ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၁) အခန်း တစ်

ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များမှ အချက်ကိုးဖြစ်သည့် “ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အမျိုးမျိုးကို ယင်း၏ လိုအပ်ချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး လမ်းပြမှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးကာ ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး နောက်ဆက်တွဲ လိုက်လုပ်လော့”ဟူသည်ကို မိတ်သဟာယဖွဲ့ခဲ့သည်။ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းရမည့် တာဝန်ဝတ္တရားများနှင့် ၎င်းတို့ လုပ်ဆောင်ရမည့် အလုပ်အကြောင်းကို မိတ်သဟာယဖွဲ့ခဲ့သည့်အပြင် အယောင်ဆောင် ခေါင်းဆောင်များ၏ အပြုအမူ အနည်းငယ်ကိုလည်း စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်တစ်ခုစီကို မည်သို့ အကောင်အထည်ဖော်ရမည်ဟူသည့် အသေးစိတ်အချက်အလက်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယမဖွဲ့ခဲ့သော်လည်း၊ ထိုအစီအစဉ်များကို အကောင်အထည်ဖော်ခြင်းအတွက် စည်းမျဉ်းများ၏ အသေးစိတ် အချက်အလက်အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့်အရာကိုပါ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ အချက်ကိုးနှင့်ပတ်သက်သည့် ငါတို့၏ မိတ်သဟာယမှတစ်ဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် အလုပ်နှင့်ဆိုင်သည့် ပို၍ တိကျပြီး မှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို သင်တို့ ရရှိပြီးပြီလော။ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် အလုပ်သည် မည်သည့်အရာဖြစ်သည်ကို သင်တို့ ယခု ရှင်းလင်းသွားပြီလော။ ၎င်းတို့အတွက် အဓိကအရာမှာ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအတိုင်း အလုပ်ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။ အခြေခံအားဖြင့် ထိုသို့ ဖြစ်သည်။ ယခု ငါတို့အားလုံး ရှင်းလင်းသွားပြီဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက ဘုရားအိမ်တော်၌ မည်သည့်အလုပ်ကို လုပ်ဆောင်ရမည်ဟူသည်နှင့် ၎င်းတို့၏ တာဝန်ဝတ္တရားများမှာ အဘယ်အရာဖြစ်သည်ဟူသည်တို့ကို အချက်ကိုးအတွင်း၌ အတော်လေး တိတိကျကျ မိတ်သဟာယဖွဲ့ပြီးဖြစ်သင့်သည်။ ယင်းမှာ အခြေခံအားဖြင့် ပြည့်စုံသည်။ ၎င်းတို့ တာဝန်ဝတ္တရားများ၏ နယ်ပယ်ကို ဘောင်ခတ်ထားပြီးဖြစ်သည့်အပြင်၊ ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်နှင့် မည်သို့လုပ်ဆောင်သင့်သည်ဟူသည်တို့ကိုလည်း ရှင်းလင်းစွာ ဖော်ပြထားသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ယခုအခါ ရှင်းလင်းစွာ ဖော်ပြထားပြီးသဖြင့် လက်တွေ့ကျသော အလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို မသိသေးပါက ယင်းမှာ ၎င်းတို့ ညံ့ဖျင်းသော အစွမ်းအစရှိသည့် ပြဿနာဖြစ်သည်။ ၎င်းတို့သည် အလုပ်မလုပ်ဆောင်နိုင်သည့် အယောင်ဆောင်ခေါင်းဆောင်မျိုး ဖြစ်သည်။ မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများဖြင့်သာ အလုပ်ကို စီစဉ်ပြီး လူတို့ကို ဖြစ်ကတတ်ဆန်း အသုံးပြုသဖြင့် လုပ်ငန်းဆောင်ရွက်သူများလွန်းသည့် အခြေအနေကို ဖြစ်ပေါ်စေသည့် နောက်ထပ်အယောင်ဆောင်ခေါင်းဆောင်တစ်မျိုးလည်း ရှိသည်။ အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ထားသည်သာမက ရှေ့ဆက်လုပ်ဆောင်ရမည့် နည်းလမ်းမရှိအောင်ဖြစ်စေလျက် လုံးဝ ကမောက်ကမဖြစ်စေကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် စစ်မှန်သော အလုပ်ကို လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ အလုပ်အစီအစဉ်များကို မည်သည့်အခါမျှ အကောင်အထည်ဖော်မည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့နှစ်သက်သည့် အလုပ်ကိုသာ လုပ်ဆောင်ကြပြီး အထွေထွေကိစ္စရပ်များနှင့်ဆိုင်သည့် အလုပ်ကိုသာ အာရုံစိုက်ကြသည်။ ၎င်းတို့ အလုပ်လုပ်သည့်အခါ အမိန့်များ ထုတ်ပြန်ရန်နှင့် အနှစ်သာရမရှိသော ပေါ်ပင်စကားများနှင့် အယူဝါဒများကို ဟစ်ကြွေးရန်သာ သိကြသည်။ ၎င်းတို့သည် အလုပ်ကို နောက်ဆက်တွဲ လုံးဝ လုပ်ဆောင်ခြင်း မရှိသည့်အပြင်၊ အကျိုးသက်ရောက်မှု ရှိမရှိကိုလည်း ဂရုမစိုက်ကြပေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်မျိုး ဖြစ်သည်။ တိုတိုပြောရလျှင် တစ်စုံတစ်ဦးသည် ခေါင်းဆောင်တစ်ဦးအနေဖြင့် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်နိုင်သည်ဖြစ်စေ၊ စစ်မှန်သော အလုပ်ကို မလုပ်ဆောင်သည်ဖြစ်စေ၊ မည်သို့သောအခြေအနေများပင် ဖြစ်နိုင်ပါစေ၊ အကယ်၍ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းနိုင်ပါက သို့မဟုတ် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့်ဆိုင်သည့် အလုပ်ကို မလုပ်ဆောင်နိုင်ပါက၊ ပြီးလျှင် ဘုရားအိမ်တော်က စီစဉ်သည့် အမျိုးမျိုးသော အလုပ်အပိုင်းများကို အကောင်အထည်ဖော်ရန် မဆောင်ရွက်နိုင်ပါက ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ယခုအခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရား ကိုးချက်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းနှင့် အယောင်ဆောင်ခေါင်းဆောင်များ ပေါ်လွင်ထင်ရှားသည့် အမျိုးမျိုးသော နည်းလမ်းများကို ငါတို့၏ ဖော်ထုတ်ခြင်းမှတစ်ဆင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများအား မည်သို့ဖြည့်ဆည်းရမည်ဟူသည့် အခြေခံကျသော အသိပညာနှင့် နားလည်မှုအချို့ကို သင်တို့ ရရှိပြီးပြီလော။ (ရရှိပြီးပါပြီ။) သို့ဆိုလျှင် ဘုရားအိမ်တော်၏ အလုပ်ကို လုပ်ဆောင်ရန် လွယ်ကူသည်ဟု သင်တို့ မြင်ကြသလော။ လူအပေါ် သတ်မှတ်ချက်များက မြင့်မားသလော။ ယင်းတို့သည် လွန်ကဲသလော။ (မမြင့်မားပါ၊ ယင်းတို့အားလုံးသည် ကျွန်ုပ်တို့ ဖြည့်ဆည်းနိုင်သည့် သတ်မှတ်ချက်များသာ ဖြစ်ပါသည်။) “ဘုရားအိမ်တော်က ကျွန်ုပ်တို့ကို လုပ်ဆောင်ရန် တောင်းဆိုသည့် အလုပ်ကိစ္စများနှင့် အမျိုးအစားများ အလွန်များပြားလှသည်။ ခေါင်းဆောင်တစ်ဦး ရာထူးပိုမြင့်လေ၊ သူ့အလုပ်၏ နယ်ပယ်က ပို၍ကြီးမားလေဖြစ်ပြီး သူတာဝန်ယူရသည့် အလုပ်ကိစ္စများက ပို၍များပြားလေ ဖြစ်သည်။ အထက်၏ သတ်မှတ်ချက်များအတိုင်း ထိုအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီး အကောင်အထည်ဖော်သည်ကို သေချာစေရန်အတွက် ကျွန်ုပ်တို့ ပင်ပန်းပြီး သေသွားလိမ့်မည် မဟုတ်လော” ဟု ပြောဆိုသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ ရှိသလော။ လက်တွေ့ကျသော အလုပ်အားလုံးကို ကောင်းမွန်စွာ လုပ်ဆောင်ခဲ့သည့်အတွက်၊ အလုပ်ကိစ္စတိုင်းကို အကောင်အထည်ဖော်သင့်သည့်အနေအထားတွင် အကောင်အထည်ဖော်ခဲ့သည့်အတွက် အလုပ်ပင်ပန်းလွန်း၍ မေ့လဲသွားသူ တစ်ဦးတလေ ရှိသလော။ (မရှိပါ။) အလုပ်ပင်ပန်းလွန်းခြင်းဖြင့် နာမကျန်းဖြစ်သူ တစ်ဦးတလေ ရှိသလော။ စားချိန်အိပ်ချိန်မရှိအောင် အလုပ်များနေသူ တစ်ဦးတလေ ရှိသလော။ (မရှိပါ။) အချို့က “မရှိဘူးဟုပြောခြင်းက မည်သည့်အရာကို သင်တို့ ဆိုလိုသနည်း။ အချို့လူများသည် အသင်းတော်အလုပ်ကို လုပ်ဆောင်ရင်း အမှန်ပင် ပင်ပန်းကြသည်၊ အကြောင်းမှာ ၎င်းတို့သည် အချိန်ကြာမြင့်စွာ အချိန်မှန်မှန် အစာမစားနိုင်ဘဲ၊ သို့မဟုတ် အလုပ်နှင့် အနားယူခြင်းကို ထိန်းညှိထားသော နည်းလမ်းတစ်ခုဖြင့် မလုပ်ဘဲ၊ မျှတသော အတိုင်းအတာဖြင့် အလုပ်လုပ်ပြီး အနားယူနိုင်ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အလုပ်ပင်ပန်းခြင်းကြောင့် အဆုံး၌ ရောဂါရကြသည်” ဟု ပြောကောင်းပြောနိုင်သည်။ ထိုသို့သောအခြေအနေ ဖြစ်ပျက်သည်ကို သင်တို့ ကြားဖူးသလော။ (မကြားဖူးပါ။) အချက်ကိုးကို ကြားသိပြီးနောက် ဘုရားအိမ်တော်ရှိ အမျိုးမျိုးသော အလုပ်ကိစ္စများ၏ တိကျသောအကြောင်းအရာများအပြင် ဤတိကျသောအလုပ်ကို လုပ်ဆောင်ရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် သတ်မှတ်ထားသော စံနှုန်းများကို မြင်တွေ့ပြီးနောက် ကြောက်ရွံ့ထိတ်လန့်ခြင်း ခံစားရသူ တစ်ဦးတလေ ရှိသလော။ ၎င်းတို့က “ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရသည်မှာ မလွယ်ကူပါ။ ကျန်းမာသော ခန္ဓာကိုယ်၊ ကောင်းမွန်သော အစွမ်းအစ၊ ကျယ်ပြန့်သော စိတ်နှလုံးအပြင်၊ မဟာလူသားဆန်သော အားအင်နှင့် ခွန်အားတို့မရှိဘဲ မည်သူက ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်နည်း” ဟု ခံစားရသလော။ တစ်ဦးတလေက ဤအတွေး ရှိလေပြီလော။ ယင်းမှာ ခိုင်လုံသလော။ (မခိုင်လုံပါ။) အဘယ်အရာက ယင်းကို မခိုင်လုံစေသနည်း။ ပထမဦးစွာ၊ ဘုရားအိမ်တော်၏ အလုပ်ကို ထမ်းဆောင်သည့်အခါ၊ ၎င်းတို့၏ အဆင့်မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့၏ တာဝန်ဝတ္တရားက စုံလင်သည်ဖြစ်စေ၊ အလုပ်ကိစ္စတစ်ခုတည်းအတွက်ဖြစ်စေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အများဆုံးအားဖြင့် နောက်ထပ် အလုပ်ကိစ္စ တစ်ခု သို့မဟုတ် နှစ်ခုနှင့်အတူ အနည်းဆုံးအားဖြင့် ၎င်းတို့၏ အဓိကအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရမည်။ ၎င်းတို့ကို စုံလင်သောအလုပ် တာဝန်ပေးအပ်ထားလျှင်ပင် ယင်းမှာ ၎င်းတို့အနေဖြင့် စုံလင်သော နောက်ဆက်တွဲလုပ်ဆောင်မှုများ သို့မဟုတ် ညွှန်ကြားမှုများကို ပေးရမည်ဟု မဆိုလိုပေ။ ၎င်းတို့သည် အရေးအကြီးဆုံးသော အလုပ်ကို ကြီးကြပ်ခြင်းအပေါ် အာရုံစိုက်ရမည်၊ သို့မဟုတ် အချို့သော အလုပ်ကိစ္စများရှိ အားနည်းသည့်အပိုင်းများကို တစ်ပြိုင်နက်တည်း ဂရုစိုက်ရမည်။ အချို့လူများသည် အားအင်အပြည့်ရှိကောင်းရှိနိုင်သည်၊ ခိုင်မာသော တာဝန်ယူစိတ်နှင့် အစွမ်းအစကောင်း ရှိကောင်းရှိနိုင်ပြီး၊ ၎င်းတို့သည် ကျယ်ပြန့်သော ဘက်စုံအလုပ်များကို လုပ်ဆောင်နိုင်စွမ်းရှိသော်လည်း၊ ၎င်းတို့၏ အဓိကအလုပ်မှာ အဓိကအားဖြင့် အလုပ်ကိစ္စ တစ်ခု သို့မဟုတ် နှစ်ခုသာ ပါဝင်သည်။ အခြားအလုပ်နှင့်ပတ်သက်၍ မေးမြန်းရန်၊ စုံစမ်းရန်နှင့် နားလည်ဖို့ ကြိုးစားရန်သာ ၎င်းတို့ လိုအပ်ပြီး ၎င်းတို့ ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုသာ ဖြေရှင်းရန် လိုအပ်သည်။ ယင်းမှာ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ နောက်တစ်ပိုင်းမှာမူ ၎င်းတို့သည် အလုပ်ကိစ္စအချို့ကို တစ်ပြိုင်နက်တည်း ကိုင်တွယ်နေလျှင်ပင်၊ ထိုအလုပ်ကိစ္စများကို လုပ်ဆောင်ဖို့ အဓိက ကြီးကြပ်ရေးမှူးများကိုသာ အားကိုးရန် လိုအပ်သည်။ ၎င်းတို့ လုပ်ဆောင်သမျှမှာ အမျိုးမျိုးသော အလုပ်ကိစ္စများကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် ညွှန်ကြားခြင်းသာ ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်ရမည့် အဓိကအလုပ်မှာ အလုပ်ကိစ္စတစ်ခုတည်းသာ ဖြစ်နေဆဲဖြစ်သည်။ အလုပ်ကိစ္စတစ်ခုတည်းကို လုပ်ဆောင်ခြင်းဖြင့် တစ်ဦးတစ်ယောက်သည် ပင်ပန်းသွားမည်လော။ (မပင်ပန်းပါ။) အကယ်၍ လူတစ်ဦး၏ အစွမ်းအစက လုံလောက်ပြီး ၎င်း၏ဉာဏ်က သွက်လက်ထက်မြက်ပါက၊ အချိန်ကို မည်သို့ခွဲဝေသုံးစွဲရပြီး မည်သို့ထိရောက်အောင် လုပ်ဆောင်ရမည်ဟူသည်တို့အရ အလုပ်ကို ကျိုးကြောင်းဆီလျော်စွာ စီစဉ်လိမ့်မည်။ ၎င်းတို့သည် ရှေ့ဆက်ရန် နည်းလမ်းမရှိဘဲ ကစဉ့်ကလျားဖြစ်ကာ ရှုပ်ထွေးနေမည် မဟုတ်ပေ။ ၎င်းတို့သည် အလွန်အလုပ်များပုံ ပေါက်မည်မဟုတ်။ သတ်မှတ်ထားသော လုပ်ရိုးလုပ်စဉ်အတိုင်း အလုပ်လုပ်နေမည်ဖြစ်သော်လည်း အလုပ်မှာ ထိရောက်မှုနည်းမည် မဟုတ်သည့်အပြင် အကျိုးသက်ရောက်မှုလည်း ကောင်းမွန်မည်ဖြစ်သည်။ ယင်းမှာ လူအင်အားနှင့် အချိန်ကို ကျိုးကြောင်းဆီလျော်စွာ မည်သို့ခွဲဝေသုံးစွဲရမည်ကို သိသော အစွမ်းအစရှိသူတစ်ဦး ဖြစ်သည်။ အစွမ်းအစမရှိသောသူ သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစရှိသည့် လူတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ ကမောက်ကမဖြစ်ကြသည်။ ၎င်းတို့သည် နေ့စဉ် အလွန်အလုပ်များကြသော်လည်း မည်သည့်အရာက ၎င်းတို့အား အလုပ်များစေသည်ကို ၎င်းတို့ကိုယ်တိုင်ပင် သေချာမပြောနိုင်ပေ။ ၎င်းတို့တွင် အချိန်ဇယားမရှိ၊ အချိန်နှင့်ပတ်သက်၍ သိမြင်မှု မရှိပေ။ ၎င်းတို့သည် အတော်လေး စောစောထပြီး အတော်နောက်ကျမှ အိပ်ရာဝင်ကြသည်။ ၎င်းတို့သည် အချိန်မှန်မစားနိုင်ကြပေ။ သို့သော် အလုပ်၏ ထိရောက်မှုကို ထောက်ရှုသော်၊ ၎င်းတို့သည် စစ်မှန်သော အလုပ်ကို လုံးဝမလုပ်ဆောင်ကြပေ။ ဤသည်မှာ အလွန်အမင်း ညံ့ဖျင်းသော အစွမ်းအစနှင့်ဆိုင်သည့် ကိစ္စတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူစားမျိုးသည် နေ့စဉ် အနားမယူဘဲ လှုပ်ရှားသွားလာနေပုံရသော်လည်း ၎င်းတို့သည် အလုပ်၏ အဓိကအချက်ကို နားမလည်နိုင်သည့်အပြင်၊ မည်သည့်အရာက အရေးကြီးပြီး မည်သည့်အရာက စောင့်ဆိုင်း၍ရသည်ကိုလည်း မခွဲခြားနိုင်ဘဲ ပြဿနာများကို ဖြေရှင်းရာတွင် ထိရောက်မှုမရှိကြပေ။ ဤသည်က အလုပ်ကို နှေးကွေးစေသည်။ ၎င်းတို့သည် စိတ်နှလုံးထဲတွင် ပေါက်ကွဲမတတ် စိုးရိမ်ပူပန်ကြပြီး ခံတွင်းအနာများ ဖြစ်ပေါ်လာကြသည်။ သို့သော် ဤအခြေအနေများတွင်ပင် ၎င်းတို့သည် အလုပ်ပင်ပန်း၍ မေ့လဲမသွားကြပေ။ ညံ့ဖျင်းသော အစွမ်းအစရှိသည့် လူတို့သည် တစ်နေ့လျှင် ရှစ်နာရီထက်ပို၍ အလုပ်လုပ်နိုင်သော်လည်း ၎င်းတို့၏ အလုပ်၏ ထိရောက်မှုမှာ အစွမ်းအစကောင်းသော လူတို့ထက် များစွာ မကောင်းပေ။ သို့ဖြစ်၍ ၎င်းတို့ အလုပ်များရမည် မဟုတ်လော။ ၎င်းတို့ အလုပ်များသင့်သည်၊ ၎င်းတို့ အလုပ်များသည့်အခါတွင်ပင် ရလဒ်များမရနိုင်ကြပေ။ အကယ်၍ ၎င်းတို့ အလုပ်မများပါက အလုပ်က ရပ်တန့်သွားလိမ့်မည်။ ဤသည်မှာ အလုပ်အတွက် အရည်အချင်းမပြည့်မီသည့်၊ ယင်းကို တာဝန်ယူနိုင်စွမ်းလည်း မရှိသည့် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသူတစ်ဦး ဖြစ်သည်။ ထို့အပြင် ဘုရားအိမ်တော်၏ အလုပ်တွင် အလုပ်ကိစ္စများစွာရှိပြီး တာဝန်ထမ်းဆောင်သူနှင့် အချိန်အရ သတ်မှတ်ချက်များမှာ အတော်အတန် တင်းကျပ်သည်။ လူအများစုနှင့် ပတ်သက်၍ ၎င်းတို့ အနည်းငယ် ပိုအလုပ်များသည့်အခါ၊ ယင်းမှာ ထူးချွန်မှုအတွက် ကြိုးပမ်းရန်နှင့် ရလဒ်ကောင်းများ ရရှိရန်အတွက် ဖြစ်သည်၊ အကြောင်းမှာ ဘုရားအိမ်တော်၏ အလုပ်သည် ဘာသာတရားမရှိသူများ၏ လောကရှိ စီးပွားရေးလုပ်ငန်းများနှင့် စက်ရုံများ၏ အလုပ်နှင့် ကွဲပြားသောကြောင့် ဖြစ်သည်၊ ထိုအရာများက စီးပွားရေးအကျိုးအမြတ်များကို တောင်းဆိုကြပြီး ငါတို့ကမူ အလုပ်၏ ရလဒ်များကို အလေးပေးသည်။ သို့သော် လူအများစုသည် ညံ့ဖျင်းသော အစွမ်းအစရှိကြသောကြောင့်၊ ၎င်းတို့၏ အလုပ်တွင် စည်းမျဉ်းမဲ့ကာ အလွန်အမင်း ထိရောက်မှုမရှိကြသောကြောင့် ရလဒ်များ ဖြစ်ပေါ်စေဖို့ အချိန်ပိုယူရသည်။ သင်တို့အများစုသည် ယခုအခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ အပျက်သဘောဆောင်သော အတွေးများ မရှိကြတော့ဘူး မဟုတ်လော။ အချက်တစ်ချက်မှာ သေချာသည်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များအတိုင်း အလုပ်လုပ်ခြင်းဖြင့် အလုပ်ပင်ပန်းလွန်း၍ ပုံလဲကျသွားမည် မဟုတ်ပေ။ ဤအပြင်ပန်း၊ ဓမ္မဓိဋ္ဌာန်ကျသောအချက်များအပြင် သင်တို့ သေချာနိုင်သည့် အခြားအရာတစ်ခုလည်း ရှိသေးသည်၊ အကယ်၍ လူတစ်ဦးတွင် ဝန်တာတစ်ခုရှိပြီး အတိုင်းအတာတစ်ခုအထိ အစွမ်းအစ ရှိပါက သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိသည်ဟူသောအချက်ကို လျစ်လျူမရှုပါက၊ ၎င်းတို့ မတွေးထင်နိုင်သော သို့မဟုတ် မခန့်မှန်းနိုင်သော ပြဿနာအချို့နှင့်ပတ်သက်၍လည်းကောင်း၊ ၎င်းတို့ ယခင်က မဖြတ်သန်းဖူးသည့်အပြင် အတွေ့အကြုံမရှိသော ကိစ္စအချို့နှင့်ပတ်သက်၍လည်းကောင်း သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့ကို အချိန်မရွေး ဉာဏ်အလင်းပေးပြီး ကူညီလျက် အဆက်မပြတ် သတိပေးချက်များ ပေးလိမ့်မည်။ အသင်းတော်၏ အလုပ်သည် လုပ်ဆောင်ပြီးမြောက်ရန် လူ၏ အစွမ်းခွန်အား၊ အားအင်နှင့် ဝန်တာများအပေါ် လုံးလုံးလျားလျား မှီခိုခြင်းမရှိပေ။ ယင်း၏ တစ်စိတ်တစ်ပိုင်းမှာ လူအများစု တွေ့ကြုံခဲ့ပြီးဖြစ်သည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် ဦးဆောင်မှုအပေါ် မှီခိုရမည်ဖြစ်သည်။ သို့ဖြစ်၍ ထိုအရာကို မည်သည့်နည်းဖြင့် ကြည့်သည်ဖြစ်စေ ၎င်းတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်းသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး စွမ်းဆောင်သင့်သည့်အရာ ဖြစ်သည်။ ယင်းမှာ ၎င်းတို့အပေါ် အပိုတောင်းဆိုချက်တစ်ခု မဟုတ်ပေ။ ဘာသာတရားမရှိသူများက လောကတွင် အလုပ်လုပ်သည့်အခါ ၎င်းတို့၏ တစ်ကိုယ်ရေ အစွမ်းအစကို အခြေခံ၍ ပြုမူဆောင်ရွက်ကြသည်။ ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်ခြင်းမှာ ကွဲပြားသည်။ လူတစ်ဦးသည် မိမိ၏ အစွမ်းအစကို အခြေခံ၍သာ လုပ်ဆောင်ခြင်းမဟုတ်ဘဲ ရလဒ်များ စွမ်းဆောင်ရရှိရမည်ဆိုလျှင်၊ ၎င်းတို့၏ သမ္မာတရား စည်းမျဉ်းများဆိုင်ရာ သိနားလည်မှုအပေါ်လည်း မှီခိုရမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရမည်ဆိုပါက၊ တစ်ဦးနှင့်တစ်ဦး ကူညီပြီး သဘောညီညွတ်မှုဖြင့် ပူးပေါင်းဆောင်ရွက်ရမည်လည်း ဖြစ်သည်။ အချို့က “ဘုရားအိမ်တော်၌ အလုပ်လုပ်ခြင်းသည် ကျွန်ုပ်တို့အနေဖြင့် ‘အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး၊ သေသည်အထိ အစွမ်းကုန် ကြိုးစားပါ’ လိုအပ်သလော။ ‘နွေဦးပိုးများသည် သေသည်ထိ ရက်လုပ်ကြလိမ့်မည်ဖြစ်ပြီး ဖယောင်းတိုင်များသည် မီးစာကုန်သည်အထိ လင်းကြလိမ့်မည်’ ကျွန်ုပ်တို့ ယင်းကို စွမ်းဆောင်ရရှိရန် လိုအပ်သလော။ ဘုရားအိမ်တော်သည် ကျွန်ုပ်တို့ အလုပ်ပင်ပန်း၍ သေမှသာ ကျွန်ုပ်တို့နှင့် အပြီးသတ်လိမ့်မည်လော”ဟု မေးကောင်းမေးနိုင်သည်။ ဤသည်မှာ ဘုရားသခင်က လူထံမှ တောင်းဆိုသည့်အရာလော။ (မဟုတ်ပါ။) ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများအတွက် သတ်မှတ်ချက်များနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်၏ အလုပ်က စနစ်တကျ၊ ထိရောက်သောနည်းလမ်းဖြင့် ရှေ့ဆက်သွားနိုင်ရန်အလို့ငှာ၊ ပြီးလျှင် သူ၏နှုတ်ကပတ်တော်များနှင့် အလုပ်က သူ၏ ရွေးချယ်ထားသောလူများအပေါ် ပိုမိုကောင်းမွန်သော ရလဒ်များကို စွမ်းဆောင်နိုင်စေရန်အလို့ငှာ၊ ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား စည်းမျဉ်းများနှင့် အလုပ်နည်းစနစ်များအတိုင်း ဘုရားသခင်၏ အလုပ်နှင့် မည်သို့ပူးပေါင်းဆောင်ရွက်ရမည်ကို လူတို့အား ရှင်းလင်းစေရန်နှင့် နားလည်စေရန်သာ ရည်ရွယ်သည်။ ယင်း၏ ကဏ္ဍတစ်ခုမှာ အလုပ်ကို တိုးတက်စေခြင်းနှင့် ဖြန့်ဝေခြင်းအကြောင်း ဖြစ်သည်။ အခြားတစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်သည် သူ့နောက်လိုက်သောသူများအပေါ် ရှိသင့်သည့် အကျိုးတရားများကို စွမ်းဆောင်ရရှိစေခြင်းအကြောင်း ဖြစ်သည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများဖြစ်ပြီး ၎င်းတို့၏ အလုပ်တွင် ၎င်းတို့ စွမ်းဆောင်ရရှိရမည့်အရာ ဖြစ်သည်။

အချက် ၁၀- ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးတို့ကို (စာအုပ်များ၊ စက်ပစ္စည်းအမျိုးမျိုး၊ ကောက်နှံ အစရှိသည်ဖြင့်) ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းပြီး ကျိုးကြောင်းဆီလျော်စွာ ခွဲဝေဖြန့်ဖြူးလော့၊ ထို့ပြင် ပျက်စီးဆုံးရှုံးမှုနှင့် အလဟဿဖြစ်မှုကို အနည်းဆုံးဖြစ်စေရန် ပုံမှန် စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်သည့်အပြင် ဆိုးယုတ်သောလူများက သိမ်းယူခြင်းမှလည်း ကာကွယ်တားဆီးလော့

ယနေ့ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှ အချက်တစ်ဆယ်ဖြစ်သည့် “ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးတို့ကို (စာအုပ်များ၊ စက်ပစ္စည်းအမျိုးမျိုး၊ ကောက်နှံ အစရှိသည်ဖြင့်) ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းပြီး ကျိုးကြောင်းဆီလျော်စွာ ခွဲဝေဖြန့်ဖြူးလော့၊ ထို့ပြင် ပျက်စီးဆုံးရှုံးမှုနှင့် အလဟဿဖြစ်မှုကို အနည်းဆုံးဖြစ်စေရန် ပုံမှန် စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်သည့်အပြင် ဆိုးယုတ်သောလူများက သိမ်းယူခြင်းမှလည်း ကာကွယ်တားဆီးလော့”ဟူသည့် အကြောင်းကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ အချက်ကိုးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် အတော်အတန် ပြည့်စုံသော သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ အချက်တစ်ဆယ်သည် အလုပ်၏ နောက်ထပ် ကြီးမားသော အပိုင်းတစ်ခုဖြစ်ပြီး၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများအတွက် နောက်ထပ် တိကျသည့် သတ်မှတ်ချက်တစ်ခု ပါဝင်သည့် အပိုင်းဖြစ်သည်။ ဤအလုပ်၏ အပိုင်းသည် ဘုရားအိမ်တော်ပိုင် ပစ္စည်းများနှင့် သက်ဆိုင်သည်။ ၎င်းတို့ထဲမှ အချို့မှာ အချိန်ပြည့် တာဝန်ထမ်းဆောင်သော လူတို့၏ ဘဝလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဝယ်ယူထားခြင်းဖြစ်ပြီး၊ အခြားအရာများမှာမူ ဧဝံဂေလိ ဖြန့်ဝေခြင်းအလုပ်အတွက် ဝယ်ယူထားသည့် စက်ပစ္စည်းများ၊ ရုပ်ဝတ္ထုပစ္စည်းများ၊ အစရှိသည်တို့ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်ပြီး ဘုရားအိမ်တော်က ထိန်းသိမ်းထားသင့်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်အချို့နှင့် ထိုသို့သောအရာအချို့လည်း ရှိသေးသည်။ ဤသည်တို့မှာ ဘုရားသခင်ကို လူတို့၏ ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် ပစ္စည်းများ ဖြစ်သည်။ စုစုပေါင်း အမျိုးအစားသုံးမျိုးဖြစ်သည်။ ဘဝအတွက် လိုအပ်သော ပစ္စည်းများ၊ အလုပ်အတွက် လိုအပ်သော ပစ္စည်းများနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လိုအပ်သော ပစ္စည်းများဖြစ်သည်။ ဤပစ္စည်းများကို ဘုရားအိမ်တော်က ဝယ်ယူသည်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများက ပူဇော်ဆက်ကပ်သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှု ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ ယင်းတို့က ခေါင်းဆောင်များနှင့် အမှုဆောင်များက ပစ္စည်းများကို စီမံခန့်ခွဲခြင်းနှင့် ခွဲဝေချထားပေးခြင်း ကိစ္စနှင့် သက်ဆိုင်လာသည်။ ဤအလုပ်သည် အသင်းတော်အသက်တာ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ် သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ အလုပ်တို့နှင့် နှိုင်းယှဉ်လျှင် အပြင်ပန်းအားဖြင့် ထိုမျှ အရေးကြီးပုံမပေါ်သော်လည်း၊ လုပ်ငန်းစဉ်ဇယားတွင် ရှိရန်လိုအပ်သည့်အရာတစ်ခု မဟုတ်သော်လည်း၊ ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် အရေးကြီးသော အလုပ်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးတို့သည် တာဝန်ထမ်းဆောင်နေသည့် လူပုဂ္ဂိုလ်အားလုံး၏ အလုပ်၊ ဘဝ၊ လေ့လာမှုများနှင့် ထိုသို့သောအရာအားလုံးတို့တွင် ပါဝင်ပတ်သက်နေသည်။ သို့ဖြစ်၍ ယင်းတို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် သင့်တင့်လျောက်ပတ်သော ခွဲဝေချထားပေးခြင်းတို့သည် အလွန်အရေးကြီးပြီး လျစ်လျူရှု၍မရပေ။

ကောင်းမွန်သော စောင့်ရှောက်ထိန်းသိမ်းခြင်း

ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့်၊ အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်းနှင့် အသင်းတော်အသက်တာကို ကောင်းမွန်အောင် ပြုလုပ်ခြင်းတို့ထက်ပင် ပို၍ အဓိကကျသည်မှာ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအလုပ်နှင့် ယင်းနှင့်ဆက်စပ်သည့် အမျိုးမျိုးသော အလုပ်များကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့အပြင် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးတို့ကိုလည်း သင့်လျော်သော စီမံခန့်ခွဲမှု လုပ်ဆောင်သင့်သည်။ ဤအရာများကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းသင့်သည်၊ ၎င်းတို့ကို မှိုတက်ခြင်း သို့မဟုတ် ပိုးကိုက်ခြင်း မဖြစ်စေနှင့်။ ပြီးလျှင် လူတို့အား ယင်းတို့ကို ကိုယ်ပိုင်ပစ္စည်းများဖြစ်သည့်အလား သိမ်းယူခွင့် မပြုနှင့်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအလုပ်ကို ကောင်းမွန်စွာ မည်သို့လုပ်ဆောင်ရမည်ဟူသည်အတွက် တိကျသော သတ်မှတ်ချက်များနှင့် အဆင့်များ ဘုရားအိမ်တော်၌ ရှိသည်။ ၎င်းတို့သည် ဤပစ္စည်းများကို စီမံခန့်ခွဲသည့် လူပုဂ္ဂိုလ်များက သင့်လျော်ခြင်း ရှိမရှိ၊ တာဝန်ယူစိတ်ရှိသူများ ဟုတ်မဟုတ်၊ ယင်းတို့အား မည်သို့စီမံခန့်ခွဲရမည်ကို သိရှိခြင်း ရှိမရှိ၊ ပြီးလျှင် ၎င်းတို့၏ တာဝန်ကို လုံ့လဝီရိယရှိစွာ ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိ၊ ဤအရာများသည် ၎င်းတို့၏ လက်ထဲတွင် လုံခြုံစွာ ထိန်းသိမ်းထားခြင်း ခံရမည် ဟုတ်မဟုတ်ဟူသည်တို့ကို စစ်ဆေးခြင်းဖြင့် စတင်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် ကောက်နှံကို ထိန်းသိမ်းရာတွင်၊ ရာသီဥတု စိုထိုင်းပြီး မိုးများသည့်အချိန်ဖြစ်သော မိုးရာသီတွင်၊ ယင်းကို ထားရှိသည့်နေရာသည် စိုစွတ်သလော။ ဤအရာကို စီမံခန့်ခွဲသည့် လူတို့သည် ယင်းကို အချိန်မီ စစ်ဆေးကြသလော။ အကယ်၍ ကောက်နှံ စိုစွတ်သွားပါက၊ ၎င်းတို့ အပြင်ထုတ်၍ အခြောက်လှန်းကြသလော။ ၎င်းတို့သည် ဤအရာများကို မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းများကဲ့သို့ပင် အတိမ်းအစောင်းမရှိစေဘဲ စီမံခန့်ခွဲကြသလော။ ၎င်းတို့တွင် ထိုသို့သော လူ့သဘာဝ ရှိသလော။ ထိုသို့သော သစ္စာစောင့်သိမှု ရှိသလော။ ဤအရာများကို စီမံခန့်ခွဲသည့် လူတို့၏ လူ့သဘာဝမှာ မည်သို့ရှိသည်ကိုလည်းကောင်း၊ ထိုသူတို့တွင် အသိစိတ်ရှိပြီး ကောင်းမြတ်ခြင်းရှိမရှိဟူသည်ကိုလည်းကောင်း သိမြင်ရန် ထိုသူတို့ကို စစ်ဆေးခြင်းဖြင့် ၎င်းတို့ စတင်ရမည်ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ကောင်းမွန်သော လူ့သဘာဝရှိပြီး ကြင်နာတတ်ပုံရကာ၊ အခြားသူအများစုကလည်း ၎င်းတို့အပေါ် အပြုသဘောဆောင်သော တုံ့ပြန်ချက်များကို ပေးသော်လည်း၊ ဘုရားအိမ်တော်၏ ပစ္စည်းများကို စီမံခန့်ခွဲရန် ၎င်းတို့ သင့်တော်ခြင်း ရှိမရှိဟူသည်ကို သင် မသိသေးပါက၊ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ဆက်လက်စောင့်ကြည့်ခြင်း၊ စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို သင် ပြုလုပ်ရမည်။ ထိန်းသိမ်းစောင့်ရှောက်သူက ၎င်း၏ တာဝန်ကို ဖြည့်ဆည်းနေခြင်း ရှိမရှိဟူသည်ကို သိမြင်ရန် သင်သည် အတန်ငယ်ကြာပြီးနောက် အခြေအနေများကို မေးမြန်းရမည်။ ဥပမာအားဖြင့် ကောက်နှံနှင့်ပတ်သက်၍ အကြီးမားဆုံး ပူပန်စရာမှာ စိုထိုင်းဆဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်သူသည် စပါးကျီ စိုထိုင်းခြင်း ရှိမရှိဟူသည်နှင့် ကောက်နှံတွင် ပိုးမွှားများ ရှိနိုင်ခြေ ရှိမရှိဟူသည်တို့ကို စစ်ဆေးသင့်ပြီး၊ ကောက်နှံ မစိုစွတ်စေရန်နှင့် မှိုမတက်စေရန် သို့မဟုတ် ပိုးမွှားများ မကျရောက်စေရန် အာမခံနိုင်မည့် လက်တွေ့လုပ်ဆောင်မှုများနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးပြီး နားလည်မှုရရှိရန် ထိုသို့သောအရာများအကြောင်း သိသော တစ်စုံတစ်ဦးကို ရှာဖွေသင့်သည်။ ကောက်နှံကို ထားသိုပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အနေဖြင့် စပါးကျီကို မကြာခဏ စစ်ဆေးသင့်သည်၊ သို့မဟုတ် လေဝင်လေထွက်ရှိဖို့အတွက် ပြတင်းပေါက်များကို ဖွင့်ထားသင့်သည်။ ယင်းမှာ ၎င်းတို့၏ တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းခြင်း ဖြစ်ပေမည်။ အကယ်၍ ထိန်းသိမ်းစောင့်ရှောက်သူသည် တိုက်တွန်းရန် သို့မဟုတ် သတိပေးရန် မလိုအပ်ဘဲ ဤအရာများကို အစပြုလုပ်ဆောင်ပါက၊ ထိုသူသည် စိတ်ချရသူဖြစ်ပြီး၊ ယင်းက စိတ်ချလက်ချဖြစ်စေသည်။ သို့ဆိုလျှင် အမျိုးမျိုးသော စက်ပစ္စည်းများကို စောင့်ရှောက်ထိန်းသိမ်းသည့် လူတို့နှင့်ပတ်သက်၍ကော အဘယ်သို့နည်း။ ၎င်းတို့သည် ထိုအလုပ်အတွက် သင့်တော်သလော။ သင် မသိသေးပေ၊ ၎င်းတို့ကိုလည်း သင် စစ်ဆေးရမည်။ စက်ပစ္စည်းအများစု၊ အီလက်ထရောနစ်ပစ္စည်းများ၊ ပရိဘောဂများ၊ လိုအပ်သည့်အထောက်အပံ့ ပစ္စည်းများ၊ အစရှိသည်တို့ကို ပုံမှန်အသုံးမပြုပါက မည်သို့ စောင့်ရှောက်ထိန်းသိမ်းထားသနည်း။ ထိန်းသိမ်းစောင့်ရှောက်သူသည် ယင်းကို တာဝန်ယူပြီး ထိန်းသိမ်းသလော။ ၎င်းတို့သည် အီလက်ထရောနစ်ပစ္စည်းများကို ပုံမှန်စစ်ဆေးခြင်း၊ ပါဝါဖွင့်ပြီး စက်နှိုးကြည့်ခြင်းတို့ကို ပြုလုပ်ကြသလော။ ဟိုသည် မေးမြန်းစုံစမ်းခြင်းအားဖြင့်၊ ဤအရာများကို ထိန်းသိမ်းစောင့်ရှောက်သူသည် ဤအရာအား ပုံမှန်လုပ်ဆောင်နေသည်ကို သင် သိရှိနိုင်သည်။ ထိုပစ္စည်းများက ထိုနေရာတွင် အသုံးမပြုဘဲ ရှိနေနိုင်သော်လည်း၊ ၎င်းတို့အပေါ်တွင် ဖုန်မရှိပေ။ ယင်းမှာ တစ်စုံတစ်ဦးက ၎င်းတို့ကို ဂရုစိုက်ရန် မကြာခဏ လာရောက်သည်ကို ဆိုလိုသည်။ ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သူသည် တော်ကြောင်း၊ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းနေကြောင်း သင် တွေ့မြင်လိမ့်မည်။ ထိုအခါ သင် စိတ်ချနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များလည်း ရှိသေးသည်။ ထိုစာအုပ်တစ်အုပ်စီတိုင်းသည် ရခဲလှသည့်အပြင်၊ ဘုရားနှုတ်ကပတ်တော် စာအုပ်များသည် ဘုရားသခင်ကို ယုံကြည်သူတိုင်းအတွက် အခြားမည်သည့်အရာထက်မဆို၊ ကောက်နှံ၊ အီလက်ထရောနစ်ပစ္စည်းများ သို့မဟုတ် အခြားမည်သည့်ပစ္စည်းထက်မဆို ပို၍အရေးကြီးသည်။ သို့ဖြစ်၍ ဤအရာများနှင့်ပတ်သက်၍ စီမံခန့်ခွဲရန် သင့်တော်သောလူနှင့် ယင်းတို့ကို သိုလှောင်ရန် သင့်တော်သောနေရာကို သင် သာ၍ပင် ရှာဖွေသင့်ပေသည်။ သင့်လျော်သော လေဝင်လေထွက်၊ ကြီးကြပ်မှုနှင့် စစ်ဆေးမှုတို့သည်လည်း လိုအပ်သည်။ ၎င်းတို့သည် စာအုပ်များကို စိုစွတ်ခြင်း သို့မဟုတ် ရေစိုခြင်း၊ သို့မဟုတ် ကြွက်ကိုက်ခြင်းတို့ကို မဖြစ်စေသင့်ပေ။ ဤအရာများအားလုံးကို စောင့်ကြည့်ရမည်။ သို့ဆိုလျှင် ထိုသို့သော ပစ္စည်းများကို စီမံခန့်ခွဲသည့် လူတို့သည် ထိုအလုပ်အတွက် သင့်တော်သလော။ သင်သည် ဤအရာကိုလည်း မကြာခဏ စစ်ဆေးရမည်။ အကယ်၍ ထိန်းသိမ်းစောင့်ရှောက်သူများက ပျင်းရိပြီး၊ ပေါ့ဆကာ ဂရုမစိုက်ပါက၊ အချို့သော ပစ္စည်းများသည် စိုထိုင်းဆနှင့် မှိုကြောင့်မဟုတ်လျှင် ပိုးမွှားများကြောင့် ပျက်စီးသွားလိမ့်မည်။ ဤသည်တို့အားလုံးမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များဘက်မှ စောင့်ကြည့်ခြင်းနှင့် စစ်ဆေးခြင်း အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများ ဖြစ်သည်။ အကယ်၍ ထိန်းသိမ်းစောင့်ရှောက်သူများသည် ဤပစ္စည်းများကို ကောင်းမွန်စွာ ဂရုစိုက်ပါက၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဤတာဝန်ဝတ္တရားကို ဖြည့်ဆည်းပြီးဖြစ်သည်။ ဤပစ္စည်းများက ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ မကြာခဏ အသုံးပြုထားသည်ဖြစ်စေ၊ မပြုထားသည်ဖြစ်စေ၊ ယင်းတို့က ဘုရားအိမ်တော်ပိုင် ပစ္စည်းအမျိုးအစားတွင် ရှိနေသရွေ့၊ ယင်းတို့အား စီမံခန့်ခွဲရန် တစ်စုံတစ်ဦးကို စီစဉ်သင့်သည်။ ပစ္စည်းတစ်ခုသည် မည်သည့်အမျိုးအစားဖြစ်စေ၊ မည်သည့်နေရာတွင် သိုလှောင်ထားသည်ဖြစ်စေ ဘေးကင်းလုံခြုံသင့်ပြီး၊ ယင်းနှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ ဖြစ်ပေါ်မည်မဟုတ်ကြောင်း သေချာစေသင့်သည်။ ယင်းမှာ သစ္စာစောင့်သိခြင်းနှင့် တာဝန်ယူခြင်းဟူသည့်အရာ ဖြစ်သည်။ အကယ်၍ ပစ္စည်းများကို စီမံခန့်ခွဲသည့် လူတစ်ဦးသည် မသင့်တော်ကြောင်း တွေ့ရှိပါက၊ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ၎င်းတို့၏ တာဝန်ခန့်အပ်မှုကို ချက်ချင်း ပြုပြင်ရမည်ဖြစ်ပြီး၊ ၎င်းတို့ကို အစားထိုးရန် တစ်စုံတစ်ဦးကို ရှာဖွေရမည်။ ဥပမာအားဖြင့် အချို့လူများသည် အချောင်ခိုသည့် လတ်လျားလတ်လျားနေသူများဖြစ်ကာ အစာစားခြင်းကို နှစ်သက်သော်လည်း အလုပ်လုပ်ခြင်းကို မနှစ်သက်ကြ၊ တာဝန်ယူမှု မရှိကြပေ။ ၎င်းတို့သည် အသင်းတော်၏ ပစ္စည်းများကို အများပြည်သူပိုင် ပစ္စည်းများကဲ့သို့ သာမန်ကာလျှံကာ သဘောထားကြပြီး၊ မပျောက်ပျက်သရွေ့ ကိစ္စမရှိဟု ထင်မှတ်ကြသည်။ ထိုအရာများက မှိုတက်ခြင်း သို့မဟုတ် ပိုးကိုက်ခြင်း ရှိမရှိ၊ သို့မဟုတ် တစ်ခုခု ပျက်စီးခြင်း ရှိမရှိဟူသည်ကိုမူ ၎င်းတို့ ဂရုလည်းမစိုက်သည့်အပြင် မေးမြန်းခြင်းလည်း မရှိကြပေ။ ၎င်းတို့ကို သင် မည်သည့်အချိန်တွင် မေးသည်ဖြစ်စေ၊ ၎င်းတို့က ထိုအရာများကို စစ်ဆေးပြီးဖြစ်ကာ အရာရာ အဆင်ပြေသည်ဟု ပြောဆိုကြသည်။ အမှန်တွင် ၎င်းတို့သည် စစ်ဆေးခြင်း မရှိခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပေသည်။ ထို့နောက် ကောက်နှံများ မှိုတက်နေသည်ကိုလည်းကောင်း၊ အချို့သော စက်ပစ္စည်းများရှိ ဝါယာကြိုးများကို ကြွက်များ ကိုက်ဖြတ်ထားသည်ကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော် စာအုပ်များပင် အလွန်စိုစွတ်နေသဖြင့် ထိုစာအုပ်များထဲက စာအရေးအသားများက ဝါးပြီး မရှင်းလင်းတော့သည်ကိုလည်းကောင်း တစ်စုံတစ်ဦးက ရုတ်တရက် တွေ့ရှိသွားသည့် တစ်နေ့ ရောက်လာသည်။ ထိုအခါမှသာ ဤအရာများကို သိရှိရခြင်းသည် နောက်ကျလွန်းသည် မဟုတ်လော။ (ဟုတ်ပါသည်။ ပျက်စီးဆုံးရှုံးမှု ဖြစ်နှင့်ပြီးဖြစ်သည်။) ယင်းမှာ မလျော်ကန်သော စီမံခန့်ခွဲမှု၏ ရလဒ်ဖြစ်သည်။ သို့ဆိုလျှင် ယင်းတို့ကို စီမံခန့်ခွဲနေသည့် လူသည် သင့်တော်ခြင်းမရှိသည် မဟုတ်လော။ ၎င်းတို့သည် လူ့သဘာဝညံ့ဖျင်းပြီး ကိုယ်ကျင့်တရားမရှိသူများ မဟုတ်လော။ (ဟုတ်ပါသည်။) ဘာသာတရားမရှိသူများက ဤလူစားမျိုးကို ကိုယ်ကျင့်တရားမရှိဟု ခေါ်ဆိုကြမည်ဖြစ်သည်။ ငါတို့က မည်သည့်အရာကို ပြောကြသနည်း။ ဤလူ၏ လူ့သဘာဝက ဆိုးသည်၊ ၎င်းတို့က သစ္စာစောင့်သိခြင်း မရှိဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ထိုတာဝန်ငယ်လေးကိုပင် မဖြည့်ဆည်းနိုင်ပေ၊ အနည်းငယ်မျှသော အားထုတ်သောသူ၊ အနည်းငယ်မျှသော အသိစိတ်နှင့် လူ့သဘာဝရှိသူတစ်ဦး စွမ်းဆောင်နိုင်သည့်အရာကိုပင် ၎င်းတို့ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်သေးသလော။ ဘာသာတရားမရှိသူများပင်လျှင် “မိမိကို အပ်နှံထားသည့်အရာကို ဆောင်ရွက်ရာတွင် သစ္စာစောင့်သိလော့” ဟူသည့် အမြင်ကို ကိုင်စွဲကြသည်။ ဤလူသည် ဘာသာတရားမရှိသူများ၏ အနိမ့်ဆုံး ကိုယ်ကျင့်တရားစံနှုန်းကိုပင် မပြည့်မီပေ။ သို့ဖြစ်၍ ၎င်းတို့သည် ပစ္စည်းစီမံခန့်ခွဲရေး လူပုဂ္ဂိုလ်တစ်ဦးအဖြစ် အစေခံရန် မသင့်တော်သည်မှာ ထင်ရှားသည်။ မသင့်တော်သော လူများကို ချက်ချင်း ကိုင်တွယ်ရမည်ဖြစ်ပြီး၊ သင့်လျော်သော လူစားများကို ရှာဖွေရမည်။ အကယ်၍ သင်သည် သင်၏ ပစ္စည်းစီမံခန့်ခွဲရေး လူပုဂ္ဂိုလ်များကို မယုံကြည်သည့်အပြင်၊ သင်ကိုယ်တိုင်လည်း စစ်ဆေးရန် အချိန်မရှိပါက၊ သို့မဟုတ် အချို့သော ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများကြောင့် အခြေအနေများကို နောက်ဆက်တွဲ လိုက်လုပ်ပြီး စစ်ဆေးနိုင်ခြင်း မရှိပါက၊ ထိုအခြေအနေတွင် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင့်အနေဖြင့် ၎င်းတို့ စီမံခန့်ခွဲသည့် ပစ္စည်းများတွင် ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ ရှိပါက၊ ၎င်းတို့ လျော်ကြေးပေးရမည် သို့မဟုတ် ဘုရားအိမ်တော်မှ မည်သည့် ပြစ်ဒဏ်မျိုးကိုမဆို လက်ခံရန် ဆန္ဒရှိသည်ဟု ဆိုလျက် ပစ္စည်းများကို စီမံခန့်ခွဲသည့် လူအား အာမခံချက်များ ရေးစေနိုင်သည်။ ယင်းကို စီမံအုပ်ချုပ်ရေးဆိုင်ရာ စနစ်အတိုင်း ဖြေရှင်းရမည်ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ၎င်းတို့၏ အလုပ်ကို ဤအဆင့်အထိ လုပ်ဆောင်နိုင်ပါက၊ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းနေခြင်း ဖြစ်လိမ့်မည်။

ဘုရားအိမ်တော်၏ မည်သည့်ပစ္စည်းမဆို၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ တန်ဖိုးကြီးသည်ဖြစ်စေ တန်ဖိုးနည်းသည်ဖြစ်စေ၊ သင့်အတွက် အသုံးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ၊ အကယ်၍ ယင်းကို စီမံခန့်ခွဲရန် သင့်ကို တာဝန်ပေးထားပါက၊ ယင်းမှာ သင်၏ တာဝန်ဝတ္တရား ဖြစ်သည်။ ဤအလုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရား နယ်ပယ်အတွင်းတွင် ကျရောက်ပေသည်။ သို့ဖြစ်၍ သင်သည် ယင်းကို သင့်တင့်လျောက်ပတ်စွာ စောင့်ရှောက်ထိန်းသိမ်းထားရန်အတွက် သင့်တော်သောလူနှင့် သင့်တော်သောနေရာကို ရှာဖွေသင့်သည်။ ဘုရားအိမ်တော်၏ ပစ္စည်းများကို မပျက်စီးစေနှင့်။ ဥပမာအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ၎င်းတို့အတွက် သင့်လျော်သော လူပုဂ္ဂိုလ်များကို စီစဉ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် အခါအားလျော်စွာ ယင်းအကြောင်းကို မေးမြန်းနေသင့်သည်။ “မကြာသေးမီက စာအုပ်များစွာ ထုတ်ပေးပြီးဖြစ်သည်။ သို့သော် စာအုပ်နည်းနည်းသာ ကျန်တော့သော်လည်း ပေါ့ဆမနေနှင့်။ စာအုပ်များကို ထိန်းသိမ်းရာတွင် အဓိကအချက်မှာ ယင်းတို့ကို စိုစွတ်ခြင်း သို့မဟုတ် နေလောင်ပျက်စီးခြင်း မဖြစ်စေရန်နှင့် ဖိမိပြီး ပုံပျက်သွားခြင်း မဖြစ်စေရန် ဖြစ်သည်”ဟူ၍။ ၎င်းတို့သည် အခါအားလျော်စွာ ယင်းအကြောင်းကို မေးမြန်းစုံစမ်းရမည်။ အကယ်၍ စာအုပ်အသစ်များ ရောက်လာပါက၊ ထိုစာအုပ်များကို မည်မျှကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းထားသည်ကိုလည်းကောင်း၊ မူလနေရာတွင် အားလုံး ဝင်ဆံ့ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ မဆံ့ပါက အခြားနေရာတစ်ခု ရှာတွေ့ပြီးခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ ထိုနေရာသည် မည်သို့ရှိသည်၊ ဘေးကင်းပြီး ခြောက်သွေ့ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ စာအုပ်များကို ကောင်းမွန်စွာ သိုလှောင်ထားခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ ပြီးလျှင် ကြွက်များနှင့်ပတ်သက်၍ စိုးရိမ်ရပါက ကြောင်တစ်ကောင် မွေးမြူရန် လိုအပ်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း ၎င်းတို့ မေးမြန်းရမည်။ ထိုသို့သောအရာအားလုံးမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့်အရာဖြစ်ပြီး၊ ဖြည့်ဆည်းရမည့် ၎င်းတို့၏ တာဝန်ဝတ္တရား ဖြစ်သည်။ ဤအလုပ်သည် အတော်အတန် အရေးမပါသည့်ပုံပေါ်နိုင်သော်လည်း၊ ယင်းသည်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ ပုံမှန်လုပ်ဆောင်သင့်သည့် တာဝန်များထဲမှ တစ်ခုဖြစ်သည်။ ယင်းကို ပေါ့ပေါ့ဆဆ သဘောမထားနှင့်၊ အလေးအနက်ထားရမည်။ ထိုအရာများသည် အများပိုင် ပစ္စည်းများဖြစ်ကောင်းဖြစ်နိုင်ပြီး မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့်မျှ မသက်ဆိုင်နိုင်သော်လည်း၊ ယင်းတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းရမည်။ အနာဂတ်တွင် သင့်အတွက် အသုံးဝင်မည်ဖြစ်စေ အသုံးမဝင်မည်ဖြစ်စေ၊ ယင်းတို့သည် သင်အသုံးပြုရန်အတွက် ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ၊ ၎င်းတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းခြင်းသည် သင်၏ တာဝန်ဝတ္တရား၊ သင်နှင့် သက်ဆိုင်သည့် ကိစ္စရပ်တစ်ခု ဖြစ်ပြီး၊ သင်သည် ယင်းကို လွှဲချပြီး လျစ်လျူရှုရန် မည်သည့်အကြောင်းပြချက် သို့မဟုတ် ဆင်ခြေကိုမျှ မရှာသင့်ပေ။ တစ်စုံတစ်ခုသည် သင်၏ တာဝန်ဝတ္တရားဖြစ်နေသရွေ့၊ ယင်းမှာ သင် စီမံခန့်ခွဲသင့်သည့်အရာ၊ သင် လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်။ ယင်းအားလုံးနှင့်ပတ်သက်၍ သင်သည် မေးမြန်းစုံစမ်းပြီး အမှုအရာများကို နားလည်ရန် ကြိုးစားသင့်သည်၊ သို့မဟုတ် ယင်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်သင့်သည်။ အကယ်၍ သင်သည် အလုပ်ခွင်သို့ သွားရောက်ပြီး ကိုယ်တိုင်ကြည့်ရှုရန် အချိန်ရှိပါက၊ ယင်းမှာ ပို၍ကောင်းသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အခြေအနေများနှင့် အနေအထားများက ခွင့်မပြုပါက၊ သို့မဟုတ် သင်သည် အလုပ်များလွန်းနေပါက၊ ဘုရားအိမ်တော်၏ ပစ္စည်းများကို မည်သည့်နည်းဖြင့်မဆို ပျက်စီးခြင်း သို့မဟုတ် အလဟဿဖြစ်ခြင်းမှ ကာကွယ်ရန် အားထုတ်သည့်အနေဖြင့် သင်သည် ယင်းအကြောင်းကို အချိန်မီ မေးမြန်းစုံစမ်းမှုများ ပြုလုပ်သင့်နေဆဲ ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းက သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု ဆိုလိုသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။