ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၀) အခန်း ငါး
ခေါင်းဆောင်များနှင့် အမှုဆောင်များက စံနှုန်းပြည့်မီခြင်း ရှိမရှိဟူသည်ကို စမ်းသပ်ခြင်းအတွက် စံသတ်မှတ်ချက်
ယနေ့ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ ကြီးကြပ်ရေးမှူးများ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို သင်တို့ ယခု ပိုမိုရှင်းလင်းစွာ နားလည်ပြီလော။ သင်တို့၏ စိတ်ထဲတွင် ပိုမိုရှင်းလင်းသော စိတ်ကူးတစ်ခု ရှိကြသလော။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အခန်းကဏ္ဍအပေါ် သင်တို့၏ သိနားလည်မှုသည် ပိုမိုမှန်ကန်တိကျသလော။ (ပိုမိုမှန်ကန်တိကျပါသည်။) တစ်ချက်အနေဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့ ဆောင်ရွက်သင့်သည့် တာဝန်များအပေါ် နားလည်မှုတစ်ခုခု ရရှိကြပြီးဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် အခြားလူအားလုံးသည် ယခုအခါတွင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက စံနှုန်းပြည့်မီခြင်း ရှိမရှိဟူသည်ကို ပိုင်းခြားသိမြင်ပုံအတွက် လမ်းကြောင်းအချို့ရရှိနေပြီဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်နှင့်ဆိုင်သည့် သတ်မှတ်ချက်များအရ ခေါင်းဆောင်များနှင့် အမှုဆောင်အများစုသည် စံနှုန်းပြည့်မီသလော။ (မပြည့်မီကြပါ။) သို့ဆိုလျှင် မည်သည့်ခေါင်းဆောင်များနှင့် အမှုဆောင်များက စံနှုန်းပြည့်မီလာနိုင်ပြီး မည်သူတို့က မပြည့်မီနိုင်ကြသနည်း။ စံနှုန်းပြည့်မီသော အစွမ်းအစ၊ လက်တွေ့ကျသော အတွေ့အကြုံအချို့၊ အမှုအရာများကို ကိုင်တွယ်ရာတွင် စည်းမျဉ်းအချို့နှင့် အသင်းတော်အလုပ်အတွက် ဝန်တာစိတ်တို့ရှိသောသူများသည် ကာလတစ်ခုကြာ လေ့ကျင့်ပြီးနောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီလာနိုင်ကြသည်။ သို့ရာတွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး သဘောပေါက်နားလည်နိုင်စွမ်း မရှိသောသူများ၊ သမ္မာတရားကို မည်မျှပင် မိတ်သဟာယဖွဲ့စေကာမူ စည်းမျဉ်းများကို သဘောမပေါက်နိုင်သောသူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီလာနိုင်ခြင်း မရှိသည့်အပြင်၊ ဖယ်ရှားရှင်းလင်းခြင်းသာ ခံရနိုင်သည်။ ထို့ကြောင့် သင်သည် စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လိုပြီး ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အခြားသူများ၏ ရွေးချယ်ခြင်းကို ခံရလိုလျှင် သင်၏ အစွမ်းအစက လုံလောက်ခြင်း ရှိမရှိဟူသည်ကို ဦးစွာ အကဲဖြတ်သင့်သည်။ ဤအရာကို သင်မည်သို့ အကဲဖြတ်နိုင်သနည်း။ အလုပ်အစီအစဉ်များကို သင် အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိဟူသည်ကို ကြည့်ရှုခြင်းအားဖြင့် ဖြစ်သည်။ လတ်တလော အလုပ်အစီအစဉ်တစ်ခုကို ယူ၍ ယင်းကို အစအဆုံး ဖတ်ပြီး ယင်းကို အကောင်အထည်ဖော်ရန်အတွက် အဆင့်များနှင့် အစီအစဉ်များ သင့်တွင် ရှိမရှိဟူသည်ကို သင့်ကိုယ်သင် စမ်းသပ်ကြည့်လော့။ အကယ်၍ သင့်တွင် စိတ်ကူးများနှင့် အစီအစဉ်များရှိပြီး ယင်းအား မည်သို့ အကောင်အထည်ဖော်ရမည်ကို သိလျှင် ညီအစ်ကိုမောင်နှမများက သင့်ကို ရွေးချယ်သည့်အခါ သင်သည် ထိုအလုပ်ကို သင်၏ မလွှဲမရှောင်သာ ဆောင်ရွက်ရမည့် တာဝန်အဖြစ် ထမ်းဆောင်သင့်သည်။ သို့ရာတွင် အလုပ်အစီအစဉ်ကို ဖတ်ပြီးနောက် သင်၏ စိတ်ထဲတွင် ဘာမျှမသိလျှင် အလုပ်ကို တာဝန်ယူရန် စီစဉ်ပေးဖို့ မည်သူက အသင့်တော်ဆုံးဖြစ်သည်ကို သင် လုံးဝ ထိုးထွင်းမမြင်နိုင်လျှင်၊ ထို့ထက်ပင်ပို၍ အသင်းတော်အလုပ်၏ အမျိုးမျိုးသော ကိစ္စများအား တိတိကျကျ မည်သို့ အကောင်အထည်ဖော်ရမည်ကို သင် ထိုးထွင်းမမြင်နိုင်လျှင် မည်သို့ မိတ်သဟာယဖွဲ့ရမည်၊ ကြီးကြပ်ရမည်၊ မည်သို့ စစ်ဆေးပြီး နောက်ဆက်တွဲလုပ်ပေးရမည်ဟူသည်တို့ကို သင်မသိလျှင်၊ သင်၏ စိတ်ထဲတွင် အကောင်အထည်ဖော်ရန် အဆင့်များ သို့မဟုတ် အစီအစဉ်များ မရှိသော်လည်း အချို့သော ညီအစ်ကိုမောင်နှမများက သင်သည် ပင်ကိုစွမ်းရည် အလွန်ရှိပြီး ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန် သင့်တော်သည်ဟု မှားယွင်းစွာ တွေးထင်နေလျှင် သင်၏ သဘောထားမှာ မည်သို့ဖြစ်သင့်သနည်း။ သင်က “သင်၏ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါသည်။ သို့သော် ကျွန်ုပ်သည် အမှန်တွင် ပင်ကိုစွမ်းရည်သိပ်မရှိပါ။ ကျွန်ုပ်တွင် လိုအပ်သောအရာ မရှိပါ။ သင် ကျွန်ုပ်ကို အထင်မှားနေပါသည်။ အကယ်၍ သင်တို့က ကျွန်ုပ်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်လျှင် အသင်းတော်၏ အလုပ်ကို နှောင့်နှေးစေပါလိမ့်မည်။ ကျွန်ုပ်၏ ကိုယ်ပိုင် ဝိညာဉ်ရင့်ကျက်မှုကို ကျွန်ုပ်သိပါသည်။ ရိုးရှင်းသော အလုပ်အစီအစဉ်တစ်ခုကိုပင် မည်သို့ အကောင်အထည်ဖော်ရမည်ကို ကျွန်ုပ်မသိပါ။ ဘယ်ကစရမည်ကို ကျွန်ုပ်မသိသည့်အပြင် မည်သည့်သဲလွန်စမျှလည်း မရှိပါ။ သမ္မာတရားကို နားမလည်ဘဲ အသင်းတော်၏ အလုပ်ကို ကောင်းစွာ မလုပ်ဆောင်နိုင်ပါ။ အထက်က ကျွန်ုပ်ကို ခန့်အပ်လျှင်ပင် ကျွန်ုပ် လုပ်နိုင်မည်မဟုတ်ပါ။ ကျွန်ုပ်သည် ဤအခန်းကဏ္ဍနှင့် အမှန်တကယ် မသင့်တော်ပါ”ဟု ပြောဆိုသင့်သည်။ ဤသို့ ဝန်ခံခြင်းမျိုးကို သင်တို့ မည်သို့ထင်သနည်း။ ဤလုပ်နည်းကိုင်နည်းက ဆင်ခြင်တုံတရားကို ပြသသည်။ ဤသို့ပြောဆိုသော လူများသည် အယောင်ဆောင် ခေါင်းဆောင်များထက် များစွာ ပို၍ ဆင်ခြင်တုံတရားရှိသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤမျှ ဆင်ခြင်တုံတရားရှိသော အရာတစ်ခုကို မည်သည့်အခါမျှ ပြောနိုင်မည် မဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်များက “ငါရွေးချယ်ခံရသည်၊ ထို့ကြောင့် ငါ ခေါင်းဆောင်ဖြစ်သင့်သည်။ အဘယ်ကြောင့် မဖြစ်သင့်ရမည်နည်း။ ငါ ပင်ကိုစွမ်းရည်ရှိသည်၊ ထို့ကြောင့် ငါ ထိုက်တန်သည်။ အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်နိုင်ခြင်းသည် ပြဿနာတစ်ခုဖြစ်သလော။ မည်သူက မွေးရာပါ တတ်ကျွမ်းလာသနည်း။ သင်ယူ၍ရသည့်အရာတစ်ခု မဟုတ်လော။ ငါ တရားဟောနိုင်သရွေ့ လုံလောက်ပြီ။ ငါ့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိပြီး နားလည်သည်၊ မိတ်သဟာယဖွဲ့နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာတွေ့နိုင်သည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အမျိုးမျိုးသော အခြေအနေများကို ဖြေရှင်းရာတွင် ငါက ကျွမ်းကျင်သည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းသည် အရေးကြီးသည့်ကိစ္စ မဟုတ်ပါ။ ယင်းမှာ စီမံအုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုအလုပ်သာ ဖြစ်သည် မဟုတ်လော။ ယခင်က စီမံအုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုကို ငါ လေ့လာခဲ့သည်၊ ထို့ကြောင့် ဘုရားအိမ်တော်၏ ဤအလုပ်အနည်းငယ်သည် ငါ့အတွက် ပြဿနာမဟုတ်ပါ”ဟု တွေးကြသည်။ ထိုသို့သောလူသည် အန္တရာယ်ရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တရာယ်က မည်သည့်နေရာတွင် ရှိသနည်း။ ဤကိစ္စရပ်ကို သင်တို့ ထိုးထွင်းသိမြင်နိုင်သလော။ (၎င်းတို့သည် အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင် ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်လိမ့်မည်ဖြစ်ကာ မိမိတို့ကိုယ်တိုင်နှင့် ညီအစ်ကိုမောင်နှမများကို ထိခိုက်စေရုံသာမက ဘုရားအိမ်တော်၏ အလုပ်ကိုလည်း နှောင့်နှေးစေလိမ့်မည်ဖြစ်ပါသည်။) ယင်းမှာ ထိခိုက်မှုမျှသာလော။ နောက်ဆုံးတွင် ယင်းက ဖြစ်စေမည့်အရာမှာ ထိုအရာလော။ အကယ်၍ ဤမျှသာဖြစ်လျှင် ယင်းကို ပြုပြင်၍ရသေးသည်။ အဓိကပြဿနာမှာ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် ခေါင်းဆောင်အဖြစ် အချိန်ကြာမြင့်စွာ ဆက်ရှိနေလျှင် အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်လိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် အန္တိခရစ်တစ်ဦး ဖြစ်လာလိမ့်မည်ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရခြင်းသည် ထိုမျှ ရိုးရှင်းသည်ဟု သင် ထင်သလော။ အဆင့်အတန်းနှင့်အတူ စုံစမ်းသွေးဆောင်ခြင်း လာပြီး၊ စုံစမ်းသွေးဆောင်ခြင်းနှင့်အတူ အန္တရာယ်ပါလာသည်။ ဤအန္တရာယ်ကား အဘယ်နည်း။ ယင်းမှာ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်နိုင်ခြေရှိခြင်း ဖြစ်သည်။ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ခြင်း၏ အဆိုးရွားဆုံးသော အကျိုးဆက်မှာ အန္တိခရစ်တစ်ဦး ဖြစ်လာခြင်း ဖြစ်သည်။
လူအချို့က “အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် အတော်အတန် ညံ့ဖျင်းသော အစွမ်းအစသာ ရှိသော်လည်း ၎င်းတို့၏ လူ့သဘာဝက မဆိုးပါ။ ၎င်းတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်နိုင်သလော”ဟု မေးကြသည်။ မဆိုးသော လူ့သဘာဝ ရှိခြင်းသည် ၎င်းတို့အနေဖြင့် အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်မည်မဟုတ်ဟု ဆိုလိုကြောင်း မည်သူက ပြောသနည်း။ အန္တိခရစ်များအဖြစ် သတ်မှတ်ခံရရန် ၎င်းတို့ မည်မျှ ဆိုးရွားရန် လိုအပ်သနည်း။ ဤအရာကို သင် ထိုးထွင်းသိမြင်နိုင်သလော။ အကယ်၍ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် ၎င်းတို့၏ အခန်းကဏ္ဍတွင် အချိန်ကြာမြင့်စွာ ဆက်ရှိနေလျှင် ၎င်းတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းပေါ်သို့ စတင်ရောက်ရှိနှင့်နေပြီ ဖြစ်သည်။ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ခြင်းနှင့် အန္တိခရစ်တစ်ဦး ဖြစ်လာခြင်းကြားတွင် ကွာဟချက်တစ်ခု ရှိသလော။ (မရှိပါ။) ပြန်စဉ်းစားကြည့်လော့။ ထိုအယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့်လမ်းကြောင်းကို လိုက်လျှောက်နေကြသနည်း။ အယောင်ဆောင် ခေါင်းဆောင်များသည် တိကျသော အလုပ်ကို မလုပ်ဆောင်ကြသည့်အပြင် တိကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်းလည်း မရှိကြပေ၊ သို့ရာတွင် ၎င်းတို့သည် အခြားသူများကို ဩဝါဒပေးရန်နှင့် လူတို့အား ၎င်းတို့ကို နားထောင်ပြီး နာခံစေရန် မြင့်မားသော ရာထူးများတွင် ရပ်တည်လိုကြဆဲ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်နေခြင်း မဟုတ်လော။ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ (၎င်းတို့သည် အလိုအလျောက် အန္တိခရစ်များ ဖြစ်လာကြပါသည်။) အယောင်ဆောင် ခေါင်းဆောင်များသည် မွေးရာပါ အန္တိခရစ်များ သို့မဟုတ် ဆိုးယုတ်သောလူများ မဟုတ်သော်လည်း ၎င်းတို့ကို ကြီးကြပ်မှုမရှိဘဲ သို့မဟုတ် မည်သူကမျှ တိုင်ကြားပြီး ဖြုတ်ချခြင်းမရှိဘဲ အန္တိခရစ်များ၏ လမ်းကြောင်းကို အချိန်ကြာမြင့်စွာ လိုက်လျှောက်လျှင် ၎င်းတို့သည် အာဏာသိမ်းပိုက်ပြီး သီးခြားလွတ်လပ်သော နိုင်ငံတော်များကို တည်ထောင်နိုင်သလော။ (တည်ထောင်နိုင်ပါသည်။) ထိုအချိန်တွင် ၎င်းတို့သည် အန္တိခရစ်များ ဖြစ်လာကြပြီ မဟုတ်လော။ သို့ဖြစ်၍ သင်တို့ မြင်သည့်အတိုင်း အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ အခန်းကဏ္ဍသည် အန္တရာယ်ရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်နေခြင်းသည် အလွန်အန္တရာယ်ရှိနှင့်ပြီး ဖြစ်သည်။ ငါတို့သည် လတ်တလောတွင် အယောင်ဆောင် ခေါင်းဆောင်များကို စိတ်ဖြာလေ့လာဆွေးနွေးနေပြီး အန္တိခရစ်များကို ထည့်သွင်းစဉ်းစားခြင်းမရှိသေးသော်လည်း ဤနှစ်ခု၏ အနှစ်သာရကြားတွင် ဆက်စပ်မှုတစ်ခု ရှိနေသည်။ အမှန်တွင် အယောင်ဆောင် ခေါင်းဆောင်များသည် အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်နေကြခြင်း ဖြစ်သည်။ ဤလမ်းကြောင်းကို လိုက်လျှောက်ခြင်းက ၎င်းတို့ကို အလိုအလျောက် အန္တိခရစ်များ ဖြစ်လာစေလိမ့်မည်။ ယင်းကို ၎င်းတို့၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ပေးခြင်းဖြစ်သည်။ ထိုအချိန်တွင် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရကို ကြည့်ရန် မလိုအပ်ပေ။ ၎င်းတို့၏ လမ်းကြောင်းတစ်ခုတည်းကပင် ၎င်းတို့သည် အန္တိခရစ်များ ဟုတ်မဟုတ်ဟူသည်ကို အဆုံးအဖြတ်ပေးသည်။ ဖြုတ်ချခြင်းခံခဲ့ရသော ထိုအယောင်ဆောင် ခေါင်းဆောင်များကို စဉ်းစားကြည့်လော့။ အကယ်၍ ၎င်းတို့ကို အချိန်မီ မဖြုတ်ချခဲ့လျှင် ၎င်းတို့၏ ရာထူးသက်တမ်းအတွင်း ၎င်းတို့ ပြုမူခဲ့ပုံနှင့် ထုတ်ဖော်ခဲ့သည့်အရာအားဖြင့် ၎င်းတို့၏ အနှစ်သာရကို အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် နောက်ဆုံးတွင် အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ကြမည်လော။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်လာကြမည်လော။ အမှန်တွင် အချို့သောလူများသည် ဤအရာ၏ လက္ခဏာများကို ပြသနှင့်ပြီးဖြစ်ကာ ဘုရားအိမ်တော်က ၎င်းတို့ကို ချက်ချင်း ဖြုတ်ချခဲ့သည်။ အကယ်၍ ၎င်းတို့ကို မဖြုတ်ချခဲ့လျှင် ၎င်းတို့သည် အသင်းတော်ကို မှီခိုကပ်ရပ်ပြီး လူတို့ကို အထင်အမြင်မှားစေရန် စတင်လုပ်ဆောင်ကြမည် ဖြစ်သည်။ ၎င်းတို့သည် မြင့်မားသော ရာထူးများရှိသည့် အရာရှိများ သို့မဟုတ် သခင်များကဲ့သို့ ပြုမူကာ လူတို့ကို ဩဇာပေးပြီး အမိန့်အာဏာများ ထုတ်ပြန်လျက် အခြားသူများကို ၎င်းတို့အား ဘုရားသခင်ဖြစ်သည့်အလား နာခံစေရန် စတင်လုပ်ဆောင်ကြမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရသူများဖြစ်ကြောင်းနှင့် ဘုရားသခင် အသုံးပြုသော လူများဖြစ်ကြောင်း အခိုင်အမာပင် ပြောဆိုကြမည် ဖြစ်သည်။ ယင်းမှာ ပြဿနာဖြစ်စေသည် မဟုတ်လော။ သို့ဆိုလျှင် ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များ၏ ဤအခြေအနေများနှင့် သရုပ်သကန်များကို ငါတို့ မည်သို့ ရှုမြင်ပြီး သတ်မှတ်သင့်သနည်း။ ၎င်းတို့ကို သူတော်ကောင်းယောင်ဆောင်သူများ၊ အသင်းတော်ကို မှီခိုကပ်ရပ်သည့်လူများ၊ ဖာရိရှဲများအဖြစ် ကနဦး သတ်မှတ်၍ရသည်။ ပြီးလျှင် ဤအရာသည် ဆက်လက်၍ ဖြစ်ပေါ်ပါက မည်သည့်အရာဖြစ်သနည်း။ အယောင်ဆောင် ခေါင်းဆောင်များသည် အန္တိခရစ်များလောက် ရက်စက်ကြမ်းကြုတ်ခြင်း သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်ခြင်း မရှိနိုင်သော်လည်း အပေါ်ယံအားဖြင့် ၎င်းတို့သည် အခြေအနေတိုင်းတွင် အခြားသူများကို ကူညီလျက် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ပြီး ကြိုးစားအလုပ်လုပ်နိုင်စွမ်းရှိပုံပေါ်သည့်အပြင် ကုန်းကြောင်းရေကြောင်း ခရီးသွား၍ တရားဟောပြီး အလုပ်လုပ်ခဲ့ကြသည့် ဖာရိရှဲများကဲ့သို့ပင် လူတို့နှင့်ပတ်သက်၍ စိတ်ရှည်သည်းခံနိုင်စွမ်း ရှိပုံရသော်လည်း နောက်ဆုံးတွင် အရေးကြီးသည့်အရာမှာ မည်သည့်အရာ ဖြစ်သနည်း။ အကယ်၍ ၎င်းတို့သည် အလုပ်တာဝန်တစ်ခုတည်းကိုပင် အကောင်အထည်မဖော်နိုင်လျှင် ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူများသည် ဖာရိရှဲများ၏ လုပ်ရပ်များ၊ အပြုအမူများနှင့် မည်သို့ ကွဲပြားသနည်း။ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ အလုပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းရှိသလော သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို အတိုက်အခံလုပ်ပြီး နှောင့်ယှက်နေခြင်းဖြစ်သလော။ သိသာထင်ရှားစွာပင် ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို အတိုက်အခံလုပ်နေပြီး အသင်းတော်၏ အမျိုးမျိုးသော အလုပ်ကိစ္စများ ပုံမှန်တိုးတက်မှုကို ဟန့်တားနေပေသည်။ ဤသည်မှာ ဖာရိရှဲများနှင့် ဘာသာရေးလောကရှိ သင်းအုပ်များနှင့် အကြီးအကဲများ၏ အပြုအမူနှင့် ခြားနားခြင်းမရှိသည် မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ကဲ့သို့ပင် ဖြစ်သည်။ သို့ဆိုလျှင် ငါတို့သည် ၎င်းတို့ကို မည်သို့ သတ်မှတ်သင့်သနည်း။ အယောင်ဆောင် ခေါင်းဆောင်များက ဆက်လက်လုပ်ဆောင်နေပါက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်လိမ့်မည်သာမက ဤအစီအစဉ်များကို ရှုတ်ချခြင်း၊ ဝေဖန်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် အခြားထိုသို့သော အရာများကိုလည်း စတင်လုပ်ဆောင်ကြလိမ့်မည်ဖြစ်သည်။ အန္တိခရစ် အပြုအမူများ အစုံလိုက် ပေါ်ထွက်လာလိမ့်မည်။ ၎င်းတို့သည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ရုံသာမက ယင်းတို့၏ အကောင်အထည်ဖော်ခြင်းကိုလည်း အတိုက်အခံလုပ်ရန်နှင့် ဟန့်တားရန် အမျိုးမျိုးသော ဆင်ခြေများကိုလည်း ရှာဖွေကြသည်။ ဤသည်မှာ ဘုရားသခင်၏ အလုပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမဟုတ်ဘဲ ဘုရားအိမ်တော်၏ အလုပ်ကို ဟန့်တားပြီး နှောင့်ယှက်နေခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များ အကောင်အထည်ဖော်ခြင်းကို ဟန့်တားရန် ၎င်းတို့က မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများ၊ ဘုရားအိမ်တော်က ၎င်းတို့အား ပေးအပ်ထားသည့် အာဏာနှင့် အဆင့်အတန်းတို့ကို အသုံးပြုကြခြင်း ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အနှစ်သာရ မဟုတ်လော။ (ဟုတ်ပါသည်။) အယောင်ဆောင် ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြသည့်အပြင် အထက်က စီစဉ်ပေးသည့် အမျိုးမျိုးသော တာဝန်များကို အကောင်အထည်မဖော်နိုင်သော်လည်း မိမိတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ ဦးစီးဦးရွက်ပြုသူများ၊ ခေါင်းဆောင်များဖြစ်သည်ဟု ခံစားလျက် လူတို့အား တရားဟောရန် မိမိတို့၏ အဆင့်အတန်းကို အခိုင်အမာပြနေဆဲ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို အန္တိခရစ်များ၊ အန္တိခရစ်စစ်စစ်များ ဖြစ်စေနှင့်ပြီးဖြစ်သည်။ ထိုသို့သောလူများ၏ ဤသတ်မှတ်ချက်သည် တိကျမှန်ကန်သလော။ ယင်းမှာ အမှားတစ်ခုမျှမရှိဘဲ အလွန့်အလွန် တိကျမှန်ကန်လှပေသည်။ ဤသည်မှာ ယုတ္တိတန်သော ကျိုးကြောင်းဆင်ခြင်ခြင်းမဟုတ်ဘဲ ၎င်းတို့၏ အနှစ်သာရကို အခြေခံသည့် သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်နိုင်သောသူများသည် အယောင်ဆောင် ခေါင်းဆောင်များဖြစ်ကြပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်သောသူများသည်လည်း အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဖာရိရှဲများအဖြစ် ထုတ်ဖော်ခြင်းမခံရမီတွင် ၎င်းတို့ကို အယောင်ဆောင် ခေါင်းဆောင်များအဖြစ် သတ်မှတ်၍ရသည်။ သို့ရာတွင် ၎င်းတို့သည် ဖာရိရှဲများ ဖြစ်လာပြီး အသင်းတော်ကို မှီခိုကပ်ရပ်ရန်၊ မိမိတို့၏ “အတိတ်က အောင်မြင်မှုများ” ကို အားကိုးကာ အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်ဘဲ သို့မဟုတ် တိကျသော တာဝန်များကို မလုပ်ဆောင်ဘဲ ဘုရားအိမ်တော်၏ အလုပ်အတွက် ခလုတ်တံသင်းများ ဖြစ်လာလျက် ရာထူးများကို ရယူထားသည့်အချိန်မှစ၍ ထိုသို့သောလူများကို အန္တိခရစ်များအဖြစ် သတ်မှတ်သင့်သည်။ တစ်စုံတစ်ဦးက အယောင်ဆောင် ခေါင်းဆောင်တစ်ဦးလော သို့မဟုတ် အန္တိခရစ်တစ်ဦးလောဟူသည်ကို သင်မည်သို့ သတ်မှတ်သနည်း။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို ၎င်းတို့က အလုပ်အစီအစဉ်များအား အကောင်အထည်ဖော်နိုင်ပြီး လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိဟူသည့်အပေါ် အခြေခံ၍ သတ်မှတ်သည်။ အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်သောသူများနှင့် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သောသူများသည် အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်ကြသည်။ သို့ရာတွင် ၎င်းတို့က လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ကြောင်းနှင့် အထက်မှ အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်နိုင်ကြောင်း သိရှိသည့်တိုင် လူတို့၏ စိတ်နှလုံးကို သိမ်းသွင်းရန် တရားဟောပြောရန်နှင့် ဆောင်ပုဒ်များ ဟစ်ကြွေးရန် မိမိတို့၏ အဆင့်အတန်းကို အခိုင်အမာပြလိုနေဆဲဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို လျစ်လျူရှုကာ ညီအစ်ကိုမောင်နှမများကို ဆက်လက်၍ အထင်အမြင်မှားစေလျက်၊ ပြောဆိုခွင့်အာဏာနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း ဩဇာအာဏာကိုပင် ရှာဖွေလျက် ၎င်းတို့အနေဖြင့် အသင်းတော်ကို မှီခိုကပ်ရပ်နိုင်ပြီး ဘုရားအိမ်တော်ကို အငြိမ်းစားယူသည့်နေရာအဖြစ် အမြတ်ထုတ်နိုင်ရန်အလို့ငှာ၊ ဘုရားသခင်ကို ၎င်းတို့ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး အသင်းတော်၏ အလုပ်အတွက် နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့သည်ဟူသောအချက်အရ အသင်းတော်က ၎င်းတို့ကို အနီးအနားတွင် ဆက်ထားဖို့ မျှော်လင့်နေလျှင် ထိုသို့သောလူများသည် အန္တိခရစ်များ ဖြစ်ကြသည်။ ဤသည်မှာ တစ်စုံတစ်ဦးက အယောင်ဆောင် ခေါင်းဆောင်တစ်ဦးလော သို့မဟုတ် အန္တိခရစ်တစ်ဦးလောဟူသည်ကို သင် ဆုံးဖြတ်ရမည့်နည်းလမ်း ဖြစ်သည်။ သတ်မှတ်ခြင်းအတွက် ဤစည်းမျဉ်းနှင့် စံနှုန်းသည် ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။)
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်သည် အဓိကအားဖြင့် အလုပ်အစီအစဉ်များနှင့် သက်ဆိုင်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း ရှိမရှိဟူသည်မှာ ၎င်းတို့ စံနှုန်းပြည့်မီခြင်း ရှိမရှိကို စမ်းသပ်ရန် စံသတ်မှတ်ချက် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်များအတိုင်း အသင်းတော်အလုပ်ကို ဆောင်ရွက်ခြင်း ရှိမရှိအပေါ် အခြေခံ၍ ၎င်းတို့သည် စစ်မှန်သလော သို့မဟုတ် အယောင်ဆောင်ဖြစ်သလောဟူသည်ကို အကဲဖြတ်ခြင်းသည် အတိကျဆုံးသော နည်းလမ်းဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များကို ပိုင်းခြားသိမြင်ရန်နှင့် စိတ်ဖြာလေ့လာဆွေးနွေးရန်အပြင် ၎င်းတို့က အယောင်ဆောင် ခေါင်းဆောင်များလော သို့မဟုတ် အန္တိခရစ်များလောဟူသည်ကို အဆုံးအဖြတ်ပေးရန် အလုပ်အစီအစဉ်များအပေါ် ၎င်းတို့၏ သဘောထားကို အသုံးပြုခြင်းသည် လုံးဝ တရားမျှတသည်။ ၎င်းတို့အနေဖြင့် အလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်သည်၊ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိဟူသည်နှင့် ၎င်းတို့ အကောင်အထည်ဖော်မှု၏ ထိရောက်မှုနှင့် စေ့စပ်သေချာမှုတို့အပေါ် အခြေခံ၍ ခေါင်းဆောင်များနှင့် အမှုဆောင်များကို အကဲဖြတ်ခြင်းသည် မည်သည့် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်အတွက်မဆို မျှတပြီး ကျိုးကြောင်းဆီလျော်ပေသည်။ ယင်းမှာ မည်သူ့အတွက်မျှ အမှုအရာများကို တမင်တကာ အခက်တွေ့စေရန် ရည်ရွယ်ခြင်း မဟုတ်ပေ။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်သည့်အပြင် နောက်ဆုံးတွင် အန္တိခရစ်များ ဖြစ်လာကြသည်ကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ ဤအခိုင်အမာပြောဆိုချက်သည် ခိုင်လုံသလော။ (ခိုင်လုံပါသည်။) အဘယ်ကြောင့် ခိုင်လုံသနည်း။ (အဘယ်ကြောင့်ဆိုသော် အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်သည့်အပြင် မိမိတို့၏ ကိုယ်ပိုင် သီးခြားလွတ်လပ်သော နိုင်ငံတော်များကို တည်ထောင်ရန် ၎င်းတို့၏ ရာထူးနေရာများကို ရယူထားသောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းကို စတင် လျှောက်နှင့်ပြီးဖြစ်သည်ဟု ဆိုလိုပါသည်။) ဤသည်မှာ ဖြစ်စဉ်ဖြစ်သည်။ ပြဿနာ၏ အနှစ်သာရမှာ အဘယ်နည်း။ အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်ခြင်းသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ဆန့်ကျင်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်ခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်သောသူများသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ သူ့ကို တိုက်ရိုက်ဆန့်ကျင်ရာတွင် ရပ်တည်နေကြခြင်း ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးမျှသာ ဖြစ်လျှင် ၎င်းတို့သည် အလုပ်အား မည်သို့လုပ်ဆောင်ရမည် သို့မဟုတ် အလုပ်အစီအစဉ်များအား မည်သို့ အကောင်အထည်ဖော်ရမည်ကို သိကို မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို တမင်တကာ ခုခံနေခြင်း မဟုတ်ပေ။ သို့ရာတွင် အန္တိခရစ်တို့၏ ကြန်အင်လက္ခဏာသည် သဘာဝအားဖြင့် အယောင်ဆောင် ခေါင်းဆောင်များထက် များစွာ ပိုမိုဆိုးရွားသည်။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် အန္တိခရစ်များ၏ လမ်းကြောင်းကို အချိန်ကြာမြင့်စွာ လိုက်လျှောက်နေကြပြီးဖြစ်သည်။ ဤပုဂ္ဂိုလ်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်းနှင့် အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်ခြင်းတို့ဖြင့် စတင်ကြသည်။ အချိန်ကြာမြင့်စွာ ခေါင်းဆောင်များ ဖြစ်ကာ စကားလုံးများနှင့် အယူဝါဒအချို့ကို ဟောပြောနိုင်ပြီးနောက်တွင် ၎င်းတို့၏ ရာထူးက လုံခြုံကြောင်း၊ ၎င်းတို့တွင် အရင်းအနှီးရှိကြောင်းနှင့် လူတို့ကြားတွင် ဂုဏ်သိက္ခာရရှိပြီးဖြစ်ကြောင်း ၎င်းတို့ ခံစားကြရသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့အလိုရှိသမျှကို စတင်လုပ်ဆောင်ဝံ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ဝံ့ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အစဉ်သဖြင့် အထင်ကြီးကြပြီး ညီအစ်ကိုမောင်နှမများကြားတွင် ဂုဏ်သိက္ခာရရှိပြီးဖြစ်ကြောင်း၊ ၎င်းတို့၏ စကားများက ဩဇာသက်ရောက်မှုရှိကြောင်းနှင့် ထို့ကြောင့် ၎င်းတို့ လုပ်ဆောင်သမျှ အရာတိုင်းတွင် အကြွင်းမဲ့ ပြောဆိုပိုင်ခွင့်နှင့် ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့် အာဏာရှိသင့်ကြောင်း ယုံကြည်ကြလေသည်။ လူတို့က ၎င်းတို့ကို နားထောင်သင့်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ တစ်စုံတစ်ခုကို လုပ်ဆောင်နေစဉ် ၎င်းတို့ အရှက်ရလျှင် သို့မဟုတ် စကားမှားပြောမိလျှင် လူတို့သည် ၎င်းတို့အတွက် သိက္ခာဆည်ပေးသင့်သည်၊ ဘုရားအိမ်တော်ကလည်း ထိုသို့ပင် လုပ်ဆောင်သင့်သည်ဟု တွေးထင်ကြသည်။ ဘုရားအိမ်တော်သည် ပေါ်ပေါက်လာသည့် မည်သည့်ကိစ္စရပ်များတွင်မဆို ၎င်းတို့နှင့် တိုင်ပင်သင့်ပြီး ကောင်းသောအရာများထဲက ဝေစုတစ်ခုပေးသင့်ကာ ၎င်းတို့သည် အခြားသူများထက် ပိုမိုကောင်းမွန်သော အကျိုးခံစားခွင့်များနှင့် ပိုမိုမြင့်မားသော ချီးကျူးမှုကို ရရှိသင့်သည်ဟု တွေးထင်ကြသည်။ ဘုရားသခင်သည်လည်း ၎င်းတို့ကို မတူကွဲပြားသော အမြင်ဖြင့် အလေးထားသင့်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ၎င်းတို့၏ ဤသိမြင်ထားသော အားသာချက်များနှင့် သာလွန်မှုတို့ကို ထောက်ရှုသော်၊ ဘုရားအိမ်တော်က ၎င်းတို့ကို အလွယ်တကူ ပြုပြင်ခြင်း မပြုသင့်ကြောင်း၊ သို့မဟုတ် အခြားသူများရှေ့တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ခြင်း မပြုသင့်ကြောင်း၊ ထို့ထက်ပင်ပို၍ ၎င်းတို့၏ ခံစားချက်များကို ထည့်မစဉ်းစားခြင်း တစ်ခုမျှမရှိဘဲ ၎င်းတို့ကို ဖြုတ်ချခြင်း မပြုသင့်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ထိုသို့သောလူများသည် အန္တရာယ်ရှိပေသည်။ ၎င်းတို့သည် မိမိတို့၏ “အတိတ်က အောင်မြင်မှုများ”ကို အားကိုးနေကြသည်။ ၎င်းတို့သည် ဖာရိရှဲများဖြစ်ကြပြီး အန္တိခရစ်များ ဖြစ်နှင့်နေပြီဖြစ်သည်။ ဤအရာကို ၎င်းတို့၏ သဘာဝ အနှစ်သာရက အဆုံးအဖြတ်ပေးသည် မဟုတ်လော။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်လျှင် ၎င်းတို့သည် ဘုရားအိမ်တော်နှင့် ဘုရားသခင်အပေါ် ဤသို့သော ကျိုးကြောင်းမဆီလျော်သည့် တောင်းဆိုမှုများကို ပြုလုပ်မည်လော။ (ပြုလုပ်မည် မဟုတ်ပါ။) အချိန်ကြာမြင့်စွာ အလုပ်လုပ်ပြီးနောက် မိမိတို့သည် အဆင့်အတန်းရှိပြီးဖြစ်ကာ အရင်းအနှီးရှိသည်ဟု ခံစားရပြီး ထိုသို့ဖြင့် ဤအတွေးမျိုးများနှင့် ဤသာလွန်မှုစိတ်ဓာတ်မျိုးကို ဖြစ်ပေါ်သည့် လူစားတစ်မျိုး ရှိသည်။ ဤသည်မှာ မည်သည့် လူစားမျိုးဖြစ်သနည်း။ ယင်းမှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသောသူတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသည့်အပြင် အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်သောကြောင့် ၎င်းတို့သည် ဘုရားသခင်နှင့် ဘုရားအိမ်တော်အပေါ် ကျိုးကြောင်းမဆီလျော်သည့် တောင်းဆိုမှုမျိုးစုံကို ပြုလုပ်လျက် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြလေသည်။ ၎င်းတို့သည် မိမိတို့၏ “အတိတ်က အောင်မြင်မှုများ” ကို အားကိုးကြပြီး အသင်းတော်ကို မှီခိုကပ်စားကြသည်၊ မိမိတို့၏ အဆင့်အတန်းကို ဖက်တွယ်ကြပြီး နောက်ဆုံးတွင် အန္တိခရစ်တစ်ဦး ဖြစ်လာသည်။ ဤသည်မှာ စံပြ အန္တိခရစ်တစ်ဦး ဖြစ်သည်။ အသင်းတော်၌ ထိုသို့သောလူများ ရှိသလော။ မိမိကိုယ်ကို ဝိညာဉ်ရေးရာလူတစ်ဦးအဖြစ် ဂုဏ်ယူဝင့်ကြွားသူတိုင်းသည် ဤအမျိုးအစား ဖြစ်သည်။ ၎င်းတို့သည် သိသာထင်ရှားစွာ အသုံးမကျသူများဖြစ်ပြီး မည်သည့်တိကျသော အလုပ်ကိုမျှ မလုပ်ဆောင်နိုင်သော်လည်း မိမိတို့ကိုယ်ကို ဝိညာဉ်ရေးရာပြည့်ဝသူများအဖြစ် မှတ်ယူနေဆဲဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်က ထောက်ခံလျက် ကြည့်ရှုသူများနှင့် သူ၏ စုံလင်အောင်ပြုခြင်းခံရမည့် ပစ်မှတ်များဖြစ်သည်ဟု မှတ်ယူကြသည်။ ၎င်းတို့သည် မိမိတို့က ဘုရားသခင်၏ ချစ်သားများ၊ အောင်မြင်သောသူများဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုသို့သောလူများသည် မည်သည့်လမ်းကြောင်းကို လိုက်လျှောက်နေကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်သလော။ သမ္မာတရားကို ကျိုးနွံနာခံသောလူများ ဖြစ်သလော။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသောလူများ ဖြစ်သလော။ လုံးဝမဟုတ်၊ ရာနှုန်းပြည့် မဟုတ်ပေ။ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ကောင်းချီးများကို လိုက်စားပြီး အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်လှမ်းသောလူများ ဖြစ်ကြသည်။ ထိုသို့သောလူများသည် အယောင်ဆောင် ခေါင်းဆောင်များအဖြစ် အချိန်ကြာမြင့်စွာ အစေခံလျက် ရာထူးတစ်ခုကို အချိန်ကြာမြင့်စွာ ရယူထားသည့်အခါ၊ မလွဲမသွေ အန္တိခရစ်များ ဖြစ်လာကြလိမ့်မည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်အတွက် အတားအဆီးများ ဖြစ်ကြသည်။ ၎င်းတို့သည် အလုပ်အစီအစဉ်များအတိုင်း အလုပ်လုပ်ရန် မဖြစ်နိုင်သည့်အပြင် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ရန် သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အမှုအရာများကို လုပ်ဆောင်ရန်လည်း မဖြစ်နိုင်ပေ။ ထို့ထက်ပင်ပို၍ ၎င်းတို့သည် အန္တိခရစ်များဖြစ်သောကြောင့် အသင်းတော်၏ အလုပ်ကို လုပ်ဆောင်ရန် မိမိတို့၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် အကျိုးစီးပွားများကို စွန့်လွှတ်ရန် မဖြစ်နိုင်ပေ။
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းသည် အဓိကအားဖြင့် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းအကြောင်း ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး စံနှုန်းပြည့်မီပြီး မိမိ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်း ရှိမရှိကို အဓိကအားဖြင့် ၎င်းတို့ အလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်သည်နှင့် ဤအကောင်အထည်ဖော်မှုများ၏ အကျိုးရလဒ်များက အဆုံးအဖြတ်ပေးသည်။ ပြောစရာမလိုသည်မှာ ဤစံနှုန်းကို အယောင်ဆောင် ခေါင်းဆောင်များနှင့် ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းများအပြင် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုအပေါ် ၎င်းတို့ ယူဆောင်လာသည့် အကျိုးဆက်များကို ဖော်ထုတ်ရန်လည်း အသုံးပြုသည်။ ဤအဆုံးအဖြတ်ပေးခြင်းများ၊ သုံးသပ်ချက်များနှင့် နောက်ဆုံး သတ်မှတ်ခြင်းများအားလုံးသည် အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်အစီအစဉ်များ အကောင်အထည်ဖော်မှုအပေါ် အခြေခံသည်။ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းသည် အဓိက တာဝန်တစ်ရပ်ဖြစ်သည်၊ ထို့ကြောင့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် စံနှုန်းပြည့်မီခြင်း ရှိမရှိကို ၎င်းတို့၏ အလုပ်အစီအစဉ်များ အကောင်အထည်ဖော်မှုအပေါ် အခြေခံ၍ အဆုံးအဖြတ်ပေးခြင်းသည် အလွန် လက်တွေ့ကျပြီး အလွန်အမင်း အခြေခံကျသည်။ ထို့အပြင် ခေါင်းဆောင်နှင့် အမှုဆောင်တိုင်းကို ဤစံနှုန်းဖြင့် တိုင်းတာခြင်းသည် မည်သည့်ရောနှောခြင်းမျှ မပါဘဲ လုံးဝ ကျိုးကြောင်းဆီလျော်ပြီး မျှတသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။