ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၂) အခန်း လေး

၂။ ပူဇော်သက္ကာများ၏ အသုံးစရိတ်များကို ဂရုမစိုက်ခြင်း သို့မဟုတ် မေးမြန်းမှု မရှိခြင်း

ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်များ၏ နောက်ထပ် သရုပ်သကန်တစ်ခုမှာ ၎င်းတို့က ပူဇော်သက္ကာများအား မည်သို့စီမံခန့်ခွဲရမည်ကို မသိခြင်း ဖြစ်သည်။ ပူဇော်သက္ကာများကို မထိရကြောင်း၊ ထင်ရာမြင်ရာ တလွဲအသုံးမပြုရ သို့မဟုတ် အလွဲသုံးစားမလုပ်ရကြောင်း၊ ယင်းတို့သည် မြင့်မြတ်ပြီး သန့်ရှင်းသောအရာအဖြစ် သီးသန့်ခွဲထားကြောင်းနှင့် ယင်းတို့နှင့်ပတ်သက်၍ မလျော်ကန်သော အတွေးများ ထား၍မရကြောင်းကိုသာ ၎င်းတို့က သိကြသည်။ သို့သော် ပူဇော်သက္ကာများကို မည်သို့ အတိအကျ ကောင်းမွန်စွာ စီမံခန့်ခွဲရမည်၊ ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကောင်းသော ဘဏ္ဍာထိန်းတစ်ဦး မည်သို့ဖြစ်ရမည်နှင့် ပတ်သက်လာသည့်အခါ ၎င်းတို့တွင် ဤအလုပ်အတွက် လမ်းကြောင်းမရှိ၊ စည်းမျဉ်းများမရှိ၊ တိကျသော အစီအစဉ်များ သို့မဟုတ် အဆင့်များ မရှိပေ။ သို့ဖြစ်၍ ပူဇော်သက္ကာများကို စာရင်းသွင်းခြင်း၊ ရေတွက်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းအပြင် ဝင်ငွေထွက်ငွေစာရင်းများကို စစ်ဆေးခြင်းနှင့် အသုံးစရိတ်များကို စစ်ဆေးခြင်းကဲ့သို့သော ကိစ္စရပ်များတွင် ဤအယောင်ဆောင်ခေါင်းဆောင်များသည် အတော်လေး တုံ့ပြန်မှုမရှိကြပေ။ တစ်စုံတစ်ဦးက ခွင့်ပြုချက်အတွက် တစ်စုံတစ်ခုကို တင်ပြသည့်အခါ ၎င်းတို့က လက်မှတ်ထိုးပေးလိုက်ကြသည်။ တစ်စုံတစ်ဦးက စာရင်းရငွေအတွက် လျှောက်ထားသည့်အခါ ၎င်းတို့ ပေးလိုက်သည်။ တစ်စုံတစ်ဦးက ရည်ရွယ်ချက်တစ်ခုခုအတွက် ငွေကို လျှောက်ထားသည့်အခါ ၎င်းတို့က ထုတ်ပေးလိုက်သည်။ အမျိုးမျိုးသော စက်ပစ္စည်းများနှင့် ကိရိယာများအား မည်သည့်နေရာတွင် ထိန်းသိမ်းစောင့်ရှောက်နေသည်ကို ၎င်းတို့ မသိကြပေ။ ထိုပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်သူသည် သင့်တော်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ မည်သို့ ပိုင်းခြားသိမြင်ရမည်ဟူသည်ကိုလည်းကောင်း ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲသို့ ထိုးထွင်းမမြင်နိုင်သကဲ့သို့ လူတို့၏ အနှစ်သာရများထဲသို့လည်း ထိုးထွင်းမမြင်နိုင်ကြပေ။ သို့ဖြစ်၍ ဤလူတို့၏ စီမံခန့်ခွဲမှုနယ်ပယ်အောက်တွင် ထွက်သွားသော ပူဇော်သက္ကာအားလုံး၏ မှတ်တမ်းများ ရှိသော်လည်း ထိုစာရင်းများရှိ အသုံးစရိတ်များ၏ အသေးစိတ်အချက်အလက်များကို ကြည့်ရှုလျှင် အသုံးစရိတ်များစွာသည် ကျိုးကြောင်းဆီလျော်မှုမရှိသည့်အပြင် မလိုအပ်ပေ။ များစွာသော အသုံးစရိတ်များသည် အလွန်အကျွံဖြစ်ပြီး ဖြုန်းတီးရာရောက်သည်။ ပူဇော်သက္ကာများသည် ဤခေါင်းဆောင်များနှင့် အမှုဆောင်များ၏ လက်မှတ်များအောက်တွင် ဆုံးရှုံးသွားရသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် တိကျသော အလုပ်ကို လုပ်ဆောင်နေပုံရသော်လည်း အမှန်တကယ်တွင် ၎င်းတို့ လုပ်ဆောင်နေသည့်အရာအတွက် မည်သည့် စည်းမျဉ်းမျှ လုံးဝမရှိပေ။ ၎င်းတို့သည် စိစစ်ခြင်းကို လုပ်ဆောင်နေခြင်းမရှိ။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေခြင်းဖြစ်သည်၊ စည်းမျဉ်းများနှင့် စည်းကမ်းများကို လိုက်နာနေခြင်းမျှသာဖြစ်ပြီး ထို့ထက်ဘာမျှမပိုပေ။ ဤအရာက ပူဇော်သက္ကာများကို စီမံခန့်ခွဲခြင်းအတွက် စည်းမျဉ်းများကို မဆိုထားနှင့်၊ စံနှုန်းများကိုပင် လုံးဝ မပြည့်မီပေ။ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်နေသည့် ကာလအတွင်းတွင် ကျိုးကြောင်းဆီလျော်မှုမရှိသော အသုံးစရိတ်များ အလွန်များပြားလှသည်။ အကယ်၍ ကိစ္စများကို ကြီးကြပ်ရန်နှင့် စီမံခန့်ခွဲရန် တစ်စုံတစ်ဦး ရှိနေပါက ဤကျိုးကြောင်းဆီလျော်မှုမရှိသော အသုံးစရိတ်များသည် မည်သို့ ဖြစ်ပေါ်လာရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ အလုပ်တွင် တာဝန်မယူသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြရုံလုပ်ပြကြပြီး အမှုအရာများကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ကိုင်တွယ်ဖြေရှင်းကာ စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ခြင်း မရှိကြပေ။ ၎င်းတို့သည် အခြားသူများကို စိတ်အနှောင့်အယှက်မပေးကြ၊ လူ့အကြိုက်လိုက်သူများကဲ့သို့ ပြုမူကာ သင့်တော်သော စိစစ်ခြင်းကို မဆောင်ရွက်ကြပေ။ ပူဇော်သက္ကာများကို စီမံခန့်ခွဲသောသူများထဲတွင် အမှန်တကယ် တာဝန်သိသောသူတစ်ဦး၊ အမှန်တကယ် စိစစ်ခြင်းကို ဆောင်ရွက်နိုင်သောသူတစ်ဦးပင် ရှိကောင်းမရှိနိုင်ပေ။ ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်နေသောလူများက သင့်တော်ခြင်း ရှိမရှိဟူသည်ကိုဖြစ်စေ၊ ထိုလူတို့၏ အသင်းတော်များတွင် အန္တရာယ်ရှိသော အခြေအနေတစ်ခုတလေ ရှိမရှိဟူသည်ကိုဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များက အလေးဂရုမပြုကြပေ။ ၎င်းတို့အတွက်မူ မိမိတို့ကိုယ်တိုင် လုံခြုံနေသရွေ့ အရာအားလုံး အဆင်ပြေသည်။ အန္တရာယ် ဖြစ်ပေါ်လာသည့်အခါ ၎င်းတို့ ပထမဆုံး စဉ်းစားသည့်အရာမှာ မည်သည့်နေရာသို့ ထွက်ပြေးနိုင်သည်ဟူသည်နှင့် မိမိတို့၏ ကိုယ်ပိုင်ငွေကို လုယက်ခံရခြင်း ရှိမရှိဟူသည်တို့သာဖြစ်ပြီး ပူဇော်သက္ကာများ၏ တည်နေရာကိုဖြစ်စေ၊ အန္တရာယ်ရှိခြင်း ရှိမရှိဟူသည်ကိုဖြစ်စေ ၎င်းတို့က စစ်ဆေးခြင်း သို့မဟုတ် မေးမြန်းခြင်း မရှိကြပေ။ ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် လအနည်းငယ်အကြာ သို့မဟုတ် ခြောက်လအကြာတွင် ၎င်းတို့သည် အသိစိတ်ဖြင့် မေးမြန်းကောင်းမေးမြန်းနိုင်ပြီး အချို့သော ပူဇော်သက္ကာများကို အဆင်းနီသော နဂါးကြီးက သိမ်းပိုက်သွားကြောင်း၊ အချို့ကို ဆိုးယုတ်သောလူများက ဖြုန်းတီးခဲ့ကြောင်းနှင့် အချို့၏ တည်နေရာကို မသိရှိကြောင်းဟူသည်တို့ကို သိရှိလာသည့်အခါ ၎င်းတို့သည် ခဏတာ စိတ်မကောင်းဖြစ်ကြလိမ့်မည်၊ ၎င်းတို့ အနည်းငယ် ဆုတောင်းပြီး မိမိတို့၏ အမှားကို ဝန်ခံကာ ထိုမျှနှင့်ပင် ပြီးဆုံးသွားလိမ့်မည်။ ဤလူတို့မှာ မည်သည့် သတ္တဝါမျိုးများ ဖြစ်ကြသနည်း။ ဤသို့ အလုပ်လုပ်ခြင်းနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိနေသည် မဟုတ်လော။ ပူဇော်သက္ကာများအပေါ် ထိုသို့သော သဘောထားရှိသောသူ တစ်စုံတစ်ဦးကို ဘုရားသခင်က မည်သို့ ဆက်ဆံလိမ့်မည်နည်း။ သူသည် ၎င်းတို့ကို စစ်မှန်သော ယုံကြည်သူတစ်ဦးအဖြစ် မှတ်ယူလိမ့်မည်လော။ (မှတ်ယူလိမ့်မည် မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့ကို မည်သည့်အရာအဖြစ် သူက မှတ်ယူလိမ့်မည်နည်း။ (ဘာသာတရား မရှိသူအဖြစ် ဖြစ်သည်။) ဘုရားသခင်သည် တစ်စုံတစ်ဦးကို ဘာသာတရား မရှိသူအဖြစ် မှတ်ယူသည့်အခါ ထိုသူသည် ခံစားချက်တစ်ခု ရရှိသလော။ ၎င်းတို့သည် မိမိတို့၏ စိတ်ဝိညာဉ်တွင် ထုံထိုင်း၍ ဉာဏ်မွဲကြပြီး ပြုမူဆောင်ရွက်သည့်အခါ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်း သို့မဟုတ် လမ်းပြမှု သို့မဟုတ် မည်သည့်အလင်းမျှ မရှိကြပေ။ ၎င်းတို့ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ ဘုရားသခင်က ၎င်းတို့ကို ကာကွယ်ခြင်း မရှိသည့်အပြင်၊ ၎င်းတို့သည် အမှောင်ထဲတွင် အသက်ရှင်လျက် မကြာခဏ အပျက်သဘောဆောင်ပြီး အားနည်းလေသည်။ တရားဒေသနာများကို မကြာခဏ ၎င်းတို့ နားထောင်ပြီး မိမိတို့၏ အလုပ်တွင် ဒုက္ခခံစားနိုင်ကာ အဖိုးအခပေးနိုင်သော်လည်း မည်သည့်တိုးတက်မှုကိုမျှ မဖြစ်စေကြသည့်အပြင်၊ သနားစရာ ပုံပန်းတစ်ခု ဖြစ်နေကြသည်။ ယင်းတို့သည် ၎င်းတို့၏ “ရလဒ်များ” ဖြစ်သည်။ ဤသည်မှာ အပြစ်ဒဏ်ထက်ပင် ခံရခက်သည် မဟုတ်လော။ ငါ့ကို ပြောလော့၊ ဤသည်မှာ ဘုရားသခင်ကို တစ်စုံတစ်ဦး ယုံကြည်ခြင်း၏ ရလဒ်ဖြစ်ပါက ယင်းသည် ဝမ်းမြောက်ခြင်းနှင့် အောင်ပွဲခံခြင်းအတွက် အကြောင်းတရားတစ်ခုလော သို့မဟုတ် ဝမ်းနည်းပူဆွေးခြင်းနှင့် မြည်တမ်းခြင်းအတွက် အကြောင်းတရားတစ်ခုဖြစ်သလော။ ငါ၏အမြင်တွင်မူ ယင်းမှာ ကောင်းသော လက္ခဏာတစ်ခု မဟုတ်ပေ။

အယောင်ဆောင်ခေါင်းဆောင်များသည် ပူဇော်သက္ကာများအား စီမံခန့်ခွဲခြင်းအလုပ်ကို မည်သည့်အခါမျှ အလေးအနက်မထားကြပေ။ ၎င်းတို့က “လူတို့သည် ဘုရားသခင်၏ ပူဇော်သက္ကာများကို မထိရပါ၊ ဘုရားသခင်၏ ပူဇော်သက္ကာများကို မည်သူကမျှ အလွဲသုံးစားမလုပ်သင့်သည့်အပြင်၊ မကောင်းသောလူများ၏ လက်ထဲသို့ မကျရောက်သင့်ပါ”ဟု ပြောဆိုကြပြီး ဤဆောင်ပုဒ်များကို အတော် ကောင်းမွန်စွာ ဟစ်ကြွေးကြကာ ၎င်းတို့၏ စကားများက အလွန် ကိုယ်ကျင့်တရားရှိပြီး သင့်တော်ပုံရသော်လည်း ၎င်းတို့သည် လူသားများကဲ့သို့ မပြုမူကြပေ။ ၎င်းတို့သည် ပူဇော်သက္ကာများကို အလွဲသုံးစားမလုပ်ကြသည့်အပြင်၊ ယင်းတို့အပေါ် မလျော်ကန်သော အတွေးများ သို့မဟုတ် သိမ်းပိုက်လိုသော ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိကြသော်လည်း၊ ပြီးလျှင် ၎င်းတို့ထဲမှ အချို့သည် မိမိတို့တွင် ရှိနိုင်သည့် မည်သည့်အသုံးစရိတ်အတွက်မဆို ဘုရားအိမ်တော်၏ ငွေကို ဘယ်သောအခါမျှ အသုံးမပြုခြင်း သို့မဟုတ် ဘုရားသခင်၏ ပူဇော်သက္ကာများကို မထိသည့်အပြင်၊ ထိုအစား မိမိတို့၏ ကိုယ်ပိုင်ငွေကို သုံးစွဲကြသော်လည်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ပူဇော်သက္ကာများ စီမံခန့်ခွဲမှုနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ လုံးဝမလုပ်ဆောင်ကြပေ။ ၎င်းတို့အနေဖြင့် ပူဇော်သက္ကာများနှင့်ဆိုင်သည့် အသုံးစရိတ်အခြေအနေအကြောင်း မေးမြန်းခြင်း သို့မဟုတ် ပူဇော်သက္ကာများနှင့်ဆိုင်သည့် အသုံးစရိတ်များကို စိစစ်ခြင်းကဲ့သို့သော ရိုးရှင်းသည့်အရာများကိုပင် မလုပ်ဆောင်ကြပေ။ ဤသူတို့သည် သိသာထင်ရှားစွာပင် အယောင်ဆောင်ခေါင်းဆောင်များဖြစ်ကြသည်။ ပူဇော်သက္ကာများအပေါ် ၎င်းတို့၏ သဘောထားမှာ ဤသို့ဖြစ်သည်။ “ငါသည် ယင်းတို့ကို မသုံးစွဲသည့်အပြင် အလွဲသုံးစားလည်း မလုပ်ပါ။ အခြားသူများက ယင်းတို့အား မည်သို့ သုံးစွဲသည် သို့မဟုတ် အခြားသူများက ယင်းတို့အား အလွဲသုံးစားလုပ်ခြင်း ရှိမရှိဟူသည်ကိုလည်း ငါ စိတ်မဝင်စားပါ”ဟူ၍ ဖြစ်သည်။ သင်၏ ဤမပူမအေးဖြစ်သော သဘောထားသည် အလွန် ပြဿနာများလှသည်ဟု ဤအယောင်ဆောင် ခေါင်းဆောင်များကို ငါ ပြောသည်။ ယင်းတို့ကို မသုံးစွဲခြင်းနှင့် အလွဲသုံးစားမလုပ်ခြင်းသည် လူတို့ လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ သို့သော် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင် သာ၍ပင် လုပ်ဆောင်သင့်သည့်အရာမှာ ပူဇော်သက္ကာများကို ကောင်းမွန်စွာ စီမံခန့်ခွဲရန်ဖြစ်သော်လည်း သင်သည် ဤအရာကို လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်။ ယင်းကို တာဝန်ဝတ္တရား ပျက်ကွက်ခြင်းဟု ခေါ်သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သင်သည် တစ်ပြားတစ်ချပ်မျှ သုံးစွဲခဲ့ခြင်း သို့မဟုတ် ပူဇော်သက္ကာတစ်ခုတည်းကိုမျှ အလွဲသုံးစားလုပ်ခဲ့ခြင်း ရှိကောင်းမရှိနိုင်သော်လည်း၊ လက်တွေ့ကျသော အလုပ်ကို သင် မလုပ်ဆောင်သောကြောင့်လည်းကောင်း၊ ပူဇော်သက္ကာများနှင့်စပ်လျဉ်း၍ မည်သည့်တိကျသော စီမံခန့်ခွဲမှုအလုပ်ကိုမျှ မလုပ်ဆောင်သောကြောင့်လည်းကောင်း သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရပြီး ထိုသို့ပြုလုပ်ခြင်းသည် တရားမျှတကာ ကျိုးကြောင်းဆီလျော်ပေသည်။ အချို့ခေါင်းဆောင်များသည် မည်သည့်ပူဇော်သက္ကာကိုမျှ လုံးဝ ယူဆောင်ခြင်း သို့မဟုတ် အသုံးပြုခြင်း မရှိကြပေ။ အခြားခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးက အသုံးပြုလျှင်ပင် ၎င်းတို့က အသုံးမပြုကြသည့်အပြင်၊ ဘုရားအိမ်တော်က ၎င်းတို့အား တစ်စုံတစ်ခုကို ပေးရန် စီစဉ်သည့်အခါ ၎င်းတို့ ငြင်းပယ်ကြသည်။ ၎င်းတို့သည် အတော်လေး သန့်ရှင်းပြီး တပ်မက်ခြင်းကင်းမဲ့ပုံရသော်လည်း ပူဇော်သက္ကာများကို စီမံခန့်ခွဲရန် စီစဉ်ခြင်းခံရသည့်အခါ ၎င်းတို့သည် မည်သည့်တိကျသော အလုပ်ကိုမျှ လုံးဝလုပ်ဆောင်မည် မဟုတ်ပေ။ ပူဇော်သက္ကာများကို မည်သူက သုံးစွဲနေသည်ဖြစ်စေ ၎င်းတို့က လက်မှတ်ထိုးပေးလိုက်မည်ဖြစ်သည်၊ ၎င်းတို့သည် မည်သည့်စုံစမ်းမေးမြန်းမှုကိုမျှပင် မပြုလုပ်ဘဲ ထိုအကြောင်းကို နောက်ထပ်တစ်ခွန်းမျှ မပြောဆိုကြပေ။ ဤလူတို့သည် ပူဇော်သက္ကာများထဲမှ တစ်ပြားတစ်ချပ်ကိုမျှ အလွဲသုံးစားမလုပ်ကြသော်လည်း ၎င်းတို့၏ စီမံခန့်ခွဲမှုနယ်ပယ်အောက်တွင် ပူဇော်သက္ကာများက ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ရောက်ရှိသွားပြီး ၎င်းတို့၏ တာဝန်မဲ့မှုနှင့် တာဝန်ဝတ္တရား ပျက်ကွက်ခြင်းတို့ကြောင့် ပူဇော်သက္ကာများကို မည်သူမဆိုက ဖြုန်းတီးကာ အလဟဿဖြစ်စေနိုင်လေသည်။ ဤဖြုန်းတီးခြင်းနှင့် အလဟဿဖြစ်ခြင်းတို့သည် ၎င်းတို့၏ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းနှင့် ဆက်စပ်သည် မဟုတ်လော။ ယင်းသည် ၎င်းတို့၏ တာဝန်ဝတ္တရား ပျက်ကွက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဤလူတို့၏ ဒုစရိုက်အမှုများတွင် ဝေစုတစ်ခု ရှိကြသည် မဟုတ်လော။ ၎င်းတို့သည် ယင်းတို့အတွက် တာဝန်မခံကြသလော။ ဤသည်မှာ ခံယူရမည့် ကြီးမားသော တာဝန်တစ်ခုဖြစ်ပြီး ၎င်းတို့ ရှောင်လွှဲ၍မရပေ။ ၎င်းတို့သည် မိမိတို့၏ လမ်းစဉ်ကိုသာ စွဲမြဲထားကြသည်။ “မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် ဘုရားသခင်၏ ပူဇော်သက္ကာများကို အလွဲသုံးစားလုပ်နေခြင်းမရှိသည့်အပြင်၊ ထိုသို့ပြုလုပ်ရန် ဆန္ဒ သို့မဟုတ် အစီအစဉ်လည်း မရှိပါ။ မည်သူက ဘုရားသခင်၏ ပူဇော်သက္ကာများကို သုံးစွဲသည်ဖြစ်စေ ကျွန်ုပ် မသုံးစွဲပါ။ မည်သူက ယင်းတို့ကို ယူဆောင်ပြီး အသုံးပြုသည်ဖြစ်စေ ကျွန်ုပ် အသုံးမပြုပါ။ မည်သူက ယင်းတို့ကို မွေ့လျော်ခံစားသည်ဖြစ်စေ ကျွန်ုပ် မွေ့လျော်ခံစားခြင်းမရှိပါ။ ဤသည်မှာ ပူဇော်သက္ကာများအပေါ် ကျွန်ုပ်၏ သဘောထားဖြစ်သည်။ သင် အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်” ဟူ၍ ဖြစ်သည်။ ထိုသို့သောလူများ ရှိသလော။ (ရှိပါသည်။) အန္တိခရစ်များသည် ပူဇော်သက္ကာများကို စျေးကြီးသော အဝတ်အစားများ၊ ဇိမ်ခံပစ္စည်းများနှင့် ကားများနှင့်ပတ်သက်၍ပင် သုံးစွဲကြသည်။ ငါ့ကို ပြောလော့၊ ဤသို့သော အယောင်ဆောင်ခေါင်းဆောင်မျိုးသည် ဤပြဿနာကို သိမြင်နိုင်သလော။ ၎င်းတို့သည် ပူဇော်သက္ကာများကို မိမိတို့ကိုယ်တိုင် အလွဲသုံးစားလုပ်ခြင်းမရှိ၊ ၎င်းတို့တွင် ဤသဘောထားရှိသည်၊ သို့ဖြစ်၍ ယင်းတို့ကို အလွဲသုံးစားလုပ်ခြင်းက မကောင်းကြောင်း ၎င်းတို့ ယုံကြည်ကြသည် မဟုတ်လော။ (ယုံကြည်ကြပါသည်။) သို့ဆိုလျှင် အန္တိခရစ်များက ထိုသို့သော ကြီးမားသည့်မကောင်းမှုကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် အဘယ်ကြောင့် ယင်းကို လျစ်လျူရှုပြီး မတားဆီးကြသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ယင်းကို အလေးအနက်မထားကြသနည်း။ (၎င်းတို့သည် စိတ်အနှောင့်အယှက်မပေးချင်ကြပါ။) ယင်းမှာ ဒုစရိုက်အမှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘဏ္ဍာထိန်းတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ကို မဖြည့်ဆည်းခြင်း ဖြစ်သည်။ အကယ်၍ သင်၏ စီမံခန့်ခွဲမှုအတွင်းတွင် ပူဇော်သက္ကာများသည် ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ရောက်ရှိသွားပါက၊ ယင်းတို့သည် ဖြုန်းတီးခြင်း၊ အလဟဿဖြစ်ခြင်းနှင့် ကျိုးကြောင်းဆီလျော်မှုမရှိသော နည်းလမ်းဖြင့် သုံးစွဲခြင်းတို့ကို ခံရပါက၊ ယင်းတို့သည် ဤသို့ အလဟဿဖြစ်သွားသည့်တိုင် သင်က မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ တစ်ခွန်းမျှပင် မပြောဆိုပါက ယင်းမှာ တာဝန်ဝတ္တရား ပျက်ကွက်ခြင်း မဟုတ်လော။ ယင်းမှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ သရုပ်သကန်တစ်ခု မဟုတ်လော။ အကယ်၍ သင်သည် ပြောသင့်သည့်အရာကို မပြောဆိုပါက၊ လုပ်ဆောင်သင့်သည့်အလုပ်ကို မလုပ်ဆောင်ပါက၊ ဖြည့်ဆည်းသင့်သည့်တာဝန်ကို မဖြည့်ဆည်းပါက၊ အယူဝါဒတိုင်းကို သင် နားလည်သော်လည်း လက်တွေ့ကျသော အလုပ်ကိုသာ မလုပ်ဆောင်ပါက သင်သည် မုချ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သင်က “မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် ပူဇော်သက္ကာများကို အလွဲသုံးစားမလုပ်ပါ၊ အခြားသူများ လုပ်ဆောင်ပါက ယင်းမှာ ၎င်းတို့၏ ကိစ္စဖြစ်သည်”ဟု ယုံကြည်သည်။ သို့ဆိုလျှင် သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး မဟုတ်တော့သလော။ ပူဇော်သက္ကာများကို အလွဲသုံးစားမလုပ်ခြင်းသည် သင်၏ ပုဂ္ဂိုလ်ရေးကိစ္စဖြစ်သော်လည်း သင်သည် ပူဇော်သက္ကာများကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်လေပြီလော။ ပူဇော်သက္ကာများနှင့်စပ်လျဉ်း၍ သင်၏ တာဝန်ကို ဖြည့်ဆည်းပြီးပြီလော။ မဖြည့်ဆည်းရသေးပါက သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ “မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် ပူဇော်သက္ကာများကို အလွဲသုံးစားမလုပ်ပါ။ သို့ဖြစ်၍ ကျွန်ုပ်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး မဟုတ်ပါ”ဟု ပြောလျက် သင့်ကိုယ်သင်အတွက် ဆင်ခြေများ မရှာဖွေနှင့်။ ပူဇော်သက္ကာများကို အလွဲသုံးစားမလုပ်ခြင်းက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် စံမီခြင်း ရှိမရှိဟူသည်ကို တိုင်းတာရန် စံသတ်မှတ်ချက်တစ်ခုအဖြစ် အရည်အချင်းမပြည့်မီပေ။ ၎င်းတို့ စံမီခြင်း ရှိမရှိဟူသည်အတွက် စစ်မှန်သော စံသတ်မှတ်ချက်မှာ ဘုရားသခင်က ၎င်းတို့အား အပ်နှင်းထားသည့်အရာများတွင် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းရှိသလော၊ လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သလောဟူသည်နှင့် လူတစ်ဦး ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားကို ဖြည့်ဆည်းခြင်းရှိသလောဟူသည်တို့ ဖြစ်သည်။ ယင်းမှာ အရေးကြီးဆုံးအရာ ဖြစ်သည်။ သို့ဖြစ်၍ ပူဇော်သက္ကာများကို စီမံခန့်ခွဲမှုတွင် သင်၏ တာဝန်ဝတ္တရားမှာ အဘယ်နည်း။ သင်သည် ထိုတာဝန်များအားလုံးကို ဆောင်ရွက်ပြီးပြီလော။ မဆောင်ရွက်ရသေးသည်မှာ အလွန်သိသာထင်ရှားပေသည်။ သင်သည် ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေခြင်းသာ ဖြစ်သည်။ သင်သည် လူတို့အား စိတ်အနှောင့်အယှက်ပေးမိမည်ကို ကြောက်ရွံ့သော်လည်း ဘုရားသခင်အား ပုန်ကန်ပြစ်မှားမိမည်ကို မကြောက်ရွံ့ပေ။ သင်သည် လူတို့ကို စိတ်အနှောင့်အယှက်ပေးမိမည်၊ ၎င်းတို့၏ အမြင်တွင် သင်၏ ကောင်းသော ပုံရိပ် ပျက်စီးမည်ကို ကြောက်ရွံ့သောကြောင့် ပူဇော်သက္ကာများကို အလေးထားခြင်းမရှိပေ။ အကယ်၍ သင့်တွင် ဤသရုပ်သကန်ရှိပါက သင်သည် မုချ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဤသည်မှာ သင့်အပေါ် တံဆိပ်ကပ်ခြင်း မဟုတ်ပေ။ အဖြစ်မှန်များကို အားလုံးမြင်နိုင်ရန် ချပြထားပြီး ဖြစ်သည်။ သင်သည် သင်၏ တာဝန်နှင့် ဝတ္တရားကိုပင် ဖြည့်ဆည်းနိုင်ခြင်းမရှိပေ။ သင်သည် အလွန် တစ်ကိုယ်ကောင်းဆန်ပါသည်တကား။ သင်သည် သင်၏ ကိုယ်ပိုင်ပစ္စည်းများ၊ သင်၏ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုများကို အတော်လေး ကောင်းမွန်စွာ၊ တာဝန်သိစွာနှင့် ဂရုတစိုက် စီမံခန့်ခွဲသည်။ သင်သည် ထိုအရာများကို ရာသီဥတုဒဏ်ခံရခွင့် မပြု။ မည်သူ့ကိုမျှ ယူဆောင်သွားခွင့် မပြုသည့်အပြင်၊ မည်သူ့ကိုမျှ သင့်အပေါ် အခွင့်ကောင်းယူခွင့် မပြုပေ။ သို့သော် ပူဇော်သက္ကာများနှင့်ပတ်သက်၍မူ သင့်တွင် တာဝန်ယူစိတ် လုံးဝမရှိပေ။ သင်သည် သင်၏ ကိုယ်ပိုင်ပစ္စည်းများကို စီမံခန့်ခွဲခြင်းနှင့်ပတ်သက်လာသည့်အခါ လုပ်ဆောင်သည့် တာဝန်၏ ဆယ်ပုံတစ်ပုံကိုပင် သင် မလုပ်ဆောင်ပေ။ သင့်ကို ကောင်းသော ဘဏ္ဍာထိန်းတစ်ဦးအဖြစ် မည်သို့ မှတ်ယူနိုင်မည်နည်း။ သင့်ကို ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် မည်သို့ မှတ်ယူနိုင်မည်နည်း။ သင်သည် သိသာထင်ရှားစွာပင် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဖြစ်ပေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်မျိုး၏ သရုပ်သကန်တစ်ခု ဖြစ်သည်။

၃။ အကျိုးသင့်အကြောင်းသင့်ဖြစ်သော အသုံးစရိတ်များကို ကန့်သတ်ခြင်း

နောက်ထပ် အယောင်ဆောင်ခေါင်းဆောင်တစ်မျိုးလည်း ရှိသေးပြီး ၎င်းတို့သည်လည်း အတော်လေး ရွံရှာဖွယ်ကောင်းသည်။ ဤကဲ့သို့သောလူများသည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက်တွင် ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်နေသည့်သူသည် ငွေကို အလွန်အကျွံသုံးပြီး အလွန် ဖြုန်းတီးစွာ သုံးစွဲနေသည်ကို ၎င်းတို့ မြင်သောကြောင့် ထိုသူကို ဖြုတ်ချလိုက်ကြသည်။ ထို့နောက် ၎င်းတို့သည် စေ့စေ့စပ်စပ် စီစဉ်နိုင်ပြီး သေချာစွာ ဘတ်ဂျက်ချနိုင်သော၊ တစ်ပြားတစ်ချပ်ကိုပင် တန်ဖိုးထားသော၊ အိမ်တစ်အိမ်ကို ခြိုးခြံစွာ မည်သို့ စီမံခန့်ခွဲရမည်ကို သိသောသူတစ်ဦးကို ရှာဖွေလိုကြသည်။ ထိုသို့သောလူစားမျိုးသည် ကောင်းမွန်သော ဘဏ္ဍာထိန်းတစ်ဦး ဖြစ်မည်ဟု ၎င်းတို့ ထင်ကြသော်လည်း မည်သူမျှ သင့်တော်သည်ဟု ၎င်းတို့ မထင်သည့်အပြင် ပူဇော်သက္ကာများကို ၎င်းတို့ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အဆုံးသတ်သွားသည်။ ညီအစ်ကိုမောင်နှမများက ဧဝံဂေလိတရားကို ဟောပြောရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်အချို့ကို ပုံနှိပ်ရန် လိုအပ်သည်ဟု ပြောဆိုသည့်အခါ ဤခေါင်းဆောင်များသည် စာအုပ်များပုံနှိပ်ရန် အတော်လေး ကုန်ကျသည်ဟု စဉ်းစားလျက်၊ ဤသို့ပြုလုပ်ရန် ခွင့်မပြုကြပေ။ အလုပ်အတွက် အရေးတကြီး လိုအပ်ခြင်း ရှိမရှိဟူသည်ကို ၎င်းတို့ ဂရုမစိုက်ကြပေ။ ၎င်းတို့အတွက်မူ ငွေကို ချွေတာသရွေ့ ကိစ္စမရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ ပူဇော်သက္ကာများကို မည်သည့်နေရာတွင် အသုံးပြုခြင်းက သူ၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်မည်ကို လုံးဝမသိကြပေ။ ၎င်းတို့ သိသမျှမှာ ဘုရားသခင်၏ ပူဇော်သက္ကာများကို ကာကွယ်ရန်နှင့် ယင်းတို့ကို လုံးဝ အထိမခံရန်သာ ဖြစ်သည်။ သုံးစွဲသင့်သည့်အရာကို ၎င်းတို့ မသုံးစွဲကြပေ။ ၎င်းတို့သည် စိစစ်ခြင်းကို အမှန်တကယ်ပင် “ကောင်းမွန်စွာ” လုပ်ဆောင်နေသည်၊ ကောင်းပေ၏။ ဤသို့ဖြင့် အလုပ်က မည်သို့ ရှေ့ဆက်နိုင်မည်နည်း။ ဤခေါင်းဆောင်များသည် ၎င်းတို့၏ လုပ်ဆောင်ချက်များအတွက် စည်းမျဉ်းများ ရှိသလော။ (မရှိပါ။) ၎င်းတို့သည် လုပ်ဆောင်သင့်သည့်အလုပ်ကို လုပ်ဆောင်ခွင့်မပြု၊ ပုံနှိပ်သင့်သည့်စာအုပ်များကို ပုံနှိပ်ခွင့်မပြု၊ သုံးစွဲရမည့်ငွေကို သုံးစွဲခွင့်မပြုကြပေ။ အကျိုးသင့်အကြောင်းသင့်ဖြစ်သော မည်သည့် အသုံးစရိတ်ကိုမျှ ခွင့်မပြုကြပေ။ ဤသည်မှာ စီမံခန့်ခွဲမှုလော။ (မဟုတ်ပါ။) ဤသည်မှာ အဘယ်အရာဖြစ်သနည်း။ ဤသည်မှာ စည်းမျဉ်းများကို သိနားလည်မှု ကင်းမဲ့ခြင်း ဖြစ်သည်။ စည်းမျဉ်းများကို သိနားလည်မှု ကင်းမဲ့သောသူများသည် အလုပ်လုပ်သည့်အခါ ပူဇော်သက္ကာများကို မည်သို့ စီမံခန့်ခွဲရမည်ကို မသိကြပေ။ ၎င်းတို့အနေဖြင့် ငွေကို စောင့်ကြည့်ရမည်ဖြစ်ပြီး တစ်ပြားတစ်ချပ်မျှ လျော့မသွားစေရဟူ၍လည်းကောင်း၊ မည်သည့်အသုံးစရိတ်ဖြစ်စေ ငွေကို မထိမကိုင်သင့်ဟူ၍လည်းကောင်း ယုံကြည်ကြသည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) စည်းမျဉ်းမရှိဘဲ အမှုအရာများကို ထိန်းချုပ်ခြင်းနှင့် စိစစ်ခြင်းကို လုပ်ဆောင်ခြင်းသည် စီမံခန့်ခွဲမှု မဟုတ်ပေ။ လက်လွတ်စပယ် သုံးစွဲခြင်း၊ ဖြုန်းတီးခြင်းနှင့် သုံးဖြုန်းခြင်းတို့သည် စီမံခန့်ခွဲမှု မဟုတ်သော်လည်း စိစစ်ခြင်းကြောင့် တစ်ပြားတစ်ချပ်မျှ သုံးစွဲခွင့်မပြုခြင်းနှင့် အကျိုးသင့်အကြောင်းသင့်ဖြစ်သော အသုံးစရိတ်များကို ကန့်သတ်ခြင်းသည်လည်း စီမံခန့်ခွဲမှု မဟုတ်ပေ။ နှစ်ခုစလုံးသည် စည်းမျဉ်းများနှင့် မကိုက်ညီပေ။ အချို့လူများသည် ပူဇော်သက္ကာများကို အသုံးပြုခြင်း၊ ခွဲဝေခြင်းနှင့် စီမံခန့်ခွဲခြင်းအတွက် စည်းမျဉ်းများကို နားမလည်သောကြောင့် ရုပ်ပျက်ဆင်းပျက်အဖြစ်အမျိုးမျိုးနှင့် ကမောက်ကမအခြေအနေအမျိုးမျိုး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဤခေါင်းဆောင်များသည် အပြင်ပန်းအားဖြင့် အတော်အတန် တာဝန်ယူတတ်ပြီး စိတ်အားထက်သန်ပုံရသော်လည်း ၎င်းတို့ လုပ်ဆောင်နေသည့်အလုပ်မှာ မည်သို့ရှိသနည်း။ (စည်းမျဉ်းမရှိပါ။) ပြီးလျှင် စည်းမျဉ်းမရှိသောကြောင့် ၎င်းတို့၏ နယ်မြေရှိ ဧဝံဂေလိအလုပ်သည် အဟန့်အတားနှင့် ကန့်သတ်မှုတို့ကို ကြုံတွေ့ရပြီး ပူဇော်သက္ကာများ အသုံးပြုခြင်းအပေါ် ၎င်းတို့၏ အလွန်အမင်း တင်းကျပ်သော စိစစ်မှုကြောင့် အချို့သော အတတ်ပညာဆိုင်ရာ အလုပ်သည်လည်း ကန့်သတ်ခြင်းခံရလေသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အလွန် စေ့စပ်သေချာပြီး တာဝန်ယူတတ်ပုံရသည်။ သို့သော် အမှန်တွင်မူ၊ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိဘဲ မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍သာ ပြုမူသောကြောင့်လည်းကောင်း၊ အသင်းတော်အတွက် ခြိုးခြံချွေတာခြင်းဟူသော အယောင်ဆောင်မှုအောက်တွင် ဘုရားအိမ်တော်အတွက် စိစစ်ခြင်းကိုပင် လုပ်ဆောင်သောကြောင့်လည်းကောင်း ၎င်းတို့သည် အသင်းတော်အလုပ်၏ ကဏ္ဍအမျိုးမျိုး တိုးတက်မှုကို မိမိတို့ကိုယ်တိုင်ပင် မသိဘဲ ပြင်းထန်စွာ ထိခိုက်စေလေသည်။ ထိုသို့သောလူများကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် သတ်မှတ်နိုင်သလော။ (သတ်မှတ်နိုင်ပါသည်။) ဤသည်က ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် အရည်အချင်းပြည့်မီစေသည်။ အတိုင်းအတာတစ်ခုအထိ ၎င်းတို့သည် ဧဝံဂေလိအလုပ်နှင့် အသင်းတော်အလုပ်ကို အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေပြီးဖြစ်သည်။ ဤအနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများသည် စည်းမျဉ်းများကို ၎င်းတို့ သိနားလည်မှု ကင်းမဲ့ခြင်းအပြင်၊ မိမိတို့၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် အယူအဆများကို အခြေခံ၍ မဆင်မခြင် အလုပ်လုပ်ခြင်းနှင့် သမ္မာတရား၏ စည်းမျဉ်းများကို မရှာဖွေခြင်း သို့မဟုတ် အခြားသူများနှင့် အမှုအရာများကို ဆွေးနွေးခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခြင်းတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ ပူဇော်သက္ကာများသည် ၎င်းတို့နှင့်အတူ ရှိနေသည့်အခါ ဖြုန်းတီးခြင်း သို့မဟုတ် သုံးဖြုန်းခြင်း ခံရမည်မဟုတ်သော်လည်း ၎င်းတို့သည် ပူဇော်သက္ကာများကို စည်းမျဉ်းများအတိုင်း အကျိုးသင့်အကြောင်းသင့် အသုံးမပြုနိုင်သည့်အပြင် ယင်းတို့ကို ကာကွယ်ရန်အတွက်သာ အသုံးပြုခွင့်မပြုဘဲနေကြကာ အကျိုးဆက်အနေဖြင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်ကို နှောင့်နှေးကြန့်ကြာစေပြီး ဘုရားအိမ်တော်အလုပ်၏ ပုံမှန်လည်ပတ်မှုကို ထိခိုက်စေလေသည်။ သို့ဖြစ်၍ ဤသရုပ်သကန်ကို အခြေခံ၍ ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်များအဖြစ် သတ်မှတ်ခြင်းသည် လုံးဝ လွန်ကဲခြင်း မရှိပေ။ အဘယ်ကြောင့် ထိုသို့သောလူများကိုလည်း အယောင်ဆောင်ခေါင်းဆောင်များအဖြစ် သတ်မှတ်ရသနည်း။ ၎င်းတို့သည် မည်သို့ အလုပ်လုပ်ဆောင်ရမည်ကို မသိကြသည့်အပြင်၊ ပူဇော်သက္ကာများအား မည်သို့ သဘောထားရမည်ဟူသည်နှင့် သဘောထားပုံတို့အပေါ် ၎င်းတို့၏ နားလည်သဘောပေါက်မှုက အလွန် လွဲချော်နေသောကြောင့် အခြားအလုပ်များကို ၎င်းတို့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြသလော။ သေချာပေါက် မလုပ်ဆောင်နိုင်ကြပေ။ ဤလူတို့၏ နားလည်သဘောပေါက်မှုနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိနေသည် မဟုတ်လော။ (ရှိပါသည်။) ၎င်းတို့၏ နားလည်သဘောပေါက်မှုက လွဲချော်နေသည်။ စည်းမျဉ်းစည်းကမ်းများကို ၎င်းတို့ ပုံသေစောင့်ထိန်းကြသည်၊ ဟန်ဆောင်မှုတွင် ၎င်းတို့ ပါဝင်ပြီး အယောင်ဆောင် ဝိညာဉ်ရေးရာပြည့်ဝသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို မစဉ်းစားကြသည့်အပြင်၊ စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ခြင်း မရှိကြပေ။ ၎င်းတို့သည် ပြုမူဆောင်ရွက်ရန်အတွက် စည်းမျဉ်းများကို ရှာမတွေ့နိုင်ကြသည့်အပြင် မိမိတို့၏ ကိုယ်ပိုင် အသေးအဖွဲ လိမ္မာပါးနပ်မှုနှင့် မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်းသာ လုပ်ဆောင်ပြီး စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းကြသည်။ ထို့ကြောင့် ၎င်းတို့၏ အလုပ်သည် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်ပေါ်စေသည်။ ၎င်းတို့ အလုပ်လုပ်သည့်ပုံစံသည် မိုက်မဲပြီး ညံ့ဖျင်းသည်။ ယင်းမှာ စက်ဆုပ်ဖွယ်ကောင်းပေသည်။ ထိုသို့သောလူများသည် သိသာထင်ရှားစွာပင် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်ကြသည်။ “ကျွန်ုပ်သည် ပူဇော်သက္ကာများကို အလွန်ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်သည်၊ ဤအလုပ်ကို အလွန် ဂရုတစိုက် လုပ်ဆောင်ပြီး အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရသေးသည်။ သို့ဆိုလျှင် ယင်းတို့ကို ကျွန်ုပ် စီမံဆောင်ရွက်မည် မဟုတ်တော့ပါ။ ယင်းတို့ကို သုံးချင်သူ သုံးနိုင်သည်၊ ယူချင်သူ ယူနိုင်သည်” ဟု ပြောဆိုသူ တစ်ဦးတလေ ရှိသလော။ ထိုသို့သော အတွေးရှိသူ တစ်ဦးတလေ ရှိသလော။ သို့ဆိုလျှင် အယောင်ဆောင်ခေါင်းဆောင်အမျိုးမျိုး၏ မတူကွဲပြားသော အခြေအနေများနှင့် သရုပ်သကန်များကို ဖော်ထုတ်ရာတွင် ငါတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (လူတို့အား စည်းမျဉ်းများကို သဘောပေါက်စေရန်နှင့် အယောင်ဆောင်ခေါင်းဆောင်များ၏ လမ်းကြောင်းအား လျှောက်လှမ်းခြင်းကို ရှောင်ရှားစေရန် ဖြစ်ပါသည်။) မှန်ပေသည်။ ယင်းမှာ လူတို့အား စည်းမျဉ်းများကို သဘောပေါက်စေရန်၊ မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန်နှင့် မိမိတို့၏ တာဝန်ကို စည်းမျဉ်းများအတိုင်း ဖြည့်ဆည်းနိုင်ရန်၊ စိတ်ကူးများနှင့် အယူအဆများအတိုင်း မလုပ်ဆောင်ရန်၊ လူ့အလိုဆန္ဒ သို့မဟုတ် တဇောက်ကန်းစိတ်ကို မထားရှိရန်၊ မိမိတို့ စိတ်ကူးထားသည့် သီအိုရီတစ်ခုကို သမ္မာတရား စည်းမျဉ်းများအဖြစ် အစားထိုးခွင့်မပြုရန်၊ ဝိညာဉ်ရေးရာပြည့်ဝသယောင် ဟန်မဆောင်ရန်နှင့် ဝိညာဉ်ရေးရာပြည့်ဝခြင်းအဖြစ် မိမိတို့ယုံကြည်သည့်အရာကို စည်းမျဉ်းများအတွက် အတုအယောင် သို့မဟုတ် အစားထိုးတစ်ခုအဖြစ် အသုံးမပြုရန် ဖြစ်သည်။ ထိုသို့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များကြားတွင် အမှန်ပင် ရှိနေပြီး၊ ၎င်းတို့ကို သတိပေးချက်တစ်ခုအဖြစ် ခံယူထိုက်သည်။

၄။ ပူဇော်သက္ကာများကို သိမ်းပိုက်ခြင်းနှင့် မွေ့လျော်ခံစားခြင်း

နောက်ထပ် အယောင်ဆောင်ခေါင်းဆောင်တစ်မျိုး ရှိပြီး ပူဇော်သက္ကာများကို စီမံခန့်ခွဲခြင်းနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ လုပ်ဆောင်သည့်အလုပ်သည် ပို၍ပင် ကမောက်ကမအခြေအနေတစ်ခု ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် ၎င်းတို့သည် ပူဇော်သက္ကာများကို အမြဲ မျက်စိကျနေ၍မရ သို့မဟုတ် ပူဇော်သက္ကာများနှင့် ပတ်သက်လာသည့်အခါ အလွန် အာရုံစိုက်၍မရဟူ၍ ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့က အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီး အသင်းတော်အသက်တာအလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအလုပ်ကို ကောင်းမွန်စွာ ထမ်းဆောင်ကာ ထို့အပြင် အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုးကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးကြောင်း သေချာစေရန်သာ လိုအပ်သည်ဟု ၎င်းတို့က ထင်မှတ်ကြသည်။ ပူဇော်သက္ကာများသည် ဘုရားသခင်က အသင်းတော်ကို ထောက်ပံ့ပေးသည့် ငွေနှင့် ပစ္စည်းများဖြစ်ပြီး၊ ဤငွေနှင့် ပစ္စည်းများသည် ခေါင်းဆောင်များ၊ အမှုဆောင်များ၏ အသက်တာနှင့် အလုပ်တွင် လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤနေရာတွင် သွယ်ဝိုက်ညွှန်းဆိုချက်မှာ ပူဇော်သက္ကာများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ပြင်ဆင်ထားခြင်းဖြစ်ပြီး တစ်စုံတစ်ဦးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်က ၎င်းတို့အား ဤပူဇော်သက္ကာများကို ခံစားခွင့်ပြုသည်ဟူ၍လည်းကောင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့ကို ခွဲဝေခန့်ခွဲခြင်း၊ မွေ့လျော်ခံစားခြင်းနှင့် သုံးစွဲခြင်းတို့တွင် ဦးစားပေးခံရပြီး၊ သို့ဖြစ်၍ လူတစ်ဦးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ပူဇော်သက္ကာများ၏ သခင်၊ ပူဇော်သက္ကာများ၏ စီမံခန့်ခွဲသူနှင့် ပိုင်ရှင် ဖြစ်လာကြသည်ဟူ၍လည်းကောင်း ဖြစ်ပေသည်။ ဤလူစားမျိုးသည် မိမိတို့၏ အလုပ်တွင် ပူဇော်သက္ကာများနှင့် ထိတွေ့လာရသည့်အခါ ယင်းတို့ကို သုံးစွဲခြင်းနှင့် ခွဲဝေခြင်း အခြေအနေကို စစ်ဆေးရန် မဆိုထားနှင့်၊ ယင်းတို့ကို စာရင်းသွင်းခြင်း၊ စာရင်းပြုစုခြင်း သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို မပြုလုပ်သည့်အပြင်၊ ဝင်ငွေထွက်ငွေ စာရင်းများကိုလည်း မစစ်ဆေးပေ။ ထိုအစား ၎င်းတို့သည် မည်သည့် ပူဇော်သက္ကာများ ရှိသည်ကိုလည်းကောင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ မွေ့လျော်ခံစားနိုင်သည့်အရာ တစ်ခုတလေ ရှိမရှိဟူသည်ကိုလည်းကောင်း စစ်ဆေးပြီး သဘောပေါက်အောင် လုပ်ဆောင်ကြသည်။ ဤသည်မှာ ဤခေါင်းဆောင်များနှင့် အမှုဆောင်များက ပူဇော်သက္ကာများအပေါ် ထားရှိသည့် သဘောထားမျိုး ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် ပူဇော်သက္ကာများကို စာရင်းသွင်းရန်၊ စာရင်းပြုစုရန်၊ ထိန်းသိမ်းစောင့်ရှောက်ရန် သို့မဟုတ် ယင်းတို့၏ ဝင်ငွေထွက်ငွေ သို့မဟုတ် သုံးစွဲခြင်း အခြေအနေကို စစ်ဆေးရန် မလိုအပ်ပေ။ ထိုသို့သောအရာများသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ၎င်းတို့အနေဖြင့် ပူဇော်သက္ကာများကို မွေ့လျော်ခံစားခြင်းနှင့် ပတ်သက်လာသည့်အခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဦးစားပေးလျက် ၎င်းတို့ထံ ခွဲဝေပေးရန်သာ လိုအပ်လေသည်။ ၎င်းတို့၏ အမြင်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ပြောဆိုသည့်အရာက စည်းမျဉ်းပင်ဖြစ်သည်။ ပူဇော်သက္ကာများကို မည်သို့ သုံးစွဲပြီး ခွဲဝေရမည်ဟူသည်မှာ ၎င်းတို့၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရခြင်းသည် တစ်စုံတစ်ဦးက စုံလင်အောင် ပြုခြင်းခံရပြီးသားဖြစ်သည်ကို ဆိုလိုကြောင်း၊ ယဇ်ပုရောဟိတ်တစ်ဦးကဲ့သို့ပင် ၎င်းတို့သည် ပူဇော်သက္ကာများကို မွေ့လျော်ခံစားရန် အထူးအခွင့်အရေးရှိသည့်အပြင် ပူဇော်သက္ကာများနှင့် ပတ်သက်လာသည့်အခါ ဆုံးဖြတ်ပိုင်ခွင့်၊ အသုံးပြုပိုင်ခွင့်နှင့် ခွဲဝေပိုင်ခွင့်တို့လည်း ရှိကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ အချို့အသင်းတော်များတွင် ညီအစ်ကိုမောင်နှမများက ပူဇော်သည့်အရာများကို သင့်တော်သော ဝန်ထမ်းများက စာရင်းသွင်းခြင်း၊ စာရင်းပြုစုခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်းတို့ မပြုလုပ်မီတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက ကြည့်ရှုခြင်း၊ စိစစ်ခြင်းနှင့် ရွေးထုတ်ခြင်းတို့ကို ပြုလုပ်နှင့်ပြီးဖြစ်သည်။ ၎င်းတို့ အသုံးပြုနိုင်သည့် မည်သည့်အရာကိုမဆို သိမ်းထားခြင်း၊ ၎င်းတို့ စားနိုင်သည့် မည်သည့်အရာကိုမဆို စားသုံးခြင်း၊ ၎င်းတို့ ဝတ်ဆင်နိုင်သည့် မည်သည့်အရာကိုမဆို ဝတ်ဆင်ခြင်းနှင့် ၎င်းတို့ မလိုအပ်သည့် မည်သည့်အရာကိုမဆို လိုအပ်သူ မည်သူ့ကိုမဆို တိုက်ရိုက် ခွဲဝေပေးခြင်းတို့ကို ပြုလုပ်လျက်၊ ထိုသို့ဖြင့် ဘုရားသခင်အစား ဆုံးဖြတ်လုပ်ဆောင်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ စည်းမျဉ်းပင် ဖြစ်သည်။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ယဇ်ပုရောဟိတ်များဟု အမှန်တကယ် ထင်မှတ်နေကြသလော။ ဤသည်မှာ အလွန်အမင်း ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) မိသားစုတစ်စုတွင် ထိုင်ခုံနှစ်လုံး လိုအပ်နေကြောင်း၊ နောက်တစ်စုတွင် မီးဖိုတစ်လုံး မရှိကြောင်းနှင့် တစ်စုံတစ်ဦးသည် ကျန်းမာရေးမကောင်းသည့်အပြင် အားဆေးများ သောက်သုံးရန် လိုအပ်ကြောင်းတို့ကို မြင်ပြီးနောက် ဤအရာအားလုံးကို ဝယ်ယူရန် ဘုရားအိမ်တော်၏ ငွေကို အသုံးပြုကြသည့် အခြားခေါင်းဆောင်များနှင့် အမှုဆောင်များရှိကြသည်။ ပူဇော်သက္ကာများအားလုံးကို ခွဲဝေခြင်း၊ စားသုံးခြင်း၊ သုံးစွဲခြင်းနှင့် အသုံးပြုပိုင်ခွင့်တို့သည် ဤခေါင်းဆောင်များ၊ အမှုဆောင်များနှင့်သာ သက်ဆိုင်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိသလော။ ဤလုပ်နည်းကိုင်နည်းသည် ၎င်းတို့၏ သိမြင်မှုနှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းသွားခြင်းကြောင့် ဖြစ်ပွားရခြင်း မဟုတ်လော။ မည်သည့်အခြေခံအကြောင်းရင်းဖြင့် ၎င်းတို့က အဆုံးအဖြတ်များ ပေးနေကြသနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပူဇော်သက္ကာများကို ထိန်းချုပ်ပိုင်ခွင့် ရှိကြသလော။ (မရှိကြပါ။) ပူဇော်သက္ကာများသည် ၎င်းတို့ စီမံခန့်ခွဲရန်အတွက်သာဖြစ်ပြီး ၎င်းတို့ ထိန်းချုပ်ရန်နှင့် အသုံးပြုရန်အတွက် မဟုတ်ပေ။ ၎င်းတို့တွင် ယင်းတို့ကို မွေ့လျော်ခံစားရန် အထူးအခွင့်အရေး မရှိပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယဇ်ပုရောဟိတ်များနှင့် ညီမျှသလော။ စုံလင်အောင် ပြုခြင်းခံရသောသူများနှင့် ညီမျှသလော။ ၎င်းတို့သည် ပူဇော်သက္ကာများ၏ ပိုင်ရှင်များ ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ခွင့်ပြုချက်မရှိဘဲ ဤမိသားစု၊ ထိုမိသားစုအတွက် ပစ္စည်းများ ဝယ်ယူရန် ပူဇော်သက္ကာများကို အသုံးပြုဖို့ ဆုံးဖြတ်ကြသနည်း။ အဘယ်ကြောင့် ၎င်းတို့တွင် ထိုလုပ်ပိုင်ခွင့် ရှိရသနည်း။ ထိုလုပ်ပိုင်ခွင့်ကို ၎င်းတို့အား မည်သူက ပေးခဲ့သနည်း။ အလုပ်အစီအစဉ်များတွင် “ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ ရာထူးကို လက်ခံပြီးနောက် ပထမဆုံး လုပ်ဆောင်သင့်သည့်အရာမှာ ဘုရားအိမ်တော်၏ ဘဏ္ဍာရေးကို အလုံးစုံ ထိန်းချုပ်ရန် ဖြစ်သည်” ဟု ပြဋ္ဌာန်းထားသလော။ (ပြဋ္ဌာန်းမထားပါ။) သို့ဆိုလျှင် အဘယ်ကြောင့် ဤအရာကို ယုံကြည်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ ရှိနေရသနည်း။ ပြဿနာမှာ အဘယ်နည်း။ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးက တန်ဖိုးကြီးသော အဝတ်တစ်ထည်ကို ပူဇော်ပြီး နောက်တစ်နေ့တွင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက ယင်းကို ဝတ်ဆင်နေသည့်အခါ မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ညီအစ်ကိုမောင်နှမများ ပူဇော်သည့် ပူဇော်သက္ကာများသည် တစ်ဦးတစ်ယောက်၏ လက်ထဲသို့ အဘယ်ကြောင့် ရောက်ရှိသွားရသနည်း။ ဤနေရာတွင် “တစ်ဦးတစ်ယောက်” ဆိုသည်မှာ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ထက် အခြားမည်သူ့ကိုမျှ မဆိုလိုပေ။ ၎င်းတို့သည် ပူဇော်သက္ကာများကို ကောင်းမွန်စွာ စီမံခန့်ခွဲရန်သာ ပျက်ကွက်သည်မဟုတ်ပေ။ ထိုအစား ယင်းတို့ကို သိမ်းပိုက်ခြင်းနှင့် ကိုယ်တိုင် မွေ့လျော်ခံစားခြင်းတို့တွင် ၎င်းတို့က ဦးဆောင်ကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ပူဇော်သက္ကာများ စီမံခန့်ခွဲခြင်းနှင့် ပတ်သက်လာသည့် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်းအရ ဤခေါင်းဆောင် သို့မဟုတ် အမှုဆောင်ကို ငါတို့ သုံးသပ်ပါက ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ကောင်းသတ်မှတ်နိုင်သည်။ သို့သော် ၎င်းတို့က ပူဇော်သက္ကာများကို သိမ်းပိုက်ခြင်းနှင့် ကိုယ်တိုင်ကိုယ်ကျ မွေ့လျော်ခံစားခြင်းအရ ၎င်းတို့ကို ငါတို့ ကြည့်လျှင်၊ ၎င်းတို့ကို အန္တိခရစ်တစ်ဦးအဖြစ် ရာနှုန်းပြည့် သတ်မှတ်နိုင်ပေသည်။ သို့ဆိုလျှင် အဆိုပါလူကို သတ်မှတ်ရန် မည်သည့်အရာက အတိအကျ သင့်တင့်လျောက်ပတ်သောနည်းလမ်း ဖြစ်သနည်း။ (အန္တိခရစ်အဖြစ် သတ်မှတ်ခြင်း ဖြစ်ပါသည်။) ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး အန္တိခရစ်တစ်ဦးလည်း ဖြစ်သည်။ ပူဇော်သက္ကာများကို စီမံခန့်ခွဲရာတွင် အယောင်ဆောင်ခေါင်းဆောင်များသည် ပူဇော်သက္ကာများအားလုံးကို ကြည့်ရှုပြီး ယင်းတို့ကို စီမံခန့်ခွဲရန် လူတို့အား တာဝန်ပေးသည်။ သို့သော် ထိုသို့မပြုလုပ်မီတွင် ၎င်းတို့သည် မိမိတို့အတွက် တစ်စိတ်တစ်ပိုင်းကို သိမ်းယူပြီး ခွင့်ပြုချက်မရှိဘဲ အခြားတစ်စိတ်တစ်ပိုင်းကို ခွဲဝေရန် ဆုံးဖြတ်ကြသည်။ ၎င်းတို့ မလိုချင်သောအရာများ သို့မဟုတ် ၎င်းတို့ မသိမြင်သော်လည်း ပေးကမ်းစွန့်ကြဲရန် မလိုလားသောအရာများဖြစ်သည့် ကျန်ရှိသည့်အရာများကိုမူ ၎င်းတို့က လောလောဆယ် ဘေးဖယ်ထားကြသည်။ ထိုပူဇော်သက္ကာများ၏ တည်နေရာများနှင့် ပတ်သက်လာသည့်အခါ၊ ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် သင့်တော်သောလူတစ်ဦး ရှိမရှိ၊ ယင်းတို့ကို ပုံမှန် စစ်ဆေးသင့်မသင့်၊ တစ်စုံတစ်ဦးက ယင်းတို့ကို ခိုးယူခြင်း ရှိမရှိ သို့မဟုတ် တစ်စုံတစ်ဦးက ယင်းတို့ကို သိမ်းယူခြင်း ရှိမရှိဟူသည့် ဤအရာများကို အယောင်ဆောင်ခေါင်းဆောင်များက လုံးဝ ဂရုမစိုက်ကြပေ။ ၎င်းတို့၏ စည်းမျဉ်းမှာ ဤသို့ဖြစ်သည်။ “ကျွန်ုပ် မွေ့လျော်ခံစားသင့်သည့်အရာများနှင့် ကျွန်ုပ်လိုအပ်သည့်အရာများကို ကျွန်ုပ် ယူထားနှင့်ပြီးဖြစ်သည်။ ကျွန်ုပ် မလိုအပ်သည့် ကျန်သောအရာများကို ယူချင်သောသူ မည်သူမဆို ယူနိုင်သည်၊ စီမံခန့်ခွဲချင်သူ မည်သူမဆို စီမံခန့်ခွဲနိုင်သည်။ ယင်းတို့ကို လက်ဦးသူက ရမည်ဖြစ်သည်၊ မည်သူ့လက်ထဲသို့ ကျရောက်သည်ဖြစ်စေ ထိုသူက အကျိုးအမြတ်ရသွားခြင်း ဖြစ်သည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် စည်းမျဉ်းနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်မျိုး ဖြစ်သနည်း။ ထိုသို့သောလူများသည် တကယ်ကို နတ်ဆိုးများနှင့် သားရဲတိရစ္ဆာန်များပင်တည်း။

တစ်ချိန်က အယောင်ဆောင်ခေါင်းဆောင်တစ်ဦးက သိုလှောင်ခန်းထဲတွင် ပစ္စည်းအတော်များများ ရှိသည်ဟု ပြောသဖြင့် ယင်းတို့ကို စာရင်းသွင်းထားခြင်း ရှိမရှိ ငါ မေးခဲ့သည်။ သူက “ထိုပစ္စည်းများထဲမှ အချို့က မည်သည့်အရာများဖြစ်သည်ကိုပင် ကျွန်ုပ်မသိပါ။ ထို့ကြောင့် ယင်းတို့ကို စာရင်းသွင်း၍မရပါ” ဟု ပြောသည်။ ငါက “ယင်းက အဓိပ္ပာယ်မရှိသော စကားဖြစ်သည်။ ယင်းတို့ကို အဘယ်သို့ဖြစ်ပြီး သင် စာရင်းမသွင်းနိုင်ခဲ့ရသနည်း။ ယင်းတို့ကို ဤနေရာတွင် ပထမဆုံး ယူလာကတည်းက ယင်းတို့၏ မှတ်တမ်းများ ရှိသင့်သည်”ဟု ပြောသည်။ “ယင်းမှာ အတော်ပင် ကြာပြီဖြစ်သည်။ သိရှိမည့် နည်းလမ်းမရှိပါ။” ဤသည်မှာ မည်သည့် စကားမျိုးဖြစ်သနည်း။ ၎င်းတို့သည် တာဝန်ယူနေခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ငါက “အဝတ်အစားအချို့ရှိသည်။ ညီအစ်ကိုမောင်နှမများထဲမှ မည်သူက ထိုအဝတ်အစားများ လိုအပ်သည်ကို ကြည့်ပြီး သူတို့ကို အဝတ်အစားများ ထုတ်ပေးလော့” ဟု ပြောသည်။ “အချို့က ခေတ်မမီတော့ပါ။ မည်သူမျှ စိတ်မဝင်စားပါ။” ငါက “ညီအစ်ကိုမောင်နှမများ လိုအပ်သည့်အရာကို ထုတ်ပေးပြီး သူတို့မလိုအပ်သည့်အရာကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်လော့”ဟု ပြောသည်။ သူသည် ဤအရာကို လိုက်မလုပ်ခဲ့ပေ။ သူသည် တာဝန်ယူစိတ်ရှိပြီး လုံ့လဝီရိယရှိနေခဲ့ခြင်း ဖြစ်သလော။ သူ့ကို အလုပ်တစ်ခုလုပ်ရန် ခိုင်းသည့်အခါ သူသည် အပျက်သဘောဆောင်သောစကားများ ပြောဆိုကာ အခက်အခဲများကို ထောက်ပြလျက် ညည်းညူမြဲညည်းညူနေသည်။ သူ မပြောဆိုသည့်အရာမှာ ဤအရာများကို စည်းမျဉ်းများအတိုင်း သူ ကောင်းမွန်စွာ ကိုင်တွယ်မည်ဟူ၍ ဖြစ်သည်။ သူသည် ကျိုးနွံနာခံရန် ရည်ရွယ်ချက် လုံးဝမရှိပေ။ တစ်စုံတစ်ဦးက သူ့အပေါ် မည်သည့် တောင်းဆိုချက် ပြုလုပ်ပါစေ၊ သူသည် ဤသို့ဆက်လုပ်ခြင်းဖြင့် ထိုသူကို စကားမပြောနိုင်အောင် လုပ်လိုက်ပါက သူအနိုင်ရပြီး အသာစီးရကာ သူ့အလုပ်ပြီးဆုံးသွားသည့်အလား အခက်အခဲများအကြောင်းကိုသာ ဆက်ပြောနေသည်။ ဤသူသည် မည်သည့်သတ္တဝါမျိုးဖြစ်သနည်း။ သင့်အနေဖြင့် ပြဿနာဖြစ်စေရန် သို့မဟုတ် အခက်အခဲများနှင့် ကိစ္စရပ်များကို ထောက်ပြရန်အတွက် သင့်ကို ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ခန့်အပ်ထားခြင်းမဟုတ်။ ပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် အခက်အခဲများကို ကိုင်တွယ်ရန်အတွက် ဖြစ်သည်။ အကယ်၍ သင်သည် သင့်အလုပ်တွင် အမှန်တကယ် တတ်စွမ်းနိုင်ပါက ပြဿနာများနှင့် အခက်အခဲများကို ထောက်ပြပြီးနောက်တွင် ယင်းတို့အား စည်းမျဉ်းများအတိုင်း သင် မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို ဆက်ပြောမည်ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဆောင်ပုဒ်များ ဟစ်ကြွေးခြင်း၊ အယူဝါဒများ ဟောပြောခြင်း၊ စကားကြီးစကားကျယ် ပြောခြင်းနှင့် ဓမ္မဓိဋ္ဌာန်ကျသော ကျိုးကြောင်းပြချက်များနှင့် ဆင်ခြေများအကြောင်း ပြောဆိုခြင်းတို့ကိုသာ လုပ်နိုင်သည်။ ၎င်းတို့တွင် လက်တွေ့ကျသော အလုပ်လုပ်နိုင်စွမ်း လုံးဝမရှိသည့်အပြင်၊ ပူဇော်သက္ကာများ စီမံခန့်ခွဲခြင်းနှင့်ပတ်သက်၍လည်း စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ရန် သို့မဟုတ် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းရန် အလားတူပင် မတတ်နိုင်ကြပေ။ ဤသည်မှာ ၎င်းတို့ ကျပ်မပြည့်သည့်အပြင် မတတ်စွမ်းနိုင်ပုံဖြစ်သည်။ သို့သော် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသောကြောင့် အထူးအခွင့်အရေးများနှင့် အဆင့်အတန်းများ ရှိသည်ဟုလည်းကောင်း၊ ဂုဏ်ရှိသော ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သည်ဟုလည်းကောင်း၊ ပူဇော်သက္ကာများ၏ ပိုင်ရှင်နှင့် အသုံးပြုသူဖြစ်သည်ဟုလည်းကောင်း ခံစားနေကြဆဲဖြစ်သည်။ ဤအယောင်ဆောင်ခေါင်းဆောင်မျိုးသည် ပူဇော်သက္ကာများအား သုံးစွဲခြင်းဟူသော အထူးအခွင့်အရေးအား မည်သို့ မွေ့လျော်ခံစားရမည်ကိုသာ သိလေသည်။ ၎င်းတို့သည် ပူဇော်သက္ကာများကို ကျိုးကြောင်းမဆီလျော်ဘဲ မဆင်မခြင် သုံးစွဲသည့် မည်သည့်ကိစ္စကိုမျှ မမြင်နိုင်၊ မတွေ့ရှိနိုင်ပေ။ ၎င်းတို့သည် ထိုအရာများကို မြင်တွေ့လျှင်ပင် ကိုင်တွယ်ရန် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ခြင်းနှင့်အတူ ပါလာသော သာလွန်ခြင်း ခံစားချက်အား မည်သို့ မွေ့လျော်ခံစားရမည်ကိုသာ သိသောကြောင့်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်ကို လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများကို ၎င်းတို့ လုံးဝ သိနားလည်မှုမရှိပေ။ ၎င်းတို့သည် အသုံးမကျသူများသာဖြစ်သည်၊ အမှိုက်သရိုက်သာဖြစ်ပြီး ကျပ်မပြည့်သောသူများသာ ဖြစ်သည်။ ထိုသို့ နားဝေတိမ်တောင်ဖြစ်သောသူများက အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားလိုနေဆဲဖြစ်သည်မှာ ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ ဤအယောင်ဆောင်ခေါင်းဆောင်မျိုးကို ငါတို့ ဖော်ထုတ်ခြင်းမှ သင်တို့ မည်သည့်အရာကို နားလည်သဘောပေါက်ကြပြီနည်း။ ဤလူစားမျိုးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ပူဇော်သက္ကာများနှင့်စပ်လျဉ်း၍ အကြံအစည်များ ကြံစည်လိုပြီး ပူဇော်သက္ကာများကို ၎င်းတို့ မျက်စိကျနေကြသည်။ ၎င်းတို့သည် ငွေကို အလွန်အကျွံသုံးစွဲရန်နှင့် ပူဇော်သက္ကာများကို ဖြုန်းတီးရန် အချိန်ကြာမြင့်စွာ တပ်မက်နေခဲ့ပြီးဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ ယခု နောက်ဆုံးတွင် ၎င်းတို့၌ အခွင့်အရေးရပြီဖြစ်သည်။ ၎င်းတို့သည် ထိုပုံစံဖြင့် မိမိတို့ အလုပ်မလုပ်ဘဲ ရရှိသည့်အရာများကို မွေ့လျော်ခံစားလျက် ငွေကို ထင်ရာမြင်ရာ သုံးစွဲနိုင်ပြီး ဘုရားသခင်၏ ပူဇော်သက္ကာကို မိမိတို့ဆန္ဒရှိသည့်အတိုင်း အသုံးပြုနိုင်ကြလေသည်။ ဤသို့ဖြင့် ၎င်းတို့၏ လောဘကြီးသော စရိုက်မှန်သည် လုံးဝ ဖော်ထုတ်ခြင်းခံရသည်။ အတိတ်နှင့် ပစ္စုပ္ပန်မှ ခေါင်းဆောင်များနှင့် အမှုဆောင်များထဲတွင် ထိုသို့သောလူများကို သင်တို့ မြင်တွေ့ကြသလော။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အမြဲ မှားယွင်းစွာ အဓိပ္ပာယ်ကောက်ကြပြီး ၎င်းတို့အနေဖြင့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ဘုရားအိမ်တော်၏ အရှင်သခင်အဖြစ် မှတ်ယူကြသည်။ မိမိတို့ကိုယ်ကို ယဇ်ပုရောဟိတ်များ၏ အဆင့်အတန်းများတွင် နေရာယူကြပြီး မိမိတို့ကိုယ်ကို ကျော်ကြားသောပုဂ္ဂိုလ်တစ်ဦးဟု ထင်မှတ်ကြသည်။ ဤသည်မှာ အနည်းငယ် ကျပ်မပြည့်ခြင်း မဟုတ်လော။ တစ်စုံတစ်ဦးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး မဟုတ်တော့သည့်အဖြစ်မျိုးလော။ ၎င်းတို့သည် ချက်ချင်းပင် သန့်ရှင်းစင်ကြယ်သောသူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည့်အဖြစ်မျိုးလော။ ၎င်းတို့အနေဖြင့် ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် မိမိတို့ မည်သူဖြစ်သည်ကို မသိကြတော့သည့်အပြင်၊ ပူဇော်သက္ကာများကို မွေ့လျော်ခံစားသင့်သည်ဟု ထင်မှတ်ကြသည်။ ထိုသို့သောလူများသည် ကျပ်မပြည့်သောသူများ မဟုတ်လော။ ထိုသို့သောလူများသည် ဧကန်မုချ ကျပ်မပြည့်သောသူများဖြစ်သည်။ ၎င်းတို့တွင် ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရား မရှိပေ။ ငါတို့အနေဖြင့် ဤသို့ မိတ်သဟာယဖွဲ့ပြီးသည့်နောက်တွင်ပင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့် ဝတ္တရားများက အဘယ်အရာဖြစ်သည်ကို ၎င်းတို့ မသိကြသေးပေ။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ သေချာပေါက် ရှိနေပြီး ထိုသို့သောလူများ၏ သရုပ်သကန်များသည် အတော်ပင် သိသာထင်ရှားကာ ပေါ်လွင်သည်။

ဤသည်တို့မှာ အခြေခံအားဖြင့် ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်စပ်လျဉ်း၍ အယောင်ဆောင်ခေါင်းဆောင်အမျိုးမျိုး၏ သရုပ်သကန်များ ဖြစ်ကြသည်။ ပို၍ ပြင်းထန်သော ပြဿနာများရှိသူများသည် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးအစားထဲတွင် အကျုံးမဝင်ပေ။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ သို့ဖြစ်၍ သင်တို့သည် ဤအတိုင်းအတာကို ကောင်းစွာ သဘောပေါက်နားလည်ရန် လိုအပ်သည်။ တစ်စုံတစ်ဦးသည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ပါက ယင်းမှာ သူဖြစ်သည့်အရာ ဖြစ်သည်။ သူ့ကို အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်၍မရနိုင်ပေ။ အန္တိခရစ်များသည် လူ့သဘာဝ၊ လုပ်ဆောင်ချက်များ၊ သရုပ်သကန်များနှင့် အနှစ်သာရတို့အရ အယောင်ဆောင်ခေါင်းဆောင်များထက် များစွာ ပို၍ ဆိုးယုတ်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်အများစုသည် ညံ့ဖျင်းသော အစွမ်းအစရှိသည်၊ ကျပ်မပြည့်ကြ၊ အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့သည်၊ ၎င်းတို့၏ နားလည်သဘောပေါက်မှုသည် လွဲချော်နေပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြပေ၊ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်က နိမ့်ကျသည်၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာကာ ၎င်းတို့၏ စိတ်နှလုံးများသည် မှန်ကန်သောနေရာတွင် မရှိကြပေ။ ဤအရာသည် ၎င်းတို့ကို ပူဇော်သက္ကာများ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ လက်တွေ့ကျသောအလုပ်အား မလုပ်ဆောင်နိုင်စေရန်နှင့် မလုပ်ဆောင်ရန် ဖြစ်စေပြီး ပူဇော်သက္ကာများအား အကျိုးသင့်အကြောင်းသင့်ဖြစ်သော စီမံခန့်ခွဲမှုနှင့် သင့်တော်သော ထိန်းသိမ်းစောင့်ရှောက်မှုကို ထိခိုက်စေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ပျက်ကွက်ခြင်း၊ လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်ခြင်းနှင့် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် သတ်မှတ်ချက်များအတိုင်း မပြုမူခြင်းတို့ကြောင့် ပူဇော်သက္ကာများထဲမှ တစ်စိတ်တစ်ပိုင်းက ဆိုးယုတ်သောလူများ၏ လက်ထဲသို့ပင် ကျရောက်သွားသည်။ ဤပြဿနာမျိုးသည်လည်း အတော်လေး အဖြစ်များသည်။ ပူဇော်သက္ကာများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို အခြေခံအားဖြင့် ဤသို့ ဖော်ထုတ်ထားသည်။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်က နိမ့်ကျသည်၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်၊ ၎င်းတို့၏ နားလည်သဘောပေါက်မှုက လွဲချော်နေသည်၊ အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့သည်၊ ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းသည်၊ သမ္မာတရား၏ စည်းမျဉ်းများကို လုံးဝမရှာဖွေကြသည့်အပြင်၊ မိုက်မဲပြီး ကျပ်မပြည့်သောသူများကဲ့သို့ ဖြစ်နေကြသည်။ အချို့က “ကိုယ်တော် ဖော်ထုတ်ခဲ့သည့် အခြားသရုပ်သကန်အားလုံးကို ကျွန်ုပ်တို့ ဝန်ခံပါသည်။ သို့သော် သူတို့က မိုက်မဲပြီး ကျပ်မပြည့်လျှင် မည်သို့ဖြစ်ပြီး ခေါင်းဆောင်များ ဖြစ်လာနိုင်မည်နည်း”ဟု ပြောကောင်းပြောနိုင်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိုက်မဲပြီး ကျပ်မပြည့်ကြသည်ကို သင်တို့ ဝန်ခံကြသလော။ ထိုသို့သောလူများ ရှိသလော။ အချို့က “ကိုယ်တော်က ကျွန်ုပ်တို့ကို အထင်သေးလွန်းနေပြီ။ ကျွန်ုပ်တို့အားလုံးက ခေတ်မီသောလူများ၊ ကောလိပ် သို့မဟုတ် အထက်တန်းကျောင်းဆင်းများဖြစ်သည်။ ကျွန်ုပ်တို့တွင် ဤလူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်နှင့်စပ်လျဉ်း၍ ထူးကဲသော ပိုင်းခြားသိမြင်နိုင်သည့် စွမ်းရည်များ ရှိပါသည်။ ကျပ်မပြည့်သည့်လူတစ်ဦးကို ကျွန်ုပ်တို့၏ ခေါင်းဆောင်အဖြစ် မည်သို့ဖြစ်ပြီး ရွေးနိုင်မည်နည်း။ ဤသည်မှာ လုံးဝ ဖြစ်နိုင်မည် မဟုတ်ပါ” ဟု ပြောကောင်းပြောနိုင်သည်။ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာက မဖြစ်နိုင်သနည်း။ သင်တို့အများစုသည် ကျပ်မပြည့်ဖြစ်ကြပြီး ဉာဏ်ရည်လည်း မလုံလောက်ကြပေ။ သို့ဖြစ်၍ ကျပ်မပြည့်သောသူတစ်ဦးကို ခေါင်းဆောင်အဖြစ် သင်တို့ ရွေးချယ်ရန်မှာ အလွန် လွယ်ကူလှသည်။ အဘယ်ကြောင့် သင်တို့အများစုသည် ကျပ်မပြည့်ကြဟု ငါ ပြောရသနည်း။ အကြောင်းမှာ သင်တို့အများစုသည် မည်မျှပင် တွေ့ကြုံခဲ့သည်ဖြစ်စေ အမှုအရာများ၏ အနှစ်သာရကို ထိုးထွင်းမသိမြင်နိုင်သည့်အပြင်၊ စည်းမျဉ်းများကိုလည်း သဘောပေါက်နားလည်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သင်တို့သည် ပြောင်းလဲခြင်းမရှိဘဲ လုပ်နည်းကိုင်နည်း တစ်ခုတည်းကိုသာ ထပ်ခါတလဲလဲ ကျင့်သုံးလျက်၊ သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ စည်းမျဉ်းများကို သဘောပေါက်နားလည်နိုင်ခြင်း မရှိဖြစ်မြဲဖြစ်နေလျက်၊ စည်းမျဉ်းများကိုသာ နှစ်ချီ မရမက စောင့်ထိန်းနိုင်ကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ သင်တို့၏ အစွမ်းအစက အလွန် ညံ့ဖျင်းသည်။ သင်တို့သည် အမှုအရာများကို လုပ်ဆောင်ရာတွင် ပိုင်ဆိုင်သင့်သည့် စည်းမျဉ်းများကို လိုက်နာရန် မဆိုထားနှင့်၊ ပြဿနာများ၏ အနှစ်သာရ သို့မဟုတ် အရင်းအမြစ်ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသည့်အပြင် အမှုအရာများ ဖြစ်ပေါ်တိုးတက်မှု၏ ပုံစံများကိုလည်း ရှာတွေ့နိုင်ခြင်း မရှိကြပေ။ ဤသည်ကို ကျပ်မပြည့်ခြင်းဟု ခေါ်သည်။ သင်တို့၏ တာဝန်များနှင့် ဆက်စပ်သည့်အမှုအရာများအတွက် စည်းမျဉ်းများကို သဘောပေါက်နားလည်ရန် သင်တို့အားလုံး အချိန်မည်မျှ ကြာသနည်း။ စာနှင့်ပတ်သက်သောအလုပ်ကို နှစ်ပေါင်းများစွာ လုပ်ဆောင်နေပြီးဖြစ်သော အချို့လူများ ရှိသော်လည်း ယခုအချိန်အထိပင် ၎င်းတို့ ရေးသားသည့် ဆောင်းပါးများနှင့် ဇာတ်ညွှန်းများသည် အနှစ်သာရမရှိသော စကားများသာ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းများကို သဘောမပေါက်နိုင်သေးသည့်အပြင် လက်တွေ့ကျမှုက အဘယ်အရာဖြစ်သည် သို့မဟုတ် လက်တွေ့ကျသောအရာ တစ်စုံတစ်ခုအား မည်သို့ ပြောရမည်ကို မသိကြသေးပေ။ ဤသည်မှာ အစွမ်းအစ အလွန် ညံ့ဖျင်းပြီး ဉာဏ်ရည် အလွန် နိမ့်ကျခြင်း ဖြစ်သည်။ သင်တို့ ပိုင်ဆိုင်သည့် ဉာဏ်ရည်ဖြင့် ကျပ်မပြည့်သောသူတစ်ဦးကို ခေါင်းဆောင်အဖြစ် ရွေးချယ်ရန်မှာ အလွန် လွယ်ကူသည်သာ ဖြစ်သည် မဟုတ်လော။ ပြီးလျှင် သင်တို့သည် ၎င်းတို့ကို ရွေးချယ်ရုံသာမက သင်တို့၏ စိတ်နှလုံးများကိုလည်း ၎င်းတို့အပေါ်၌ ထားရှိကြမည် ဖြစ်သည်။ ၎င်းတို့ကို ဖြုတ်ချမည့်အချိန်တွင် သင်က ထိုသို့ဖြစ်စေချင်မည် မဟုတ်ပေ။ နှစ်နှစ်ကြာပြီးနောက် သင်သည် ၎င်းတို့အား ထိုးထွင်းသိမြင်ပြီး သိနားလည်မှု ရရှိပြီးသည့်အခါ၊ ယင်းမှာ ၎င်းတို့က အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း သင် ပိုင်းခြားသိမြင်နိုင်မည့်အချိန်ဖြစ်သည်။ သို့သော်လည်း ထိုစဉ်အခါကမူ သင့်ကို မည်သို့ပင် ပြောစေကာမူ ၎င်းတို့ကို ဖြုတ်ချခွင့်ပြုမည် မဟုတ်ပေ။ သင်သည် ၎င်းတို့ထက်ပင် ပို၍ ကျပ်မပြည့်သည် မဟုတ်လော။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဉာဏ်ရည်မပြည့်ဝဟု ငါ အဘယ်ကြောင့် ပြောရသနည်း။ အကြောင်းမှာ ၎င်းတို့သည် အရိုးရှင်းဆုံးအလုပ်ကို မည်သို့လုပ်ရမည်ကိုသာ သိသောကြောင့် ဖြစ်သည်။ အနည်းငယ် ပို၍ ရှုပ်ထွေးသော အလုပ်နှင့် ပတ်သက်လာသည့်အခါ၊ မည်သို့လုပ်ရမည်ကို ၎င်းတို့ မသိကြ၊ အခက်အခဲအနည်းငယ် ကြုံတွေ့သည့်အခါ မည်သို့ ကိုင်တွယ်ရမည်ကို မသိကြသည့်အပြင်၊ ၎င်းတို့ကို နောက်ထပ် အလုပ်တစ်ခု ပေးသည့်အခါ မိမိတို့ကိုယ်တိုင် မည်သို့ လုပ်ဆောင်ရမည်ကို မသိကြတော့ပေ။ ဤသည်မှာ ၎င်းတို့၏ ဉာဏ်ရည်နှင့်ဆိုင်သော ပြဿနာတစ်ခု မဟုတ်လော။ ဤကဲ့သို့သော ခေါင်းဆောင်များကို သင်တို့ ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ ပြီးလျှင် သင်တို့သည် ၎င်းတို့ကို လွန်စွာ အထင်ကြီးလေးစားခြင်းဖြင့် ပျပ်ဝပ်ကြသည်။ “သူတို့က အိမ်ထောင်ဖက် မရှာဘဲ ဘုရားသခင်ကို ယုံကြည်သည်၊ ဘုရားသခင်အတွက် အနှစ်နှစ်ဆယ်ကျော် အသုံးခံခဲ့ပြီးပြီ။ သူတို့တွင် ဆင်းရဲဒုက္ခခံဖို့ စိတ်ပိုင်းဖြတ်ချက် ရှိပြီး၊ သူတို့အလုပ်နှင့်ပတ်သက်၍ တကယ်ကို အလေးအနက်ထားကြသည်။” “သို့သော် သူတို့အလုပ်တွင် စည်းမျဉ်းများကို သူတို့နားလည်ကြသလော။” “သူတို့ နားမလည်လျှင်၊ မည်သူ နားလည်သနည်း။” ပြီးလျှင်၊ ၎င်းတို့၏အလုပ်ကို စစ်ဆေးသည့်အခါ လုံးဝ ကမောက်ကမဖြစ်နေသည်ကို တွေ့ရသည်။ ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ အကောင်အထည်ဖော်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့၏ အလုပ်အတွက် စည်းမျဉ်းများကို ၎င်းတို့အား ပြောပြသော်လည်း မည်သို့ လုပ်ဆောင်ရမည်ကို လုံးဝ မသိကြပေ။ မေးခွန်းများကိုသာ ၎င်းတို့ ဆက်မေးနေပြီး တိုက်ရိုက် မပြောလျှင် မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိကြပေ။ ၎င်းတို့အား စည်းမျဉ်းများကို ပြောပြခြင်းသည် မည်သည့်အရာမျှ မပြောပြခြင်းနှင့် အတူတူပင် ဖြစ်သည်။ စည်းမျဉ်းများကို တစ်ခုပြီးတစ်ခု စာရင်းပြုစုလျှင်ပင်၊ ၎င်းတို့က အလုပ်အား မည်သို့အကောင်အထည်ဖော်ရမည်ကို သိမည်မဟုတ်။ ဤကဲ့သို့သော ခေါင်းဆောင်များ ရှိသလော။ စည်းမျဉ်းများကို ၎င်းတို့အား မည်သို့ ပြောပြသည်ဖြစ်စေ၊ ၎င်းတို့ နားမလည်ကြသည့်အပြင်၊ အလုပ်ကို အကောင်အထည်ဖော်နိုင်ခြင်း မရှိကြပေ။ တူညီသည့် စကားများ သို့မဟုတ် အမှုအရာများအကြောင်းကို ၎င်းတို့နှင့် အကြိမ်ပေါင်းများစွာ မိတ်သဟာယဖွဲ့ သို့မဟုတ် ညွှန်ကြားသည့်တိုင် ၎င်းတို့ နားလည်မည် မဟုတ်သေးသည့်အပြင်၊ ထို့နောက်တွင်ပြဿနာက လုံးဝ မပြေမလည်ဖြစ်နေလိမ့်မည်ဖြစ်သည်။ မည်သည့်အရာ လုပ်ဆောင်ရမည်ကို ၎င်းတို့ မေးမြန်းကြလိမ့်မည်ဖြစ်ပြီး စကားတစ်ခွန်း ကျန်နေခဲ့လျှင် အဆင်ပြေမည် မဟုတ်ပေ။ ၎င်းတို့သည် ကျပ်မပြည့်ကြသည် မဟုတ်လော။ ဤကျပ်မပြည့်သော ခေါင်းဆောင်များကို သင်တို့ ရွေးချယ်ခဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းကို သင်တို့ မငြင်းနိုင်ပေ၊ ငြင်းနိုင်သလော။ ထိုသို့သော ခေါင်းဆောင်များ သေချာပေါက် ရှိပေသည်။

ယနေ့ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များသည် အဓိကအားဖြင့် ပူဇော်သက္ကာများကို စီမံခန့်ခွဲခြင်းအလုပ်နှင့် ဆက်စပ်သည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ငါတို့ ဖော်ထုတ်ခြင်းမှတစ်ဆင့် ပူဇော်သက္ကာများကို စီမံခန့်ခွဲခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အရေးကြီးသော အလုပ်တစ်ခုဖြစ်ပြီး ၎င်းတို့အနေဖြင့် ယင်းကို လျစ်လျူမရှုသင့်ကြောင်းကို လူတို့ သိသင့်သည်။ ဤအထွေထွေ အရေးကိစ္စများဆိုင်ရာ အလုပ်သည် အခြားအလုပ်နှင့် ကွဲပြားသော်လည်း ယင်းမှာ ဘုရားအိမ်တော်၏ အခြားအလုပ်များ ပုံမှန်လည်ပတ်မှုနှင့် ဆက်စပ်သည်။ သို့ဖြစ်၍ ပူဇော်သက္ကာများကို စီမံခန့်ခွဲခြင်းသည် အလွန်အရေးပါပြီး အဓိကကျသော အလုပ်တစ်ခု ဖြစ်သည်။ ယင်းမှာ မည်သို့ အရေးကြီးသနည်း။ ပူဇော်သက္ကာများကို စီမံခန့်ခွဲခြင်းအလုပ်တွင် ထိန်းသိမ်းစောင့်ရှောက်ထားသည့်အရာများသည် ဘုရားသခင်နှင့် သက်ဆိုင်သည်။ အတော်အတန် မတော်လျော်သောစကားဖြင့် ပြောရလျှင် ထိုအရာများသည် ဘုရားသခင်၏ ကိုယ်ပိုင်ဥစ္စာပစ္စည်းဖြစ်သည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်နှင့်စပ်လျဉ်း၍ ပို၍ပင် စိတ်နှလုံးအကြွင်းမဲ့ဖြစ်သင့်သည်၊ တာဝန်သိစိတ်နှင့် လုံ့လဝီရိယတို့ရှိသင့်သည်။ ငါတို့သည် ဤအလုပ်ကို ၎င်း၏ သဘောသဘာဝအရ ကြည့်မည်ဆိုလျှင် ယင်းကို စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အောက်တွင် စာရင်းသွင်းခြင်းသည် လွန်ကဲသည်ဟု ငါမထင်ပေ။ ယင်းကို စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အမျိုးအစားအောက်တွင် စာရင်းသွင်းရသည့် အကြောင်းရင်းမှာ ဤအလုပ်ကို လုပ်ဆောင်ခြင်းသည် ဘုရားသခင်နှင့် သူ၏ ပိုင်ဆိုင်မှုများအပေါ် လူတို့၏ သဘောထားများနှင့် ဆက်စပ်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ လူတို့သည် ဤအလုပ်ကို လုပ်ဆောင်ရာတွင် မှန်ကန်သော သဘောထားရှိရန်နှင့် မှန်ကန်သော စည်းမျဉ်းများကို သဘောပေါက်နားလည်ရန် လိုအပ်သည်။ ယင်းကို စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အမျိုးအစားထဲတွင် ငါတို့ ထည့်သွင်းရသည့်အကြောင်းရင်းမှာ ဤအလုပ်တစ်ခုကို လုပ်ဆောင်ရန်မှာ အလွန်အရေးကြီးကြောင်းနှင့် ဤအလုပ်သည် အလွန်လေးနက်သော တာဝန်ပေးစေခိုင်းချက်တစ်ခုနှင့် အလွန်လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ကြောင်း ခေါင်းဆောင်များနှင့် အမှုဆောင်များအား နားလည်စေရန် ဖြစ်သည်။ ယင်းမှာ ၎င်းတို့အနေဖြင့် ဤအလုပ်ကို ပုံမှန် အထွေထွေအရေးကိစ္စများဆိုင်ရာ အလုပ်တစ်ခုကဲ့သို့ မချဉ်းကပ်သင့်ကြောင်း၊ ဤအလုပ်၏ အရေးပါမှုနှင့်သက်ဆိုင်၍ တိကျပြီး နက်ရှိုင်းသော သိမြင်မှု ရှိလာရမည်ဖြစ်ပြီး ထို့နောက်တွင် ယင်းနှင့်စပ်လျဉ်း၍ စိတ်နှလုံးအကြွင်းမဲ့ဖြစ်လာသင့်ကြောင်း၊ တာဝန်သိစိတ်နှင့် လုံ့လဝီရိယတို့ ရှိလာသင့်ကြောင်း ၎င်းတို့ကို နားလည်စေရန် ဖြစ်သည်။ လူတို့သည် အခြားလူများအပေါ်တွင် အာရုံမစိုက်ဘဲ နေနိုင်သည်။ အမှားများ ဖြစ်ပွားလျှင်ပင် ယင်းမှာ ပြဿနာကြီးကြီးမားမား မဟုတ်ပေ။ သို့သော် ဘုရားသခင်ကို ၎င်းတို့ ဆက်ဆံပုံတွင် လူတို့အနေဖြင့် နားဝေတိမ်တောင်မဖြစ်ရန်၊ ဝတ်ကျေတမ်းကျေမလုပ်ရန်နှင့် ပြောသာပြောပြီး ဘာမျှမလုပ်ခြင်းမျိုး မဖြစ်ရန် ငါတိုက်တွန်းသည်။ ပူဇော်သက္ကာများကို စီမံခန့်ခွဲခြင်းအလုပ်အား ကောင်းမွန်စွာ လုပ်ဆောင်ခြင်းသည် ဘုရားသခင်ထံမှ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အရေးကြီးသော တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။