရသနည်း။ ထိုအတွေ့အကြုံများ ဘယ်ရောက်သွားသနည်း။ မဟုတ်သေးပါ၊ ငါ၌ အတွေ့အကြုံများရှိသည်၊ စာရေးနည်းက ငါ့ကို အခက်တွေ့စေခြင်းသာ ဖြစ်သည်။ ငါ အပြင်ထွက်ပြီး လူများနှင့် အလွန် ထိတွေ့ဆက်ဆံနေခဲ့ရသည်။ ယင်းက ငါ့ကို အာရုံပျံ့လွင့်စေပြီး အာရုံစူးစိုက်ရန် ခက်ခဲစေသည်။ ငါသည် လူများနှင့် အမြဲ မိတ်သဟာယဖွဲ့ပြီး အလုပ်ကို ဆွေးနွေး၍မဖြစ်ပါ။ သို့မဟုတ်ပါက ငါ့စိတ်သည် ပျံ့လွင့်နေမည်ဖြစ်ပြီး ဆောင်းပါးကို ရေးနိုင်မည်မဟုတ်ပါ။ ငါစာမရေးနိုင်မီ မည်သို့ ကောင်းစွာရေးရမည်ကို သေချာစဉ်းစားရန် တိတ်ဆိတ်သော အချိန်အနည်းငယ် ယူရန်လိုအပ်သည်”ဟု စဉ်းစားသည်။ ၎င်းတို့သည် ဆောင်းပါးများရေးသားခြင်းကို ၎င်းတို့၏ အဓိကတာဝန်ဖြစ်စေပြီးဖြစ်ကာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး လုပ်ဆောင်သင့်သည့် အလုပ်ကို အဓိကမဟုတ်သော အလုပ်တာဝန်အဖြစ် သဘောထားကြသည်။ ၎င်းတို့သည် အလုပ်အား အကောင်အထည်ဖော်မှုကို အာရုံမစိုက်ဘဲ အသင်းတော်အသီးသီးတွင် လူမည်မျှ ဆောင်းပါးများ ရေးနိုင်သည် သို့မဟုတ် အလုပ်ကို ညွှန်ကြားရန်နှင့် စိစစ်ရန် သင့်တော်သောလူများ ရှိမရှိဟူသည်တို့ကို လေ့လာခြင်း သို့မဟုတ် သိရှိထားခြင်း မရှိဘဲ အိမ်တွင် တစ်နေကုန် ဆောင်းပါးများ ရေးသားကြလေသည်။ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့ မသိကြပေ။ တစ်လကုန်လွန်သွားပြီး ၎င်းတို့ကိုယ်တိုင် ဆောင်းပါးတစ်ပုဒ် မရေးရသေးသည်သာမက အသင်းတော်တွင် ဤအလုပ် မည်သို့တိုးတက်နေသည်ကိုလည်း ၎င်းတို့မသိပေ။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ အလုပ်အစီအစဉ်ကို ထုတ်ပြန်ပြီးနောက် ညံ့ဖျင်းသော အစွမ်းအစရှိသည့် အချို့အသင်းတော်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို မသိကြပေ။ ဤပုဂ္ဂိုလ်ကဲ့သို့ပင် ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒအချို့ကို ဟောပြောရုံဟောပြောပြီး ဆောင်ပုဒ်များ ဟစ်ကြွေးကာ ပြီးသွားသည်။ ညီအစ်ကိုမောင်နှမများက ရေးလိုစိတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၎င်းတို့အတွက် အရေးမကြီးပေ။ ခေါင်းဆောင်များသည် ၎င်းတို့ကို ပြုပြင်ပေးရန် မဆိုထားနှင့် တိုက်တွန်းခြင်း သို့မဟုတ် လမ်းပြခြင်းပင် မပြုကြပေ။ ပြီးလျှင် အယောင်ဆောင် ခေါင်းဆောင်သည် ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဂရုမစိုက်ကြပေ။ အချို့ညီအစ်ကိုမောင်နှမများသည် ဆောင်းပါးတစ်မျိုးရေးပြီး အချို့က နောက်တစ်မျိုး ရေးကြသော်လည်း ၎င်းတို့ရေးသားသည့်အရာသည် လက်တွေ့ကျပြီး စည်းမျဉ်းများနှင့်အညီ ဟုတ်မဟုတ်ဟူသည်ကို စိစစ်ရန် မည်သူမျှမရှိပေ။ ညီအစ်ကိုမောင်နှမများသည် စည်းမျဉ်းများကို နားမလည်ကြသည့်အပြင် မည်သူ့အား မေးရမည်ကို မသိကြပေ။ ၎င်းတို့သည် ရေးရန် စေခိုင်းခံရသောကြောင့်သာ ရေးရခြင်းဖြစ်သည်၊ ဘုရားအိမ်တော်၏ အစီအစဉ်များကို ၎င်းတို့ နာခံကြသည်။ အတွေ့အကြုံများရှိသော်လည်း ပညာရေးကင်းမဲ့သောသူ အချို့လည်းရှိသည်။ ဤလူများ၌ ၎င်းတို့၏ ဆောင်းပါးများကို စာတည်းဖြတ်ပေးရန် ကူညီမည့်သူ မည်သူမျှမရှိသည့်အပြင် ဤကိစ္စအတွက် မည်သူကမျှ အစီအစဉ်များ မပြုလုပ်ပေ။ ပြဿနာမျိုးစုံ ပေါ်ပေါက်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များက အဘယ်မှာနည်း။ ၎င်းတို့ မည်သည့်အရာကို လုပ်နေကြသနည်း။ ၎င်းတို့သည် ဆောင်းပါးများရေးသားရင်း “လူသူဝေးရာ”တွင် ရှိနေကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့ မည်သည့်အရာနှင့် အလုပ်ရှုပ်သင့်သည် သို့မဟုတ် မည်သည့် အလုပ်တာဝန်များအား ထမ်းဆောင်သင့်သည်ကို မသိကြပေ။ အလုပ်အစီအစဉ်များကို အသင်းတော်တွင် နည်းလမ်းအမျိုးမျိုးဖြင့် အကောင်အထည်ဖော်ကြပြီး မတူညီသော လုပ်နည်းကိုင်နည်းများကို ကျင့်သုံးထားကာ ထိုအရာ တစ်ခုတလေကိုမျှ ၎င်းတို့ စုံစမ်းမေးမြန်းခြင်း မရှိကြပေ။ ညီအစ်ကိုမောင်နှမများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် ပြဿနာအမျိုးမျိုး ကြုံတွေ့ရပြီး ဤပြဿနာများကို ၎င်းတို့ထံ တိုင်ကြားသည့်အခါ ၎င်းတို့က မဖြေရှင်းကြပေ။ ရလဒ်အနေဖြင့် ပြဿနာများနှင့် အခက်အခဲများစွာ စုပုံလာပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးမျိုးစုံသည်လည်း စာပြင်ပေးမည့်သူ၊ ပြန်လည်သုံးသပ်ပေးမည့်သူ သို့မဟုတ် စိစစ်ပေးမည့်သူ မည်သူမျှမရှိဘဲ စုပုံလာသည်။ သို့တိုင် အယောင်ဆောင် ခေါင်းဆောင်များသည် ဤပြဿနာများကို နောက်ဆက်တွဲလုပ်ပေးခြင်း သို့မဟုတ် စစ်ဆေးခြင်းမပြုသည့်အပြင် ညီအစ်ကိုမောင်နှမများသည် ပြဿနာများရှိသည့်အခါ ၎င်းတို့ကို ရှာမတွေ့နိုင်ကြပေ။ ဤအလုပ်သည် ၎င်းတို့၏ တာဝန်ဖြစ်ကြောင်းနှင့် ဤအလုပ်ကို ၎င်းတို့ နောက်ဆက်တွဲလုပ်ပေးနေသင့်ကြောင်းတို့ကို အယောင်ဆောင် ခေါင်းဆောင်များက သဘောမပေါက်ကြပေ။ ၎င်းတို့သည် အမှိုက်များဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)
ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက အလုပ်ကို အကောင်အထည်ဖော်ပုံအပြင် ၎င်းတို့အလုပ်၏ ထိရောက်မှုနှင့် ရလဒ်များက ၎င်းတို့ စံနှုန်းပြည့်မီခြင်း ရှိမရှိဟူသည်ကို စမ်းသပ်သည်။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ၊ ၎င်းတို့၏ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းအပြင် ၎င်းတို့၌ ဝန်တာစိတ် ရှိမရှိဟူသည်ကိုလည်း စမ်းသပ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်အစီအစဉ်တစ်ခုကို လက်ခံရရှိသည့်အခါ ယင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ပြီးနောက် ပြီးပြီဟု မှတ်ယူကြသည်။ ၎င်းတို့သည် အကောင်အထည်ဖော်မှုကို ပါဝင်လုပ်ဆောင်ခြင်း၊ ကြီးကြပ်ခြင်း၊ တိုက်တွန်းခြင်း သို့မဟုတ် စစ်ဆေးခြင်း မပြုသည့်အပြင် ယင်းကို နောက်ဆက်တွဲလုပ်ပေးခြင်းလည်း မရှိပေ။ ဤအလုပ်တာဝန်များက ၎င်းတို့လုပ်ဆောင်သင့်သည့်အရာဖြစ်ကြောင်းကို ၎င်းတို့နားမလည်ကြပေ။ ဤအလုပ်တာဝန်များသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ၎င်းတို့၏ တာဝန်ဝတ္တရားများဖြစ်ကြောင်းကို ၎င်းတို့နားမလည်ကြပေ။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခြင်းသည် တရားဟောနိုင်ခြင်းသာ လိုအပ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် ဉာဏ်မရှိသူများ မဟုတ်လော။ ဉာဏ်မရှိသူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီနိုင်သလော။ (မပြည့်မီနိုင်ပါ။) ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းမပြည့်မီနိုင်သည့်တိုင် မိမိတို့ကိုယ်ကို အတော်လေး တော်သည်ဟု တွေးထင်ကြပြီး အလုပ်ကို လုပ်ဆောင်နိုင်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ကျပ်မပြည့်သူများ မဟုတ်လော။ ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းကဲ့သို့သော ရိုးရှင်းသည့် အလုပ်တာဝန်တစ်ခုကိုပင် အကောင်အထည်မဖော်နိုင်ကြပေ။ ဤသည်မှာ အလွယ်ကူဆုံးသော အလုပ်တာဝန်များထဲမှ တစ်ခုဖြစ်သည်၊ အစွမ်းအစကောင်းနှင့် အသက်အတွေ့အကြုံရှိသောသူတို့ကို သက်သေခံချက် ဆောင်းပါးများရေးသားရန် စည်းရုံးပြီးနောက် နောက်ဆက်တွဲလုပ်ပေးကာ ညွှန်ကြားမှုပေးရုံသာ ဖြစ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် သာမန်အစွမ်းအစနှင့် နိမ့်ကျသော ပညာရေးအဆင့်များရှိပြီး စာနှင့်ပတ်သက်သောအလုပ်တွင် မတော်ကြသော်လည်း ၎င်းတို့သည် ကြီးကြပ်ပေးဖို့အတွက် သင့်တော်သောလူများကို တာဝန်ပေးနိုင်ကြသည်။ ဤနည်းဖြင့် ၎င်းတို့သည် လက်တွေ့ကျသော အလုပ်အချို့ကို လုပ်ဆောင်နိုင်ကြဆဲဖြစ်သည်။ အကယ်၍ ၎င်းတို့သည် စိစစ်မှုကို ကြီးကြပ်ကာ ဦးစီးဦးရွက်ပြုရန်အတွက် မည်သည့် လူစားမျိုးအား တာဝန်ပေးရမည်ကိုပင် မသိပါက ၎င်းတို့သည် အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင် အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်ကြသည်။ အချို့လူများက “အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် ညံ့ဖျင်းသော အစွမ်းအစနှင့် နိမ့်ကျသောပညာရေးကြောင့် စာနှင့်ပတ်သက်သောအလုပ်ကို မလုပ်ဆောင်နိုင်သော်လည်း အခြားအလုပ်ကို လုပ်ဆောင်နိုင်သင့်သည်”ဟု ပြောကြသည်။ ဤပြောဆိုချက်သည် ခိုင်လုံသလော။ (မခိုင်လုံပါ။) အဘယ်ကြောင့် မခိုင်လုံသနည်း။ (အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအလုပ်သည် ရိုးရှင်းပါသည်။ အကယ်၍ ၎င်းတို့သည် ယင်းကို ရှင်းလင်းစွာ မရှင်းပြနိုင်ပါက သို့မဟုတ် အလုပ်ကို အကောင်အထည်မဖော်နိုင်ပါက အခြားအလုပ်တာဝန်များကို သေချာပေါက် မကိုင်တွယ်နိုင်ပါ။ ၎င်းတို့သည် အလုပ်ကို မည်သို့လုပ်ဆောင်ရမည် သို့မဟုတ် မည်သို့ နောက်ဆက်တွဲလုပ်ပေးရမည်ကို မသိကြပါ။) ဤသည်မှာ ၎င်းတို့၏ အစွမ်းအစက အလွန်ညံ့ဖျင်းကြောင်းကို ပြသသည်။ ၎င်းတို့သည် ဉာဏ်မရှိသူများ ဖြစ်ကြသည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခြင်းသည် အဆင်းနီသော နဂါးကြီး၏ အရာရှိတစ်ဦးဖြစ်ခြင်းနှင့် တူသည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ၎င်းတို့အနေဖြင့် မြှောက်ပင့်ပြောဆိုရန်၊ စကားကြီးစကားကျယ်ပြောရန်၊ ဆောင်ပုဒ်များ ဟစ်ကြွေးရန်နှင့် လိမ်လည်လှည့်ဖြားမှုတွင် ပါဝင်ရန်၊ မိမိတို့၏ အထက်လူကြီးများကို လှည့်ဖြားပြီး မိမိတို့ လက်အောက်ရှိလူများ မသိအောင် အကြောင်းအရာများကို ဖုံးကွယ်ရန် တတ်မြောက်နေသရွေ့ မိမိတို့အတွက် အခိုင်အမာ ခြေကုပ်ယူနိုင်ပြီး အစိုးရလစာကို ရယူနိုင်သည်ဟု တွေးထင်ကြသည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခြင်း၏ အရေးအကြီးဆုံးသော ကဏ္ဍမှာ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ရန် သိရှိခြင်းဖြစ်ကြောင်းကို ၎င်းတို့ နားမလည်ကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ကို အလွန်ရိုးရှင်းသောအရာအဖြစ် ၎င်းတို့ စိတ်ကူးကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ဘဲ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်လာကြလေသည်။
အယောင်ဆောင် ခေါင်းဆောင်များတွင် အခြားမည်သည့် တိကျသော သရုပ်သကန်များ ရှိသေးသနည်း။ အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်အစီအစဉ်များတွင် လိုအပ်သော စည်းမျဉ်းများနှင့် စံနှုန်းများကို ထိုးထွင်းသိမြင်ပြီး သဘောပေါက်နိုင်သလော။ (သဘောမပေါက်နိုင်ပါ။) အဘယ်ကြောင့် ၎င်းတို့ သဘောမပေါက်နိုင်သနည်း။ ၎င်းတို့သည် ဤအလုပ်၏ စည်းမျဉ်းများက အဘယ်အရာဖြစ်သည်ကို ထိုးထွင်းမမြင်နိုင်သည့်အပြင် ယင်းကို စိစစ်ခြင်းလည်း မပြုနိုင်ပေ။ အလုပ်ကို တိကျစွာ အကောင်အထည်ဖော်နေသည့်အတောအတွင်းတွင် အထူးအခြေအနေများ ပေါ်ပေါက်လာသည့်အခါတွင် မည်သို့ဖြေရှင်းရမည်ကို ၎င်းတို့ မသိကြပေ။ ဤအခြေအနေများထဲမှ တစ်ခုတွင် မည်သို့လုပ်ဆောင်ရမည်ကို ၎င်းတို့အား ညီအစ်ကို မောင်နှမများက မေးမြန်းသည့်အခါ ၎င်းတို့ စိတ်ရှုပ်ထွေးသွားကြသည်။ “ဤအရာကို အလုပ်အစီအစဉ်တွင် ဖော်ပြမထားပါ၊ ကျွန်ုပ် မည်သို့ကိုင်တွယ်ရမည်ကို မည်သို့သိမည်နည်း”ဟူ၍ ဖြစ်သည်။ သင်သည် မသိလျှင် ဤအလုပ်ကို သင်မည်သို့ အကောင်အထည်ဖော်နိုင်မည်နည်း။ သင် သိပင်မသိဘဲ အခြားသူများကို အကောင်အထည်ဖော်ရန် စေခိုင်းနေသေးသည်။ ယင်းမှာ လက်တွေ့ကျသလော။ ယင်းမှာ ကျိုးကြောင်းဆီလျော်သလော။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များသည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်အခါ တစ်ချက်အနေဖြင့် ၎င်းတို့သည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရန်အတွက် အဆင့်များနှင့် အစီအစဉ်များကို လုံးဝမသိကြပေ။ နောက်တစ်ချက်အနေဖြင့် ပြဿနာများ ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် အလုပ်အစီအစဉ်များက သတ်မှတ်သည့် စည်းမျဉ်းများအတိုင်း စိစစ်ခြင်းကို မလုပ်ဆောင်နိုင်ကြပေ။ ထို့ကြောင့် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်အတောအတွင်းတွင် များပြားသော ပြဿနာပေါင်းစုံ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့ လုံးဝ မဖြေရှင်းနိုင်ကြပေ။ အစောပိုင်းအဆင့်များတွင် အယောင်ဆောင် ခေါင်းဆောင်များသည် ပြဿနာများကို ဖော်ထုတ်နိုင်ခြင်း သို့မဟုတ် ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသည့်အပြင် ကြိုတင်၍ မိတ်သဟာယဖွဲ့ခြင်းမရှိသောကြောင့်၊ နောက်ပိုင်းအဆင့်များတွင် ပြဿနာများ ပေါ်ပေါက်သည့်အခါ ၎င်းတို့သည် ယင်းတို့ကို မဖြေရှင်းနိုင်ဘဲ အနှစ်မဲ့စွာဖြင့် အယူဝါဒများကို ဟောပြောပြီး စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းကြသောကြောင့်သာ ပြဿနာများက ပြန်ဖြစ်ပေါ်မြဲဖြစ်ပေါ်နေပြီး တည်ရှိနေကာ အချို့သောအလုပ်များက အကောင်အထည်ဖော်ရာတွင် နှောင့်နှေးမှုများ ကြုံရကာ အခြားအလုပ်များမှာ လုံလောက်သည့် အတိုင်းအတာအထိ အကောင်အထည်ဖော်ခြင်း မခံရပေ။ ဥပမာအားဖြင့် လူများကို ရှင်းလင်းပစ်ခြင်းနှင့် နှင်ထုတ်ခြင်းအတွက် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်နှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအလုပ်ကို ဆောင်ရွက်သည့်အခါ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် သိသာထင်ရှားသော ဆိုးယုတ်သည့်လူများ၊ အန္တိခရစ်များနှင့် နတ်ဆိုးများအပြင် ညီအစ်ကိုမောင်နှမများအားလုံးက ရွံရှာစက်ဆုပ်ပြီး မုန်းတီးကြသည့် မယုံကြည်သူများကိုသာ ရှင်းလင်းပစ်ကြသည်။ သို့ရာတွင် ရှင်းလင်းပစ်သင့်သည့် အချို့သောသူများ ရှိနေသေးသည်၊ ဆိုလိုသည်မှာ ထိုပုန်းကွယ်နေသော၊ မသိမသာ အန္တရာယ်ပေးတတ်သော၊ ကောက်ကျစ်စဉ်းလဲသော ဆိုးယုတ်သည့်လူများနှင့် အန္တိခရစ်များ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို ထိုးထွင်းမမြင်နိုင်သည့်အပြင် အယောင်ဆောင် ခေါင်းဆောင်များကလည်း ထိုးထွင်းမမြင်နိုင်ကြပေ။ အမှန်တွင် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအရ ဤလူများသည် ရှင်းလင်းပစ်ခြင်းခံရမည့် အဆင့်သို့ ရောက်ရှိနှင့်ပြီးဖြစ်သည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ကို ထိုးထွင်းမမြင်နိုင်သောကြောင့် ဤလူတို့ကို လူကောင်းများအဖြစ် မှတ်ယူနေဆဲဖြစ်ပြီး ၎င်းတို့ကို အသင်းတော်၌ အာဏာစွဲကိုင်ခွင့်ပေးကာ အရေးကြီးသော အလုပ်နေရာများကို ရယူခွင့်ပေးလျက် အရေးကြီးသော အလုပ်အတွက် ရာထူးတိုးပေးခြင်း၊ ပျိုးထောင်ပေးခြင်းနှင့် အသုံးပြုခြင်းတို့ကိုပင် ပြုလုပ်ကြသည်။ သို့ဆိုလျှင် လူများကို ရှင်းလင်းပစ်ရန်နှင့် နှင်ထုတ်ရန် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မည်လော။ အမျိုးမျိုးသော ပြဿနာများကို စေ့စေ့စပ်စပ် ဖြေရှင်းနိုင်မည်လော။ ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်သည် ပုံမှန်အတိုင်း ရှေ့ဆက်နိုင်မည်လော။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို စေ့စေ့စပ်စပ် အကောင်အထည်ဖော်နိုင်မည် မဟုတ်သည့်အပြင် အရေးကြီးသော အလုပ်များစွာကိုလည်း ကောင်းစွာ လုပ်ဆောင်နိုင်မည် မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ အယောင်ဆောင် ခေါင်းဆောင်များက အသုံးပြုသည့် လူများတွင် သမ္မာတရား လက်တွေ့ကျမှု လုံးဝမရှိသည့်အပြင် ဒုစရိုက်အမှုများကိုပင် ကျူးလွန်နိုင်သောကြောင့် ဤအရာက အသင်းတော်အလုပ်၏ အမျိုးမျိုးသော အလုပ်ကိစ္စများကို ကောင်းစွာ မဆောင်ရွက်နိုင်အောင် တားဆီးလေသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤဆိုးယုတ်သောလူများကို အသင်းတော်၌ အရေးကြီးသော တာဝန်များကို ထမ်းဆောင်စေပြီး အရေးကြီးသော အလုပ်ကို တာဝန်ယူစေသည့်အပြင် ဤဆိုးယုတ်သောလူများကို ဘုရားသခင်၏ ပူဇော်သက္ကာများကို စီမံခန့်ခွဲရန်ပင် ခွင့်ပြုလျက် အသုံးပြုကြလေသည်။ ဤအရာက အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်လိမ့်မည် မဟုတ်လော။ ယင်းက ဘုရားသခင်၏ ပူဇော်သက္ကာများကို ဆုံးရှုံးမှုများ ဖြစ်စေလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အလွန်ပြင်းထန်သော အကျိုးဆက်တစ်ခု ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤလူတို့ကို ထိုးထွင်းမမြင်နိုင်သောကြောင့် ၎င်းတို့ကို စိစစ်နိုင်ခြင်းမရှိသည့်အပြင် ဤဆိုးယုတ်သောလူများကို အရေးကြီးသော အလုပ်များ တာဝန်ယူခွင့်ပေးသောကြောင့် အလုပ်သည် လုံးဝ မအောင်မမြင်ဖြစ်သွားသည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဤဆိုးယုတ်သောလူများသည် အမြဲ ဝတ်ကျေတမ်းကျေလုပ်ကြသည်။ ၎င်းတို့၏ အထက်လူကြီးများကို လှည့်စားကာ ၎င်းတို့၏ လက်အောက်ရှိလူများ မသိအောင် အမှုအရာများကို ဖုံးကွယ်ထားကြသည့်အပြင် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် တမင်မဆင်မခြင် ပြုမူကြသည်၊ လူတို့ကို အထင်အမြင်မှားစေကာ ဒုစရိုက်အမှုမျိုးစုံကို ကျူးလွန်ကြသည်။ သို့ရာတွင် အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ကို ထိုးထွင်းမမြင်နိုင်ကြသည့်အပြင်၊ ပြဿနာများကို ၎င်းတို့ သတိပြုမိသည့်အချိန်တွင် ကြီးမားသော ဘေးအန္တရာယ်တစ်ခု ဖြစ်ပွားနှင့်ပြီး ဖြစ်သည်။ ဥပမာအားဖြင့် ဟီနန် သင်းအုပ်နယ်မြေတွင် ခေါင်းဆောင်များဖြစ်လာသည့် အချို့သော ဆိုးယုတ်သည့်လူများသည် ဘုရားသခင်၏ ပူဇော်သက္ကာများကို ခိုးယူရန် အမျိုးမျိုးသော စက်ဆုပ်ဖွယ် နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့သည် များပြားလှသော ပမာဏများကို ခိုးယူခဲ့ကြပြီး ဤပမာဏများကို မည်သည့်အခါမျှ ပြန်လည်မရရှိခဲ့ပေ။ ဤအရာသည် ခေါင်းဆောင်များနှင့် အမှုဆောင်များက မှားယွင်းသောလူများကို ရွေးချယ်ပြီး အသုံးပြုခြင်းနှင့် ပတ်သက်မှု တစ်ခုတလေရှိသလော။ (ရှိပါသည်။) အလုပ်အစီအစဉ်များအရ အကယ်၍ တစ်စုံတစ်ဦးသည် ရွေးချယ်ထားသော လူများကို ထိုးထွင်းမမြင်နိုင်လျှင် ၎င်းတို့ကို ဦးစွာ ရိုးရှင်းသော အလုပ်အချို့ လုပ်ဆောင်ရန် တာဝန်ပေးနိုင်ပြီး ထို့နောက်တွင်မူ လူတစ်ဦးက ၎င်းတို့၏ အလုပ်ကို နောက်ဆက်တွဲလုပ်ပေးကာ အချိန်ကာလတစ်ခုကြာ ၎င်းတို့ကို စောင့်ကြည့်လေ့လာနိုင်သည်။ ထိုးထွင်းမြင်၍မရနိုင်သော လူများကို အထူးသဖြင့် အန္တရာယ်ဖြစ်ပေါ်စေလျှင် မည်သည့်အရေးကြီးသော အလုပ်ကိုမျှ လုံးဝ တာဝန်မပေးအပ်ရပေ။ ရေရှည်စောင့်ကြည့်လေ့လာပြီး ၎င်းတို့၏ အနှစ်သာရကို ထိုးထွင်းသိမြင်ပြီးမှသာ ၎င်းတို့ကို မည်သို့ သဘောထားပြီး ကိုင်တွယ်ရမည်ကို ဆုံးဖြတ်ချက်များ ချမှတ်သင့်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်အစီအစဉ်များအတိုင်း အလုပ်မလုပ်ကြသည့်အပြင် စည်းမျဉ်းများကို သဘောမပေါက်နိုင်ကြပေ။ ထို့ထက်ပင်ပို၍ ၎င်းတို့သည် လူတို့ကို ထိုးထွင်းမမြင်နိုင်ကြသည့်အပြင်၊ မှားယွင်းသောလူများကို အသုံးပြုကြသည်။ ဤအရာက အသင်းတော်အလုပ်နှင့် ဘုရားသခင်၏ ပူဇော်သက္ကာများ နှစ်ခုစလုံးတွင် ဆုံးရှုံးမှုများကို ဖြစ်စေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များက ဖြစ်စေသည့် ဘေးဒုက္ခဖြစ်သည်။ အန္တိခရစ်များသည် ဆိုးယုတ်သောလူများကို တမင်အသုံးပြုကြစဉ်တွင် အယောင်ဆောင် ခေါင်းဆောင်များကမူ နားဝေတိမ်တောင်ဖြစ်ကြသည်၊ မည်သူ့ကိုမျှ ထိုးထွင်းမမြင်နိုင်သည့်အပြင် ၎င်းတို့ ဖော်ထုတ်သည့် မည်သည့်ပြဿနာ၏ အနှစ်သာရကိုမျှ ထိုးထွင်းမမြင်နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ ခံစားချက်များကိုသာ အခြေခံ၍ လူတို့ကို အသုံးပြုပြီး တာဝန်ပေးကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက စီစဉ်ပေးသည့် လူအများစုမှာ သင့်တော်ခြင်း မရှိကြပေ။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို အန္တိခရစ်များက ဆိုးယုတ်သောလူများအား တမင်အသုံးပြုခြင်း၏ အကျိုးဆက်များနှင့် ထပ်တူကျသည့် ဆုံးရှုံးမှုများ ဖြစ်စေကြသည်။ ညံ့ဖျင်းသော အစွမ်းအစရှိပြီး အလုပ်မလုပ်နိုင်သည့် အယောင်ဆောင် ခေါင်းဆောင်များသည်လည်း အတော်လေး ပြင်းထန်သော အကျိုးဆက်များကို ဖြစ်စေကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် အန္တိခရစ်များသာ အလုပ်အစီအစဉ်များကို ချိုးဖောက်သည်ဟု မထင်နှင့်။ အယောင်ဆောင် ခေါင်းဆောင်များသည်လည်း အလုပ်အစီအစဉ်များကို ချိုးဖောက်နိုင်သည်။ တမင်တကာ မဟုတ်လျှင်ပင် နောက်ဆုံးတွင် ယင်း၏ သဘောသဘာဝမှာ အလုပ်အစီအစဉ်များကို ချိုးဖောက်ခြင်း ဖြစ်နေဆဲဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် သမ္မာတရား စည်းမျဉ်းများကို နားမလည်ခြင်းနှင့် လူများ သို့မဟုတ် ကိစ္စရပ်များကို ထိုးထွင်းမမြင်နိုင်ခြင်းတို့ကြောင့် အဆုံးတွင် အလုပ်အစီအစဉ်များကို ချိုးဖောက်ကြပြီး လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ကြပေ။ ဤအရာက အသင်းတော်၏ အလုပ်ကို နှောင့်နှေးစေပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ထိခိုက်စေသည်။ ၎င်းတို့ လုပ်ရပ်များ၏ သဘောသဘာဝနှင့် အကျိုးဆက်များသည် အသင်းတော်၏ အလုပ်ကို ဆုံးရှုံးမှုများ ဖြစ်စေပြီး ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကိုလည်း ထိခိုက်မှု ဖြစ်စေလျက် အလုပ်ကို လုပ်ဆောင်နေသည့် အန္တိခရစ်များ၏ လုပ်ဆောင်မှုများနှင့် အတူတူပင် ဖြစ်သည်။
အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်လုပ်ပြီး အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်အခါ ဟန်ဆောင်လုပ်ပြရုံလုပ်ပြကြပြီး အမှုအရာများကို လုံးဝ ကမောက်ကမဖြစ်စေကြသည်။ ၎င်းတို့သည် အတော်လေး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြပြီး မိမိတို့တွင် အစွမ်းအစကောင်းရှိသည်ဟု မိုက်မဲစွာ တွေးထင်လျက် မည်သည့်အခါမျှ မရှာဖွေ သို့မဟုတ် မိတ်သဟာယမဖွဲ့ကြပေ။ ၎င်းတို့သည် လုပ်ဆောင်ဝံ့ပြီး လည်လည်ပတ်ပတ်ပြောဆိုနိုင်သည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ရွေးကောက်တင်မြှောက်သောကြောင့် သို့မဟုတ် ဘုရားအိမ်တော်က ၎င်းတို့ကို ယာယီ ရာထူးတိုးပေးပြီး ပျိုးထောင်ပေးသောကြောင့် ၎င်းတို့သည် ခေါင်းဆောင်များအဖြစ် စံနှုန်းပြည့်မီပြီး မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့က မည်သည့်အရာမျှမဟုတ်ကြောင်းနှင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ မည်သည့်တာဝန်ဝတ္တရားကိုမျှ မဖြည့်ဆည်းနိုင်ကြောင်းကို ၎င်းတို့မသိကြပေ။ ၎င်းတို့သည် မိမိတို့၏ ချို့ယွင်းချက်များကို စဉ်းစားဆင်ခြင်ခြင်း မရှိကြ။ အမှုအရာများကိုသာ အရှက်မဲ့စွာ လုပ်ဆောင်ဝံ့ကြသည်။ ရလဒ်အနေဖြင့် အမျိုးမျိုးသော အလုပ်အစီအစဉ်များ ထုတ်ပြန်ပြီးနောက် အထက်မှ သတ်မှတ်ချက်များနှင့်အညီ ယင်းတို့ထဲမှ တစ်ခုကိုမျှ ၎င်းတို့ အကောင်အထည်မဖော်နိုင်ကြပေ။ ၎င်းတို့ ကိုင်တွယ်သည့် အလုပ်အစီအစဉ်တိုင်းသည် လုံးဝ ကမောက်ကမဖြစ်ပြီး လုံးလုံးလျားလျား ပရမ်းပတာဖြစ်သွားရသည်။ ၎င်းတို့၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ကို အကောင်အထည်ဖော်မှုမှာ ညံ့ဖျင်းသည်။ ဧဝံဂေလိတရားကို ဟောပြောခြင်းမှတစ်ဆင့် ယုံကြည်သူအသစ် မည်မျှရရှိခဲ့သည်၊ အသင်းတော်များကို မည်သို့တည်ထောင်ရမည်၊ ခေါင်းဆောင်များနှင့် သင်းထောက်များကို မည်သို့ရွေးချယ်ရမည်ဟူသည်နှင့် အသင်းတော်အသက်တာအား မည်သို့နေထိုင်ရမည်ဟူသည်တို့ကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မသိကြပေ။ ဧဝံဂေလိအလုပ်ကို ကြီးကြပ်ရာတွင် မည်သူက ရလဒ်အရှိဆုံးဖြစ်သည်၊ မည်သူက အထိရောက်ဆုံး သက်သေခံသည်၊ မည်သူက အသင်းတော်ကို ရေလောင်းရန် အသင့်တော်ဆုံးဖြစ်သည်၊ မည်သည့်အဖွဲ့ခေါင်းဆောင်များက တာဝန်မဲ့သည့်အတွက် ၎င်းတို့၏ တာဝန်ခန့်အပ်မှုကို ပြုပြင်သင့်သည် သို့မဟုတ် ဖြုတ်ချသင့်သည်ဟူသည်တို့အပြင် အလုပ်၏ အချို့သော ကဏ္ဍများတွင် ပေါ်ပေါက်သည့် ပြဿနာများကို မည်သို့ဖြေရှင်းရမည်ဟူသည်တို့နှင့် ပတ်သက်၍ အယောင်ဆောင် ခေါင်းဆောင်များသည် ဤတိကျသော အလုပ်တာဝန်များအားလုံးအကြောင်းကို ရှင်းရှင်းလင်းလင်း မသိကြသည့်အပြင် ၎င်းတို့၏ အလုပ်ကို လုံးဝ ကမောက်ကမဖြစ်စေကြသည်။ အသင်းတော်ရှိ အဆင့်မြင့် နည်းပညာ ကျွမ်းကျင်မှု လိုအပ်သည့် အမျိုးမျိုးသော အတတ်ပညာဆိုင်ရာ အလုပ်တာဝန်များအတွက်လည်း အယောင်ဆောင် ခေါင်းဆောင်များသည် ယင်းတို့ကို လုံးဝ ကမောက်ကမဖြစ်စေသည်။ ဤတာဝန်များကို တိတိကျကျ မည်သို့ဆောင်ရွက်ရမည်ကို ၎င်းတို့ မသိကြပေ။ ယင်းတို့နှင့်ပတ်သက်၍ ၎င်းတို့ စုံစမ်းမေးမြန်းလိုလျှင်ပင် မည်သို့လုပ်ဆောင်ရမည်ကို မသိကြပေ။ ဤတာဝန်များအား မည်သို့ချဉ်းကပ်ရမည်ကို အထက်သို့ ၎င်းတို့ မေးမြန်းလိုသော်လည်း မိမိတို့၏ မေးခွန်းများအား မည်သို့မေးမြန်းရမည်ကိုပင် မသိကြပေ။ ရလဒ်အနေဖြင့် အလုပ်ကို လုပ်ဆောင်နိုင်ခြင်း မရှိပေ။ အလုပ်အစီအစဉ်များက တောင်းဆိုသည့် ပစ္စည်းဥစ္စာများကို စီမံခန့်ခွဲခြင်းဟူသည့် ရိုးရှင်းသော အလုပ်တာဝန်ဖြစ်သည့် သင့်တော်သောလူများကို အဖိုးတန်ပိုင်ဆိုင်မှုများအား ကာကွယ်စောင့်ရှောက်ရန်နှင့် ခွဲဝေချထားပေးရန် တာဝန်ပေးခြင်းနှင့် အမျိုးမျိုးသော စနစ်များကို တည်ထောင်ခြင်းသည်ပင် အယောင်ဆောင် ခေါင်းဆောင်များက မကိုင်တွယ်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ယင်းကို လုံးဝ ကမောက်ကမဖြစ်စေကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ ကိုင်တွယ်သည့် တာဝန်တိုင်းနှင့်ပတ်သက်၍ လုံးဝ ကမောက်ကမဖြစ်နေသည်။ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ပြီးခြင်း ရှိမရှိ မေးမြန်းခံရသည့်အခါ ၎င်းတို့သည် ဂုဏ်ယူကြပြီး၊ “ဟုတ်ကဲ့၊ အကောင်အထည်ဖော်ပြီးပါပြီ။ လူတိုင်းတွင် အလုပ်အစီအစဉ်များနှင့်ဆိုင်သည့် မိတ္တူတစ်စောင်စီ ရှိပြီး ဘုရားအိမ်တော်က မည်သည့်အလုပ်အား တောင်းဆိုသည်ကို လူတိုင်းသိပါသည်” ဟု ယုံကြည်စိတ်ချစွာ ပြောဆိုကြသည်။ အကယ်၍ သင်က ထိုအရာကို မည်သို့လုပ်ဆောင်ခဲ့သည်ကို ၎င်းတို့အား မေးမြန်းလျှင်၊ တိကျသော အလုပ်အဆင့်များကို ရှင်းပြခိုင်းလျှင် မည်သည့် အလုပ်တာဝန်များကို အတော်အတန် ညံ့ဖျင်းစွာ လုပ်ဆောင်ခဲ့သည်၊ မည်သည့် အလုပ်တာဝန်များကို ပိုမိုချောမွေ့စွာ လုပ်ဆောင်ခဲ့သည်၊ အလုပ်တာဝန်တစ်ခုစီကို ကောင်းစွာ လုပ်ဆောင်ခဲ့ခြင်း ရှိမရှိ၊ မည်သည့် အလုပ်တာဝန်များကို ဆက်လက်၍ နောက်ဆက်တွဲလုပ်ပေးပြီး စစ်ဆေးရန် လိုအပ်သည်ဟူသည်နှင့် စစ်ဆေးပြီးနောက် ပြဿနာများ တစ်ခုတလေ တွေ့ရှိခဲ့ခြင်း ရှိမရှိဟူသည်တို့ကို မေးမြန်းလျှင် ၎င်းတို့သည် ဤအရာအားလုံးနှင့်ပတ်သက်၍ သတိမမူမိကြပေ။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် ခေါင်းဆောင်များ ဖြစ်လာကတည်းက မိမိတို့ လုပ်ဆောင်ရန် လိုအပ်သည့် တာဝန်များက အဘယ်အရာဖြစ်သည် သို့မဟုတ် မိမိတို့၏ တာဝန်ဝတ္တရား နယ်ပယ်မှာ အဘယ်အရာဖြစ်သည်ကိုပင် မသိကြပေ။ ဤသည်မှာ သာ၍ပင် ပြဿနာဖြစ်စေသည် မဟုတ်လော။ လတ်တလောတွင် ခေါင်းဆောင်များနှင့် အမှုဆောင်အများစုသည် ဤပြဿနာကို အတိုင်းအတာအမျိုးမျိုးဖြင့် ကြုံတွေ့နေကြရသည် မဟုတ်လော။ (ဟုတ်ပါသည်။)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။