ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၁) အခန်း နှစ်

သင့်တင့်လျောက်ပတ်သော ခွဲဝေဖြန့်ဖြူးခြင်း

ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများနှင့်ပတ်သက်၍ ယင်းတို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းအပြင် အခြားအရေးကြီးသော အလုပ်တစ်ခု ရှိသေးသည်။ ယင်းမှာ ယင်းတို့ကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်း ဖြစ်သည်။ ဤပစ္စည်းများအားလုံးသည် လူတို့အသုံးပြုရန်အတွက်ဖြစ်သည်၊ အားလုံးက အသုံးဝင်သောအရာများ ဖြစ်သည်။ ထို့ကြောင့် ယင်းတို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်း၏ အဓိကရည်မှန်းချက်မှာ ယင်းတို့ကို သင့်တင့်လျောက်ပတ်စွာ အသုံးပြုနိုင်ရန် ဖြစ်သည်။ ဤပစ္စည်းများကို သင့်တင့်လျောက်ပတ်စွာ အသုံးမပြုမီတွင် သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးရန်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန် ဖြစ်သည်။ သင့်တင့်လျောက်ပတ်သော ခွဲဝေဖြန့်ဖြူးခြင်းဟူသည်မှာ အဘယ်နည်း။ ဤပစ္စည်းများကို မည်သူ့အား အသုံးပြုရန် ပေးသင့်သည်ဟူသည်နှင့်ပတ်သက်၍ ဘုရားအိမ်တော်တွင် စည်းမျဉ်းများနှင့် စည်းကမ်းများ ရှိသည်။ ဤပစ္စည်းများ၏ အဓိကရည်ရွယ်ချက်မှာ ညီအစ်ကိုမောင်နှမများက ပူဇော်ဆက်ကပ်သည်ဖြစ်စေ၊ ဘုရားအိမ်တော်က ဝယ်ယူသည်ဖြစ်စေ၊ ကယ်ဆယ်ရေးအတွက် သို့မဟုတ် လူမှုဖူလုံရေးအလုပ်အတွက် အလှူဒါနအဖြစ် သိုလှောင်ထားရန် မဟုတ်ဘဲ၊ ယင်းအစား အချိန်ပြည့် တာဝန်ထမ်းဆောင်ကြသည့် ညီအစ်ကိုမောင်နှမများအားလုံး အသုံးပြုရန်အတွက် ဖြစ်သည်။ သို့ဖြစ်၍ ယင်းတို့ကို မည်သို့ခွဲဝေဖြန့်ဖြူးရမည်၊ ယင်းတို့ကို ခွဲဝေဖြန့်ဖြူးခြင်းအတွက် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ဟူသည်မှာ ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို စီမံခန့်ခွဲရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် နောက်ထပ် တာဝန်ဝတ္တရားတစ်ခု ဖြစ်သည်။ ဤနေရာတွင် သင့်တင့်လျောက်ပတ်သော ခွဲဝေဖြန့်ဖြူးခြင်းကို ငါတို့ ဖော်ပြပြီးဖြစ်သည်။ ဤအခြေအနေတွင် “သင့်တင့်လျောက်ပတ်မှု” ရှိခြင်းသည် ဘုရားအိမ်တော်က တောင်းဆိုသည့် စည်းမျဉ်း ဖြစ်သည်။

၁။ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်း

ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များဖြင့် ငါတို့ အစပြုမည်။ စာအုပ်အသစ်များကို ဖြန့်ဝေသည့်အကြိမ်တိုင်းတွင်၊ ထိုစာအုပ်များကို မည်သူ့အား ဖြန့်ဝေပေးသင့်သည်ဟူသည်နှင့်စပ်လျဉ်းသည့် စည်းမျဉ်းများအရ ဘုရားအိမ်တော်တွင် သတ်မှတ်ချက်များနှင့် စည်းကမ်းများ ရှိသည်။ အသင်းတော်၌ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသူများနှင့် မဖတ်ရှုသူများ ရှိသည်၊ သမ္မာတရားကို ချစ်မြတ်နိုးသူများနှင့် မချစ်မြတ်နိုးသူများ ရှိသည်၊ တာဝန်ထမ်းဆောင်သူများနှင့် တာဝန်မထမ်းဆောင်သူများ ရှိသည်၊ ဤလူအမျိုးအစားများကြား ခွဲခြားမှုများ ထားရှိသင့်သည်။ သဒ္ဒါ၊ အဘိဓာန်များနှင့် အခြား ထိုသို့သော အထောက်အကူပြု စာအုပ်များဖြစ်သည့် ကျောင်းသုံးစာအုပ်အမျိုးအစားထဲက အထူးစာအုပ်အချို့လည်း ရှိသည်။ ဤအရာအားလုံးကို စည်းမျဉ်းများနှင့် အညီ တိတိကျကျ ဖြန့်ဝေသင့်သည်။ ယင်းတို့ကို လိုအပ်သောသူများအား ပေးရမည်ဖြစ်ပြီး မလိုအပ်သောသူများအား မပေးရပေ။ ထို့နောက်တွင် အတော်အတန် အရေအတွက် နည်းပါးစွာဖြင့် ပုံနှိပ်ထားသော အထောက်အကူပြု စာအုပ်အချို့ ရှိသည်။ ဤစာအုပ်များကို လူတစ်ဦးချင်းအား ထုတ်ပေးပါက ထိုလူတစ်ဦးချင်းအတွက် လိုအပ်ချက်မှာ အဘယ်နည်း။ သင်သည် ထိုစာအုပ်များကို ဖတ်ရှုနိုင်သော်လည်း မပျက်စီးစေနှင့်။ ၎င်းတို့ကို ဟိုနားသည်နား ပစ်မထားနှင့် သို့မဟုတ် ထိုစာအုပ်ထဲမှ စာရွက်များကို မဆင်မခြင် ဆွဲမဖြဲနှင့်။ ပြီးလျှင် သင်ဖတ်ရှုပြီးသည့်အခါ မူလနေရာသို့ ပြန်ထားသင့်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ စာအုပ်များနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် အညီ တိတိကျကျ ဖြန့်ဝေသင့်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများကိုလည်း စည်းမျဉ်းများကို နားလည်စေကာ ထိုစည်းမျဉ်းများအတိုင်း လုပ်ဆောင်စေသင့်သည်။

၂။ စက်ပစ္စည်းအမျိုးမျိုးကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်း

ဆက်လက်၍ ဖော်ပြမည်မှာ စက်ပစ္စည်းအမျိုးမျိုးကို ခွဲဝေဖြန့်ဖြူးရမည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ အတော်အတန် အရေးပါသော အလုပ်တစ်ခု ဖြစ်သည်။ စက်ပစ္စည်းအမျိုးမျိုးကို ခွဲဝေဖြန့်ဖြူးရာတွင် အနည်းငယ် ပို၍ တင်းကျပ်သည်။ ထိုသို့သော စက်ပစ္စည်းများတွင် အီလက်ထရောနစ်ပစ္စည်းများအပြင် အမျိုးမျိုးသော လုပ်ငန်းများအတွက် လိုအပ်သည့် ကိရိယာများလည်း ပါဝင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအရာများကို ဖြန့်ဝေသည့်အခါတွင်လည်း ယင်းအတွက် စည်းမျဉ်းများ ရှိသင့်သည်။ ၎င်းတို့ကို ထုတ်ပေးခြင်းခံရသူများသည် ထိုသို့သော စက်ပစ္စည်းများကို အကျွမ်းတဝင် ကိုင်တွယ်နိုင်ပြီး မှန်ကန်၍ ချင့်ချိန်တတ်စွာ အသုံးပြုနိုင်သူများ ဖြစ်ရမည်။ အကယ်၍ တစ်စုံတစ်ဦးသည် အတွေ့အကြုံမရှိသူ သို့မဟုတ် ထိုအရာကို မည်သို့အသုံးပြုရမည်ကို လုံးဝမသိသူဖြစ်ပါက ၎င်းအား ထုတ်မပေးရပေ။ ဤသည်မှာ အဆင့်မြင့်ကင်မရာများနှင့် ဈေးကြီးသော ကွန်ပျူတာများကဲ့သို့သော ကောင်းမွန်သည့်၊ အဆင့်မြင့် အီလက်ထရောနစ်ပစ္စည်းများအတွက်သာမက အသံဖမ်းစက်ကိရိယာများ၊ ဓာတ်ပုံရိုက်ကိရိယာများ သို့မဟုတ် ဗီဒီယို နောက်ဆုံးတည်းဖြတ်မှုအတွက် လိုအပ်သော စက်ပစ္စည်းများအတွက်လည်း အထူးသဖြင့် မှန်ကန်သည်။ ပျက်စီးမှုကို တားဆီးရန်အလို့ငှာ ဤကဲ့သို့သော စက်ပစ္စည်းများကို ထိုသို့သောလူအား သာ၍ပင် ထုတ်မပေးရပေ။ ထိုသို့သော စက်ပစ္စည်းများကို အသုံးပြုသူတို့က ပထမဦးစွာ စက်ပစ္စည်းကို တန်ဖိုးထားနိုင်ကြောင်းနှင့် ဒုတိယအနေဖြင့် မှန်ကန်စွာ အသုံးပြုပြီး ထိန်းသိမ်းနိုင်ကြောင်း ခေါင်းဆောင်များနှင့် အမှုဆောင်များက သေချာစေရမည်။ ဥပမာအားဖြင့် စက်တစ်ခုခုသည် ယင်း၏ စည်းကမ်းများအရ အသုံးပြုပြီး နှစ်နာရီအကြာတွင် အအေးခံရန် ဆယ်မိနစ်အနားပေးရမည်။ အကယ်၍ စက်က အေးမသွားပါက၊ စက်ကို ပျက်စီးစေလိမ့်မည်ဖြစ်ပြီး အသုံးဝင်သော သက်တမ်းကို တိုစေလိမ့်မည်။ စက်တစ်လုံးကို တန်ဖိုးထားတတ်သူများသည် ထိုစက်ကို ထိန်းသိမ်းခြင်းဆိုင်ရာ ကြိုတင်ကာကွယ်မှုများနှင့်အညီ တိတိကျကျ အသုံးပြုလိမ့်မည်။ သင်က ၎င်းတို့ကို မပြောဘဲနှင့်ပင် ၎င်းတို့ဘာသာ လိုက်နာကြလိမ့်မည်ဖြစ်ပြီး အကယ်၍ သင်က ၎င်းတို့ကို တိုက်တွန်းပါက ပို၍ပင် တင်းကျပ်ကာ တိကျကြလိမ့်မည်။ ထိုသို့သောလူများသည် စက်ပစ္စည်းများကို အသုံးပြုရန် သင့်တော်သည်၊ ၎င်းတို့သည် အဆင့်မြင့်ပစ္စည်းများကို အသုံးပြုရန် သင့်တော်သည်၊ အကြောင်းမှာ ၎င်းတို့သည် စက်ပစ္စည်းအား တန်ဖိုးထားရမည်ကို သိကြပြီး ထိုစက်ကို ထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာ ကြိုတင်ကာကွယ်မှုများကို အလေးအနက်ထားသောကြောင့် ဖြစ်သည်။ စက်ပစ္စည်းကို တန်ဖိုးထားတတ်ပြီး ပုံမှန်အသုံးပြုနိုင်သော ထိုသို့သောလူများသည် အဆင့်မြင့်စက်ပစ္စည်းများကို ခွဲဝေဖြန့်ဖြူးပေးရန် အသင့်တော်ဆုံးသောသူများ ဖြစ်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စနှင့်စပ်လျဉ်း၍ သင့်တင့်လျောက်ပတ်သော စိစစ်မှုကို ပြုလုပ်သင့်သည်။ အကယ်၍ အဆင့်မြင့်ကွန်ပျူတာတစ်လုံးရှိပြီး ထိုကွန်ပျူတာကို လိုအပ်ကြောင်း ပြောဆိုပြီး လျှောက်ထားသူ မည်သူ့ကိုမဆို အသုံးပြုရန် ထုတ်ပေးလိုက်ပါက စည်းမျဉ်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) မည်သည့်အရာက မမှန်ကန်သနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ထိုသို့သောအရာများကို ဖြန့်ဝေခြင်းနှင့် ခွဲဝေဖြန့်ဖြူးခြင်းနှင့်ပတ်သက်၍ တစ်ချက်မှာ အလုပ်ကို တာဝန်ယူထားသူ၏ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအဆင့်အပေါ် အခြေခံသင့်သည်။ အခြားတစ်ချက်မှာမူ ထိုသူက စက်ပစ္စည်းကို မည်မျှအတိုင်းအတာအထိ မြတ်နိုးတန်ဖိုးထားသည်ကိုလည်းကောင်း၊ ၎င်းတို့တွင် လူ့သဘာဝ ရှိမရှိကိုလည်းကောင်း၊ ၎င်းတို့ စက်ပစ္စည်းကို အသုံးပြုသည့်အခါ တန်ဖိုးထားခြင်း ရှိမရှိကိုလည်းကောင်း အခြေခံရမည်ဖြစ်သည်။ အကယ်၍ ထိုသူသည် စက်ပစ္စည်းကို ဂရုစိုက်ရန် မသိသည့်အပြင်၊ လုပ်ငန်း၏ ကျွမ်းကျင်မှုများနှင့် အကျွမ်းတဝင်မရှိဘဲ စူးစမ်းလိုစိတ်ကြောင့် စက်နှင့် ကစားချင်ရုံသာဖြစ်ပါက ၎င်းအား အသုံးမပြုရန် ကန့်သတ်တားမြစ်သင့်သည်။ ၎င်းတို့သည် အဆင့်မြင့်စက်ပစ္စည်းများကို အသုံးပြုရန်နှင့် စောင့်ရှောက်ရန် မသင့်တော်ပေ။ သာမန်တာဝန်များကို ထမ်းဆောင်နေသူများအား သာမန်စက်ပစ္စည်းများ ပေးရုံနှင့် လုံလောက်သည်။ လုပ်ငန်းတစ်ခုကို သိကျွမ်းပြီး လူ့သဘာဝကောင်းရှိကာ စက်ပစ္စည်းများကို မည်သို့ အသုံးပြုရမည်၊ ထိန်းသိမ်းရမည်ဟူသည်နှင့် တန်ဖိုးထားရမည်ဟူသည်တို့ကို သိသောသူများသည် အဆင့်မြင့်ပစ္စည်းများကို အသုံးပြုနိုင်သည်။ အကြောင်းမှာ ၎င်းတို့သည် လုပ်ငန်းတစ်ခုတွင် ကျွမ်းကျင်ပြီး အဆင့်မြင့်စက်ပစ္စည်းများကို အသုံးချနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် နားဝေတိမ်တောင်ဖြစ်သောသူ သို့မဟုတ် ကြမ်းတမ်းသောသူတစ်ဦးအား အဆင့်မြင့်ပစ္စည်းတစ်ခုကို အသုံးပြုရန် ပေးလိုက်ပါက ၎င်းတို့သည် ရက်အနည်းငယ်အတွင်း စက်ကို ဖျက်ဆီးပစ်လိမ့်မည်။ အခြားသူများ ထိုစက်ကို အသုံးပြုနိုင်တော့မည် မဟုတ်သည့်အပြင်၊ ပြုပြင်ရန်လည်း လွယ်ကူမည် မဟုတ်ပေ။ ဤအရာက အသင်းတော်၏အလုပ်ကို ကြန့်ကြာစေသည်သာမက ဘုရားအိမ်တော်၏ ပစ္စည်းတစ်ခုကိုလည်း ဖြုန်းတီးရာရောက်သည်။ ဤအရာတွင် သွယ်ဝိုက်သော အဓိပ္ပာယ်မှာ အဘယ်နည်း။ ထိုသို့သောလူများသည် စက်ပစ္စည်းကောင်းများကို အသုံးပြုရန် မသင့်တော်ခြင်းပင် ဖြစ်သည်။ လူ့သဘာဝရှိပြီး မိမိတို့၏လုပ်ငန်းကို ကျွမ်းကျင်သောသူများအား စက်ပစ္စည်းကောင်းများကို အသုံးပြုရန် ပေးရမည်။ လုပ်ငန်းတစ်ခုတွင် ကျွမ်းကျင်မှုမရှိသည့်အပြင် လူ့သဘာဝလည်း မကောင်းသောသူများအတွက်မူ သာမန်အရာများကို အသုံးပြုရုံနှင့်ပင် တော်လှပြီဖြစ်သည်။ ဤကဲ့သို့ ပစ္စည်းများကို ခွဲဝေဖြန့်ဖြူးခြင်းသည် သင့်တင့်လျောက်ပတ်သလော။ (သင့်တင့်လျောက်ပတ်ပါသည်။)

အရာဝတ္ထုပစ္စည်း မျိုးစုံနှင့်ပတ်သက်၍ မတူညီသောလူတို့တွင် ထိုပစ္စည်းများကို သဘောထားပုံများ မတူညီကြပေ။ အချို့သောလူတို့သည် အဆင့်မြင့်ကွန်ပျူတာတစ်လုံးကို ဝယ်ယူပြီး နှစ်နှစ်အသုံးပြုပြီးနောက်တွင် အသစ်အတိုင်းပင် ရှိနေသေးသည်၊ ဖန်သားပြင်ပေါ်တွင် လက်ရာတစ်ခုမျှ မတွေ့ရသည့်အပြင်၊ ကီးဘုတ်သည်လည်း ဖုန်မှုန့်တစ်စက်မျှမရှိဘဲ အမြဲ အလွန်သန့်ရှင်းနေသည်။ ကွန်ပျူတာ ဒက်စ်တော့သည်လည်း သပ်ရပ်သန့်ရှင်းပြီး ကွန်ပျူတာထဲတွင် သိမ်းဆည်းထားသောအရာများသည်လည်း အားလုံး အတော်ပင် စနစ်တကျရှိကာ ရှင်းလင်းသည်။ အကယ်၍ တစ်စုံတစ်ဦးက အချိန်ကြာမြင့်စွာ အသုံးပြုပါက ကွန်ပျူတာမျက်နှာပြင်အတွက် မကောင်းကြောင်း ပြောပါက ၎င်းတို့သည် ထိုမျက်နှာပြင်အား အကောင်းဆုံး မည်သို့ကာကွယ်ရမည်ကို ချက်ချင်းမေးမြန်းလိမ့်မည်၊ မည်သည့်နည်းလမ်းမဆိုက အကောင်းဆုံးဖြစ်လျှင် ထိုနည်းလမ်းအတိုင်း ၎င်းတို့ လုပ်ဆောင်ကြသည်။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့အား ကွန်ပျူတာသည် အချိန်ကြာမြင့်စွာ အသုံးပြုပြီးနောက် အနားပေးရန် လိုအပ်ကြောင်း၊ အလွန်ပူလာပါက လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာပြီး စက်၏သက်တမ်းကို ထိခိုက်စေကြောင်း ပြောပါက ၎င်းတို့သည် မိမိတို့၏ကွန်ပျူတာကို နှစ်နာရီကျော် အသုံးပြုပြီးဖြစ်ကြောင်းကို သိရှိသည့်အခါ စက်အေးသွားစေရန် ချက်ချင်းရပ်တန့်လိုက်လိမ့်မည်။ ရာသီဥတု အလွန်ပူသောကြောင့် စက်အေးခြင်းက နှေးနေပါက၊ ၎င်းတို့သည် ပန်ကာတစ်ခုဖြင့် မှုတ်ပေးလိမ့်မည်။ ၎င်းတို့သည် စက်ကို မိမိတို့၏ ကလေးတစ်ဦးကဲ့သို့ အထူးဂရုစိုက်မှုဖြင့် ဆက်ဆံကြသည်။ ထိုစက်ပစ္စည်းကို အိတ်ထဲသို့ ထည့်သည့်အခါ အထူး အာရုံစိုက်ပြီး ဂရုစိုက်ကြသည်။ ပြီးလျှင် စားပွဲပေါ်တွင် တင်သည့်အခါလည်း မျက်နှာပြင်ကို သန့်ရှင်းရေးလုပ်ပြီး စက်ကို ကောင်းမွန်စွာ ထားရှိရသည်။ ဤသည်မှာ ၎င်းတို့၏ အားသာချက်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောလူများသည် မိမိတို့ကိုယ်တိုင် စက်ပစ္စည်းကို နှမြောတန်ဖိုးထားသည်သာမက အခြားသူများက စက်ပစ္စည်းကို ဖျက်ဆီးပြီး ပျက်စီးစေသည်ကို မြင်သည့်အခါ၌ပင် သည်းမခံနိုင်ကြပေ။ ထိုသို့သောလူများသည် စက်ပစ္စည်းကောင်းများကို အသုံးပြုရန် သင့်တော်သည်။ ငွေရှိသော လူအချို့သည်လည်း တန်ဖိုးကြီးကွန်ပျူတာများကို ဝယ်ယူကြသည်။ အိမ်သို့ရောက်သည့်အခါ ထိုကွန်ပျူတာကို လုံးဝတန်ဖိုးမထားကြပေ။ ဖုန်မည်မျှပင် တင်နေပါစေ ၎င်းတို့က သန့်ရှင်းရေးမလုပ်သည့်အပြင်၊ အတော်ပင် ညစ်ပတ်အောင် ထားကြသည်။ အခြားသူများက စက်တစ်လုံးကို နှစ်နှစ်အသုံးပြုပြီး အသစ်အတိုင်း ရှိနေလိမ့်ဦးမည်ဖြစ်သည်။ ဤလူများကမူ စက်တစ်လုံးကို နှစ်လအသုံးပြုပြီး ထိုစက်က ဆယ်နှစ် သုံးထားသကဲ့သို့ ထင်ရသည်။ စက်များကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ၎င်းတို့အား ပြောပါက ၎င်းတို့က “ထိုစက်ကို ထိန်းသိမ်းခြင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။ စက်ပစ္စည်းများသည် လူတို့ကို အစေခံရန်ဖြစ်သည်။ ပျက်သွားလျှင်၊ အသစ်တစ်လုံးသာ ဝယ်လိုက်ပါ”ဟု ပြောလိမ့်မည်။ ရလဒ်အနေဖြင့် မမှန်ကန်သော အသုံးပြုမှုကြောင့် ခြောက်လမပြည့်မီ စက်က ပျက်သွားလေသည်။ ထိုသို့သောလူများကို သင်တို့ မည်သို့ထင်မြင်သနည်း။ ၎င်းတို့သည် အဆင့်မြင့်စက်ပစ္စည်းများ အသုံးပြုရန် သင့်တော်သလော။ (မသင့်တော်ပါ။) ၎င်းတို့ဝယ်ယူသော ကွန်ပျူတာများက မည်မျှပင် ကောင်းမွန်ပါစေ မြတ်နိုးတန်ဖိုးထားရန် ၎င်းတို့က မစဉ်းစားဘဲ ဟိုသည်ပစ်ထားကာ ဂရုမစိုက်ဘဲ ထားကြသည်။ ၎င်းတို့၏ ကွန်ပျူတာအချို့သည် ခြစ်ရာများဖြင့် ပျက်စီးနေသည်။ အချို့မှာ ရေစိုပျက်စီးနေသည်။ အချို့မှာ မြေပေါ်သို့ ပြုတ်ကျပြီး ကွဲအက်သွားသည်။ ၎င်းတို့သည် အတော်ပင် ကြမ်းတမ်းစွာ အသုံးပြုကြသည်။ ထိုသို့သောလူများ၏ လူ့သဘာဝတွင် တစ်စုံတစ်ခု ချို့တဲ့နေသည်။ သင်တို့သည် စက်ပစ္စည်းကောင်းများကို ထိုသို့သောလူများအား အသုံးပြုရန် ခွဲဝေပေးလိုသလော။ (မလိုလားပါ။) အချို့သောလူတို့သည် မျက်မှန်တပ်ကြပြီး မှန်ဘီလူးများကို အမြဲတမ်း သန့်ရှင်းစင်ကြယ်အောင် သုတ်ထားသော်လည်း အခြားသောလူများ၏ မှန်ဘီလူးများမှာမူ ဖုန်မှုန့်များ၊ လက်ဗွေရာများနှင့် အခြားအရာများဖြင့် ညစ်ပတ်သော မျက်နှာပြင်များ ရှိနေသည်။ ၎င်းတို့သည် ထိုသို့ပင် မည်သို့ အသုံးပြုနိုင်မည်နည်း။ မိမိတို့၏ မျက်မှန်ကို ဂရုစိုက်မည့်သူများသည် မျက်မှန်ကို ချထားသည့်အခါ အလွန်ဂရုစိုက်ကြသည်။ ၎င်းတို့သည် မျက်မှန်မှန်ဘီလူးကို စားပွဲမျက်နှာပြင် သို့မဟုတ် မည်သည့်အရာဝတ္ထုနှင့်မျှ ထိတွေ့ခွင့် လုံးဝ ပေးမည်မဟုတ်သည့်အပြင်၊ မျက်မှန်မှန်ဘီလူးကို ခြစ်ရာထင်ခြင်း သို့မဟုတ် ပွန်းပဲ့ခြင်း တစ်ခုတလေ ဖြစ်ခွင့်ပေးမည် မဟုတ်ပေ။ မျက်မှန်များသည် အထူးသဖြင့် အနီးမှုန်သူများအတွက် အလွန်အရေးကြီးသည်။ သင်သည် မျက်မှန်မှန်ဘီလူးများကို ခြစ်မိပါက မည်သို့အသုံးပြုမည်နည်း။ အချို့သောလူတို့သည် မိမိတို့၏ မျက်မှန်များနှင့်ပတ်သက်၍ ကြမ်းတမ်းကြပြီး အချိန်တိုအတွင်း ဝတ်ဆင်ပြီးနောက် ၎င်းတို့၏ မျက်မှန်မှန်ဘီလူးများက မှုန်ဝါးသွားသည်။ ယင်းတို့ကို တပ်ဆင်ထားသည့်အခါ မည်သည့်အရာကိုမျှ ၎င်းတို့ ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ မတပ်ဘဲနေခြင်းကပင် ပိုကောင်းမည်ဖြစ်သည်။ သို့သော်လည်း ၎င်းတို့သည် မည်သည့်ခြားနားမှုမျှ မဖြစ်စေသည့်အလား ထိုအတိုင်း ဆက်လက်တပ်ဆင်ခြင်းသည် ကောင်းသည်ဟု ထင်ကြသည်။ ဤအရာကို ငါ နားမလည်နိုင်ပေ။ မျက်မှန်တပ်ဆင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အမှုအရာများကို ပို၍ ရှင်းလင်းစွာ မြင်နိုင်ရန် မဟုတ်လော။ ၎င်းတို့၏ မျက်မှန်မှန်ဘီလူးများအားလုံး ပွန်းပဲ့ခြင်းဖြင့် မည်သည့်အရာကို ၎င်းတို့ ရှင်းလင်းစွာ မြင်နိုင်မည်နည်း။ ဤသူတို့သည် ကြမ်းတမ်းသောသူများ မဟုတ်လော။ အမှန်ပင် ကြမ်းတမ်းလှပေသည်။ အလွန်အမင်း ကြမ်းတမ်းသောသူများ၏ လူ့သဘာဝတွင် တစ်စုံတစ်ခု ချို့တဲ့နေသည်။ ၎င်းတို့သည် အမှုအရာများအား မြတ်နိုးတန်ဖိုးထားရန် တွေးဖို့မဆိုထားနှင့်၊ မည်သို့ဂရုစိုက်ရမည်ကို မသိကြပေ။

ဘုရားအိမ်တော်၏ အရေးကြီးသော စက်ပစ္စည်းများ၊ ကိရိယာများနှင့်ပတ်သက်လာသည့်အခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားမှာ အဘယ်နည်း။ ထိုသို့သော စက်ပစ္စည်းများကို ခွဲဝေဖြန့်ဖြူးသည့်အခါ သင့်တော်သောလူများအား ပေးအပ်ရန် ဖြစ်သည်။ ထိုသို့သော အရေးကြီးသည့်၊ အဆင့်မြင့် စက်ပစ္စည်းများကို အသုံးပြုသူများသည် ပစ္စည်းများအား မည်သို့တန်ဖိုးထားရမည်ကို သိသောသူများ လုံးဝ ဖြစ်ရမည်။ ၎င်းတို့သည် ယင်းကို တန်ဖိုးထားလိမ့်မည်၊ ဂရုစိုက်လိမ့်မည်၊ ထိန်းသိမ်းလိမ့်မည်။ ထိုအရာကို ၎င်းတို့ ပိုင်ဆိုင်သည့်အခါ ခဏတာ ပေါ့ဆမှု သို့မဟုတ် လူတိုင်းသိသော အသိပညာအချို့ ကင်းမဲ့မှုကြောင့်မှလွဲ၍ ယင်းကို တမင်တကာ သို့မဟုတ် မိမိတို့၏ လုပ်ဆောင်မှုကြောင့် ၎င်းတို့ မည်သည့်အခါမျှ ဖျက်ဆီးလိမ့်မည် မဟုတ်ကြောင်း၊ သို့မဟုတ် ပျက်စီးစေလိမ့်မည် မဟုတ်ကြောင်း သင်စိတ်ချနိုင်သည်။ ထိုသို့သောလူများသည် ဤစက်ပစ္စည်းကို အသုံးပြုခွင့်ရနိုင်သည်။ အဆင့်မြင့်သည့်၊ ကောင်းမွန်သော စက်ပစ္စည်းများကို ၎င်းတို့အား ခွဲဝေဖြန့်ဖြူးပေးနိုင်သည်။ ပစ္စည်းများကို အသုံးပြုရာတွင် ပင်ကိုအားဖြင့် ကြမ်းတမ်းသောလူများနှင့်ပတ်သက်၍မူ ၎င်းတို့အား သာမန်ပစ္စည်းများသာ အသုံးပြုရန် ပေးခြင်းမျှက အဆင်ပြေသည်။ ထို့အပြင် ထိုသို့သော စက်ပစ္စည်းများနှင့် ကိရိယာများကို ထိန်းသိမ်းစောင့်ရှောက်သူများသည် ၎င်းတို့၏ အသုံးပြုမှုကို မှတ်တမ်းတင်ရန် တာဝန်ရှိသည်။ မည်သူက မည်သည့်အရာကို ယူသွားပြီး မည်မျှကြာအောင် အသုံးပြုခဲ့သည်၊ သို့မဟုတ် မည်သည့်ပစ္စည်းသည် တစ်စုံတစ်ဦး၏ သီးသန့်အသုံးပြုရန်အတွက်ဖြစ်ပြီး အကယ်၍ ပျက်စီးပါက ၎င်း၏တန်ဖိုးအတိုင်း လျော်ကြေးပေးသင့်သည်။ ဤအရာများနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက်လုံးက လက်မှတ်ရေးထိုးရမည်၊ သို့မှသာ လူတိုင်းအတွက် မျှတပြီး သင့်တင့်လျောက်ပတ်မည် ဖြစ်သည်။ စက်များနှင့် စက်ပစ္စည်းများကို ရေတိုအသုံးပြုသည်ဖြစ်စေ၊ ရေရှည်အသုံးပြုသည်ဖြစ်စေ ကောင်းမွန်စွာ ဂရုစိုက်ရမည်ဖြစ်သည်။ အသုံးပြုသူသည် ၎င်းတို့ကို မှန်ကန်စွာ အသုံးပြုရန် သင်ယူရမည်ဖြစ်ပြီး အကယ်၍ ချွတ်ယွင်းမှုဖြစ်ပါက ချက်ချင်း ပြုပြင်သင့်သည်။ ဤအလုပ်ကို ပို၍ စေ့စပ်သေချာစွာ လုပ်ဆောင်လေ၊ ပိုကောင်းလေ ဖြစ်သည်။ အကယ်၍ စာတန်၏အစိုးရက လူများကို ဖမ်းဆီးနေသည့် အခြေအနေတစ်ခု ပေါ်ပေါက်လာပါက ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိကအကျဆုံးသော တာဝန်ဝတ္တရားမှာ အရေးကြီးသော စက်ပစ္စည်းများနှင့် ကိရိယာများကို အားကိုးရသော၊ ယုံကြည်စိတ်ချရသောသူများအား ခွဲဝေဖြန့်ဖြူးပေးရန် ဖြစ်သည်။ ၎င်းတို့ ပေးပို့ပြီးသည်နှင့်တစ်ပြိုင်နက်၊ ထိုသူအား “ဤအရာများသည် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် အသုံးပြုရန်အတွက် ဘုရားအိမ်တော်မှ အရာများ ဖြစ်သည်။ ၎င်းတို့သည် ကစားစရာများ မဟုတ်ပါ။ သင်သည် ၎င်းတို့ကို သင့်တင့်လျောက်ပတ်စွာ အသုံးပြုပြီး ကောင်းမွန်စွာ ဂရုစိုက်သင့်သည်။ ၎င်းတို့ကို မပျက်စီးစေနှင့်။ ဤစက်ပစ္စည်းများနှင့် ကိရိယာများသည် တာဝန်ထမ်းဆောင်ရန်အတွက် လိုအပ်သောကြောင့် အကယ်၍ ၎င်းတို့ ပျက်စီးမှုရှိပါက ၎င်းတို့၏ တန်ဖိုးအတိုင်း လျော်ကြေးပေးသင့်သည်။ အကယ်၍ စက်ပစ္စည်းပျက်စီးမှုကြောင့် အလုပ်နှောင့်နှေးပါက ယင်းမှာ ပို၍ပြင်းထန်သော သဘောသဘာဝရှိသည့် ကိစ္စရပ်ဖြစ်ပြီး အနှောင့်အယှက်ပေးခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းအချို့ ရှိသည်ဟု ဆိုလိုသည်။ သို့ဖြစ်၍ သင်သည် တာဝန်များကို ထမ်းဆောင်ရာတွင် စက်ပစ္စည်းများနှင့် ကိရိယာအမျိုးမျိုးကို မှန်ကန်စွာ မည်သို့အသုံးပြုရမည်ကို သိရမည်၊ သင်သည် ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုကို လုံးဝ မပျက်စီးစေရ။ ဤစည်းမျဉ်းများကို မှတ်ထားရန် သေချာစေပါ။ သင့်တင့်လျောက်ပတ်သော အသုံးပြုခြင်းနှင့် ပုံမှန် စစ်ဆေးခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းဟူသည်တို့ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ရာ ချွတ်ယွင်းမှုဖြစ်ပါက ချက်ချင်း သတင်းပို့ပြီး ပြုပြင်ရန် လျှောက်ထားပါ”ဟုဆိုလျက် အကြံဉာဏ်အချို့ ပေးသင့်သည်။ ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ခွဲဝေဖြန့်ဖြူးခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းများကို သိရမည်။ အခြားတစ်စိတ်တစ်ပိုင်းမှာမူ အသုံးပြုသူများအား ထိန်းသိမ်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းကို မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ အကယ်၍ ချွတ်ယွင်းမှုတစ်ခု ဖြစ်ပေါ်ပါက ပြုပြင်မှုများအား မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း သိရှိစေသင့်သည်။ ဤသည်မှာ စက်ပစ္စည်းများနှင့် ကိရိယာမျိုးစုံကို ဂရုစိုက်ခြင်း၊ အသုံးပြုခြင်းနှင့်ပတ်သက်လာလျှင် လူတို့ နားလည်ပြီး ပိုင်ဆိုင်သင့်သည့် အခြေခံကျသော အသိပညာ ဖြစ်သည်။

ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်၏ စက်ပစ္စည်းအမျိုးမျိုးကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးရမည်။ ဥပမာအားဖြင့် အလုပ်လုပ်သော လူပုဂ္ဂိုလ်တစ်ဦးသည် အတော်အတန် ပြည့်စုံသော အင်္ဂါရပ်များပါသည့် ကွန်ပျူတာတစ်လုံး လိုအပ်ပါက သင်သည် ၎င်းတို့အား တစ်လုံး ခွဲဝေပေးသင့်သည်။ အကယ်၍ ၎င်းတို့က တစ်လုံးနှင့် မလုံလောက်ဟု ပြောပါက အဘယ်ကြောင့်ဖြစ်သည်ကို သင်မေးမြန်းရမည်ဖြစ်ပြီး သူတို့ပြောသည့်အရာက အမှန်ဟုတ်မဟုတ် သိရန် သင်စုံစမ်းရမည်။ ၎င်းတို့၏ လျှောက်လွှာကိုသာ ကြည့်၍ သူတို့တောင်းသလောက် ကွန်ပျူတာများ ပေးခြင်း၊ တစ်လုံးမလုံလောက်ဟု ပြောပါက နှစ်လုံးပေးခြင်း၊ နှစ်လုံးမလုံလောက်ဟု ပြောပါက သုံးလုံးပေးခြင်းတို့ကို မပြုလုပ်နှင့်။ သို့ဆိုလျှင် သင်သည် ကွန်ပျူတာများကို ကစားစရာများသဖွယ် ဖြန့်ဝေနေခြင်း မဟုတ်လော။ ယင်းသည် လက်လွတ်စပယ် ပြုမူခြင်းဖြစ်မည် မဟုတ်လော။ သင်သည် ဦးစွာ အခြေအနေကို စုံစမ်းပြီး ဘုရားအိမ်တော်၏ စည်းမျဉ်းများကို အခြေခံ၍ ဆုံးဖြတ်ချက်ချသင့်သည်။ အချို့သောလူတို့သည် တာဝန်ထမ်းဆောင်ယောင်ဆောင်လျက် မဆင်မခြင် လျှောက်လွှာတင်နေမည်ကို စိုးရသဖြင့် သင်သည် လျှောက်လွှာမျိုးစုံကို လုံးဝ မဆင်မခြင် အတည်ပြုခြင်း မပြုရ။ ထို့အပြင် အရေးကြီးသော အလုပ်များကို လုပ်ဆောင်နေသည့် အချို့သောလူများသည် အဆင့်မြင့် ကွန်ပျူတာများ လိုအပ်ကောင်းလိုအပ်နိုင်သော်လည်း ၎င်းတို့၏ ကိုယ်ပိုင်ကွန်ပျူတာများမှာမူ အဆင့်နိမ့်သော ဖွဲ့စည်းပုံများ ရှိနေတတ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာကိုလည်း ချက်ချင်း စုံစမ်းပြီး စက်ပစ္စည်းများကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးရမည်။ ကွန်ပျူတာများ ပံ့ပိုးပေးခြင်းကို လူတစ်ဦး၏ အလုပ် သဘောသဘာဝနှင့် ကွန်ပျူတာအဆင့်အတွက် လိုအပ်ချက်များအပေါ် အခြေခံ၍ ဆုံးဖြတ်သင့်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် သာမန်ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးသာဖြစ်ပြီး ကွန်ပျူတာနည်းပညာ သို့မဟုတ် ဗီဒီယိုထုတ်လုပ်ရေးအလုပ်တွင် မပါဝင်ဘဲ ကွန်ပျူတာများကို အင်တာနက်သုံးခြင်း၊ သတင်းအချက်အလက်များ ရှာဖွေခြင်းနှင့် ဖုန်းခေါ်ဆိုခြင်းကဲ့သို့သော အရာများအတွက်သာ အသုံးပြုပြီး ၎င်းတို့၏ ကွန်ပျူတာ သတ်မှတ်ချက်များပိုင်းတွင် များစွာမလိုအပ်ပါက ၎င်းတို့အတွက် သာမန်တစ်လုံးကို အသုံးပြုခြင်းက လုံလောက်သည်။ အချို့သော အသက်ကြီးသူများသည် စာရိုက်ခြင်း၊ အွန်လိုင်းတက်ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်းကဲ့သို့သော ရိုးရှင်းသည့် လုပ်ဆောင်ချက်များကိုသာ သိကြသော်လည်း ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် အလွန်တန်ဖိုးကြီးသော ကွန်ပျူတာများကို ထုတ်ပေးခြင်းခံရသည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သလော။ ၎င်းတို့သည် အထူးအခွင့်အရေးများ ရှာဖွေနေခြင်း မဟုတ်လော။ ၎င်းတို့သည် အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားနေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော တန်ဖိုးကြီးသည့်၊ အဆင့်မြင့် စက်ပစ္စည်းများကို မည်သည့်အတွက် အသုံးပြုရမည်နည်း။ ထိုပစ္စည်းများကို သက်ဆိုင်ရာ အလုပ်လုပ်သော ဝန်ထမ်းများနှင့် ကျွမ်းကျင်သော ဝန်ထမ်းများအား အသုံးပြုရန် ပေးအပ်ရမည် ဖြစ်သည်။ ထိုပစ္စည်းများသည် လူတစ်ဦး၏ အဆင့်အတန်းနှင့် ကိုက်ညီရန် မလိုအပ်ပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးနှင့်ပတ်သက်၍ ၎င်းတို့က အခွင့်ထူးခံ အသုံးပြုခွင့်များ ခံစားသင့်သည်ဟု မှားယွင်းစွာ ယုံကြည်ကြသည်။ ယင်းမှာ ဘုရားအိမ်တော်တွင်ရှိသော စည်းမျဉ်းဖြစ်သလော။ မဟုတ်ပေ။ အချို့သောလူတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အား အဆင့်မြင့် ကွန်ပျူတာများ၊ ဆဲလ်ဖုန်းများနှင့် နားကြပ်များကို လျင်မြန်စွာ ထုတ်ပေးကြသည်။ ၎င်းတို့အား အဆင့်မြင့် စက်ပစ္စည်းအမျိုးမျိုးဖြင့် တပ်ဆင်ပေးကြသည်။ ဤအရာ၏ အကျိုးဆက်မှာ အဘယ်နည်း။ ဤအရာကို အလုပ်တွင် ကောင်းမွန်သောရလဒ်များ ရရှိရန် အမှန်တကယ် လုပ်ဆောင်ခြင်းဖြစ်သလော။ ထိုလူတို့သည် ဇာတိပကတိဆိုင်ရာ သာယာမှုကို တပ်မက်နေခြင်း မဟုတ်လော။ ထို့အပြင် သင်သည် အဆင့်မြင့်ကွန်ပျူတာများကို မည်သည့်အတွက် အသုံးပြုနေသနည်း။ အွန်လိုင်းတွင် စုဝေးပွဲများ ကျင်းပပြီး စကားလုံးများနှင့် အယူဝါဒများကို ဟောပြောနေခြင်းသာ ဖြစ်သည် မဟုတ်လော။ သင်သည် ဗီဒီယိုများ မည်သို့တင်ရမည်ကို သိသလော၊ သို့မဟုတ် ဗီဒီယိုများကို ထုတ်လုပ်နိုင်သလော။ သင်သည် ကွန်ရက်လုံခြုံရေးအား မည်သို့ထိန်းသိမ်းရမည်ကို သိသလော၊ သို့မဟုတ် ဝဘ်ဆိုဒ်များ ထောင်နိုင်သလော။ ဤလုပ်ငန်းများကို သင် သိသလော။ အကယ်၍ မသိပါက အဆင့်မြင့်ကွန်ပျူတာတစ်ခုသည် သင့်အတွက် မည်သည့်အသုံးဝင်မှု ရှိသနည်း။ ဤသည်မှာ လုပ်ဆောင်ရန် ရွံရှာဖွယ်ကောင်းသည့်အရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ သင့်တွင် ကိုယ်ပိုင်ငွေရှိပါက သင်ကွန်ပျူတာ မည်မျှဝယ်သည်ကို မည်သူမျှ ဂရုမစိုက်သည့်အပြင်၊ ထိုကွန်ပျူတာများက မည်မျှပင် အဆင့်မြင့်ပါစေ မည်သူမျှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ ငါတို့သည် ယခု ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို သင့်တင့်လျောက်ပတ်စွာ မည်သို့ခွဲဝေဖြန့်ဖြူးရန် လိုအပ်သည်ကို ပြောဆိုနေခြင်း ဖြစ်သည်။ “သင့်တင့်လျောက်ပတ်စွာ” ဟူသည်မှာ မည်သည့်အရာကိုဆိုလိုသနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဘုရားအိမ်တော်၏ ဤအဆင့်မြင့်စက်ပစ္စည်းကို အသုံးပြုသည့်အခါ “သင့်တင့်လျောက်ပတ်စွာ” အသုံးပြုသည်ဟု မှတ်ယူ၍ရသလော။ (မရပါ။) ၎င်းတို့သည် လုပ်ငန်းကို မသိကြ သို့မဟုတ် တစ်ခုတလေအား မည်သို့လုပ်ဆောင်ရမည်ကို မသိကြပေ။ အဆင့်မြင့်ကွန်ပျူတာတစ်လုံး ရှိခြင်းက ၎င်းတို့အား အဆင့်မြင့်စေသလော။ ၎င်းတို့သည် မည်သည့်အရာအတွက် ကြွားဝါနေသနည်း။ ဘုရားအိမ်တော်သည် ၎င်း၏ပစ္စည်းအမျိုးမျိုးကို ခေါင်းဆောင်များနှင့် အမှုဆောင်များအား အခွင့်ထူးခံ အသုံးပြုခွင့်နှင့် ခွဲဝေဖြန့်ဖြူးခွင့် ပေးသည့် စည်းမျဉ်းမရှိပေ။ ၎င်းတို့တွင် ထိုအထူးအခွင့်အရေး မရှိသည့်အပြင်၊ ဤသည်မှာ ဘုရားအိမ်တော်က ပစ္စည်းများကို ခွဲဝေဖြန့်ဖြူးခြင်းအတွက် သင့်တင့်လျောက်ပတ်သော စည်းမျဉ်းတစ်ခု မဟုတ်ပေ။ ယင်းသည် လုံးဝ သင့်တင့်လျောက်ပတ်ခြင်း မရှိပေ။ အကယ်၍ လူတစ်ဦးသည် ဤအရာများကို မိမိဘာသာ ဝယ်ယူနိုင်သည့် အနေအထားရှိပါက ဝယ်ယူနိုင်သည်။ အကယ်၍ မရှိဘဲ ဘုရားအိမ်တော်က ခွဲဝေပေးရန် လိုအပ်ပါက သာမန်ပစ္စည်းများကို အသုံးပြုခြင်းက ၎င်းတို့အတွက် လုံလောက်သည်။ ဤသည်မှာ မျှတပြီး သင့်တင့်လျောက်ပတ်သည်။ ဤအဆင့်မြင့်စက်ပစ္စည်းအား အမှန်တကယ် မည်သို့အသုံးပြုရမည်ကို သိသောသူများသည် ဤအလုပ်တွင် ပါဝင်သည့် ကျွမ်းကျင်သော လူပုဂ္ဂိုလ်များ ဖြစ်ကြသည်၊ ထို့ကြောင့် ဘုရားအိမ်တော်သည် ဤစက်ပစ္စည်းကို ၎င်းတို့အား ခွဲဝေပေးသင့်သည်။ ဤသည်တို့မှာ ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို ခွဲဝေဖြန့်ဖြူးခြင်းနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ နားလည်ပြီး သဘောပေါက်သင့်သည့် စည်းမျဉ်းအချို့ ဖြစ်သည်။ ဤစည်းမျဉ်းများကို အခြေခံ၍ ဤအရာများကို တစ်နေရာရာတွင် သင့်တင့်လျောက်ပတ်မှုမရှိစွာ ခွဲဝေဖြန့်ဖြူးထားခြင်း ရှိမရှိကို ကြည့်ရန် ထပ်မံစစ်ဆေးလော့။ အကယ်၍ ရှိပါက အမြန်ဆုံး ပြုပြင်လော့။ အချို့သောလူတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ ဖြစ်လာပြီးနောက် ဘုရားအိမ်တော်တွင် မည်သူမျှ ၎င်းတို့အား မြှောက်ပင့်ဖားယားလုပ်ခြင်း မရှိသည်ကိုလည်းကောင်း၊ မည်သူမျှ ၎င်းတို့အား အဆင့်မြင့်ပစ္စည်းများ ထုတ်မပေးသည်ကိုလည်းကောင်း၊ ၎င်းတို့သည် မိမိတို့၏ မူလဝတ်စုံအဟောင်းကိုသာ ဝတ်ဆင်နေရဆဲဖြစ်သည်ကိုလည်းကောင်း၊ မိမိတို့၏ အလွန်သာမန်ဖြစ်သော ကွန်ပျူတာငယ်လေးကိုသာ အသုံးပြုနေရဆဲဖြစ်သည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်က ၎င်းတို့အား ကွန်ပျူတာကောင်းတစ်ခု တပ်ဆင်မပေးသည်ကိုလည်းကောင်း မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘဏ္ဍာရေးအဖွဲ့ထံ သွားပြီး ကွန်ပျူတာတစ်လုံး ဝယ်ယူရန် လျှောက်ထားကြသည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သလော။ (မလျောက်ပတ်ပါ။) ၎င်းတို့က “အကယ်၍ သင်က ကျွန်ုပ်ကို ထုတ်မပေးပါက ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်မည်မဟုတ်ပါ၊ ဘုရားအိမ်တော်က ကျွန်ုပ်အား ပို၍အဆင့်မြင့်သော၊ ပိုသစ်သောမော်ဒယ်၊ ပို၍မြန်ဆန်သော ကွန်ပျူတာတစ်လုံး ဝယ်ပေးရန် အခွင့်အရေးတစ်ခု ကျွန်ုပ် ရှာမည်” ဟု ပြောကြသည်။ ၎င်းတို့က အလွန် ရဲတင်းသည်၊ ၎င်းတို့ မလုပ်ဝံ့သည့်အရာ ဘာမျှ မရှိပေ။ ဤလူတို့သည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက် “ဘုရားအိမ်တော်၏ ငွေသည် ငါ့ငွေလည်း ဖြစ်သည်၊ ငါကြိုက်သလို သုံးမည်”ဟု တွေးထင်လျက် ဘုရားအိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင်အိမ်ကဲ့သို့ သဘောထားကြသည်။ ဤသည်မှာ အန္တိခရစ်တို့ လုပ်ဆောင်နိုင်စွမ်းရှိသည့်အရာပင် ဖြစ်သည်။

၃။ နေ့စဉ်သုံးပစ္စည်းများနှင့် အစားအစာအမျိုးမျိုးကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်း

အမျိုးမျိုးသော ရုပ်ဝတ္ထုပစ္စည်းများကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်းနှင့်ပတ်သက်သည့် စက်ပစ္စည်းနှင့်ဆိုင်သော ကဏ္ဍကို ပြောဆိုပြီးဖြစ်သည်။ ဆက်လက်၍ ဥပမာအားဖြင့် ကောက်နှံ၊ ဟင်းသီးဟင်းရွက်များနှင့် အစာခြောက်များအပြင်၊ ချက်ပြုတ်ခြင်းအတွက် လိုအပ်သော ပါဝင်ပစ္စည်းများ၊ အမျိုးမျိုးသော ဖြည့်စွက်အစားအစာများ၊ စသည်တို့ဖြစ်သည့် နေ့စဉ်နေထိုင်မှုအတွက် ပစ္စည်းများအကြောင်းကို ဆွေးနွေးကြမည်။ ဤပစ္စည်းများကို သင့်တင့်လျောက်ပတ်စွာ စောင့်ရှောက်ထိန်းသိမ်းရမည်သာမက သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးရမည်လည်း ဖြစ်သည်။ သို့ဆိုလျှင် ဤပစ္စည်းအမျိုးမျိုးကို သင့်တင့်လျောက်ပတ်စွာ မည်သို့ခွဲဝေဖြန့်ဖြူးရမည်နည်း။ ဘုရားအိမ်တော်သည် ၎င်း၏အစားအစာအတွက် စံနှုန်းများရှိပြီး ထိုသို့သောပစ္စည်းများကို စီမံခန့်ခွဲသူများသည် ထိုစံနှုန်းများကို တင်းကျပ်စွာ လိုက်နာလျက် သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးသင့်သည်။ ၎င်းတို့သည် မိမိတို့နှင့် ရင်းနှီးသူများအား ကောင်းမွန်သော အစားအစာများကို ပို၍ မပေးသင့်ပေ။ ဥပမာအားဖြင့် အကယ်၍ အရသာရှိသည့်၊ အရည်အသွေးကောင်းသော ဆန်အချို့ကို ဝယ်ယူခဲ့လျှင် သို့မဟုတ် အသီးအနှံ သို့မဟုတ် အသားအချို့ကို ရံဖန်ရံခါသာ ဝယ်ယူခဲ့ရပြီး သင်နှင့် အဆင်ပြေသောသူ မည်သူ့ကိုမဆို သင်က ပို၍ထုတ်ပေးသည် သို့မဟုတ် ကောင်းသော ပစ္စည်းအားလုံးကို ၎င်းတို့အား ထုတ်ပေးပြီး မကောင်းသော ပစ္စည်းများကို အခြားသူများထံ ပေးပို့သည်ဆိုပါက ယင်းကို သင့်တင့်လျောက်ပတ်သော ခွဲဝေဖြန့်ဖြူးခြင်းဟု မှတ်ယူ၍ရသလော။ (မှတ်ယူ၍မရပါ။) သို့ဆိုလျှင် ဤနေရာတွင် “သင့်တင့်လျောက်ပတ်မှု”ကို မည်သို့တိုင်းတာရမည်နည်း။ ပစ္စည်းများကို မည်သို့ခွဲဝေဖြန့်ဖြူးခြင်းက သင့်တင့်လျောက်ပတ်သည်ဟု မှတ်ယူနိုင်မည်နည်း။ စည်းမျဉ်းများ၊ ဘုရားအိမ်တော်က အစားအစာများအတွက် ထုတ်ပြန်သည့် သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ညီတူညီမျှ ခွဲဝေခြင်းဖြစ်ပြီး ထုတ်ပေးသင့်သလောက် ထုတ်ပေးခြင်း ဖြစ်သည်။ အကယ်၍ သင်သည် တစ်စုံတစ်ဦးနှင့် ရင်းနှီးသည်ဟု ခံစားရပါက သင်၏ကိုယ်ပိုင်ဝေစုကို ၎င်းတို့အား ပေးနိုင်သည်။ အခြားသူများ၏ ပစ္စည်းများဖြင့် ရက်ရောခြင်းမပြုနှင့်။ ပြီးလျှင် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို အသုံးပြု၍ အခြားသူများကို ရက်ရောမှု မပြနှင့်။ အကယ်၍ သင်ရက်ရောလိုပါက သင်၏ကိုယ်ပိုင်ပစ္စည်းများဖြင့် ရက်ရောလော့။ ရက်ရောခြင်းသည် ဘုရားအိမ်တော်ရှိ စည်းမျဉ်းတစ်ခု မဟုတ်ပေ။ ဘုရားအိမ်တော်၏ စည်းမျဉ်းမှာ သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်း ဖြစ်သည်။ နေ့စဉ်ဘဝ၌ လိုအပ်သောပစ္စည်းများနှင့် အမျိုးမျိုးသော စားသောက်ကုန်များကို ဖြန့်ဝေခြင်းသည် လက်လွတ်စပယ်မဟုတ်ဘဲ ဘုရားအိမ်တော်က သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ လုပ်ဆောင်သင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောအရာများကို ဖြန့်ဝေရန် တာဝန်ရှိသူများအနေဖြင့် စိတ်နှလုံး မှန်ကန်ခြင်း ရှိမရှိ၊ ၎င်းတို့၏ ဖြန့်ဝေမှုက သင့်တင့်လျောက်ပတ်မှု ရှိမရှိ၊ ဖြန့်ဝေမှုကို ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်း ရှိမရှိ၊ လူအများစုက မည်သို့သတင်းပို့သည်၊ ထိုလူတို့တွင် မကျေနပ်ချက်များ ရှိသလောဟူသည်နှင့် လူတိုင်းကို ဂရုစိုက်ခြင်း ရှိသလောဟူသည်တို့ကို ကြီးကြပ်ပြီး ကြည့်ရှုနိုင်သည်။ တစ်ခါတစ်ရံတွင် ပစ္စည်းများ ရှားပါးပါက မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့ကိုယ်တိုင် စားသုံးရန် သိမ်းထားခြင်းသည် သင့်တော်သလော။ အချို့က “ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမြင့်ဆုံးသော အဆင့်အတန်းနှင့် ဂုဏ်သတင်းရှိပြီး များသောအားဖြင့် ကျွန်ုပ်တို့ကို အများဆုံး စကားပြောသူများဖြစ်ရာ ယင်းက ၎င်းတို့၏ နှုတ်ကို ခြောက်သွေ့စေသည်။ ကောင်းမွန်သည့်အရာ တစ်ခုတလေရှိလျှင် ၎င်းတို့စားဖို့ ချန်ထားကြစို့” ဟု ပြောကောင်းပြောနိုင်သည်။ ဤကဲ့သို့ အရာများကို ခွဲဝေခြင်းသည် သင့်တော်သလော။ (မသင့်တော်ပါ၊ ပစ္စည်းများကို အမှန်တကယ် လိုအပ်သောသူများအတွက် ချန်ထားသင့်ပါသည်။) အကယ်၍ အတော်အတန် ဈေးကြီးသော ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းအချို့ ပြတ်လပ်နေပါက ယင်းတို့ကို မည်သို့ခွဲဝေသင့်သနည်း။ ထိုအရာများကို နှစ်ပေါင်းများစွာ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံခဲ့ပြီး ပံ့ပိုးမှုပြုခဲ့သူများထံ ခွဲဝေပေးသင့်သည်။ ဤလူတို့သည် ၎င်းတို့၏ အသက်အရွယ်ကြောင့် ကျန်းမာရေးမကောင်းကြသော်လည်း မိမိတို့၏ တာဝန်များကို တာဝန်သိစွာ ထမ်းဆောင်နေဆဲဖြစ်ပြီး ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ထံမှ အတော် အကျိုးခံစားခဲ့ပြီးဖြစ်သည်။ ဤလူတို့သည် မိမိတို့၏ ခန္ဓာကိုယ်ကို အနည်းငယ် ထိန်းသိမ်းပြီး ဂရုစိုက်ရန် လိုအပ်သည့်အပြင်၊ ထိုကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းများကို စားသုံးခွင့်နှင့် အသုံးပြုခွင့် ပေးခြင်းကသာ မှန်ကန်သည်။ ရှားပါးသော ထောက်ပံ့ရေးပစ္စည်းများအတွက် မည်သူမျှ ရန်မဖြစ်သင့်ပေ။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤပစ္စည်းများအား ခွဲဝေပေးရမည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သလော။ (သင့်တင့်လျောက်ပတ်ပါသည်။) သို့ဆိုလျှင် ထိုသို့သော ခွဲဝေမှုအပေါ် လူအများစုက ကန့်ကွက်မှုများ ရှိမည်လော။ “ကျွန်ုပ်သည် ထိုမျှ အသက်မကြီးသော်လည်း လုပ်စရာအလုပ်များစွာ ရှိသည်။ ကျွန်ုပ်သည် နေ့စဉ် ရှစ်နာရီကျော် အလုပ်လုပ်သည်။ ကျွန်ုပ်၏အလုပ်သည် ထိုမျှ ထိရောက်မှုမရှိနိုင်သည့်အပြင် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ခြင်းလည်း မရှိနိုင်သော်လည်း ကျွန်ုပ်၏ ကျန်းမာရေးက တစ်ခါတစ်ရံ သိပ်မကောင်းပါ။ အဘယ်ကြောင့် မည်သူမျှ ကျွန်ုပ်ကို ဂရုမစိုက်သနည်း။ ကောင်းသောပစ္စည်းများ ရှိသည့်အခါ ကျွန်ုပ်၏အလှည့် လုံးဝ မရောက်သော်လည်း လုပ်စရာအလုပ်ရှိသည့်အခါတွင်မူ ကျွန်ုပ်ကိုသာ အမြဲရှာသည်” ဟု ပြောသူ တစ်စုံတစ်ဦး ရှိသလော။ ဤကဲ့သို့သောသူအား ဝေစုတစ်ခု ပေးသင့်သလော။ ၎င်းတို့သည် ဤအရာကို တောင်းဆိုရဲသောကြောင့် ၎င်းတို့အတွက် အချို့ချန်ထားလော့။ ယင်းမှာသင့်တင့်လျောက်ပတ်သလော။ သင်တို့သည် ထိုသို့ပြုလုပ်ရန် သဘောတူမည်လော။ (တူမည်မဟုတ်ပါ။) ငါသာဆိုလျှင်၊ သဘောတူမည်။ ထိုသို့သောအရာများနှင့်ပတ်သက်၍ အဘယ်ကြောင့် အလွန် စိတ်အနှောင့်အယှက်ဖြစ်ရမည်နည်း။ လူတို့သည် ပျော်မွေ့ခံစားမှုအတွက် မိမိတို့၏ဘဝကို အသက်မရှင်ကြပေ။ ၎င်းတို့သည် စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းအတွက် အသက်မရှင်ကြပေ။ ထိုသို့သောအရာများနှင့်ပတ်သက်၍ အဘယ်ကြောင့် တိုက်ခိုက်ရမည်နည်း။ အကယ်၍ တစ်စုံတစ်ဦးသည် ထိုသို့သော အရာများနှင့်ပတ်သက်၍ အမှန်တကယ် တိုက်ခိုက်လိုပြီး ၎င်းတို့၏ အခြေအနေများက အတော်အတန် သင့်လျော်ပါက ထိုအရာများကို အနည်းငယ် ခံစားခွင့်ပေးလိုက်လော့။ ၎င်းတို့သည် အထူးမျက်နှာသာပေးခြင်းကို ခံရမည်ဖြစ်သော်လည်း သင်သည် ယင်းအတွက် ဆုံးရှုံးသွားမည် မဟုတ်ပေ။ အလွန် စိတ်အနှောင့်အယှက်ဖြစ်ရန် မလိုအပ်ပေ။ သို့ဖြစ်၍ တစ်စုံတစ်ဦးက “အဘယ်ကြောင့် ကျွန်ုပ်ကို အချို့မပေးသနည်း။ ကျွန်ုပ်၏ ကျန်းမာရေးသည်လည်း မကောင်းမွန်ပါ။ အကယ်၍ ကျွန်ုပ်သည် ကောင်းသောအရာတစ်ခုခုကို အမှန်တကယ် စားသုံးရပါက ကျွန်ုပ်၏ ကျန်းမာရေး တိုးတက်လာသဖြင့် ဘုရားအိမ်တော်အတွက် ပို၍အလုပ်လုပ်နိုင်ပြီး ပို၍ဂရုစိုက်နိုင်မည်ဖြစ်ကာ ကျွန်ုပ်၏အလုပ်သည် ပို၍ထိရောက်မှုရှိမည်ဖြစ်သည်” ဟု ပြောသည်ဆိုပါစို့။ ဤတောင်းဆိုမှုကို ၎င်းတို့ ပြုလုပ်ပြီးဖြစ်သည့်အတွက်၊ ထိုတောင်းဆိုချက်ကို ငြင်းပယ်ခြင်းဖြင့် အရှက်မခွဲနှင့်။ အချို့ကို ဖြန့်ဝေပေးလော့။ အခြားသူတို့သည် ဤအရာနှင့်ပတ်သက်၍ အလွန်အမင်း စိတ်အနှောင့်အယှက်မဖြစ်သင့်ပေ။ အနည်းငယ် ပို၍ သဘောထားကြီးလော့။ ထိုအရာများမရှိဘဲ သင်၏ဘဝသည် ယခင်အတိုင်း ဆက်ဖြစ်နေမည် မဟုတ်လော။ ဘုရားသခင်က လူတို့ကို ပေးသောအရာသည် ရှားပါးသည်မဟုတ်။ ယင်းသည် များပြားပြီး အလျှံပယ်ဖြစ်သည်။ ပစ္စည်းများနှင့်ပတ်သက်၍ တိုက်ခိုက်ရန် မလိုအပ်ပေ။ အကယ်၍ အထူးပစ္စည်းတစ်ခုခုရှိပြီး မည်သူမျှ ထိုပစ္စည်းကိုလိုအပ်သည်ဟု သို့မဟုတ် ထိုပစ္စည်း မွေ့လျော်ရန် လိုအပ်သည်ဟု မခံစားရပါက မည်သည့်လူစားမျိုးအတွက်မဆို အသင့်တော်ဆုံးဖြစ်သည်ဟု နောက်ဆုံးတွင် လူအများစုက သဘောတူလျှင်၊ ထိုလူစားမျိုးအား စားသုံးရန် ပေးသင့်သည်။ ငါတို့သည် လူ့သဘာဝကိုလည်းကောင်း၊ ပစ္စည်းများအား သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးခြင်းကိုလည်းကောင်း အလေးထားသည်။ ဤအရာများကို ရရှိသူတို့သည် ယင်းတို့ကို ဘုရားသခင်ထံမှ ခံယူပြီး သူ၏ကျေးဇူးတော်အတွက် သူ့ကို ကျေးဇူးတင်သင့်သည်။ အခြားသူတို့သည် ထိုအရာများနှင့်ပတ်သက်၍ မတိုက်ခိုက်သင့်ပေ။ အကယ်၍ သင်တိုက်ခိုက်ပါက သင်သည် ကျိုးကြောင်းဆီလျော်မှုမရှိ၊ တမင်တကာ ပြဿနာရှာနေခြင်းဖြစ်ပြီး စည်းကျော်နေခြင်း ဖြစ်သည်။ ဤသည်မှာ ထိုသို့သော အထူးအခြေအနေများကို ကိုင်တွယ်ရမည့်ပုံစံ ဖြစ်သည်။ အထူးအခြေအနေများနှင့် သာမန်အခြေအနေများ နှစ်ခုလုံးတွင် စည်းမျဉ်းများ ရှိသည်။ ထိုအခြေအနေများကို လူ့ဆက်ဆံရေးများနှင့်ဆိုင်သည့် သတ်မှတ်ချက်များ၏ အခြေခံအပေါ်မူတည်၍ သဘောထားရန် မဆိုထားနှင့်၊ လက်လွတ်စပယ် သဘောထားရမည် မဟုတ်ပေ။ ဤအရာများကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးပြီးသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းပြီးဖြစ်ပေသည်။

နေ့စဉ်သုံးပစ္စည်းများနှင့် အစားအစာကို ခွဲဝေရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဖြုန်းတီးမှု သို့မဟုတ် ဆုံးရှုံးမှုများ ဖြစ်ခွင့်မပေးဖို့ ရည်မှန်းချက်ဖြင့်၊ အမှန်တကယ် သင့်တင့်လျောက်ပတ်သည့် နည်းလမ်းဖြင့် ခွဲဝေရန်အလို့ငှာ လက်တွေ့အခြေအနေများ၊ လူဦးရေအမှန်နှင့် လိုအပ်သော ပမာဏအမှန်တို့ကို အခြေခံသင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရား ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် တိကျသော အခြေအနေများကို သိနားလည်မှုမရှိသည့်အခါ အခြေခံစည်းမျဉ်းအတိုင်း အချို့အရာများကို ခွဲဝေကောင်းခွဲဝေနိုင်ပြီး နောက်ပိုင်းတွင် လူတိုင်း၏ တုံ့ပြန်ချက်နှင့် နောက်ဆက်တွဲ စောင့်ကြည့်မှုတို့မှတစ်ဆင့် ခွဲဝေမှုသည် သင့်တင့်လျောက်ပတ်မှုမရှိကြောင်း၊ စည်းမျဉ်းစည်းကမ်းများကို အနည်းငယ် ပုံသေစောင့်ထိန်းကြောင်း သိရှိလာကြသည်။ ထိုသို့သောအခြေအနေတွင် ထိုပြဿနာ ထပ်မံဖြစ်ပွားခြင်းကို ရှောင်ရှားရန်နှင့် ဖြုန်းတီးမှုနှင့် ဆုံးရှုံးမှုကို လျှော့ချရန်အတွက် နောက်တစ်ကြိမ်တွင် ၎င်းတို့ တိုးတက်အောင် လုပ်ဆောင်ရမည်။ ယင်းမှာ ၎င်းတို့၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ မှန်ပေသည်၊ ပျက်စီးမှုနှင့် ဖြုန်းတီးမှုကို ရှောင်ရှားရန်အတွက် တစ်ချက်မှာ ပစ္စည်းများကို ခွဲဝေသည့်အခါ ၎င်းတို့သည် ပို၍ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရမည်။ စည်းမျဉ်းများကိုလည်း တစ်သဝေမတိမ်း ပုံသေစောင့်ထိန်းရမည်ဖြစ်သည်။ ဤသည်မှာ လိုအပ်သောအရာ ဖြစ်သည်။ အမှန်တကယ် လိုအပ်သောသူများကို မပေးဘဲ၊ သမ္မာတရား လက်တွေ့ကျမှုရှိလျက် မိမိတို့၏ တာဝန်ကို ရိုးသားစွာ ထမ်းဆောင်နေသောသူများကို မပေးဘဲ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော မြှောက်ပင့်သူများကို အထူးတလည် ပေးလျက် ပစ္စည်းများကို မဆင်မခြင် မထုတ်ပေးနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် စည်းမျဉ်းများနှင့်အညီ ပြုမူခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ထိုသို့ပြုလုပ်ခြင်းသည် မဆင်မခြင် ထင်ရာစိုင်းပြုမူခြင်း မဟုတ်လော။ စည်းမျဉ်းများနှင့်အညီ မပြုမူခြင်းသည် လူတစ်ဦး၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းခြင်း ဖြစ်သည်။ လူတစ်ဦး၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ဝတ်ကျေတမ်းကျေလုပ်ခြင်းနှင့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း မဟုတ်သည့်အပြင် သတ်မှတ်ထားသော အဆင့်များအတိုင်း လုပ်ဆောင်ခြင်းဖြင့် ဖြည့်ဆည်းခြင်းလည်း မဟုတ်ပေ။ ထိုအစား ယင်းမှာ ဘုရားအိမ်တော်နှင့်ဆိုင်သည့်အရာ တစ်ခုတလေနှင့်ပတ်သက်၍ ဖြုန်းတီးမှု သို့မဟုတ် ပျက်စီးမှု ဖြစ်ရပ်များ မဖြစ်ပေါ်ကြောင်းကို သေချာစေစဉ်တွင် ဘုရားအိမ်တော်က သတ်မှတ်ထားသော စည်းမျဉ်းများကို အမှန်တကယ် တင်းကျပ်စွာ လိုက်နာကျင့်ကြံခြင်းဖြင့် ပြုမူခြင်း ဖြစ်သည်။ ယင်းမှာ တာဝန်ဝတ္တရားကို အမှန်တကယ် ဖြည့်ဆည်းခြင်း ဖြစ်သည်။ ဥပမာအားဖြင့် လူငါးဦးကို ကြက်ဥများ ထုတ်ပေးရာတွင် သင်သည် လူတစ်ဦးချင်းစီကို တစ်နေ့လျှင် တစ်လုံးပေးသင့်ပြီး ဆယ်ရက်တစ်ကြိမ် ထုတ်ပေးသင့်သည်။ ထိုသို့ဖြင့် အလုံးငါးဆယ် အတိအကျ သင် ပို့ပေးမည်ဖြစ်သည်။ သင်သည် ဤသို့ ထုတ်ပေးသင့်သည်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ယင်းသည် အရေအတွက်နည်းပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ လွယ်ကူသောကြောင့် ဖြစ်သည်။ ထို့အပြင် ယင်းမှာ ၎င်းတို့စားသုံးရန် မှန်ကန်သော ပမာဏလည်း အတိအကျ ဖြစ်သည်။ ဘုရားအိမ်တော်က တောင်းဆိုသော စံနှုန်းများ၊ သတ်မှတ်ချက်များနှင့်အညီ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် လုံးဝ မှန်ကန်သည်၊ ယင်းမှာ စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ကသီလင်တဖြစ်မည်ကို စိုးရိမ်သဖြင့် ၎င်းတို့ကို တစ်ကြိမ်တည်းဖြင့် ရက်တစ်ရာစာ ကြက်ဥများဖြစ်သည့် ကြက်ဥ အလုံးငါးရာကို ထုတ်ပေးခဲ့ပါက ယင်းမှာ သင့်လျော်မည်လော။ ငါ့ကို ပြောလော့၊ ကြက်ဥ အလုံးငါးဆယ်သည် သယ်ယူပို့ဆောင်ရန်နှင့် ဂရုစိုက်ရန် ပို၍ လွယ်ကူသလော၊ သို့မဟုတ် အလုံးငါးရာက ပို၍ လွယ်ကူသလော။ (အလုံးငါးဆယ်ပါ။) အရေအတွက် နည်းပါက သယ်ယူပို့ဆောင်ရန်နှင့် ဂရုစိုက်ရန် ပို၍ လွယ်ကူသည်။ အချို့လူများသည် ရက်တစ်ရာစာကို ပို့ပေးကြပြီး ရလဒ်အနေဖြင့် အချို့မှာ လမ်းတွင် ကွဲသွားကြပြီး အချို့မှာ ဦးတည်ရာအရပ်၌ သယ်ဆောင်သည့်အခါ ကြေမွသွားကြသည်။ တစ်ခုပြီးတစ်ခု အနည်းငယ် ကွဲသွားခြင်းဖြင့် အစိတ်အပိုင်းတစ်ခုမှာ ပျက်စီးဆုံးရှုံးရသည်။ ဤအရာအပြင် လူတို့က ကြက်ဥများစွာ ထုတ်ပေးသည်ကို မြင်သည့်အခါ ပေါ့ပေါ့ဆဆ ဖြုန်းတီးကြမည်ဖြစ်ရာ နောက်တစ်ကြိမ် ပို့ဆောင်မည့်ရက် မတိုင်မီတွင် စားစရာ ကြက်ဥ ရှိတော့မည် မဟုတ်ပေ။ သို့ဖြစ်၍ ဤကြက်ဥများ ကွဲပြီး ပျက်စီးဆုံးရှုံးသည့်အခါ ယင်းကို ဖြစ်စေသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ပျက်ကွက်ခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့က နောက်ထပ် တောင်းဆိုပါက သင် ပေးနိုင်သလော။ စည်းမျဉ်းများအရ သတ်မှတ်ထားသော ရက်မတိုင်မီတွင် ၎င်းတို့ကို နောက်ထပ် သင် ပေး၍မရပေ။ သို့သော် ၎င်းတို့တွင် စားစရာ တစ်ခုမျှမရှိသည့်အခါ နစ်နာသည်ဟု ခံစားကြရသည်။ ဤနေရာတွင် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ဤအရာသည် သင့်တင့်လျောက်ပတ်သော ခွဲဝေဖြန့်ဖြူးပေးခြင်းကို လိုအပ်သည်။ ဤအရာများကို ခွဲဝေသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သင့်တင့်လျောက်ပတ်သော ခွဲဝေခြင်းဟူသည့် စည်းမျဉ်းနှင့် ဘုရားအိမ်တော်က သတ်မှတ်ထားသော စံနှုန်းတို့ကို အကြွင်းမဲ့ လိုက်နာရမည်ဖြစ်ပြီး ၎င်းတို့ကို အချိန်မီနှင့် ပုံမှန် ထုတ်ပေးရမည်။ ထို့အပြင် ဖြုန်းတီးမှု ဖြစ်ရပ်များ ရှိမရှိကိုလည်းကောင်း၊ ဖြုန်းတီးမှုကြောင့် ရှားပါးသွားသော အရာများအတွက် ပြန်လည်လျှောက်ထားခြင်းများ သို့မဟုတ် တောင်းဆိုမှုများ ရှိမရှိကိုလည်းကောင်း၊ လူတို့ မကြိုက်နှစ်သက်သည့် ထုတ်ပေးထားသော အရာများနှင့်ပတ်သက်၍ ဖြုန်းတီးမှု ဖြစ်ရပ်များ ရှိမရှိကိုလည်းကောင်း ၎င်းတို့ ချက်ချင်း နားလည်ထားရမည်။ ဥပမာအားဖြင့် အသားများနှင့် ဟင်းသီးဟင်းရွက်များကို ထုတ်ပေးထားပြီး လူအများစုသည် အသားကို ပို၍ နှစ်သက်ကြသဖြင့် ၎င်းကို သုံးရက် သို့မဟုတ် ငါးရက်အတွင်း စားသုံးလိုက်နိုင်ပြီး ဟင်းသီးဟင်းရွက်များက ကျန်ခဲ့သည်။ ဟင်းသီးဟင်းရွက်များသည် သိပ်မခံပေ။ အချို့မှာ အတန်ငယ်ကြာပြီးနောက် ပျက်စီးပုပ်သိုးသွားကြရာ နောက်တစ်သုတ် မထုတ်ပေးမီတွင် ကုန်သွားကြသည်။ ထိုအခါ တစ်စုံတစ်ဦးက ပြန်လည်လျှောက်ထားပြီး နောက်ထပ် တောင်းဆိုကောင်း တောင်းဆိုနိုင်သည်။ ဤသို့သောအခြေအနေတွင် နောက်ထပ် ပေးသင့်သလော။ ၎င်းတို့ကို နောက်ထပ်ပေးခြင်းသည် သင့်တင့်လျောက်ပတ်မှုရှိသလော။ (မရှိပါ။) အခြားလူတို့သည် အသားနှင့် ကြက်ဥများကို ခိုးကြောင်ခိုးဝှက် စားကုန်ကြမည်ဖြစ်ပြီး ၎င်းတို့ ကြိုက်နှစ်သက်သည့် ဟင်းသီးဟင်းရွက်များအားလုံးကို စားသုံးကြစဉ်တွင် ၎င်းတို့ မကြိုက်နှစ်သက်သည့်အရာများကို မစားရန် အကြောင်းပြချက်များနှင့် ဆင်ခြေအမျိုးမျိုးကို ပေးကြမည်ဖြစ်သည်။ ဟင်းသီးဟင်းရွက်များ ဝါပြီး ပုပ်သိုးသွားသည့်အခါ ၎င်းတို့သည် စား၍မရတော့ဟု ပြောဆိုကြပြီး နောက်ဆုံးတွင် ဝက်များနှင့် ကြက်များကို ကျွေးခြင်း သို့မဟုတ် လွှင့်ပစ်လိုက်ခြင်းတို့ကို ပြုကာ နောက်ထပ် တောင်းဆိုကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအခြေအနေမျိုးကို ကြုံတွေ့ရသည့်အခါ မည်သို့ကိုင်တွယ်ရမည်နည်း။ ၎င်းတို့က “မလုံလောက်သည်ကို မြင်ရသည်နှင့်အမျှ နောက်တစ်ကြိမ်တွင် သင်တို့ကို ပိုပေးလိုက်မည်။ သင်တို့ကများစွာ စားကြသည့်အတွက် သင်တို့ကို ပိုမိုထောက်ပံ့ပေးမည်” ဟု ပြောဆိုပါက ယင်းမှာ ကိုင်တွယ်ရန် သင့်လျော်သော နည်းလမ်းဖြစ်သလော။ ဤသည်မှာ ကြောင်းကျိုးမမြင်ခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မည်သို့ဖြစ်၍ ကြောင်းကျိုးမမြင်ကြသနည်း။ (၎င်းတို့သည် အမှန်တကယ် မည်သည့်အရာဖြစ်နေသည်ကို နားမလည်ကြပါ၊ ၎င်းတို့ ထုတ်ပေးခဲ့သော အစားအစာ မလုံလောက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဖြုန်းတီးခြင်းခံခဲ့ရသောကြောင့် ဖြစ်ပါသည်။) ၎င်းတို့သည် အမှန်တကယ် မည်သည့်အရာဖြစ်နေသည်ကို နားမလည်ဘဲ အလျင်စလို ကောက်ချက်ချလိုက်ကြသည်။ နေရာအများစုတွင် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီ ထုတ်ပေးသော အစားအစာက စားသုံးရန် လုံလောက်သည်။ အဘယ်ကြောင့် ထိုတစ်နေရာတည်းအတွက်သာ မည်သည့်အခါမျှ မလောက်မင ဖြစ်ရသနည်း။ ယင်းအတွက် တိကျသော စုံစမ်းစစ်ဆေးမှု လိုအပ်သည် မဟုတ်လော။ ၎င်းတို့သည် ဖြစ်ပျက်နေသည့်အရာကို သိမြင်ရန်အတွက် ထိုနေရာသို့ သွားပြီး အခြေအနေနှင့်ပတ်သက်၍ ဂရုတစိုက်နှင့် အသေးစိတ် မေးမြန်းရမည်။ အဆုံးတွင် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုနှင့် သိနားလည်မှုတို့မှတစ်ဆင့် ထိုနေရာရှိ ထမင်းချက်က ဘုရားအိမ်တော်၏ အစားအစာကို တမင်တကာ ဖြုန်းတီးလျက် လူများစားသုံးရန် အစားအစာကို ကြက်များအား ကျွေးမွေးသည့် ဆိုးယုတ်ပြီး အကျင့်ပျက်သောသူတစ်ဦးဖြစ်ကြောင်း ၎င်းတို့ တွေ့ရှိကြသည်။ ၎င်းတို့သည် မိမိတို့စားသည့်အရာနှင့်ပတ်သက်၍ အတော်လေး ဇီဇာကြောင်ပြီး အရသာရှိသော အစားအစာကိုသာ စားသုံးရန် ကြိုက်နှစ်သက်ကြသည်။ အသားမရှိသည့်အခါ ဟင်းသီးဟင်းရွက်များကို မစားကြဘဲ၊ အသားရှိသည့်အခါတွင်မူ တို့ဟူးကိုပင် မစားကြပေ။ ကြက်ဥများ ရရှိသည့်အခါ အနပ်တိုင်းတွင် စားသုံးကြသည်။ ၎င်းတို့သည် အရသာရှိသော အစားအစာကိုသာ သီးသန့်ရွေးချယ်ပြီး သာမန်ဟင်းသီးဟင်းရွက်များကို မစားကြသည့်အပြင် ပုပ်သိုးသွားလျှင်လည်း ဂရုမစိုက်ကြပေ။ ထမင်းချက်က လူဆိုးတစ်ဦးဖြစ်ကြောင်း သိနားလည်ရပြီးဖြစ်သည်။ နောက်တစ်ကြိမ် ပစ္စည်းများ ထုတ်ပေးသည့်အခါ ၎င်းတို့ကို ရိက္ခာတိုးမြှင့်ပေးသင့်သလော။ (မပေးသင့်ပါ။) ၎င်းတို့ကို ပိုမပေးရုံမျှသာဖြစ်သလော။ ဤပြဿနာကို တွေ့ရှိပြီးသည်နှင့်တစ်ပြိုင်နက် မည်သို့ကိုင်တွယ်ရမည်နည်း။ ၎င်းတို့ကို ချက်ချင်း အစားထိုးလော့။ တာဝန်ကို ထမ်းဆောင်ရန် လူ့သဘာဝအနည်းငယ်ရှိသော တစ်စုံတစ်ဦးနှင့် လဲလော့။ ပြဿနာကို ချက်ချင်း ရှာဖွေတွေ့ရှိပြီး ဖြေရှင်းလော့၊ ပြီးလျှင် ထိုသို့သော ဆိုးယုတ်သောလူများ၊ စုန်းပြူးများကို ဖယ်ရှားရှင်းလင်းလော့။ အချို့က “၎င်းတို့သည် နောက်ထပ် ထမင်းမချက်တော့သည့်အတွက် ၎င်းတို့ကို ကြက်စာကျွေးခိုင်းလျှင် ကောင်းမည် မဟုတ်လော” ဟု မေးကောင်းမေးနိုင်သည်။ (မကောင်းပါ။) ကြက်များကို ၎င်းတို့ အစာကျွေးပါက ကြက်များက ဥဥတော့မည် မဟုတ်ပေ။ ဝက်များကို အစာကျွေးပါက ဝက်များ ပိန်သွားလိမ့်မည်။ ၎င်းတို့ကို မည်သည့်အရာကိုမျှ အစာကျွေးခိုင်း၍ မဖြစ်ပေ။ ထိုသို့သောလူများကို မောင်းထုတ်ပစ်ရမည်။ ၎င်းတို့သည် ဘုရားအိမ်တော်၌ တာဝန်တစ်ခု ထမ်းဆောင်ရန် မသင့်တော်ပေ။ ဘုရားအိမ်တော်၏ ပစ္စည်းများကို ခွဲဝေနေစဉ် အခြားပြဿနာတစ်ခုတလေကို တွေ့ရှိပါက ယင်းကိုလည်း ချက်ချင်း ဖြေရှင်းသင့်သည်။ ဤပြဿနာများကို ဖြေရှင်းခြင်း၏ ပန်းတိုင်မှာ အဘယ်နည်း။ ဘုရားအိမ်တော်၏ ပစ္စည်းများနှင့်ပတ်သက်၍ ဖြစ်ပေါ်သည့် ဖြုန်းတီးမှုနှင့် ပျက်စီးမှုကို လျော့နည်းစေရန် ဖြစ်သည်။ အချို့က “ထိုပြဿနာများကို ဖြေရှင်းရန် မီးဖိုချောင်သို့ သွား၍ စုံစမ်းစစ်ဆေးရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များကို မီးဖိုချောင်ထဲသို့ ဝင်ခွင့်မပြုဟု ကိုယ်တော်ပြောခဲ့သည် မဟုတ်လော။ အဘယ်ကြောင့် ယခု ဝင်ခွင့်ပြုရသနည်း”ဟု မေးကောင်းမေးနိုင်သည်။ ၎င်းတို့မှာ သီးခြားကိစ္စနှစ်ခု ဖြစ်သည်။ ၎င်းတို့ကို သွားခွင့်မပြုဟု ငါမပြောခဲ့ပေ၊ ယင်းမှာ အလုပ်လုပ်နည်းကို မသိဘဲ၊ အလုပ်မရှိဘဲ လတ်လျားလတ်လျားအချိန်ဖြုန်းကာ၊ အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားလျက်၊ စားကောင်းသောက်ဖွယ်များ ရှာရန် မီးဖိုချောင်သို့ အမြဲသွားနေသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း ဖြစ်သည်။ ယခုအခြေအနေတွင် ၎င်းတို့သည် စားကောင်းသောက်ဖွယ်များ ရှာရန်မဟုတ်ဘဲ ပြဿနာများ ဖြေရှင်းရန် မီးဖိုချောင်သို့ သွားနေခြင်း ဖြစ်သည်။ သွားသင့်သည့်အခါ သွားလော့၊ မသွားသင့်သည့်အခါ မသွားနှင့်။ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် လုပ်ဆောင်ရန် အလုပ်များစွာရှိပြီး ဤသည်မှာ ၎င်းတို့၏ တာဝန်များထဲမှ တစ်ခု၊ ယင်း၏ တိကျသော ပြဿနာများကို မီးဖိုချောင်ထဲအထိ ဝင်ရောက်ပြီး အသေးစိတ်ကို နားလည်မှုရရှိခြင်းဖြင့်သာ သိရှိနိုင်မည့် တာဝန်တစ်ခုဖြစ်သည်။ အကယ်၍ ထမင်းချက်တစ်ဦးသည် မသင့်တော်ကြောင်း တွေ့ရှိပါက ၎င်းတို့ကို ချက်ချင်း ဖြုတ်ချပြီး သင့်တော်သော တစ်စုံတစ်ဦးဖြင့် အစားထိုးရမည်။ ထိုသို့ပြုလုပ်ခြင်းက ဘုရားအိမ်တော်မှ ထုတ်ပေးသော ပစ္စည်းများအား ဖြုန်းတီးမှုနှင့် ပျက်စီးမှုတို့ မကြုံတွေ့စေဖို့ သေချာစေသည်။ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် သတ်မှတ်ချက်မှာ ၎င်းတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် ဖြစ်သည်၊ အကယ်၍ ယင်းမှာ သင်စိုးရိမ်ပူပန်ပြီး လုပ်ဆောင်ရမည့်အရာဖြစ်ပါက၊ ထိုအရာကို မလွဲမသွေ စိုးရိမ်ပူပန်ပြီး လုပ်ဆောင်ရမည်။ သင်သည် သင်၏မျက်စိများဖြင့် စောင့်ကြည့်လေ့လာရမည်ဖြစ်ပြီး လူတစ်မျိုးစီက ပြောဆိုသည့်အရာကို သင်၏နားများဖြင့် ဂရုတစိုက် နားထောင်ရမည်။ အမှုအရာမျိုးစုံနှင့်ပတ်သက်၍ ထင်မြင်ယူဆချက်များ၊ အတွေးများနှင့် ပိုင်းခြားသိမြင်နိုင်စွမ်းတို့ကိုလည်း စိတ်နှလုံးထဲတွင် သင်ယူရမည်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ အခြားအရေးကြီးသော အချက်တစ်ခုမှာ ဘုရားအိမ်တော်က လိုက်နာရန် တောင်းဆိုသည့် စည်းမျဉ်းများကို နှလုံးသွင်းခြင်းနှင့် မည်သည့်အချိန်တွင်မျှ ယင်းတို့မှ မပြောင်းလဲခြင်း ဖြစ်သည်။ သင်သည် မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ ဘုရားအိမ်တော်က တောင်းဆိုသည့် စည်းမျဉ်းများနှင့် စည်းကမ်းများမှာ အဘယ်အရာဖြစ်သည်ကို သင် ဦးစွာ နားလည်ရမည်။ အလုပ်မစတင်မီတွင် “ဘုရားအိမ်တော်က တောင်းဆိုသည့် စည်းမျဉ်းများကို ကျွန်ုပ် ရှင်းလင်းစွာ သိပါသလား။ ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရမည်ဆိုလျှင် ဤအရာကို မည်သို့လုပ်ဆောင်သင့်သနည်း။ အထူးအခြေအနေများတွင် စည်းမျဉ်းများနှင့်အညီ မည်သို့လုပ်ဆောင်သင့်သနည်း။ သာမန်အခြေအနေများတွင် မည်သို့ကိုင်တွယ်ရမည်နည်း” ဟူသကဲ့သို့သော မေးခွန်းများကို သင့်ကိုယ်သင် အကြိမ်အနည်းငယ် ပို၍ မေးမြန်းရမည်။ သင်အလုပ်မစတင်မီတွင် ဤသို့သော မေးခွန်းများနှင့် အခြားမေးခွန်းများကို သင်ကိုယ်တိုင်အား စိတ်ထဲတွင် လုံးဝ ပို၍ မေးမြန်းရမည်ဖြစ်ပြီး ဘုရားသခင်ရှေ့မှောက်တွင် ပို၍ ဆုတောင်းရမည်။ ထိုအရာ၏ တစ်စိတ်တစ်ပိုင်းမှာ မိမိကိုယ်ကို ဆန်းစစ်ခြင်းဖြစ်သည်။ အခြားတစ်စိတ်တစ်ပိုင်းမှာ ဘုရားသခင်၏ စိစစ်မှုကို လက်ခံခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ၎င်းတို့၏ အလုပ်တွင် အမှားနည်းစေရန်နှင့် သွေဖည်မှုနည်းစေရန်၊ ဘုရားအိမ်တော်၏ ပစ္စည်းများ ဖြုန်းတီးမှုကို လျှော့ချရန်နှင့် သူ၏အိမ်တော်တွင် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုများကို လျှော့ချရန် အထောက်အကူပြုသည်။ ပို၍ အရေးကြီးသည်မှာ ထိုသို့ပြုလုပ်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ထိန်းသိမ်းပြီး ထိုတာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ အမှန်တကယ် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် သတ်မှတ်ချက် ဖြစ်သည်။ ဘုရားအိမ်တော်၏ အမျိုးမျိုးသော ပစ္စည်းများကို စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် ခွဲဝေခြင်းသည် ခက်ခဲရှုပ်ထွေးသော တာဝန်တစ်ခု မဟုတ်ပေ။ တစ်စိတ်တစ်ပိုင်းအားဖြင့် ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက စည်းမျဉ်းများနှင့် ကိုယ်တိုင် အကျွမ်းတဝင်ရှိခြင်းနှင့်ဆိုင်သည်။ အခြားတစ်စိတ်တစ်ပိုင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမျိုးမျိုးသော ပစ္စည်းများကို စီမံခန့်ခွဲရန် တာဝန်ယူထားသည့် လူတို့အား ဤစည်းမျဉ်းများကို ပို၍ မိတ်သဟာယဖွဲ့ရမည်ဖြစ်ကာ အမှုအရာများနှင့်ပတ်သက်၍ နောက်ဆက်တွဲလုပ်ပေးခြင်း၊ ပို၍ နားလည်ရန် ကြိုးစားခြင်းနှင့် စီမံခန့်ခွဲမှု အခြေအနေကို ပို၍ စုံစမ်းစစ်ဆေးခြင်းတို့ကို ပြုလုပ်ရမည့်ဖြစ်စဉ်တွင်၊ ဘုရားအိမ်တော်၏ အမျိုးမျိုးသော ပစ္စည်းများကို ခွဲဝေရန် ကြီးကြပ်ရေးမှူးများနှင့် ပို၍ မိတ်သဟာယဖွဲ့ကာ ဤစည်းမျဉ်းများကို ၎င်းတို့အား ပို၍ စေ့စေ့စပ်စပ် သဘောပေါက်နားလည်စေရမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုလူတို့က ပစ္စည်းများကို မည်သို့ခွဲဝေပြီး ထုတ်ပေးနေသည်ကိုလည်းကောင်း၊ အထူးအခြေအနေများ တစ်ခုတလေ ရှိမရှိကိုလည်းကောင်း စဉ်ဆက်မပြတ် စုံစမ်းမေးမြန်းရမည်။ ဥပမာအားဖြင့် ကြီးကြပ်ရေးမှူးများသည် မတူညီသော ရာသီများ၊ မတူညီသော အချိန်များနှင့် လူအမျိုးမျိုးတို့က မတူညီသော လိုအပ်ချက်များ ရှိသည့် အခြေအနေများတွင် ဘုရားအိမ်တော်က တောင်းဆိုသည့် စည်းမျဉ်းများနှင့်အညီ ပစ္စည်းများကို ခွဲဝေခြင်း ရှိမရှိဟူ၍ ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်း၏ ပန်းတိုင်မှာ ဘုရားအိမ်တော်၏ အမျိုးမျိုးသော ပစ္စည်းများကို ၎င်းတို့၏ လုပ်ငန်းဆောင်တာများအား ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်၊ ဖြစ်နိုင်သမျှ အကြီးမားဆုံးသော အတိုင်းအတာအထိ သင့်တင့်လျောက်ပတ်စွာ အသုံးပြုနိုင်စေရန်နှင့် အကောင်းဆုံးသော ဂရုစိုက်မှု၊ အကောင်းဆုံးသော ထိန်းသိမ်းမှုတို့ဖြင့် စောင့်ရှောက်ထိန်းသိမ်းနိုင်စေရန် ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရား ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။