ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၃) အခန်း နှစ်

၂။ လူတို့ကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ လေးစားမှုကို ရယူရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း

အသင်းတော်အသက်တာ၌ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ ဒုတိယသရုပ်သကန်မှာ လူတို့က အခြားသူများကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ လေးစားမှုကို ရယူရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့်အခါ ဖြစ်သည်။ ပုံမှန်အားဖြင့် လူအများစုသည် စကားလုံးအချို့နှင့် အယူဝါဒအချို့ကို ပြောကောင်းပြောနိုင်သည်။ လူအများစုသည် ဤသို့လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ လူတစ်ဦးက စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းဟူသည့် ပုံမှန်ဖြစ်စဉ်ကို ထိုသူ၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သမ္မာတရားကို နားလည်မှုမရှိခြင်း ရလဒ်တစ်ခုအဖြစ် ငါတို့ သဘောထားသင့်သည်။ ၎င်းတို့သည် အချိန်များစွာ မယူသရွေ့၊ တမင်တကာ လုပ်ဆောင်နေခြင်း မဟုတ်သရွေ့၊ စကားစမြည်ပြောခြင်းကို လက်ဝါးကြီးအုပ်ခြင်း မရှိသရွေ့၊ မိမိတို့အလိုရှိသလို ပြောဆိုရန် လူတိုင်းထံမှ အလိုလိုက်မှုကို မတောင်းဆိုသရွေ့၊ လူတိုင်းက ၎င်းတို့ကို နားထောင်ရန် မတောင်းဆိုသရွေ့၊ အခြားသူများကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ လေးစားမှုကို ရယူရန် မကြိုးစားသရွေ့၊ ယင်းသည် အနှောင့်အယှက်ပေးခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းတစ်ခုအဖြစ် သတ်မှတ်၍မရနိုင်ပေ။ အကြောင်းမှာ လူအများစုသည် သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့သောကြောင့် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းသည် အလွန်တရာ တွေ့နေကျ ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အနည်းငယ် မသင့်လျော်သောစကားဖြင့် ပြောရလျှင် ခွင့်လွှတ်နိုင်လောက်သောအရာဖြစ်သည်။ ယင်းကို ခွင့်လွှတ်၍ရနိုင်ပြီး အလွန်အလေးအနက် သဘောထားရန်မလိုပေ။ သို့သော် ခြွင်းချက်တစ်ခုရှိသည်၊ ယင်းမှာ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့်သူသည် တမင်တကာ လုပ်ဆောင်သည့်အခါတွင် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကို တမင်တကာ လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုလည်း ကင်းမဲ့သောကြောင့် ၎င်းတို့ တမင်တကာ လုပ်ဆောင်သည်မှာ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း မဟုတ်ပေ။ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း၊ ဆောင်ပုဒ်များကို ဟစ်ကြွေးခြင်းနှင့် သီအိုရီများအကြောင်း ပြောဆိုခြင်းကဲ့သို့သော ၎င်းတို့၏ လုပ်ဆောင်ချက်များသည် အခြားလူတိုင်းနှင့် အတူတူပင်ဖြစ်သည်။ သို့သော် ခြားနားချက်တစ်ခု ရှိသည်၊ စကားလုံးများနှင့် အယူဝါဒများကို ၎င်းတို့ ပြောဆိုသည့်အခါ အခြားသူများ၏ လေးစားမှုကို အစဉ်လိုလားပြီး ခေါင်းဆောင်များ၊ အမှုဆောင်များ၊ သမ္မာတရားကို လိုက်စားသောသူများနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်လိုကြလေသည်။ သာ၍ပင် ကျိုးကြောင်းမဆီလျော်သည်မှာ ၎င်းတို့ မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ထိုအရာကို မည်သို့ပြောဆိုသည်ဖြစ်စေ ၎င်းတို့၏ပန်းတိုင်မှာ လူတို့ကို ၎င်းတို့ဘက်သို့ ဆွဲဆောင်ရန်၊ လူတို့၏စိတ်နှလုံးကို အထင်အမြင်မှားစေရန်ဖြစ်ပြီး အားလုံးမှာ လေးစားခံရခြင်းအလို့ငှာ ဖြစ်သည်။ လေးစားမှုကို ရှာဖွေခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် လူတို့၏စိတ်နှလုံးထဲတွင် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာရှိရန်၊ လူအုပ်ထဲတွင် ထင်ပေါ်သောသူတစ်ဦး သို့မဟုတ် ခေါင်းဆောင်တစ်ဦးဖြစ်ရန်၊ သာမန်ထက်ထူးကဲသော သို့မဟုတ် ထူးခြားသောသူတစ်ဦးဖြစ်ရန်၊ မိမိ၏စကားများက ဩဇာအာဏာရှိသည့် အထူးပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် လိုလားကြသည်။ ဤအခြေအနေသည် လူတို့က စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့် ပုံမှန်ဖြစ်စဉ်များနှင့် ကွဲပြားပြီး အနှောင့်အယှက်ပေးခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတစ်ခု ဖြစ်လာသည်။ အများအားဖြင့် တွေ့မြင်ရလေ့ရှိသည့် ပုံစံအတိုင်း စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသောသူများနှင့် ဤလူများကို အဘယ်အရာက ကွဲပြားခြားနားစေသနည်း။ ယင်းမှာ စကားပြောဆိုရန် ၎င်းတို့၏ အဆက်မပြတ်ဖြစ်သော ဆန္ဒပင်ဖြစ်သည်။ မည်သည့်အခွင့်အရေးကိုမဆို ရရှိပါက ၎င်းတို့ စကားပြောဆိုကြလိမ့်မည်။ စုဝေးပွဲတစ်ခု သို့မဟုတ် လူတစ်စု စုဝေးနေသမျှကာလပတ်လုံး၊ နားထောင်သူ ပရိသတ်ရှိနေသမျှကာလပတ်လုံး၊ ၎င်းတို့သည် အထူးသဖြင့် စကားပြောလိုသည့် ပြင်းပြသောဆန္ဒကို ပိုင်ဆိုင်လျက် စကားပြောဆိုကြလိမ့်မည်။ ၎င်းတို့ ပြောဆိုရခြင်း၏ ရည်ရွယ်ချက်မှာ သမ္မာတရားကို နားလည်မှုတစ်ခု သို့မဟုတ် ယင်းကို လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုကို ပျိုးထောင်ပေးရန်အလို့ငှာ ညီအစ်ကိုမောင်နှမများအား ၎င်းတို့၏ အတွင်းစိတ်အတွေးများ၊ ၎င်းတို့၏ ရရှိသည့်အရာများ၊ အတွေ့အကြုံများ၊ သိနားလည်မှုများ သို့မဟုတ် ထိုးထွင်းအမြင်များကို ဝေမျှရန်မဟုတ်ပေ။ ထိုအစား ၎င်းတို့၏ရည်ရွယ်ချက်မှာ မိမိကိုယ်ကို ထုတ်ဖော်ပြသရန်၊ ၎င်းတို့ မည်မျှ ဗဟုသုတကြွယ်ဝကြောင်း အခြားသူများကို သိစေရန်၊ ၎င်းတို့တွင် ဉာဏ်၊ အသိပညာနှင့် သင်ယူတတ်မြောက်မှုတို့ရှိကြောင်း၊ သာမန်လူတစ်ဦးအထက်တွင် ရပ်တည်ကြောင်း ပြသရန် အယူဝါဒများကို ပြောဆိုသည့်အခွင့်အရေးကို အသုံးပြုရန်ဖြစ်သည်။ ၎င်းတို့သည် သာမန်ဖြစ်သူများသာမကဘဲ အရည်အချင်းရှိသော ပုဂ္ဂိုလ်များအဖြစ် လူသိများလိုကြသည်။ မည်သည့်ကိစ္စအတွက်မဆို လူတိုင်းက ၎င်းတို့အား ကိုးစားပြီး ၎င်းတို့နှင့် တိုင်ပင်ဆွေးနွေးစေရန် ၎င်းတို့အလိုရှိကြသည်။ အသင်းတော်ရှိ မည်သည့်ပြဿနာအတွက်မဆို သို့မဟုတ် ညီအစ်ကိုမောင်နှမများ ရင်ဆိုင်ရသည့် မည်သည့်အခက်အခဲအတွက်မဆို အခြားသူများ ပထမဆုံး စဉ်းစားမိသည့်သူမှာ ၎င်းတို့ဖြစ်စေလိုသည်။ ၎င်းတို့မရှိဘဲ အခြားသူများ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်စေရန်၊ ၎င်းတို့မရှိဘဲ မည်သည့်ကိစ္စကိုမျှ မကိုင်တွယ်ဝံ့စေရန်၊ လူတိုင်းက ၎င်းတို့၏အမိန့်ကို စောင့်ဆိုင်းနေစေရန် ၎င်းတို့အလိုရှိသည်။ ဤသည်မှာ ၎င်းတို့လိုလားသည့် အကျိုးသက်ရောက်မှုဖြစ်သည်။ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုရာတွင် ၎င်းတို့၏ရည်ရွယ်ချက်မှာ လူတို့ကို ထောင်ချောက်ဆင်ပြီး ထိန်းချုပ်ရန်ဖြစ်သည်။ ၎င်းတို့အတွက် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းသည် နည်းလမ်းတစ်ခု၊ လုပ်နည်းကိုင်နည်းတစ်ခုမျှသာဖြစ်သည်။ ၎င်းတို့က စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းမှာ သမ္မာတရားကို နားမလည်သောကြောင့်မဟုတ်ဘဲ ထို့ထက်၊ ထိုသို့ပြုလုပ်ခြင်းမှတစ်ဆင့် လူတို့အား ၎င်းတို့၏ ဘောင်ခတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရစေလျက်၊ ၎င်းတို့ကို စိတ်နှလုံးထဲမှ လေးစားကြည်ညိုစေရန်၊ အားကိုးစေရန်၊ ကြောက်ရွံ့စေရန်ပင် ရည်မှန်းထားကြသည်။ ဤသို့သော စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းမျိုးသည် ထိုသို့ဖြင့် အနှောင့်အယှက်ပေးခြင်းနှင့် အဖျက်အမှောင့်တစ်ခု ဖြစ်လာသည်။ အသင်းတော်အသက်တာတွင် ထိုသို့သော ပုဂ္ဂိုလ်များကို ကန့်သတ်သင့်ပြီး စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းဖြစ်သည့် ဤအပြုအမူကိုလည်း တားဆီးသင့်သည်၊ အထိန်းအချုပ်မဲ့ ဆက်လက်ဖြစ်ပွားခွင့် မပြုသင့်ပေ။ အချို့က “ထိုသို့သောလူများကို ကန့်သတ်သင့်သည်။ သို့ဆိုလျှင် ၎င်းတို့ကို စကားပြောဆိုရန် အခွင့်အရေးတစ်ခု ပေးသင့်သေးသလော”ဟု ပြောကောင်းပြောပေမည်။ မျှတမှုအရဆိုလျှင်၊ ၎င်းတို့ကို စကားပြောခွင့်ပေး၍ရနိုင်သည်။ သို့သော် ၎င်းတို့သည် ၎င်းတို့၏ရည်မှန်းချက်က နောက်တစ်ကြိမ် ပေါက်ကွဲထွက်တော့မတတ်ဖြစ်လျက် မိမိကိုယ်ကို ကြွားဝါခြင်းတည်းဟူသော ၎င်းတို့၏အကျင့်ဟောင်းများသို့ ပြန်လည်ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ကို သမ္မာသတိရှိပြီး တည်ငြိမ်စေရန် ချက်ချင်းပင် စကားဖြတ်သင့်သည်။ အကယ်၍ ၎င်းတို့သည် ဤနည်းဖြင့် မကြာခဏ ကြွားဝါပြီး ၎င်းတို့၏ရည်မှန်းချက်သည်လည်း မကြာခဏ ထုတ်ဖော်နေဆဲဖြစ်ကာ၊ ၎င်းတို့၏ လိုအင်ဆန္ဒများကို ချုပ်တည်းရန် ခက်ခဲလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့ကို လုံးဝကန့်သတ်ပြီး စကားမပြောဆိုစေဘဲ ထားသင့်သည်။ ၎င်းတို့ စကားပြောဆိုသည့်အခါ မည်သူမျှ နားမထောင်လိုလျှင်၊ ၎င်းတို့၏လေသံနှင့် အမူအရာ၊ ၎င်းတို့၏မျက်လုံးအကြည့်နှင့် လက်ဟန်ခြေဟန်များသည် လူတိုင်းကြားရန်နှင့် မြင်ရန်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်နေလျှင် ယင်းမှာ ဆိုးရွားသော ပြဿနာအမျိုးအစားတစ်ခုဖြစ်သည်။ ယင်းသည် လူတိုင်းက အလွန်အမင်း မနှစ်မြို့သည့်အဆင့်သို့ ရောက်ရှိသွားသည်။ အသင်းတော်၌ အဖြည့်ခံ၏အခန်းကဏ္ဍတွင် ပါဝင်သည့် ထိုသို့သောလူများသည် ထို့နောက်တွင် စင်မြင့်ပေါ်မှ ထွက်သွားသင့်သည် မဟုတ်လော။ ၎င်းတို့၏အခန်းကဏ္ဍ ထွက်ခွာရန် အချိန်တန်ပြီဖြစ်သည်။ ယင်းက ၎င်းတို့သည် မိမိတို့၏အစေခံခြင်းကို ပြီးစီးသွားပြီဟု ဆိုလိုသည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ နောက်ဆုံး အစေခံမှု ပြီးဆုံးသည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့ကို ဖယ်ရှားသင့်သည်။ ၎င်းတို့ စကားစပြောသည်နှင့်တစ်ပြိုင်နက် ယင်းမှာ ကန့်သတ်မှုကပင် မတားဆီးနိုင်သည့် ၎င်းတို့၏ ပြောနေကျ စကားဟောင်းသာဖြစ်သည်။ လူတိုင်းသည် ယင်းကို နားထောင်ရသည်မှာ ငြီးငွေ့နေပေပြီ။ စာတန်၊ ဆိုးယုတ်သော နတ်ဆိုးတစ်ကောင်၏ မျက်နှာဖြစ်သည့် သူ၏ အရုပ်ဆိုး အကျည်းတန်သော မျက်နှာက သိသာထင်ရှားလာသည်။ ဤလူတို့သည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ အကယ်၍ ၎င်းတို့ကို အလွန်စောစီးစွာ ရှင်းလင်းပစ်လိုက်ပါက လူအများစုသည် အယူအဆများ ထားရှိမည်ဖြစ်ပြီး စိတ်နှလုံးထဲတွင် လက်ခံယုံကြည်မည်မဟုတ်သည့်အပြင်၊ “ဘုရားအိမ်တော်သည် မေတ္တာတရား ကင်းမဲ့သည်၊ လူတစ်ဦးကို စောင့်ကြည့်လေ့လာသည့်ကာလတစ်ခုပင် မပေးဘဲ ရှင်းလင်းဖယ်ထုတ်သည်၊ နောင်တရရန် မည်သည့်အခွင့်အရေးမျှ မရှိဘဲ ထားရစ်သည်။ ၎င်းတို့သည် အပြင်လူ၏စကားအနည်းငယ်ကို ပြောဆိုရုံသာဖြစ်သည်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအနည်းငယ်ကို ထုတ်ဖော်ရုံသာဖြစ်သည်၊ အနည်းငယ် မာနထောင်လွှားရုံသာဖြစ်သည်။ သို့သော် ၎င်းတို့၏ရည်ရွယ်ချက်များမှာ မဆိုးပါ။ ၎င်းတို့ကို ဤသို့ဆက်ဆံခြင်းသည် တရားမမျှတပါ”ဟု ပြောဆိုကြလိမ့်မည်။ သို့သော် အများစုက ပိုင်းခြားသိမြင်နိုင်ပြီး ဆိုးယုတ်သော လူများ၏အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်သည့်အခါတွင် ထိုသို့သော ဆိုးယုတ်သောလူများအား အသင်းတော်၌ ၎င်းတို့၏ မဆင်မခြင် မှားယွင်းသည့်အကျင့်၊ အနှောင့်အယှက်ပေးခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်လျော်သေးသလော။ (မသင့်လျော်ပါ။) ယင်းသည် ညီအစ်ကိုမောင်နှမအားလုံးအတွက် မမျှတပေ။ ထိုသို့သောအခြေအနေများတွင် ၎င်းတို့ကို ရှင်းလင်းဖယ်ထုတ်ခြင်းက ပြဿနာကို ဖြေရှင်းပေးသည်။ ၎င်းတို့က မိမိတို့၏နောက်ဆုံး အစေခံမှုကို ပေးပြီးဖြစ်သည့်အပြင် အများစုက ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်သည်နှင့်တစ်ပြိုင်နက်၊ သင်က ၎င်းတို့ကို ရှင်းလင်းပစ်လိုက်လျှင် လူအများစုတွင် ကန့်ကွက်ချက်များ ရှိတော့မည်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို စောဒကတက်မည်မဟုတ် သို့မဟုတ် နားလည်မှုလွဲမှားမည်မဟုတ်ပေ။ အကယ်၍ ၎င်းတို့ကို ကာကွယ်ပေးသည့်လူများ ရှိနေသေးလျှင် သင်က “ထိုသူသည် အသင်းတော်၌ မကောင်းမှုများစွာကို ကျူးလွန်ခဲ့သည်။ ၎င်းတို့သည် အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ရှင်းလင်းဖယ်ထုတ်ခြင်း ခံခဲ့ရသည်။ သို့တိုင် သင်သည် ၎င်းတို့နှင့်ပတ်သက်၍ အလွန်အမင်း စာနာနေသေးသည်၊ သင်တို့အပေါ် ၎င်းတို့ပြသခဲ့သည့် ကြင်နာမှုကို သင်စဉ်းစားနေသေးပြီး ၎င်းတို့ဘက်မှ ခုခံကာကွယ်ပေးနေသေးသည်။ သင်သည် အလွန်တွယ်တာလွန်းပြီး စည်းမျဉ်းများ လုံးဝကင်းမဲ့နေသည်။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်းတို့ထံမှ အကူအညီအနည်းငယ်ရရုံနှင့် သင်သည် ယင်းကို မမေ့နိုင်ပါ။ ၎င်းတို့ မည်သည့်အရာကိုပင် ပြောဆိုသည်ဖြစ်စေ သင်သည် ၎င်းတို့ကို အစဉ်ပြန်လည်ပေးဆပ်လိုလျက် စိတ်ရင်းမှန်ဖြင့် နာခံသည်။ ၎င်းတို့သည် ယခုအခါ ရှင်းလင်းဖယ်ထုတ်ခြင်း ခံခဲ့ရပြီ။ သင်သည် ၎င်းတို့နှင့်အတူ လိုက်ပါလိုသလော။ အကယ်၍ သင်သည်လည်း ရှင်းလင်းဖယ်ထုတ်ခြင်း ခံလိုလျှင် ထိုအတိုင်းပင် ဖြစ်ပါစေ”ဟု ပြောဆိုနိုင်သည်။ ဤသည်မှာ အခြေအနေကို ကိုင်တွယ်ရန် သင့်လျော်သောနည်းလမ်းတစ်ခု ဟုတ်သလော။ ဤအဆင့်တွင်မူ သင့်လျော်ပေသည်။ အကယ်၍ ထိုသို့သောလူများသည် အခြားသူများကို အထင်အမြင်မှားစေရန် စကားလုံးများနှင့် အယူဝါဒများအား တစ်သမတ်တည်း ပြောဆိုပြီး လူတို့ကို အလွန်အမင်း သည်းမခံနိုင်လောက်အောင် နှောင့်ယှက်သဖြင့် ၎င်းတို့သည် စုဝေးပွဲများသို့ပင် မလာချင်တော့ပါက ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး ဤလူတို့ကို အချိန်မီ မကိုင်တွယ်နိုင်ဘဲ ထုံထိုင်းပြီး ဉာဏ်ထိုင်းသောကြောင့် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိခြင်း၊ မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း ဖြစ်သည်။

ယခုတွင် လူအများစုသည် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့် ထိုအန္တိခရစ်များအပေါ် အတိုင်းအတာတစ်ခုအထိ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိကြသည်။ ၎င်းတို့ ဆက်လက် ခေါင်းငုံ့မထားလျှင်၊ နည်းလမ်းအမျိုးမျိုးဖြင့် လုံလောက်အောင် တိတိကျကျ ဆောင်ရွက်လျက်၊ ၎င်းတို့ ခေါင်းထောင်လာပြီး ၎င်းတို့အား အန္တိခရစ်များအဖြစ် လူတို့ သတ်မှတ်ရန် ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များက လုံလောက်လျှင်၊ နောက်ထပ်နှောင့်နှေးခြင်း သို့မဟုတ် တုံ့ဆိုင်းခြင်း မရှိသင့်တော့ပေ။ ၎င်းတို့ကို ချက်ချင်းပင် ကန့်သတ်ပြီး သီးခြားခွဲထားသင့်သည်။ အကယ်၍ ၎င်းတို့၏ အစေခံခြင်းသည် တန်ဖိုးမရှိတော့ပါက ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်သင့်သည်။ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့် ထိုသို့သော သူတော်ကောင်းယောင်ဆောင်သည့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ရန် လွယ်ကူသည်၊ အကြောင်းမှာ ထိုသို့သောလူများသည် သိသာထင်ရှားစွာပင် အန္တိခရစ်များ ဖြစ်သောကြောင့်ဖြစ်သည်။ ဤ အန္တိခရစ် အမျိုးအစားသည် အာဏာကိုင်စွဲခြင်းတည်းဟူသော ၎င်းတို့၏ပန်းတိုင်ကို စွမ်းဆောင်ရရှိရန်၊ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းအခွင့်အရေးကို အသုံးပြုခြင်းဖြင့် လူတို့ကို အမြဲ အထင်အမြင်မှားစေလိုသည်။ ဤသည်မှာ အန္တိခရစ်များ ပေါ်လွင်ထင်ရှားသည့် နည်းလမ်းတစ်ခုဖြစ်ပြီး ပိုင်းခြားသိမြင်ရန် လွယ်ကူသည်။ ဤအကြောင်းအရာကို ယခင်က လုံလောက်စွာ ဆွေးနွေးပြီးဖြစ်သောကြောင့် ဤနေရာတွင် အကျယ်တဝင့် ပြောဆိုတော့မည်မဟုတ်။ အချုပ်အားဖြင့်ဆိုသော် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောလူများကို သေချာအာရုံစိုက်သင့်ပြီး ၎င်းတို့၏ လှုပ်ရှားမှုများ၊ အတွေးအခေါ်များနှင့် သဘောထားအမြင်များအပြင် ၎င်းတို့၏ အစီအစဉ်များနှင့် လုပ်ဆောင်ချက်များ၊ ၎င်းတို့ ဖြန့်ဝေသည့် မှားယွင်းသော မှတ်ချက်များအား ချက်ချင်းတိကျစွာ သိရှိနားလည်ပြီး၊ သဘောပေါက်သင့်ကာ လျော်ညီစွာ ကိုင်တွယ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဝတ္တရားတစ်ခုဖြစ်သည်။ သို့ဖြစ်၍ အနည်းဆုံးအားဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်၌ ထုံထိုင်းပြီး ထိုင်းမှိုင်းခြင်းမရှိဘဲ ဝိညာဉ်ရေးရာ၌ ထက်မြက်ပြီး စိတ်ပိုင်းဆိုင်ရာ၌ စေ့စပ်သေချာသင့်သည်။ အကယ်၍ အန္တိခရစ်တစ်ဦးသည် စုဝေးပွဲများအတွင်း စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းဖြင့် လူများစွာကို အထင်အမြင်မှားစေပြီး၊ အသင်းတော်ခေါင်းဆောင်များက ၎င်းကို အန္တိခရစ်တစ်ဦးအဖြစ် အသိအမှတ်မပြုသေးသည့်အပြင် ချက်ချင်း ဖော်ထုတ်ပြီး မကိုင်တွယ်နိုင်ပါက၊ ဤသည်မှာ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း ဖြစ်သည်။ အကယ်၍ လူများစွာသည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရပြီးဖြစ်ကာ ၎င်းတို့အနေဖြင့် အန္တိခရစ်များက စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းအား မကြားရသည့်အခါ စုဝေးပွဲများကို အဓိပ္ပာယ်မဲ့သည်ဟု မြင်သောကြောင့် စုဝေးပွဲများ တက်ရောက်ရန် မလိုလားတော့လျှင်၊ သို့မဟုတ် အန္တိခရစ်များ ဟောပြောသည်ကို နားထောင်ရန် ပိုမိုနှစ်သက်လျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် တရားဒေသနာများကို နားထောင်ရန်ပင် မလိုလားတော့လျှင်၊ လူတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ဤအတိုင်းအတာအထိ ခံရသည့်အခါမှသာ အသင်းတော်ခေါင်းဆောင်များက အခြေအနေ၏ ဆိုးရွားမှုကို သိရှိပြီး အရေးယူကာ အခြေအနေကို ပြန်လည်ကောင်းမွန်အောင် စတင်လုပ်ဆောင်ပါက၊ ဤအရာက သိသာထင်ရှားသော နှောင့်နှေးမှုများကို ဖြစ်စေလိမ့်မည်။ ဘုရားသခင် ရွေးချယ်ထားသောလူများစွာ၏ အသက်ဝင်ရောက်မှုသည် ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များ၏ ထုံထိုင်းခြင်းနှင့် ထိုင်းမှိုင်းခြင်းတို့ကြောင့် ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။ အန္တိခရစ်များကို စိတ်ဖြာလေ့လာဆွေးနွေးပြီး၊ ပိုင်းခြားသိမြင်ကာ ရှင်းလင်းပစ်သည့်အခါတွင် အချို့လူများသည် အထင်အမြင်မှားစေခြင်းခံရပြီး ၎င်းတို့နောက် လိုက်ကောင်းလိုက်သွားနိုင်သည်။ အချို့က “သင်တို့က ၎င်းတို့ကို ရှင်းလင်းပစ်လျှင်၊ ကျွန်ုပ်တို့ ဘုရားသခင်ကို ယုံကြည်တော့မည်မဟုတ်။ သင်တို့က ၎င်းတို့ကို ထွက်သွားခိုင်းလျှင် ကျွန်ုပ်တို့အားလုံး ထွက်သွားမည်”ဟုပင် ဆိုကောင်းဆိုနိုင်သည်။ ဤအဆင့်တွင် အသင်းတော်ခေါင်းဆောင်များသည် မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ လုံးဝလုပ်ဆောင်နေခြင်း မရှိကြောင်း လုံးလုံးလျားလျား သိသာထင်ရှားလေသည်။ ယင်းမှာ မိမိတို့တာဝန်များကို ဖြည့်ဆည်းရန် ကြီးလေးသည့် ပျက်ကွက်မှု ဖြစ်သည်။

အသင်းတော်အသက်တာ၌ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် ပထမဆုံးအရာမှာ လူအမျိုးမျိုး၏ အခြေအနေကို သဘောပေါက်နားလည်ရန် ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ အသင်းသားတစ်ဦးစီက မည်သည့်လမ်းကြောင်း လျှောက်ကြပြီးဖြစ်သည်ဟူသည်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို ထိတွေ့ဆက်ဆံခြင်းမှတစ်ဆင့် သေချာစွာ စောင့်ကြည့်လေ့လာပြီး နားလည်ရမည်ဖြစ်ကာ၊ မည်သူက အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်လှမ်းနေသည်၊ မည်သူက အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ပိုင်ဆိုင်သည်ဟူသည်တို့ကို ချက်ချင်းတိကျစွာ သိရှိပြီး ဖော်ထုတ်သတ်မှတ်ရမည်။ ထို့နောက် ၎င်းတို့သည် ဤပုဂ္ဂိုလ်များကို အာရုံစိုက်သင့်သည်၊ ၎င်းတို့ကို သေချာအာရုံစိုက်သင့်ပြီး ၎င်းတို့ ဖြန့်ဝေသည့် သဘောထားအမြင်များနှင့် ပြောဆိုချက်များ၊ ဆောင်ရွက်ရန် မည်သည့်လုပ်ဆောင်ချက်များကို ၎င်းတို့ ပြင်ဆင်နေသည်ဟူသည်တို့ကို ချက်ချင်း နားလည်ပြီး သဘောပေါက်နားလည်သင့်သည်။ ၎င်းတို့က လူတို့ကို အထင်အမြင်မှားစေပြီး ထောင်ချောက်ဆင်ကာ ထိန်းချုပ်လိုသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလိုက်သင့် စောင့်ဆိုင်းခြင်းထက် ၎င်းတို့ကို တားဆီးရန် လျင်မြန်စွာ ထရပ်သင့်သည်။ သင်က အန္တိခရစ်များကို ဖော်ထုတ်ခြင်းမပြုမီ ဘုရားသခင်က ၎င်းတို့ကို ထုတ်ဖော်သည်အထိ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ အထင်အမြင်မှားစေခြင်း ခံရသည်အထိ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများက ၎င်းတို့အပေါ် နားလည်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိလာသည်အထိ စောင့်ဆိုင်းနေပါက ယင်းသည် ကိစ္စရပ်များကို နှောင့်နှေးစေပြီး ဖြစ်ပေမည်။ ထို့ကြောင့် အန္တိခရစ်များကို သတိထားရှောင်ရာ၌ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်ဦးမှုရယူလုပ်ဆောင်ကာ ကြိုတင်ပြင်ဆင်သင့်သည်။ ပထမအဆင့်မှာ အတော်အတန် ဖြောင့်မတ်ပြီး သမ္မာတရားကို လိုက်စားနိုင်သောသူတို့ကို မြှင့်တင်ပြီး ပျိုးထောင်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ အလုပ်အမျိုးမျိုး၌ ဦးဆောင်သည့်ကဏ္ဍမှ ပါဝင်သောသူတို့ကို ကောင်းစွာ ရေလောင်းပြီး ထောက်ပံ့ရန်နှင့် ၎င်းတို့ကို အသင်းတော်ရှိ တိုင်များအဖြစ် ပျိုးထောင်ရန် ဖြစ်သည်။ ဤနည်းလမ်းဖြင့်သာ အသင်းတော်၏ အလုပ်အမျိုးမျိုးသည် ချောမွေ့စွာနှင့် အဟန့်အတားမဲ့ ရှေ့ဆက်နိုင်မည်ဖြစ်ပြီး ဧဝံဂေလိအလုပ်က ဆက်လက်ပျံ့နှံ့နိုင်မည်ဖြစ်သည်။ မည်သည့်အရာပင်ဖြစ်စေ၊ အလုပ်တစ်ခုတလေက ကောင်းသောခေါင်းဆောင်တစ်ဦး ကင်းမဲ့ပါက ယင်းကို ဆောင်ရွက်ရန် အလွန်ခက်ခဲသွားသည်။ ဘုရားသခင်အပေါ် အန္တိခရစ်များ၏ အာခံခြင်းနှင့်ဆိုင်သည့် အဓိကသရုပ်သကန်မှာ ဘုရားအိမ်တော်ရှိ အလုပ်တိုင်းကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရန်အလို့ငှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို ၎င်းတို့နောက်သို့ လိုက်စေဖို့ အထင်အမြင်မှားစေခြင်း ဖြစ်သည်။ အသင်းတော်တစ်ခု၌ အန္တိခရစ်များ လုပ်ဆောင်ရန် ရည်ရွယ်သည့် ပထမဆုံးအရာမှာ တရားမျှတစိတ်ရှိသောသူများနှင့် အလုပ်အမျိုးမျိုး၌ ဦးဆောင်သည့်ကဏ္ဍမှ ပါဝင်သောသူတို့ကို ထိခိုက်နစ်နာစေခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ အထင်အမြင်မှားစေပြီး ထိန်းချုပ်နိုင်သောသူတို့ကို မိမိတို့ဘက်သို့ ဆွဲဆောင်သည်၊ ၎င်းတို့ အထင်အမြင်မှားစေခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း မပြုနိုင်သောသူတို့ကိုမူ လုပ်ကြံစွပ်စွဲပြီး၊ ထောင်ချောက်ဆင်ကာ ဖြုတ်ချသည့်အပြင် နောက်ဆုံးတွင် ရှင်းလင်းပစ်သည်။ အန္တိခရစ်များအနေဖြင့် အသင်းတော်ကို ထိန်းချုပ်ရန်အတွက် ဤအရာက လမ်းခင်းပေးလေသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်သည့် အဓိကကျသော ပုဂ္ဂိုလ်အနည်းငယ်ကို ဦးစွာ ဖြိုသည်၊ ကျန်အများစုမှာ လေယူရာတိမ်းသည့်သူများ ဖြစ်ကြသည်။ ထို့နောက်တွင် ၎င်းတို့အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များကို အထူးတလည် ကိုင်တွယ်ရန်မှာ များစွာ ပို၍လွယ်ကူသွားသည်။ သမ္မာတရားကို လိုက်စားသောသူတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီမရှိဘဲ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အခြေခံအားဖြင့် အကူအညီမပါဘဲ တစ်ဦးတည်း တိုက်ပွဲဝင်နေရခြင်း ဖြစ်သည်။ သင်သည် အလင်းထဲ၌ ရှိနေစဉ် အန္တိခရစ်များမှာမူ အမှောင်ထဲ၌ ပုန်းခိုနေကြသည်။ သင် မထနိုင်ရန်အလို့ငှာ သင့်ကို မြေပေါ်သို့ လဲကျသွားအောင် လုပ်ဆောင်လျက် မည်သည့်အချိန်တွင်မဆို သင့်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန်၊ အမှုဆင်ရန်၊ ထောင်ချောက်ဆင်ရန်နှင့် အသရေဖျက်ရန် အသင့်ရှိနေကြသည်။ ထို့နောက် အန္တိခရစ်များသည် သင် လဲကျနေစဉ်တွင် သင့်ကို လုံးဝ စိတ်ပျက်အားငယ်ကာ မျှော်လင့်ချက်မဲ့သွားစေလျက် သင့်ကို ကန်ရန် လူများကို ရှာဖွေကြသည်။ ထို့ကြောင့် အကယ်၍ သမ္မာတရားကို လိုက်စားသောသူတို့သည် ၎င်းတို့ကို ဆန့်ကျင်၍ အင်အားစုများ မပူးပေါင်းပါက အန္တိခရစ်များ၏ပြဿနာကို လုံးလုံးလျားလျား ဖြေရှင်းရန် အလွန်ခက်ခဲသည်။ အသင်းတော်အသက်တာ၌ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် ပထမဆုံးအရာမှာ အသင်းတော်၏ ပုံမှန်အစီအစဉ်ကို ထိန်းသိမ်းရန် ဖြစ်သည်။ အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်လှမ်းသည့် ဤဆိုးယုတ်သောလူများ ရှိနေသဖြင့်၊ အသင်းတော်အသက်တာမှ ကောင်းသောရလဒ်များ ဖြစ်လာလိမ့်မည်မဟုတ်။ ယင်းသည် လမ်းကြောင်းမှန်ပေါ်သို့ အလွယ်တကူ ရောက်ရှိလိမ့်မည်မဟုတ်သည့်အပြင်၊ လူအများစုသည် မကြာခဏ နှောင့်ယှက်ခြင်းခံရကာ လွှမ်းမိုးခြင်း ခံရလိမ့်မည်။ ထို့ကြောင့် ဆိုးယုတ်သောလူများ၊ အန္တိခရစ်များနှင့် အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်လှမ်းသောသူတို့အား ရှာဖွေတွေ့ရှိခြင်း၊ နားလည်ခြင်း၊ သဘောပေါက်ခြင်းနှင့် တိတိကျကျ ဖော်ထုတ်သတ်မှတ်ခြင်းသည် အသင်းတော်အသက်တာနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် ပထမဆုံးနှင့် အရေးအကြီးဆုံးသော လုပ်ငန်းတာဝန် ဖြစ်သည်။ ဤလူတို့ကို ကန့်သတ်ခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်းဖြင့်သာ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို ထိန်းသိမ်းထားနိုင်သည်။ အကယ်၍ ၎င်းတို့ကို မကန့်သတ်ဘဲ မိမိတို့သဘောအတိုင်း မဆင်မခြင် ပြုမူခွင့်ပေးကာ အနှောင့်အယှက်များ ဖြစ်စေခွင့်ပြုပါက အသင်းတော်၏ အလုပ်အမျိုးမျိုးက ရပ်တန့်သွားလိမ့်မည်။ လူအများစုသည် ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး ၎င်းတို့၏အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ခြင်းမရှိသည့်အပြင် ၎င်းတို့၏ အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးအခေါ်များနှင့် သဘောထားအမြင်များ၏ နှောင့်ယှက်ခြင်းနှင့် အထင်အမြင်မှားစေခြင်းကိုပင် ခံရသောကြောင့် ဘုရားသခင် ရွေးချယ်ထားသောလူများက အသင်းတော်အသက်တာ၌ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်မှာ ခက်ခဲသောအရာတစ်ခု ဖြစ်သည်။ အကယ်၍ ဤကာလအတောအတွင်းတွင် အသင်းတော်အသက်တာသည် အလွန်ပုံမှန်ဖြစ်နေပြီး၊ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းတို့၌ ရရှိမှုများနှင့် တိုးတက်မှုများ ရရှိကာ၊ နောက်ဆုံး၌ အသက်ဝင်ရောက်မှုအချို့နှင့် သမ္မာတရား လက်တွေ့ကျမှုအနည်းငယ် ၎င်းတို့ရှိလာသော်လည်း၊ ထို့နောက်တွင် ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို ခံရပါက၊ ၎င်းတို့ ယခုလေးတင် ရရှိခဲ့သည့် ထိုစင်ကြယ်သော သဘောပေါက်နားလည်မှုနှင့် စစ်မှန်သောနားလည်မှုအနည်းငယ်ကို ဆုံးရှုံးသွားရုံသာမက၊ အပေါ်ယံကောင်းပုံရသော မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းသော အယူအဆများစွာကိုလည်း ထပ်မံခံယူကြလေသည်။ ၎င်းတို့သည် ရေဆန်ကို လှော်ခတ်မှုအား ရပ်လိုက်သည့်အခိုက် ရေလှိုင်းကြောင့် လှော်ခတ်သူတို့ နောက်သို့ဆုတ်သွားရသည့်အလား လျင်မြန်စွာပင် နောက်တစ်ကြိမ် ထပ်မံ၍ နားဝေတိမ်တောင်ဖြစ်သွားကြပြန်သည်။ ယင်းမှာ အလွန်ဒုက္ခများသော ကိစ္စရပ်တစ်ခုဖြစ်သည်။ လူတို့အတွက် အသက်တာ တိုးတက်မှုကို ဖြစ်မြောက်အောင်မြင်ရန် မလွယ်ကူပေ၊ တိုးတက်မှုအနည်းငယ်ကို မြင်တွေ့ရန် နှစ်ပေါင်းများစွာ ကြာနိုင်ပြီး၊ ယင်းမှာ အလွန်တရာ နှေးကွေးသည်။ လူတို့သည် ၎င်းတို့ပိုင်ဆိုင်သည့် ဝိညာဉ်ရင့်ကျက်မှုအနည်းငယ်ကို ရရှိရန် ခက်ခဲသည်။ ယင်းကို လွယ်လွယ်ကူကူ ရရှိနိုင်ခြင်း မဟုတ်ပေ။ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် နှောင့်ယှက်ခြင်းတို့မှတစ်ဆင့် လူတို့ပိုင်ဆိုင်သည့် စင်ကြယ်သော သဘောပေါက်နားလည်မှုအနည်းငယ်က ဆုံးရှုံးသွားသည်။ သာ၍ပင် ဆိုးရွားသည်မှာ စာတန်နှင့် အန္တိခရစ်များ၏ နှောင့်ယှက်ခြင်းခံရပြီးနောက် လူတို့သည် စာတန်၏ အတွေးအခေါ်များစွာ၊ စာတန်၏ အကြံအစည်များနှင့် အလိမ်အညာများ၊ စာတန်က ၎င်းတို့အတွင်း၌ စိုက်ပျိုးထားသည့် အဆိပ်အတောက်တို့ဖြင့် ပြည့်နှက်သွားခြင်း ဖြစ်သည်။ ဤအရာများသည် လူတို့အား ဘုရားသခင်ကို သိရှိပြီး ကျိုးနွံနာခံခွင့်မပေးနိုင်သည်သာမက၊ ဆန့်ကျင်ဘက်အားဖြင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သာ၍ပင် ဆိုးရွားစေလျက်၊ ဘုရားသခင်အပေါ် ၎င်းတို့၏သစ္စာဖောက်ခြင်းအား ပိုမိုဖြစ်နိုင်စေလျက်၊ လူတို့အား ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေပြီး သူ့ထံမှ သွေဖည်သွားစေသည်။ ဤအရာ၏ အကျိုးဆက်များက အလွန်ဆိုးရွားလှသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော ဆိုးရွားသည့် အကျိုးဆက်များကို ရင်ဆိုင်ရာတွင် လူတို့အား စကားလုံးများနှင့် အယူဝါဒများဖြင့် အထင်အမြင်မှားစေသောသူတို့ကို တားဆီးပြီး ကန့်သတ်ရန် လိုအပ်သလော။ ဤသည်မှာ အသင်းတော်ခေါင်းဆောင်များ လုပ်ဆောင်သင့်သည့် အရေးကြီးသော လုပ်ငန်းတာဝန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို ကန့်သတ်ခြင်းသည် အသင်းတော်အတွက် အရေးကြီးသော လုပ်ငန်းတာဝန်တစ်ခု ဖြစ်သည်။ အချို့လူများက “ကျွန်ုပ်တွင် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိပါ။ ထိုအရာအားမည်သို့လုပ်ဆောင်ရမည်ကို ကျွန်ုပ်မသိပါ”ဟု ပြောဆိုကြသည်။ အမှန်တွင် သင်၌ အလိုဆန္ဒရှိနေသမျှကာလပတ်လုံး၊ ဂရုတစိုက် စောင့်ကြည့်လေ့လာပြီး လူတို့၏ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများကို အစဉ်အမြဲ ဆန်းစစ်နေသမျှကာလပတ်လုံး သင်သည် တဖြည်းဖြည်း ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်လိမ့်မည်။ ဤမယုံကြည်သူများနှင့် ဆိုးယုတ်သောလူများသည် မိမိတို့ကိုယ်ကို ပြသသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများ ရှိကြသည်။ အားလုံးမှာ လူတို့က ၎င်းတို့ကို အထင်ကြီးလေးစားပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်စေရန်နှင့် ၎င်းတို့ပြောဆိုသည့်အရာကို နားထောင်စေရန် ရည်ရွယ်သည်။ အကယ်၍ သင်သည် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများကို သိမြင်နိုင်ပါက ဤသည်မှာ ပိုင်းခြားသိမြင်နိုင်စွမ်းတစ်ခုခု ရှိနှင့်နေခြင်းပင် ဖြစ်သည်။ အကယ်၍ သင် မသေချာပါက ဤကိစ္စနှင့်ပတ်သက်၍ သမ္မာတရားကို အတော်အတန် နားလည်သောလူအချို့နှင့် မိတ်သဟာယဖွဲ့နိုင်သည်။ မိတ်သဟာယဖွဲ့စဉ်အတောအတွင်းတွင် တစ်ချက်အနေဖြင့် သင်သည် လူတိုင်းနားလည်သည့် သမ္မာတရားနှင့် ရရှိထားသည့် အမျိုးမျိုးသော အချက်အလက်ဆိုင်ရာ သက်သေအထောက်အထားများမှတစ်ဆင့် ဆုံးဖြတ်ချက်တစ်ခု ချနိုင်သည်။ နောက်တစ်ချက်အနေဖြင့်၊ သင်သည် မိတ်သဟာယဖွဲ့စဉ်အတွင်း ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်မှု၊ ဘုရားသခင် ပေးသနားသည့် အလင်းတို့မှတစ်ဆင့်၊ ဤကိစ္စနှင့်ပတ်သက်၍ အတည်ပြုချက်ကို ရယူနိုင်ပြီး၊ အဆိုပါလူသည် အမှန်တကယ် အန္တိခရစ်တစ်ဦး ဟုတ်မဟုတ်ဟူသည်ကိုလည်းကောင်း၊ ၎င်းတို့သည် အမှန်တကယ် ကန့်သတ်ခံရသင့်သည့်သူတစ်ဦး ဟုတ်မဟုတ်ဟူသည်ကိုလည်းကောင်း အတည်ပြုနိုင်သည်။ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် အကယ်၍ လူတိုင်းက အတည်ပြုချက်ရရှိပြီး ဤသူသည် အမှန်တကယ် ကန့်သတ်ခံရသင့်သည့် အန္တိခရစ်တစ်ဦးဖြစ်သည်ဟု ဆိုလျက် တစ်ညီတစ်ညွတ်တည်း သဘောတူညီကြပါက၊ ညီအစ်ကိုမောင်နှမများနှင့် သဘောတူညီချက်တစ်ခု ရရှိပြီး လူတိုင်းက တူညီသောရှုထောင့်အမြင်တစ်ခုသို့ ရောက်ရှိပြီးနောက်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် နောက်တစ်ဆင့်မှာ ဤသူကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ လျင်မြန်စွာ ကိုင်တွယ်ပြီး ရှင်းလင်းပစ်ရန် ဖြစ်သည်။ ဤသည်မှာ စည်းမျဉ်းဖြစ်သည်။ လူတို့သည် ဤစည်းမျဉ်းကို နားလည်သည်နှင့်တစ်ပြိုင်နက် တကယ့်အလုပ်ကို လုပ်ဆောင်သင့်သည်။ ယင်းမှာ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို ဆိုလိုသည်။ စည်းမျဉ်းများကို နားလည်ခြင်းသည် ဟောပြောရန်အတွက် သို့မဟုတ် သင်၏ဦးခေါင်းကို ဖြည့်ရန်အတွက် မဟုတ်ဘဲ၊ သင့်တာဝန်၏ တကယ့်အလုပ်အဖို့ အသုံးချရန်အတွက် ဖြစ်သည်။ တကယ့်အလုပ်၌ စည်းမျဉ်းများကို နားလည်ခြင်းက သင်၏ တာဝန်ဝတ္တရားများကို ပိုမိုကောင်းမွန်စွာနှင့် ပိုမိုနှံ့စပ်စွာ ဖြည့်ဆည်းနိုင်ခွင့်ပေးသည်။ ထို့ကြောင့် ဤသည်မှာလည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို ထိန်းသိမ်းရန်နှင့် ညီအစ်ကိုမောင်နှမများအား အသင်းတော်အသက်တာကို ပုံမှန်အသက်ရှင်ခွင့်ပေးကာဘုရားသခင် တောင်းဆိုသည့် သမ္မာတရားအားလုံးထဲသို့ ဝင်ရောက်နိုင်ခွင့်ပေးရန်အလို့ငှာ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့် အန္တိခရစ်များ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ရန် ပထမဆုံး ထရပ်သင့်သည်။ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည့် ထိုအန္တိခရစ်များအတွက်မူ ၎င်းတို့က မှားယွင်းသောအရာ အနည်းငယ် ပြောဆိုရုံသက်သက်ကြောင့် ၎င်းတို့ကို ကန့်သတ်ခြင်း မဟုတ်ပေ။ အကယ်၍ ရေရှည်စောင့်ကြည့်လေ့လာမှု သို့မဟုတ် အများစု၏ တုံ့ပြန်ချက်နှင့် ၎င်းတို့၏ တိကျသော သရုပ်သကန်များသည် ၎င်းတို့သည် အမှန်တကယ် အန္တိခရစ်အမျိုးအစားဖြစ်ကြောင်း ဆုံးဖြတ်ရန် လုံလောက်ပါက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ရန် ထွက်လာသင့်ပြီး ၎င်းတို့ကို အထိန်းအချုပ်မဲ့ ဆက်လက်လုပ်ဆောင်ခွင့်မပြုသင့်ပေ။ ၎င်းတို့ကို အထိန်းအချုပ်မဲ့ လွှတ်ထားခြင်း၊ နတ်ဆိုးများ၊ စာတန်များ၊ ညစ်ညူးသော မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများကို အသင်းတော်၌ သောင်းကျန်းခွင့်ပြုခြင်းနှင့် ညီမျှသည်။ ယင်းမှာ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့တာဝန်များကို လျစ်လျူရှုနေခြင်း၊ အခြေခံအားဖြင့် စာတန်အတွက် အလုပ်လုပ်နေခြင်းကို ဆိုလိုသည်။ အသင်းတော်အသက်တာ၌ အနှောင့်အယှက်ပေးခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများဆိုင်ရာ ဒုတိယအမျိုးအစား ကိစ္စရပ်အပေါ် မိတ်သဟာယဖွဲ့ခြင်းသည် ယခု အဆုံးသတ်ပြီဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။