ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၁) အခန်း လေး
ဘုရားအိမ်တော်၏ အမျိုးမျိုးသော ရုပ်ဝတ္ထုပစ္စည်းများကို ခွဲဝေခြင်းအလုပ်နှင့် ပတ်သက်လာသည့်အခါ၊ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို ဘုရားအိမ်တော်က သတ်မှတ်ထားသည့် စည်းမျဉ်းများအတိုင်း လုပ်ဆောင်နိုင်စွမ်းမရှိသည်သာမက ၎င်းတို့၏ များစွာသော ကိုယ်ရေးကိုယ်တာ ခံစားချက်များ၊ နှစ်သက်မှုများနှင့် လိုအင်ဆန္ဒများအပြင် ၎င်းတို့၏ ကိုယ်ပိုင်နားလည်မှုကိုလည်း ဤအရာတွင် ရောနှောခွင့်ပေးကြသည်။ ၎င်းတို့သည် ဤအလုပ်ကို ရှုပ်ထွေးပွေလီသွားစေပြီး ကမောက်ကမဖြစ်စေသည်၊ ပြောစရာ စည်းမျဉ်းဟူ၍ လုံးဝမရှိချေ။ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးသည် ဘုရားအိမ်တော်၏ အမျိုးမျိုးသော ပစ္စည်းများကို စီမံခန့်ခွဲနေသည့်အခါ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မည်သူမျှမသိသည့် အခြေအနေများတွင် ပစ္စည်းများ ပျက်စီးသွားခြင်း၊ အကြောင်းပြချက်မရှိဘဲ ဖြုန်းတီးခြင်း သို့မဟုတ် ပစ္စည်းများ ပျောက်ဆုံးသွားပြီး အရေအတွက် မကိုက်ညီတော့ခြင်းတို့ မကြာခဏ ဖြစ်ပေါ်တတ်သည်။ အခြားပစ္စည်းများကို လူပုဂ္ဂိုလ်တစ်ဦးချင်းစီက စာရင်းသွင်းခြင်း သို့မဟုတ် အကြောင်းကြားခြင်းမရှိဘဲ ၎င်းတို့ ကိုယ်ပိုင်အသုံးပြုဖို့ ယူဆောင်သွားကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤသို့ ရိုးရှင်းသော အထွေထွေ အရေးကိစ္စတစ်ခုကိုပင် ကောင်းစွာ စီမံခန့်ခွဲနိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ဤအလုပ်ကို ကမောက်ကမဖြစ်အောင် လုပ်ဆောင်ကြသော်လည်း အလုပ်များစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု တွေးထင်လျက် စိတ်အေးလက်အေး ရှိနေကြဆဲဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားအိမ်တော်၏ အမျိုးမျိုးသော ရုပ်ဝတ္ထုပစ္စည်းများကို ပုံမှန် စစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို မည်သည့်အခါမျှ မလုပ်ဆောင်ကြပေ။ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ဤပစ္စည်းများကို အနည်းငယ်မျှပင် ဂရုမစိုက်ကြပေ။ သင်က ၎င်းတို့ကို ဤသို့မေးသည်ဆိုပါစို့။ “ဤစက်ပစ္စည်းများကို ထိန်းသိမ်းပြုပြင်ဖို့ တာဝန်ယူသောသူ တစ်ယောက်ယောက် ရှိပါသလား။ ယင်းတို့ကို ပြင်ဆင်သည့်အခါ အပိုပစ္စည်းများ ဝယ်ယူရာတွင် ဖြုန်းတီးမှုတစ်စုံတစ်ရာ ရှိခဲ့ပါသလား။ သို့မဟုတ် တစ်စုံတစ်ယောက်က ပိုသုံးခြင်း၊ လိမ်လည်လှည့်ဖြားခံရခြင်းမျိုး ရှိခဲ့ပါသလား။ ထိုဖြစ်ရပ်များ ဖြစ်ပျက်ပြီးနောက်မှာ တစ်ယောက်ယောက်က တာဝန်ခံခြင်း ရှိခဲ့ပါသလား။ တစ်ယောက်တလေက ဒဏ်ရိုက်ခံရခြင်း သို့မဟုတ် သတိပေးခံရခြင်း ရှိခဲ့ပါသလား။” အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာတစ်ခုကိုမျှ သိမည်မဟုတ်သည့်အပြင်၊ ဂရုစိုက်မည်လည်း မဟုတ်ပေ။ ဘုရားအိမ်တော်အတွက် ပစ္စည်းများ ဝယ်ယူသည့်အခါ မတရားသဖြင့် ငွေသုံးစွဲခဲ့ခြင်း ရှိမရှိ၊ ထိုပစ္စည်းများကို ဝယ်ယူပြီးနောက် စီမံခန့်ခွဲရန် တစ်စုံတစ်ဦးကို တာဝန်ပေးအပ်ခဲ့ခြင်း ရှိမရှိ၊ ဝယ်ယူခဲ့သော ပစ္စည်းများသည် သင့်တော်မှု ရှိမရှိဟူသည်နှင့် ယင်းတို့ကိုထိရောက်စွာ အသုံးပြုနိုင်ခြင်း ရှိမရှိ၊ မရှိပါက သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် လဲလှယ်ခြင်း ပြုလုပ်ခဲ့ခြင်း ရှိမရှိ၊ ဤအရာများအနက်မှ တစ်ခုကိုမျှ ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ထိုသို့သော လူနုံလူအများသာ ဖြစ်ကြသည်။ မည်သည့်အရာကိုမျှ ၎င်းတို့ မသိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များ စဉ်းစားသည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့ကို လူတို့ အထင်ကြီးစေရန် စုဝေးပွဲများတွင် အယူဝါဒများကို မည်သို့ဟောပြောရမည်ဟူ၍သာ ဖြစ်သည်၊ ပစ္စည်းများကို စီမံခန့်ခွဲခြင်းဟူသော သတ်သတ်မှတ်မှတ်ဖြစ်သည့်ကိစ္စနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့တွင် အလုပ်လုပ်နိုင်စွမ်း မရှိသည့်အပြင်၊ ဤကိစ္စအပေါ် မည်သည့်သဘောထားမျှလည်း မရှိကြပေ။ ဤသည်မှာ ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်ကြောင်း ၎င်းတို့ မသိကြသည့်အပြင်၊ ဤအလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကိုလည်း မသိကြပေ။ ဘုရားအိမ်တော်၏ ပစ္စည်းများနှင့်ပတ်သက်၍ အယောင်ဆောင်ခေါင်းဆောင်များ ထားရှိသည့်အမြင်မှာ ထိုပစ္စည်းများသည် လူတိုင်းနှင့် သက်ဆိုင်သောကြောင့် တစ်စုံတစ်ခုကို အသုံးပြုလိုသူ မည်သူမဆို အသုံးပြုနိုင်ပြီး တစ်စုံတစ်ခု လိုအပ်သူ မည်သူမဆို ယူနိုင်သည် သို့မဟုတ် အထက်လူကြီးများထံ လျှောက်ထားနိုင်သည်၊ ဤသည်မှာ လူတိုင်း၏ လုပ်ပိုင်ခွင့်ဖြစ်ပြီး ဘုရားအိမ်တော်၏ ပစ္စည်းများသည် မည်သည့်လူတစ်ဦးတစ်ယောက်၏ စီမံခန့်ခွဲမှု သို့မဟုတ် ထိန်းချုပ်မှုအောက်တွင်မျှ မရှိသင့်ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးက စက်တစ်လုံးကို ပျက်စီးစေမိလျှင် သို့မဟုတ် ပျောက်ဆုံးသွားစေလျှင် ၎င်းတို့ ဂရုမစိုက်သည့်အပြင်၊ တစ်စုံတစ်ဦးက တစ်စုံတစ်ခုကို ဝယ်ယူရန် လျှောက်ထားပါကလည်း ဈေးကြီးသည်ဖြစ်စေ၊ ဈေးပေါသည်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်ကြပေ။ အမှန်တရားမှာ ဘုရားအိမ်တော်တွင် ဤအရာများအတွက် စည်းမျဉ်းများ ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပြီး ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း သင့်လျော်စွာ စိစစ်နေသမျှကာလပတ်လုံး ထိုသို့သော ဆုံးရှုံးမှုများနှင့် ဖြုန်းတီးမှုအားလုံးကို ရှောင်ရှားနိုင်သည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဆုံးရှုံးမှုများကို ကာကွယ်နိုင်သည့် ဤအရိုးရှင်းဆုံးသော အလုပ်ကိုပင် မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အစားအစာကို အခမဲ့စားနေခြင်းမျှသာ မဟုတ်လော။ ၎င်းတို့သည် ကပ်ရပ်စားနေခြင်း မဟုတ်လော။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ “အယောင်ဆောင်ခြင်း”နှင့်ဆိုင်သည့် တိကျသော သရုပ်သကန်တစ်ခု မဟုတ်လော။ အကယ်၍ သင်တို့သည် ထိုသို့သော ခေါင်းဆောင်တစ်ဦးကို ကြုံတွေ့ခဲ့ပါက မည်သို့ ကိုင်တွယ်မည်နည်း။ (၎င်းတို့ကို ဖြုတ်ချခြင်းဖြင့် ဖြစ်ပါသည်။) ၎င်းတို့ကို ဖြုတ်ချလိုက်ရုံနှင့် ပြီးသွားသလော။ ၎င်းတို့ကို သင်ခန်းစာတစ်ခုခုပေးရန် သင် မလိုအပ်ဘူးလော။ “ထိုစက်ကို ထိုနေရာ၌ ထားခဲ့သည်မှာ စိုထိုင်းနေပြီဖြစ်သည်။ ရက်ပေါင်းများစွာ မည်သူမျှ လာမစစ်ဆေးပါ။ မီးအားရှိသေးသလား မရှိသေးသလားတောင် မသိပါ။ ကြွက်များက ကြိုးများကို ကိုက်သွားသလားဆိုသည်ကိုလည်း မသိပါ။ သင်သည် အဘယ်ကြောင့် ဤအရာများကို မစိုးရိမ်ရသနည်း။ ကျွန်ုပ်သုံးသည့် ကွန်ပျူတာက ပျက်နေပြီး ပြင်ဖို့လိုနေပြီဖြစ်သည်။ မပြင်ဘဲထားလျှင် အလုပ်ကို နှောင့်နှေးစေလိမ့်မည်။ သို့သော် ကျွန်ုပ်သည် သင့်ထံ အကြိမ်ပေါင်းများစွာ လျှောက်ထားခဲ့ပြီးဖြစ်သည်၊ သင်သည် အဘယ်ကြောင့် ဂရုမစိုက်ရသနည်း။ တစ်နေ့လုံး ဇယ်စက်သလို အဘယ်အရာများကို ကြောင်းကျိုးမမြင်ဘဲ သင် အလုပ်ရှုပ်နေရသနည်း။ သင်တို့ကဲ့သို့ ခေါင်းဆောင်တစ်ယောက်ကို အလုပ်လုပ်ဖို့ အားကိုးရသည့်အခါ သင်က အလုပ်အားလုံးကို နှောင့်နှေးစေပြီး စက်များ၊ ပစ္စည်းများအားလုံး သင့်လက်ထဲတွင် ပျက်စီးသွားရသည်။ သင်က ဘုရားအိမ်တော်၏ အမျိုးမျိုးသော ပစ္စည်းများကို စောင့်ရှောက်ခြင်းမရှိ သို့မဟုတ် စီမံခန့်ခွဲခြင်း မရှိပါ။ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ မထိုက်တန်ပါ။ အမြန်ဆုံး ရာထူးကဆင်းလိုက်ပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့ကို ဤသို့ ဩဝါဒခြွေလျှင် သင့်တော်သလော။ (သင့်တော်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဩဝါဒခြွေဝံ့သူတစ်ဦးတွင် မည်သည့်အရာ ရှိသနည်း။ ၎င်းတို့သည် ဦးစွာ ရဲရင့်ရမည်ဖြစ်ပြီး တရားမျှတစိတ် ရှိရမည်။ အချို့က “ကျွန်ုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဩဝါဒမခြွေဝံ့ပါ။ သူတို့က အရာရှိများဖြစ်သည်၊ ကျွန်ုပ်က စစ်သားတစ်ဦးသာ ဖြစ်သည်။ ကျွန်ုပ်၏ အဆင့်က သူတို့ထက် အများကြီးနိမ့်သည်။ သူတို့တွင် သမ္မာတရားရှိပြီး တရားဒေသနာများကို ဟောနိုင်ကြသည်။ ကျွန်ုပ်က မည်သည့်နေရာတွင်မျှ မတော်ပါ။ ပြီးလျှင်သူတို့ကို ဩဝါဒခြွေရမည့် ရာထူးတွင်မရှိပါ” ဟု ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ လူလိမ်လူညစ်တစ်ဦး၏ ဆင်ခြင်တွေးခေါ်မှုစနစ် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်တို့သည် ဤခေါင်းဆောင်မျိုးကို မည်သို့ ဩဝါဒခြွေမည်နည်း။ “ဤအလုပ်ကို သင် လုပ်နိုင်လျှင် အကောင်းဆုံးကြိုးစားလုပ်ဆောင်လော့။ ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း လုပ်ဆောင်လော့။ သင်က ကျွန်ုပ်တို့အတွက် လုပ်ဆောင်ရမည့် မည်သည့်အရာကို စီစဉ်ပေးသည်ဖြစ်စေ၊ ကျွန်ုပ်တို့ နာခံပါမည်။ သို့သော် ဤအလုပ်ကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်ခြင်းမရှိလျှင်၊ ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း မလုပ်ဆောင်လျှင်၊ သင်က ကျွန်ုပ်တို့ကို မည်သည့်အခါတွင်မျှ နားထောင်ခိုင်း၍ ရမည်မဟုတ်ပါ။ ထို့အပြင် တကယ့်အလုပ်ကို သင် မလုပ်ဆောင်လျှင်၊ သင့်ကို ရာထူးမှ ကျွန်ုပ်တို့ ဖယ်ရှားပြီး ရှင်းလင်းပစ်ပိုင်ခွင့် ရှိသည်။ သင်က တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုလျှင်၊ ကိုယ့်ကိုယ်ကိုယ်သာ ထိခိုက်နစ်နာစေလော့။ ကျွန်ုပ်တို့အားလုံးကို ထိခိုက်နစ်နာစေဖို့ သင် မကြိုးစားရပါ”ဟူ၍ ဖြစ်သည်။ သင်တို့သည် ၎င်းတို့ကို ဤသို့ ဩဝါဒခြွေဝံ့သလော။ (ပေးဝံ့ပါသည်။) ယခုတွင် ထိုသို့ သင် ပြောသည်။ ထိုအရာကို လုပ်ရမည့်အချိန်ရောက်လာသည့်အခါ၊ အမှန်တကယ် သင် လုပ်ဆောင်မည်လော။ ယေဘုယျအားဖြင့် သမ္မာတရား စည်းမျဉ်းများနှင့်လည်းကောင်း၊ အရေးကြီးသော ကိစ္စရပ်များနှင့်လည်းကောင်း သက်ဆိုင်သည့် အမှုအရာများနှင့်ပတ်သက်၍ သင်သည် အကြောင်းမှာ ထိုးထွင်းသိမြင်မှုမရှိခြင်းနှင့် ရှင်းလင်းစွာ မပြောဆိုနိုင်ခြင်းတို့က သင့်အနေဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဝေဖန်အပြစ်တင်နေပြီး အနှောင့်အယှက်ဖြစ်စေသည်ဟု ဆိုလိုမည်ကို ကြောက်သည့်အတွက် သာမန်ကာလျှံကာ မပြောဝံ့ကြပေ။ သို့သော် သင်သည် ရုပ်ဝတ္ထုပစ္စည်းများအား စီမံခန့်ခွဲခြင်းကိစ္စတွင် ထိုးထွင်းအမြင် ရှိသင့်သည်။ ဤကိစ္စရပ်တွင် သင်သည် ပိုင်းခြားသိမြင်နိုင်စွမ်းကို သင်ယူသင့်ပြီး ယင်း၏ စည်းမျဉ်းများကို သဘောပေါက်နားလည်သင့်သည်။
ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တစ်ခုတွင် အဝတ်အစား တာဝန်ခံအဖြစ် လုပ်ကိုင်သူတစ်ဦး ရှိခဲ့သည်။ သူသည် သူ၏လုပ်ရပ်များတွင် ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ဘုရားအိမ်တော်၏ ပစ္စည်းများကို အမြဲတမ်း ခိုးကြောင်ခိုးဝှက် အလွဲသုံးစားလုပ်ခဲ့သည်။ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့မှ သူ ထွက်ခွာသွားသည့်အခါ သူနှင့်အတူ ပစ္စည်းအချို့ကို ယူဆောင်သွားခဲ့ပြီး နောက်ပိုင်းတွင် စာရင်းစစ်ဆေးချက်အရ သူရရှိခဲ့သော ငွေအများအပြားမှာ စာရင်းမကိုက်ညီကြောင်း တွေ့ရှိခဲ့ရသည်။ ထို့အပြင် သူသည် အလုပ်မလုပ်သော်လည်း ငွေရှိခဲ့ပြီး တန်ဖိုးကြီးပစ္စည်းများစွာကိုလည်း ဝယ်ယူခဲ့သည်။ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တွင် သူရှိခဲ့စဉ်တွင် လူများစွာတို့က သူ့ကို မြှောက်ပင့်ခဲ့ကြပြီး အားလုံးက သူနှင့် ဆက်ဆံရေးကောင်းမွန်ရန် လိုလားခဲ့ကြသည်။ သို့မှသာ ၎င်းတို့ အဝတ်အစားများ လိုအပ်သည့်အခါ သူ့ကို ပြောလိုက်ရုံဖြင့် သူက အဝတ်အစားအချို့ကို ပေးလိမ့်မည်ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် သူနှင့် ဆက်ဆံရေးမကောင်းပါက ထိုသူရသင့်သည့် အဝတ်အစားများကိုပင် သူက ပေးမည်မဟုတ်ပေ။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ ယင်းမှာ စီမံခန့်ခွဲရေး လူပုဂ္ဂိုလ်များနှင့်ပတ်သက်သော ပြဿနာတစ်ခု ဖြစ်သည်။ တစ်စိတ်တစ်ပိုင်းမှာ သူကိုယ်တိုင်က ဤအရာများကို အလွဲသုံးစားလုပ်နေခြင်းဖြစ်သည်။ အခြားတစ်စိတ်တစ်ပိုင်းမှာ သူသည် ဘုရားအိမ်တော်၏ ပစ္စည်းများကို စည်းမျဉ်းများနှင့်အညီ ခွဲဝေခြင်းမပြုဘဲ ထိုအစား သူ၏ ခံစားချက်များ၊ သူ၏ ကိုယ်ပိုင်အလိုဆန္ဒနှင့် သူ၏ ဆက်ဆံရေးများအတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ စည်းမျဉ်းများအရ ဤလူကို ဖယ်ရှားသင့်သည်။ ဤသည်မှာ သိသာထင်ရှားသော ပြဿနာတစ်ခု ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်သည် ထိုသို့မလုပ်ဆောင်ခဲ့သည်သာမက သူ့ကို လူကောင်းတစ်ဦးအဖြစ် မှတ်ယူပြီး သူ၏တာဝန်ကို ထမ်းဆောင်ရန် အခြားတစ်နေရာသို့ သွားဖို့အတွက် စီစဉ်ပေးခဲ့သည်။ ဤသည်မှာ ထပ်ဆင့်အမှား ကျူးလွန်ခြင်း မဟုတ်လော။ ဤအလုပ်ကို မည်သို့လုပ်ဆောင်ခဲ့သည်ဟု သင်တို့ ထင်သနည်း။ ယင်းမှာ စည်းမျဉ်းများနှင့် ကိုက်ညီခဲ့သလော။ ဤခေါင်းဆောင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ထမ်းဆောင်သင့်သည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခဲ့သလော။ (မဖြည့်ဆည်းခဲ့ပါ။) ထိုလူကို ဤနည်းဖြင့် ကိုင်တွယ်ခြင်းဖြင့် ခေါင်းဆောင်သည် မည်သည့်အကျိုးကျေးဇူးများကို ရရှိနိုင်သည်ကို ခဏ ဘေးဖယ်ထားလျက်၊ ထိုကိစ္စကို ၎င်းတို့ ကိုင်တွယ်ခဲ့ပုံဖြင့်သာ အကဲဖြတ်သည့်အခါ၊ ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းမှာ ခံစားချက်များကို အခြေခံ၍ ဆိုးယုတ်သောသူတစ်ဦးကို အကာအကွယ်ပေးခြင်းနှင့် သူ့ကို ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း မကိုင်တွယ်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ ယင်းကို ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့်ဆိုင်သည့် အချက်တစ်ဆယ်နှင့် ချိတ်ဆက်ကြည့်လျှင် ဤသို့သော ခေါင်းဆောင်နှင့် အမှုဆောင်မျိုးသည် ဘုရားအိမ်တော်၏ အမျိုးမျိုးသော ရုပ်ဝတ္ထုပစ္စည်းများကို သဘောထားရာတွင် မည်သည့်အမှားကို ပြုလုပ်သနည်း။ ဤခေါင်းဆောင်သည် သူတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခဲ့သလော။ ၎င်းတို့၏ ကိစ္စကိုင်တွယ်ပုံသည် ဘုရားအိမ်တော်၏ ပစ္စည်းများကို ကာကွယ်ခြင်းအပေါ် အခြေခံခဲ့သလော။ သေချာပေါက် အခြေမခံခဲ့ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ပစ္စည်းများကို ဆိုးယုတ်သောသူက စိတ်အလိုရှိတိုင်း ဖျက်ဆီးခြင်း သို့မဟုတ် ယူဆောင်သွားခြင်းကို ခွင့်ပြုစဉ်တွင် ဥပေက္ခာပြုကာ လျစ်လျူရှုခဲ့ကြလျက် အလေးအနက်မထားခဲ့ကြပေ။ အကယ်၍ ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းများ ပျက်စီးသွားလျှင် သို့မဟုတ် အခြားသူများ၏ သိမ်းပိုက်ခြင်းကို ခံရလျှင် ၎င်းတို့ ထိုသို့ ကိုင်တွယ်မည်လော။ ကိုင်တွယ်မည်မဟုတ်၊ ထိုအခါ ၎င်းတို့သည် လက်စားချေရန်နှင့် လျော်ကြေးတောင်းရန် စဉ်းစားနေကြပေမည်။ သို့ဆိုလျှင် ၎င်းတို့သည် ဘုရားအိမ်တော်၏ ပစ္စည်းများကို အဘယ်ကြောင့် ထိုနည်းဖြင့် မကိုင်တွယ်ခဲ့သနည်း။ ၎င်းတို့က “သူအလိုရှိလျှင် ပစ္စည်းအနည်းငယ် ယူသွားနိုင်သည်။ သူက များစွာ ယူသွားခြင်းမဟုတ်ပါ။ သူအလိုရှိလျှင် ဤပစ္စည်းများကို အနည်းငယ် အလွဲသုံးစားလုပ်နိုင်သည်။ မည်သူသည် ထိုသို့ပြုလိုသည့်ဆန္ဒ အနည်းငယ်မျှ မရှိဘဲနေမည်နည်း။ သူအလွဲသုံးစားလုပ်သည့် ပမာဏအနည်းငယ်သည် အဘယ်မှာ အရေးကြီးမည်နည်း။ အခြားသူများက အရနည်းသွားခြင်းအလား မဟုတ်ပါ”ဟုပင် ပြောဆိုကြသည်။ ဤသည်မှာ မည်သည့် သဘောထားမျိုးဖြစ်သနည်း။ ဤသည်မှာ ဘုရားအိမ်တော်၏ ပစ္စည်းများအပေါ် ခေါင်းဆောင်များနှင့် အမှုဆောင်များက ထားရှိသင့်သည့် သဘောထားဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် ကျွေးသည့်လက်ကို ကိုက်နေကြခြင်း မဟုတ်လော။ အဆုံးတွင် မည်သည့် ဆင်ခြင်တွေးခေါ်မှုစနစ်ကို ၎င်းတို့ ပေးကြသနည်း။ “သူ ထိုပစ္စည်းများကို အလွဲသုံးစားလုပ်ပါစေ။ ဤငွေစာရင်းများကို သူနှင့် ငါတို့ ရှင်းရန် မလိုအပ်ပါ။ ထိုအနည်းငယ်သော ရန်ပုံငွေနှင့် ပစ္စည်းများသည် အဘယ်မှာ အရေးကြီးမည်နည်း။ အန္တိခရစ်တို့သည် ထိုပမာဏထက် များစွာပို၍ အလွဲသုံးစားလုပ်ကြသည်။ သူ အဲဒီပစ္စည်းတွေကို အလွဲသုံးစားလုပ်ခြင်းက သူနှင့်ဘုရားသခင်ကြားက ကိစ္စဖြစ်သည်။ အချိန်ကျလာသည့်အခါ ဘုရားသခင်ရှေ့မှောက်တွင် သူ မည်သို့ တာဝန်ခံမည်ဟူသည်မှာ သူ့ကိစ္စဖြစ်သည်။ ကျွန်ုပ်တို့နှင့် မည်သည့် ပတ်သက်မှုမျှမရှိပါ”ဟူ၍ ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးက ထိုသို့သောစကား ပြောဆိုသည်ကို သင်တို့ ကြားပြီးနောက် မည်သည့် အတွေးများနှင့် ခံစားချက်များကို တွေ့ကြုံခံစားရသနည်း။ တရားမျှတစိတ် အနည်းငယ်ရှိသော၊ အသိတရား အနည်းငယ်ရှိသောသူ မည်သူမဆိုသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လျှင် မဆိုထားနှင့်၊ သာမန်နောက်လိုက်တစ်ဦးပင် ဖြစ်လင့်ကစား ဤစကားများကို ကြားလျှင် အတွင်းစိတ်ထဲ၌ ငိုကြွေးကြမည်ဖြစ်ပြီး နှလုံးကြေကွဲကာ စိတ်မချမ်းမသာဖြစ်ကြပေမည်။ ဤသို့သော အယောင်ဆောင်ခေါင်းဆောင်မျိုးသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကွယ်ကာစောင့်ရှောက်မှုများစွာကိုလည်းကောင်း၊ သူ၏ သမ္မာတရားများစွာကိုလည်းကောင်း ခံစားရသော်လည်း သူ၏ အိမ်တော်ပစ္စည်းများအပေါ် ဤသို့သော သွေးအေးသည့် သဘောထားမျိုး ရှိနေဆဲဖြစ်သည်။ ၎င်းတို့တွင် လူ့သဘာဝ ရှိသလော။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) ထိုသို့သောလူတစ်ဦး ဖြုတ်ချခံရပြီးသည်နှင့် ၎င်းတို့သည် အနာဂတ်တွင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန် အရည်အချင်းပြည့်မီသလော။ (မပြည့်မီပါ၊ ၎င်းတို့၏ လူ့သဘာဝသည် ညံ့ဖျင်းပါသည်။) ၎င်းတို့၏ ညံ့ဖျင်းသော လူ့သဘာဝသည် မည်သို့ ပေါ်လွင်ထင်ရှားသနည်း။ (ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မထိန်းသိမ်းခြင်း၌ ထင်ရှားပါသည်။) ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မထိန်းသိမ်းသည့် ၎င်းတို့၏ တိကျသော လုပ်ရပ်မှာ အဘယ်နည်း။ ဤတိကျသော သရုပ်သကန်၏ အနှစ်သာရမှာ အဘယ်နည်း။ ဤကဲ့သို့သောလူများသည် စိတ်နှလုံး မှန်ကန်ခြင်းမရှိသည့်အပြင်၊ အောက်တန်းကျသော အကျင့်စရိုက်ရှိကြသည်။ ၎င်းတို့သည် အလွန်ကောင်းမွန်စွာ စကားပြောဆိုကြသော်လည်း စစ်မှန်သောအရာ တစ်ခုမျှ မလုပ်ဆောင်ကြပေ။ ထိုသို့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုံးဝ မဖြစ်ရပေ။ စိတ်နှလုံး မှန်ကန်ခြင်းမရှိသောသူများသည် သမ္မာတရားကို ချစ်သောသူများမဟုတ်ဘဲ မိမိတို့ကိုယ်ပိုင်အကျိုးအတွက်သာ ကြံစည်ကြသည်။ စိတ်နှလုံး မှန်ကန်ခြင်းမရှိသူများသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို လုံးဝ ထည့်မစဉ်းစားကြသည့်အပြင်၊ အသင်းတော်အလုပ် သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားကိုလည်း လုံးဝ မထိန်းသိမ်းကြပေ။
ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် ပထမဆုံး အခြေခံကျသောအရာမှာ ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးကို ကောင်းစွာ စောင့်ရှောက်ရန်၊ ဘုရားအိမ်တော်အတွက် ကောင်းစွာ စိစစ်ပြီး စောင့်ကြပ်ပေးရန်၊ မည်သည့်ပစ္စည်းကိုမျှ ပျက်စီးခြင်း၊ ဖြုန်းတီးခြင်း သို့မဟုတ် ဆိုးယုတ်သောလူများ၏ သိမ်းယူခြင်းကို မခံရစေရန်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရသည်နှင့်တစ်ပြိုင်နက် ဘုရားအိမ်တော်က သင့်ကို ၎င်း၏ ဘဏ္ဍာစိုးအဖြစ် မှတ်ယူသည်။ သင်သည် စီမံခန့်ခွဲရေးအဆင့်တွင် ရှိသူဖြစ်ပြီး သင်ထမ်းဆောင်ရသော အလုပ်တာဝန်မှာ အခြားသူများထက် ပို၍ ကြီးလေးသည်။ သင်သည် ကြီးမားသော တာဝန်တစ်ခုကို ထမ်းဆောင်ရသည်။ ထို့ကြောင့် သင်၏ သဘောထားတိုင်း၊ သင်၏ လုပ်ဆောင်ချက်တိုင်း၊ ပြဿနာများကို ကိုင်တွယ်ခြင်းအတွက် သင်၏ အစီအစဉ်တိုင်းနှင့် ပြဿနာများကို ဖြေရှင်းခြင်းအတွက် သင်၏ နည်းလမ်းတိုင်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် သက်ဆိုင်ပေသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်ပင်မစဉ်းစားလျှင် သို့မဟုတ် နှလုံးမသွင်းလျှင် သင်သည် သူ့အိမ်တော်၏ ဘဏ္ဍာစိုးတစ်ဦး ဖြစ်ရန် မသင့်တော်ပေ။ ဤသည်မှာ မည်သည့် လူစားမျိုးဖြစ်သနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ဘဏ္ဍာစိုးတစ်ဦးဖြစ်ရန် အဘယ်ကြောင့် မသင့်တော်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များထဲတွင် အစွမ်းအစညံ့ဖျင်းရုံသာမက ၎င်းတို့၏ အဓိကပြဿနာမှာ ဝန်တာစိတ်မရှိခြင်း ဖြစ်သည့် လူအချို့ရှိသည်။ ၎င်းတို့သည် မည်သို့အလုပ်လုပ်ရမည်ကို မသိသော်လည်း သမ္မာတရားကို မရှာဖွေကြသည့်အပြင်၊ ဘဏ္ဍာစိုးတစ်ဦး ထမ်းဆောင်သင့်သည့် အနိမ့်ဆုံးသော တာဝန်ဝတ္တရားများကိုပင် ဖြည့်ဆည်းနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိကြပေ။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံး မှန်ကန်ခြင်းမရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အောက်တန်းကျသော အကျင့်စရိုက်ရှိပြီး တစ်ကိုယ်ကောင်းဆန်ကာ ယုတ်ညံ့ကြသည်။ အသင်းတော်၏အလုပ်ကို လုံးဝ ထိန်းသိမ်းခြင်းမရှိကြဘဲ အသင်းတော်၏ အကျိုးစီးပွားများကို မကြာခဏ ထိခိုက်စေပြီး သစ္စာဖောက်ကြသည့်အပြင် အသင်းတော်၏ အကျိုးစီးပွားကို အထိအခိုက်ခံလျက် လူတို့ကို မျက်နှာလိုမျက်နှာရလုပ်ကာ အခြားလူများနှင့် ၎င်းတို့၏ ဆက်ဆံရေးများကို ထိန်းသိမ်းကြလေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ရုပ်ဝတ္ထု ပစ္စည်းများကို ပျက်စီးခြင်း၊ ဖြုန်းတီးခြင်း၊ ပျောက်ဆုံးခြင်း သို့မဟုတ် ဆိုးယုတ်သောလူများ၏ သိမ်းပိုက်ခြင်းကိုပင် ခံရစေကာ ဤအရာကို လုံးဝ ဂရုမစိုက်သည့်အပြင် အနည်းငယ်မျှသော အကြွေးတင်သည့်စိတ် သို့မဟုတ် အပြစ်ရှိသည့်စိတ် ခံစားရခြင်းလည်း မရှိကြပေ။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူ့သဘာဝ ရှုထောင့်မှ ဤအရာကို ကြည့်လျှင် ၎င်းတို့ ပိုင်ဆိုင်သင့်သည့် အခြေခံအကျဆုံးအရာမှာ အဘယ်နည်း။ ၎င်းတို့သည် အသိစိတ်နှင့် တရားမျှတစိတ် ရှိရမည်ဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်က မှန်ကန်ရမည်။ ၎င်းတို့၏ လူ့သဘာဝသည် ဦးစွာ အရည်အချင်းပြည့်မီရမည်။ ၎င်းတို့တွင် အလုပ်လုပ်နိုင်စွမ်း မည်မျှ ပိုင်ဆိုင်သည်ဖြစ်စေ၊ မည်သည့် အစွမ်းအစအဆင့်ကို ပိုင်ဆိုင်သည်ဖြစ်စေ ထိုသို့သောလူစားမျိုးသည် ကြီးကြပ်ရေးမှူးများအဖြစ် အစေခံပါက ဘဏ္ဍာစိုးများအဖြစ် စံနှုန်းပြည့်မီလိမ့်မည်။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ညီအစ်ကိုမောင်နှမများ၏ ဘုံအကျိုးစီးပွားများကို ထိန်းသိမ်းနိုင်လိမ့်မည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို လုံးဝ သစ္စာဖောက်မည်မဟုတ်သည့်အပြင်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း သစ္စာဖောက်မည် မဟုတ်ပေ။ ဘုရားအိမ်တော်နှင့် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများ ထိခိုက်နစ်နာတော့မည့်အချိန်တွင်၊ ၎င်းတို့သည် ကြိုတင်စဉ်းစားထားပြီးဖြစ်လိမ့်မည်ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းက ၎င်းတို့၏ ကိုယ်ပိုင်ဘေးကင်းလုံခြုံရေးကို ထိခိုက်စေမည်ဆိုလျှင်ပင် သို့မဟုတ် ၎င်းတို့အား အဖိုးအခပေးရန် သို့မဟုတ် ဆင်းရဲဒုက္ခခံရန် လိုအပ်စေမည်ဖြစ်လျှင်ပင် ပထမဆုံး ရှေ့ထွက်ပြီး ယင်းတို့ကို ကာကွယ်မည့်သူများ ဖြစ်လိမ့်မည်။ ဤအရာများအားလုံးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတို့ လုပ်ဆောင်နိုင်သည့်အရာများ ဖြစ်ကြသည်။ အချို့သော အယောင်ဆောင်ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အန္တရာယ်ရှိသော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ မိမိတို့ကိုယ်ကို ပုန်းရှောင်ရန် ဘေးကင်းသောနေရာတစ်ခုကို အလျင်အမြန် ရှာဖွေကြသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များ၊ လက်ကိုင်ဖုန်းများ၊ ကွန်ပျူတာများ စသည့် ဘုရားအိမ်တော်၏ အရေးကြီးသော ပစ္စည်းများနှင့်ပတ်သက်၍မူ ၎င်းတို့က ဂရုမစိုက်သည့်အပြင် မေးမြန်းခြင်းလည်း မရှိကြပေ။ အကယ်၍ ၎င်းတို့ အဖမ်းခံရခြင်းက အသင်းတော်အလုပ်၏ အခြေအနေအဘက်ဘက်အား မည်သို့ သက်ရောက်မှုရှိမည်ကို ၎င်းတို့ စိုးရိမ်ခဲ့ပါက ဤအရာများကို ကိုင်တွယ်ရန် အခြားသူများကို ၎င်းတို့ စေလွှတ်နိုင်ခဲ့ကြပေမည်။ သို့သော် ဤအယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ ကိုယ်ပိုင်ဘေးကင်းလုံခြုံရေးအတွက်သာ ပုန်းအောင်းကြသည်။ ၎င်းတို့သည် သေလောက်အောင် ကြောက်လန့်ကြပြီး မိမိတို့၏ ဘေးကင်းလုံခြုံရေးကို သေချာစေရန်အလို့ငှာ ၎င်းတို့ လုပ်နိုင်သည့်အရာကို မလုပ်ဆောင်ကြပေ။ ထို့ကြောင့် အန္တရာယ်ရှိသော အခြေအနေများ ပေါ်ပေါက်လာသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များ၏ ပေါ့ဆမှု၊ မလုပ်ဆောင်မှုနှင့် တာဝန်မဲ့မှုတို့ကြောင့် ဘုရားအိမ်တော်၏ ပစ္စည်းအမျိုးမျိုးနှင့် ဘုရားသခင်ကိုပေးသည့် ပူဇော်သက္ကာများကို အဆင်းနီသော နဂါးကြီးက လုယက်ပြီး ယူဆောင်သွားကာ ကြီးလေးသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည့် ဖြစ်ရပ်များစွာ ရှိလေသည်။ အသင်းတော်၌ ထိုအခြေအနေများ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ပထမဆုံး အတွေးမှာ ဘုရားအိမ်တော်၏ စက်ကိရိယာများနှင့် ပစ္စည်းများကို သင့်တော်သောနေရာများတွင် ထားရှိရန်၊ စီမံခန့်ခွဲရန်အတွက် သင့်တော်သောလူများထံသို့ လွှဲပြောင်းပေးရန် ဖြစ်သင့်သည်၊ အဆင်းနီသော နဂါးကြီးအား ထိုပစ္စည်းများကို ယူဆောင်သွားခွင့် လုံးဝ မပြုရပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ထိုသို့သောအရာများကို စိတ်ထဲတွင် မည်သည့်အခါမျှ မထားရှိကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ ဦးစားမပေးဘဲ၊ ထိုအစား ၎င်းတို့၏ ကိုယ်ပိုင်ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးကြသည်။ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ရန် အယောင်ဆောင် ခေါင်းဆောင်များ၏ ပျက်ကွက်ခြင်းသည် ဘုရားအိမ်တော်၏ အရေးကြီးသော ပစ္စည်းအမျိုးမျိုးကို ဆုံးရှုံးမှုများ သို့မဟုတ် ပျက်စီးမှုများ ဖြစ်စေတတ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များဘက်မှ ဆိုးရွားသည့် တာဝန်ပျက်ကွက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။)
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့်ဆိုင်သည့် အချက်တစ်ဆယ်နှင့်စပ်လျဉ်း၍ ငါတို့ ဖော်ထုတ်နေသည့် အယောင်ဆောင်ခေါင်းဆောင်များ၏ အဓိကသရုပ်သကန်မှာ အဘယ်နည်း။ ဘုရားအိမ်တော်၏ ပစ္စည်းများအပေါ် အယောင်ဆောင်ခေါင်းဆောင်များ၏ သဘောထားမှာ လျစ်လျူရှုခြင်းနှင့် အရေးမထားခြင်း ဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းများအတိုင်း မလုပ်ဆောင်ဘဲ မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့် နှစ်သက်မှုများကို အခြေခံ၍ ထိုပစ္စည်းများကို ဖြစ်ကတတ်ဆန်း ခွဲဝေပေးကြသည်။ အမှုအရာများကို ၎င်းတို့ စီမံခန့်ခွဲနေစဉ်တွင် ဘုရားအိမ်တော်၏ ပစ္စည်းများသည် မကြာခဏဆိုသလို အနည်းနှင့်အများ ပျက်စီးခြင်းနှင့် ပြုန်းတီးခြင်းတို့ကို ခံရပြီး ယင်းက ဘုရားအိမ်တော်၏ အလုပ်ကို ဆုံးရှုံးမှုများ ဖြစ်စေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အဓိကသရုပ်သကန် ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရိုးရှင်းဆုံးသော၊ တစ်ခုတည်းသော အထွေထွေအလုပ်ကိုပင် မကိုင်တွယ်နိုင်ကြပေ။ ၎င်းတို့သည် ယင်းကိုပင် မလုပ်နိုင် သို့မဟုတ် ကောင်းစွာမလုပ်နိုင်ပေ။ သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နိုင်သနည်း။ သို့ဖြစ်၍ ထိုသို့သောလူများက ခေါင်းဆောင်များအဖြစ် ပြုမူနေသည်ကို သင်တို့တွေ့မြင်သည့်အခါ ၎င်းတို့၏အလုပ်ကို သင်တို့ စစ်ဆေးပြီး ကြီးကြပ်နိုင်သည်။ အကယ်၍ ၎င်းတို့သည် ဤတစ်ခုတည်းသော အထွေထွေအလုပ်ကို ကမောက်ကမဖြစ်စေလျှင်၊ ၎င်းတို့ လုပ်နိုင်သည့်အရာကိုပင် မလုပ်ဆောင်သည့်အပြင်၊ ၎င်းတို့တွင် အချိန်မရှိသည့်အခါ ယင်းကိုလုပ်ဆောင်ရန် အခြားသင့်တော်သောလူများကို မရှာဖွေလျှင် ထိုသို့သောခေါင်းဆောင်များကို ချက်ချင်း ဖြုတ်ချပြီး ၎င်းတို့၏ ရာထူးများမှ ဖယ်ရှားရမည်။ ဘုရားအိမ်တော်သည် ၎င်းတို့ကို မည်သည့်အခါမျှ အသုံးပြုမည် မဟုတ်ပေ။ ဤသည်မှာ သင့်လျော်သလော။ (သင့်လျော်ပါသည်။) အဘယ်ကြောင့်နည်း။ စိတ်နှလုံး မမှန်ကန်သောသူ၊ နားလည်သဘောပေါက်မှု လွဲချော်ပြီး၊ မိမိတို့၏ ခံစားချက်များနှင့် တစ်ကိုယ်ကောင်းဆန်သည့်၊ ယုတ်ညံ့သော ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများအတိုင်းသာ ပြုမူသောလူတစ်ဦးသည် ယုံကြည်စိတ်ချရသူ မဟုတ်ပေ။ ယုံကြည်စိတ်ချမရသောလူတစ်ဦးသည် မည်သည့်အလုပ်ကို ကောင်းစွာလုပ်နိုင်သနည်း။ မည်သည့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သနည်း။ ၎င်းတို့သည် တာဝန်တစ်ခုကို သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်နိုင်စွမ်း ရှိသလော။ (မရှိပါ။)
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့်ဆိုင်ရာ အချက်တစ်ဆယ်နှင့်ပတ်သက်သည့် ယနေ့ မိတ်သဟာယမှတစ်ဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် သတ်မှတ်ထားသော နောက်ထပ် စည်းမျဉ်းနှင့် စံနှုန်းတစ်ခုကို ငါ ရှင်းလင်းစွာ ချမှတ်ပြီးဖြစ်သည် မဟုတ်လော။ ဤနေရာတွင် ပါဝင်သည့်အရာမှာ အစွမ်းအစနှင့်ဆိုင်သည့် ပြဿနာမဟုတ်သည့်အပြင်၊ အလုပ်လုပ်နိုင်စွမ်းနှင့်ဆိုင်သည့် ပြဿနာလည်း မဟုတ်ဘဲ လူ့သဘာဝနှင့်ဆိုင်သည့် ပြဿနာဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံနေသောလူများ သို့မဟုတ် အသင်းတော်က ပျိုးထောင်နေသောသူများကို စောင့်ကြည့်လေ့လာပြီး ၎င်းတို့ထဲတွင် လူ့သဘာဝညံ့ဖျင်းပြီး မိမိ၏ စိတ်နှလုံး မမှန်ကန်သောသူများ၊ အချက်တစ်ဆယ်တွင် စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည့် အယောင်ဆောင်ခေါင်းဆောင်များ၏ လူ့သဘာဝနှင့် တူညီသောသူများ ရှိမရှိဟူသည်ကို ကြည့်ရှုလော့။ အကယ်၍ သင်သည် ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို အမှန်တကယ် တွေ့ရှိပါက ဖြုတ်ချသင့်သည်၊ ပြီးလျှင် ထိုသို့သောလူများကို ခေါင်းဆောင်များအဖြစ် မည်သည့်အခါမျှ မရွေးချယ်ရန်နှင့် ထိုသို့သောလူများကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် မည်သည့်အခါမျှ မပျိုးထောင်ရန် သင် မှတ်ထားရမည်။ အချို့လူတို့က ထိုလူများ၏ လူ့သဘာဝ အရည်အသွေးကို နားမလည်သည့်အပြင် ၎င်းတို့ကို ရွေးချယ်မိပါက ချက်ချင်း တိုင်ကြားလော့။ ၎င်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် အခွင့်အရေးမပေးနှင့်။ ထိုလူများသည် လက်တွေ့ကျသော အလုပ်ကိုလုပ်ဆောင်ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာကြခြင်းမဟုတ်ဘဲ အသင်းတော်၏အလုပ်ကို ဖျက်ဆီးရန် ဖြစ်လာကြခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့ ခေါင်းဆောင်များ ဖြစ်လာပါက ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးသည် ဤအရာကြောင့် ပျက်စီးရုံသာ ရှိလိမ့်မည်။ သင်တို့သည် ထိုသို့သော အကျိုးဆက်တစ်ခုကို မြင်လိုကြသလော။ (မမြင်လိုပါ။) သို့ဆိုလျှင် ထိုသို့သောလူများကို သင်တို့ မည်သို့ သဘောထားသင့်သနည်း။ အကယ်၍ ၎င်းတို့သည် လက်ရှိတွင် ခေါင်းဆောင်များအဖြစ် အစေခံနေပါက ၎င်းတို့ကို တိုင်ကြားပြီး ၎င်းတို့၏ ရာထူးများမှ ဖယ်ရှားလော့။ အကယ်၍ ၎င်းတို့သည် ခေါင်းဆောင်များမဟုတ်သေးပါက၊ ရွေးချယ်ခြင်း မခံရသေးပါက လူတိုင်းကို၊ “ဤလူသည် မကောင်းပါ။ မည်သို့ပင်ဆိုစေ သင် ၎င်းကို မရွေးချယ်နှင့်။ ယင်းသည် အသင်းတော်အတွက် ထိခိုက်နစ်နာမှုဖြစ်မည် ဖြစ်သည်”ဟု ပြောလော့။ ပြီးလျှင် အကယ်၍ လူတို့သည် ၎င်းတို့၏ လှည့်ဖြားပြီး အထင်အမြင်မှားစေခြင်းကို ခံရကာ ၎င်းတို့ကို ရွေးချယ်မိပါက သင်သည် လူတိုင်းကို ချက်ချင်း အကြောင်းကြားရမည်။ “ယနေ့ ကျွန်ုပ်တို့သည် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်မိခဲ့ကြသည်။ ကျွန်ုပ်တို့သည် လူ့သဘာဝညံ့ဖျင်းသည့်၊ စိတ်နှလုံးမမှန်ကန်သော သူတစ်ဦးကို ကျွန်ုပ်တို့၏ ခေါင်းဆောင်အဖြစ် ရွေးချယ်မိခဲ့ကြသည်။ ယခု ဤအရာကို ကျွန်ုပ်တို့ လုပ်ဆောင်ပြီးဖြစ်သောကြောင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများသည် ဆုံးရှုံးမှုများနှင့် ထိခိုက်နစ်နာမှုများကို ခံရတော့မည်ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ပစ္စည်းအမျိုးမျိုး ပျက်စီးခြင်းမှ တားဆီးရန်အလို့ငှာ ကျွန်ုပ်တို့သည် ၎င်းတို့ကို ၎င်းတို့၏ ရာထူးမှ ချက်ချင်း ဖယ်ရှားရမည်။ ကျွန်ုပ်တို့သည် ၎င်းတို့၏ အကြံအစည်ကို အောင်မြင်ခွင့် မပြုရပါ။” ဤသည်မှာ လုပ်ဆောင်ရန် သင့်လျော်သောအရာတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။)
ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ရွေးချယ်ခံရသူများသည် အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်း ရှိရန် လိုအပ်သည်။ ယခု ၎င်းတို့၏ လူ့သဘာဝအရည်အသွေးအတွက်လည်း သတ်မှတ်ချက်များ ရှိသည်။ သင်တို့ မည်သို့ထင်သနည်း။ လူအများစုသည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် စံသတ်မှတ်ချက်များကို မပြည့်မီသည်မှာ မှန်သလော။ ဤသုံးခုထဲမှ မည်သည့်အရာက အရေးအကြီးဆုံးဖြစ်သနည်း။ (လူ့သဘာဝ ဖြစ်ပါသည်။) ဒုတိယကရော အဘယ်သို့နည်း။ (အလုပ်လုပ်နိုင်စွမ်း ဖြစ်ပါသည်။) ထို့နောက်တွင်ကော။ (၎င်းတို့တွင် အစွမ်းအစ ရှိမရှိ ဖြစ်ပါသည်။) ထိုအစီအစဉ်မှာ အတော်လေး တိကျမှန်ကန်သည်။ နောင်တွင် သင်တို့ ခေါင်းဆောင်များကို ရွေးချယ်သည့်အခါ ဤအစဉ်လိုက်အတိုင်း အကဲဖြတ်ကြလော့။ အချို့လူများက “ဤအစီအစဉ်နှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသည်။ လူ့သဘာဝက ဦးစားပေးဖြစ်သည်ဆိုပါစို့၊ လူ့သဘာဝကောင်းသော်လည်း အစွမ်းအစ အတော်အတန် ညံ့ဖျင်းသောလူအချို့ ရှိသည်၊ အကယ်၍ ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် ရွေးချယ်ပါက ၎င်းတို့သည် မည်သည့်လက်တွေ့ကျသောအလုပ်ကိုမျှ လုပ်နိုင်မည်မဟုတ်ပေ၊ သို့ဆိုလျှင် လူတို့၏ လူ့သဘာဝကိုသာ ထည့်သွင်းစဉ်းစားရန် သင့်လျော်သေးသလော”ဟု ပြောကြသည်။ လူတို့၏ လူ့သဘာဝသည် အဓိကအကျဆုံးဖြစ်ပြီး သင်တို့ ပထမဆုံး ကြည့်ရှုသင့်သည့်အရာ ဖြစ်သော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်သည့်အခါ ထည့်သွင်းစဉ်းစားရမည့် တစ်ခုတည်းသောအရာ မဟုတ်ပေ။ အကယ်၍ လူတစ်ဦး၏ လူ့သဘာဝသည် စံနှုန်းပြည့်မီပါက၊ ဆက်လက်၍ ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်းကို ကြည့်လော့။ အကယ်၍ ၎င်းတို့သည် အလုပ်လုပ်နိုင်စွမ်းမရှိသည့်အပြင်၊ မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်နိုင်ပါက ၎င်းတို့၏ လုပ်နိုင်စွမ်းနှင့်ပတ်သက်၍ အလွန်အမင်း ခက်ခဲပင်ပန်းခြင်းမဖြစ်စေသော အလုပ်ကို တာဝန်ယူရန် သင်တို့ တောင်းဆိုနိုင်သည်။ အကယ်၍ ၎င်းတို့သည် လူ့သဘာဝကောင်းမွန်ပြီး အလုပ်ကို ထမ်းဆောင်နိုင်ကာ ကောင်းမွန်စွာ လုပ်ဆောင်ရန် အကောင်းဆုံး ကြိုးစားနိုင်သည့်အပြင်၊ ယုံကြည်စိတ်ချရသူတစ်ဦးဖြစ်လျှင်၊ ၎င်းတို့ကို အသုံးပြုရာတွင် ဘုရားအိမ်တော်အနေဖြင့် စိုးရိမ်ပူပန်စရာမလိုဘဲ ညီအစ်ကိုမောင်နှမအများစုအတွက် တည်ဆောက်စရာဖြစ်ပြီး၊ အကူအညီဖြစ်စေကာ၊ အကျိုးရှိစေလျှင် ၎င်းတို့ စံနှုန်းပြည့်မီပေသည်။ အကယ်၍ ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းပြီး အလုပ်လုပ်နိုင်စွမ်းမရှိပါက သို့မဟုတ် ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်းသည် သာမန်မျှသာဖြစ်ပါက ၎င်းတို့ကို ရိုးရှင်းသောအလုပ်တစ်ခု သို့မဟုတ် တစ်ခုတည်းသောအလုပ်ကို လုပ်ဆောင်စေလော့။ အကယ်၍ ၎င်းတို့သည် အစွမ်းအစကောင်းပြီး အလုပ်လုပ်နိုင်စွမ်း အားကောင်းပါက အရေးကြီးသောအလုပ်တစ်ခုခု သို့မဟုတ် မတူညီသော အလုပ်အချို့ကို လုပ်ဆောင်နိုင်သည်။ ဤသို့သော စီစဉ်မှုမျိုးကိုပင် သင်တို့ မစီမံနိုင်ကြသလော။ အကယ်၍ ၎င်းတို့သည် လူ့သဘာဝညံ့ဖျင်းပြီး စိတ်နှလုံး မှန်ကန်ခြင်းမရှိပါက၊ ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်း မည်မျှပင် ကြီးမားသည်ဖြစ်စေ၊ အလုပ်ကို ကောင်းစွာလုပ်ဆောင်နိုင်ကြလိမ့်မည်လော။ (လုပ်နိုင်ကြလိမ့်မည် မဟုတ်ပါ။) ၎င်းတို့သည် ကုမ္ပဏီတစ်ခု သို့မဟုတ် ဝန်ထမ်းအနည်းငယ်ကို စီမံခန့်ခွဲပါက ယင်းမှာ ပြဿနာဖြစ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ၎င်းတို့သည် ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းမျိုးစုံကို စီမံခန့်ခွဲရန် တောင်းဆိုခြင်းခံရလျှင် မည်သည့်ပြဿနာများ ပေါ်ထွက်လာမည်နည်း။ ဦးဆုံးအနေနှင့် ၎င်းတို့သည် ဘုရားအိမ်တော်က သတ်မှတ်ထားသည့် စည်းမျဉ်းများအတိုင်း အမှုကိစ္စများကို လုံးလုံး စီမံခန့်ခွဲမည် မဟုတ်ပေ၊ သို့မဟုတ် ကိုင်တွယ်မည် မဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးသည် မှန်ကန်ခြင်း မရှိပေ၊ ၎င်းတို့သည် သမ္မာတရားကို မချစ်ကြ၊ ပြီးလျှင် ၎င်းတို့၏စိတ်နှလုံးထဲ၌ လျှို့ဝှက်ကြံစည်ခြင်းမှတစ်ပါး အခြားမရှိ၊ ကောက်ကျစ်ဆိုးယုတ်သော စိတ်ကူးများနှင့် အတွေးများမှလွဲ၍ အခြားမရှိသောကြောင့် ၎င်းတို့ ပြုမူလုပ်ဆောင်တိုင်းတွင် ကိုယ့်အကြိုက်နှင့်ကိုယ် လုပ်ဆောင်ကြကာ ၎င်းတို့၏ကိုယ်တိုင် အကျိုးစီးပွားအရသာ ဖြစ်သည်၊ သမ္မာတရား စည်းမျဉ်းများအရ မဟုတ်သကဲ့သို့ မျှတမှုအရလည်း မဟုတ်ချေ။ ၎င်းတို့က ၎င်းတို့ဆုံးရှုံးရမည့်အရာ၊ သို့မဟုတ် အကျိုးအမြတ်ရရှိရမည့် အရာတို့ကိုသာ ထည့်တွက်ပြီး ဘုရားအိမ်တော်က သတ်မှတ်ထားသည့် စည်းမျဉ်းများကို လုံးဝ မစဉ်းစားပေ။ ထိုသို့ဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များနှင့် သက်ဆိုင်သော အလုပ်၌ ၎င်းတို့ကျရှုံးရန် သေချာပေ၏။ ဤအရာကို မည်သည့်အရာက အဆုံးအဖြတ်ပေးသနည်း။ ၎င်းတို့၏ လူ့သဘာဝအရည်အသွေးအားဖြင့် ဖြစ်၏။ ယင်းကို ၎င်းတို့၏ အလုပ် လုပ်နိုင်စွမ်းက အဆုံးအဖြတ်ပေးခြင်း မဟုတ်ချေ။ သို့ဆိုလျှင် တစ်စုံတစ်ဦးသည် မြင့်မြတ်၏၊ နိမ့်ကျ၏နှင့် ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ရွေးချယ်ခြင်းအတွက် ဘုရားအိမ်တော်၏ စံနှုန်းများနှင့် ကိုက်ညီခြင်းရှိ၏၊ မရှိ၏တို့ကို ချိန်ဆအကဲဖြတ်သည့်အခါ ၎င်းတို့၏လူ့သဘာဝကို ဦးစွာ ကြည့်လော။ ၎င်းတို့၏ လူ့သဘာဝက အားကိုးလောက်ပြီး စံနှုန်းပြည့်မီပါက နောက်တစ်ဆင့်တွင် ၎င်းတို့သည် အလုပ်လုပ်နိုင်စွမ်း ရှိပြီး ဝန်တာထားသောစိတ် ရှိမရှိကို ထည့်တွက်စဉ်းစားလော့၊ ထို့နောက် အခြားရှုထောင့်များကို ထည့်တွက်စဉ်းစားလော့။
ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့်ဆိုင်သည့် ဒသမအချက် ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ဆိုင်သည့် အချက်တစ်ဆယ်တွင် အနည်းနှင့်အများ စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည့်အရာ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များက ဘုရားအိမ်တော်၏ ရုပ်ဝတ္ထုပစ္စည်းများကို သဘောထားသည့် သဘောထားနှင့် သရုပ်သကန်များတွင် ၎င်းတို့အများစုက အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြောင်း၊ ၎င်းတို့၏ လူ့သဘာဝသည် အလွန်ညံ့ဖျင်းပြီး တာဝန်ယူမှုမရှိကြောင်း မြင်နိုင်သည်။ ၎င်းတို့၏ စိတ်နှလုံး မှန်ကန်ခြင်းမရှိဟု သင် ဆိုနိုင်ပေသည်။ ယခုတွင် ကျွန်ုပ်တို့၌ တစ်စုံတစ်ဦးက အယောင်ဆောင် ခေါင်းဆောင်ဖြစ်ကြောင်း ဆုံးဖြတ်ရန် အသုံးပြုနိုင်သည့် နောက်ထပ်သက်သေတစ်ခု ရှိပြီ မဟုတ်လော။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့်လည်းကောင်း၊ ဝိညာဉ်ရေးရာ မျက်စိကန်းပြီး အမှုအရာများကို ထိုးထွင်းမမြင်နိုင်သောကြောင့်လည်းကောင်း အလုပ်မလုပ်နိုင်ကြပေ။ အချို့မှာမူ ၎င်းတို့၏ စိတ်နှလုံး မမှန်ကန်သောကြောင့်လည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များအတွက်သာ သီးသန့်လုပ်ဆောင်သောကြောင့်လည်းကောင်း လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မထိန်းသိမ်းသည့်အပြင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဂရုမစိုက်ကြပေ။ ဘုရားအိမ်တော်၏အလုပ် နှောင့်နှေးကြန့်ကြာခြင်းနှင့် သူ၏ ရွေးချယ်ထားသောလူများ ထိခိုက်နစ်နာခြင်းတို့ မရှိစေရန် အယောင်ဆောင်ခေါင်းဆောင်မျိုးစုံကို အမြန်ဆုံး ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းရမည်။
၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။