ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၃) အခန်း သုံး

၃။ အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်း

ဆက်လက်၍ တတိယအချက်ဖြစ်သည့် အိမ်တွင်းရေးရာများကို တတွတ်တွတ်ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းတို့နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ ငါတို့၏ မိတ်သဟာယတွင် ကိုင်တွယ်ဖြေရှင်းမည့် တတိယအချက်ပါ ဤပြဿနာများသည် အသင်းတော်အသက်တာ၌ သိသာထင်ရှားစွာပင် မဖြစ်ပေါ်သင့်ပေ။ အသင်းတော်အသက်တာကို အသက်ရှင်သည့်အခါ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မျှဝေရန်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန်နှင့် မိမိတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မိတ်သဟာယဖွဲ့ရန် လာကြခြင်းဖြစ်စဉ်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန်နှင့် သမ္မာတရားကို နားလည်သဘောပေါက်ရန် ရှာဖွေခြင်းလည်း ဖြစ်သည်။ သို့ဖြစ်၍ အသင်းတော်အသက်တာ၌ အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းကဲ့သို့သော ပြဿနာများကို တားဆီးပြီး ကန့်သတ်သင့်သလော။ (ကန့်သတ်သင့်ပါသည်။) အချို့လူများက “တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ခြင်းက အဆင်မပြေသလော။ လူနှစ်ဦးသည် အတော်အတန် ရင်းနှီးပြီး အရင်ကတည်းက သိကျွမ်းနေပါက၊ အသင်းတော်အသက်တာအတောအတွင်း တွေ့ဆုံ၍ စကားစမြည် အနည်းငယ် ပြောဆိုခြင်းသည် အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုခြင်း ဖြစ်သလော။ ဤအရာကိုလည်း ကန့်သတ်သင့်ပါသလော”ဟု ဆိုကြသည်။ တတိယအချက်သည် ဤသို့သော ပြဿနာမျိုးများကို ရည်ညွှန်းနေခြင်းလော။ (မဟုတ်ပါ။) သိသာထင်ရှားစွာပင်၊ မဟုတ်ပေ။ အကယ်၍ ရိုးရှင်းပြီး ယဉ်ကျေးသော နှုတ်ဆက်ခြင်းများကိုပင် ကန့်သတ်မည်ဆိုလျှင်၊ နောင်တွင် လူတို့သည် တွေ့ဆုံသည့်အခါ စကားပြောရန် စိုးရွံ့နေကြလိမ့်မည်။ တတိယအချက်ဖြစ်သည့် အိမ်တွင်းရေးရာများကို တတွတ်တွတ်ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များတည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းဟူသည်မှာ ဤအသုံးအနှုန်းသုံးခုသာ ပါဝင်ကောင်း ပါဝင်နိုင်သော်လည်း၊ ဤအသုံးအနှုန်းများက ကိုယ်စားပြုသည့် ပြဿနာများမှာ ရိုးရှင်းပြီး ယဉ်ကျေးသော နှုတ်ဆက်ခြင်းများ သို့မဟုတ် စကားစမြည်ပြောဆိုခြင်းများ မဟုတ်ပေ။ ယင်းတို့သည် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်နိုင်ပြီး နှောင့်ယှက်နိုင်ကာ၊ ပျက်စီးစေနိုင်သည့် ဒုစရိုက်အမှုများ ဖြစ်ကြသည်။ ယင်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများဖြစ်သောကြောင့် မိတ်သဟာယဖွဲ့ထိုက်ပေသည်။ အဘယ်အရာကို မိတ်သဟာယဖွဲ့သင့်သနည်း။ မည်သည့်ပြဿနာများ၊ လူတို့ပြောဆိုသည့် မည်သည့်စကားများ၊ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာများသည်လည်းကောင်း၊ လူတို့၏ မည်သည့်စကား၊ အပြုအမူနှင့် အမူအရာတို့သည်လည်းကောင်း အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းအဆင့်သို့ ရောက်ရှိနိုင်သည်ကိုသာ မိတ်သဟာယဖွဲ့သင့်သည်။ ဤပြဿနာများက ဆိုးရွားခြင်းရှိမရှိ၊ ယင်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများဖြစ်ခြင်း ရှိမရှိ၊ ယင်းတို့ကို တားဆီးပြီး ကန့်သတ်သင့်ခြင်း ရှိမရှိဟူသည်တို့ကို သိမြင်ရန် တိကျသော ဥပမာအချို့ကို ငါတို့ ဆွေးနွေးကြစို့။

အသင်းတော်အသက်တာ၌ အချို့လူတို့သည် အရေးမပါသော မိသားစုကိစ္စရပ်များနှင့် မိမိတို့၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများကို ဆွေးနွေးရန် အဓိက အကြောင်းအရာများဖြစ်သည့်အလား မကြာခဏ ပြောဆိုကြသည်။ သူမက “ယခုတွင် လူ့အဖွဲ့အစည်းက အလွန်မှောင်မိုက်နေသည်။ ဘာသာတရားမရှိသူများနှင့် ဆက်ဆံပြီး အတူတကွ နေထိုင်ရခြင်းက အလွန်ပင်ပန်းဖွယ်ဖြစ်သည်။ ဘာသာတရားမရှိသူများသည် မည်သည့်အရာမဆို တတ်စွမ်းနိုင်ကြသည်။ ထိုအရာက တကယ်ကို မခံရပ်နိုင်စရာဖြစ်သည်”ဟု ဆိုသည်။ ထို့နောက် အချို့ညီအစ်ကိုမောင်နှမများက “ကျွန်ုပ်တို့က ဘုရားသခင်ကို ယုံကြည်ကြသည်။ မည်သည့်အခြေအနေကို ရင်ဆိုင်ရသည်ဖြစ်စေ၊ ပိုင်းခြားသိမြင်နိုင်စွမ်းကို ငါတို့ ကျင့်သုံးပြီး သမ္မာတရားနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတို့ကို ရှာဖွေရမည်။ ဤကဲ့သို့ သင်အသက်ရှင်လျှင် ပင်ပန်းမည် မဟုတ်ပါ” ဟု ဆိုကြသည်။ သို့သော် သူမက “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သော်လည်း၊ ယင်းသည် အရာခပ်သိမ်းကို ဖြေရှင်းနိုင်သောအရာတော့ မဟုတ်ပါ။ ကျွန်မယောက်ျား ဖောက်ပြန်နေမည်ကို ကျွန်မ စိုးရိမ်ခဲ့ပြီး အမှန်ပင် ထိုသို့ဖြစ်နေခဲ့သည်။ သူသည် ကျွန်မထက် ပိုငယ်ပြီး ပိုလှသည့်တစ်ယောက်ကို ရှာသွားခဲ့သည်။ ကျွန်မ၏နေ့ရက်များကို ကျွန်မ မည်သို့ အသက်ရှင်ရမည်နည်း”ဟု ဆိုသည်။ ဤသို့ တတွတ်တွတ်ပြောဆိုရင်း သူမသည် ဝမ်းနည်းစွာ ငိုကြွေးလေတော့သည်။ သူမ ဤသို့ပြောဆိုခြင်းက အခြားသူအချို့၏ ဝမ်းနည်းပူဆွေးမှုများကို နှိုးဆွလိုက်သည်။ သူမနှင့် ကံကြမ္မာတူသူအချို့သည် သူမနှင့် ချက်ချင်းပင် သဘောထားတိုက်ဆိုင်သွားပြီး ထိုနေရာ၌ပင် စတင်စကားစမြည်ပြောကြတော့သည်။ နှစ်နာရီကြာ စုဝေးပွဲတစ်ခုအတောအတွင်းတွင်၊ သူမ၏ယောက်ျား ဖောက်ပြန်ပြီးနောက် ၎င်းတို့နှစ်ဦး မည်သို့ငြင်းခုံခဲ့ကြပုံ၊ ၎င်းတို့၏ နှစ်ဦးပိုင်ပစ္စည်းများအား လွှဲပြောင်းရန် နည်းလမ်းများကို သူမ မည်သို့ကြိုးစားစဉ်းစားခဲ့ပုံ၊ ကွာရှင်းပြီးနောက် ဆုံးရှုံးမှုများ မခံစားရစေရန် ရှေ့နေနှင့် မည်သို့တိုင်ပင်ခဲ့ပုံ စသည်တို့ကို သူမက အကုန်အစင် ဆွေးနွေးလေသည်။ ဤသည်မှာ အသင်းတော်အသက်တာ၌ ဆွေးနွေးသင့်သည့် အကြောင်းအရာမျိုးလော။ (မဟုတ်ပါ။) အကယ်၍ သင်၏မိသားစုရေးရာများ မပြီးပြတ်သေးဘဲ စုဝေးပွဲများတက်ရောက်ရန် စိတ်မပါလျှင်၊ သင်မလာခြင်းက အကောင်းဆုံးဖြစ်သည်။ အသင်းတော်၏ စုဝေးသည့်နေရာသည် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်ချက်များကို ပွင့်အံထုတ်ဖော်ရန် နေရာမဟုတ်သကဲ့သို့၊ အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုရန်အတွက်လည်း မဟုတ်ပေ။ အကယ်၍ သင်သည် အိမ်၌ အခက်အခဲများ ကြုံတွေ့နေရပြီး ဤကိစ္စရပ်များ၏ နှောင်ဖွဲ့ခြင်း၊ ဘောင်ခတ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းတို့ကို မခံလိုပါက၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ရန် သမ္မာတရားကို ရှာဖွေလိုပြီး၊ ဤအရာအားလုံးကို လက်လွှတ်လိုပါက၊ ညီအစ်ကိုမောင်နှမများက သင့်ကိုကူညီဖို့ သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်စေရန်အလို့ငှာ စုဝေးပွဲအတောအတွင်းတွင် သင်၏ပြဿနာများကို အကျဉ်းချုံး မိတ်သဟာယဖွဲ့နိုင်သည်။ ဤသည်က သင့်အား ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်စေပြီး သန်မာလာစေရန်၊ ဤကိစ္စရပ်များ၏ ဘောင်ခတ်ခြင်းကို မခံရစေရန်၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းမှ လွတ်မြောက်ကာ၊ သင့်အတွက် မှန်ကန်ပြီး အသင့်တော်ဆုံးသော လမ်းကြောင်းကို ရွေးချယ်နိုင်ရန် ကူညီနိုင်သည်။ ဤသည်မှာ သင်မိတ်သဟာယဖွဲ့သင့်သည့်အရာ ဖြစ်သည်။ သို့ရာတွင်၊ အကယ်၍ သင်သည် ဖွင့်ထုတ်ပြီး ဟောပြောရန် သင်၏အိမ်မှ ဤဒေါသထွက်စရာ အရေးမပါသည့်ကိစ္စများကို အသင်းတော်အသက်တာထဲသို့ ယူဆောင်လာပြီး လူအများစုသည် ရှက်ရွံ့သောကြောင့် သင့်ကို တားဆီးခြင်း မရှိ သို့မဟုတ် အနှောင့်အယှက်မပေးဘဲ၊ စိတ်ရှည်သည်းခံကာ ဤဒေါသထွက်စရာ အရေးမပါသည့်ကိစ္စများအား သင် ပြောဆိုသည်ကို မိမိတို့ကိုယ်ကို အတင်းအကျပ် နားထောင်စေပါက၊ ဤသည်မှာ သင့်တော်သလော။ ဤသည်မှာ မေတ္တာပြခြင်းလော။ ဤသည်မှာ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းလော။ သင်၏ ဤအပြုအမူသည် အသင်းတော်အသက်တာကို နှောင့်ယှက်ပြီးဖြစ်သည်။ ဤအရာကြောင့် မည်သူ ဆင်းရဲဒုက္ခခံစားရသနည်း။ ဘုရားသခင် ရွေးချယ်ထားသော လူများသာ ဖြစ်သည်။ အထူးသဖြင့် တရုတ်ပြည်မကြီး၏ ပတ်ဝန်းကျင်တွင် စုဝေးပွဲတစ်ခု ပြုလုပ်ရန် မလွယ်ကူသည့်အပြင်၊ ယုံကြည်သူများသည် အရာရာကို ကြိုတင်၍ပင် စီစဉ်ထားရလျက် နေရာအနှံ့ ပုန်းရှောင်နေရသည်။ အကယ်၍ တစ်စုံတစ်ဦးက ဤဒေါသဖြစ်စရာ အရေးမပါသည့် မိသားစုကိစ္စများအားလုံးကို စုဝေးသည့်နေရာ၌ လူတိုင်းကြားပြီး ဝေဖန်ပိုင်းခြားပေးရန် ထုတ်ဖော်ပြောဆိုပါက၊ ဤသည်မှာ သင့်တော်သလော။ လူအများစုသည် သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် စုဝေးပွဲများသို့ လာကြခြင်းဖြစ်သည်။ ဤဒေါသထွက်စရာ အရေးမပါသည့်ကိစ္စများကို ကြားရန်မဟုတ်၊ သင်၏အိမ်တွင်းရေးရာများကို တတွတ်တွတ်ပြောဆိုခြင်းအား နားထောင်ရန် မဟုတ်ပေ။ အချို့လူများက “ကျွန်ုပ်မှာ ရင်းနှီးသည့် အခြားမည်သူမျှ မရှိပါ။ ထို့ကြောင့် ညီအစ်ကို မောင်နှမများအား ဤအကြောင်းများ ပြောပြသည်မှာ မည်သည့်အရာ မှားသနည်း” ဟု ဆိုကြသည်။ သင်ပြောဆိုနိုင်သည်၊ သို့သော် အချိန်အခါက အရေးကြီးသည်။ စုဝေးချိန်များပြင်ပတွင်၊ အခြားသူက နားထောင်လိုစိတ်ရှိသရွေ့၊ သင်သည် ထိုအကြောင်းများကို ပြောဆိုနိုင်သည်။ ယင်းမှာ သင်၏လွတ်လပ်ခွင့်ဖြစ်ပြီး၊ ဘုရားအိမ်တော်က သင့်ကို ကန့်သတ်မည်မဟုတ်ပေ။ သို့ရာတွင်၊ ထိုသို့သောကိစ္စရပ်များကို ပြောဆိုရန် ယခု သင်ရွေးချယ်သည့် နေရာနှင့် အချိန်သည် မမှန်ကန်ပေ။ ဤသည်မှာ အသင်းတော်အသက်တာ၌၊ စုဝေးချိန်အတောအတွင်းဖြစ်ပြီး၊ သင်၏ မိသားစုကိစ္စရပ်များအကြောင်း အဆုံးမရှိသော စကားများက ညီအစ်ကိုမောင်နှမများကို စဉ်ဆက်မပြတ် စိတ်အနှောင့်အယှက်ပေးပြီး ကန့်သတ်ခြင်းခံသင့်ပေသည်။ ဤသည်မှာ စည်းမျဉ်းတစ်ခု မဟုတ်လော။ ဤသည်မှာ အမှန်ပင် စည်းမျဉ်းတစ်ခု ဖြစ်သည်။ စည်းမျဉ်းများကို နားမလည်ခြင်းသည် ဆင်ခြင်တုံတရားမရှိဘဲ ပြုမူခြင်းနှင့် အခြားသူများကို နှောင့်ယှက်ခြင်းအဖြစ်သို့ ဦးတည်စေနိုင်သည်နှင့်အမျှ လက်ခံနိုင်ဖွယ်မရှိပေ။ အနှောင့်အယှက်များ ဖြစ်စေသည့် အပြုအမူများ၊ စကားနှင့် အမူအရာများကို ကန့်သတ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သကဲ့သို့၊ ညီအစ်ကိုမောင်နှမအားလုံး၏ တာဝန်လည်း ဖြစ်သည်။ အချို့လူတို့သည် စုဝေးပွဲများ၌ မိတ်သဟာယဖွဲ့ရန် အနည်းငယ်သာ ရှိလေ့ရှိသော်လည်း၊ ၎င်းတို့၏ မိသားစုအသက်တာ၌ ပြဿနာများ ပေါ်ပေါက်လာသည့်အခါတိုင်းတွင်၊ ဤဒေါသထွက်စရာ အရေးမပါသည့်ကိစ္စများကို အခြားသူများ နားထောင်ရန်အတွက် ပုံချပြောဆိုကြသည်။ အခြားသူများက နားထောင်ရန် တာဝန်ရှိသလော။ ၎င်းတို့သည် သင့်အတွက် အမှားအမှန်ကို ဆုံးဖြတ်ပေးရန် တာဝန်ရှိသလော။ ၎င်းတို့တွင် ထိုသို့သော တာဝန်များမရှိပေ။ ထိုအရာများသည် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များဖြစ်ပြီး သင်ကိုယ်တိုင် ကိုင်တွယ်သင့်သည်။ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို စုဝေးချိန်အတောအတွင်းတွင် မပြောဆိုသင့်ပေ။ ဤသည်မှာ စည်းမျဉ်းကို ဆန့်ကျင်ပြီး ဆင်ခြင်တုံတရားကင်းမဲ့ကာ ထိုသို့သောအပြုအမူကို ကန့်သတ်သင့်ပေသည်။

အချို့လူတို့၏ သားသမီးများသည် တက္ကသိုလ်တက်ကြပြီး၊ ၎င်းတို့သည် မိမိတို့သားသမီးများ၏ တက်လမ်းအတွက် စတင်စိုးရိမ်ကာ၊ ၎င်းတို့အတွက် အဆက်အသွယ်များ ရှာဖွေလျက်၊ “ငါတို့မိသားစုထဲတွင် အစိုးရအရာရှိ တစ်ယောက်မျှမရှိပါ။ ငါ့သားက တက္ကသိုလ်ပြီးလျှင် မည်သည့်အလုပ်မျိုး ရှာနိုင်မည်နည်း။ သူ့အနာဂတ်ကရော အဘယ်သို့နည်း။ ငါ အသက်ကြီးလာသည့်အခါ သူထောက်ပံ့နိုင်လိမ့်မည်လော။ ဘွဲ့ရပြီးနောက် သူအလုပ်ကောင်းတစ်ခုရသည်ကို သေချာစေဖို့ ငါ နည်းလမ်းရှာရန် လိုအပ်သည်”ဟု အဆက်မပြတ် စဉ်းစားနေကြသည်။ စုဝေးပွဲများ တက်ရောက်သည့်အခါ၊ ၎င်းတို့က “ကျွန်ုပ်၏သားက သိပ်ကိုနာခံတတ်သည်။ သူက ဘုရားသခင်အပေါ် ကျွန်ုပ်ယုံကြည်ခြင်းကို ထောက်ခံရုံသာမက၊ တက္ကသိုလ်ပြီးသည့်နောက်တွင် သူကိုယ်တိုင်လည်း ယုံကြည်ချင်နေသည်။ သို့သော် တစ်ခုရှိသည်မှာ ကျွန်ုပ်တို့ ဘုရားသခင်ကို ယုံကြည်လျှင်ပင်၊ အသက်မွေးဝမ်းကျောင်းတစ်ခု လုပ်ရဦးမည်ဖြစ်သည်၊ မှန်သလော။ ဘွဲ့ရပြီးလျှင် မည်သည့်အလုပ်မျိုး သူရှာနိုင်လိမ့်မည်ဟူသည်ကို ကျွန်ုပ်မသိပါ။ ယခုတွင် မည်သည့်အလုပ်များက လစာကောင်းသနည်း။ ညီအစ်မ မည်သူမည်ဝါ၊ သင်၏ခင်ပွန်းက မန်နေဂျာတစ်ယောက်ဟု ကျွန်ုပ်ကြားသည်။ သူကူညီပေးနိုင်မည့် နည်းလမ်းတစ်ခုခုများ ရှိပါသလော။ ကျွန်ုပ်သားက ပညာတတ်သည်၊ ဗဟုသုတလည်းရှိသည်၊ ကျွန်ုပ်ထက် အစွမ်းအစလည်း ပိုကောင်းသည်၊ ကွန်ပျူတာလည်း ကျွမ်းကျင်သည်၊ နောင်တွင် ဘုရားအိမ်တော်၌ တာဝန်များကို သူ ထမ်းဆောင်နိုင်သည်။ သို့သော် ယခုတွင်၊ အလုပ်ရှာသည့်ကိစ္စကို ပထမဆုံးဖြေရှင်းရန် လိုအပ်သည်။ အလုပ်မရှာနိုင်လျှင် သူ့အတွက် ခက်ခဲမည်ဖြစ်သည်”ဟု ဆိုကြသည်။ စုဝေးပွဲသို့ လာသည့်အခါတိုင်း၊ ၎င်းတို့သည် ဤကိစ္စရပ်များကို အမြဲထုတ်ပြောပြီး၊ စကားက အဆုံးမရှိ ဆက်သွားလေသည်။ ၎င်းတို့သည် မည်သူက မိမိတို့ကို စာနာပေးနိုင်မည်ဟူသည်ကို ကြည့်ရှုပြီးနောက် ထိုလူများနှင့် အဆက်အသွယ်များ တည်ဆောက်ရန် ကြိုးပမ်းကြသည်။ စုဝေးပွဲများအတောအတွင်းတွင်၊ ၎င်းတို့သည် ထိုသူများနှင့် ရင်းနှီးအောင်ကြိုးစားသည်၊ ၎င်းတို့၏ အကြိုက်များကို ဖြည့်ဆည်းပေးသည်၊ တစ်ခါတစ်ရံ အရသာရှိသော အစားအစာများ ယူဆောင်လာပေးခြင်း သို့မဟုတ် ၎င်းတို့အတွက် ပစ္စည်းငယ်လေးများ ဝယ်ပေးခြင်းဖြင့် လက်ဆောင်များပင် ပေးကြသည်။ ဤသည်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် လမ်းကြောင်းဖော်ခြင်း မဟုတ်လော။ လမ်းကြောင်းဖော်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် အခြားသူများကို အသုံးချခြင်း၊ မိမိ၏ကိုယ်ပိုင်ပန်းတိုင်များကို အောင်မြင်စေရန် ဖြစ်သည်။ စုဝေးပွဲများအတွင်း၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများက မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေသည်ကို နားထောင်လိုစိတ်မရှိကြ။ ဘုရားအိမ်တော်က ၎င်းတို့အတွက် စီစဉ်ပေးသည့် မည်သည့်အလုပ်ကိုမဆို အရေးမလုပ်ကြဘဲ၊ ၎င်းတို့၏အခြေအနေနှင့်ပတ်သက်၍ ကူညီရန်နှင့် အကြံပေးရန် ကြိုးစားသည့် ညီအစ်ကိုမောင်နှမများ၏ စကားကိုလည်း နားထောင်လိုစိတ်မရှိကြပေ။ ၎င်းတို့သည် မိမိတို့၏သားက အလုပ်ရှာတွေ့ရေးကိစ္စနှင့်ပတ်သက်၍သာ အဆုံးမရှိ ပြောဆိုဆွေးနွေးလျက် အထူးစိတ်အားထက်သန်ကြလေသည်။ ၎င်းတို့သည် တွေ့သည့်လူတိုင်းကို ပြောဆိုရုံသာမက စုဝေးပွဲများအတွင်း၌လည်း ပြောဆိုကြသည်။ အတိုချုပ်ဆိုရလျှင်၊ ၎င်းတို့သည် ဤကိစ္စရပ်အပေါ် အထူးဂရုပြုပြီး ယင်းအတွက် များစွာ အားထုတ်ကြသည်။ စုဝေးပွဲတိုင်းတွင်၊ ဤကိစ္စကိုပြောဆိုရန် ညီအစ်ကိုမောင်နှမများထံမှ အချိန်အချို့ကို ယူရမည်သာဖြစ်သည်။ မိမိတို့၏ကိုယ်ပိုင်အတွေ့အကြုံများကို မိတ်သဟာယဖွဲ့သည့်အခါ၌ပင်၊ လူတိုင်း စိတ်မရှည်တော့ဘဲ စက်ဆုပ်ရွံရှာလာသည်အထိ ပြောဆိုလျက်၊ ထိုကိစ္စကို ထည့်သွင်းပြောဆိုရန် မမေ့ကြပေ။ လူအများစုမှာလည်း ၎င်းတို့ကိုတားဆီးရန် အလွန် ကသိကအောက်ဖြစ်နေရသည်။ ဤအချိန်တွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက၊ “သင်၏အခြေအနေကို လူတိုင်းသိနေပြီဖြစ်သည်။ အကယ်၍ ညီအစ်ကိုမောင်နှမတစ်ဦးဦးက ကူညီလိုစိတ်ရှိပါက၊ ယင်းမှာ သင်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးဖြစ်သည်။ အခြားသူများက ကူညီလိုစိတ်မရှိပါက၊ သင်သည် ၎င်းတို့ကို အတင်းအကျပ် မပြုသင့်ပေ။ သင်၏သားကို အလုပ်ရှာပေးခြင်းသည် ညီအစ်ကိုမောင်နှမများ၏ ဝတ္တရား သို့မဟုတ် တာဝန် မဟုတ်ပါ။ ယင်းမှာ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စဖြစ်ပြီး ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့သည့် အဖိုးတန်သောအချိန်ကို မယူသင့်ပါ။ သင်၏ကိုယ်ပိုင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များအကြောင်း မိတ်သဟာယဖွဲ့ခြင်းဖြင့် အခြားသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်သည်ကို မထိခိုက်စေပါနှင့်။ စုဝေးပွဲပြီးနောက်၊ သင်အလိုရှိသည့် မည်သူနှင့်မဆို စကားပြောနိုင်သည်၊ သင်အလိုရှိသည့် မည်သူ့ထံမှမဆို အကူအညီတောင်းနိုင်သည်။ သို့သော် ထိုအကြောင်းပြောဆိုရန် စုဝေးချိန်ကို အသုံးမပြုပါနှင့်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် စုဝေးချိန်ကို အသုံးချခြင်းသည် ဆင်ခြင်တုံတရားကင်းမဲ့ပြီး ရှက်ဖွယ်ဖြစ်သည်။ ယင်းမှာ အသင်းတော်အသက်တာကို အနှောင့်အယှက်ပေးခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤကိစ္စသည် ဤနေရာတွင် ရပ်တန့်ရမည်”ဟု ဆိုလျက် မိမိတို့၏တာဝန်ကို ဖြည့်ဆည်းပြီး ၎င်းတို့ကို ကန့်သတ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။

စုဝေးပွဲများအတောအတွင်းတွင်၊ အချို့သော သက်ကြီးရွယ်အို အမျိုးသမီးများသည် ဧည့်ခံသည့်မိသားစုများမှ ညီအစ်မငယ်လေးများက ရုပ်ရည်ချောမောပြီး၊ ရိုးသားကာ၊ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားအား လိုက်စားကြသည်ကို တွေ့ရှိသောအခါ၊ ၎င်းတို့ကို သဘောကျသွားပြီး ဤညီအစ်မငယ်လေးများကို မိမိတို့၏ချွေးမများ ဖြစ်စေလိုကြသည်။ ၎င်းတို့သည် ဤအကြောင်းကို စုဝေးပွဲများအတောအတွင်းတွင် အမြဲတစေ ထုတ်ဖော်ပြောဆိုရုံသာမက၊ စုဝေးပွဲများသို့ လာသည့်အခါတိုင်း ထိုညီအစ်မငယ်လေးများကို အနည်းငယ် မျက်နှာသာပေးမှုများနှင့် အပိုဂရုစိုက်မှုများကိုလည်း ပေးကြသည်။ ညီအစ်မငယ်လေးများက သဘောမတူသည့်အခါ၌ပင်၊ ၎င်းတို့သည် လက်လွှတ်ခြင်းမရှိဘဲ ဆက်တိုက် နားပူနားဆာလုပ်ပြီး နှောင့်ယှက်ကြလေသည်။ ၎င်းတို့သည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် တည်ကြည်မှု နိမ့်ပါးသောသူများ မဟုတ်လော။ ၎င်းတို့အားလုံးသည် ယုံကြည်ခြင်း၌ ညီအစ်မများဖြစ်သည်ကို မြင်သည့်အခါ၊ လူအများစုသည် ဤကိစ္စရပ်များကို ဖြေရှင်းရန် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သူ၏နှုတ်ကပတ်တော်များကိုသာ မိတ်သဟာယဖွဲ့နိုင်ကြသည်။ သို့ရာတွင်၊ အချို့လူတို့သည် အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် မိမိကိုယ်ကို သိရှိခြင်းတို့ ကင်းမဲ့ကြသည်။ ကြီးမားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုအင်ဆန္ဒများရှိကာ၊ မိမိတို့၌ရှိသော မည်သည့်တစ်ကိုယ်ကောင်းဆန်သည့် လိုအင်ဆန္ဒကိုမဆို အရှက်တရားတစ်ခုမျှမရှိဘဲ ဖြစ်မြောက်အောင် ဆောင်ရွက်လိုကြသည်။ ထိုသို့ဖြင့်၊ အချို့လူတို့သည် ဒဏ်ခံရသောသူများဖြစ်လာကြပြီး စုဝေးပွဲများအတွင်း၌ မသက်မသာ ခံစားကြရသည်။ ဤသည်မှာ အခြားသူများကို အနှောင့်အယှက်များ ဖြစ်စေခြင်း မဟုတ်လော။ ထိုသို့သောအခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အသင်းတော်ခေါင်းဆောင်များသည် အသင်းတော်အသက်တာနှင့် ညီအစ်ကိုမောင်နှမများအကြားမှ ဤကိစ္စရပ်မျိုးများကို ကန့်သတ်ရန်နှင့် ဖယ်ရှားပစ်ရန် ရှေ့ထွက်ရပ်တည်ရမည်။ ထို့အပြင်၊ အချို့လူတို့သည် စုဝေးပွဲများသို့ စိတ်အခြေအနေအမျိုးမျိုးကို ယူဆောင်လာကြသည်။ ၎င်းတို့၏သားက သားသမီးဝတ်မကျေပွန်ခြင်း၊ ၎င်းတို့၏ချွေးမက သူ၏မိဘအိမ်သို့ ပစ္စည်းများကို အမြဲယူသွားခြင်း၊ ယောက္ခမနှင့် ချွေးမကြား ပဋိပက္ခများဟူသည်တို့ဖြစ်သည်။ ၎င်းတို့သည် စုဝေးပွဲတိုင်းတွင် ဤဒေါသထွက်စရာ အရေးမပါသည့်ကိစ္စများကို ပြောဆိုကြပြီး၊ “ဘုရားသခင်ပြောသမျှ အရာအားလုံးက မှန်ကန်သည်။ ယခုလူသားမျိုးနွယ်က သိပ်ကိုဖောက်ပြန်ပျက်စီးနေသည်။ ငါ့သားနှင့် ချွေးမကိုသာကြည့်ပါ။ အသိစိတ်ကင်းမဲ့နေသည်၊ ဆင်ခြင်တုံတရားကင်းမဲ့နေသည်။ ဤသည်မှာ ဘုရားသခင်ပြောသည့် လူ့သဘာဝကင်းမဲ့ခြင်းဖြစ်သည်။ သူတို့သည် တိရစ္ဆာန်များထက်ပင် ဆိုးသေးသည်။ သိုးသငယ်များပင် နို့စို့သည့်အခါ ဒူးထောက်ရမည်ကို သိကြသော်လည်း၊ ငါ့သားကမူ ဇနီးရသည်နှင့် မိခင်ကို မေ့သွားလေသည်တကား” ဟူ၍ အစပျိုးပြောဆိုကြသည်။ စုဝေးပွဲများ တက်ရောက်သည့်အခါတိုင်း၊ ၎င်းတို့သည် ဤမကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုကြသည်။ စုဝေးပွဲများသို့ တက်ရောက်သည့်အခါ၊ မိမိတို့၏ကုမ္ပဏီများမှ ကိစ္စရပ်များကို ပြောဆိုကြသည့် လူများလည်း ရှိသေးသည်။ မည်သူက အလုပ်တွင် စွမ်းဆောင်ရည်မြင့်ပြီး အပိုဆုကြေးများ ပိုရသည်၊ မည်သူက နောက်လတွင် ရာထူးတိုးမည့်ဖြစ်စဉ်တွင် မိမိတို့မှာမူ မျှော်လင့်ချက်မရှိကြောင်း၊ မည်သူက အကောင်းဆုံး ဝတ်စားဆင်ယင်ပြီး တံဆိပ်တပ်ကုန်ပစ္စည်းများကို အများဆုံး ဝယ်နိုင်သည်၊ မည်သူက ချမ်းသာသော ခင်ပွန်းတစ်ဦးနှင့် လက်ထပ်ခဲ့သည်ဟူသည်တို့ ဖြစ်သည်။ ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ခဲ့ပြီး အခြေခံအုတ်မြစ်အချို့ရှိသော သူများအတွက်မူ၊ ၎င်းတို့သည် ထိုသို့သောစကားကို ကြားလိုစိတ်မရှိကြဘဲ ယင်းကို စက်ဆုပ်ရွံရှာကြသည်။ သို့ရာတွင်၊ အခြေခံအုတ်မြစ် မချရသေးသော သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စိတ်ဝင်စားမှု မဖြစ်သေးသော ယုံကြည်သူအသစ်အချို့သည် ထိုသို့သောအကြောင်းအရာများကို ကြားသည့်အခါ စိတ်ပါဝင်စားလာကြပြီး၊ စကားစမြည်ပြောဆိုရန်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ရန် နေရာတစ်ခု တွေ့ရှိပြီဟု ယုံကြည်ကြသည်။ စုဝေးပွဲများအတောအတွင်းတွင်၊ ၎င်းတို့သည် အပြန်အလှန် စကားပြောဆိုကြပြီး၊ တဖြည်းဖြည်းနှင့်၊ ထိုလူနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် သဘောတူညီကြောင်း တွေ့ရှိသွားပြီး ဆက်သွယ်မှုတစ်ခု ပြုလုပ်ကာ၊ ထိုသို့ဖြင့် သီးသန့် ဆက်ဆံရေးတစ်ခု ဖြစ်ပေါ်လာစေကြသည်။ စုဝေးသည့်နေရာသည် အပေးအယူများပြုလုပ်ရန် နေရာတစ်ခု၊ လူတို့အတွက် အရေးမပါသော စကားများပြောဆိုရန်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ရန်၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန်နှင့် စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်ရန် နေရာတစ်ခု ဖြစ်လာသည်။ ဤကိစ္စရပ်များသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ချက်ချင်း ဖော်ထုတ်ပြီး တားဆီးသင့်သည့်အရာများ ဖြစ်ကြသည်။

အချို့လူတို့သည် မိမိတို့ကိုယ်တိုင်အတွက် အလုပ်ကောင်းတစ်ခု ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် စုဝေးပွဲများ တက်ရောက်ကြသည်။ အချို့က မိမိတို့၏ခင်ပွန်းများ ရာထူးတိုးရန် ကူညီပေးဖို့၊ အချို့က မိမိတို့၏သားသမီးများအတွက် အလုပ်ကောင်းများ ရှာဖွေပေးရန်၊ အချို့က လျှော့ဈေးဖြင့် ကုန်ပစ္စည်းများ ဝယ်ယူရန် ဖြစ်သည်။ အခြားသူများမှာမူ မိမိတို့မိသားစုရှိ နာမကျန်းသူအတွက် လက်ဆောင်များစွာ ပေးစရာမလိုသည့် တော်သော သမားတော်ချုပ်ကြီးတစ်ဦးကို ရှာဖွေရန် လာကြသည်။ အတိုချုပ်ဆိုရလျှင်၊ သမ္မာတရားကို မလိုက်စားဘဲ မသမာသော ကြံရွယ်ချက်များရှိသည့် ဤမယုံကြည်သူများသည် အသင်းတော်စုဝေးပွဲများ၏ အချိန်ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ရန်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် အကောင်းဆုံးအချိန်အဖြစ် မြင်ကြသည်။ မကြာခဏဆိုသလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် ဤဆိုးယုတ်သောလောကနှင့် ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရကို သိရှိခြင်းဟူသော ဟန်ဆောင်မှုအောက်တွင်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အခက်အခဲများနှင့် ဆွေးနွေးလိုသည့် ကိစ္စရပ်များကို ထုတ်ဖော်ပြောဆိုကြပြီး၊ နောက်ဆုံးတွင် မိမိတို့၏ ကွယ်ဝှက်ထားသော တစ်ကိုယ်ကောင်းဆန်သည့် ကြံရွယ်ချက်များနှင့် ပြီးမြောက်အောင်မြင်စေရန် ရည်ရွယ်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို တဖြည်းဖြည်းချင်း ဖော်ထုတ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ရည်ရွယ်ချက်များကို ဖော်ထုတ်ပြီး၊ မိမိတို့က အခက်အခဲများ ကြုံတွေ့နေရသည်ဟု အခြားသူများကို လွဲမှားစွာ ယုံကြည်စေကာ လူတိုင်းက မေတ္တာပြသင့်ပြီး၊ အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှ မမျှော်လင့်ဘဲ အကြွင်းမဲ့ ကူညီသင့်သည်ဟု အကြံပြုကြသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသော အလံကို လွှင့်ထူလျက် အမျိုးမျိုးသော လစ်ဟာမှုများကို အခွင့်ကောင်းယူကာ စုဝေးပွဲနေရာများတွင် ၎င်းတို့ မိတ်ဖွဲ့လိုသော မိတ်ဆွေများနှင့် ၎င်းတို့အတွက် အကျိုးဆောင်ပေးနိုင်သူများကို ရှာဖွေကြ၏။ အချို့မှာ၊ အတွင်းလူဈေးနှုန်းဖြင့် ကားတစ်စီး ဝယ်ယူရန် ရည်ရွယ်လျက် ညီအစ်ကိုမောင်နှမများထဲက ကားအရောင်းပြခန်းတစ်ခုတွင် အလုပ်လုပ်နေသူ သို့မဟုတ် ကားအရောင်းပြခန်းပိုင်ရှင်နှင့် အဆက်အသွယ်ရှိသူကို စူးစမ်းရှာဖွေကြသည်။ ၎င်းတို့၏ ပစ်မှတ်ကို သတ်မှတ်ပြီးသည်နှင့်၊ ၎င်းတို့သည် ရင်းနှီးအောင်လုပ်ကာ ဆက်သွယ်မှုများ တည်ဆောက်လျက် အနားကပ်ကြသည်။ အကယ်၍ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား နှစ်သက်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတူတကွ ဖတ်ရှုရန် သူ၏အိမ်သို့ မကြာခဏ သွားရောက်ကြပြီး၊ စုဝေးပွဲများ၌လည်း ထိုသူ၏ဘေးတွင်ထိုင်ကာ ဆက်သွယ်ရန် အချက်အလက်များကို အပြန်အလှန် ဖလှယ်ကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်အား စွမ်းဆောင်ရရှိသည်အထိ လက်မလျှော့ရန် စိတ်ပိုင်းဖြတ်လျက် ၎င်းတို့၏ ထိုးစစ်ကို စတင်ကြသည်။ ဤအရာအားလုံးသည် အသင်းတော်အတွင်းနှင့် လူတို့အကြား မကြာခဏ ပေါ်ပေါက်လေ့ရှိသော ကိစ္စရပ်များ ဖြစ်ကြသည်။ အကယ်၍ ဤကိစ္စရပ်များသည် စုဝေးသည့်နေရာများနှင့် စုဝေးချိန်အတောအတွင်းတွင် ပေါ်ပေါက်လာပါက၊ အသင်းတော်အသက်တာကို အမှန်တကယ်ပင် နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်များ ဖြစ်စေလိမ့်မည်ဖြစ်ပြီး၊ အသင်းတော်အသက်တာကို ထိခိုက်စေလိမ့်မည်။ အကယ်၍ အသင်းတော်တစ်ခု၌ အချိန်ကြာမြင့်စွာ အသင်းတော်အသက်တာ မရှိပါက၊ ထိုအသင်းတော်သည် လူမှုရေးအဖွဲ့အစည်းတစ်ခု၊ အပေးအယူများ ပြုလုပ်ရန် နေရာတစ်ခု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ရန်၊ မမြင်ကွယ်ရာတွင် အခွင့်အရေးရှာရန်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် နေရာတစ်ခု ဖြစ်လာသည်။ ဤနေရာ၏ သဘောသဘာဝသည် ပြောင်းလဲသွားပြီး၊ ဤအရာ၏အကျိုးဆက်များမှာ အဘယ်နည်း။ အနည်းဆုံးအနေဖြင့်၊ ယင်းသည် အသင်းတော်အသက်တာကို ဆုံးရှုံးခြင်းသို့ ဦးတည်သည်။ ဆိုလိုသည်မှာ ညီအစ်ကိုမောင်နှမများနှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်းနှင့် သမ္မာတရားကို နားလည်သဘောပေါက်ခြင်းဟူသည့် အဖိုးတန်သောအချိန်ကို ဆုံးရှုံးခြင်း ဖြစ်သည်။ ထို့အပြင်၊ အရေးအကြီးဆုံးမှာ၊ ယင်းသည် သမ္မာတရားကို နားလည်ရန် လူတို့အား ဉာဏ်ပွင့်စေဖို့၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ရန် အဖိုးတန်သောအခွင့်အရေးကို ဆုံးရှုံးခြင်းသို့ ဆိုက်ရောက်စေသည်။ ဤအရာအားလုံးသည် လူတို့၏ အသက်ဝင်ရောက်မှုကို ထိခိုက်စေသည်။ သို့ဖြစ်၍၊ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အကျိုးနှင့် အသက်ဝင်ရောက်မှုအတွက်လည်းကောင်း၊ လူတိုင်း၏အသက်အတွက် တာဝန်ယူရန်လည်းကောင်း၊ ထိုသို့သောသူများကို တားဆီးပြီး ကန့်သတ်ရန် လိုအပ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အလုပ် ဖြစ်သည်။ အကယ်၍ သာမန်ညီအစ်ကိုမောင်နှမများသည် ဤလူများနှင့် ၎င်းတို့၏လုပ်ရပ်များကို ထိုးထွင်းသိမြင်နိုင်ပါက၊ ၎င်းတို့သည်လည်း ငြင်းပယ်ရန်နှင့် ၎င်းတို့ကို “မဟုတ်ပါ”ဟု ပြောဆိုရန် ရှေ့ထွက်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် လူတို့အတွက် အရေးအကြီးဆုံးအချိန်ဖြစ်သည့် အသင်းတော်အသက်တာကို အသက်ရှင်နေစဉ်တွင်၊ တစ်စုံတစ်ဦးက ဤကိစ္စရပ်များကို ပြောဆိုရန်နှင့် ကိုင်တွယ်ရန် စုဝေးချိန်များကို သိမ်းပိုက်ပါက၊ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို လျစ်လျူရှုပိုင်ခွင့်ရှိပြီး၊ ထို့ထက်မက၊ ထိုသို့သောအရာများကို တားဆီးကာ ငြင်းပယ်ပိုင်ခွင့်ရှိသည်။ ဤအရာကို လုပ်ဆောင်ခြင်းက မှန်ကန်သလော။ (မှန်ကန်ပါသည်။) အချို့လူတို့က ဘုရားအိမ်တော်အနေဖြင့် ဤသို့ပြုလုပ်ခြင်းသည် နွေးထွေးမှု ကင်းမဲ့ခြင်းကို ပြသည်ဟု ထင်ကြသည်။ လူသား နွေးထွေးမှုသည် ပုံမှန်လူ့သဘာဝလော။ လူသား နွေးထွေးမှုသည် သမ္မာတရားနှင့် ကိုက်ညီသလော။ အကယ်၍၊ လူအများစုကို သင့်အား အဖော်ပြုပြီး ထောက်ခံစေလျက်၊ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းနှင့်ဆိုင်သည့် ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိကာ ဘုရားသခင် ရွေးချယ်ထားသော လူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သမ္မာတရားအား မိတ်သဟာယဖွဲ့သည့် ပုံမှန်အစီအစဉ်ကို နှောင့်ယှက်လျက်၊ ပြီးလျှင် ၎င်းတို့ကို ဤအဖိုးတန်သောအချိန်အား ဆုံးရှုံးစေလျက် သင်သည် လူသား နွေးထွေးမှုရှိပြီး သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် စုဝေးချိန်ကို သိမ်းပိုက်ပါက ဤသည်မှာ ၎င်းတို့အပေါ် မျှတသလော။ ဤသည်မှာ လူ့နွေးထွေးမှုနှင့် ကိုက်ညီသလော။ ဤသည်မှာ လူမဆန်ဆုံးနှင့် ကိုယ်ကျင့်တရားအမဲ့ဆုံးသော လုပ်နည်းကိုင်နည်းဖြစ်ပြီး၊ လူတို့သည် ရှေ့ထွက်၍ ယင်းကို ရှုတ်ချသင့်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တကယ့် အလုပ်ကို မလုပ်ဆောင်ဘဲ ညံ့ဖျင်းသော လူနုံလူအများ၊ အသုံးမကျသူများဖြစ်ပြီး၊ ထိုသို့သောအပြုအမူများကို ချက်ချင်း တားဆီးပြီး ကန့်သတ်နိုင်စွမ်းမရှိပါက၊ တရားမျှတစိတ်ရှိသော ညီအစ်ကိုမောင်နှမများသည် ထိုသို့သောအပြုအမူနှင့် ဤအခြေအနေကို အသင်းတော်၌ ပျံ့နှံ့ခြင်းမရှိအောင် ကာကွယ်တားဆီးရန် ပူးပေါင်းသင့်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့သည့် အဖိုးတန်သောအချိန်ကို မဆုံးရှုံးလိုပါက၊ သင်၏ ကယ်တင်ခြင်း အခွင့်အရေးကို ပျက်စီးစေလျက် သင်၏အသက်ဝင်ရောက်မှု နှောင့်ယှက်ခြင်းခံရပြီး ဆုံးရှုံးမှုများ မခံစားရလိုပါက၊ ဤဖြစ်စဉ်များကို ငြင်းပယ်ရန်၊ တားဆီးရန်နှင့် ကန့်သတ်ရန် ရှေ့ထွက်သင့်သည်။ ဤသို့ပြုလုပ်ခြင်းသည် သင့်တော်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်။ သင်တို့ထဲမှ အချို့သည် ထိုသို့ပြုလုပ်ရန် ရှက်ရွံ့နေကြသည်၊ သင်သည် ရှက်ရွံ့ကောင်း ရှက်ရွံ့နိုင်သော်လည်း၊ ကောက်ကျစ်ဆိုးယုတ်သောသူများမှာမူ မရှက်ကြပေ။ ၎င်းတို့သည် သင်၏အဖိုးတန်သော စုဝေးချိန်ဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ရန်နှင့် ဘုရားသခင်က သင့်ကို ဉာဏ်ပွင့်စေမည့်အချိန်ကို သိမ်းပိုက်ရန် သတ္တိရှိကြလေသည်။ အကယ်၍ သင်သည် ၎င်းတို့ကို ငြင်းပယ်ရန် ရှက်ရွံ့နေပါက၊ သင်၏အသက်တာ ဆုံးရှုံးထိုက်ပေသည်တကား။ အကယ်၍ သင်သည် အခြားသူများအတွက် မိမိကိုယ်ကို စတေးပြီး စည်းမျဉ်းများကို အလေးမထားဘဲ စာတန်များ၊ နတ်ဆိုးများနှင့် မယုံကြည်သူများကို မေတ္တာပြလိုစိတ်ရှိပြီး၊ ၎င်းတို့ကို အကူအညီပေးပါက၊ သင်၏အသက်တာ ဆုံးရှုံးမှုအတွက် မည်သူ့ကို အပြစ်တင်နိုင်မည်နည်း။ ထို့ကြောင့်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များတည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်း ဖြစ်စဉ်အားလုံးကို အသင်းတော်အသက်တာမှ လုံးဝ ဖယ်ရှားရမည်။ အကယ်၍ တစ်စုံတစ်ဦးသည် မိမိသဘောအတိုင်း တစိုက်မတ်မတ်လုပ်ဆောင်ပြီး စုဝေးချိန်များအတွင်း မိမိ၏အိမ်တွင်းရေးရာများကို တတွတ်တွတ်ပြောဆိုရန်၊ စကားဖောင်ဖွဲ့ရန်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန်၊ သို့မဟုတ် အခြားသူများအတွက် အလုပ်များနှင့် အိမ်ထောင်ဖက်များ ရှာဖွေပေးရန် မလျှော့တမ်း လုပ်ဆောင်ကာ ဤနည်းဖြင့် ဤအချိန်ကို ကုန်လွန်စေဖို့ ဆင်ခြေအမျိုးမျိုးကို ရှာဖွေပါက၊ ထိုသို့သောသူကို မည်သို့ကိုင်တွယ်သင့်သနည်း။ ပထမဦးစွာ၊ ၎င်းကို တားဆီးသင့်သည်။ အကယ်၍ ၎င်းက နားမထောင်သေးပါက၊ သီးခြားခွဲထုတ်ခြင်းနှင့် ကန့်သတ်ခြင်းများကို အကောင်အထည်ဖော်သင့်သည်။ အကယ်၍ ၎င်းတို့သည် နောက်ကွယ်တွင် အနှောင့်အယှက်များ ဆက်လက်ဖြစ်စေပြီး၊ မည်သူကိုမဆို တတ်နိုင်သမျှ ပေါင်းဖော်ကာ၊ ညီအစ်ကိုမောင်နှမများ၏ ပုံမှန်အသက်တာများကို နေရာအနှံ့ နှောင့်ယှက်နေပါက၊ ၎င်းတို့ကို ရှင်းလင်းဖယ်ထုတ်သင့်ပြီး ညီအစ်ကိုမောင်နှမများအဖြစ် မမှတ်ယူသင့်ပေ။ ၎င်းတို့သည် အသင်းတော်အသက်တာကို အသက်ရှင်ရန် အရည်အချင်းမပြည့်မီသည့်အပြင် စုဝေးပွဲများတွင် ပါဝင်ရန် မထိုက်တန်ပေ။ ထိုသို့သောလူများကို ကန့်သတ်ပြီး ငြင်းပယ်သင့်သည်။ ဤအလုပ်သည် အဆင့်အားလုံးတွင်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အရေးကြီးသော အလုပ်တာဝန်တစ်ခုလည်း ဖြစ်သည်မှာ အမှန်ဖြစ်၏။ ထိုသို့သောကိစ္စရပ်များနှင့် အခြေအနေများ ပေါ်ပေါက်လာသည့်အခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို တားဆီးရန် ပထမဆုံး ရှေ့ထွက်သင့်သည်။ သင်သည် ၎င်းတို့ကို မည်သို့တားဆီးသင့်သနည်း။ သင်သည် ၎င်းတို့ကို၊ “သင်၏ ဤအပြုအမူသည် အသင်းတော်အသက်တာကို နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်များဖြစ်စေပြီးဖြစ်သည်ကို သင်သိသလော။ ဤသည်မှာ ညီအစ်ကိုမောင်နှမအားလုံးက အော်ဂလီဆန်ပြီး မုန်းတီးသည့်အရာဖြစ်ကာ ဘုရားသခင်ကလည်း ရှုတ်ချသည်။ ဤအပြုအမူကို သင် ရပ်တန့်သင့်သည်။ အကယ်၍ သင်သည် ဖျောင်းဖျခြင်းကို နားမထောင်ဘဲ မိမိသဘောအတိုင်း တစိုက်မတ်မတ် လုပ်ဆောင်လျှင်၊ သင်၏အသင်းတော်အသက်တာက ရပ်တန့်ခြင်းခံရလိမ့်မည်။ သင်၏ဘုရား နှုတ်ကပတ်တော် စာအုပ်များ သိမ်းယူခြင်းခံရလိမ့်မည်ဖြစ်ပြီး၊ အသင်းတော်သည် သင့်ကို နောက်ထပ် အသိအမှတ်ပြုတော့မည် မဟုတ်ပါ”ဟု ပြောသင့်သည်။ မိမိတို့၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သမ္မာတရား နားလည်မှုကင်းမဲ့ခြင်းတို့ကြောင့်၊ ရံဖန်ရံခါ အိမ်တွင်းရေးရာများကို စကားစမြည်ပြောဆိုခြင်း၊ တစ်စုံတစ်ဦးနှင့် အဆက်အသွယ် ပြုလုပ်ခြင်း၊ သို့မဟုတ် သေးငယ်သောကိစ္စတစ်ခုကို ကိုင်တွယ်ခြင်းတို့အား ပြုလုပ်နိုင်သည့် အချို့လူများရှိသည်မှာ အမှန်ဖြစ်ပြီး၊ အခြေအနေက သိပ်မဆိုးရွားပေ။ ဤသည်မှာ အဆင်ပြေသလော။ (အဆင်ပြေပါသည်။) လူတိုင်းကို မည်သည့်အနှောင့်အယှက်မျှ မဖြစ်စေသည့် အခြေအနေများအောက်တွင်၊ ညီအစ်ကိုမောင်နှမများ အချင်းချင်း ကူညီပြီး မေတ္တာအနည်းငယ်ပြခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ သို့သော် ငါတို့မိတ်သဟာယဖွဲ့နေသည့်အရာမှာ အဘယ်နည်း။ ယင်းမှာ ထိုသို့သောအပြုအမူများနှင့် လုပ်ရပ်များက ပုံမှန်အသင်းတော်အသက်တာကို နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်များ ဖြစ်စေပြီးဖြစ်သည့်အခါ ဖြစ်သည်။ ထိုသို့သောအခြေအနေများတွင်၊ ပါဝင်သူများကို တားဆီးပြီး ကန့်သတ်သင့်သည်။ ငါတို့သည် ၎င်းတို့ကို အသင်းတော်အသက်တာအား ဆက်လက် နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ခွင့်မပြုသင့်ပေ။ ဤလုပ်ရပ်များကို လုပ်ဆောင်ခြင်းသည် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိသည်။ အချို့လူတို့သည် အလားတူအပြုအမူများကို ပြသကြသော်လည်း၊ အခြေအနေသည် မဆိုးရွားသည့်အပြင် နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်များ မဖြစ်စေပေ။ ယင်းမှာ ညီအစ်ကိုမောင်နှမများအကြား ပုံမှန် အပြန်အလှန်ဆက်ဆံခြင်း၊ အချင်းချင်း ကူညီခြင်းနှင့် သတင်းအချက်အလက်များကို ပုံမှန် တိုင်ပင်ဆွေးနွေးခြင်း၊ သို့မဟုတ် မိမိနားမလည်သည့် သာမန် အသိပညာဗဟုသုတကို မေးမြန်းခြင်းမျှသာ ဖြစ်သည်။ ယင်းသည် စုဝေးချိန်များကို မယူသရွေ့နှင့် နှစ်ဦးနှစ်ဖက် သဘောတူညီပြီး တစ်ယောက်အပေါ်တစ်ယောက် အတင်းအကျပ်မပြုဘဲ ဆန္ဒရှိသရွေ့၊ ပြီးလျှင် ယင်းသည် ပုံမှန်လူ့သဘာဝ၏ နယ်ပယ်အတွင်း ကျရောက်သည့် အပြန်အလှန်ဆက်ဆံရေးဖြစ်သရွေ့၊ ခွင့်ပြု၍ရနိုင်သောအရာဖြစ်ပြီး အသင်းတော်က ကန့်သတ်မည်မဟုတ်ပေ။ သို့သော် တစ်ခုတော့ရှိသည်။ အကယ်၍ အသင်းတော်အသက်တာ၌ တစ်စုံတစ်ဦး၏ သတိလက်လွတ် ပြောဆိုပြုမူခြင်းနှင့် လုပ်ရပ်က ညီအစ်ကိုမောင်နှမများအား စိတ်အနှောင့်အယှက်ဖြစ်စေပြီး သို့မဟုတ် အနှောင့်အယှက်များကို ဖြစ်စေပြီး အချို့လူတို့က ဤအပေါ် အော်ဂလီဆန်ကာ မိမိတို့၏ကန့်ကွက်မှုများကို ထုတ်ဖော်ပြောဆိုပါက၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စကို ဖြေရှင်းရန် ရှေ့ထွက်လာသင့်သည်။ သို့မဟုတ်၊ အကယ်၍ အခြားသူများက တစ်စုံတစ်ဦးသည် အခြားသူများထံမှ မျက်နှာသာပေးမှုများ တောင်းခံကာ ၎င်းက အသုံးချနိုင်သူတိုင်းကို အမြတ်ထုတ်လျက်၊ စုဝေးချိန်များအတောအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယမဖွဲ့ဘဲ၊ ယင်းအစား သူ၏အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ကာ၊ စုဝေးသည့်နေရာကို ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ရန်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် နေရာတစ်ခုအဖြစ် သဘောထားကြောင်း ဖော်ပြသည့်အပြင် ဤလူသည် စရိုက်ညံ့ဖျင်းသော၊ အတ္တကြီးသော၊ စက်ဆုပ်ဖွယ်ကောင်းသော၊ ယုတ်မာသော လူဖြစ်ကာ သမ္မာတရားကို မလိုက်စားဘဲ နေရာတိုင်းတွင် အခွင့်အရေးများ ရှာဖွေ၍ မိမိ၏ကိုယ်ပိုင်အကျိုးအတွက် အခွင့်အလမ်းအမျိုးမျိုးကို ရှာဖွေကြောင်း ဖော်ပြရင်း တိုင်ကြားနှင့်ပြီးဖြစ်ပါက ထိုသို့သောသူကို သီးခြားခွဲထုတ်သင့်သည်။

အချို့သောသူများသည် မိမိတို့အတွက် အလုပ်များ ပြီးမြောက်အောင် လုပ်ဆောင်စေရန် ချမ်းသာကြွယ်ဝပြီး သြဇာအာဏာရှိသော ညီအစ်ကိုမောင်နှမအချို့ကို အသုံးချသည့်အပြင် အကယ်၍ ၎င်းတို့၏တောင်းဆိုမှုများက ဖြည့်ဆည်းပေးခြင်း မခံရပါက၊ ဤလူများသည် မေတ္တာကင်းမဲ့ပြီး စစ်မှန်သော ယုံကြည်သူများမဟုတ်ဟု အခိုင်အမာဆိုလျက်၊ ၎င်းတို့၏ နောက်ကွယ်တွင် မကြာခဏ ဝေဖန်ကြကာ၊ ၎င်းတို့ကို တိုင်ကြားလိုသည်အထိပင် ဖြစ်ကြသည်။ သင်တို့သည် ထိုသို့သောသူများကို ကြုံတွေ့ဖူးသလော။ ထိုသို့သောလူများကို ကိုင်တွယ်ဖြေရှင်းသင့်သည် မဟုတ်လော။ ထိုသို့သောအခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ၊ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများ အနှောင့်အယှက်မခံရကြောင်း သေချာစေရန်၊ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်လျက်၊ ဤကိစ္စကို ဖြေရှင်းရန် ဝင်ရောက်ဆောင်ရွက်သင့်သည်။ တစ်စုံတစ်ဦးက ၎င်းတို့အတွက် တစ်စုံတစ်ခုကို လုပ်ဆောင်ပေးရန် ငြင်းပယ်ခြင်းသည် မှားသလော။ ၎င်းတို့ကို ကူညီရန် ငြင်းပယ်ခြင်းသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာမရှိခြင်းနှင့် ညီမျှသလော။ (မညီမျှပါ။) တစ်စုံတစ်ဦးကို ကူညီခြင်း ရှိမရှိဟူသည်မှာ ၎င်းတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်သာ ဖြစ်သည်။ ၎င်းတို့တွင် ရွေးချယ်ပိုင်ခွင့်ရှိသည်။ ဘုရားအိမ်တော်သည် ညီအစ်ကိုမောင်နှမများအနေဖြင့် အသင်းတော်အသက်တာအတွင်း မိသားစုအခက်အခဲများကို အချင်းချင်း ကူညီဖြေရှင်းပေးရမည်ဟု ပြဋ္ဌာန်းထားခြင်းမရှိပေ။ အသင်းတော်အသက်တာသည် မိသားစုပြဿနာများကို ဖြေရှင်းရန် နေရာမဟုတ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး အသက်တာ၌ ကြီးထွားရန် စုဝေးသည့်နေရာ ဖြစ်သည်။ အချို့လူတို့သည် မိမိတို့၏ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းရန် အသင်းတော်အသက်တာကို အသုံးပြုကြသည်။ ဤအရာက မည်သည့် အကျိုးဆက်များကို ဖြစ်စေနိုင်သနည်း။ ယင်းသည် ဘုရားသခင် ရွေးချယ်ထားသော လူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းနှင့် မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ခြင်းအား ထိခိုက်စေသည် မဟုတ်လော။ လူတစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အသက်တာပြဿနာများကို ညီအစ်ကိုမောင်နှမများနှင့် သီးသန့် ဖြေရှင်းနိုင်သည်။ ဖြေရှင်းခြင်းအတွက် ၎င်းတို့ကို အသင်းတော်အသက်တာထဲသို့ ယူဆောင်လာရန် မလိုအပ်ပေ။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းက ဘုရားသခင် ရွေးချယ်ထားသော လူများ အသင်းတော်အသက်တာကို အသက်ရှင်ခြင်းအား အနှောင့်အယှက်ပေးသည့်အခါ မည်သည့်အကျိုးဆက်များ ပေါ်ပေါက်လာသည်ကို လူတိုင်းသိသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောကိစ္စရပ်များကို သိရှိသည်နှင့်၊ ဝင်ရောက်ဖြေရှင်းသင့်သည်။ ၎င်းတို့သည် အသင်းတော်၌ မိမိတို့၏တာဝန်များကို ပုံမှန်ထမ်းဆောင်နိုင်သူများအား ကာကွယ်သင့်သည်။ သမ္မာတရားကို အမှန်တကယ် လိုက်စားသူများအား ကာကွယ်သင့်သည်၊ ဆိုးယုတ်သောလူများကို ကန့်သတ်သင့်ပြီး၊ ၎င်းတို့၏ ရည်ရွယ်ချက်များ မအောင်မြင်အောင်တားဆီးသင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ တတိယ ပြဿနာ၏ ပုံမှန်အခြေအနေများအား မည်သို့ကိုင်တွယ်ရမည်၊ မည်သည့်သရုပ်သကန်များက ပြင်းထန်သော သဘောသဘာဝ သို့မဟုတ် အခြေအနေဖြစ်သည်၊ မည်သည့်အမျိုးအစားများနှင့် သရုပ်သကန်များက အဖျက်အမှောင့်များနှင့် နှောင့်ယှက်ခြင်းများ ဖြစ်စေခြင်းဖြစ်သည်ဟူသည်တို့ကို ရှင်းလင်းစွာ ခွဲခြားသတ်မှတ်သင့်သည်။ အခြေအနေတစ်ခု၏ ပြင်းထန်မှုကို ရှင်းလင်းစွာ ခွဲခြားသတ်မှတ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို ၎င်း၏သဘောသဘာဝအတိုင်း ကိုင်တွယ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ နားလည်ရန် လိုအပ်သည့်အရာတစ်ခုဖြစ်ပြီး၊ လူတိုင်း သဘောပေါက်သင့်သည့်အရာတစ်ခုလည်း ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။