ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၁) အခန်း သုံး

ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းသည် ဘုရားသခင် ရွေးချယ်ထားသော လူအားလုံး၏ တာဝန်ဝတ္တရား ဖြစ်သည်

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို နားလည်ပြီးသည့်နောက်၊ ညီအစ်ကိုမောင်နှမ တစ်ဦးစီတိုင်းက ဘုရားအိမ်တော်၏ အမျိုးမျိုးသော ရုပ်ဝတ္ထုပစ္စည်းများကို သဘောထားရာတွင် သဘောပေါက်နားလည်သင့်သည့် စည်းမျဉ်းများကိုလည်း သင်တို့ နားလည်ပြီးပြီလော။ သင်တို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ မဟုတ်သော်လည်း ကြီးကြပ်ကွပ်ကဲခြင်း တာဝန်ဝတ္တရားကိုမူ ဖြည့်ဆည်းသင့်ဆဲ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ လုပ်ပိုင်ခွင့် ဖြစ်သည်။ ထို့အပြင် ဘုရားအိမ်တော်၏ အမျိုးမျိုးသော ရုပ်ဝတ္ထုပစ္စည်းများဖြစ်သည့် စာအုပ်များနှင့် ကိရိယာမျိုးစုံ၊ နေ့စဉ် အစားအသောက်နှင့် ပစ္စည်းများ အစရှိသည်တို့နှင့်ပတ်သက်၍ လူတိုင်းသည် အမြတ်တနိုး ဂရုတစိုက် ကိုင်တွယ်ရမည်။ လူတိုင်းက ၎င်းတို့အသုံးပြုနေသည့် အမျိုးမျိုးသော ပစ္စည်းများကို ပုံမှန် စစ်ဆေးခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့ကိုလည်း ပြုလုပ်သင့်ပြီး ၎င်းတို့ကို သင့်တင့်လျောက်ပတ်စွာ အသုံးပြုသင့်သည်။ သင်၏ လက်ထဲတွင် ဤအရာများကို ပျက်စီးစေခြင်းနှင့် ဖြုန်းတီးခြင်း မဖြစ်စေနှင့်၊ သို့မဟုတ် ၎င်းတို့ကို မဆင်မခြင် မစွန့်ပစ်နှင့်။ အချို့က “မည်သို့ပင်ဖြစ်စေ ဤပစ္စည်းသည် ကျွန်ုပ်၏ပစ္စည်း မဟုတ်ပါ။ ကျွန်ုပ်၏ ပိုက်ဆံဖြင့် ဝယ်ထားခြင်း မဟုတ်ပါ။ ဘုရားအိမ်တော်က ကျွန်ုပ်ကို ထုတ်ပေးထားခြင်း ဖြစ်သည်၊ ယင်းမှာ အများပိုင် ပစ္စည်း ဖြစ်သည်။ ယင်းကို မည်သည့်အချိန်တွင် ထိန်းသိမ်းပြီး မည်သည့်အချိန်တွင် ပြုပြင်သည်ကိုဖြစ်စေ၊ မည်သည့်နေရာတွင် သိမ်းဆည်းသည်ကိုဖြစ်စေ ကျွန်ုပ် ဂရုစိုက်ရန် မလိုအပ်ပါ။ ကျွန်ုပ်သည် ဤအရာကို မတရားသိမ်းပိုက်ထားသည့်အလား ကျွန်ုပ်နှင့်အတူ ယူဆောင်သွား၍ မရပါ”ဟု ပြောကြသည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သော အတွေးတစ်ခုလော။ အတော်အတန် တစ်ကိုယ်ကောင်းဆန်ပြီး လူ့သဘာဝ ကင်းမဲ့နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများကို အသုံးပြုရာတွင် မည်သည့်စည်းမျဉ်းများကို လိုက်နာသင့်သနည်း။ အကယ်၍ တစ်စုံတစ်ခုကို သင်အသုံးပြုရန်အတွက် ခွဲဝေထားပြီးဖြစ်ပါက ထိုအရာကို သင်အသုံးပြုနေစဉ် ပြုပြင်ရန်နှင့် ဂရုစိုက်ရန်မှာ သင်၏ တာဝန်သာ ဖြစ်သည်။ သင် လုံးဝ တာဝန်ရှိသည်၊ အခြားတစ်ဦးတလေ၏ တိုက်တွန်းနှိုးဆော်မှု သို့မဟုတ် ကြီးကြပ်ကွပ်ကဲမှုမျှမရှိဘဲ သင်သည် ထိုပစ္စည်းကို သင်၏ ကိုယ်ပိုင်ပစ္စည်းဖြစ်သည့်အလား သဘောထားသင့်သည်၊ တန်ဖိုးထားပြီး ကာကွယ်သင့်ပေသည်။ ယင်းကို လူ့သဘာဝရှိခြင်းဟု ခေါ်သည်။ ထိုအရာကို သင့်အား ထုတ်ပေးသည့်အချိန်တွင် မည်သို့သောအခြေအနေ၌ ရှိသည်ဖြစ်စေ သင်အသုံးပြုခွင့် မရှိတော့သည့်အခါ သို့မဟုတ် အသုံးပြုပြီးသည့်အခါတွင် ယင်းကို စောင့်ရှောက်ထိန်းသိမ်းသောသူထံသို့ လုံးဝ မပျက်စီးစေဘဲ မူလအခြေအနေအတိုင်း ပြန်လည်ပေးအပ်သင့်သည်။ ဤသည်ကို ဆင်ခြင်တုံတရားရှိခြင်းဟု ခေါ်သည်၊ ဤသည်မှာ လူ့သဘာဝတွင် ရှိသင့်သည့်အရာတစ်ခု ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ကြောင်း၊ သင့်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိကြောင်း၊ သင်သည် သမ္မာတရားကို ချစ်ပြီး လိုက်စားကာ ကျိုးနွံနာခံကြောင်း ပြောဆိုသော်လည်း ရုပ်ဝတ္ထုပစ္စည်းတစ်ခုကို သဘောထားရာတွင် ရှိသင့်သည့် အနိမ့်ဆုံးသော လူ့သဘာဝပင် မရှိပါက သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်းအကြောင်းကိုပင် သင်မည်သို့ ပြောဆိုနိုင်မည်နည်း။ ယင်းမှာ အနည်းငယ် အနှစ်သာရမဲ့လွန်းသည် မဟုတ်လော။ အကယ်၍ သင်သည် ရုပ်ဝတ္ထုပစ္စည်းတစ်ခုကို သဘောထားရာတွင် ရှိသင့်သည့် တာဝန်ဝတ္တရားကိုပင် မဖြည့်ဆည်းနိုင်ပါက သင်၏ လူ့သဘာဝက ကောင်းခြင်းမရှိဟု ဆိုလိုသည်၊ “လူ့သဘာဝကင်းမဲ့ခြင်း” မှာ ယင်းကို ပြောလေ့ရှိသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ထို့အပြင် သင်၏ ကိုယ်ပိုင်ပစ္စည်းများကို သင်မည်သို့ပင် အသုံးပြုပါစေ၊ ထိုပစ္စည်းများကို သဘောထားရာတွင် သင် ကြမ်းတမ်းသည်ဖြစ်စေ၊ စေ့စပ်သေချာသည်ဖြစ်စေ ယင်းမှာ သင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ မည်သူမျှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ သို့သော် ဘုရားအိမ်တော်တွင် ၎င်း၏ ပစ္စည်းများကို အသုံးပြုရန်အတွက် စည်းမျဉ်းများ ရှိသည်။ ဤစည်းမျဉ်းများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ်တွင် အခြေခံထားပြီး ၎င်းတို့သည် သမ္မာတရား၏ အမြင့်သို့ မရောက်ရှိနိုင်သော်လည်း အနည်းဆုံးအားဖြင့် လူ့သဘာဝအတွက် စံနှုန်းများနှင့် ကိုက်ညီသည်။ အကယ်၍ သင်သည် လူ့သဘာဝအတွက် ဤစံနှုန်းကိုပင် မပြည့်မီနိုင်ပါက၊ ဘုရားအိမ်တော်က သင့်အား ထုတ်ပေးသော ကိရိယာများနှင့် ပစ္စည်းများကိုပင် မှန်ကန်စွာ သဘောထားပြီး အသုံးမပြုနိုင်ပါက သင့်အနေဖြင့် သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိဟူသည်မှာ ပြဿနာတစ်ခုဖြစ်သည်။ ယင်းမှာ မေးခွန်းထုတ်စရာ ဖြစ်သည်။ သို့ဖြစ်၍ ဤပစ္စည်းများကို သင်သဘောထားခြင်းနှင့် ပတ်သက်လာသည့်အခါ၊ သင့်အနေဖြင့် ယင်းတို့ကို အသုံးပြုပိုင်ခွင့်ရှိပြီး ယင်းတို့ကို ပြုပြင်ရန်၊ ထိန်းသိမ်းရန်နှင့် ဂရုစိုက်ရန်လည်း အလိုအလျောက် တာဝန်ရှိပေသည်။ သင်သည် ဤအရာများကို အလေးအနက်ထားရမည်။ အကယ်၍ သင်သည် ဘာသာတရားမရှိသူများကဲ့သို့ “မည်သို့ပင်ဖြစ်စေ ယင်းမှာ ကျွန်ုပ်၏ပစ္စည်း မဟုတ်ပါ။ ကျွန်ုပ်၏ ပိုက်ဆံဖြင့် ဝယ်ထားခြင်း မဟုတ်ပါ။ အများပိုင်ပစ္စည်းတစ်ခု ပျက်စီးသွားပါက ပျက်စီးသွားသည်သာဖြစ်သည်၊ အသစ်တစ်ခု ဝယ်လိုက်ပါ၊ သို့မဟုတ် အဆိုးဆုံးအခြေအနေရောက်မှ ပြင်လိုက်ပါ။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ် ဆုံးရှုံးသွားခြင်း မဟုတ်ပါ” ဟု ပြောဆိုပါက၊ သင်သည် ထိုသို့တွေးပါက ယင်းမှာ ပြဿနာဖြစ်သည်။ သင် အန္တရာယ်ရှိနေသည်။ သင်သည် ဖြောင့်မှန်သည့် အကျင့်စရိုက်မပိုင်ဆိုင်သည့်အပြင် သင်၏ စိတ်နှလုံးက မှန်ကန်ခြင်း မရှိပေ။ မိမိ၏ ကိုယ်ပိုင်ပစ္စည်းများကို ခြိုးခြံချွေတာစွာ အသုံးပြုပြီး ဘုရားအိမ်တော်၏ အရာများကိုမူ အရေးမကြီးသကဲ့သို့ သဘောထားကာ တန်ဖိုးထားရန် ဂရုမစိုက်ခြင်းသည် စိတ်နှလုံး မှန်ကန်ခြင်းမရှိသော တစ်စုံတစ်ဦးဖြစ်သည် မဟုတ်လော။ စိတ်နှလုံး မှန်ကန်ခြင်းမရှိသောလူများကို ဘုရားသခင် နှစ်သက်သလော။ (မနှစ်သက်ပါ။) ငါ့ကို ပြောလော့၊ စိတ်နှလုံး မှန်ကန်ခြင်းမရှိသောလူများကို ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသလော။ (စစ်ဆေးပါသည်။) ဘုရားသခင်သည် စိတ်နှလုံး မှန်ကန်သူများနှင့် မမှန်ကန်သောသူများကို ထပ်တူထပ်မျှ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံသည့်အခါ ထိုသို့တွေးတောနေမိကြောင်းကို တွေ့ရှိပါက မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ယင်းကို ဂရုမစိုက်ဘဲ ထားမည်လော။ မစစ်ဆေးဘဲ ထားမည်လော။ ဂရုမစိုက်ဘဲ နေမည်လော။ “ကျွန်ုပ် စဉ်းစားသည့်အရာက ကျွန်ုပ်၏ ကိစ္စဖြစ်သည်။ ယင်းကို ဝင်ရောက်စွက်ဖက်ရန်အတွက် သင် မည်သူနည်း။ အကယ်၍ သင်က ကျွန်ုပ်ကို တစ်စုံတစ်ခု အသုံးပြုခွင့်ပေးပါက ယင်းကို ကျွန်ုပ် အသုံးပြုပိုင်ခွင့်ရှိသည်။ မည်သို့ပင်ဖြစ်စေ စက်ကို မပျက်စီးစေရုံနှင့် အဆင်ပြေမည်ဖြစ်သည်။ အဘယ်ကြောင့် ဤမျှမြင့်မားပြီး များပြားသော တောင်းဆိုချက်များကို ပြုလုပ်နေရသနည်း” ဟူ၍လော။ ဤသည်မှာ ကောင်းသော စဉ်းစားပုံမျိုးဖြစ်သလော။ (မဟုတ်ပါ။) ယင်းကို “လူ့သဘာဝကင်းမဲ့ခြင်း” ဟု ခေါ်သည်။ အကယ်၍ သင့်တွင် ထိုသို့သော အတွေးများရှိပါက ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို သင် လက်ခံရမည်ဖြစ်ပြီး “ဘုရားသခင်၊ ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပြီး ကျွန်ုပ်၏ လူ့သဘာဝသည် ညံ့ဖျင်းပါသည်။ ကျွန်ုပ်သည် အတော်လေး မွန်မြတ်ပြီး ဂုဏ်သရေရှိသည်၊ ကျွန်ုပ်တွင် သိက္ခာရှိသည်ဟု ယခင်က တွေးထင်ခဲ့ပါသည်။ ဤသေးငယ်သော ပစ္စည်းလေးတစ်ခုက ကျွန်ုပ်ကို ထုတ်ဖော်လိမ့်မည်ဟု မထင်ထားခဲ့ပါ။ ကျွန်ုပ်တွင် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ ရှိပါသည်၊ ကျွန်ုပ်သည် စိတ်နှလုံး မှန်ကန်ခြင်းမရှိပါ။ ကျွန်ုပ်တွင် ကိုယ်ပိုင် သေးငယ်သော ရည်မှန်းချက်များ ရှိပါသည်။ ကိုယ်တော်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ကိုယ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို လက်ခံရန် ကျွန်ုပ် ဆန္ဒရှိပြီး ကျွန်ုပ်ကိုယ်တိုင် ပြောင်းလဲရန် ဆန္ဒရှိပါသည်”ဟု ပြောဆိုရမည်။ သင်သည် ဘုရားသခင်ရှေ့မှောက်တွင် ဆုတောင်းပြီး နောင်တရရမည်ဖြစ်ကာ သူ့ကို သင့်အား စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခွင့်ပေးရမည်။ သင်သည် သူ၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံပြီးသည့်အခါ သင့်ကိုယ်သင် မည်သို့ပြောင်းလဲသင့်သနည်း။ သင်က “ကျွန်ုပ် ယခင်က တွေးခဲ့သည့်အတိုင်း တွေးတောခြင်းသည် အကျင့်ပျက်ခြင်း ဖြစ်သည်၊ ယင်းမှာ ဘာသာတရားမရှိသူများ၊ မယုံကြည်သူများ၏ တွေးခေါ်ပုံ ဖြစ်သည်။ ကျွန်ုပ်သည် ထိုသို့ နောက်ထပ် တွေး၍မရတော့ပါ။ ကျွန်ုပ်သည် ထိုလမ်းကို မလိုက်လျှောက်ရပါ။ ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်သည်၊ ကျွန်ုပ်သည် လူ့သဘာဝနှင့် သိက္ခာရှိသောသူတစ်ဦး ဖြစ်ရန် လိုအပ်သည်၊ ဘုရားသခင် နှစ်သက်သော အမှုအရာများကို လုပ်ဆောင်ရန် လိုအပ်သည်။ အနာဂတ်တွင် ကိရိယာများနှင့် စက်များကို အသုံးပြုပုံအား ကျွန်ုပ် ပြောင်းလဲရန် လိုအပ်သည်။ ၎င်းတို့ကို အနားပေးသင့်သည့်အခါ အနားပေးရမည်၊ လိုအပ်သည့်အတိုင်း ပြုပြင်ရမည်၊ လိုအပ်သည့်အတိုင်း ထိန်းသိမ်းရမည်။ ၎င်းတို့ကို မကြာခဏ သန့်ရှင်းရေးလုပ်ရမည်ဖြစ်ပြီး ၎င်းတို့၏ ပုံမှန်အသုံးပြုမှုကို သေချာစေရန် ၎င်းတို့၏ အမျိုးမျိုးသော အစိတ်အပိုင်းများကို ပုံမှန် စစ်ဆေးရမည်။ ပြီးလျှင် ၎င်းတို့ကို အသုံးပြုပြီးသည့်အခါ ချက်ချင်း သန့်ရှင်းရေးလုပ်ပြီး သက်ဆိုင်ခြင်းမရှိသောလူများ အလွယ်တကူ ကိုင်တွယ်ခြင်း မရှိစေရန်အတွက် လုံခြုံစွာ ပြန်လည်သိမ်းဆည်းထားရမည်”ဟု ပြောဆိုလိမ့်မည်။ ထို့နောက်တွင် အနာဂတ်၌ သင်သည် စက်ပစ္စည်းများကို နောက်တစ်ကြိမ် အသုံးပြုသည့်အခါ အထူးပင် ဂရုတစိုက်ရှိပြီး အာရုံစိုက်လိမ့်မည်။ သင်၏ အမြင်များသည် အဆက်မပြတ် ပြောင်းလဲနေမည်ဖြစ်ပြီး သင်၏ ယခင် တစ်ကိုယ်ကောင်းဆန်သည့်၊ စက်ဆုပ်ဖွယ်ကောင်းသော အတွေးများနှင့် လုပ်ဆောင်ချက်များမှ တာဝန်ယူစိတ်ရှိခြင်း၊ အမှုအရာများကို ဂရုစိုက်တတ်သည့်စိတ်နှင့် တာဝန်ယူတတ်သည့်စိတ်တို့ဆီသို့ ပြောင်းလဲလျက် သင်၏ နည်းလမ်းများသည် တိုးတက်လိမ့်မည်။ သင်၏ တွေးခေါ်ပုံတွင် ပြောင်းလဲမှုတစ်ခုသည် သင့်ကိုယ်သင် အမှန်တကယ် ပြောင်းလဲခြင်း၏ အစဖြစ်သည်။ သင်၏ တွေးခေါ်ပုံနှင့် အတွေးအခေါ်များကို လက်တွေ့လုပ်ဆောင်မှုအဖြစ် အကောင်အထည်ဖော်သည့်အခါ၊ ယင်းမှာ သင်၏ အပြုအမူတွင် ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။ ဤအဆင့်သို့ ရောက်ရှိသည့်အခါတွင် သင်သည် အမှန်တကယ် ပြောင်းလဲပြီး နောင်တရနေကြောင်းကို ဘုရားသခင် မြင်သည်။ သင်ပြုလုပ်သည့် ဤပြောင်းပြန်လှန်မှုများနှင့် ပြောင်းလဲမှုများကို ဘုရားသခင်က အမှန်တကယ် လက်ခံလိမ့်မည်။ ဤသည်ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဟု ခေါ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အခြေခံအကျဆုံး ပိုင်ဆိုင်ရမည့်အရာမှာ လူတို့ ရှိသင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားပင် ဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်သည့်၊ စက်ဆုပ်ဖွယ်ကောင်းသောသူတစ်ဦးတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသလော။ (မရှိပါ။) အယူဝါဒအနေဖြင့် သင်သည် ဘုရားအိမ်တော်၏ ပစ္စည်းများကို ဖြစ်သလိုထား၍မရကြောင်း၊ ပျက်စီးစေပြီး ဖြုန်းတီး၍မရကြောင်း၊ သို့မဟုတ် ယင်းတို့နှင့်ပတ်သက်၍ တာဝန်မဲ့၍မရကြောင်းကို သိကောင်းသိနိုင်သည်၊ သို့သော် သင်၏ စိတ်နှလုံးနှင့် အတွေးအခေါ်များတွင် သင်၏ သဘောထားမှာ အဘယ်နည်း။ “ထိုအရာများကို ဂရုစိုက်ရသည့်အကြောင်းရင်းက အဘယ်နည်း။ ထိုပစ္စည်းသည် ကျွန်ုပ်၏ပစ္စည်းပင် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ထိုသို့သော အတွေးသည် သင်၏ အပြုအမူကို လမ်းကြောင်းပေးမည်ဖြစ်ပြီး သင်သိသော အယူဝါဒသည် ထိုအခါတွင် အသုံးဝင်ဦးမည်လော။ အသုံးဝင်လိမ့်မည် မဟုတ်။ ယင်းမှာ လုံးဝ အကျိုးမရှိသော အယူဝါဒတစ်ခုသာ ဖြစ်လိမ့်မည်။ သင်၏ အတွေးနှင့် အမြင်များ ပြောင်းလဲပြီး သင်သည် ဘုရားသခင်ရှေ့မှောက်တွင် အမှန်တကယ် ပြောင်းလဲကာ နောင်တရသည့်အခါမှသာ သင်၏ အပြုအမူနှင့် သင်၏ လက်တွေ့လုပ်ဆောင်ချက်များက စတင်ပြောင်းလဲလာလိမ့်မည်။ ထိုအခါတွင် သင်အသက်ရှင်နေထိုင်သည့်အရာသည် လူ့သဘာဝ စတင်ရှိလာလိမ့်မည်။ ထိုအခါတွင် သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ စတင်ဝင်ရောက်လိမ့်မည်။ ထိုသို့သော သေးငယ်သော ကိစ္စရပ်တစ်ခုသည် လူတစ်ဦး၏ လူ့သဘာဝကို ထုတ်ဖော်သည့်အပြင် ထိုလူသည် သမ္မာတရားကို အမှန်တကယ် ချစ်ခြင်း ရှိမရှိဟူသည်ကိုလည်း ထုတ်ဖော်သည်။

ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးကို စီမံခန့်ခွဲခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားတစ်ခုဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတိုင်းသည် စုပေါင်း၍ ကြီးကြပ်ကွပ်ကဲခြင်း၊ ကူညီခြင်းနှင့် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပြုသင့်သည်။ ဤသည်မှာ လူတိုင်း၏ တာဝန်ဝတ္တရား ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ပုံသက်သေအဖြစ် အကျိုးဆောင်သင့်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်ဖြင့် အစပြုသင့်သည်။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်တိုင် ကောင်းမွန်စွာ လုပ်ဆောင်မှသာလျှင် အခြားသူများကို ကြီးကြပ်ကွပ်ကဲရန်နှင့် အခြားသူများ လုပ်ဆောင်သည့်အရာက သင့်လျော်မှု ရှိမရှိဟူသည်ကိုလည်းကောင်း၊ စည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိမရှိဟူသည်ကိုလည်းကောင်း အကဲဖြတ်ရန် အရည်အချင်းပြည့်မီမည် ဖြစ်သည်။ ဤသည်မှာ လူတိုင်းနှင့် သက်ဆိုင်သော ကိစ္စရပ်တစ်ခုဖြစ်သည်။ ထိုသေးငယ်သော အရာက လူတို့၏ လူ့သဘာဝကိုလည်းကောင်း၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကိုလည်းကောင်း ထုတ်ဖော်ပြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း ကောင်းမွန်စွာနှင့် အစွမ်းကုန် ကြိုးစားအားထုတ်မှုဖြင့် လုပ်ဆောင်သင့်ပြီး သာမန်ညီအစ်ကိုမောင်နှမတိုင်းကလည်း ဤကိစ္စရပ်ကို တင်းကျပ်မှုနှင့် သတိဖြင့် သဘောထားသင့်သည်။ သင်သည် မိမိကိုယ်ကို မကြာခဏ ဆန်းစစ်ရမည်၊ မိမိ၏ လူ့သဘာဝနှင့် အတွေးအခေါ်တွင် ပြဿနာများ ရှိမရှိကိုလည်းကောင်း မိမိ၌ မည်သည့်သဘောထားမျိုး ရှိသည်ကိုလည်းကောင်းဆန်းစစ်ရမည်။ သင်၏ သဘောထားနှင့် အတွေးအခေါ်တွင် ပြဿနာတစ်ခု ရှိကြောင်း တွေ့ရှိသည့်အခါ ချက်ချင်း ဆုတောင်းပြီး မိမိကိုယ်ကို ပြုပြင်သင့်သည်။ ပြီးလျှင် ဘုရားအိမ်တော်၏ ပစ္စည်းများကို စီမံခန့်ခွဲသည့်အခါ သို့မဟုတ် အသုံးပြုသည့်အခါ တစ်စိတ်တစ်ပိုင်းအနေဖြင့် မိမိ၏ အသိစိတ်၏ ပြစ်တင်ပြောဆိုခြင်းကို မခံရစေရန်နှင့် ဘုရားသခင်အတွက် တာဝန်မပျက်ကွက်စေရန်အပြင် တစ်စိတ်တစ်ပိုင်းအနေဖြင့် အခြားသူများက လေးစားအားကျစေရန်နှင့် မိမိလုပ်ဆောင်သည့်အရာကို ၎င်းတို့ သဘောတူစေရန်၊ ပြီးလျှင် လူတိုင်း မျက်မြင်ကိုယ်တွေ့ဖြစ်သည့် လူ့သဘာဝ မိမိ၌ရှိသည်ဟု ပြောဆိုစေရန် ကြိုးစားသင့်သည်။ အဓိကအချက်မှာ ဤအရာကို လုပ်ဆောင်သည့်အခါ လူတို့က စည်းမျဉ်းများကို ဖက်တွယ်ထားရန် ဖြစ်သည်။ ဤသည်မှာ လူတို့ ဖြည့်ဆည်းသင့်သည့် ဝတ္တရားဖြစ်သည်။ မည်သည့် ဘုရားအိမ်တော်သားမဆို စွမ်းဆောင်ရရှိသင့်သည့်အရာတစ်ခု ဖြစ်သည်။ ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားသာ မဟုတ်ပေ။

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများအနက် ဒသမအချက်နှင့်ပတ်သက်၍ ယခု သင်တို့ အတော်အတန် ရှင်းလင်းသွားပြီလော။ စည်းမျဉ်းများကို နားလည်ပြီးသည့်နောက်၊ လူတို့သည် ဤအလုပ်ကို လုပ်ဆောင်ရာတွင် ပို၍ အာရုံစိုက်ပြီး စေ့စပ်သေချာသင့်သည်။ ပြီးလျှင် ၎င်းတို့သည် ဤအလုပ်နှင့်ပတ်သက်၍ ပို၍ အားထုတ်သင့်ပြီး မပျင်းရိသင့်ပေ။ ထိုသို့ဆိုလျှင် ၎င်းတို့သည် အခြေခံအားဖြင့် ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနှင့် ဖြုန်းတီးမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ဆိုးယုတ်သောလူများ၏ မတရားသိမ်းယူခြင်းမခံရအောင် ကာကွယ်နိုင်မည် ဖြစ်သည်။ ဤအရာကို စွမ်းဆောင်နိုင်သင့်သည်။ အဘယ်ကြောင့် ယင်းကို စွမ်းဆောင်ရန် လွယ်ကူသည်ဟု ငါပြောရသနည်း။ ဤသည်တို့မှာ လူတိုင်း၏ အိမ်တွင်နေရသည့် နေ့စဉ်ဘဝ၌ ကြုံတွေ့ရနိုင်သည့် ကိစ္စရပ်များ ဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်အိမ်နှင့်ဆိုင်သော ပစ္စည်းများကို စီမံခန့်ခွဲရာတွင် အာရုံစိုက်ဖို့ လွယ်ကူသည်၊ သို့ဖြစ်၍ သင်သည် ဘုရားအိမ်တော်၏ ပစ္စည်းများကို သူ့အိမ်တော်၏ သတ်မှတ်ချက်များအတိုင်း မိမိ၏ ကိုယ်ပိုင်ပစ္စည်းများကဲ့သို့ စောင့်ရှောက်ထိန်းသိမ်းမည်ဆိုလျှင်၊ ၎င်းတို့ကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးမည်ဆိုလျှင်၊ ပြီးလျှင် ပျက်စီးဆုံးရှုံးမှုနှင့် ဖြုန်းတီးမှုတို့ကို လျှော့ချနိုင်လာပြီး ဆိုးယုတ်သောလူများ၏ မတရားသိမ်းယူခြင်းကို ခံရခွင့် မပြုဘဲနေမည်ဆိုလျှင် သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းနေခြင်း ဖြစ်ပေမည်။ ဤအလုပ်သည် ၎င်း၏သဘောသဘာဝအရ အထွေထွေ အရေးကိစ္စများနှင့်ဆိုင်သည့် လုပ်ငန်းဆောင်တာတစ်ခု ဖြစ်ပုံရသည်။ အဘယ်ကြောင့် ယင်းကို အထွေထွေအရေးကိစ္စများနှင့်ဆိုင်သည့် လုပ်ငန်းဆောင်တာတစ်ခုဟု ငါတို့ ခေါ်ရသနည်း။ ယင်းတွင် ရုပ်ဝတ္ထုပစ္စည်းများကို စီမံခန့်ခွဲခြင်း ပါဝင်သည်။ ၎င်းတို့ကို ကောင်းမွန်စွာ စီမံခန့်ခွဲပြီး ခွဲဝေဖြန့်ဖြူးလော့၊ ပြီးလျှင် သင်သည် သင်၏ တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ ထို့အပြင် ဤအလုပ်၏ စည်းမျဉ်းမှာ အတော်လေး ရိုးရှင်းသည်။ ယင်းတွင် စည်းမျဉ်းတစ်ခုတည်းသာ ပါဝင်ပြီး ခက်ခဲရှုပ်ထွေးသော သမ္မာတရားများ မပါဝင်ပေ။ သို့ဖြစ်၍ လူတစ်ဦး၌ ဝန်တာတစ်ခုရှိပြီး စိတ်ထားမှန်ကန်သရွေ့ ၎င်းတို့သည် သမ္မာတရားများစွာကို နားလည်ရန် မလိုအပ်ဘဲ၊ ပြီးလျှင် ၎င်းတို့အား သမ္မာတရားများစွာကို မိတ်သဟာယဖွဲ့ပေးရန် မလိုအပ်ဘဲ ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် ဤအလုပ်သည် တစ်ခုတည်းသော တာဝန်ဖြစ်ပြီး အထွေထွေ အရေးကိစ္စများနှင့်ဆိုင်သည့် လုပ်ငန်းဆောင်တာတစ်ခု ဖြစ်သည်။ ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် လုပ်ဆောင်ရန် လွယ်ကူသော အလုပ်ဖြစ်သည်။ သင့်အနေဖြင့် ဝီရိယ အနည်းငယ် ပိုရှိသရွေ့၊ မေးခွန်းများ ပိုမေးသရွေ့၊ စုံစမ်းမေးမြန်းမှုများ ပိုပြုလုပ်သရွေ့၊ ပို၍ အရေးတယူရှိသည့်အပြင် စိတ်ထားမှန်ကန်သရွေ့ ယင်းကို လုပ်ဆောင်နိုင်သည်။ ယင်းမှာ လုံးဝ ခက်ခဲရှုပ်ထွေးခြင်း မရှိပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများအနက် ဒသမအချက်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို အဆုံးသတ်ပြီးပြီဖြစ်သည်။ ယင်းမှာ ထိုမျှ ရိုးရှင်းပေသည်။

ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများနှင့် စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များ၏ သဘောထားနှင့် သရုပ်သကန်များ

ယခုတွင် သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဤတာဝန်ဝတ္တရားကို နားလည်ပြီးဖြစ်သဖြင့် ယင်းနှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များ ဤအလုပ်ကို ထမ်းဆောင်သည့်အခါ ပြသသည့် သရုပ်သကန်များကိုလည်းကောင်း၊ ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် သတ်မှတ်နိုင်စေသည့် မည်သည့်အရာများအား ၎င်းတို့လုပ်ဆောင်သည်ကိုလည်းကောင်း ဆက်လက်၍ စိတ်ဖြာလေ့လာဆွေးနွေးသွားမည် ဖြစ်သည်။ ပထမဦးစွာ အယောင်ဆောင်ခေါင်းဆောင်များက ဤအလုပ်ကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် ပစ္စည်းအမျိုးမျိုးကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းနိုင်စွမ်း မရှိကြပေ။ ပစ္စည်းမျိုးစုံနှင့် ပတ်သက်လာသည့်အခါ စောင့်ရှောက်ထိန်းသိမ်းခြင်းသည် အရေးကြီးသော အလုပ်၏ ပထမဆုံးအချက် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့လုပ်ဆောင်သမျှ အရာတိုင်းတွင် ကမောက်ကမဖြစ်ကြသည်။ သမ္မာတရားနှင့်လည်းကောင်း၊ ယင်းနှင့်သက်ဆိုင်သော စည်းမျဉ်းအမျိုးမျိုးနှင့်လည်းကောင်း ပတ်သက်လာသည့်အခါ၊ ရှုပ်ထွေးနောက်ကျိနေသည့်အပြင်၊ ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် ပတ်သက်လာလျှင်လည်း အလားတူ ကမောက်ကမဖြစ်ကြသည်။ ထိုပစ္စည်းများကို စီမံခန့်ခွဲရန် မည်သို့သောလူစားမျိုးကို ရှာဖွေရမည်ကိုဖြစ်စေ၊ ယင်းတို့အား မည်သည့်နည်းလမ်းဖြင့် စောင့်ရှောက်ထိန်းသိမ်းသင့်သည်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ ၎င်းတို့တွင် ဤအလုပ်ကို လုပ်ဆောင်ရန် အသေးစိတ်ကျသော အဆင့်များကို မဆိုထားနှင့်၊ တိကျသော ပန်းတိုင်များ မရှိသည့်အပြင် တိကျသော အစီအစဉ်များလည်း မရှိပေ။ အကယ်၍ ဒုက္ခခံလိုသူတစ်စုံတစ်ဦး ရှိပါက ဤပစ္စည်းများကို စောင့်ရှောက်ထိန်းသိမ်း၍ရနိုင်သည်။ မရှိပါက အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ဤပစ္စည်းများကို ပေါ့ပေါ့ဆဆ ဘေးဖယ်ထားခွင့်ပြုလေသည်။ ၎င်းတို့သည် ထိုပစ္စည်းများကို စောင့်ရှောက်ထိန်းသိမ်းခြင်း၏ တိကျသောစည်းမျဉ်းများကို မိတ်သဟာယဖွဲ့ရန် မဆိုထားနှင့်၊ စောင့်ရှောက်ထိန်းသိမ်းရန် သင့်တော်သောလူတစ်ဦးကို မရှာဖွေသည့်အပြင်၊ သိုလှောင်ရန် သင့်တော်သောနေရာတစ်ခုကိုလည်း မရှာဖွေကြပေ။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဤရုပ်ဝတ္ထုပစ္စည်းများနှင့်ဆိုင်သည့် နောင်အနာဂတ် နေရာချထားမှု၊ ပြုပြင်မှုနှင့် ထိန်းသိမ်းမှုတို့အတွက် မည်သည့်အစီအစဉ်ကိုမျှ မပြုလုပ်ကြပေ။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များဆိုလျှင် ဘုရားအိမ်တော်၌ မည်သည့်ပစ္စည်းများ ရှိသည်ဟူသည်နှင့်ပတ်သက်၍ လုံးဝမသိနားမလည်ဖြစ်ကြသည်။ ၎င်းတို့သည် ဤအရာနှင့်ပတ်သက်၍ ဂရုမစိုက်သည့်အပြင်၊ မေးမြန်းခြင်းလည်း မရှိကြပေ။ ဥပမာအားဖြင့် ဘုရားအိမ်တော်က ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်အသစ်များကို ပုံနှိပ်ပြီးဖြစ်သည် ဆိုပါစို့။ ဖြန့်ဝေပြီးနောက် စာအုပ်မည်မျှ ကျန်ရှိသည်၊ ၎င်းတို့ကို သိုလှောင်ရန် မည်သူ့ကို စီစဉ်ပေးထားသည်၊ ၎င်းတို့ကို မည်သို့ သိုလှောင်ပြီး မှန်ကန်သောနေရာတွင် သိုလှောင်ခြင်း ရှိမရှိဟူသည့် ဤအရာများထဲမှ တစ်ခုကိုမျှ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးက သိမည်မဟုတ်သည့်အပြင်၊ ၎င်းတို့အကြောင်းကို မေးမြန်းခြင်း သို့မဟုတ် စုံစမ်းမေးမြန်းခြင်းလည်း ပြုလိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့် ၎င်းတို့ စုံစမ်းမေးမြန်းခြင်း မပြုသနည်း။ ဘုရားအိမ်တော်၏ ရုပ်ဝတ္ထု ပစ္စည်းများကို စောင့်ရှောက်ထိန်းသိမ်းခြင်းသည် သေးငယ်သော ကိစ္စရပ်တစ်ခုဖြစ်သည်ဟုလည်းကောင်း၊ မိမိသည် ခေါင်းဆောင်တစ်ဦး၊ အရေးကြီးသော အရာများကို လုပ်ဆောင်သူ၊ တရားကိုသာ သီးသန့်ဟောသောသူဖြစ်သည်ဟုလည်းကောင်း ၎င်းတို့ ထင်မှတ်ကြသည်။ ၎င်းတို့သည် ဤ “သေးငယ်သော ကိစ္စရပ်များ”ကို လုံးဝ အရေးမစိုက်ဘဲ၊ မည်သည့်အရာကိုမျှ နားမလည်သောလူများ လုပ်ဆောင်ရန် လွှဲအပ်လိုက်ကြပြီး ယင်းတို့ကို ကောင်းမွန်စွာ လုပ်ထားသလော၊ ဆိုးရွားစွာ လုပ်ထားသလောဟူသည်ကို ဂရုမစိုက်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများကို စောင့်ရှောက်ထိန်းသိမ်းခြင်းအလုပ်အား လုံးဝ အလေးအနက်မထားကြပေ။ ဤသည်မှာ အကြောင်းရင်းတစ်ခု ဖြစ်သည်။ အခြားအကြောင်းရင်းမှာ အချို့သော အယောင်ဆောင်ခေါင်းဆောင်များသည် နားဝေတိမ်တောင်ဖြစ်ကြသည်၊ ၎င်းတို့၏ စိတ်များက ရှုပ်ထွေးနေသည်။ ၎င်းတို့တွင် ပုံမှန်အတွေးအခေါ် သို့မဟုတ် အမှုအရာများကို စောင့်ရှောက်ထိန်းသိမ်းရန် အသိအမြင် မရှိကြသည့်အပြင် ဘုရားအိမ်တော်၏ ပစ္စည်းများကို မည်သို့ စောင့်ရှောက်ထိန်းသိမ်းရမည်ဟူသည်နှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်း သို့မဟုတ် လမ်းကြောင်းလည်း မရှိကြပေ။ သို့ဖြစ်၍ ဤအရာများထဲမှ မည်မျှ ပျက်စီးသွားသည်ကို ၎င်းတို့ မသိသည့်အပြင်၊ ဖြုန်းတီးမှုဖြစ်သည့် သာဓကများ ရှိမရှိဟူသည်ကိုလည်း ၎င်းတို့ မသိကြပေ။ အချို့သောအရာများကို ဆိုးယုတ်သောလူများက ယူသွားသည့်အခါ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးက “ထားလိုက်ပါ၊ မည်သို့ပင်ဖြစ်စေ အရာအားလုံးက ဘုရားသခင်၏ လက်ထဲတွင် ရှိပါသည်”ဟု ပြောကြသည်။ အချို့သောအရေးကြီးသည့် ပစ္စည်းများကို တစ်ဦးတလေ၏ အတည်ပြုခြင်းမရှိဘဲ လူပုဂ္ဂိုလ်များက အသုံးပြုကြသည်။ ထိုလူတို့သည် ဤအရာများကို ယူသွားကြပြီး အခြားသူများက ၎င်းတို့၏ အလုပ်တွင် ယင်းတို့ကို အသုံးမပြုနိုင်သည့်အပြင် မည်သူမျှ မတောင်းဝံ့ကြပေ။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးက “ကိစ္စမရှိပါ။ အသစ်တစ်ခုသာ ဝယ်လိုက်ပါ။ သူတို့က ထိုပစ္စည်းကို ယူသွားသည်။ ထို့ကြောင့် သူတို့ကို အရင်သုံးခိုင်းလိုက်ပါ။ ယင်းမှာ ပစ္စည်းတစ်ခုသာဖြစ်သည်။ မည်သူ အသုံးပြုသည်ဖြစ်စေ အတူတူပင်ဖြစ်သည်။ သူတို့က ထိုပစ္စည်းကို သင့်တင့်လျောက်ပတ်စွာ အသုံးမပြုလျှင်၊ သူတို့နှင့် ဘုရားသခင်ကြားက ကိစ္စဖြစ်သည်။ ကျွန်ုပ်တို့ ဝင်စွက်ဖက်ဖို့ မလိုအပ်ပါ” ဟု ပြောလေသည်။ ၎င်းတို့သည် ကြီးသည့်အမှု ငယ်စေ၊ ငယ်သည့်အမှု ပပျောက်စေလျက် ကိစ္စရပ်ကို “ကိုင်တွယ်” ရန်အတွက် ကြီးကျယ်သော အယူဝါဒတစ်ခုအား မည်သို့ ဟောပြောသည်ကို ကြည့်လော့။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို စောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့၏ တာဝန်ဝတ္တရားများထဲမှ တစ်ခုကိုမျှ မဖြည့်ဆည်းကြပေ။ ၎င်းတို့သည် ထိုအရာနှင့်ပတ်သက်၍ ဂရုမစိုက် သို့မဟုတ် မေးမြန်းခြင်းမရှိကြသည့်အပြင်၊ မည်သည့်ပြဿနာကိုမျှ ဖြေရှင်းခြင်း သို့မဟုတ် ကိုင်တွယ်ခြင်း မပြုကြပေ။ အထက်က ၎င်းတို့၏ အလုပ်ကို စုံစမ်းစစ်ဆေးသည့်အခါမှာပင် ၎င်းတို့သည် ဝေ့လည်ကြောင်ပတ်ပြောဆိုပြီး ပြီးစလွယ်လုပ်လိုက်ကြကာ ထိုမျှနှင့် ပြီးသွားလေသည်။

အချို့သော ညီအစ်ကိုမောင်နှမများသည် ဘုရားအိမ်တော်တွင် အသုံးပြုရန် စက်ပစ္စည်းများ၊ အဝတ်အစားများနှင့် ဆေးဝါးများကို ဝယ်ယူကြပြီး အယောင်ဆောင်ခေါင်းဆောင်တစ်ဦးက ထိုပစ္စည်းများကို မြင်သည့်အခါ ထိုပစ္စည်းများထဲမှ ကောင်းသော အဝတ်အစားများ၊ ဖိနပ်များနှင့် အိတ်များကို မိမိတို့အတွက် ရွေးယူကြကာ ၎င်းတို့ကိုယ်တိုင် မလိုအပ်သော လက်ကျန်ပစ္စည်းများကိုသာ အခြားသူများအား ယူခွင့်ပြုသည်။ ၎င်းတို့ဦးဆောင်သည့် လက်ပါးစေ လူ့ဗာလများက ဤသည်ကို မြင်သည့်အခါ “ကျွန်ုပ်တို့ခေါင်းဆောင်က သူလိုချင်သည့်အရာကို ရွေးပြီးပြီဖြစ်သည်။ ယခု ကျွန်ုပ်တို့အလှည့်ဖြစ်သည်။ ကျွန်ုပ်တို့ပြီးလျှင် ကျန်သည့် တန်ဖိုးမရှိသော ပစ္စည်းများကို ကျွန်ုပ်တို့အောက်က ညီအစ်ကိုမောင်နှမများထံ ပစ်ပေးလိုက်မည်”ဟု ပြောကြသည်။ မည်သူ့လက်ထဲသို့ ဤအရာများ ကျရောက်သည်ဖြစ်စေ ထိုသူကပိုင်ဆိုင်သွားပြီး မည်သူမျှ မကြိုက်သည့် ကျန်ရှိသော ပစ္စည်းများကို ဘေးတွင် ပစ်ထားကာ မည်သူမျှ စောင့်ရှောက်ထိန်းသိမ်းခြင်း မရှိပေ။ သို့ဖြစ်၍ ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးတို့ကို စောင့်ရှောက်ထိန်းသိမ်းရန် အမည်ခံအားဖြင့် နေရာများရှိသော်လည်း အမှန်တကယ်တွင် ယင်းတို့ကို လုံးဝ စောင့်ရှောက်ထိန်းသိမ်းထားခြင်း မရှိပေ။ ထိုနေရာများသည် မည်သူတစ်ဦးတစ်ယောက်မျှ စီမံခန့်ခွဲခြင်း လုံးဝမရှိသော အမှိုက်ပုံများသာ ဖြစ်နေသည်။ ၎င်းတို့သည် ပစ္စည်းများကို နေရာတစ်ခုတွင် ပစ်ထားပြီး ပုံထားခွင့်သာပြုလိုက်ကြသည်။ အဝတ်အစားများ၊ ဖိနပ်များနှင့် ခြေအိတ်များ၊ ဆေးဝါးများနှင့် အီလက်ထရောနစ်ပစ္စည်းများအပြင် နေ့စဉ်သုံးပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများ ရှိသည်။ ယင်းမှာ တိုလီမိုလီမျိုးစုံပါဝင်သည့် ရှုပ်ပွနေသည့်အပုံဖြစ်ပြီး လူအတွက် အစားအစာနှင့် ခွေးအတွက် အစာများပင် ရောနှောနေသည်။ အကယ်၍ သင်သည် ဤအရာများကို မည်သူ စီမံခန့်ခွဲနေသည်ကိုလည်းကောင်း၊ ယင်းတို့အား အမျိုးအစားခွဲခြင်း ရှိမရှိကိုလည်းကောင်း၊ သို့မဟုတ် ဤအရာများအတွက် ညွှန်ကြားချက်များ ရှိမရှိနှင့် ယင်းတို့အား မည်သို့ စောင့်ရှောက်ထိန်းသိမ်းရန် လိုအပ်သည်ကိုလည်းကောင်း၊ သို့မဟုတ် ဤအရာများကို ဘုရားအိမ်တော်၏ အလုပ်အတွက် မလိုအပ်ပါက ညီအစ်ကိုမောင်နှမများ လိုအပ်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း မေးမြန်းပါက အဖြေကို မည်သူမျှ မသိပေ။ ညီအစ်ကိုမောင်နှမများက မသိခြင်းမှာ အတော်လေး ပုံမှန်ဖြစ်သော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များသည်လည်း ဤမေးခွန်းများထဲမှ မည်သည့်အရာအတွက်မျှ အဖြေမရှိကြပေ။ ၎င်းတို့သည် ဤအရာများအတွက် တာဝန်ယူခြင်း လုံးလုံး မရှိကြပေ။ ၎င်းတို့က “ကျွန်ုပ် မသိပါ” ဟုဖြစ်စေ၊ “တစ်စုံတစ်ယောက်က ဤအရာကို တာဝန်ယူထားပါသည်” ဟုဖြစ်စေ ပြောဆိုလျက် သင့်ကို လွှတ်လိုက်ကာ ဘုရားအိမ်တော်ကို လှည့်စားကြသည်။ ဤအရာက ဤပြဿနာများကို မပြေမလည် ဖြစ်သွားစေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို စီမံခန့်ခွဲရန် သင့်တော်သောလူများကို ရှာဖွေဖို့ မခက်ခဲပေ၊ ဟုတ်ပါသလော။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာများကို ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းရန်၊ ကောင်းသော မှတ်တမ်းများ ထားရှိရန်နှင့် ၎င်းတို့ကို ကောင်းစွာ အမျိုးအစားခွဲထားရန်အတွက် သစ္စာစောင့်သိသောသူတစ်ဦးကို ရှာဖွေခြင်းဟူသည့် ရိုးရှင်းသော အလုပ်ကိုပင် မလုပ်ဆောင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ညီအစ်ကိုမောင်နှမများက ဘုရားအိမ်တော်သို့ အဝတ်အစားများ သို့မဟုတ် နေ့စဉ်သုံးပစ္စည်းများကို ပူဇော်ဆက်ကပ်ပြီးဖြစ်ကာ အယောင်ဆောင်ခေါင်းဆောင်များက ဤပစ္စည်းများကို မြင်သည့်အခါ အသားကို အတူတကွ ကိုက်ဖြတ်စားသောက်နေသည့် ဆာလောင်နေသော ဝံပုလွေတစ်အုပ်ကဲ့သို့ ထိုပစ္စည်းများအနားတွင် ၎င်းတို့ ဝိုင်းအုံနေကြလေသည်။ ၎င်းတို့သည် မိမိတို့နှင့် လိုက်ဖက်သည့် မည်သည့်အဝတ်အစားကိုမဆို အကြိမ်ကြိမ်အခါခါ စမ်းဝတ်ကြပြီး မိမိတို့အတွက် ပစ္စည်းများကို မပြီးနိုင်မဆုံးနိုင် ရွေးထုတ်နေကြသည်။ ဘုရားအိမ်တော်က အရေးကြီးပြီး ဈေးကြီးသော စက်ပစ္စည်းအမျိုးမျိုးကို ဝယ်ယူသည့်အခါ ၎င်းတို့သည် မိမိတို့အတွက် ကောင်းသော ပစ္စည်းများကို ဦးစွာ ရွေးထုတ်ရန် အလုအယက် ပြေးကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် ကောင်းသော ပစ္စည်းများကို ရွေးထုတ်ကြသနည်း။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် ဘုရားအိမ်တော်၏ ပစ္စည်းများအပေါ် ဦးစားပေး အသုံးပြုခွင့် ရှိသည်ဟု ၎င်းတို့ ထင်မှတ်ကြသည်။ ဘုရားအိမ်တော်က မည်သည့်ပစ္စည်းကိုမဆို ထုတ်ပေးပါစေ ၎င်းတို့က အကောင်းဆုံးပစ္စည်းများကို ဦးစွာ အမြဲ ရွေးချယ်ကြသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ ပစ္စည်းများကို ၎င်းတို့ သဘောထားပုံ ဖြစ်သည်။ ဤသည်မှာ အလုပ်လုပ်ခြင်းလော။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်တစ်ခု မဟုတ်လော။ သက်တမ်းကုန်ဆုံးရက်ရှိသော ပစ္စည်းများနှင့် ပတ်သက်လာသည့်အခါ၊ ဥပမာအားဖြင့် အစားအစာနှင့် ဆေးဝါးများဖြစ်လျှင် အယောင်ဆောင်ခေါင်းဆောင်များက လုံးဝ ဂရုမစိုက်ကြပေ။ ၎င်းတို့ကို စီမံခန့်ခွဲရန် သင့်တော်သော လူပုဂ္ဂိုလ်များကို ၎င်းတို့ မရှာဖွေသည့်အပြင်၊ ထိုလူပုဂ္ဂိုလ်များကိုလည်း “ဤပစ္စည်းများထဲမှ အချို့တွင် သက်တမ်းကုန်ဆုံးရက်များ ရှိသည်၊ ထို့ကြောင့် ၎င်းတို့ကို ချက်ချင်း မှတ်တမ်းတင်ထားလော့။ ၎င်းတို့ကို သက်တမ်းမကုန်ဆုံးမီ ညီအစ်ကိုမောင်နှမများထံ ခွဲဝေပေးရန် အလျင်အမြန်လုပ်ဆောင်လော့၊ သို့မှသာ ၎င်းတို့ကို သင့်တင့်လျောက်ပတ်စွာ အသုံးပြုနိုင်မည်ဖြစ်သည်၊ သက်တမ်းကုန်ဆုံးသည်အထိ မစောင့်နှင့်၊ ဖြုန်းတီးမှုဖြစ်မသွားစေနှင့်”ဟု မပြောဆိုကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာများကို မည်သည့်အခါမျှ မလုပ်ဆောင်ကြပေ။ တစ်စုံတစ်ခုက သက်တမ်းကုန်ဆုံးသွားသည့်အခါ ၎င်းတို့သည် ယင်းကို ပစ်ရုံပစ်ထားလိုက်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဘုရားအိမ်တော်၌ အလုပ်လုပ်သည့်အခါ အတိအကျပြောရလျှင် ၎င်းတို့သည် ဘုရားအိမ်တော်၏ ဘဏ္ဍာစိုးများ ဖြစ်သင့်သည်။ ၎င်းတို့ လုပ်ဆောင်သင့်သည့် ပထမဆုံးအရာမှာ ဘုရားအိမ်တော်၏ ပစ္စည်းများကို ကောင်းမွန်စွာ သင့်တင့်လျောက်ပတ်စွာ စောင့်ရှောက်ထိန်းသိမ်းရန်၊ ၎င်းတို့အပေါ် စေ့စေ့စပ်စပ် ကြည့်ရှုစောင့်ကြပ်ရန်နှင့် ဤကိစ္စနှင့်ပတ်သက်၍ သင့်တော်သော စိစစ်မှုကို ဆောင်ရွက်ရန် ဖြစ်သည်။ ဤသည်မှာလည်း ဘုရားအိမ်တော်၏ အလုပ်၏ အခြေခံကျသော အချက်တစ်ခု ဖြစ်သော်လည်း အယောင်ဆောင်ခေါင်းဆောင်များက ဤသို့သော အခြေခံကျသည့် အလုပ်ကိုပင် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်ကြသလော၊ ညံ့ဖျင်းသည့် အစွမ်းအစရှိပြီး ဉာဏ်ထိုင်းနေကြသလော။ သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံး မှန်ကန်ခြင်း မရှိကြသလော။ အကယ်၍ ၎င်းတို့သည် ဉာဏ်ထိုင်းပြီး နားဝေတိမ်တောင်ဖြစ်နေပါက မိမိတို့ကိုယ်တိုင်အတွက် ကောင်းသော ပစ္စည်းများကို ရွေးထုတ်ရန် မည်သို့သိရှိကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းများကို လက်မလွှတ်ကြသနည်း၊ သို့မဟုတ် အခြားလူများကို သာမန်ကာလျှံကာ မပေးသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းများကို မဖျက်ဆီးသနည်း၊ သို့မဟုတ် မပျက်စီးစေသနည်း။ ပြီးလျှင် အဘယ်ကြောင့် ဤသည်မှာ ဘုရားအိမ်တော်၏ ပစ္စည်းများအပေါ် ၎င်းတို့၏ သဘောထား ဖြစ်နေရသနည်း။ သိသာထင်ရှားစွာပင်၊ ၎င်းတို့သည် ကိုယ်ကျင့်တရား ကင်းမဲ့ပြီး ၎င်းတို့၏ စိတ်နှလုံး မှန်ကန်ခြင်း မရှိပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များ အဆင့်အတန်း ရရှိပြီး ဘုရားအိမ်တော်၏ အလုပ်နှင့်ဆိုင်သည့် ပိုမိုကျယ်ပြန့်သော နယ်ပယ်ကို ထိတွေ့လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးနှင့် အများပိုင် ပစ္စည်းများကို ဦးစားပေး ရယူခွင့်ရကြပြီး ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့က အသိဆုံးဖြစ်ကြသည်။ သို့သော်လည်း ၎င်းတို့က ထိုအရာများကို လျစ်လျူရှုကြသည်၊ ကောင်းမွန်စွာ မစောင့်ရှောက်ထိန်းသိမ်းကြသည့်အပြင်၊ မည်သူ့ကိုမဆို အသုံးပြုခွင့်နှင့် ယူငင်ခွင့်ပြုကြသည်။ ၎င်းတို့သည် ယင်းတို့ကို ဂရုစိုက်လိုသူ မည်သူ့ကိုမဆို ထိုသို့လုပ်ဆောင်ခွင့်ပြုရုံပြုလိုက်ကြပြီး၊ အကယ်၍ တစ်စုံတစ်ဦးက ဂရုစိုက်လိုခြင်းမရှိသည့်အပြင် တာဝန်မဲ့နေလျှင်၊ ၎င်းတို့က ဂရုမစိုက်သည့်အပြင်၊ တစ်စုံတစ်ဦးတွင် ပြဿနာတစ်ခုရှိသည်ကို ၎င်းတို့ သိရှိလျှင်ပင် မဖြေရှင်းကြပေ။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။ ဤအချိန်တွင်၊ အယောင်ဆောင်ခေါင်းဆောင်များသည် အစွမ်းအစညံ့ဖျင်းပြီး ဝန်တာစိတ် မရှိသည့်အပြင် စိတ်နှလုံး မှန်ကန်ခြင်းမရှိ၊ ကိုယ်ကျင့်စရိုက်လည်း ညံ့ဖျင်းကြသည်ဟူ၍ ငါတို့ ကောက်ချက်ချပြီး ဖြစ်သည်။ ဤခေါင်းဆောင်များသည် အစွမ်းအစညံ့ဖျင်းပြီး သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သည့်အတွက်၊ သမ္မာတရားနှင့် အသက်ဝင်ရောက်မှု ပါဝင်သော အလုပ်တွင် ညံ့ဖျင်းစွာ လုပ်ဆောင်ခြင်းမှာ နားလည်၍ရနိုင်သည်။ ပြီးလျှင် ၎င်းတို့သည် အစွမ်းအစညံ့ဖျင်းပြီး အလုပ်လုပ်နိုင်စွမ်း မရှိသောကြောင့် စီမံအုပ်ချုပ်ရေးပါဝင်သော အလုပ်တွင် ညံ့ဖျင်းစွာ လုပ်ဆောင်ခြင်းသည်လည်း သည်းခံ၍ရနိုင်သည့်အရာတစ်ခု ဖြစ်သည်။ သို့သော် အနိမ့်ဆုံးဖြစ်ပြီး အရိုးရှင်းဆုံးအလုပ်ဖြစ်သည့် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို စီမံခန့်ခွဲခြင်းပါဝင်သော အလုပ်ကိုပင် မလုပ်ဆောင်နိုင်ခြင်းက တစ်စုံတစ်ခုကို ပို၍ပင် ရှင်းလင်းစွာ ဖော်ပြသည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များအတွက် ၎င်းတို့၏ ပြဿနာသည် အစွမ်းအစညံ့ဖျင်းပြီး ဝန်တစ်ခုကို မထမ်းဆောင်ခြင်းလောက် ရိုးရှင်းခြင်း မရှိပေ။ ထို့ထက်ပို၍ပင် ၎င်းတို့သည် အထူးသဖြင့် ကိုယ်ကျင့်စရိုက်နိမ့်ကျပြီး လူ့သဘာဝ ညံ့ဖျင်းကြခြင်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဒသမမြောက် တာဝန်ဝတ္တရားအပေါ် ငါတို့၏ မိတ်သဟာယမှတစ်ဆင့် အယောင်ဆောင်ခေါင်းဆောင်များ၏ နောက်ထပ် သရုပ်သကန်တစ်ခု ထုတ်ဖော်ခံရပြီးဖြစ်သည်။ ၎င်းတို့သည် မည်သည့် ဝန်ထုပ်မျှမထမ်းသည့် အစွမ်းအစညံ့ဖျင်းပြီး ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုကို မွေ့လျော်ခံစားရုံခံစားကြသည် မဟုတ်ပေ။ ၎င်းတို့သည် ကိုယ်ကျင့်စရိုက်လည်း မကောင်းကြသည့်အပြင်၊ ၎င်းတို့၏ စိတ်နှလုံးလည်း မှန်ကန်ခြင်း မရှိပေ။ မိမိတို့၏ ပစ္စည်းများမဟုတ်သည့် အရာများကို ၎င်းတို့ စိုးစဉ်းမျှ အရေးမလုပ်ကြပေ၊ ယင်းတို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းပင် မပြုကြပေ။ သင်သည် ဘုရားအိမ်တော်၏ ဘဏ္ဍာစိုးအဖြစ် ခန့်အပ်ခြင်းခံရသော်လည်း ကျွေးသည့်လက်ကို ပြန်ကိုက်ပြီး ဘုရားအိမ်တော်ကို ကပ်စားနေစဉ်တွင် ထိုအိမ်တော်၏အကျိုးစီးပွားများကို ကာကွယ်ခြင်း မရှိပေ။ သင်သည် ဘုရားအိမ်တော်၏ ပစ္စည်းများကို အပြင်လူများ ပိုင်ဆိုင်သည့်အလား ဘေးတွင် သာမန်ကာလျှံကာ ပစ်ထားပြီး စောင့်ရှောက်ထိန်းသိမ်းခြင်း မရှိသည့်အပြင် ယင်းတို့က အရေးမကြီးဟု သင်ထင်သည်။ ဤသည်မှာ သင်၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် ပျက်ကွက်ခြင်းမဟုတ်။ သင်၏ လူ့သဘာဝနှင့်ပတ်သက်သည့် ပြဿနာတစ်ခုဖြစ်သည်၊ ကိုယ်ကျင့်တရား ကြီးစွာ ကင်းမဲ့ခြင်းပင်တည်း။ ၎င်းတို့ စောင့်ရှောက်ထိန်းသိမ်းသင့်သည့် အရာများကို ညံ့ဖျင်းစွာ စောင့်ရှောက်ထိန်းသိမ်းခြင်း သို့မဟုတ် မစောင့်ရှောက်မထိန်းသိမ်းခြင်းက အယောင်ဆောင်ခေါင်းဆောင်များတွင် လူ့သဘာဝမရှိကြောင်းနှင့် ၎င်းတို့၏ စိတ်နှလုံး မှန်ကန်ခြင်းမရှိကြောင်းကို ညွှန်ပြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ပစ္စည်းများကိုပင် ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းနိုင်ခြင်း မရှိကြပေ။ သို့ဖြစ်၍ ထိုပစ္စည်းများကို ၎င်းတို့အား ခွဲဝေဖြန့်ဖြူးခိုင်းပါက ၎င်းတို့ သင့်တင့်လျောက်ပတ်စွာလုပ်ဆောင်နိုင်မည်လော။ ၎င်းတို့သည် စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ခြင်းကို ပို၍ပင် စံမီခြင်း မရှိပေ။ ဘုရားအိမ်တော်၏ ပစ္စည်းများက သာမန်ကာလျှံကာ ပစ်ထားခြင်း၊ ပျက်စီးစေခြင်းနှင့် ဖြုန်းတီးခြင်းတို့ ခံရသည်ကိုလည်းကောင်း၊ ထိုပစ္စည်းများအား စီမံခန့်ခွဲရန် တော်တတ်သောလူတစ်ဦးမျှ မရှိသည်ကိုလည်းကောင်း ၎င်းတို့ မြင်ကြပြီး ထိုသို့လုပ်ဆောင်ခြင်းက မမှန်ကန်ကြောင်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်ကောင်းစွာ သိကြသော်လည်း၊ ဤအရာကို ၎င်းတို့ မကိုင်တွယ်ကြပေ။ ယင်းမှာ စိတ်နှလုံး မမှန်ကန်ခြင်း ဖြစ်သည်။ စိတ်နှလုံး မမှန်ကန်သော ထိုလူဖျင်းများသည် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေဖြန့်ဖြူးနိုင်ကြသလော။ ထိုသို့လုပ်ဆောင်ရန် ၎င်းတို့ သာ၍ပင် မတတ်နိုင်ကြပေ။ အကယ်၍ သင်က ၎င်းတို့အား ဤပစ္စည်းများကို ခွဲဝေဖြန့်ဖြူးစေပါက၊ ၎င်းတို့သည် ကိုယ်ကျင့်တရား သာ၍ပင် ကင်းမဲ့သော အရာများကို လုပ်ဆောင်ကြလိမ့်မည်။

ခွေးမွေးသော လယ်တောအသင်းတော်တစ်ခုတွင် ထိုခွေးများကို မွေးမြူရန် တာဝန်ရှိသူသည် မွေးကင်းစ ခွေးကလေးများကို အလွန်ဂရုစိုက်သည်။ ခွေးကလေးများက လိုအပ်သောအာဟာရ မရရှိမည်ကို ၎င်းတို့က စိုးရိမ်သောကြောင့် ခွေးများစားရန်အတွက် အော်ဂဲနစ် ကြက်ဥများကို လျှောက်ထားခဲ့သည်။ ထိုနေရာရှိ အယောင်ဆောင်ခေါင်းဆောင်သည် ထိုတောင်းဆိုချက်ကို ချက်ချင်းပင် လက်မှတ်ထိုးခွင့်ပြုခဲ့သည်။ အော်ဂဲနစ် ကြက်ဥများ မည်မျှရှားပါးသည်ကို ၎င်းတို့ မစဉ်းစားခဲ့ပေ။ လူများစားရန်ပင် မလုံလောက်ပေ။ သို့ဖြစ်၍ အဘယ်ကြောင့် ၎င်းတို့က ခွေးများကို ပေးရမည်နည်း။ ဤသည်မှာ ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် အဓိပ္ပာယ်မရှိသောနည်းလမ်းတစ်ခု မဟုတ်လော။ ထိုအယောင်ဆောင်ခေါင်းဆောင်၏ ဤအပြုအမူနှင့်ဆိုင်သည့် သဘောသဘာဝမှာ အဘယ်အရာဖြစ်သနည်း။ ယင်းကို မည်သို့ သတ်မှတ်ရမည်နည်း။ ထိုအယောင်ဆောင်ခေါင်းဆောင်၏ ဤလုပ်ဆောင်ချက်သည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ထိုအယောင်ဆောင်ခေါင်းဆောင်သည် ပါးစပ်ဖွင့်လိုက်တိုင်း အစဉ်သဖြင့် ပြောဆိုသည့်အရာမှာ လူတို့၏ အကြိုက်များနှင့် ကိုက်ညီသော အယူဝါဒများဖြစ်သော်လည်း အမှန်တွင် ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို အနည်းငယ်မျှပင် နားမလည်ကြပေ။ သို့ဖြစ်၍ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် ယင်းကို လူ၏ စိတ်ကူးများ၊ အကြိုက်များနှင့် ခံစားချက်အရဖြစ်သော ဆန္ဒများအတိုင်း ချဉ်းကပ်ပြီး ကိုင်တွယ်ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ခွေးများကို အော်ဂဲနစ် ကြက်ဥများ ကျွေးခြင်းကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းသော အရာတစ်ခုကို လုပ်မိကြတော့သည်။ ဤသို့သော ဘုရားအိမ်တော်၏ ပစ္စည်းများကို ထိုအယောင်ဆောင် ခေါင်းဆောင်၏ ခွဲဝေခြင်းအား သင့်တင့်လျောက်ပတ်သည်ဟု မှတ်ယူနိုင်သလော။ (မမှတ်ယူနိုင်ပါ။) အဘယ်ကြောင့် ၎င်းတို့သည် သင့်တင့်လျောက်ပတ်သော ခွဲဝေမှုကို စွမ်းဆောင်ရရှိနိုင်ခြင်းမျိုး မရှိရသနည်း။ အပေါ်ယံအားဖြင့် အယောင်ဆောင်ခေါင်းဆောင်သည် ဤအလွန်သေးငယ်သော ကိစ္စရပ်တွင်ပင် ဝင်ရောက်စွက်ဖက်ခြင်း၊ ဂရုစိုက်ခြင်းနှင့် ဆက်လက်စောင့်ကြည့်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟုလည်းကောင်း၊ ဤလျှောက်လွှာကို ထောက်ခံရန် ၎င်းတို့တွင် လုံလောက်သော အကြောင်းရင်းနှင့် အကြောင်းပြချက်များ ရှိခဲ့သည်ဟုလည်းကောင်း ထင်ရသည်။ သို့သော် ၎င်းတို့သည် စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နေခဲ့ခြင်း ဖြစ်သလော။ ၎င်းတို့သည် ဘုရားအိမ်တော်က သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သလော။ မဟုတ်ပေ။ သို့ဖြစ်၍ ၎င်းတို့၏ ဤလုပ်ရပ်နှင့်ဆိုင်သည့် သဘောသဘာဝကို ကြည့်သည့်အခါ၊ ယင်းမှာ ကောင်းမှုလော သို့မဟုတ် ဒုစရိုက်အမှုလော။ ယင်းမှာ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းလော သို့မဟုတ် တာဝန်ပျက်ကွက်ခြင်းလော။ တာဝန်ပျက်ကွက်ခြင်းဖြစ်ပေသည်၊ ယင်းမှာ စည်းမျဉ်းမဲ့ခြင်းဖြစ်သည်၊ မကောင်းသည့်အရာများကို မဆင်မခြင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤကိစ္စမှတစ်ဆင့် ဤအယောင်ဆောင်ခေါင်းဆောင်၏ လူ့သဘာဝ အနှစ်သာရက မည်သည့်အရာဖြစ်နိုင်မည်ဟု သင် မြင်သနည်း။ ယင်းမှာ နားလည်မှုလွဲချော်ခြင်းနှင့် စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲ အသုံးချခြင်း မဟုတ်လော။ ၎င်းတို့ ပြောဆိုသမျှအရာသည် မှန်ကန်သော အယူဝါဒများဖြစ်ပြီး ယင်း၌ မှားယွင်းသော စကားရပ်တစ်ခုမျှ မပါရှိသည့်အလား ထင်ရသော်လည်း အမှန်တွင်မူ ယင်းမှာ လွဲချော်နေသည်။ ထိုသို့သောလူများသည် ဝိညာဉ်ရေးရာ အယောင်ဆောင်များဖြစ်ပြီး လွဲချော်သော သဘောပေါက်နားလည်မှု ရှိကြသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော အသုံးမကျသူများ ဖြစ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ လူ့သဘာဝမှာ ၎င်းတို့သည် ကိုယ်ကျင့်စရိုက် နိမ့်ကျပြီး ၎င်းတို့၏ စိတ်နှလုံး မမှန်ကန်ကြောင်းကို ငါတို့ ယခုလေးတင် ဖော်ပြခဲ့သည်။ ဘုရားအိမ်တော်၏ ပစ္စည်းများကို ခွဲဝေရမည့် အချိန်ရောက်လာသည့်အခါ ၎င်းတို့တွင် စည်းမျဉ်းများ ကင်းမဲ့ကြပြီး ကြောင်းကျိုးမမြင်ဘဲ ခွဲဝေကြရာ ယင်းက အယောင်ဆောင်ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ သဘောပေါက်နားလည်မှုတွင် လွဲချော်နေကြောင်းနှင့် စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲကျင့်သုံးကြောင်း၊ ပြီးလျှင် ၎င်းတို့၏ လုပ်ရပ်များတွင် စည်းမျဉ်းမဲ့ကြောင်း၊ ၎င်းတို့သည် ကြောင်းကျိုးမမြင်ဘဲ၊ အလျင်းသင့်သလိုသာ လုပ်ဆောင်ကြကြောင်းကို ဖော်ပြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် အပြင်ပန်းတွင် အလွန် စိတ်ကောင်းရှိပြီး ကြင်နာတတ်ပုံရသော်လည်း အမှန်တွင်မူ ဤသည်မှာ အယောင်ဆောင် စေတနာနှင့် အယောင်ဆောင် ကြင်နာမှု ဖြစ်သည်။ ဥပမာအားဖြင့် ခွေးမတစ်ကောင်က ခွေးကလေးများ မွေးသည့်အခါ ခွေးထိန်းက လူများအတွက် ရည်ရွယ်သည့် စောင်အသစ်တစ်ထည်အား ခွေးများကို ပေးသင့်သည်ဟု ၎င်းတို့ ပြောဆိုခဲ့သည်။ ထိုအခါ တစ်စုံတစ်ဦးက “ခွေးများကို စောင်အသစ်တစ်ထည် ပေးခြင်းက နှမြောစရာဖြစ်မည်။ ထိုအစား ညီအစ်ကိုမောင်နှမများအား ပေးပြီး ကျွန်ုပ်တို့ လဲလှယ်လိုက်သည့် စောင်အဟောင်းကို တိရစ္ဆာန်များအား ပေးခြင်းက ပို၍ကောင်းပေမည်”ဟု ပြောဆိုခဲ့သည်။ ဤအကြံပြုချက်ကို သင်မည်သို့ ထင်သနည်း။ အသစ်များကို လူတို့အား ခွဲဝေပေးပြီး အဟောင်းများကို တိရစ္ဆာန်များအား ခွဲဝေပေးခြင်းသည် အတော်လေး သင့်တင့်လျောက်ပတ်သည်။ ဤသည်မှာ စည်းမျဉ်းဖြစ်သည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သော ခွဲဝေမှု ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သောအရာများကို ကြုံတွေ့သည့်အခါ မည်သို့ ကိုင်တွယ်သနည်း။ ဤအရာကို ကြားပြီးနောက် ထိုနေရာရှိ အယောင်ဆောင်ခေါင်းဆောင်က ဤသို့ တွေးဆခဲ့သည်။ “တိရစ္ဆာန်များက အသစ်များကို သုံးလေ့သုံးထမရှိပါ။ အဟောင်းများ၊ ညစ်ပတ်သော ပစ္စည်းများကိုပဲ သူတို့အမြဲ သုံးနေရသည်။ ငါတို့လူများကမူ အသစ်များကို အမြဲ သုံးကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ငါတို့သည် တစ်ခါတစ်ရံတွင် ဝက်များ၊ ခွေးများလောက်ပင် မကောင်းဟု ပြောထားသည်။ ထို့ကြောင့် အရာဝတ္ထုပစ္စည်းများအတွက် ဝက်များ၊ ခွေးများနှင့် မလုကြနှင့်။ ဤသည်မှာ လူ့သဘာဝကင်းမဲ့ခြင်း ဖြစ်သည်” ဟူ၍ ဖြစ်သည်။ သို့ဖြင့် ၎င်းတို့သည် စောင်အသစ်ကို ထိုတိရစ္ဆာန်များအား ပေးလိုက်ကြတော့သည်။ ထိုနေရာရှိ လူများသည် စောင်အဟောင်းတစ်ထည်ကို အသုံးပြုခြင်းဖြင့် ဆုံးရှုံးမှု မရှိနိုင်သော်လည်း ဤအရာကို ကိုင်တွယ်ခဲ့သည့် နည်းလမ်းသည် ပြဿနာကို အလွန်ပင် ထင်ရှားစေသည်။ ဤကိစ္စတွင် အယောင်ဆောင်ခေါင်းဆောင်သည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သနည်း။ သာမန်လူများသည် ထိုသို့သောအရာတစ်ခု လုပ်ဆောင်နိုင်မည်ဟု သင်တို့ ပြောမည်လော။ (ပြောမည် မဟုတ်ပါ။) သို့ဆိုလျှင် ဤကိစ္စကို ကိုင်တွယ်စဉ်တွင် အခြေအနေများကို ဤအဆင့်အထိ ရောက်ရှိစေမည့်သူများမှာ မည်သည့်လူစားမျိုးများ ဖြစ်သနည်း။ (သာမန်လူများ၏ ဆင်ခြင်တုံတရား သို့မဟုတ် တွေးခေါ်မှု ကင်းမဲ့သော အဓိပ္ပာယ်မဲ့သည့် လူစားမျိုးများ ဖြစ်ပါသည်။) ဤအဖြေများအားလုံး မှန်ကန်သည်၊ ထိုလူများသည် ဘာမှမဟုတ်သောသူများ ဖြစ်ကြသည်။ သာမန်လူများသည် ဤကဲ့သို့သော အရာတစ်ခုကို ကြုံတွေ့သည့်အခါ ယင်းကို သင့်တင့်လျောက်ပတ်စွာ မည်သို့ ကိုင်တွယ်ရမည်ကို သိကြသော်လည်း လွဲချော်သော သဘောပေါက်နားလည်မှုရှိသည့် အယောင်ဆောင် ဝိညာဉ်ရေးရာ ခေါင်းဆောင်များမှာမူ ယင်းအား မည်သို့ ကိုင်တွယ်ရမည်ကို မသိကြပေ။ ၎င်းတို့၏ ကိုင်တွယ်ပုံသည်လည်း အခြေခံတစ်ခု ရှိပုံရပြီး ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်လည်း ကိုက်ညီပုံရကာ များပြားသည့်၊ သင့်တင့်လျောက်ပတ်သော ကျိုးကြောင်းပြချက်များဖြင့် ထောက်ခံထားပုံရသော်လည်း လူတို့က ယင်းကို ကြားပြီးနောက်တွင် ရယ်ရအခက် ငိုရအခက် ဖြစ်သွားကြရသည်၊ ယင်းမှာ အလွန်ပင် ရယ်ဖွယ်ဖြစ်ပေသည်။ ဤသို့ ရိုးရှင်းပြီး ထင်ရှားသော ဆင်ခြင်တွေးခေါ်မှုစနစ်ကိုပင် ၎င်းတို့ နားမလည်နိုင်သည်မှာ အဘယ်သို့ဖြစ်သနည်း။ ၎င်းတို့သည် ယင်းကို ဤသို့လွဲချော်သောနည်းဖြင့် အဘယ်ကြောင့် ကိုင်တွယ်ကြသနည်း။ ယင်းမှာ စက်ဆုပ်ဖွယ်ကောင်းလှသည်။ အကယ်၍ သင်က ၎င်းတို့ကို ဘဏ္ဍာထိန်းများအဖြစ် ဆောင်ရွက်စေပါက ၎င်းတို့သည် ခွေးများကို ကြွက်ဖမ်းခိုင်းမည်၊ ကြောင်များကို အိမ်စောင့်ခိုင်းမည်၊ ဝက်များကို အိပ်ရာပေါ်တွင် အိပ်ခိုင်းမည်ဖြစ်သည်။ အရာအားလုံးက ကမောက်ကမဖြစ်သွားလိမ့်မည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားအိမ်တော်၏ အမျိုးမျိုးသော ရုပ်ဝတ္ထုပစ္စည်းများကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေနိုင်စွမ်း ရှိကြသလော။ (မရှိပါ။) ၎င်းတို့သည် ပုံမှန်မဟုတ်သော လူစားမျိုး၊ နားဝေတိမ်တောင်ဖြစ်သောသူများနှင့် အဓိပ္ပာယ်မရှိသော လူစားမျိုးများ ဖြစ်ကြသည်။ အထူးသဖြင့် လွဲချော်သော သဘောပေါက်နားလည်မှုရှိကြပြီး စိတ်နှလုံး မမှန်ကန်သော ထိုအယောင်ဆောင်ခေါင်းဆောင်များအပြင် အယောင်ဆောင်ခေါင်းဆောင်အများစုသည် အစွမ်းအစ အနည်းငယ်ရှိပြီး ၎င်းတို့၏ သဘောပေါက်နားလည်မှုတွင် လွဲချော်ခြင်းမရှိသော်လည်း ဤသို့သောအလုပ်ကို ကမောက်ကမဖြစ်စေပြီး ရှုပ်ထွေးပွေလီအောင် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့ ထမ်းဆောင်သင့်သည့် အနိမ့်ဆုံးသော တာဝန်ဝတ္တရားများကိုပင် မဖြည့်ဆည်းနိုင်ကြပေ။ သို့ဖြစ်၍ သင်က ၎င်းတို့ကို ဤအလုပ်အကြောင်း မေးမြန်းသည့်အခါ ၎င်းတို့၏ အဖြေမှာ အမြဲ အတူတူပင်ဖြစ်သည်၊ “မည်သူမည်ဝါက လုပ်ဆောင်နေပါသည်။ မည်သူမည်ဝါက သိပါသည်။ သင် မေးခွန်းများ တစ်ခုတလေကို မေးလျှင်၊ ကျွန်ုပ်က မည်သူမည်ဝါထံ သွားမေးရပါမည်” ဟူ၍ ဖြစ်သည်။ ပြီးလျှင် ယင်းမှာ သင် နောက်ဆုံး ကြားရလိမ့်မည့်အရာ ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက ဤအလုပ်ကို လုပ်ဆောင်သည့်အခါ ပြသသည့် သရုပ်သကန် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။