ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၂) အခန်း သုံး

၄။ ပူဇော်သက္ကာများ၏ ရှိရာနေရာများအပြင် ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သူများ၏ အခြေအနေအမျိုးမျိုးကို ချက်ချင်းစုံစမ်းသိရှိခြင်း

ပူဇော်သက္ကာများ၏ အသုံးစရိတ်အခြေအနေကို စစ်ဆေးခြင်းနှင့် ကျိုးကြောင်းမဆီလျော်သော အသုံးစရိတ်များကို ဖြေရှင်းခြင်းအပြင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် နောက်ထပ် အရေးကြီးဆုံး အလုပ်တာဝန်တစ်ခု ရှိသည်။ ၎င်းတို့သည် ပူဇော်သက္ကာများ၏ ရှိရာနေရာအပြင်၊ ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သူများ၏ အခြေအနေအမျိုးမျိုးကို ချက်ချင်းသိရှိအောင် လုပ်ဆောင်ရမည်။ ဤသို့ပြုလုပ်ရခြင်း၏ ရည်မှန်းချက်မှာ ဆိုးယုတ်သောလူများ၊ မသမာသော အကြံအစည်များ ထားရှိသောလူများနှင့် ငမ်းငမ်းတက်လိုချင်သော စိတ်နှလုံးများရှိသောလူများက ပူဇော်သက္ကာများကို သိမ်းပိုက်ရန် လစ်ဟင်းမှုများကို အသုံးမချနိုင်စေရန် ဖြစ်သည်။ အချို့လူများသည် ဘုရားအိမ်တော်တွင် ပစ္စည်းများစွာရှိသည်ကိုလည်းကောင်း၊ အချို့ပစ္စည်းများမှာ စောင့်ကြည့်သူ သို့မဟုတ် မှတ်တမ်းတင်သူမရှိသည်ကိုလည်းကောင်း မြင်သောအခါ၊ ထိုအရာများကို မည်သည့်အချိန်တွင် မိမိတို့၏ ကိုယ်ပိုင် သီးသန့် ပိုင်ဆိုင်မှုပစ္စည်း ဖြစ်စေပြီး မိမိတို့အတွက် အသုံးပြုရမည်ကို အမြဲတမ်း စဉ်းစားနေကြသည်။ ဤကဲ့သို့သောလူများသည် နေရာတိုင်းတွင် ရှိသည်။ အချို့လူများသည် အပေါ်ယံအားဖြင့် အခြားသူများကို အခွင့်ကောင်းမယူတတ်ပုံရပြီး ရုပ်ဝတ္ထုပစ္စည်းများ သို့မဟုတ် ငွေကြေးကို လိုချင်တပ်မက်မှု ကြီးမားပုံမရသော်လည်း၊ ယင်းမှာ အခြေအနေနှင့် အနေအထားများ မသင့်တော်သောကြောင့် ဖြစ်သည်။ အကယ်၍ ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ရန် ၎င်းတို့၏လက်ထဲသို့ အမှန်တကယ် ထည့်လိုက်ပါက ၎င်းတို့ တကယ်ကို သိမ်းပိုက်ကောင်း သိမ်းပိုက်သွားနိုင်သည်။ အချို့က “သို့သော် ၎င်းတို့သည် ယခင်က အလွန်ကောင်းသောလူများ ဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် ငမ်းငမ်းတက် မလိုချင်ခဲ့ကြသည့်အပြင် ကိုယ်ကျင့်တရားလည်း အတော်အသင့်ကောင်းခဲ့သည်။ သို့ဖြစ်လျှင် ပူဇော်သက္ကာ အနည်းငယ်ကို ၎င်းတို့၏လက်ထဲသို့ ထည့်လိုက်ရုံမျှက အဘယ်ကြောင့် ၎င်းတို့ကို ထုတ်ဖော်လိုက်သနည်း”ဟု မေးကြသည်။ ဤသည်မှာ သင်သည် ဤလူများနှင့် အချိန်များစွာ အတူမနေခဲ့ခြင်း၊ ၎င်းတို့ကို နက်နက်ရှိုင်းရှိုင်း နားမလည်ခဲ့ခြင်း၊ ၎င်းတို့၏ သဘာဝ အနှစ်သာရကို ထွင်းဖောက်မမြင်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤသို့သောလူစားမျိုးဖြစ်သည်ကို သင် စောစီးစွာ သဘောပေါက်ခဲ့မည်ဆိုလျှင် ပူဇော်သက္ကာများသည် ဆိုးယုတ်သောလူများ၏ သိမ်းပိုက်ခြင်းကို ခံရမည့် ကံအကြောင်းမလှသည့်ဖြစ်ရပ်နှင့်ကင်းလွတ်မည်ဖြစ်သည်။ သို့ဖြစ်၍ ပူဇော်သက္ကာများ ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်ခြင်းကို တားဆီးရန်အလို့ငှာ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် နောက်ထပ် ပို၍အရေးကြီးသော တာဝန်တစ်ခုရှိသည်။ ပူဇော်သက္ကာများ၏ ရှိရာနေရာနှင့် ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သူများ၏ အခြေအနေအမျိုးမျိုးကို ချက်ချင်းသိရှိပြီး အခြေအနေအရပ်ရပ်ကို အမြဲမပြတ်သိရှိနေရန် ဖြစ်သည်။ တစ်စုံတစ်ဦးသည် ယွမ်ငွေ ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းအနည်းငယ်ကို စီမံခန့်ခွဲရသည်ဆိုပါစို့။ အကယ်၍ ၎င်းတို့တွင် အသိစိတ်အနည်းငယ်ရှိပါက အလွဲသုံးစားလုပ်မည်မဟုတ်ပေ။ သို့သော် သောင်းချီ သို့မဟုတ် သိန်းချီရှိပါက လူအများစုကို အားကိုး၍မရနိုင်တော့ပေ။ ဤသည်မှာ အန္တရာယ်ရှိလာပြီး ၎င်းတို့၏ စိတ်နှလုံးများ ပြောင်းလဲသွားနိုင်သည်။ ၎င်းတို့၏ စိတ်နှလုံးများ မည်သို့ ပြောင်းလဲသွားနိုင်သနည်း။ ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းအနည်းငယ်သည် လူတစ်ဦး၏စိတ်နှလုံးကို မယိမ်းယိုင်စေနိုင်သော်လည်း သောင်းချီ သို့မဟုတ် သိန်းချီလာသောအခါ ၎င်းတို့၏စိတ်နှလုံးသည် အလွယ်တကူ ယိမ်းယိုင်သွားနိုင်သည်။ “ငါသည် ဘဝပေါင်းများစွာပင် ဤမျှလောက် ရှာဖွေနိုင်မည်မဟုတ်၊ ယခုမူ ဤငွေသည် ငါ့လက်ထဲတွင် ရှိနေသည်။ အကယ်၍ ဤငွေသည် ငါ့အပိုင်ဖြစ်ခဲ့မည်ဆိုလျှင် မည်မျှ ပိုကောင်းသွားမည်နည်း”ဟူ၍ ဖြစ်သည်။ ၎င်းတို့က အချိန်ယူစဉ်းစားသည်။ “ဤအတွေးများနှင့်ပတ်သက်၍ ငါ အပြစ်ရှိသည်ဟု မခံစားရပါ။ သို့ဆိုလျှင် ဘုရား အမှန်တကယ် ရှိသလော၊ မရှိသလော။ ဘုရား အဘယ်မှာနည်း။ ငါ ဤအတွေးများရှိသည်ကို မည်သူမျှမသိသည်မှာ အမှန်ပင် မဟုတ်လော။ မည်သူမျှမသိ၊ ငါ အပြစ်ရှိသည်ဟု ငါ မခံစားရ၊ စိတ်မကောင်းလည်းမဖြစ်ပါ။ ဤသည်မှာ ဘုရားမရှိဟု ဆိုလိုသလော။ သို့ဆိုလျှင် ဤငွေကို ငါ ကိုယ်တိုင်အတွက် ငါ ယူလိုက်ပါက အပြစ်ဒဏ် သို့မဟုတ် ဒဏ်ခတ်ခြင်း တစ်ခုတလေကို ရင်ဆိုင်ရလိမ့်မည်မဟုတ်လော။ မည်သည့်အကျိုးဆက်မျှ မရှိဘဲ နေလိမ့်မည်လော”ဟူ၍ ဖြစ်သည်။ ဤသူ၏စိတ်နှလုံးသည် ပြောင်းလဲသည့် ဖြစ်စဉ်တွင် ရှိသည် မဟုတ်လော။ ၎င်းတို့၏လက်ထဲရှိ ပူဇော်သက္ကာများသည် အန္တရာယ်ရှိသည် မဟုတ်လော။ (ရှိပါသည်။) ထို့အပြင် ပူဇော်သက္ကာများကို စီမံခန့်ခွဲသော အချို့လူများသည် အလွန်တော်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ရှိပြီး မိမိတို့၏လုပ်ဆောင်ချက်များတွင် သစ္စာစောင့်သိကြသည်။ သင်သည် ၎င်းတို့ကို ယွမ်ငွေ သောင်းချီ သို့မဟုတ် သိန်းချီ စောင့်ရှောက်ခိုင်းလျှင်ပင် ၎င်းတို့သည် ကောင်းမွန်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး အလွဲသုံးစားမလုပ်ကြောင်း အာမခံနိုင်သည်။ သို့သော် ၎င်းတို့၏မိသားစုများတွင် ဘာသာတရားမရှိသူ အနည်းငယ်ရှိပြီး ထိုလူများသည် ငွေကိုမြင်သောအခါ ဝံပုလွေတစ်ကောင်က သူ့သားကောင်ကို မြင်လိုက်သည့်အလား မျက်လုံးနီလာသည်။ သောင်းချီသို့မဟုတ် သိန်းချီကို ထားလိုက်လော့။ ယွမ်ငွေတစ်ထောင်ကို မြင်လျှင်ပင် မိမိတို့အိတ်ကပ်ထဲသို့ ထည့်ကြလိမ့်မည်။ မည်သူ့ငွေဖြစ်သည်ကို ၎င်းတို့ ဂရုမစိုက်ကြပေ။ အိတ်ကပ်ထဲသို့ ထည့်နိုင်သူ မည်သူမဆိုက ပိုင်ဆိုင်သည်၊ အရင်လုယူနိုင်သူက ပိုင်ဆိုင်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အကယ်၍ ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်နေသူတစ်ဦး၏ ပတ်ဝန်းကျင်တွင် ဤကဲ့သို့သော ဆိုးယုတ်သည့်ဝံပုလွေများ ရှိနေပါက ပူဇော်သက္ကာများသည် အချိန်မရွေး၊ နေရာမရွေး သိမ်းပိုက်ခြင်းခံရမည့် အန္တရာယ်တွင် ရှိနေသည် မဟုတ်လော။ ထိုသို့သောအခြေအနေ ဖြစ်ပျက်နိုင်သလော။ (ဖြစ်ပျက်နိုင်ပါသည်။) အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပေါ့ဆပြီး တာဝန်ယူစိတ်မရှိသည့်အပြင်၊ ထိုသို့သော အန္တရာယ်ရှိသည့်အခြေအနေတွင် ပူဇော်သက္ကာများ ရှိနေသည့်အခါ သတိပင်မထားမိပါက သို့မဟုတ် စုံစမ်းမေးမြန်းခြင်းနှင့် စစ်ဆေးခြင်းတို့ကို မလုပ်ဆောင်ပါက အန္တရာယ်ရှိသည် မဟုတ်လော။ အချိန်မရွေး၊ နေရာမရွေး တစ်စုံတစ်ခု မှားယွင်းသွားနိုင်သည်။ နောက်ထပ် အခြေအနေတစ်မျိုး ရှိသေးသည်။ အချို့ထိန်းသိမ်းစောင့်ရှောက်သူများသည် မိမိတို့အိမ်များတွင် ငွေနှင့် ပစ္စည်းအမျိုးမျိုးကို ကာကွယ်စောင့်ရှောက်ကြပြီး ညီအစ်ကိုမောင်နှမများနှင့် ခေါင်းဆောင်များ၊ အမှုဆောင်များကိုလည်း ဧည့်ခံကြသည်။ ဤသည်မှာ ယာယီအားဖြင့် အတော်အတန် ဘေးကင်းနိုင်သော်လည်း ရေရှည်တွင် ပူဇော်သက္ကာများကို ထိုနေရာတွင် ထားရှိရန် သင့်လျော်သလော။ (မသင့်လျော်ပါ။) ယင်းတို့ကို ကာကွယ်စောင့်ရှောက်သူသည် သင့်တော်လျှင်ပင် ပတ်ဝန်းကျင်နှင့် အခြေအနေများက လုံးဝမသင့်တော်ပေ။ ၎င်းတို့ ဧည့်ခံနေသောလူများကို အခြားတစ်နေရာသို့ ပြောင်းရွှေ့ခြင်းကိုဖြစ်စေ၊ ပူဇော်သက္ကာများကို ရွှေ့ပြောင်းခြင်းကိုဖြစ်စေ ပြုလုပ်ရမည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို စစ်ဆေးခြင်းမပြုသည့်အပြင်၊ ထိုအရာနှင့်စပ်လျဉ်း၍ မိမိတို့၏တာဝန်ကိုလည်း မဖြည့်ဆည်းပါက နေရာမရွေး၊ အချိန်မရွေး တစ်စုံတစ်ခု မှားယွင်းသွားနိုင်သည်။ ပူဇော်သက္ကာများသည် နေရာမရွေး၊ အချိန်မရွေး ဆုံးရှုံးမှုများကို ခံစားရပြီး ဆိုးယုတ်သော နတ်ဆိုးများ၏ လက်ထဲသို့ ကျရောက်သွားနိုင်သည်။ နောက်ထပ်အခြေအနေတစ်မျိုး ရှိသေးသည်။ အချို့အသင်းတော်များသည် လူများ မကြာခဏ အဖမ်းခံရသည့် ရန်လိုသော ပတ်ဝန်းကျင်များတွင် ရှိနေပြီး၊ ဤအကြောင်းကြောင့် ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ထားသည့် အိမ်များ၏ တည်နေရာများ သစ္စာဖောက်ခံရကာ အဆင်းနီသော နဂါးကြီး၏ ဝင်ရောက်စီးနင်းခြင်းနှင့် ရှာဖွေခြင်းတို့ကို ခံရမည့် အခွင့်အရေးများသည်။ ပူဇော်သက္ကာများသည် အချိန်မရွေး ဆိုးယုတ်သော နတ်ဆိုးများ၏ လုယက်ခြင်းကို ခံရနိုင်သည်။ ထိုသို့သောနေရာများသည် ပူဇော်သက္ကာများကို သိုလှောင်ရန် သင့်လျော်သလော။ (မသင့်လျော်ပါ။) သို့ဆိုလျှင် ယင်းတို့ကို ထိုနေရာတွင် ထားနှင့်ပြီးဖြစ်ပါက မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ချက်ချင်းရွှေ့ပြောင်းလော့။ အချို့ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏တာဝန်ကို မဖြည့်ဆည်းသည့်အပြင်၊ လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ဤအရာများကို ကြိုတင်မျှော်မှန်းနိုင်ခြင်းမရှိ သို့မဟုတ် စဉ်းစားနိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ယင်းတို့နှင့်ပတ်သက်၍ သတိမထားမိကြသည့်အပြင်၊ တစ်စုံတစ်ခု မှားယွင်းသွားပြီး ပူဇော်သက္ကာများက ဆိုးယုတ်သော မကောင်းဆိုးဝါးများ၏ လုယက်ခြင်းကို ခံရသည့်အခါမှသာ “ထိုစဉ်အချိန်က ငါတို့ ရွှေ့ခဲ့သင့်သည်”ဟု တွေးကာ ဤသို့သာ နောင်တအနည်းငယ် ခံစားကြသည်။ သို့သော် မည်သည့်အရာမျှ မှားယွင်းခြင်း မရှိပါက နောက်ထပ်ဆယ်နှစ်ကျော် ကြာသွားပြီး ၎င်းတို့သည် ပူဇော်သက္ကာများကို ရွှေ့မည်မဟုတ်သေးပေ။ ဤကိစ္စကြောင့် မည်သည့် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်နိုင်သည်ကို ၎င်းတို့ မမြင်နိုင်သည့်အပြင်၊ အရေးကြီးမှုနှင့် အရေးပေါ်လိုအပ်မှုအပေါ် အခြေခံ၍ အမှုအရာများကို ဦးစားပေးနိုင်ခြင်းလည်း မရှိကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုအခြေအနေကို ကြုံတွေ့ရသည့်အခါ ရှင်းလင်းသော နားလည်မှုတစ်ခု ရှိသင့်သည်။ “ပူဇော်သက္ကာများကို သိုလှောင်ထားသည့် နေရာများထဲမှ တစ်ခုသည် မသင့်လျော်ပါ။ ပတ်ဝန်းကျင်က အလွန်အန္တရာယ်များပြီး ညီအစ်ကိုမောင်နှမ အတော်များများ အနီးအနားတွင် အဖမ်းခံရခြင်း၊ နောက်ယောင်ခံလိုက်ခံရခြင်း သို့မဟုတ် စောင့်ကြည့်ခံရခြင်းတို့ ခံကြရပြီးဖြစ်သည်။ ပူဇော်သက္ကာများကို ထိုနေရာမှ ထုတ်ရန် နည်းလမ်းတစ်ခု စဉ်းစားဖို့ လိုအပ်သည်။ ယင်းတို့ကို ထိုနေရာတွင်ထားပြီး လုယက်ခံရမည်ကို စောင့်ဆိုင်းနေခြင်းထက် အတော်အတန် ဘေးကင်းသောနေရာသို့ ရွှေ့ပြောင်းခြင်းက ပိုကောင်းသော လုပ်ရပ်ဖြစ်လိမ့်မည်။” ပြဿနာတစ်ခု ဖြစ်ပွားပြီး ပူဇော်သက္ကာများ အန္တရာယ်ကျရောက်နေသည်ကို ၎င်းတို့ ကြိုမြင်သည့်အခါ၊ အဆင်းနီသော နဂါးကြီး၊ ဆိုးယုတ်သောနတ်ဆိုး၏ သိမ်းပိုက်ခြင်းနှင့် ဝါးမျိုခြင်းကို မခံရစေရန် ယင်းတို့ကို ချက်ချင်းရွှေ့ပြောင်းသင့်သည်။ ဤသည်မှာ ပူဇော်သက္ကာများ၏ ဘေးကင်းမှုကို သေချာစေရန်နှင့် မထင်မှတ်ဘဲ ကျရောက်နိုင်သော အန္တရာယ်တစ်ခုတလေ သို့မဟုတ် ချော်ချွတ်မှု တစ်ခုတလေ မဖြစ်ပေါ်စေရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သော အလုပ်ဖြစ်သည်။ အန္တရာယ်၏ အရိပ်အယောင် အနည်းငယ်မျှ ရှိသည်နှင့်တစ်ပြိုင်နက်၊ တစ်စုံတစ်ဦး အဖမ်းခံရသည်နှင့်တစ်ပြိုင်နက်၊ ပြဿနာတစ်ခု ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များ၊ အမှုဆောင်များ၏ ပထမဆုံးအတွေးမှာ ပူဇော်သက္ကာများ ဘေးကင်းလုံခြုံမှုရှိမရှိ၊ ယင်းတို့သည် ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်သွားနိုင်ခြင်းရှိမရှိ သို့မဟုတ် ၎င်းတို့၏ သိမ်းပိုက်ခြင်းကို ခံရနိုင်ခြင်း ရှိမရှိ သို့မဟုတ် ဆိုးယုတ်သော နတ်ဆိုးများ၏ လုယက်ခြင်းကို ခံရနိုင်ခြင်း ရှိမရှိ၊ ပူဇော်သက္ကာများ ဆုံးရှုံးမှု တစ်ခုတလေ ခံစားရခြင်းရှိမရှိ ဟူသည်တို့ ဖြစ်သင့်သည်။ ၎င်းတို့သည် ပူဇော်သက္ကာများကို ကာကွယ်ရန် အစီအမံများကို ချက်ချင်း ပြုလုပ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ အချို့ခေါင်းဆောင်များနှင့် အမှုဆောင်များက “ဤအရာများကို လုပ်ဆောင်ခြင်းသည် ကျွန်ုပ်တို့အား စွန့်စားမှုများ ပြုလုပ်ရန် လိုအပ်သည်။ ကျွန်ုပ်တို့ မလုပ်ဘဲနေ၍ရသလော။ လူတို့သည် ကျွန်ုပ်တို့၏ ဦးစားပေးဖြစ်ရမည်ဖြစ်ပြီး၊ ဆိုလိုသည်မှာ ပူဇော်သက္ကာများကို ဦးစားမပေးဘဲ လူကိုသာ ဦးစားပေးသင့်သည် မဟုတ်လော” ဟု ပြောကောင်းပြောနိုင်သည်။ ၎င်းတို့၏မေးခွန်းကို သင်မည်သို့ထင်သနည်း။ ဤလူများတွင် လူ့သဘာဝ ရှိသလော။ (မရှိပါ။) ပူဇော်သက္ကာများကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ခြင်း၊ ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းနှင့် ကောင်းမွန်စွာ စောင့်ကြည့်ခြင်း၊ ဤအရာများသည် ဘဏ္ဍာထိန်းကောင်းတစ်ဦး ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများ ဖြစ်သည်။ ပို၍လေးနက်စွာပြောရလျှင် သင်၏အသက်ကို စတေးရလျှင်ပင် ယင်းမှာ ထိုက်တန်ပြီး သင်လုပ်ဆောင်သင့်သောအရာ ဖြစ်သည်။ ယင်းမှာ သင်၏တာဝန်ဖြစ်သည်။ လူတို့သည် “ဘုရားသခင်အတွက် သေခြင်းသည် ထိုက်တန်သောသေခြင်းဖြစ်သည်”ဟု အမြဲတမ်း ဟစ်ကြွေးကြသည်။ လူတို့အနေဖြင့် ဘုရားသခင်အတွက် အမှန်တကယ် သေရန် လိုလားကြသလော။ ယခု သင့်ကို ဘုရားသခင်အတွက် သေရန် တောင်းဆိုနေခြင်းမဟုတ်၊ ပူဇော်သက္ကာများကို လုံခြုံစွာ ကာကွယ်စောင့်ရှောက်ရန် အနည်းငယ် စွန့်စားရန်သာ လိုအပ်ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် သင်လိုလားသလော။ သင်က “ကျွန်ုပ်လိုလားပါသည်” ဟု ဝမ်းသာအားရ ပြောသင့်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူနှင့်ဆိုင်သည့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် သတ်မှတ်ချက်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းမှာ သင်၏ ရှောင်လွှဲ၍မရသော တာဝန်ဖြစ်ပြီး ယင်းမှ ရုန်းထွက်ရန် သင် မကြိုးစားသင့်ပေ။ ဘုရားသခင်အတွက် သေမည်ဟု သင် အခိုင်အမာဆိုထားသည်ကို ထောက်သော်၊ ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ရန် အဘယ်ကြောင့် သင်သည် အဖိုးအခအနည်းငယ်ပေးပြီး အနည်းငယ် မစွန့်စားနိုင်ရသနည်း။ ယင်းမှာ သင်လုပ်ဆောင်သင့်သောအရာ မဟုတ်လော။ အကယ်၍ သင်သည် လက်တွေ့ကျသောအရာတစ်ခုမျှ မလုပ်ဆောင်ဘဲ ဘုရားသခင်အတွက် သေခြင်းအကြောင်း အမြဲတမ်း ဟစ်ကြွေးနေပါက ဤစကားများသည် အနှစ်မဲ့သည် မဟုတ်လော။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ခြင်းအလုပ်အပေါ် စင်ကြယ်သော သိနားလည်မှုတစ်ခု ရှိသင့်ပြီး ဤတာဝန်ကိုလည်း ထမ်းရွက်သင့်သည်။ ၎င်းတို့သည် ယင်းကို မရှောင်ရှားသင့်၊ မရှောင်ကြဉ်သင့်သည့်အပြင်၊ မိမိတို့၏တာဝန်မှလည်း မတွန့်ဆုတ်သင့်ပေ။ သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်သည့်အတွက် ဤအလုပ်သည် သင် ထမ်းရွက်ရန် တာဝန်ရှိသည့် ဝန်တစ်ရပ်ပင် ဖြစ်သည်။ ယင်းမှာ အရေးကြီးသောအလုပ်ဖြစ်သည်။ သင်သည် စွန့်စားမှုအချို့ကို လုပ်ဆောင်လျှင်ပင်၊ သင်၏အသက်ကို စတေးရနိုင်လျှင်ပင် ယင်းကို သင်လုပ်ဆောင်လိုသလော။ သင် လုပ်ဆောင်သင့်သလော။ (လုပ်ဆောင်သင့်ပါသည်။) သင်သည် ယင်းကို လုပ်ဆောင်လိုသင့်သည်၊ ဤတာဝန်ကို သင်မစွန့်လွှတ်ရပေ။ ဤသည်မှာ လူနှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်နှင့် လူကို ဘုရားသခင်ပေးသော တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အနိမ့်ဆုံး သတ်မှတ်ချက်နှင့် တာဝန်ပေးစေခိုင်းချက်ကို သင့်အား ပြောပြခဲ့ပြီးဖြစ်သည်။ အကယ်၍ သင်သည် ယင်းကိုပင် လုပ်ဆောင်ရန် မလိုလားပါက မည်သည့်အရာကို လုပ်နိုင်သနည်း။

ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် သုံးစွဲခြင်းအလုပ်အား တတ်နိုင်သမျှ စေ့စေ့စပ်စပ်နှင့် တိတိကျကျ လုပ်ဆောင်သင့်သည်။ ၎င်းတို့သည် ယင်းကို ပေါ့ပေါ့မလုပ်ဆောင်သင့်သည့်အပြင်၊ သာ၍ မသင့်တော်သည်မှာ ယင်းကို အခြားသူတစ်ဦး၏ကိစ္စကဲ့သို့ သဘောထားပြီး တာဝန်ကို ခေါင်းရှောင်ခြင်းပင် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဆိုးယုတ်သောလူများနှင့် လူ့သဘာဝ ညံ့ဖျင်းသောလူများက လစ်ဟင်းမှုများကို အခွင့်ကောင်းယူပြီး ဖျက်ဆီးခြင်းမရှိအောင် ကာကွယ်ရန် ဤအရာများနှင့်ပတ်သက်၍ ကိုယ်တိုင်စိစစ်ခြင်း၊ ပါဝင်ပတ်သက်ခြင်း၊ စုံစမ်းမေးမြန်းခြင်းတို့ကို ပြုလုပ်သင့်ပြီး ကိုယ်တိုင်ပင် ကိုင်တွယ်သင့်သည်။ သင်သည် ဤအလုပ်ကို ပို၍စေ့စေ့စပ်စပ်လုပ်ဆောင်လေ၊ ဆိုးယုတ်သောလူများနှင့် လူဆိုးများက လစ်ဟင်းမှုများကို အခွင့်ကောင်းယူရန် အခွင့်အရေး ပိုနည်းလေဖြစ်မည်။ သင်၏ စုံစမ်းမေးမြန်းမှုများ ပို၍အသေးစိတ်ကျပြီး သင်၏စီမံခန့်ခွဲမှု ပို၍တင်းကျပ်လေ၊ ကျိုးကြောင်းမဆီလျော်သော အသုံးစရိတ်များ၊ ဖြုန်းတီးခြင်းနှင့် အလဟဿဖြစ်စေခြင်း သာဓကများ ပိုနည်းလေ ဖြစ်လိမ့်မည်။ အချို့က “ဤအရာကို လုပ်ဆောင်ခြင်းသည် ဘုရားအိမ်တော်အတွက် ငွေကိုချွေတာခြင်းအကြောင်း ဖြစ်သလော။ ဘုရားအိမ်တော်တွင် ရန်ပုံငွေ နည်းပါးနေသလော။ အကယ်၍ နည်းပါးနေပါက ကျွန်ုပ် နောက်ထပ် ပူဇော်ဆက်ကပ်ပါမည်”ဟု ပြောကြသည်။ ထိုသို့ ဟုတ်ပါသလော။ (မဟုတ်ပါ။) ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားဖြစ်သည်၊ ယင်းမှာ လူနှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်ဖြစ်ပြီး၊ ဤအလုပ်ကို လုပ်ဆောင်ရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ လိုက်နာရမည့် စည်းမျဉ်းတစ်ခုဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့်၊ ဘုရားအိမ်တော်တွင် ဘဏ္ဍာစိုး၏အခန်းကဏ္ဍကို ယူထားသူတစ်ဦးအနေဖြင့်၊ ပူဇော်သက္ကာများအပေါ် သင်၏သဘောထားသည် တာဝန်သိတတ်ခြင်းနှင့် တင်းကျပ်စွာ စိစစ်ခြင်း ဖြစ်သင့်သည်၊ သို့မဟုတ်ပါက သင်သည် ဤအလုပ်အတွက် အရည်အချင်းမပြည့်မီပေ။ အကယ်၍ သင်သည် တာဝန်ယူစိတ်ကင်းမဲ့ပြီး သမ္မာတရားကို မလိုက်စားသော သာမန်ယုံကြည်သူတစ်ဦးဖြစ်ပါက၊ ဤအရာများကို လုပ်ဆောင်ရန် လိုအပ်မည်မဟုတ်။ သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်သည်၊ အကယ်၍ သင်၌ ဤတာဝန်ယူစိတ်မရှိပါက သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် မထိုက်တန်သည့်အပြင် ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံလျှင်ပင် သင်သည် တာဝန်မဲ့သော အယောင်ဆောင်ခေါင်းဆောင် သို့မဟုတ် အယောင်ဆောင် အမှုဆောင်တစ်ဦးဖြစ်ပြီး၊ အနှေးနှင့်အမြန် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ တာဝန်ယူစိတ် လုံးဝကင်းမဲ့သူအားလုံးသည် ဘုရားအိမ်တော်၏အလုပ်ကို လုံးဝမကာကွယ်သောလူများဖြစ်သည်။ ၎င်းတို့အားလုံးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား စိုးစဉ်းမျှပင် မရှိကြပေ။ ထိုသို့သောလူများသည် တာဝန်များကို မည်သို့ ထမ်းဆောင်ရန် ဖြစ်နိုင်မည်နည်း။ ၎င်းတို့အားလုံးသည် အသိတရားမဲ့သော အမှိုက်သရိုက်များဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်ကို ချက်ချင်း စွန့်ခွာပြီး မိမိတို့နှင့်သက်ဆိုင်ရာ လောကသို့ ပြန်သွားသင့်သည်။

အကယ်၍ ကျွန်ုပ်တို့သည် ပူဇော်သက္ကာများနှင့်ပတ်သက်၍ သာမန်အသိပညာအပြင်၊ ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ခြင်းတွင် ပါဝင်သော သမ္မာတရားများနှင့် လူတို့ လက်တွေ့လုပ်ဆောင်သင့်သော စည်းမျဉ်းများအကြောင်းတို့အား ဤကဲ့သို့ မိတ်သဟာယမဖွဲ့ခဲ့ပါက၊ သင်တို့သည် ဤအရာများကို မရှင်းမလင်း ဖြစ်ကြမည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် တိကျသော စည်းမျဉ်းများကို ရှင်းလင်းစွာမသိရှိသည့်အခါ၊ ၎င်းတို့သည် မိမိတို့၏တာဝန်အချို့ကို ဖြည့်ဆည်းနိုင်သလော။ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ဖြည့်ဆည်းနေကြပြီးဖြစ်သလော။ လူအများစုသည် “မည်သို့ပင်ဖြစ်စေ၊ ငါသည် ဘုရားသခင်၏ ပူဇော်သက္ကာများကို မတပ်မက်လျှင်၊ အလွဲသုံးစားမလုပ်လျှင် သို့မဟုတ် တလွဲမသုံးစွဲသည့်အပြင်၊ ကောင်းစွာစောင့်ကြည့်ပြီး လူတို့ကို မဆင်မခြင် သုံးစွဲခွင့်မပြုလျှင် လုံလောက်ပြီ”ဟူသော အပေါ့တန်ဆုံးသော သီအိုရီနှင့် စည်းမျဉ်းကို လိုက်လျှောက်နေကြပြီးဖြစ်သည် မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းလော။ ဤသည်မှာ မိမိ၏တာဝန်ကို ဖြည့်ဆည်းခြင်းလော။ (မဟုတ်ပါ။) အကယ်၍ လူအများစု၏ သိကျွမ်းမှုသည် ဤစံနှုန်းထက် မကျော်လွန်ပါက ဤအကြောင်းအရာကို အမှန်တကယ် မိတ်သဟာယဖွဲ့ထိုက်ပေသည်။ ဤမိတ်သဟာယမှတစ်ဆင့်၊ ပူဇော်သက္ကာများအား မည်သို့ ကာကွယ်စောင့်ရှောက်ရမည်ဟူသည်နှင့် ယင်းတို့အား ကာကွယ်စောင့်ရှောက်ရာတွင် သင်တို့ရှိသင့်သော သဘောထားနှင့် သိကျွမ်းမှုအကြောင်းကို ယခု သင်တို့ အနည်းငယ်ပို၍ သဘောပေါက်နားလည်လာပြီလော။ (နားလည်လာပါပြီ။) ပူဇော်သက္ကာများနှင့် သက်ဆိုင်သော သမ္မာတရားများနှင့် ပူဇော်သက္ကာများကို မည်သို့သဘောထားပြီး စီမံခန့်ခွဲရမည်ဟူသည်နှင့် သက်ဆိုင်သော စည်းမျဉ်းများအကြောင်း ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အပြီးသတ်ပါမည်။

ပူဇော်သက္ကာများနှင့် စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များ၏ သဘောထားများနှင့် သရုပ်သကန်များ

၁။ ပူဇော်သက္ကာများကို ဘုံပိုင်ပစ္စည်းအဖြစ် သဘောထားခြင်း

ဆက်လက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှ အချက်ဆယ့်တစ်နှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များကို ရိုးရှင်းစွာ ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းတစ်ခုကို ငါတို့ ဆောင်ရွက်ကြမည်။ ပူဇော်သက္ကာများအပေါ် ၎င်းတို့၏ သဘောထားတွင်လည်းကောင်း၊ ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့တွင်လည်းကောင်း အယောင်ဆောင်ခေါင်းဆောင်များ၌ မည်သည့်သရုပ်သကန်များ ရှိသည်ကို ငါတို့ ကြည့်ရှုကြမည်။ ပထမဆုံး သရုပ်သကန်မှာ အယောင်ဆောင်ခေါင်းဆောင်များသည် ပူဇော်သက္ကာများအကြောင်း တိကျသော သိနားလည်မှု ကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့က “ပူဇော်သက္ကာများသည် အမည်ခံအားဖြင့် ဘုရားထံ ပူဇော်ခြင်းဖြစ်သော်လည်း အမှန်တကယ်တွင်မူ အသင်းတော်ထံ ပူဇော်ခြင်း ဖြစ်သည်။ ဘုရားက မည်သည့်နေရာတွင် ရှိသည်ကို ငါတို့ မသိသည့်အပြင် မည်သို့ပင်ဖြစ်စေ သူသည် ပစ္စည်းများစွာကို အသုံးမပြုနိုင်ပါ။ ဤပူဇော်သက္ကာများသည် အမည်ခံအနေဖြင့်သာ ဘုရားထံ ပူဇော်ခြင်း ဖြစ်သည်။ အမှန်တကယ်တွင်မူ ယင်းတို့ကို အသင်းတော်နှင့် ဘုရားအိမ်တော်ထံ ပူဇော်ခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် မည်သည့်လူတစ်ဦးတစ်ယောက်ကိုမျှ အတိအလင်း ပူဇော်ခြင်း မဟုတ်ပေ။ အသင်းတော်နှင့် ဘုရားအိမ်တော်သည် လူအားလုံးအတွက် အစားထိုးသုံးသည့် စကားလုံးများဖြစ်ပြီး ဤအရာ၏ သွယ်ဝိုက်သောအဓိပ္ပာယ်မှာ ပူဇော်သက္ကာများသည် လူတိုင်း၏ပစ္စည်းများဖြစ်ကာ လူတိုင်း၏ပစ္စည်းများသည် ဘုံပိုင်ဆိုင်မှု ဖြစ်သည်ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ ပူဇော်သက္ကာများသည် ညီအစ်ကိုမောင်နှမအားလုံးနှင့် သက်ဆိုင်သော ဘုံပိုင်ဆိုင်မှု ဖြစ်သည်”ဟု ယုံကြည်ကြသည်။ ဤသိနားလည်မှုသည် တိကျမှန်ကန်သလော။ မမှန်ကန်သည်မှာ အတော်လေး သိသာထင်ရှားသည်။ ထိုသို့သော သိနားလည်မှုရှိသည့် လူတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိသည် မဟုတ်လော။ ၎င်းတို့သည် ပူဇော်သက္ကာများကို တပ်မက်သောလူများ မဟုတ်လော။ ပူဇော်သက္ကာများကို တပ်မက်သော စိတ်နှလုံးများနှင့် သိမ်းပိုက်လိုသော ဆန္ဒရှိသည့်လူများသည် ပူဇော်သက္ကာများနှင့် ပတ်သက်လာသည့်အခါ ဤနည်းလမ်းနှင့် ဤအမြင်ကို အသုံးပြုကြသည်။ သိသာထင်ရှားစွာပင်၊ ၎င်းတို့သည် ပူဇော်သက္ကာများကို မျက်စိကျနေပြီး မိမိတို့ကိုယ်ပိုင် သုံးစွဲခြင်းအတွက် ယင်းတို့ကို အပိုင်စီးလိုကြပေသည်။ ဤသည်တို့မှာ မည်သည့် သတ္တဝါမျိုးများဖြစ်ကြသနည်း။ ၎င်းတို့သည် ယုဒနှင့် အမျိုးအစားတူသည် မဟုတ်လော။ သို့ဖြစ်၍ ဤခေါင်းဆောင် သို့မဟုတ် အမှုဆောင်မျိုးသည် ဘုရားသခင်၏ ပူဇော်သက္ကာများကို အသင်းတော်၏ ဘုံပိုင်ဆိုင်မှုအဖြစ် မှတ်ယူသည်။ ၎င်းတို့သည် စိတ်နှလုံးထဲတွင် ဤသဘောထားမျိုးကို ထားရှိကြသည်။ ၎င်းတို့သည် ပူဇော်သက္ကာများကို အလေးအနက် မစောင့်ရှောက်ကြပေ၊ သို့မဟုတ် ကျိုးကြောင်းဆီလျော်စွာနှင့် တာဝန်သိစွာ စီမံခန့်ခွဲခြင်း မရှိကြပေ၊ ထိုအစား ၎င်းတို့သည် ပူဇော်သက္ကာများကို စည်းမျဉ်းများကင်းမဲ့လျက် သဘောရှိ၊ အရှက်မရှိစွာနှင့် လုံးဝ အထိန်းအကွပ်မဲ့သော နည်းလမ်းဖြင့် အသုံးပြုကြသည်။ ၎င်းတို့သည် မည်သူ့ကိုမဆို အသုံးပြုခွင့်ပြုပြီး မည်သူ၏ “ရာထူး” က ပိုကြီးသည်ဖြစ်စေ၊ မည်သူ၏ အဆင့်အတန်းက ပိုမြင့်သည်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကြားတွင် မည်သူက ဂုဏ်သိက္ခာရှိသည်ဖြစ်စေ ဦးစားပေး ပိုင်ဆိုင်ခွင့်နှင့် အသုံးပြုခွင့် ရကြသည်။ ယင်းမှာ မန်နေဂျာများ၊ စက်ရုံဒါရိုက်တာများနှင့် ဥက္ကဋ္ဌများ အသုံးပြုရန်အတွက် ကုမ္ပဏီကားများနှင့် ကောင်းမွန်သော၊ အဆင့်မြင့်သော ပစ္စည်းများ ရှိသည့် လူ့အဖွဲ့အစည်း၏ ကုမ္ပဏီများနှင့် စက်ရုံများတွင်ကဲ့သို့ပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ပူဇော်သက္ကာများနှင့် ပတ်သက်၍လည်း ဖြစ်သင့်သည့်ပုံစံဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်၊ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်သော မည်သူမဆိုသည် ဘုရားအိမ်တော်၏ တန်ဖိုးကြီး ပစ္စည်းများကို မွေ့လျော်ခံစားရာတွင်၊ ဘုရားသခင်ထံ ပူဇော်ထားသော ပူဇော်သက္ကာများကို မွေ့လျော်ခံစားရာတွင် ဦးစားပေးမှုရှိသည်ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ ခေါင်းဆောင်နှင့် အမှုဆောင်ဖြစ်ခြင်းကို အကြောင်းပြချက်အဖြစ် အသုံးပြု၍ တန်ဖိုးကြီးကွန်ပျူတာများနှင့် လက်ကိုင်ဖုန်းများကို ဝယ်ယူသောသူအားလုံးအပြင် ပူဇော်သက္ကာများကို မိမိတို့ကိုယ်တိုင်အတွက် ယူဆောင်သော ထိုခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးသည် ပူဇော်သက္ကာများက ဘုံပိုင်ဆိုင်မှုဖြစ်ပြီး မိမိတို့အလိုရှိသည့်အတိုင်း အသုံးပြုကာ ဖြုန်းတီးသင့်သည်ဟု ယုံကြည်ကြသည်။ အချို့ညီအစ်ကိုမောင်နှမများသည် ရွှေငွေ လက်ဝတ်ရတနာများ၊ အိတ်များ၊ အဝတ်အစားများနှင့် ဖိနပ်များကို ပူဇော်သည့်အခါ ဘုရားသခင်ထံ ပူဇော်နေခြင်းဖြစ်ကြောင်း သတ်သတ်မှတ်မှတ် မဖော်ပြကြပေ။ သို့ဖြစ်၍ အချို့သော အယောင်ဆောင်ခေါင်းဆောင်များက “ဤပစ္စည်းများကို ဘုရားထံ ပူဇော်နေခြင်းဖြစ်ကြောင်း ၎င်းတို့ သတ်သတ်မှတ်မှတ် မဖော်ပြထားသည့်အတွက် အသင်းတော်၏ အသုံးပြုခြင်းအတွက် ဖြစ်သင့်သည်။ အသင်းတော်ကို ပေးအပ်သည့် မည်သည့်အရာမဆိုသည် ဘုံပိုင်ဆိုင်မှုဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုံပိုင်ဆိုင်မှုကို မွေ့လျော်ခံစားရာတွင် ဦးစားပေးခံရသင့်သည်”ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဤပစ္စည်းများကို မိမိတို့ကိုယ်တိုင်အတွက် ထုံးစံအတိုင်း ယူဆောင်ကြသည်။ ၎င်းတို့ ရွေးချယ်ပြီးနောက် ကျန်ရှိသော ပစ္စည်းများကိုမူ လိုချင်သော မည်သူမဆိုက အသုံးပြုနိုင်ပြီး ယူလိုသော မည်သူမဆိုက ယူနိုင်သည်။ လူတိုင်းက ခွဲဝေယူကြသည်။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာကို စည်းစိမ်ဥစ္စာအား မျှဝေခြင်းဟု ခေါ်သည်။ ၎င်းတို့နောက်သို့ လိုက်ရာတွင် လူတို့သည် ကောင်းစွာ စားသောက်နိုင်ပြီး အမှန်တကယ် အပျော်အပါးလိုက်စားနိုင်ကြသည်။ လူတိုင်းက ပျော်ရွှင်ကြပြီး ၎င်းတို့က “ဘုရားသခင်ကို ကျေးဇူးတင်ပါသည်၊ သူ့ကို ကျွန်ုပ်တို့ မယုံကြည်ခဲ့လျှင် ဤအရာများကို ကျွန်ုပ်တို့ မွေ့လျော်ခံစားနိုင်မည်လော။ ဤသည်တို့မှာ ပူဇော်သက္ကာများဖြစ်ပြီး ကျွန်ုပ်တို့ မွေ့လျော်ခံစားရန် မထိုက်တန်ပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် မိမိတို့ မထိုက်တန်ကြောင်း ပြောဆိုကြသော်လည်း ထိုအရာများကို ဆုပ်ကိုင်ထားပြီး လက်မလွှတ်ကြပေ။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပူဇော်သက္ကာများကို သိမ်းပိုက်ပြီး ခွဲဝေယူကြရုံသာမက မည်သူ၏ ခွင့်ပြုချက်ကိုမျှ မရယူဘဲ ကိုယ်တိုင်ကိုယ်ကျ မွေ့လျော်ခံစားကြသည်၊ ဤသို့ပြုလုပ်သည်နှင့်အမျှ ၎င်းတို့သည် ပူဇော်သက္ကာများ၏ စီမံခန့်ခွဲမှု၊ အသုံးစရိတ်နှင့် အသုံးပြုမှုတို့ကို တညီတညွတ်တည်း အလေးဂရုမပြုကြသည့်အပြင်၊ ယင်းတို့ကို စီမံခန့်ခွဲရန်နှင့် မှတ်တမ်းတင်ရန် သင့်တော်သောလူများကိုလည်း မရွေးချယ်ကြပေ။ ပြီးလျှင် စာရင်းများကို စစ်ဆေးခြင်း သို့မဟုတ် အသုံးစရိတ်အခြေအနေကို တင်းကျပ်စွာ ပြန်လည်သုံးသပ်ခြင်းတို့ကိုမူ သာ၍ပင် မပြုလုပ်ကြချေ။ ပူဇော်သက္ကာများ စီမံခန့်ခွဲမှုအပေါ် အယောင်ဆောင် ခေါင်းဆောင်များ၏ လျစ်လျူရှုခြင်းသည် ကမောက်ကမအခြေအနေကို ဖြစ်ပေါ်စေပြီး အချို့သော ပူဇော်သက္ကာများ ဆုံးရှုံးကာ ဖြုန်းတီးခြင်းခံရသည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်တွင် အထင်ရှားဆုံးအရာမှာ လူတိုင်းက မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူကြခြင်း ဖြစ်သည်။ မည်သည့်အဖွဲ့မဆို၏ ကြီးကြပ်ရေးမှူး ပြောဆိုသည့်အရာသည် အတည်ဖြစ်ပြီး မည်သည့်အဖွဲ့မဆိုက တစ်စုံတစ်ခုကို ဝယ်ယူရန် လိုအပ်သည့်အခါ ခွင့်ပြုချက်အတွက် တောင်းဆိုချက် တင်သွင်းရန်မလိုဘဲ မိမိတို့ဘာသာ ဆုံးဖြတ်နိုင်သည်။ အလုပ်အတွက် တစ်စုံတစ်ခု လိုအပ်နေသရွေ့ ထိုပစ္စည်းက မည်မျှ ကုန်ကျမည်၊ ယင်းကို အသုံးပြုနိုင်ခြင်း ရှိမရှိ သို့မဟုတ် လိုအပ်ခြင်း ရှိမရှိဟူသည်တို့ကို ဂရုမစိုက်ဘဲ ၎င်းတို့က ဝယ်ယူနိုင်ကြသည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် မည်သည့်လူတစ်ဦးတလေ၏ ပိုက်ဆံကိုမျှ သုံးစွဲနေခြင်းမဟုတ်ဘဲ ပူဇော်သက္ကာများကို သုံးစွဲနေခြင်း ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို မကြီးကြပ်သည့်အပြင် စိစစ်ခြင်းလည်း မပြုလုပ်ကြပေ။ စည်းမျဉ်းများအကြောင်းကို မိတ်သဟာယဖွဲ့ခြင်းမူ သာ၍ပင် မရှိချေ။ တစ်စုံတစ်ခုကို ဝယ်ယူပြီးသည့်အခါ အယောင်ဆောင်ခေါင်းဆောင်များသည် ယင်းကို စောင့်ရှောက်ရန် တစ်စုံတစ်ဦး ရှိမရှိ၊ တစ်စုံတစ်ခု မှားယွင်းသွားနိုင်ခြင်း ရှိမရှိ သို့မဟုတ် သုံးစွဲလိုက်သည့်ငွေနှင့် တန်ခြင်းရှိမရှိဟူသည်တို့ကို တညီတညွတ်တည်း အလေးဂရုမပြုကြပေ။ ၎င်းတို့သည် ဤအရာများကို အဘယ်ကြောင့် အလေးဂရုမပြုကြသနည်း။ အကြောင်းမှာ ထိုငွေသည် ၎င်းတို့၏ငွေ မဟုတ်သောကြောင့် ဖြစ်သည်၊ မည်သူမဆို ထိုငွေကို သုံးစွဲနိုင်သည်ဟု ၎င်းတို့ ထင်ကြသည်၊ မည်သို့ပင်ဖြစ်စေ သုံးစွဲနေသည့်ငွေမှာ ၎င်းတို့၏ငွေ မဟုတ်သောကြောင့် ဖြစ်သည်။ ပူဇော်သက္ကာများ စီမံခန့်ခွဲမှု၏ ကဏ္ဍတိုင်းတွင် ကမောက်ကမ အခြေအနေဖြစ်နေသည်။ မည်မျှ ကမောက်ကမဖြစ်နေသနည်း။ ယင်းမှာ လူတိုင်းက မည်မျှ အလုပ်လုပ်သည်ဖြစ်စေ တူညီသော ဝေစုကို ရရှိကြသည့် ဆိုရှယ်လစ်နိုင်ငံများ၏ ကြီးမားသော၊ နိုင်ငံပိုင်စက်ရုံများတွင်ဖြစ်သကဲ့သို့ပင် ဖြစ်သည်။ လူတိုင်းသည် အိမ်သို့ ပစ္စည်းများကို ယူဆောင်ကြသည်၊ စက်ရုံ၏ အစားအစာကို စားသုံးပြီး စက်ရုံငွေကို ရရှိကာ စက်ရုံ၏ ပစ္စည်းများကို အလွဲသုံးစားလုပ်ကြသည်။ ယင်းမှာ လုံးဝ ကမောက်ကမဖြစ်ခြင်း ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့် စက်ပစ္စည်းကိုမဆို သို့မဟုတ် ကိရိယာကိုမဆို ဝယ်ယူရာတွင် အသုံးစရိတ်များအတွက် စည်းမျဉ်းများ မပြုလုပ်ကြပေ။ ဘုရားအိမ်တော်က စည်းမျဉ်းများ ပြုလုပ်သော်လည်း ၎င်းတို့သည် အသုံးစရိတ်များကို တင်းကျပ်စွာ ပြန်လည်သုံးသပ်ခြင်း၊ စုံစမ်းထောက်လှမ်းခြင်း၊ နောက်ဆက်တွဲလုပ်ဆောင်ခြင်း သို့မဟုတ် စစ်ဆေးခြင်းတို့ကို မပြုလုပ်ကြပေ။ ဤအလုပ်များထဲမှ တစ်ခုကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်သည် လုံးဝ ကမောက်ကမဖြစ်သည်၊ မည်သည့်အရာတွင်မျှ အစီအစဉ်တကျမရှိသည့်အပြင် နေရာတိုင်းတွင် ဟာကွက်များ ရှိနေသည်။ အချိန်တိုင်းတွင် ဆိုးယုတ်သောလူများနှင့် စိတ်နှလုံး မမှန်ကန်သောသူများအား လစ်ဟင်းမှုများကို အခွင့်ကောင်းယူပြီး အကျိုးအမြတ်ရယူခွင့်ပေးထားသည်။ ဘုရားသခင်၏ ပူဇော်သက္ကာများသည် ထိုလူများ၏ လက်ထဲတွင် အထိန်းအကွပ်မဲ့စွာ ဖြုန်းတီးခံရပြီး အလဟဿဖြစ်ရသော်လည်း၊ ၎င်းတို့သည် မည်သည့်နည်းနှင့်မျှ အပြစ်ပေးခြင်း သို့မဟုတ် ဒဏ်ခတ်ခြင်းတို့ကို မခံရပေ၊ သတိပေးခြင်းပင် မခံရပေ။ ဤသည်တို့မှာ မည်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်မျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် ကျွေးသည့်လက်ကို ပြန်ကိုက်ခြင်း မဟုတ်လော။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ဘဏ္ဍာထိန်းများ ဖြစ်ကြသလော။ ၎င်းတို့သည် ဘုရားအိမ်တော်ကို သစ္စာဖောက်သော သူခိုးများ ဖြစ်ကြသည်။

ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်လာသည့်အခါ တာဝန်မယူသော ဤခေါင်းဆောင်များနှင့် အမှုဆောင်များကို မည်သို့ ရှုမြင်သင့်သနည်း။ ၎င်းတို့သည် နိမ့်ကျသော ကိုယ်ကျင့်စရိုက်ရှိပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည် မဟုတ်လော။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် ညီအစ်ကိုမောင်နှမများက ဘုရားသခင်နှင့် အသင်းတော်ထံ ပူဇော်သက္ကာပြုသည့်အရာများကို ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုအဖြစ် မှတ်ယူကြပြီး ညီအစ်ကိုမောင်နှမများက အုပ်စုလိုက် စီမံခန့်ခွဲသင့်သည်ဟု ဆိုကြသည်။ သို့ဖြစ်၍ ပြဿနာများ ဖော်ထုတ်ခြင်းခံရပြီး အထက်က တာဝန်ခံစေသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို အစွမ်းကုန် ခုခံကာကွယ်ကြပြီး ခေါင်းဆောင်များဖြစ်လာကာ အဆင့်အတန်းရရှိပြီးနောက် ဘုရားသခင်၏ ပူဇော်သက္ကာများကို ခိုးယူပြီး သိမ်းပိုက်ခြင်းသည် အနှစ်သာရအားဖြင့် မည်မျှ ဆိုးရွားကြောင်းကို အသိအမှတ်မပြုကြပေ။ ဤသူတို့သည် ကိုယ်ကျင့်စရိုက် နိမ့်ကျသောလူများဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် တကယ်ကို အရှက်မဲ့ကြသည်တကား။ ညီအစ်ကိုမောင်နှမများက အဘယ်ကြောင့် ငွေနှင့် ပစ္စည်းများကို ပူဇော်သက္ကာပြုကြသည်ကိုဖြစ်စေ၊ မည်သူ့ထံ ပူဇော်ကြသည်ကိုဖြစ်စေ ၎င်းတို့ မသိကြပေ။ အကယ်၍ ဘုရားသခင်သာ မရှိခဲ့လျှင် မည်သူက မိမိတို့ကြိုက်နှစ်သက်သည့်အရာများကို ပေါ့ပေါ့တန်တန် ပူဇော်ကြမည်နည်း။ ဤသည်မှာ အလွန်ရိုးရှင်းသော ဆင်ခြင်တွေးခေါ်မှုစနစ်တစ်ခုဖြစ်သော်လည်း “ခေါင်းဆောင်များ” ဟုခေါ်သော ဤသူတို့သည် ယင်းကို မသိကြ၊ နားမလည်ကြပေ။ ဤအယောင်ဆောင်ခေါင်းဆောင်များတွင် “ဘုရားအိမ်တော်၏ ပူဇော်သက္ကာများ” ဟူသော သုံးနှုန်းနေကျ စကားရပ်တစ်ခု ရှိသည်။ ဤအသုံးအနှုန်းသည် အမှန်ပြင်ရန် လိုအပ်သည် မဟုတ်လော။ မှန်ကန်သော အသုံးအနှုန်းမှာ အဘယ်နည်း။ “ပူဇော်သက္ကာများ” သို့မဟုတ် “ဘုရားသခင်၏ ပူဇော်သက္ကာများ” ဖြစ်သည်။ အကယ်၍ သင်သည် အထူးပြုပုဒ်ကို ဖြည့်မည်ဆိုလျှင်၊ “ဘုရားသခင်”ကို ဖြည့်သင့်သည်၊ ပူဇော်သက္ကာများသည် ဘုရားသခင်တစ်ပါးတည်းနှင့်သာ သက်ဆိုင်သည်။ အကယ်၍ သင်သည် အထူးပြုပုဒ်တစ်ခုကို မထည့်ပါက ယင်းမှာ ရိုးရှင်းစွာ “ပူဇော်သက္ကာများ” သာဖြစ်သည်၊ ပူဇော်သက္ကာများ၏ ပိုင်ရှင်သည် လူမဟုတ်ဘဲ ဖန်ဆင်းရှင်၊ ဘုရားသခင်ဖြစ်ကြောင်းကို လူတို့ သိသင့်နေဆဲ ဖြစ်သည်။ လူသည် ပူဇော်သက္ကာများကို ပိုင်ဆိုင်ခြင်းနှင့် မထိုက်တန်ပေ၊ ယဇ်ပုရောဟိတ်များပင်လျှင် ပူဇော်သက္ကာများသည် ၎င်းတို့၏ပစ္စည်းများဖြစ်ကြောင်း မပြောဆိုနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ခွင့်ပြုချက်ဖြင့် ပူဇော်သက္ကာများကို မွေ့လျော်ခံစားကောင်းခံစားနိုင်သော်လည်း ယင်းတို့သည် ၎င်းတို့ ပိုင်ဆိုင်သောအရာများ မဟုတ်ပေ။ “ပူဇော်သက္ကာများ” အတွက် အထူးပြုပုဒ်သည် မည်သည့်လူပုဂ္ဂိုလ်မျှ လုံးဝ ဖြစ်မည်မဟုတ်၊ ယင်းမှာ ဘုရားသခင်တစ်ပါးတည်းသာ ဖြစ်နိုင်ပြီး အခြားမည်သူမျှ မဖြစ်နိုင်ပေ။ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်များ မကြာခဏ ပြောဆိုလေ့ရှိသည့် “ဘုရားအိမ်တော်၏ ပူဇော်သက္ကာများ” ဟူသော အသုံးအနှုန်းသည် မှားယွင်းပြီး အမှန်ပြင်သင့်သည်မှာ အလွန်သိသာထင်ရှားပေသည်။ “ဘုရားအိမ်တော်၏ ပူဇော်သက္ကာများ” သို့မဟုတ် “အသင်းတော်၏ ပူဇော်သက္ကာများ” ကဲ့သို့သော ပြောဆိုချက်များ တစ်ခုတလေမျှ မရှိသင့်ပေ။ “ငါတို့၏ ပူဇော်သက္ကာများ” နှင့် “ငါတို့ ဘုရားအိမ်တော်၏ ပူဇော်သက္ကာများ” ဟုပင် ပြောဆိုသော လူအချို့လည်း ရှိသည်။ ဤအသုံးအနှုန်းအားလုံးသည် မှားယွင်းသည်။ ပူဇော်သက္ကာများကို ဖန်ဆင်းခံလူသားမျိုးနွယ်၊ ဘုရားသခင်နောက်သို့ လိုက်သောသူတို့က ဘုရားသခင်ထံ ပူဇော်ကြခြင်းဖြစ်သည်။ ဘုရားသခင်တစ်ပါးတည်းသာလျှင် ယင်းတို့၏ ပိုင်ရှင်၊ အသုံးပြုသူနှင့် မွေ့လျော်ခံစားသူဖြစ်ရန် သီးသန့်အခွင့်အရေး ရှိသည်။ ပူဇော်သက္ကာများသည် ဘုံပိုင်ဆိုင်မှု မဟုတ်ပေ၊ ယင်းတို့သည် လူနှင့် မသက်ဆိုင်ပေ၊ အသင်းတော်၊ ဘုရားအိမ်တော်နှင့်ပင် မသက်ဆိုင်ပေ။ ထိုအစား ယင်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည်။ ဘုရားသခင်သည် အသင်းတော်နှင့် ဘုရားအိမ်တော်အား ယင်းတို့ကို အသုံးပြုရန် ခွင့်ပြုသည်၊ ဤသည်မှာ သူ၏ တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ ထို့ကြောင့် “ဘုရားအိမ်တော်၏ ပူဇော်သက္ကာများ”၊ “အသင်းတော်၏ ပူဇော်သက္ကာများ” နှင့် “ငါတို့၏ ပူဇော်သက္ကာများ” ကဲ့သို့သော အသုံးအနှုန်းအားလုံးသည် မတိကျသည့်အပြင် ထို့ထက်မက ယင်းတို့သည် မသမာသောရည်ရွယ်ချက်များရှိသည့် လူတို့၏ အသုံးအနှုန်းများဖြစ်သည်။ ယင်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် အသိတရား ကင်းမဲ့သွားစေရန် ရည်ရွယ်ပြီး ထို့ထက်ပင်ပို၍ လူတို့ကို လမ်းလွဲစေရန် ရည်ရွယ်သည်။ ဤလူတို့သည် ပူဇော်သက္ကာများကို အသင်းတော် သို့မဟုတ် ဘုရားအိမ်တော် သို့မဟုတ် ညီအစ်ကိုမောင်နှမအားလုံးနှင့် သက်ဆိုင်သော ဘုံပိုင်ဆိုင်မှုအဖြစ် အမျိုးအစားခွဲခြားကြသည်။ ဤအရာအားလုံးသည် ပြဿနာရှိပြီး မှားယွင်းကာ အမှန်ပြင်သင့်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်မျိုး၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထိုသို့သောလူများသည် ပူဇော်သက္ကာများကို ဘုံပိုင်ဆိုင်မှုအဖြစ် မှတ်ယူပြီး မိမိတို့အလိုရှိသည့်အတိုင်း အသုံးပြုကြသည်၊ သို့မဟုတ် ၎င်းတို့သည် ခေါင်းဆောင်များအနေဖြင့် ဤအရာများကို ခွဲဝေပေးပိုင်ခွင့်ရှိသည်ဟု ယုံကြည်ကြပြီး ၎င်းတို့ကြိုက်နှစ်သက်သောလူများထံ သို့မဟုတ် လူတိုင်းထံ တန်းတူညီမျှ ခွဲဝေပေးကြသည်။ ၎င်းတို့သည် မည်သည့် အခြေအနေမျိုးကို ဖန်တီးရန် ကြိုးစားနေကြသနည်း။ လူတိုင်း တန်းတူညီမျှဖြစ်သော အခြေအနေတစ်ခု၊ လူတိုင်း ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားနိုင်သော အခြေအနေတစ်ခု၊ လူတိုင်း မျှဝေခံစားသော အခြေအနေတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အရင်းအမြစ်များနှင့် ရက်ရောခြင်းအားဖြင့် လူတို့၏စိတ်နှလုံးကို ဝယ်ယူလိုကြသည်။ ယင်းမှာ စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ ယင်းမှာ ယုတ်မာသည့်၊ အရှက်မဲ့သော အပြုအမူ ဖြစ်သည်။ ထိုသို့သောလူများကို မည်သို့ သတ်မှတ်ရမည်နည်း။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ပူဇော်သက္ကာများကို တပ်မက်ကြပြီး လူတို့က ၎င်းတို့ကို ကြီးကြပ်ခြင်း၊ ဖော်ထုတ်ခြင်းနှင့် ပိုင်းခြားသိမြင်ခြင်းတို့မရှိအောင် တားဆီးရန်အလို့ငှာ ၎င်းတို့ အသုံးမပြုသော ကျန်ရှိသည့်ပစ္စည်းများကို ညီအစ်ကိုမောင်နှမများထံ ခွဲဝေပေးပြီး ၎င်းတို့၏စိတ်နှလုံးကို ဝယ်ယူကာ လူတိုင်း တန်းတူညီမျှဖြစ်သည့် အခြေအနေတစ်ခုကို ရရှိအောင်လုပ်ဆောင်သည့်အပြင် လူတိုင်းက ၎င်းတို့နှင့် ပေါင်းသင်းခြင်းမှ အကျိုးအမြတ်ရရှိစေရန် လုပ်ဆောင်လေသည်။ သို့မှသာ မည်သူမျှ ၎င်းတို့ကို ဖော်ထုတ်လိမ့်မည် မဟုတ်ပေ။ အကျိုးအမြတ်အချို့ကို သင်တို့ ရယူနိုင်ပြီး “ဘုံပိုင်ဆိုင်မှု” အချို့ကို သင်တို့ မျှဝေခံစားနိုင်သည့် ဤသို့သော ခေါင်းဆောင်မျိုးနှင့် ကြုံတွေ့ခဲ့ပါက၊ သင်တို့တွင် ဤအခွင့်အရေးရှိပြီး ဤသို့သော အကျိုးအမြတ်ကို ရယူခဲ့ပါက ထိုအရာနှင့်ပတ်သက်၍ သင်တို့ ပျော်ရွှင်ကြမည်လော။ ယင်းကို သင်တို့ ငြင်းပယ်နိုင်ကြမည်လော။ (ငြင်းပယ်နိုင်ပါသည်။) အကယ်၍ သင်တို့သည် တပ်မက်လျှင်၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသည့်အပြင်၊ ဘုရားသခင်ကို မကြောက်ရွံ့လျှင် သင်သည် ငြင်းပယ်နိုင်မည် မဟုတ်ပေ။ တည်ကြည်မှုအနည်းငယ်၊ ဆင်ခြင်တုံတရားအနည်းငယ်နှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးအနည်းငယ်ရှိသောသူ မည်သူမဆိုသည် ယင်းကို ငြင်းပယ်မည်ဖြစ်ပြီး ထိုခေါင်းဆောင်ကို ပြစ်တင်ရန်၊ သူ့ကို ပြုပြင်ရန်၊ သူ့ကို တားဆီးရန် ထကြွကာ ဤသို့ ပြောဆိုကြလိမ့်မည်။ “ခေါင်းဆောင်တစ်ဦးအနေဖြင့် သင် ပထမဆုံး လုပ်ဆောင်သင့်သည့်အရာမှာ ပူဇော်သက္ကာများကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းဖြစ်သည်၊ ယင်းတို့ကို အလွဲသုံးစားလုပ်ခြင်း မဟုတ်ပေ၊ သင်၏ ကိုယ်ပိုင်အလိုဆန္ဒအပေါ် အခြေခံ၍ လူတိုင်းထံ ခွဲဝေပေးရန် ခွင့်ပြုချက်မရှိဘဲ ဆုံးဖြတ်ခြင်းဖြစ်ရန်မှာ သာ၍ပင် မလုပ်သင့်ပေ။ သင့်တွင် ထိုလုပ်ပိုင်ခွင့် မရှိပေ။ ယင်းမှာ သင့်အပေါ် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် မဟုတ်ပေ။ ပူဇော်သက္ကာများသည် ဘုရားသခင် အသုံးပြုရန်ဖြစ်ပြီး ယင်းတို့ကို အသင်းတော်က အသုံးပြုခြင်းအတွက် စည်းမျဉ်းများ ရှိသည်။ မည်သူမျှ ယင်းတို့အပေါ် ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သင့်တွင် ထိုအခွင့်ထူး မရှိပေ။ ဘုရားသခင်သည် ယင်းကို သင့်အား မအပ်နှင်းခဲ့ပေ။ သင်သည် ဘုရားသခင်၏ ပစ္စည်းများကို အသုံးပြုပိုင်ခွင့် မရှိ။ ဘုရားသခင်သည် သင့်အား ထိုအလုပ်ဖြင့် တာဝန်ပေးစေခိုင်းခဲ့ခြင်း မရှိပေ။ သို့ဖြစ်၍ ညီအစ်ကိုမောင်နှမများ ဘုရားသခင်ထံ ပူဇော်ခဲ့သော ရွှေငွေ လက်ဝတ်ရတနာများကို အမြန်ဆုံး ချွတ်လော့။ ၎င်းတို့ ဘုရားသခင်ထံ ပူဇော်ခဲ့သော အဝတ်အစားများကိုလည်း ချွတ်လော့။ သင် မစားသင့်ဘဲ စားခဲ့သည့်အရာများအတွက် လျော်ကြေးကို အမြန်ဆုံး ပေးလော့။ အကယ်၍ သင်သည် လူတစ်ဦးဖြစ်နေသေးပြီး အရှက်အကြောက်အနည်းငယ် ရှိသေးပါက ဤအရာကို ချက်ချင်းလုပ်ဆောင်လော့။ ထို့အပြင် ၎င်းတို့၏ မျက်နှာသာရရှိဖို့ မျက်နှာချိုသွေးရန် ဤပူဇော်သက္ကာများကို သင် မည်သူ့ထံ ပေးပို့ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သူ့အား ယင်းတို့ကို သိမ်းပိုက်ပြီး ခံစားခွင့်ပြုခဲ့သည်ဖြစ်စေ ထိုပူဇော်သက္ကာများကို ချက်ချင်း ပြန်လည်ရယူလော့။ အကယ်၍ သင် မရယူပါက ငါတို့သည် ညီအစ်ကိုမောင်နှမအားလုံးကို အကြောင်းကြားပြီး သင့်ကို ယုဒတစ်ဦးအဖြစ် ကိုင်တွယ်မည်”ဟူ၍ ဖြစ်သည်။ သင်တို့ ဤသို့ပြုလုပ်ဝံ့သလော။ (ပြုလုပ်ဝံ့ပါသည်။) ပူဇော်သက္ကာများနှင့် ပတ်သက်လာသည့်အခါ လူတိုင်းတွင် ဤတာဝန်ရှိပြီး ၎င်းတို့သည် ဤအသိစိတ်နှင့် ဤသဘောထားမျိုးဖြင့် ယင်းတို့ကို ဆက်ဆံသင့်သည်။ အခြားသူများက ပူဇော်သက္ကာများအား မည်သို့ ဆက်ဆံသည်၊ ၎င်းတို့က ယင်းတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ကာကွယ်ခြင်း ရှိမရှိနှင့် စည်းမျဉ်းများအတိုင်း စီမံခန့်ခွဲခြင်း ရှိမရှိဟူသည်တို့ကို ကြီးကြပ်ရန် ဤတာဝန်ဝတ္တရားလည်း ၎င်းတို့တွင် ရှိသည်။ ဤအရာသည် သင်နှင့် မည်သို့မျှ မသက်ဆိုင်ဟု မထင်မှတ်နှင့်၊ ပြီးလျှင် “မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး မဟုတ်ပါ၊ ဤသည်မှာ ကျွန်ုပ်၏ တာဝန်မဟုတ်ပါ။ ယင်းကို ကျွန်ုပ်တွေ့ရှိလျှင်ပင် ယင်းနှင့်ပတ်သက်၍ ကျွန်ုပ် တာဝန်ယူရန် သို့မဟုတ် တစ်စုံတစ်ခု ပြောဆိုရန် မလိုအပ်ပါ၊ ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ကိစ္စရပ်တစ်ခု ဖြစ်သည်။ မည်သူမဆို ငွေကို ထင်ရာမြင်ရာ သုံးစွဲပြီး ပူဇော်သက္ကာများကို အလွဲသုံးစားလုပ်လျှင် ၎င်းတို့သည် ယုဒတစ်ဦးဖြစ်ပြီး အချိန်တန်သည့်အခါ ဘုရားသခင်သည် ၎င်းတို့ကို အပြစ်ပေးလိမ့်မည်။ အကျိုးဆက်တစ်ခုကို ဖြစ်စေသူမည်သူမဆို ယင်းအတွက် တာဝန်ရှိသည်။ ဤအရာနှင့်ပတ်သက်၍ ကျွန်ုပ် တာဝန်ယူရန် မလိုအပ်ပါ။ ကျွန်ုပ် မဆိုင်ဘဲ ဝင်ပြောလျှင် ဘာကောင်းကျိုးရှိမည်နည်း”ဟု ဆိုလျက် တာဝန်မဲ့မနေနှင့်။ ဤသို့သောလူစားမျိုးကို သင်တို့ မည်သို့ မှတ်ယူသနည်း။ (၎င်းတို့တွင် အသိစိတ်မရှိပါ။) ခေါင်းဆောင်များနှင့် အမှုဆောင်များ စုံစမ်းမေးမြန်းခြင်းမရှိသော အချို့နေရာများတွင် ပူဇော်သက္ကာများကို ဖြုန်းတီးပြီး သိမ်းပိုက်နေသောလူများ ရှိသည်ကို သင် တွေ့ရှိပါက ပါဝင်ပတ်သက်နေသောလူများကို သင်ကိုယ်တိုင် သတိပေးသင့်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များထံ ချက်ချင်း အကြောင်းကြားသင့်သည်။ “ကျွန်ုပ်တို့၏ အဖွဲ့ခေါင်းဆောင်နှင့် ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် ပူဇော်သက္ကာများကို မိမိတို့ကိုယ်တိုင်အတွက် မကြာခဏ ယူဆောင်ကြသည်။ ၎င်းတို့သည် ပူဇော်သက္ကာများကို ထင်ရာမြင်ရာ သုံးစွဲကြပြီး အခြားသူများနှင့် ဆွေးနွေးမှုများ မပြုလုပ်ဘဲ ဤပစ္စည်း၊ ထိုပစ္စည်းကို ဝယ်ယူရန် မိမိတို့ဘာသာ ဆုံးဖြတ်ကြသည်။ ၎င်းတို့၏ အသုံးစရိတ်အများစုသည် စည်းမျဉ်းများနှင့် မကိုက်ညီပါ။ ဘုရားအိမ်တော်သည် ဤအရာကို ကိုင်တွယ်နိုင်သလော”ဟု သင် ပြောဆိုသင့်သည်။ ၎င်းတို့ တွေ့ရှိသော ပြဿနာများအကြောင်းကို သတင်းပို့ခြင်းနှင့် အကြောင်းကြားခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တာဝန် ဖြစ်သည်။ ငါတို့၏ အထက်ပါ မိတ်သဟာယဖွဲ့ခြင်းသည် အယောင်ဆောင်ခေါင်းဆောင်တစ်မျိုး၏ သရုပ်သကန်အကြောင်း ဖြစ်သည်။ ပူဇော်သက္ကာများအပေါ် ၎င်းတို့၏ သဘောထားမှာ ယင်းတို့ကို ဘုံပိုင်ဆိုင်မှုအဖြစ် သဘောထားခြင်း ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။